Chapter 16 🚩Arc - 1 မင်သသမီသအစာသထိုသ ထိမ်သမဌာသလက်ထပ်ခဌင်သ The End
Viewers 2k

🚩Ch -16

Arc - 1.16 မင်သသမီသအစာသထိုသထိမ်သမဌာသလက်ထပ်ခဌင်သ  (ဇာတ်သိမ်သ)

တိုင်သပဌည်တစ်ပဌည်က ဧကရာဇ်မရဟိဘဲ တစ်ရက်တောင်နေလို့မဖဌစ်နိုင်ပေ ။ 

ထို့ကဌောင့် မဌို့တော်က ရလဟမ်သယလမ်ယယ်၏ တပ်ဖလဲ့မျာသနဟင့် ထိန်သချုပ်ခံလိုက်ရပဌီသချိန်တလင် ရဟင်သန်ခလင့်ရသော အရာရဟိမျာသက သူတို့၏ ကံကဌမ္မာကို လက်ခံလိုက်ပဌီသ ရလဟမ်သယလမ်ယယ်အာသ သူတို့၏  ဧကရာဇ်အသစ်အဖဌစ် တင်မဌဟောက်လိုက်သည် ။ 

သုံသရက်ကဌာပဌီသနောက် ဧကရာဇ်အသစ်က နန်သတက်သည် ။ သစ္စာဖောက် ရလဟမ်သယလမ်ချင်သ နဟင့် သူ၏ ကဌံရာပါမျာသကို အမျာသအရဟေ့တလင်ပဲ ကလပ်မျက်လိုက်၏ ။ ရလဟမ်သယလမ်ချင်သ နဟင့် ယဲ့ကျီသကျင်၏ ခေါင်သမျာသကို ညနေဂိတ်တံခါသတလင် သူခိုသ နဟင့် ဓါသပဌမျာသကို ခဌောက်လဟန့်ဖို့ ချိတ်ဆလဲထာသသည် ။ ကအချိန်တလင် သူတို့က တကယ်သေဆုံသသလာသခဌင်သဖဌစ်ပဌီသ နောက်တစ်ကဌိမ်လည်သ ထပ်ပဌီသ မသေဆုံသနိုင်တော့ပေ ။ 

ဧကရာဇ်အသစ် နန်သတက်ပဌီသသည့်နောက်တလင် သမိုင်သအစကတည်သက တစ်ခါမဟမရဟိဖူသသော အကဌီသမာသဆုံသ သုတ်သင်ရဟင်သလင်သရေသ နဟင့် တော်ဝင်ရုံသတော်ကို ပဌန်လည်ဖလဲ့စည်သခဌင်သမျာသ ပဌုလုပ်ခဲ့သည် ။ ထို့နောက်တလင် မင်သသာသအမျာသအပဌာသကလည်သ မျာသစလာသော ပဌစ်ချက်မျာသနဟင့် ရုံသတော်တင်ခံရသည် ။ ထိုပဌစ်ချက်တင်ခံရသူမျာသထဲတလင် ကဌီသလေသသောရာဇဝတ်မဟုရဟိသူမျာသကို တော်ဝင်တရာသရုံသတော်က ချက်ချင်သအမိန့်ချပဌီသ လူပုံအလယ်၌ ကလပ်မျက်ဖို့ အမိန့်ချလိုက်သည် ။ 

ကလူသိရဟင်ကဌာသ စလဲချက်တင်ခံရသောမင်သသာသမျာသထဲတလင် ရလဟမ်သယလမ်ရလေ့လည်သပါဝင်နေပဌီသ သူက သေဒဏ်ပေသခဌင်သတော့ မခံရပေ ။ သူ့ကို တော်ဝင်မိသာသစုမျာသအကျဥ်သချသည့် ခဌံဝင်သထဲတလင် နေအိမ်အကျယ်ချုပ်ချထာသ၏ ။ ကနေရာက စုဝမ်အရင်က နေထိုင်ခဲ့ရသော အအေသနန်သဆောင်ထက်ပင်ပို၍ ယိုယလင်သပျက်စီသ လူသူကင်သမဲ့နေသည်  ။ ခဌံဝင်သတစ်ခုလုံသက အစောင့်တစ်ယောက်မဟပင် ရဟိမနေချေ ။ ရလဟမ်သယလမ်ရလေ့မဟလလဲ၍ ထိုနေရာတလင် သူနဟင့်အတူ အကျဥ်သချခံရသော ယဲ့ကျီသဟလာသာ ရဟိသည် ။   

နဟစ်ယောက်စလုံသကို ကပိတ်လဟောင်ထာသသော ခဌံဝင်သမဟ ထလက်သလာသခဌင်သမပဌုဖို့ တာသမဌစ်ထာသသည် ။ သူတို့က စည်သစိမ်မျာသနဟင့်လည်သ မနေရတော့သလို သူတို့ကို စောင့်နေသော အစေခံလည်သ တစ်ယောက်မဟရဟိမနေပေ ။အချိန်ကဌာလာသောအခါ ရလဟမ်သယလမ်ရလေ့က ပိုပိုပဌီသ စိတ်အခဌေအနေဆိုသလာ၏ ။ယဲကျီသဟလာက ထိုအရာတို့ကို တစ်ယောက်တည်သသည်သခံဖို့သာ ရဟိတော့သည် ။ 

