Chapter 252
Viewers 22k

Volume 12 : ရူပဗေဒဌာန


Chapter 252 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၀၄)

ယွဲ့ရှင်းဝမ်သည် အာကာသယာဉ်ပေါ်ရှိ ပစ္စည်းများကို ရေတွက်ရန် အဖွဲ့ဝင်များကို ခေါ်ဆောင်သွားခဲ့သည်။ Thorn အာကာသယာဉ်ပေါ်တွင် ပြင်ဆင်ထားသည့် ပစ္စည်းများသည် သူတို့အတွက် တစ်လတာ သက်တောင့်သက်သာရှိစေရန် လုံလောက်ပါသည်။ အထူးသဖြင့် ရေခဲသေတ္တာထဲတွင် အစားအစာ ဘူး 500 ကျော်ရှိပြီး ရေအရင်းအမြစ်မှာလည်း အလွန် လုံလောက်သောကြောင့် နေ့စဉ် သောက်သုံးမှုကို ပြေပျောက်စေပြီး နေ့တိုင်း ရေချိုးနိုင်ပါသည်။

ထိုသို့သော ကောင်းမွန်တဲ့ ထောက်ပံ့မှုသည် လူတိုင်းကို စိတ်မသက်မသာဖြစ်စေပြီး စာကြည့်တိုက်သည် အဆင်မပြေကြောင်း အမြဲလိုလို ခံစားလာရသည်။

ခယ်ရှောင်ပင်းက ဆိုသည်။ "တစ်ခါတည်း ငါတို့ကို ဘူး 500 ပေးတာဆိုတော့ ဒီဘူးတွေက ဘယ်လိုအသားမျိုးလဲဆိုတာ ကြည့်ရမယ်။ စာကြည့်တိုက်က ဒီတစ်ခေါက် အရမ်းရက်ရောပါလား။"

သူက အရောင်မျိုးစုံ ဘူးတချို့ကို ထုတ်ပြီး ထမင်းစား စားပွဲပေါ် တင်လိုက်သညါ။ အသေးစိတ်ဖော်ပြချက်ကို ဂရုတစိုက်ဖတ်သည်။ ခဏအကြာတွင် ခယ်ရှောင်ပင်းသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ တုန်ယင်သောအသံဖြင့် ပြောလာသည်။ "ခေါင်းသုံးလုံးမြွေအရသာ၊ အင်းဆက်အရသာ၊ ကြွက်အရသာ…"

လူတိုင်း: "..."

ယွဲ့ရှင်းဝမ်၏ အမူအရာ ပြောင်းသွားပြီး ဘူးကို ကောက်ကိုင်ကာ အနီးကပ် ကြည့်လိုက်သည်။

မြွေသား၊ မြွေသွေး၊ မြွေကလီစာ၊ ကြွက်သား၊ ကြွက်ကလီစာ၊ အင်းဆက်သား၊ အင်းဆက်တောင်ပံ…

အားလူးပူပူကဲ့သို့ ယွဲ့ရှင်းဝမ်သည် ဘူးကိုပြန်လိုက်ကာ ခြောက်ကပ်ကပ်အပြုံးဖြင့် ပြောလိုက်သည်။ "ဆိုးရွားတဲ့အစားအစာပဲ။"

လျှိုကျောက်ချင်းက အဲဒါကို ကြည့်ပြီး အပြုံးဖြင့်ဆိုသည်။ "လူတွေက ကမ္ဘာမြေကြီးကို စွန့်ခွာသွားကြပြီး ဟင်းချက်နည်းတွေက ကမ္ဘာခေတ်နဲ့ မတူညီလောက်တော့ဘူး။ ဂြိုဟ်သားကမ္ဘာမှာ ကြက်၊ ဘဲ၊ နွား၊ သိုးတွေက ဘယ်ကရမှာလဲ၊ ထူးဆန်းတဲ့ တိရစ္ဆာန်တွေကို စားတာက အဓိပ္ပါယ်ရှိပါတယ်။"

ရွှီယိရှန်းက မျက်ခုံးပင့်လိုက်သည်။ "စီနီယာအစ်ကိုလျှိုက ဒီထူးဆန်းတဲ့ ဘူးတွေကို တော်တော်စားချင်နေပုံရတယ်။"

လျှိုကျောက်ချင်း: "စာကြည့်တိုက်က ငါတို့ကို ယင်ကောင်တွေ မစားခိုင်းတာပဲ ကျေးဇူးတင်ရမယ်။ အင်းဆက်တွေရဲ့ ပရိုတင်းဓာတ်က အရမ်းမြင့်မားတယ်၊ ပြီးတော့ မြွေသားကလည်း အရမ်းအာဟာရပြည့်ဝတယ်။"

လူတိုင်း: "..."

