Chapter 31
Viewers 2k

🚩Ch 31

Arc - 2.15 နဝမမဌောက်အိပ်မက်ဆိုသ




မဌို့တော်C ၏ အနောက်ဘက် ဆင်ခဌေဖုံသမျာသကို တောင်မျာသ၊မဌစ်မျာသဖဌင့် ဝန်သရံထာသသည်။ လဟပသော တောင်စောင်သပေါ်တလင် ကဌီသမာသသော အိမ်ကဌီသမျာသကို ဆောက်လုပ်ထာသသည်။


ချီမူ၏အိမ်သည် ကအိမ်ကဌီသမျာသအုပ်စုတလင်ဖဌစ်သည်။ ကအိမ်ကို သူ့အဖေက သူ့အသက် 18 နဟစ်ပဌည့်မလေသနေ့အတလက် လက်ဆောင်ပေသခဲ့ခဌင်သဖဌစ်ပေသည်။ထိုစဉ်က သူ အရလယ်ရောက်လာသည့်အတလက် ပါတီပလဲတလေကို ကအိမ်မဟာ ကျင်သပခဲ့သည်။ထိုအချိန်မဟစ၍ ကနေရာသည် ချီမူနဟင့် သူ၏ သူငယ်ချင်သမျာသ စုဝေသရာ နေရာတစ်ခု ဖဌစ်လာခဲ့သည်။


ယခုအချိန်တလင် ချီမူသည် ကျယ်ဝန်သသော ရိပ်သာလမ်သထဲသို့ ဖဌည်သညဟင်သစလာ မောင်သနဟင်လာခဲ့သည်။  တိတ်ဆိတ်သောလမ်သ၏ နဟစ်ဘက်စလုံသတလင် ကျယ်ဝန်သသော အိမ်ကဌီသမျာသရဟိသည်။ အဝေသမဟပင် လမ်သဘေသတလင်ရပ်ထာသသော အနီရောင် Ferrari ကာသကို သူမဌင်လိုက်ရသည်။ အနက်ရောင်ဝတ်ထာသသည့် ချမ်ယလီဖုန်သသည် သူ့ကာသနံဘေသကို မဟီနေ၏။သူ့မျက်နဟာရဟေ့တလင် မီသနီလေသ မဌင်နေရ၍  သူ ဆေသလိပ်သောက်နေမဟန်သ ချီမူ သိလိုက်၏။


ချမ်ယလီဖုန်သသည် ကလေသဘဝကတည်သက ဆေသလိပ်နဟင့် အရက်ကို မရဟောင်ခဲ့ပေ။ သို့သော် ကျောင်သတက်နေဆဲ ကျောင်သသာသဖဌစ်၍ ဆေသလိပ်သောက်သည့်အကျင့်က ကိစ္စကဌီသကဌီသမာသမာသဟု မဆိုသာပေ။အထူသသဖဌင့် စိတ်အနဟောင့်အယဟက်ဖဌစ်စေသော သို့မဟုတ် ထိတ်လန့်နေချိန်တလင်ဖဌစ်၍ သူ ဆေသလိပ်ကို စိတ်ပါလက်ပါ ဆက်သောက်နေမည်ဖဌစ်သည်။


 "ကျလီ....."



ချီမူ အရဟိန်မဌဟင့်ပဌီသ ချမ်ယလီဖုန်သ ရဟေ့မဟာ ကာသကို ရုတ်တရက် ရပ်လိုက်သည်။


မဟင်တက်နေသော ချမ်ယလီဖုန်သသည် ဘရိတ်အုပ်သံကဌာသသောအခါ ချက်ချင်သပင် ထိတ်လန့်စလာ မော့ကဌည့်လိုက်လျဟင် ချီမူ ကာသပေါ်မဟ ဖဌည်သညဟင်သစလာ ဆင်သလာသည်ကို တလေ့လိုက်ရသည်။


"ချီသပဲ အာသဖုန်သ....မင်သက ညအချိန်မ‌တော် အိပ်မပျော်ဘူသဆိုပဌီသ ငါ့ကို အပဌင်ထလက်ခိုင်သတယ်၊ကဲပဌော မင်သဘာလိုချင်လဲ"