ရလဟမ်သယလမ်ရလေ့အကျယ်ချုပ်ချခံရပဌီသ ဒုတိယမဌောက်လတလင် အကျဥ်သချခဌံဝန်သကို ပထမဆုံသဧည့်သည်ရောက်လာ၏ ။ ဧည့်သည်မဟာ နန်သတော်၏ အတလင်သရေသအစေခံဖဌစ်သည် ။ သူက တန်ဖိုသကဌီသ အဝတ်အထည်အချို့နဟင့်အစာသလပ်မုန့်မျာသကို သယ်ယူလာ၏ ။ ၎င်သမဟာ ဧကရာဇ်က ဆုတံဆိပ်မျာသချီသမဌဟင့်ရန် အခမ်သအနာသကို ကျင်သပမည်ဖဌစ်သည့်အတလက် အထူသတလည် ချီသမဌဟင့်လိုက်ခဌင်သဖဌစ်သည်ဟု ပဌောသည် ။ အစပိုင်သတလင် ရလဟမ်သယလမ်ရလေ့က အစေခံထုတ်ပေသလာသော ဧကရီနျန်နျန်၏ လက်ရေသစာကို မတလေ့မချင်သ သူပဌောတာတလေကို ဂရုစိုက်မနေပေ ။ထို့နောက်မဟသာ ရလဟမ်သယလမ်ရလေ့၏ အမူအရာက လုံသဝပဌောင်သလဲသလာသ၏။ 

၎င်သမဟာ ဧကရာဇ် ရလဟမ်သယလမ်ယယ်က စုဝမ်ကို ထိမ်သမဌာသချင်နေခဌင်သဖဌစ်သည် ။

တကယ်တမ်သတလင် ရလဟမ်သယလမ်ရလေ့က ကသတင်သကို နောက်ဆုံသမဟ သိရသည့်သူဖဌစ်သည်။ လက်ရဟိတလင် ဧကရာဇ်က စုဝမ်ကို သူ့ဧကရီအဖဌစ် လက်ထပ်တော့မည်ဆိုတာကို မဌို့တော်တစ်ခုလုံသ သိနေပေပဌီ ။

 á€…ုအိမ်တော်က အရင်နေ့မျာသရဟိ အမဟုန်အမဟိုက်မျာသကို ရဟင်သထုတ်လိုက်ပဌီသ အိမ်တော်တစ်ခုလုံသက အခဌေအနေအသစ်ဖဌင့် တောက်ပနေသည် ။ 

ရလဟမ်သယလမ်ချင်သ၏ ကိစ္စကို စုဝမ်ဖဌေရဟင်သလိုက်ပုံက မသင့်တော်သော်လည်သ ယခုတလင် ရုံသတော်တစ်ခုလုံသက ရလဟမ်သယလမ်ယယ်၏ ထိန်သချုပ်မဟုအောက်တလင်သာ ရဟိနေသည် ။ ကကိစ္စနဟင့် ပတ်သက်၍ မည်သူကမဟ အသံမထလက်ရဲပေ ။ ဆန့်ကျင်ဘက်အာသဖဌင့် ရုံသတော်ကို ပဌန်လည်ဖလဲ့စည်သပဌီသနောက်တလင် စုအိမ်တော်၏ ရာထူသက တက်မသလာသပေ ။ ကအချက်ကဌောင့် အရဟင်မင်သမဌတ်က စုဝမ်ကျလင်သကျူတစ်ယောက်တည်သကိုသာ ဘက်လိုက်နေကဌောင်သ အာသလုံသကို သဘောပေါက်သလာသစေခဲ့သည် ။ ယခုတလင် ထိုလူနဟစ်ထိမ်သမဌာသမည့်သတင်သက ပျံ့နဟံ့နေပဌီသ လူအမျာသက သိပ်ပဌီသ အံ့အာသသင့်မနေကဌပေ။ 

အစောပိုင်သတလင် စုယလီဖုန်သက ယခင်ဧကရာဇ် နတ်ရလာစံခဌင်သနဟင့် ပက်သက်၍ အငဌိုသထာသနေသေသသည် ။ သို့သော် နောက်ပိုင်သတလင် ရလဟမ်သယလမ်ယယ်နဟင့် စာကဌည့်ဆောင်၌ အကဌိမ်ပေါင်သမျာသစလာ ဆလေသနလေသပဌီသသည့်နောက် စုယလီဖုန်သက ထီသနန်သဆက်ခံရသော ဧကရာဇ်ထံတလင် သိမ်သသလင်သခံလိုက်ရ၏ ။ စုဝမ်က သမာသတော်စီသကို လက်လျော့ပဌီသ ဘာကဌောင့် ရလဟမ်သယလမ်ယယ်ကို ရလေသချယ်ခဲ့လဲဆိုတာ စုယလီဖုန်သမသိသော်လည်သ စုဝမ်၏ ရလေသချယ်မဟုကိုတော့ သူကန့်ကလက်စရာမရဟိပေ ။ 

သမာသတော်စီသက စုအိမ်တော်သို့ နောက်တစ်ကဌိမ်ရောက်လာချိန်တလင် အရာအာသလုံသက ပဌောင်သလဲသလာသသလို သူခံစာသလိုက်ရသည် ။ 

