Chapter 30
Viewers 3k

🚩 Ch 30

Arc -2.14 နဝမမြောက်အိပ်မက်ဆိုး




ည၊ အဆုံးမဲ့အန္တရာယ်။


ယာယီ မဟာမိတ်ဖွဲ့ထားသည့် သုံးယောက်သည် စုဝမ်၏ ဧည့်ခန်းထဲတွင် စုရုံးနေကာ အိပ်ငိုက်နေပုံမရချေ။


အချိန်က ဖြည်းညှင်းစွာ ကုန်ဆုံးနေဆဲဖြစ်ကာ မကြာခင် မနက် 3နာရီ ထိုးတော့မည်။


 "လာနေပြီ"


ချီမူသည် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးဖြစ်သည်။သူပုံစံက အထက်တန်းစားတစ်ယောက်လိုပင် ထင်ရသော်လည်း သူ့မျက်နှာအမူအရာမှာ တစ်နည်းတစ်ဖုံညစ်ညူးနေဆဲဖြစ်သည်။သို့သော်လည်း ထိုသို့ပြောပြီး  ချက်ချင်း မျက်ခုံးပင့်ကာ အာရုံစူးစိုက်လိုက်သည်။


နာရီက မနက် 3 နာရီမှာ ရပ်သွားပြီး ချီမူ၏ဖုန်းကလည်း ချက်ချင်းအသံမြည်လာသည်။ ဖန်သားပြင်ပေါ်က ရင်းနှီးသည့်နာမည်ကို ကြည့်လိုက်ရင်း သူ့မျက်နှာက အနည်းငယ် အုံ့မှိုင်းသွားရသည်။


 "ဒါ ချမ်ယွီဖုန်းလား"


ရိကျစ်ရွှမ်သည် ချီမူ၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခဲ့သည်။ချီမူ၏ မျက်လုံးများက ပြောင်းလဲနေသည်ကို မြင်လိုက်ရတာကြောင့် စတင်မေးလိုက်ခြင်းဖြစ်သည်။ 


 "အင်း..."


ချီမူက ရိကျစ်ရွှမ်ကို ချက်ချင်းပင် လေးနက်သော အကြည့်တစ်ချက်ကြည့်ကာ ဆိုဖာ၏ အခြားထောင့်တွင် ထိုင်နေသော စုဝမ်အား “ဒီအိပ်မက်ကမ္ဘာက အရမ်းတင်းကျပ်တဲ့ စည်းကမ်းတွေ ရှိတယ်၊ ဥပမာ သန်းခေါင်ကျော်ရင် ငါတို့အတွက် တိုက်ခိုက်ရမယ့်အချိန်ပဲ၊ သရဲတစ္ဆေတွေက သူတို့အတွက် လူလိုက်သတ်ရမယ့်အချိန်တစ်ခု သတ်မှတ်ပေးခံရလိမ့်မယ်"


စုဝမ်သည် နံရံပေါ်ရှိ နာရီလက်တံက 3နာရီ၌ ရပ်သွားသည်ကို တွေ့လိုက်သောအခါ အရိုးများအထိ အေးစက်သောအအေးဓာတ်သည် သူမ၏နှလုံးသား အောက်ခြေမှ မြင့်တက်လာခဲ့သည်။


 á€™á€”က် 3နာရီမှာ ချမ်ယွီဖုန်းက ချီမူကို ချက်ချင်းဖုန်းဆက်လိုက်တယ်၊  ဒါက ဘာကို ဆိုလိုတာလဲ။


ဤအထိ တွေးတောရင်း စုဝမ်သည် ချီမူကို ချက်ချင်းပင် ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ ချီမူသည် ဖုန်းကိုင်ရင်း ဆိုဖာပေါ် ပျင်းရိစွာ ထိုင်ချလိုက်ပြန်သည်။ 


 "အားဖုန်း...ကိစ္စရှိလို့လား"


 "ချီမူ၊ မင်း ဘယ်မှာလဲ၊ ငါ အိပ်မက်ဆိုးမက်လို့ မင်းနဲ့ ဆွေးနွေးဖို့ မင်းကိုတွေ့ချင်တာ"


တစ်ဖက်မှ၊ ချမ်ယွီဖုန်း၏ အမောတကောအသံကြောင့် သူ ယခုမှ အိပ်မက်မက်ရာမှ လန့်နိုးလာမှန်း သိသာထင်ရှားစေသည်။


 "ငါ အခုချက်ချင်း ထွက်လာခဲ့မယ်၊ မင်း မြို့အနောက်ဘက် ဆင်ခြေဖုံးက ငါ့ရဲ့ ဗီလာကို သွားပြီး စောင့်နေ၊ ​​ငါ ချက်ချင်း ပြန်ခဲ့လိုက်မယ်"