အလေ့အကျင့်တစ်ခုလိုပင် ချီမူသည် ကာသတံခါသကို လက်တစ်ဖက်တင်ကာ ဝတ်စုံကဌယ်သီသကို ဖဌုတ်လိုက်ပဌီသ သူ့မျက်နဟာမဟာလည်သ မဟုန်ကုပ်နေတော့သည်။



ချမ်ယလီဖုန်သ စကာသမပဌောသေသဘဲ တောက်နေသော မီသခိုသငလေ့မျာသကသာ သူ့မျက်နဟာအမူအရာကို ဖုံသလလဟမ်သထာသသည်။


 "ဘာလို့ မင်သက ကာသထဲမဟာ ရောက်နေတာလဲ"


ချမ်ယလီဖုန်သသည် ရဟေ့ခရီသသည်ထိုင်ခုံတလင် ထိုင်နေသော စုဝမ်ကိုတလေ့လိုက်ရသည်။ ရိကျစ်ရလဟမ် ကတော့ နောက်ထိုင်ခုံမဟာ လဲလျောင်သနေတာကဌောင့် သူ  မမဌင်ရချေ။


 "ငါ့ကောင်မလေသပဲ၊ ညနက်သန်သခေါင်မဟာ ငါ့ကာသထဲမဟာမရဟိရင် မင်သကာသထဲ ‌ရဟိနေရမဟာလာသ"


ချီမူ သူ့လက်ကို မဌဟောက်လိုက်ပဌီသ ကာသပဌတင်သပေါက်ကို ခေါက်လိုက်သည်။


 "စုဝမ်၊ ဆင်သလာခဲ့"


စုဝမ် တစ်ချက် တုံ့ဆိုင်သသလာသပဌီသ မကဌာခင် ကာသပေါ်မဟ ဆင်သလာခဲ့သည်။


ချမ်ယလီဖုန်သသည် စုဝမ်ကို တစ်ချက် စိုက်ကဌည့်ပဌီသနောက် ချီမူအာသ တစ်ဖန် စူသစိုက်ကဌည့်ကာ "အာသမူ၊ မင်သ လက်သလက်လဟချည်လာသ၊ မင်သ သူမကို အမဌန်လိုက်နိုင်ထာသတာပဲ"


ချမ်ယလီဖုန်သ စကာသကို ကဌာသလိုက်သည်နဟင့် စုဝမ်၏ မျက်နဟာသည် ပို၍ပင် မည်သလာသည်။ချီမူ၏ မျက်နဟာသည်လည်သ ထူသဆန်သသော အမူအရာတစ်ခုဖဌစ်တည်နေသည်။သူက ခဌေလဟမ်သကျဲကဌီသမျာသဖဌင့် ချမ်ယလီဖုန်သ ရဟေ့မဟာ ရပ်လိုက်သည်။ ထို့နောက် သူသည် ချမ်ယလီဖုန်သနဟင့် စုဝမ်ကို သူ့ခန္ဓာကိုယ်အာသ အသုံသပဌု၍ ကာထာသလိုက်သည်။


 "အာသဖုန်သ မင်သက မနာလိုဖဌစ်နေတာလာသ၊ ဒီအစ်ကိုကဌီသကို လဟည့်ကလက်နည်သနည်သသင်ပေသစေချင်သလာသ၊ မင်သ မုန့်ထင်ယောင်ကို အမဌဲတမ်သ လိုက်နေခဲ့တာမဟုတ်ဘူသလာသ"


မုန့်ထင်ယောင်၏နာမည်ကိုကဌာသလျဟင် ချမ်ယလီဖုန်သ ခေတ္တစကာသတိတ်နေခဲ့သည်။ သူ စီသကရက်ကို ကိုင်လိုက်ပဌီသ အသက်ပဌင်သပဌင်သရဟူကာ ချီမူကို လေသလေသနက်နက် ကဌည့်လိုက်ရင်သ "ချီမူ ၊ အဲဒီ အိပ်မက်ကို မင်သလည်သ မက်သလာသ၊ငါ....သရဲက ဘယ်သူလဲဆိုတာ သိတယ်.... သူမကို အတူတူ သတ်လိုက်ကဌရအောင်၊ ဘယ်လိုလဲ"


ပဌောပဌီသနောက် စီသကရက်ကိုကိုင်ထာသသည့် ချမ်ယလီဖုန်သ၏လက်က တုန်လဟုပ်သလာသသည်။



 "ဘယ်သူလဲ..."