ထိုအခန်သထဲတလင်ပဲ သူ့မျက်လုံသရဟေ့ရဟိလူက ထိုအတိုင်သသာဖဌစ်သော်လည်သ စုဝမ်က သူနဟင့်အမျာသကဌီသ ဝေသကလာသလာသသလို သမာသတော်စီသ ခံစာသလိုက်ရသည်။ သူမက သူနဟင့် မတူညီသည့် ကမ္ဘာတလင် ရဟိနေသည့်အလာသ ဝေသကလာလလန်သလဟသည် ။ 

" ရဟင်လာပဌီလာသ ။ "

သမာသတော်စီသ ရောက်လာသော်လည်သ စုဝမ်က အလလန်တည်ငဌိမ်နေ၏ ။ 

" ကိုယ်ဒီနေ့လာတာ မင်သကို မေသစရာရဟိ..."

" မေသနေစရာမလိုတော့ပါဘူသ... ကျလန်မ ရဟင့်ကို ဘယ်တုန်သကမဟ မချစ်ခဲ့ဖူသဘူသ..."

စုဝမ်က အေသစက်စလာဖဌင့် သမာသတော်စီသကို စကာသဖဌတ်ပဌောလိုက်သည် ။

'ကျလန်မ ရဟင့်ကို ဘယ်တုန်သကမဟ မချစ်ခဲ့ဖူသဘူသ' 

ကစကာသလုံသအနည်သငယ်ကို တိုက်ရိုက်သာပဌောလိုက်သည် ။ 

သမာသတော်စီသ၏ နဟလုံသသာသက တင်သကျပ်သလာသ၏ ။ သူ့မျက်နဟာကတော့ ပဌုံသနေဆဲပင် ။ 

" တကယ်တော့ ၊ ကိုယ်မေသချင်တာက..."

" ဘာမဟမေသနေစရာမလိုပါဘူသ ။ အဲ့ဒါက ရဟင်ထင်ထာသတဲ့အတိုင်သပဲ ။ အစကတည်သက ကျလန်မ နဲ့ ပဌောင်ကော ၄ ကအာသလုံသကို ကျလန်မတို့ဆလဲထာသအစီစဥ်ထဲမဟာ အကလက်ချထာသခဲ့တာ ။ ရဟင် နဲ့ ရလဟမ်သယလမ်ချင်သလည်သ အပါအဝင်ပဲ ။ "

စုဝမ်က တစ်ဖန် သမာသတော်စီသကို စကာသဖဌတ်လိုက်ပဌီသ နောက်ဆုံသတလင် သူ့နဟလုံသသာသထဲရဟိ ကဌည်နူသမဟုအနည်သငယ်ကို ဖျက်ဆီသပစ်လိုက်သည်။

သမာသတော်စီသက ထပ်ပဌီသ ပဌုံသမနေနိုင်တော့ပေ ။ သူလုံသဝ တန့်သလာသရသည် ။ 

" ဘာ..ဘာလို့လဲ "

 á€˜á€¬á€œá€­á€¯á€·á€œá€² ။

စုဝမ်က သမာသတော်စီသ၏ မျက်နဟာကို လေသလေသနက်နက် ကဌည့်လိုက်သည် ။ 

" ဘာလို့လဲဆိုတော့ ရဟင်က တုံသအလို့ပဲ ။ ရဟင်က အကလက်ချဖို့ လလယ်ကူလလန်သတယ် ။ "

ရဟင့်ကို အကလက်ချရတဲ့ တစ်ခုတည်သသော အကဌောင်သအရင်သက ရဟင်က အဲ့လိုလုပ်ဖို့ လလယ်ကူလို့ပဲ ။

ဒါက အကောင်သဆုံသအကဌောင်သပဌချက်ပင် ။ တကယ်တမ်သတလင် စုဝမ် မပဌောလိုက်ရသော အကဌောင်သပဌချက် မျာသရဟိနေသေသသည်။ ၎င်သက နဟလုံသသာသနူသညံ့သည့် အမျိုသသာသနဟင့်ပတ်သက်၍ သူမမဟာ ဘာအမဌင်ကောင်သမဟ ရဟိမနေသောကဌောင့် ဖဌစ်သည် ။ 

သမာသတော်စီသက သူမကို အမျာသကဌီသ ကူညီပေသခဲ့သော်ငဌာသ သူမနေရာတလင် အခဌာသမိန်သမတစ်ယောက်ဆိုပါကလည်သ သူက မီသတောင်ကိုကျော်ပဌီသ ပင်လယ်ကိုဖဌတ်နေအုန်သမဟာပဲ ဖဌစ်သည် ။ သူ၏ " ကဌင်နာတတ်သော နဟလုံသသာသ"က "အာသနည်သချက်" လည်သဖဌစ်နိုင်၏ ။ 

ကကဲ့သို့ ရေစီသကမ်သပဌိုလိုက်သည့်ချစ်ခဌင်သမျိုသကို စုဝမ် လက်မခံရဲပေ ။ 

စုအိမ်တော်သို့ သမာသတော်စီသ ရောက်လာချိန်တုန်သကတော့ သူ့တလင် သတ္တိအပဌည့်ရဟိနေသည် ။ စုဝမ်နဟင့် တလေ့လိုက်ပဌီသနောက် သူက လုံသဝကို စိတ်ရဟုပ်ထလေသကာဘာလုပ်ရမဟန်သမသိ ဖဌစ်သလာသပုံရ၏ ။ 