လူတိုင်းက သူ့ကို မဖော်ပြနိုင်သော စကားလုံးများဖြင့် ကြည့်နေကြသည်။ သေချာပေါက် ဆေးကျောင်းသားတွေမှာ ဒီလို ပြင်းပြ‌တဲ့စိတ်တွေ ရှိသလား။

လျှိုကျောက်ချင်းက လူတိုင်းကို နှစ်သိမ့်ပေးသည်။ "ဘာပဲဖြစ်ဖြစ် အဆိပ်မရှိဘူးဆိုရင် အဆင်ပြေနေပါပြီ၊ အားလုံး တကယ်ဆာလောင်နေမှ စားလို့ရပါတယ်။ ဒီထူးဆန်းတဲ့ အစားအစာတွေကို လျစ်လျူရှုလိုက်ပါ၊ အနည်းဆုံးတော့ စည်သွပ်အသားပဲ မဟုတ်လား။ အဲဒါက အရမ်းအာဟာရဖြစ်နေတုန်းပါပဲ။"

ချင်လုက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။ "ငါ-ငါ အင်း-အင်းဆက်အရသာကို တကယ်မစားနိုင်ဘူး။"

လင်းမန့်လော်က သူမနဖူးကို ကိုင်လိုက်သည်။ "ငါလည်း ကြွက်သားကို မစားနိုင်ဘူး…"

ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ "ငါတကယ် မြည်းစမ်းကြည့်တယ်၊ ငါ ဒီစာမေးပွဲခန်းက ထွက်သွားပြီးရင် နောက်နောင် ဒီလိုဆန်းသစ်တဲ့ စည်သွပ်ဘူးအစားအစာကို ငါစားခွင့်ရတော့မှာ မဟုတ်ဘူး။"

လူတိုင်း: "..."

ယွဲ့ရှင်းဝမ်သည် အကူအညီမဲ့စွာ စည်သွပ်ဘူးမှ အကြည့်လွှဲလိုက်ပြီး ကျန်းရှောင်နျန် ရေးဆွဲထားသော ကြမ်းပြင်အစီအစဉ်ကို ကြည့်လိုက်သည်။

Thorn အာကာသယာဉ်၏ အတွင်းပိုင်း ဖွဲ့စည်းပုံသည် ရှုပ်ထွေးခြင်းမရှိပါ။ ၎င်းတွင် အပိုင်းငါးပိုင်းပါဝင်သည်— အမိန့်ပေးခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ လက်နက်တိုက်နှင့် လွတ်မြောက်ရေးခန်း ဖြစ်သည်။ အာကာသယာဉ်တစ်ခုလုံးသည် အရှည် 50 မီတာ နှင့် အကျယ် 20 မီတာ ရှိသည်။ အကယ်၍ သင်သည် အရေးပေါ်အခြေအနေတွင် လွတ်မြောက်လိုပါက မီတာ 100 အမြန်နှုန်းဖြင့် စက္ကန့်အနည်းငယ်အတွင်း ပဲ့ပိုင်းသို့ရောက်ရှိနိုင်သည်။

ယွဲ့ရှင်းဝမ်က အိပ်ဆောင်ကို ညွှန်ပြခဲ့သည်။ "နေရာထိုင်ခင်း ခွဲဝေရအောင်၊ လူနှစ်ယောက်ကို အခန်းတစ်ခန်း ခွဲပေးမယ်၊ လူတိုင်းက သူတို့ဘာသာ ရွေးချယ်လို့ရတယ်။"