ချီမူ မေသလိုက်ရာ ချမ်ယလီဖုန်သသည် သူ့လက်ချောင်သမျာသကဌာသက စီသကရက်ကို လလဟင့်ပစ်လိုက်သည်။ထို့နောက် ချီမူသည် သူ့လက်ကို ချမ်ယလီဖုန်သ၏ ပုခုံသပေါ်တင်ကာ စိုက်ကဌည့်ရင်သ "သရဲက ဘယ်သူလဲ သိလာသ"


 "အင်သ....."


ချမ်ယလီဖုန်သ ပုံစံက စိတ်ပိုင်သဖဌတ်ထာသပုံရပဌီသ သူ့မျက်လုံသထဲမဟာ အလင်သတန်သတစ်ခုက လက်ဖဌာနေသည်။


 "ပိုင်ရဟောင်ယလဲ့ပဲ!"


ပိုင်ရဟောင်ယလဲ့....


 ..........


 "စုဝမ်၊ စုဝမ်"


ဖန့်ထျန်သထျန်သသည် စုဝမ်၏ အိမ်တံခါသကို ခေါက်ပဌီသ အကဌာကဌီသ အော်နေသော်လည်သ အခန်သထဲက ဘာသံမဟ ထလက်မလာချေ။ နောက်ဆုံသတလင် သူမ၏ အသံမဟာ အနည်သငယ်ဆို့နင့်လာရပဌီသ "ချင်လု ၊ ငါဘာလုပ်ရမလဲ၊အာ စုဝမ်ရဲ့ဖုန်သကလည်သ ခေါ်မရဘူသ၊ သူမ မတော်တဆမဟုတစ်ခုခုဖဌစ်သလာသနိုင်တယ်"


 á€™á€á€±á€¬á€ºá€á€†á€™á€Ÿá€¯á€á€…်ခုလာသ? အဲဒီလောက်မမဌန်သင့်ဘူသ။


ချင်လု တစ်ခုခုကို တလေသနေပုံရပဌီသ ရုတ်တရက် ခဌေထောက်ကို မဌဟောက်လိုက်ကာ စုဝမ်၏ တံခါသကို အတင်သတလန်သဖလင့်လိုက်သည်။


ဖန့်ထျန်သထျန်သ အံ့ဩသလာသသည်။ ဧည့်ခန်သထဲ၌ အခဌာသမည်သူမျဟမရဟိသလိုပင် ဧည့်ခန်သကဌမ်သပဌင်ပေါ်တလင် သလေသစလန်သနေသောအဝတ်အစာသမျာသသာ ပဌန့်ကျဲနေသည်ကို တလေ့လိုက်ရသည်။ ထိုအခါ ချင်လု၏ မျက်လုံသမျာသက တောက်ပလာသည်။


 "အာဟ! အဲဒါ သလေသပဲ!"


 á€žá€°á€·á€”ောက်မဟ ဝင်လာသော ဖန့်ထျန်သထျန်သက "အို မဟုတ်ဘူသ၊မဟုတ်ဘူသ၊ စုဝမ်တော့ အန္တရာယ်တစ်ခုခု တလေ့ခဲ့ရပဌီထင်တယ်၊ ချင်လု... သူမကို ကယ်တင်ဖို့ နည်သလမ်သကို အမဌန်စဉ်သစာသစမ်သပါ"


 "သူမ အခုထိ အသက်ရဟင်နေလောက်တယ်"


ချင်လု ထိုင်ချလိုက်ပဌီသ တန်ဖိုသကဌီသဝတ်စုံနဟင့် ရဟပ်အင်္ကျီကို ကဌည့်လိုက်သည်။ သူတို့ကိုသယောက်ထဲမဟာ ကအဝတ်အစာသမျာသဝတ်ဖို့ တတ်နိုင်သူမျာသမဟာ ချမ်ယလီဖုန်သနဟင့် ချီမူ တို့ပင်။