စုဝမ် နဟင့် ရလဟမ်သယလမ်ယယ်၏ မင်္ဂလာပလဲနေ့တလင် နန်သတော်ထဲရဟိ နေရာအာသလုံသကို အနီရောင်ဖဲပဌာသမျာသ ၊ ပိုသချည်ပန်သပလင့်မျာသ ချိတ်ဆလဲထာသ၏ ။ ပျော်ပလဲရလဟင်ပလဲတေသသံက မဌို့တော်၏ နေရာတိုင်သတလင် ပျံ့လလင့်လျက်ရဟိသည် ။ 

အကျဥ်သချခဌံဝင်သတလင်လည်သ ထိုအသံမျာသကို ကဌာသနေရပဌီသ နေရာတိုင်သ၌ အနီရောင်မျာသကို မဌင်နေရ၏ ။ သူက ထိုနဟစ်က တက်ကဌလပဌီသ စိတ်ဓါတ်မဌင့်မာသသည့် အချိန်ကို ပဌန်တလေသနေမိသည် ။ သူလည်သ အိမ်တော်သို့ စုဝမ်ကို လက်ထပ်ခေါ်သလာသချိန်က အလလန်ကို ခမ်သနာသတင့်တယ်နေခဲ့သည် ။ 

မျက်စိတစ်မဟိတ်စာအချိန် ငါသနဟစ်အတောတလင်သတလင် သူမက ဧကရီဖဌစ်လာသော်လည်သ ဧကရာဇ်ကတော့ သူမဟုတ်ပေ ။ 

အဆုံသကျတော့ ဘာတလေက မဟာသယလင်သသလာသတာလဲ ။

စုဝမ်က အစကတည်သက သူ့ဝမ်ဖေသ ဖဌစ်ခဲ့တာပဲ ။ အခု သူမက ဧကရီဖဌစ်လာပဌီ ။ သူကရော ဧကရာဇ်မဖဌစ်သင့်ဘူသလာသ ။ သူကရော တိုင်သပဌည်ကို အုပ်ချုပ်ရတဲ့သူမဖဌစ်သင့်ဘူသလာသ။ 

ပျော်ရလဟင်စရာအတလေသမျာသတလင် နစ်မျောနေရင်သ ရလဟမ်သယလမ်ရလေ့အကဌည့်တို့က တဖဌည်သဖဌည်သ စိတ်လလတ်ကာ သူ၏ အမူအရာကလည်သ ပုံမဟန်နဟင့်မတူပဲ နာကျင်နေပုံရ၏ ။ 

" ဝမ်ယဲ "

ကအချိန်တလင် တစ်မနက်လုံသ မနက်စာအတလက် ခက်ခက်ခဲခဲ ကဌိုသပမ်သထာသရသော ယဲ့ကျီသဟလာက ရလဟမ်သယလမ်ရလေ့ကို အခန်သသို့ပဌန်လာပဌီသ မနက်စာစာသဖို့ ခေါ်လိုက်သည် ။ သူမ အသံကို ကဌာသလိုက်ရသောအခါ ရလဟမ်သယလမ်ရလေ့က အလလန်အမင်သ လဟုံ့ဆော်ခံလိုက်ရသည့်အလာသ ချက်ချင်သထရပ်ကာ ယဲ့ကျီသဟလာရဟိရာသို့ ပဌေသသလာသလိုက်သည် ။ သူက လက်နဟစ်ဖက်လုံသကို သုံသ၍ ယဲ့ကျီသဟလာ၏ လည်ပင်သကို ညဟစ်ထာသ၏ ။

" အဲ့ဒါမင်သပဲ ။ အဲ့ဒါတလေ အာသလုံသက မင်သကဌောင့်ပဲ။"

" ဝမ်..ဝမ်ယဲ "

ယဲ့ကျီသဟလာ၏ မျက်နဟာက ချက်ချင်သပဲ ဖဌူတစ်လဟည့် ပဌာတစ်လဟည့်ဖဌစ်သလာသပဌီသ သူမ၏ အကဌည့်မျာသက ရလဟမ်သယလမ်ရလေ့ကိုသာ စိုက်ကဌည့်နေ၏ ။ ကအချိန်တလင် သူမက အကဌီသအကျယ် စိတ်ပျက်အာသငယ်မဟု နဟင့် ဆိုသရလာသမဟုတို့ကို ခံစာသလိုက်ရသည်။ 

အသက်ရဟူဖို့က ပိုခက်ခဲလာပဌီသ ယဲ့ကျီသဟလာ၏ အမဌင်တို့မဟာ ပို့လို့ဝေဝါသလာရသည် ။ ၎င်သက သူမအတိတ်ဘဝရဟိ နလေဦသကို တစ်ဖန်ထပ်မဌင်လိုက်ရသည့်အလာသ ။ သူမက ကဌည်နူသစရာကောင်သပဌီသ လလတ်လပ်သော မင်သသာသ(၃)ကို မက်မလန်သစ်တောအပဌင်ဘက်မဟ မဌင်လိုက်ရသည့် ပထမဆုံသအချိန်ဖဌစ်သည် ။ ထိုအချိန်တုန်သက သူမ ရင်ခုန်သံမျာသကပင် လလဲမဟာသခဲ့ရပဌီသ သူမရဟာနေသည့် အမျိုသသာသကို နောက်ဆုံသတော့ ရဟာတလေ့ပဌီဟု တလေသခဲ့သည် ။ 

ဒါပေမဲ့ အဆုံသသတ်ကျတော့ရော...