ထိုသို့ပြောပြီး ချမ်ယွီဖုန်းထံမှ တုံ့ပြန်မှုကို မစောင့်ဘဲ ချီမူ ဖုန်းကို ချလိုက်ပြီဖြစ်သည်။ထို့နောက် သူ့ဖုန်းကို လှည့်ပြောင်းဆော့ကစားနေပြီး ဝတ်စုံကို ပွတ်သပ်၍ ဖြည်းညင်းစွာထလိုက်သည်။


 "သွားရအောင်၊သူ့ကို သွားရိုက်ကြမယ်"


 "မင်းမှာ ဘာရှိလို့လဲ. အစီအစဉ်ရှိသလား"


ချီမူ ပုံစံကငြိမ်သက်ပြီး အာရုံ စုစည်းနေသဖြင့် ရိကျစ်ရွှမ် မတတ်နိုင်ဘဲ မေးလိုက်သည်။


 "ဘာလဲ.... ငါတို့လုပ်နိုင်တာ တစ်ခုခု ရှိမှာပါ"


ဤအထိပြောပြီး ချီမူက စုဝမ်ကို ပို၍ လေးလေးနက်နက်ကြည့်သည်။


 "ဖန့်ထျန်းထျန်းလည်း လူမဟုတ်ဘူးဆိုရင် ရှောင်ဝမ် မင်း ပျော့ညံ့မနေဖို့ သတိထားရမယ်"


ဖန့်ထျန်းထျန်း.....


စုဝမ် နှလုံးခုန်သံတို့ ဗြောင်းဆန်ကုန်၏။ သူမ၏ အချစ်ဆုံးသူငယ်ချင်း၊ သတ္တိနည်းတဲ့ ကောင်မလေးကတော့ ဘာမှ မဖြစ်နိုင်ဘူး မဟုတ်လား။


ဒါနဲ့ဘာဖြစ်လို့လဲ...... 12:30 ကတည်းက ဒီငကြောက်မက  သူမကို ဘာလို့ ခုထိ မဆက်သွယ်တာလဲ။


သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ ဖန့်ထျန်းထျန်း၏ အကျင့်စရိုက်အရ သူမသည် ထူးဆန်းပြီး အန္တရာယ်များသော အိပ်မက်ကမ္ဘာတစ်ခုထဲသို့ ရောက်သွားခဲ့ကြောင်း သိသည်နှင့် အခြားလူများကို အကူအညီတောင်းရန် ချက်ချင်းရှာသင့်သည်။


ဖန့်ထျန်းထျန်းက တကယ် သေနေပြီးသားဆိုတာ မဖြစ်နိုင်ဘူးမလား...


စုဝမ် ထိုအတွေးကို ဆက်မဝံ့တော့ပေ။ သူမသည် ရိကျစ်ရွှမ်နှင့် ချီမူ တို့၏အကာအကွယ်အောက်မှာသာ လိုက်ပါနိုင်ခဲ့သည်။ 


သုံးယောက်သား လှေကားထစ်ကို အတူတူဆင်းကြသည်။ချီမူ၏ကားသည် အောက်ထပ်တွင် ရပ်တန့်လျက် ရှိနေသေးသော်လည်း တံခါးများအနက်မှ တစ်ခုသော တံခါးသည် ဖွင့်မရအောင် အပိတ်ခံလိုက်ရပြီးဖြစ်သည်။


 á€•á€ťá€€á€şá€…ဎးသွဏးသည်အကဏးကိုပဟရင်း ချီမူက သူ့ပုခုံးကို ပခုံးတွန့်ပြီး "ငါ အရမ်းစိတ်လှုပ်ရှားပြီး မတော်တဆမှုလေးတစ်ခုဖြစ်သွားတယ်၊ ဒါပေမယ့် မင်းတို့ စိတ်ချလို့ရပါတယ်၊ ငါ့ရဲ့ကားမောင်းစွမ်းရည်က အရမ်းမိုက်ပါတယ်"


 á€Ąá€›á€™á€şá€¸á€™á€­á€Żá€€á€şâ€‹á€•á€Ťá€á€šá€şâ€‹...ဒါပေမယ့် ​မော်​​တော်​ယာဉ်​တိုက်​မှုဖြစ်​သွားတယ်​လား.....


စုဝမ် နှုတ်ဆိတ်နေမိသည်။ တကယ်တော့ ကားတိုက်မှုသည် ချီမူ၏အမှားမဟုတ်မှန်း သူမလည်း သိသည်။သူတို့ ကံမကောင်းလွန်းလို့ပဲ ခုလိုဖြစ်တာမလား။အခုဆို ကားမတော်တဆမှုတစ်ခု ကြုံရရုံတင်မကဘူး၊ ဒီအိမ်မက်ဆိုးကမ္ဘာထဲကိုလည်း ဆွဲသွင်းခံခဲ့ရတာလေ...