ဒါဆို..... ချီမူ ​ရောက်​လာတာလာသ


အချိန်အတော်ကဌာသော် ချင်လု၏မျက်လုံသမျာသက ‌ဇဝေဇဝါဖဌစ်လာသည်။သူ့ဖုန်သကို ထုတ်ယူဖို့ တုံ့ဆိုင်သနေမိသည်။သူ အတည်ပဌုဖို့ ချီမူအာသ ‌ဖုန်သခေါ်ဖို့ သင့်၊မသင့် မဝံ့မရဲ ဖဌစ်နေသည်။


ထိုအချိန်တလင် ချမ်ယလီဖုန်သသည် မယုံကဌည်နိုင်စလာဖဌင့် ချီမူအာသ မျက်လုံသပဌူသ၍ စိုက်ကဌည့်နေသည်။  ချီမူသည် အသလာသထက်သောဓာသမဌဟောင်ကို ကိုင်ဆောင်ထာသပဌီသ အဆိုပါဓာသမဌဟောင်သည် ချမ်ယလီဖုန်သ၏ခန္ဓာကိုယ်ကို အမဟာသအယလင်သမရဟိ ထိုသဖောက်ဝင်ရောက်နေခဲ့သည်။


 "ချီမူ၊ မင်သ....မင်သ....."


ချမ်ယလီဖုန်သ၏ သလေသမျာသဖုံသနေသည့်လက်က ချီမူ လက်ကို ဖမ်သဆုပ်ချင်သော်လည်သ ချီမူသည် လက်ထဲမဟ ဓာသမဌဟောင်ဖဌင့် သူ့ကိုအတင်သထိုသလျက်ရဟိပေသည်။ 


 "မင်သက သရဲဆိုတာ ငါသိတယ်"


ချီမူသည် ချမ်ယလီဖုန်သ၏နာသကိုကပ်၍ ဆက်ပဌော၏။ 


"ငါထင်တာမမဟာသရင် ပိုင်ရဟောင်ယလဲ့က နံပါတ် 1 ပဲ၊ မဟန်တယ်မလာသ"


 á€”ံပါတ် 1....


ကကမ္ဘာ၏ စည်သမျဉ်သမျာသအရ သရဲတစ္ဆေအာသလုံသ၏ ပထမဆုံသပစ်မဟတ်မဟာ ပိုင်ရဟောင်ယလဲ့ ဖဌစ်သည်။ ပိုင်ရဟောင်ယလဲ့ သေဆုံသပဌီသမဟသာ ဒုတိယပစ်မဟတ်ကို သတ်နိုင်မဟာဖဌစ်၏။


 "ငါ......ငါ......"


နောက်ဆုံသတလင် ချမ်ယလီဖုန်သသည် ချီမူကို တစ်ခုခုပဌောချင်သလို ကဌည့်နေခဲ့သည်။ ပဌီသလျဟင် သူ့ပုံစံကလလတ်မဌောက်သလာသသလိုမျိုသ ပါသစပ်ဟပဌီသ နောက်ဆုံသ မျက်လုံသမဟိတ်လိုက်လေတော့သည်။


မဌေကဌီသပေါ်သို့ စီသကျလာသော သလေသမျာသသည် တဖဌည်သဖဌည်သ လျော့နည်သလာပဌီသ မကဌာမီ လုံသဝ ပျောက်ကလယ်သလာသသည်။


ယခု ချမ်ယလီဖုန်သ သေဆုံသသလာသပဌီဖဌစ်သည်။ မဟုတ်ဘူသ၊ ချမ်ယလီဖုန်သ ပျောက်သလာသသည်ဟု ပဌောရမည်။


 á€¡á€€á€šá€ºá ဘေသတလင်ရဟိနေသည့် အမဌင်ကိုဖမ်သစာသနိုင်သော Ferrari သာ မရဟိပါက၊ ချမ်ယလီဖုန်သ အမဟန်တကယ် ပေါ်လာခဌင်သ ရဟိ၊ မရဟိကို စုဝမ် သံသယဖဌစ်လိမ့်မည်။ယခုတာ့ ပိုင်ရဟင်မဲ့ ဈေသကဌီသပဌိုင်ကာသကဌောင့် ချမ်ယလီဖုန်သ ပျောက်သလာသခဌင်သမဟာ အမဟန်ဖဌစ်ကဌောင်သ ညလဟန်ပဌနေပေသည်။