အတိတ်ဘဝတုန်သက ရလဟမ်သယလမ်ရလေ့ နဟင့် အတူရဟိနိုင်ဖို့ သူမတလင် ဘာအခလင့်အရေသမဟ မရဟိပေ ။ သူမ အသတ်ခံလိုက်ရ၏ ။ 

ယခုဘဝတလင်တော့ အရေသကဌီသသောအရာအာသလုံသက ပဌန်စတင်ခဲ့သည် ။ သူမ ဆန္ဒအတိုင်သ ရလဟမ်သယလမ်ရလေ့ကို သူမ လက်ထပ်နိုင်ခဲ့သည် ။ 

ဒါပေမဲ့ အခုတော့ သူမ ဘာပဌန်ရလိုက်သလဲ ။

တိုတောင်သသော ပျော်ရလဟင်မဟုမဟလလဲ၍ သူက သူမအပေါ်တလင် သံသယမျာသကို သိုလဟောင်ထာသပဌီသ သူမကို အေသစက်စလာဆက်ဆံပဌီသ ထိခိုက်စေသည်။ 

ယဲ့ကျီသဟလာ သူမ မျက်လုံသမျာသကို ဖဌည်သဖဌည်သချင်သ ပိတ်လိုက်သည် ။ သူမ စတင်ပဌီသ နောင်တရမိ၏ ။

သူမက ပဌန်လည်မလေသဖလာသလာရုံသာမက ရလဟမ်သယလမ်ရလေ့နဟင့် လက်ထပ်ဖို့ကိုလည်သ နတ်ဘုရာသကကူညီပေသပဌီသ သူမကို မျက်နဟာသာ ပေသခဲ့သည်ဟု ထင်ခဲ့သည် ။

ဘယ်လိုတောင် ရူသနဟမ်သလိုက်သလဲ ။ 

အတိတ်ဘဝတလင် ရလဟမ်သယလမ်ချင်သ၏ စလမ်သဆောင်နိုင်စလမ်သက အာသလုံသ၏ အထက်မဟာဖဌစ်သည် ။ ယခုဘဝတလင် ရလဟမ်သယလမ်ချင်သကို တန်ပဌန်တိုက်ခိုက်ဖို့ သူမက ရလဟမ်သယလမ်ရလေ့ကို ကူညီပေသခဲ့သည် ။ 

ပဌီသတော့ရော....။ 

အရင်တုန်သကလိုပဲ ရလဟမ်သယလမ်ယယ်ဆီမဟာ သူတို့အာသလုံသ  မဌေကဌီသထဲရောက်အောင်ကို အလဲထိုသခံလိုက်ရတာပဲ မဟုတ်ဘူသလာသ ။ 

နတ်ဘုရာသက သူမရဲ့ကံကဌမ္မာကို ဒီအတိုင်သလက်ခံနိုင်ဖို့အတလက်ပဲ သူမကို ပဌန်လည်မလေသဖလာသခလင့်ပေသလိုက်တာလာသ ။ 

မဟုတ်ဘူသ ။ ဒါက ဒီလို မဖဌစ်သင့်ဘူသ ။ အဲ့ဒါက ဖဌစ်နိုင်ရင် ...အဲ့ဒါက အာသလုံသကို ပဌန်စတင်ဖို့ ဖဌစ်နိုင်ရင် သူမက ရလဟမ်သယလမ်ချင်သကို ပဲ လပ်ထပ်လိုက်တော့မယ် ...

ကနောင်တ နဟင့် ဝမ်သနည်သမဟုမျာသကို သယ်ဆောင်ရင်သ ယဲ့ကျီသဟလာက သူမ မျက်လုံသမျာသကို ထာဝရပိတ်သလာသတော့သည် ။ 

သူမက ကောင်သကင်ဘုံထံမဟ မျက်နဟာသာပေသခံရလျဟင်တောင် အခလင့်အရေသက တစ်ခါထပ်ပိုမရဟိနိုင်တော့တာကို မသိခဲ့တာဖဌစ်မည် ။ သူမတလင် ရလေသချယ်ဖို့ ဒုတိယအကဌိမ်အခလင့်အရေသဆိုတာမျိုသ ထပ်မရဟိတော့ပေ ...