ချင်လုနှင့် ချင်မြောင်တို့က အတူတူနေထိုင်မှာ သေချာပါသည်။ ကျန်မိန်းကလေး နှစ်ယောက်က အခန်းတစ်ခန်းမှာ နေထိုင်သည်။ ခယ်ရှောင်ပင်းနှင့် ရှင်းယန်တို့သည် အမြဲတမ်း အခန်းဖော်များဖြစ်သည်။ ဘေးဘက်ရှိ အခန်း 1 ကို ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်အတွက် သီးသန့်ထားခဲ့သည်။

ကျန်းဖျင်စစ်သည် ရလဒ်အတွက် အလွန်ကျေနပ်ခဲ့သည်။

ယွဲ့ရှင်းဝမ်သည် အခြားသူများနှင့် ပြောင်းလဲခြင်းအား အလုပ်ရှုပ်မခံတော့ဘဲ လျစ်လျူရှုဟန်ဆောင်ကာ နောက်ထပ်အကြောင်းအရာကို ဆက်ပြောခဲ့သည်။ "တရားဝင်မထွက်ခွာခင် ကြိုတင်ပြင်ဆင်မဲ့ရက်တစ်ရက်ရှိသေးတယ်။ ဒီတော့ ငါတို့ ဘာတွေဝယ်စရာလိုသေးလဲ ကြည့်လိုက်ရအောင်။"

ချင်လု: "ခုနက အိပ်ဆောင်ကို ငါမြင်လိုက်တာ အသုံးအဆောင်ပစ္စည်းတွေမရှိဘူး။ အာကာသယာဉ်ပေါ်မှာ အစားအသောက်တွေပဲ ပြင်ဆင်ထားပြီး ငါတို့ရဲ့နေ့စဉ်သုံးပစ္စည်းတွေကို ယူလာသင့်တယ်မလား။"

ကျန်းဖျင်စစ်သည် လက်ပတ်ပေါ်ရှိအချိန်ကို ငုံ့ကြည့်ကာ အဆိုပြုခဲ့သည်။ "အားလုံး မျက်နှာသုတ်ပဝါနဲ့ သွားတိုက်တံတွေလိုမျိုး နေ့စဉ်သုံးပစ္စည်းတွေကိုဝယ်ဖို့ စူပါမားကတ်ကို သွားရအောင်။ ဒါ့အပြင် ဒီလက်ပတ် ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်နိုင်တယ်။ မင်းတို့မြင်လား၊ ‌လက်ပတ်ဘေးဘက်မှာ ခလုတ်တစ်ခုရှိပြီး အဲဒါကိုဖွင့်ပြီးရင် အဖွဲ့ဝင်တွေကို ဆက်သွယ်နိုင်တယ်။"

ယွဲ့ရှင်းဝမ်သည် လက်ပတ်ကိုဖွင့်ကာ ဂရုတစိုက်ကြည့်ရှုခဲ့သည်။ သေချာတာကတော့ ဘေးမှာ ခလုတ်အသေးလေးကို သူတွေ့လိုက်ရသည်။ ၎င်းကိုဖွင့်ပြီးနောက် လက်ပတ်၏အထက်တွင် တက်ဘလက်အရွယ် ဖန်သားပြင်တစ်ခုပေါ်လာသည်။ စာပို့ခြင်းနှင့် ဗီဒီယိုခေါ်ဆိုမှုများကဲ့သို့သော ရွေးချယ်ခွင့်များရှိသည်။ သူက ‘စာပို့ခြင်း’ နှိပ်ဖို့ ကြိုးစားခဲ့သည်။ 183 သုတေသနအဖွဲ့ရှိ ကျောင်းသားအားလုံး၏ ဆက်သွယ်ရေးအချက်အလက်ပါရှိသော ဆက်သွယ်ရေးစာရင်းသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

ခယ်ရှောင်ပင်းက လက်ပတ်ကို စိတ်ဝင်တစားကြည့်နေသည်။ "ငါတို့မြင်နေကျ စမတ်နာရီတွေထက် အများကြီး ပိုအဆင့်မြင့်တယ်။ ငါနေရာအနှံ့လိုက်ရှာခဲ့ပြီး ဖုန်းကို ရှာမတွေ့တာ အံ့သြစရာမရှိဘူး။ ဒီလက်ပတ်နဲ့ဆို လေးလံတဲ့ဖုန်းကို ငါမလိုတော့ဘူး။"