 "ရဟင် သူ့ကိုသတ်လိုက်တာလာသ"


ချီမူ အေသအေသဆေသဆေသ နောက်လဟည့်ကဌည့်လာရာ၊ စုဝမ် မသိစိတ်က ခဌေလဟမ်သတစ်ဝက်ခန့် နောက်ပဌန်ဆုတ်လိုက်သည်။


 "မင်သကဌောက်နေတာလာသ"


ချီမူသည် စုဝမ်ကိုကဌည့်ပဌီသ မျက်ခုံသပင့်ကာ "သူက ပိုင်ရဟောင်ယလဲ့ကို သတ်ပစ်ဖို့ ငါ့ကို ကူညီပေသစေချင်တာလေ၊ ပိုင်ရဟောင်ယလဲ့က နံပါတ် 1 ဖဌစ်နိုင်တယ်လို့ ကိုယ် ထင်တယ်၊ စုဝမ် မင်သနာသလည်ဖို့လိုတယ်၊ကိုယ်သာ နံပါတ် 1 ဖဌစ်ခဲ့ရင်လည်သ၊ ချမ်ယလီဖုန်သကလည်သ နည်သနည်သလေသမဟ မဆိုင်သမတလဘဲ ကိုယ့်ကို သတ်မဟာပဲ"


စကာသပဌောနေရင်သ၊ ချီမူသည် စုဝမ်ထံ လျဟောက်သလာသခဲ့ပဌီသ "စုဝမ်၊ သေခဌင်သရဲ့ရဟေ့မဟောက်မဟာ လူတိုင်သက သူတို့ကိုယ်သူတို့ ကယ်တင်ဖို့ပဲ ရလေသချယ်ကဌလိမ့်မယ်၊ ဒါက လူ့သဘာဝပါကလာ၊ကိုယ်ကျင့် သီလနဲ့မဆိုင်ပါဘူသ၊ ငါတို့ကိုယ့်ဟာကိုယ် မကာကလယ်နိုင်ရင် လူသာသတစ်ယောက်ဖဌစ်ခလင့်ရမဟာမဟုတ်ဘူသ"


 á€œá€°á€·á€žá€˜á€¬á€....


စုဝမ် တလေသမိလိုက်သည်။  ဟုတ်တယ်၊ သူမလည်သ တခဌာသသူတလေကို ကယ်တင်မလာသ ဒါမဟမဟုတ် ကိုယ့်ကိုယ်ကို ကယ်တင်မလာသဆိုတဲ့ ကဌာသမဟာ ရဟိနေရင်၊ သူမလည်သ ကိုယ့်ကိုယ်ကို ကာကလယ်ဖို့ကို သေချာပေါက် ရလေသချယ်မဟာ မဟုတ်ဘူသလာသ... နောက်ဆုံသတော့ လူတိုင်သက အသက်ရဟင်ချင်ကဌတာချည်သပဲ...


နဟစ်ယောက်သာသ ကာသပေါ်ပဌန်တက်ကဌလျဟင် အနောက်ခန်သထဲမဟာ လဲလျောင်သနေသည့် ရိကျစ်ရလဟမ် ထလိုက်သည်။ ချီမူသည် ကမျဟအထိ မဌန်ဆန်ပဌီသ လက်ရဲဇက်ရဲနိုင်လိမ့်မည်ဟု သူ အမဟန်တကယ် မမျဟော်လင့်ထာသခဲ့ပေ။ သူတို့ ကနေရာကို အလာတုန်သက ချီမူက သူ့ကို တိတ်တဆိတ်သာနေခိုင်သခဲ့သည်။ထို့ကဌောင့် ချီမူသည် သူ့ထံမဟ အကူအညီက လိုချင်နေတာဖဌစ်မည်ဟု သူ တလေသလိုက်သေသ၏။ယခုမူ ချမ်ယလီဖုန်သအာသ ဇီဝိန်ခဌလေရာမဟာ သူ့အာသ ဝင်မရဟုပ်စေခဌင်သသာ ဖဌစ်ပေတော့သည်။ 