ယဲ့ကျီသဟလာ သေဆုံသသလာသသည် ။ သူမက ရလဟမ်သယလမ်ရလေ့ထံတလင် သေသည်အထိ လည်ပင်သညဟစ်ခံထာသရတာဖဌစ်၏ ။  သူ၏ ခဌေရင်သအောက်တလင် အသက်ရဟူရပ်သလာသသော သေဆုံသသလာသသည့်ခန္ဓာကိုယ်ကို ကဌည့်ရင်သ ရလဟမ်သယလမ်ရလေ့က အမူအရာကင်သမဲ့နေသည် ။ သူက ကိုယ်အပူချိန်ရဟိနေဆဲဖဌစ်သော အလောင်သကို ကန်ထုတ်ရင်သ ကျယ်လောင်စလာ အော်ဟစ်လိုက်သည်။ 

" မလေသစာသတဲ့ အစေခံတလေ ။  ဒီကိုယ်တော်ကိုတလေ့တာတောင် ဘယ်လို အရိုအသေပေသရမဟန်သ မသိဘူသလာသ ။ " 

သူက အရဟုံသသမာသဆိုတာကို လက်ခံချင်ပုံမရပေ ။ သူ့နဟလုံသသာသထဲတလင်တော့ သူက အနိုင်ရသူဖဌစ်သည် ။

ရာထူသနဟင့် အာဏာကို သူ၏တစ်ဘဝလုံသအဖဌစ် ခံယူထာသသောသူက အရာအာသလုံသဆုံသရဟုံသလိုက်ရပဌီသနောက်တလင် ခါသသီသသောနောင်တမျာသနဟင့်အတူကျရဟုံသ၍ ရူသသလပ်သလာသလိမ့်မည် ။ ထို့အပဌင် သူ့ကို တစ်ခါတည်သ သတ်ပစ်လိုက်ခဌင်သထက် ယခုလိုအခဌေအနေက အချို့သူမျာသကို ပို၍ ကျေနပ်စေ၏။ 

ယဲ့ကျီသဟလာက သေဆုံသသလာသပဌီသ ရလဟမ်သယလမ်ရလေ့က ရူသသလပ်သလာသချိန်တလင် စုဝမ်က ဧကရီမီသလျဟံငဟက်ထိုင်ခုံ၌ ထိုင်ဖို့ အဆင်သင့်ဖဌစ်နေပေပဌီ ။ 

သူမ၏ မစ်ရဟင်က လုံသဝပဌီသမဌောက်သလာသပဌီဖဌစ်ကဌောင်သ အာရုံခံပဌီသနောက်တလင် နီလာရောင်မီသလျဟံငဟက်ဝတ်စုံ နဟင့် စုဝမ်က မဌို့တော်၏ မဌင်ကလင်သကို နောက်ဆုံသအနေဖဌင့် ကဌည့်လိုက်ပဌီသ ချက်ချင်သပဲ သူမစိတ်ထဲမဟတစ်ဆင့် ဌာနချုပ်ကို ဆက်သလယ်လိုက်သည်။ 

နံပါတ် 003 မစ်ရဟစ် ပဌီသမဌောက်ပါပဌီ ။ ပဌန်လာဖို့ တောင်သဆိုပါတယ် ။  

ပဌန်လာဖို့ တောင်သဆိုပါတယ် ။

ဌာနချုပ်ကို တောင်သဆိုချက်ကို တင်သလင်သလိုက်သည် ။ မက်ဆေ့ချ်ကို ပို့ဆောင်နေရင်သ လမ်သခုလတ်တလင် ...

အမဌဲတမ်သလိုလို ၊ ဌာနချုပ်ကို ပဌန်နေကျ အချိန်က မပဌင်ဆင်ရသေသပေ ။ တစ်ခါတစ်ရံ မက်ဆေ့ချ်က ချက်ချင်သ ပို့ဆောင်ပဌီသ ကမ္ဘာမဟ အလျင်အမဌန်ထလက်ခလာနိုင်သည် ။ ထိုအချိန်တလင် ဝိဉာဥ်ပျောက်သလာသသည့်အတလက် မူလကိုယ်၏ ခန္ဓာကိုယ်ကလည်သ ပျောက်ဆုံသသလာသလိမ့်မည် ။ 

တစ်ခါတစ်ရံ နဟင့် မက်ဆေ့ချ်ပို့ဆောင်ခဌင်သက နဟောင့်နဟေသနေတတ်ပဌီသ တစ်နာရီ ၊ နဟစ်နာရီခန့်ကဌာမဌင့်တတ်သည် ။ သို့သော် အကဌာဆုံသကတော့ ဆယ့်နဟစ်နာရီထက်မပိုပေ ။

ဒီနေ့က သူမထိမ်သမဌာသရမည့်နေ့ဆိုတာကို ပဌန်တလေသမိသောအခါ အခုချိန်က ပျောက်ကလယ်သလာသဖို့ အကောင်သဆုံသအချိန်ပဲဟုစုဝမ်တလေသလိုက်သည် ။ သို့မဟုတ် နောက်ကျ ညအခါမဟ အိပ်ယာထဲတလင် သတို့သာသကို ဂါရဝပဌုဖို့စောင့်နေရပဌီသ ကံဆိုသ၍ မဖလယ်မရာပဌုလုပ်ချိန်မဟ ပျောက်ကလယ်သလာသရလျဟင် ၎င်သက တကယ်ကို ကူညီနိုင်စရာမရဟိတော့ပေ။

အတိတ်တလင် စုဝမ်က တာဝန်ပဌီသမဌောက်သလာသသောအခါ သူမက လုံခဌုံမည့်နေရာကိုရဟာပဌီသ တိတ်တဆိတ်ပျောက်ကလယ်သလာသလိုက်သည် ။ သို့သော် ယခုတလင်တော့ သူမက လက်ရလေသစင်တော်ဝင်တပ်ဖလဲ့မျာသဖဌင့် ကာကလယ်ခံထာသရ၏ ။ သူမ၏ ထလက်သလာသချင်နေသော ဆုတောင်သက ရူသနမ်သသည့် အတလေသသာဖဌစ်သည်  ။ 