ရှင်းယန်က ဆိုသည်။ "ဒီလက်ပတ်ကို ID ကတ်နဲ့ ဘဏ်ကတ်မှာ ချိတ်ဆက်ထားနိုင်တယ်။ ဒီမြေအောက်အခြေစိုက်စခန်းကို ဖြတ်သွားတဲ့အခါ ငါတို့ရဲ့ အထောက်အထားကို အတည်ပြုဖို့ လက်ပတ်ကို ပွတ်ဆွဲရမယ်လို့ ထင်တယ်။"

ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ဆိုသည်။ "ငါတို့ မနက်ဖြန်ထွက်မှာဆိုတော့ နေ့လယ်ခင်းအချိန်ရှိသေးတယ်။ ငါတို့ပြီးရင် အနီးနားကို လှည့်ပတ်ကြည့်ပြီး ပစ္စည်းတွေဝယ်ဖို့ စူပါမားကတ်ကို သွားကြမလား။"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သဘောတူသည်။ "ကောင်းပြီ၊ အရင်သွားကြရအောင်။"

လူတိုင်းသည် Thorn အာကာသယာဉ်မှ ထွက်ခွာပြီး အနီးနားသို့ လည်ပတ်ရန် ဓာတ်လှေကားပေါ် တက်ခဲ့ကြသည်။

ဤမြေအောက်အခြေစိုက်စခန်းမှာ စုစုပေါင်း အထပ် 108 ထပ် ရှိပြီး အလယ်တွင် အနုတ် 50 မှ အနုတ် 55 ထပ် သည် စက်ကိရိယာအထပ် ဖြစ်ကာ မီးအားပေးစက် အများအပြား၊ လေသန့်စင်ကိရိယာ၊ ရေသန့်စင်ကိရိယာ စသည်တို့ ပါဝင်သည်။ ဤအထပ်များရှိ ခလုတ်များသည် မီးခိုးရောင်ဖြစ်ပြီး သူတို့ ဝင်၍မရပါ။

အနုတ် 50 ထပ်အထက်က ကန့်သတ်ဧရိယာဖြစ်ကာ လျှို့ဝှက်လက်နက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာများ၊ အာကာသယာဉ်ထုတ်လုပ်သည့်စက်ရုံများ၊ ပြင်ပသက်ရှိများကို လေ့လာသည့် မျိုးရိုးဗီဇဆိုင်ရာ သုတေသနဌာနများနှင့် ကြီးမားသော လေဆိပ်ရှိသည်။ သူတို့သည် လက်ရှိတွင် လေဆိပ်သို့သာ သွားနိုင်ကြပြီး အခြားအထပ်များတွင် ဝင်ရောက်ကြည့်ရှုခွင့် မရှိသေးပါ။

အနုတ် 55 ထပ်အောက်တွင် အစည်းအဝေးခန်းများ၊ လူနေရပ်ကွက်များနှင့် ဈေးဝယ်ခြင်း၊ ထမင်းစားခန်း၊ ဆေးဘက်ဆိုင်ရာ၊ ပညာရေးနှင့် အခြားနေရာများကို ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ဆို့ခြင်းမရှိပေ။

အားလုံးက ဈေးဝယ်စူပါမားကတ်ကို လာကြသည်။ စူပါမားကတ်တွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အသားများ မရှိပါ။ အစားအစာအားလုံးနီးပါးကို ဘူးများဖြင့် ထုပ်ပိုးထားသည်။ စူပါမားကတ်ကို လည်ပတ်စဉ် ခယ်ရှောင်ပင်းက ပြောသည်။ "အရင်းအမြစ်တွေက အကန့်အသတ်ရှိပြီး လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးမွေးမြူသယ်ယူစရိတ်က အရမ်းကြီးတယ်။ စည်သွပ်အစားအစာက သိုလှောင်ဖို့ ပိုအဆင်ပြေတယ်။"