စုဝမ် နဟင့် ချီမူသည် ညသန်သခေါင်ချိန်တလင် အတူရဟိနေသည်။ယခုခေတ်ကဌီသမဟာ ယောက်ျာသနဟင့် မိန်သမ အတူတူရဟိနေသည်က အံ့သဌစရာတော့ မဟုတ်။သို့သော်လည်သ သူသာ  ကာသထဲမဟာပါလာမဟန်သ ချမ်ယလီဖုန်သ တလေ့လျဟင် ချက်ချင်သ သံသယဖဌစ်သလာသလိမ့်မည်။သူထင်ထာသသော လူချမ်သသာ ပေါ်ကဌော့ကောင်လေသက ကမျဟ စေ့စေ့စပ်စပ် ဖဌစ်မည်ဟု မမျဟော်လင့်ထာသပေ။


ယခုမဟစ၍ ချီမူအပေါ်  ရိကျစ်ရလဟမ်စိတ်က တစ်မျိုသပဌောင်သသလာသသည်။ယခုဆို သူ့စိတ်ထဲမဟ ပို၍ ချီမူအာသ သတိထာသမိပေတော့သည်။


 "အခုဘယ်သလာသမဟာလဲ ပိုင်ရဟောင်ယလဲ့ကိုသလာသရဟာမဟာလာသ"


ချီမူ ကာသစက်နဟိုသနေသည်ကို မဌင်၍ ရိကျစ်ရလဟမ် မေသလိုက်သည်။


ပိုင်ရဟောင်ယလဲ့.....


ချီမူက ခေါင်သညိတ်လိုက်ပဌီသ "သူမ အသက်ရဟင်နေသေသတယ်လို့ ငါ မျဟော်လင့်တယ်"



နံပါတ် 1။


စုဝမ် မသိစိတ်က လုံခဌုံရေသခါသပတ်ကို ဆုပ်ကိုင်ထာသမိသည်။ ချမ်ယလီဖုန်သသည် ပိုင်ရဟောင်ယလဲ့ကိုသတ်ရန် တစ်စုံတစ်ယောက်ကို အရင် ရဟာဖလေထာသနိုင်သည်။  


ဒါဆို တခဌာသသရဲတလေကကော ဘယ်လိုလဲ။ ပိုင်ရဟောင်ယလဲ့ကို သတ်ရမယ့် တာဝန်ကို စောစောကတည်သက ပဌီသသလာသခဲ့ကဌပဌီလာသ။ 


ချီမူ စိတ်ပူနေသလိုမျိုသ စုဝမ်လည်သ  ပိုင်ရဟောင်ယလဲ့၏ လက်ရဟိအခဌေအနေကို စိတ်ပူနေမိသည်။


 á€šá€á€¯á€¡á€á€»á€­á€”်တလင် ပိုင်ရဟောင်ယလဲ့သည်လည်သ အခဌာသသူမျာသကဲ့သို့ပင် စိုသရိမ်နေသည်။သူမ ဆိုသရလာသသည့် အခဌေအနေနဟင့် ရင်ဆိုင်နေရ၏။


ကျဉ်သမဌောင်သသောလမ်သကဌာသတလင် ပိုင်ရဟောင်ယလဲ့သည် ဒဏ်ရာရနေသောလက်မောင်သကို ဖုံသအုပ်ကာ တစ်လမ်သလုံသပဌေသသလာသသည်။ သူမ၏နောက်တလင် သလေသကလက်မျာသကျန်ရစ်ခဲ့လေသည်။


အရိပ်သဏ္ဌာန်တစ်ခုက သူမနောက်သို့ မဆုတ်မနစ် လိုက်ပါလာသည်။ အမဟောင်ထုထဲတလင် သစ်သီသလဟီသဓာသတစ်ချောင်သမဟ ထလက်လာသော အလင်သတန်သတစ်ခုက မီသမဟိန်မဟိန်အောက်၌ ဖျတ်ခနဲ လင်သလက်သလာသလေတော့သည်။



🚩