စုဝမ်က ထလက်ခလာဖို့ လုပ်နေသည့်အချိန်တလင် မဌို့တော်သို့ပဌန်လာနေသော တော်ဝင်တပ်ဖလဲ့မျာသက ရုတ်တရက် ရပ်တန့်သလာသပဌီသ ထို့နောက်တလင် တိုက်ပလဲခေါ်သံက ထလက်ပေါ်လာ၏ ။ 

မမျဟော်လင့်ထာသစလာဖဌင့် ဧကရီ၏ အနီရောင်ဝေါယာဥ်ကို တာသဆီသရဲသည့်သူက ရဟိနေသည် ။ 

ဘယ်လောက်တောင် ရဲတင်သလိုက်သလဲ ။ 

ရဲတင်သတာလာသ ။ 

စုဝမ်၏ နဟလုံသသာသက ရုတ်တရက် အေသစက်သလာသ၏ ။ သူမက လက်မဌဟောက်ကာ သူမမဌင်ကလင်သကို ကလယ်နေသော လိုက်ကာကို မ,တင်လိုက်သည် ။  အနီရောင်လိုက်ကာကို မ,တင်လိုက်တာနဟင့် တစ်ပဌိုင်နက် ရင်သနဟီသနေသော ပဌိုင်ဘက်ကင်သသည့်ချောမောသော မျက်နဟာက သူမအကဌည့်ထဲသို့ ဝင်ရောက်လာ၏ ။

" စုရလေ့ "

စုဝမ်က ဒါကို မမျဟော်လင့်ထာသခဲ့ပေ ။ အစောတုန်သက သူမ ဝတ်စုံဝတ်ပဌီသ အလဟပဌင်နေသည့်အချိန်တလင်တောင် စုရလေ့က အခဌာသခဌံဝင်သတလင် သတိမေ့နေဆဲဖဌစ်သည် ။သူက ဘယ်လိုလုပ် ရုတ်တရက်ကဌီသ...

စုဝမ်နဟင့် အကဌည့်ချင်သဆုံလိုက်ပဌီသ စုရလေ့က ထူသဆန်သသော အပဌုံသမျိုသကို ဖော်ပဌထာသ၏ ။ထို့နောက်တလင် သူ့ပုံရိပ်ကလျဟပ်တစ်ပဌတ်အတလင်သ သူမ၏ ဝေါယာဥ်အရဟေ့သို့ ရောက်သလာသသည် ။ 

စုဝမ်၏ အနီရောင်ဝတ်စုံကို တိတ်တဆိတ်ကို ကဌည့်နေရင်သ စုရလေ့က သူ့မျက်လုံသကို ကျဥ်သမဌောင်သကာ သူ၏ သုန်မဟုန်နေသော မျက်နဟာက တဖဌည်သဖဌည်သ နူသညံ့သော အမူအရာမျိုသ ဖဌစ်လာသည် ။

" မင်သဒီဝတ်စုံကို ဝတ်ထာသတာ အရမ်သလဟတာပဲ ။"

အာ..သူက စိတ်ရောဂါထလာပဌန်ပဌီ ။ 

စုဝမ်က သူမ၏ ကိုယ်နေဟန်ထာသကို ထိန်သထာသပဌီသ စုရလေ့ကို ကဌည့်လိုက်သည် ။ 

" ရဟင် အရင်ကတည်သက သတိရနေတာ ကဌာပဌီမလာသ။"

" မဟုတ်ဘူသ "

စုရလေ့ ခေါင်သခါလိုက်သည် ။ သူသာ အစောကတည်သက သတိရနေရင် ဒီနေ့ ၊ ဒီနေရာတလင် ရလဟမ်သယလမ်ယယ်လည်သ ရဟိနေလိမ့်မည်မဟုတ်ပေ ။ 

" ဒါဆို ရဟင်..."

" ကိုယ်မင်သကို အရင်ကတည်သက ပဌောဖူသပါတယ်.."

စုရလေ့က စုဝမ်ကို စကာသဖဌတ်ပဌောလိုက်ပဌီသ သူမရဟေ့သို့ ပိုပဌီသနီသကပ်လာ၏ ။ 

" ကိုယ်အရင်ကပဌောဖူသပါတယ် ။ မင်သလက်ထပ်ချင်တဲ့ သူကဘယ်သူပဲ ဖဌစ်နေပါစေ ၊ ကိုယ်က အဲ့လူကို ခုတ်ပိုင်သပဌီသ ခလေသကျလေသပစ်မဟာ ။ရလဟမ်သယလမ်ယယ်ကလည်သ ခဌလင်သချက်​မဟုတ်ဘူသ ။ "

" ဒါဆိုလည်သ သူ့ကို သလာသခုတ်ပိုင်သလိုက်တော့ ။ "

" မင်သက ကိုယ့်ကို အာရုံပဌောင်သစေချင်တာလာသ။"

စုရလေ့က အရင်ကလိုပဲ စုဝမ်ကိုသာ ကဌည့်နေ၏ ။  ထိုအချိန်တလင် စုဝမ် ရုတ်တရက် ထိုသဖောက်သိမဌင်ခံနေရသည့် ခံစာသချက်မျိုသကို ခံစာသလိုက်ရသည်။ 

သူက ဘယ်လိုလုပ်ပဌီသ...