အာကာသယာဉ်ပေါ်တွင် သူတို့မြင်ခဲ့ရသည့်အရာများအပြင် အခြားသော ထူးထူးခြားခြား စည်သွပ်ဘူး အစားအစာများ၊ ပိုးမွှားများ၊ ပုရွက်ဆိတ်များ စသည်တို့ကိုလည်း တွေ့ခဲ့ကြပါသည်။ ထုပ်ပိုးမှုတွင်ရှိသော သက်ရှိရုပ်ပုံများသည် အလွယ်တကူ စိတ်မသက်မသာဖြစ်စေနိုင်သည်။ မိန်းကလေးအများအပြားသည် စည်သွပ်ဘူးနေရာမှ လျင်မြန်စွာထွက်ပြေးလာကြပြီး မျက်နှာသုတ်ပဝါနှင့် သွားတိုက်တံများဝယ်ရန် နေ့စဉ်သုံးပစ္စည်းနေရာသို့ သွားကြသည်။

လင်းမန့်လော်၏ အသံသည် တစ်ဖက်စင်ပေါ်မှ ထွက်လာသည်။ "နင်တို့ အမှတ်တွေနဲ့ ပစ္စည်းတွေကို ဝယ်လို့ရတယ်။ စျေးနှုန်းက စာကြည့်တိုက်က စူပါမားကတ်နဲ့ ဆင်တူပြီး နေ့စဉ်သုံးပစ္စည်းတွေက အရမ်းသက်သာတယ်။"

ယွဲ့ရှင်းဝမ်: "မင်းတို့မှာ အမှတ်တွေကျန်သေးရင် နေ့စဥ်သုံးပစ္စည်းတွေဝယ်လိုက်ပါ။ ခေါင်းလျှော်ရည်နဲ့ ရေချိုးဂျယ်တွေကို ပုလင်းသေးသေးလေးဝယ်ပြီး လူနှစ်ယောက် မျှသုံးလိုက်ပါ။"

လူတိုင်းသည် နေ့စဥ်သုံးပစ္စည်းများကို အမြန်ဝယ်ကြပြီး ခရီးဆောင်အိတ်ထုပ်ပိုးရန် အိပ်ဆောင်သို့ ပြန်ခဲ့ကြသည်။

ဤနေရာ၌ နေထွက်ချိန်နှင့် နေဝင်ချိန်မရှိပါ၊ မှောင်သည်ဖြစ်စေ လင်းသည်ဖြစ်စေ အချိန်ကိုပြောပြသည့်စနစ်အပေါ် လုံးလုံးလျားလျား မူတည်ပါသည်။ ယွဲ့ရှင်းဝမ်သည် သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး သိပ်မကြာခင်မှာပဲ သူ့နားထဲမှာ နူးညံ့သော အမျိုးသမီးအသံကို ကြားလိုက်ရသည်။ "ည 8 နာရီထိုးပါပြီ၊ မီးတွေပိတ်ပါတော့မယ်။ တတ်နိုင်သမျှမြန်မြန်အိပ်ပါ၊ ကောင်းသောညပါ။"

လျှပ်စစ်ဓာတ်အားချွေတာရန်အတွက် ည 8 နာရီတွင် မီးပိတ်တာကို ယွဲ့ရှင်းဝမ် နားလည်နိုင်သည်။ သူသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း ဟိုလှည့်ဒီလှည့်ဖြင့် အိပ်ပျော်ရန် ခက်ခဲနေသည်။ သူ၏ဆက်သွယ်ရေးလက်ပတ်ကိုဖွင့်ပြီး တစ်စုံတစ်ယောက်နဲ့ စကားပြောချင်သောအခါ ကျန်းဖျင်စစ်၏စာ ပေါ်လာတာကို တွေ့လိုက်ရသည်။ "အိပ်မရဘူးလား။"

ယွဲ့ရှင်းဝမ်က ပြန်ပြောသည်။ "အင်း၊ 8 နာရီပဲရှိသေးတာကို၊ ငါဘယ်တုန်းကမှ စောစောမအိပ်ဖူးဘူး။"

ကျန်းဖျင်စစ်: "ငါလည်းပဲ။"