သုံးယောက်သား ကားပေါ်တက်ပြီးနောက် ချီမူသည် ကားဆက်မောင်းလာရင်း ခရီးတလျှောက်လုံး အနောက်ဘက် ဆင်ခြေဖုံးရှိ သူ့အိမ်ကြီးအကြောင်း တွေးနေသည်။


ထိုအချိန်တွင်၊ မြို့လယ်ရှိ တန်ဖိုးကြီးလူနေရပ်ကွက်တစ်ခုတွင် ဖန့်ထျန်းထျန်းသည် အနက်ရောင်လေကာအင်္ကျီကို ခန္ဓာကိုယ်အနှံ့ ရစ်ပတ်ထားပြီး သူမရှေ့မှလူနောက်သို့ မျက်စိမှိတ် လိုက်သွားခဲ့သည်။သူတို့နှစ်ဦးသည် ညအမှောင်ကို အခွင့်ကောင်းယူကာ အနီးနားမှ ထွက်ခွာခဲ့ကြသည်။


ရှေ့ကလူသည် ရုတ်တရက် ရပ်တန့်သွားသဖြင့် သူ့နောက်မှ ဖန့်ထျန်းထျန်း မထင်မှတ်ဘဲ ထိုသူ့အား မတော်တဆ ဝင်တိုက်မိသွားသည်။ သူ့ခန္ဓာကိုယ်က အရမ်းအေးတာပဲ...


 "ချင်လု.." သူမ မျက်နှာနီရဲလာပြီး "အဆင်ပြေရဲ့လား"


 "ပြဿနာမရှိပါဘူး...ရပါတယ်"


ချင်လု၏ အသံသည် တိုးလျနေပြီး လေအေးကလည်း ပို၍ပင် အေးလာသည်။


 "နင့်တစ်ကိုယ်လုံး အေးနေတာပဲ၊ ငါလေကာအင်္ကျီကို နင့်ကို ပြန်ပေးမယ်လေ" 


ဖန့်ထျန်းထျန်း စိုးရိမ်တကြီးနှင့် သူမ ပုခုံးပေါ်တင်ထားသည့် လေကာအင်္ကျီကို ဖြုတ်ချဖို့ ပြင်သော်လည်း ချင်လုက "မအေးပါဘူး၊ မင်း ကျန်းမာရေးမကောင်းဘူးဆိုတော့ ဝတ်သင့်တယ်၊တက္ကစီစီးပြီး စုဝမ်ကို သွားရှာကြည့်ရအောင်"



 "အင်း အင်း"


စုဝမ်အကြောင်းကို ပြောလိုက်သောကြောင့် ဖန့်ထျန်းထျန်း မျက်လုံးများ တောက်ပလာသည်။တကယ်တော့ သူမ အိပ်မက်ဆိုးကနေ နိုးလာသည့်အခါကတည်းက စုဝမ်ကို ဆက်သွယ်ဖို့ စိတ်ကူးမိသော်ငြား၊ မတော်တဆပင် သူမ ဖုန်းခေါ်ဆိုလိုက်ရာ ချင်လုဆီ ဖုန်းရောက်သွား၏။


ဒီလို အကျပ်အတည်းကာလမှာသာ မင်းရဲ့နှလုံးသားကို တကယ်နားလည်နိုင်မှာပါ...


မနက်အစောကြီး ဖြစ်၍ လမ်းများက ဗလာအတိပင်။ဖန့်ထျန်းထျန်းသည် တက္ကစီ မလာဘူးဟု တွေးလိုက်ချိန်မှာပင် ဘလက် တက္ကစီတစ်စီးက သူတို့နှစ်ယောက်ရှေ့မှာ ရပ်သွားသည်။


 á€‘ူးဆန်းတဏက တက္ကစီပင်။


သူမ စိတ်ရှုပ်စွာ မျက်တောင်ခတ်လိုက်သည်။ ချင်လုသည် စကားတစ်ခွန်းမှ မပြောဘဲ တက္ကစီထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် သူမလည်း အနီးကပ် လိုက်သွားခဲ့သည်။တက္ကစီပေါ်တက်ပြီးသည်နှင့် သူမက စုဝမ်၏လိပ်စာကို ချက်ချင်းပြောပြလိုက်သည်။


 á€á€€á€šá€€á€…á€Žá€€á€Źá€¸á€œá€ąá€¸á€žá€Šá€ş လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။



🚩