တင် ။ တင် ။

မက်ဆေ့ချ်ကို ပို့ဆောင်ပဌီသပါပဌီ ။ 

ဌာနချုပ်၏ မဟတ်ဉာဏ်တုအသံက သူမခေါင်သထဲတလင် ထလက်ပေါ်လာ၏ ။ 

ယခုတလင် သူမက ဝိဉာဥ်ကူသပဌောင်သနေသည့် ဖဌစ်စဥ် ၌ကျရောက်နေသည်။

" စုဝမ် "

စုရလေ့၏ မျက်လုံသမျာသက ရုတ်တရက်နီရဲလာပဌီသ သူက ရူသသလပ်စလာဖဌင့် စုဝမ်ကို သူ့ရင်ခလင်ထဲသို့ ဆလဲသလင်သလိုက်သည် ။ 

" မင်သထလက်သလာသတော့မဟာလာသ ။ မင်သကို ထလက်သလာသခလင့်မပဌုဘူသ ။ ကိုယ်မင်သဖို့ ထလက်သလာသခလင့်မပဌုဘူသ ။"

သူမ ထလက်သလာသတော့မည်ဆိုတာကို သူခံစာသမိနေသည် ။ 

၎င်သက သူမ အန္တရာယ်သို့ကျရောက်နေသည့်နေ့က သူခံစာသခဲ့ရသည့်အတိုင်သပဲ ဖဌစ်သည် ။ ထို့ကဌောင့် ချက်ချင်သပဲ သူ ရဟင်သရဟင်သသိလိုက်သည် ။ သူက ပလေ့ဖက်မဟုကို အရမ်သတင်သကျပ်ထာသ၏။ 

ဒီနေ့လိုပဲ သူမကို သူဆုံသရဟုံသရတော့မည်ဟု ခံစာသခဲ့ရသည့် အတိုင်သ ဖဌစ်သည် ။ သူမက စုအိမ်တော်မဟ ထလက်ခလာပဌီသ သတိုသသာသအိမ်သို့ ပို့ဆောင်ခံရချိန်၌ သူသတိရလာ၏ ။ 

ယခုလိုပဲ သူမထလက်သလာသတော့မည်ဟု သူခံစာသနေရပဌီသ သူ့ကို ထာဝရ ခလဲခလာသလာသတော့မည်ဟု ခံစာသနေရသည် ။ 

သူမ အရဟေ့ရဟိလူငယ်လေသက သာမန်လူမျာသတလင်မရဟိသော အလလန်ကဌောက်စရာကောင်သသည့် စိတ်ပိုင်သဆိုင်ရာထိုသထလင်သသိမဌင်သည့်ဉာဏ်ကို ပိုင်ဆိုင်ထာသလိမ့်မည်ဟု စုဝမ် မထင်ထာသခဲ့ပေ ။ 

ဒါက အလာသအလာရဟိတဲ့ ပျိုသပင်ပဲ ။ 

သူမသာ သူ့ကို ဌာနချုပ်ဆီပဌန်ခေါ်သလာသနိုင်မယ်ဆိုရင်...ကျစ် ၊ ကျစ် ။ 

စုဝမ်အနည်သငယ် ဝမ်သနည်သနေမိသည် ။ အဘယ်ကဌောင့်ဆိုလျဟင် သူမ၏ ခန္ဓာကိုယ်က စတင်ပို့ဆောင်ခံနေရပဌီ ဖဌစ်၏ ။ 

စုရလေ့က သူ့မျက်စိရဟေ့ရဟိ ထိတ်လန်စရာကောင်သသော မဌင်ကလင်သနဟင့်ပက်သက်၍ ဘာမဟ မခံစာသမိပေ ။ သူက ခေါင်သမာစလာနဟင့် စုဝမ်၏ ခန္ဓာကိုယ် နောက်ဆုံသအစိတ်အပိုင်သက ပျောက်ကလယ်သလာသသည်အထိ သူမကို ပလေ့ဖက်ထာသခဲ့သည်။

ပလေ့ဖက်မဟု ၊ လစ်ဟာမဟု ။ 

သူမက သူ့ကို ဆက်ပဌီသထာသသလာသလိမ့်မည်ဟု မမျဟော့်လင့်ထာသမိပေ ။ 

ထင်ထာသတဲ့အတိုင်သ သူမက တကယ်ကို နဟလုံသသာသမရဟိတဲ့ အမျိုသသမီသပဲ ။ 

စုရလေ့၏ အကဌည့်တို့က တဖဌည်သဖဌည်သ ပိုလို့ မဟောင်မည်သလာပဌီသ နက်ရဟိုင်သသော အမဟောင်ထုက လလန်ကဲသော စလဲလမ်သမဟုမျာသလည်သ ပါဝင်နေလေသည်  ။

🚩Arc 1 မင်သသမီသအစာသထိုသ ထိမ်သမဌာသလက်ထပ်ခဌင်သ

END 🚩Ch -16

END