ယွဲ့ရှင်းဝမ်သည် ပျင်းပြီး အိပ်မပျော်သည့်အတွက် ကျန်းဖျင်စစ်နှင့်အတူ စကားပြောနေခဲ့သည်။ "ဒီနေ့တွေ့ခဲ့ရတဲ့ စည်သွတ်အစားအစာတွေက ဂြိုဟ်သားသတ္တဝါတွေရဲ့ အသားကနေ လုပ်ထားတာဖြစ်နိုင်တယ်။ ဒါက ထူးဆန်းတဲ့ ဂြိုဟ်သားသတ္တဝါတွေကို နောက်နောင်မှာ ကြုံတွေ့ရနိုင်တယ်ဆိုတာကို ပြသနေတယ်။ အဲဒါတွေက ကမ္ဘာပေါ်က ငါတို့သိတဲ့ တိရစ္ဆာန်တွေထက်တောင် ပိုအစွမ်းထက်နိုင်တယ်။"

ကျန်းဖျင်စစ်သည် ခဏလောက် နှုတ်ဆိတ်နေပြီး ပြောလာသည်။ "စိတ်ကြိုက်သင်တန်း‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’ကို မင်းမှတ်မိသေးလား။"

ယွဲ့ရှင်းဝမ်: "ငါတို့ တောရိုင်းထဲမှာ ပင့်ကူတွေ၊ ဝံပုလွေတွေ၊ မိကျောင်းတွေနဲ့ ကြုံခဲ့ရတာကို သေချာမှတ်မိတာပေါ့။ ကံကောင်းစွာပဲ အဲဒီအချိန်က မင်းရဲ့ ကိုဩဒီနိတ်စနစ်နဲ့ လွတ်မြောက်ခဲ့ပြီး ရှင်းယန်နဲ့လည်း တွေ့ခဲ့ရပြီး ပင့်ကူတွေကို ချေမှုန်းဖို့ ပြင်းထန်တဲ့အက်စစ်နဲ့အတူ ငါနဲ့ ပူးပေါင်းခဲ့တာကြောင့် ချောချောမွေ့မွေ့ အောင်သွားတယ်။"

ကျန်းဖျင်စစ်: "ဂြိုဟ်သားတွေက ငါတို့သိတဲ့ ကမ္ဘာမြေပေါ်က သတ္တဝါတွေလို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူး။ သူတို့မှာ မာကျောတဲ့ အခွံတွေရှိနိုင်တယ် ဒါမှမဟုတ် ဖမ်းဖို့မလွယ်တဲ့ လျင်မြန်တဲ့ ပျံသန်းနိုင်စွမ်းရည်ရှိနိုင်သလို၊ တီကောင်တွေကို ပြတ်သွားရင် ပွားတာလည်း ဖြစ်နိုင်တယ်။ ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက အလုပ်ဖြစ်မယ်လို့ သေချာမပြောနိုင်ဘူး။ ဒီတစ်ကြိမ် ပြင်းထန်တဲ့တိုက်ပွဲအတွက် ပြင်ဆင်ထားရမယ်။"

ယွဲ့ရှင်းဝမ်က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ငါနဲ့ အချိန်အကြာကြီး ပေါင်းပြီးနောက် မင်းကပါ ကျီးကန်းပါးစပ်ဖြစ်လာပြီ။"

ကျန်းဖျင်စစ်: "ငါက ကျိုးကြောင်းဆီလျော်တဲ့ ခွဲခြမ်းစိတ်ဖြာမှုတစ်ခု လုပ်ရုံပါ။ နောက်ဆုံးအနေနဲ့ credit 7 မှတ် သင်တန်းမှာ ဂြိုဟ်သားသတ္တဝါတွေကို အရည်ပျော်အောင် ဆာလဖျူရစ်အက်ဆစ်သုံးတာ ဒါမှမဟုတ် သူတို့တွေကို ဓာတ်လိုက်ဖို့အတွက် စီနီယာအစ်ကိုကျိုရဲ့ စီးရီးပတ်လမ်းကို အသုံးပြုမယ်ဆိုရင် ဒါက ငါတို့အတွက် အရမ်းလွယ်ကူလိမ့်မယ်။"

ယွဲ့ရှင်းဝမ်က ဒါကိုစဉ်းစားပြီး သဘောတူခဲ့သည်။ "မှန်တယ်။"

ယနေ့ရှာဖွေတွေ့ရှိခဲ့သော စည်သွတ်ဘူး "ဆိုးရွားတဲ့အစားအစာ" အတွက် ကျောင်းသားအများအပြားက "စားသောက်ခြင်း" ကို အာရုံစိုက်နေကြသော်လည်း ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် လာမည့်ခရီးတွင် ပေါ်လာနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဂြိုဟ်သားသတ္တဝါများအကြောင်းကို တိတ်တဆိတ် တွေးတောနေကြသည်။

ကြယ်ရောင်ကောင်းကင်ချောက်နက်မှာ ဘာတွေရှိမှာလဲ။

သူတို့၏ စွမ်းရည်များ တိုးတက်လာပြီး သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ရန်သူများ၏ စွမ်းရည်များ တိုးတက်လာမှာ သေချာပါသည်။

ကျန်းဖျင်စစ် ပြောတဲ့အတိုင်း— ပြင်းထန်တဲ့တိုက်ပွဲအတွက် အသင့်ပြင်ထားရမယ်။

ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆိုသည်။ "တစ်ကြိမ်ကို ခြေတစ်လှမ်း လှမ်းပြီး နောက်မှ နည်းလမ်းတစ်ခုကို စဉ်းစားကြည့်တာပေါ့။"

ကျန်းဖျင်စစ်: "အင်း၊ အခု အိပ်ချင်ပြီလား။"

ယွဲ့ရှင်းဝမ်က ကူကယ်ရာမဲ့ဖြစ်နေသည်။ "ဂြိုဟ်သားသတ္တဝါတွေအကြောင်း ငါမင်းကို မပြောသင့်ဘူး။ ငါတို့စကားပြောလေလေ၊ ငါတို့စိတ်က ပိုတက်ကြွလာလေဖြစ်ပြီး ငါအိပ်ချင်တယ်လို့ လုံးဝမခံစားရတော့ဘူး။"

ကျန်းဖျင်စစ်က တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။ "ဒါဆို အခြားအကြောင်း ပြောရအောင်။"

"ဥပမာ- မင်းငါ့အပေါ် ခံစားချက်ကောင်းလေး နည်းနည်းလောက်မရှိဘူးလား။"

ယွဲ့ရှင်းဝမ်: "..."

ခံစားချက်ကောင်းတွေ အများကြီးရှိတာပေါ့။ ယွဲ့ရှင်းဝမ်၏စိတ်ထဲမှာ ကျန်းဖျင်စစ်သည် သူ့အတန်းဖော်များအားလုံးတွင် အကောင်းဆုံးဖြစ်သည်။ သူသည် အထက်တန်းကျောင်းတွင် သင်္ချာအိုလံပစ်ဆုများစွာကို ရရှိခဲ့ပြီး တက္ကသိုလ်တက်ပြီးနောက်တွင် သူသည် သင်္ချာဘာသာရပ်တွင် နာမည်ကြီးနတ်ဘုရားဖြစ်လာခဲ့သည်။ ထို့အပြင် ကျန်းဖျင်စစ်သည် ရုပ်ရည်ချောမောပြီး ပင်ကိုယ်စရိုက်ကောင်းမွန်ပြီး သူ့အပေါ် အကန့်အသတ်မရှိ သည်းခံနိုင်သူဖြစ်သည်။

ချို့ယွင်းချက် မရှိသလောက်ပါပဲ။

ဒီလိုအရမ်းကောင်းတဲ့လူက မကြာသေးခင်ကပဲ သူ့ကို ဖွင့်ပြောခဲ့ပြီး တစ်သက်လုံး သူ့ကိုအဖော်ပြုပေးနိုင်မဲ့ ချစ်သူကိုရှာချင်တယ်လို့ ပြောတယ်။

ယွဲ့ရှင်းဝမ်၏ နှလုံးခုန်သံသည် ရုတ်တရက် အနည်းငယ် အရှိန်ပြင်းလာပြီး သူက တောင်းတင့်စွာ ပြောလိုက်သည်။ "ခံစားချက်ကောင်းရှိပါတယ်၊ ဒါပေမဲ့…"

ကျန်းဖျင်စစ်က သူ့အတွက် စာကြောင်းကို ပြီးအောင်ပြောခဲ့သည်။ "ဒါပေမဲ့ မင်းငါ့ကို သူငယ်ချင်းကောင်းတစ်ယောက်လိုပဲ ထင်နေတာမလား။"

ယွဲ့ရှင်းဝမ်၏ နားရွက်တွေက ပူနေသည်။ "အင်း၊ ငါ အခြားအကြောင်းတွေ မတွေးခဲ့မိဘူး။ ချစ်သူတွေက ပွေ့ဖက်ပြီး နမ်းကြတယ်၊ ပြီးတော့ အခြားအရာတွေလုပ်ကြတယ်။ မင်းနဲ့က… ငါ အမြဲတမ်း ထူးဆန်းနေသလို ခံစားရတယ်။"

ကျန်းဖျင်စစ်: "အခြားသူတွေနဲ့ဆိုရင် မထူးဆန်းတော့ဘူးလား။"

ယွဲ့ရှင်းဝမ်: "..."

အတွေ့အကြုံမရှိရင် စိတ်ကူးရခက်သည်။ ကျန်းဖျင်စစ်က နူးညံ့စွာ ပြောခဲ့သည်။ "စိတ်မပူပါနဲ့၊ ဖြည်းဖြည်းတွေးပါ၊ မင်းအိပ်ချင်နေရင် အိပ်တော့"
 
ယွဲ့ရှင်းဝမ်: "အင်း"

ကျန်းဖျင်စစ်: "ကောင်းသောညပါ၊ အိပ်မက်လှလှမက်ပါစေ။"

ယွဲ့ရှင်းဝမ်သည် ထိုညတွင် အိမ်မက်လှလှမက်ခဲ့သည်။ ပထမတစ်ဝက်တွင် ကျန်းဖျင်စစ်နှင့် နွေးထွေးစွာ အတူ‌ရှိနေသည်ြ အတိတ်ကအကြောင်းအရာများဖြစ်ပြီး ထို့နောက် ရုတ်တရက် ပုံစံပြောင်းသွားသည်။ ဂြိုဟ်သားများသည် ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်ပြီး ဟွာအန်းတက္ကသိုလ်ကို တိုက်ခိုက်ခဲ့သည်။ သူနှင့် ကျန်းဖျင်စစ်သည် လက်ချင်းတွဲပြီး သားရဲတွေကို အတူတကွ တိုက်ခိုက်ကာ ဟောလီးဝုဒ်ရုပ်ရှင်တစ်ခုလို လူသားအားလုံးကို ကယ်တင်လိုက်သည်။

အိပ်ရာမဝင်ခင် စကားစမြည်ပြောရာမှာ စိတ်ရှုပ်တဲ့အကြောင်းအရာတွေကို သူမပြောသင့်ဘူး။

ယွဲ့ရှင်းဝမ်သည် သူ့မျက်နှာကို ဆေးကြောပြီး သွားများတိုက်ကာ လှုပ်ရှားရလွယ်ကူသော စစ်ဝတ်စုံကို လျင်မြန်စွာ ပြောင်းလဲခဲ့သည်။

သူသည် လက်ပတ်ကိုဖွင့်ကာ ကျောင်းသားများထံ စာတိုတစ်စောင် ပေးပို့ခဲ့သည်။ "အားလုံး ဗီရိုထဲတွင် စစ်ဝတ်စုံတွေကို ဝတ်ဆင်ကြပြီး ခရီးဆောင်အိတ်တွေ ယူဆောင်လာပါ၊ 8 နာရီမှာ အနုတ် 10 ထပ်က လေဆိပ်အဝင်ဝမှာ စုရုံးကြမယ်။"

‘Thorn’ အာကာသယာဉ်သည် ဆူးများပြည့်နှက်နေမည့် တာဝန်ကို ညွှန်းဆိုပုံရသည်။

သို့သော် သူ့အိပ်မက်ထဲတွင် သားရဲကိုသတ်ရန် ကျန်းဖျင်စစ်နှင့် လက်တွဲထားသည့်ပုံကို တွေးလိုက်သောအခါ ယွဲ့ရှင်းဝမ်သည် လုံးဝမကြောက်ရွံ့တော့ပေ။ ဘာတွေပဲ သူကြုံတွေ့ရပါစေ ကျန်းဖျင်စစ်က သူ့အနားတွင်ရှိနေပြီး အဖွဲ့ဝင်များစွာလည်း ရှိနေသည်။

သူတို့သည် ဧကန်မုချ အသက်ရှင်လိမ့်မည်။

#TK