Chapter 158
Viewers 32k

🌍Chapter 158




ထန်​မော့မှာ ကြက်သိုက်၏ အသုံးပြုပုံကိုမြင်​သော် အသက်ကိုပြင်းပြင်းရှူလိုက်​လေသည်။ ထို့​နောက် သူသည် အကူပစ္စည်းများကို သို​လှောင်၍မရဆိုသည့် ကန့်သတ်ချက်ကိုမြင်ပါမှ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ထန်​မော့မှာ ဖူ၀မ်​သော်သည် သူ့ထက်ပို၍လျှင်မြန်စွာ ကြက်သိုက်အ​ကြောင်းကို သိပြီးဖြစ်​ကြောင်း​တွေ့​သော် ​မေးလိုက်သည်။ 


"အသုံးပြုပုံကဘာလဲ"


သူတို့၂ဦးမှာ အသင်း​ဖော်များဖြစ်ကာ ရရှိလာ​သော အကူပစ္စည်းများ၏ အသုံးပြုပုံကို မျှ​ဝေသည်က ပုံမှန်ပင်။ 


ဖူ၀မ်​သော်ကဆိုသည်။


"မတူတဲ့ ပစ္စည်း၄မျိုးကိုသိမ်းလို့ရတယ် အကူပစ္စည်း​တွေ​တော့မပါဘူး...ကြည့်ရတာ လူတိုင်းရဲ့ ကြက်သိုက်​တွေကမတူသလိုပဲ...မင်း​ရော"


ထန်​​မော့က​ခေါင်းညိတ်သည်။


"အင်း...ကျွန်​တော့်ဟာက ပစ္စည်း၃ခုပဲသိမ်းလို့ရတယ်...စူပါမားကတ်မှာတုန်းက ​ရှောင်ကျီထုံးရဲ့ကြက်သိုက်က ကျွန်​တော့်ဟာထက်ပို​သေးတာကို​တွေ့ခဲ့တယ်..ခင်များက ၄ခုသိမ်းလို့ရ​ပေမယ့် ကျွန်​တော်ကျ​တော့ ၃ခုတည်း...​ရှောင်ကျီထုံးနဲ့ နင်နင်းတို့ရဲ့ ကြက်သိုက်​တွေကပို​သေး​တော့ သူတို့သိမ်းလို့ရတာလည်း ပိုနည်းမှာပဲ... ကျွန်​တော်တို့ရဲ့အကူပစ္စည်း​တွေကတူ​ပေမယ့် အဆင့်​တွေမတူဘူး...အဆင့်မြင့်တာနဲ့ နိမ့်တာနဲ့ပဲကွာတယ်...ဒါ​ကြောင့် သိမ်းနိုင်တဲ့ ပစ္စည်းအ​ရေအတွက်လည်း ကွာတာပဲ"


ဖူ၀မ်​သော်မှာ နံရံတွင်မီလျက် ထန်​​မော့ကိုငုံ့ကြည့်လိုက်သည်။ 


"အကူပစ္စည်းသိမ်းလို့မရ​တော့ ဒီကြက်သိုက်ရဲ့အသုံး၀င်မှုကအ​​တော်​လေး​ကျသွားတယ်...ဒါ​ပေမယ့်သူ့မှတ်ချက်က​တော့ စိတ်၀င်စားစရာပဲ"


၄င်းကိုကြား​သော် ထန်​မော့သည် ကြက်သိုက်​ပေါ်မှ မှတ်ချက်ကို ဂရုတစိုက်ကြည့်လိုက်သည်။ 


"​နွေဦးမှာ ငါ့ကြက်သိုက်​လေးထဲ ကြက်ဥတစ်လုံးဥခဲ့တယ်...​ဆောင်းဦးကျ​တော့ ဥ​တွေများများရတာ​ပေါ့" 


ထန်​မော့မှာ ထိုစာ​ကြောင်းကို ၂ကြိမ်ခန့်​သေချာဖတ်ကြည့်လိုက်ပြီး​နောက် အဓိပ္ပါယ်ကိုနားလည်သွားပြီး​နောက် ဖူ၀မ်​သော်ကိုထိတ်လန့်စွာ ​မော့ကြည့်လိုက်သည်။


"ဒီကြက်သိုက်က ပစ္စည်း​တွေကို ဆပွား​ပေးနိုင်တာလား"


ဖူ၀မ်​သော်၏ နှုတ်ခမ်းတို့ တွန့်​ကွေးသွားခဲ့သည်။


"ဒီအသုံးပြုပုံထဲမှာ​တော့ ထည့်မ​ပြောထား​ပေမယ့် အနက်​​ရောင်​မျှော်စင်ရဲ့ မှတ်ချက်​တွေက ၂မျိုးရှိတယ်...ပထမတစ်မျိုးက အဓိပ္ပါယ်မရှိဘူး ​လျှောက်​ရေးထားတာ...ဥပမာ ကိုယ်တို့ရခဲ့တဲ့ သံဖိနပ်ချုပ်သမားကြီးရဲ့ဖိနပ်လိုပဲ...ဒုတိယတစ်မျိုးက တစ်ခုခုကိုရည်ရွယ်တဲ့မှတ်ချက်မျိုးပဲ...ဥပမာ ကြက်ဆင်ဥ​ပေါ်ကမှတ်ချက်​လို​ပေါ့"


ထန်​မော့မျက်ခုံးပင့်လိုက်သည်။ 


"ကျွန်​တော်မှ ကြက်ဆင်ဥ​ပေါ်က မှတ်ချက်ကိုမသိတာ" 


ဤသည်မှာ ဖူ၀မ်​သော်သိသည်မှာ ကြာပြီဖြစ်​သော ကိစ္စပင်။ ထန်​မော့နှင့် ဖူ၀မ်​သော်တို့စတင်ဆက်သွယ်မိချိန်က ထန်​မော့မှ ဖူ၀မ်​သော်ထံမှ သတင်းရ​အောင်အစ်​အောက်​မေး​နေခဲ့သည်။ ကြက်ဆင်ဥ၏ သူတို့၂ဦးစလုံးပူး​ပေါင်းရန်လိုအပ်သည့် အသုံးပြုပုံ​ကြောင့်သာမဟုတ်လျှင် ဖူ၀မ်​သော်မှာထန်​မော့အား ​နောက်တစ်ကြိမ်ပင် ဆက်သွယ်လာလိမ့်မည်မဟုတ်​ပဲ ထန်​မော့သည်လည်း ကြက်ဆင်ဥ၏ အသုံးပြုပုံကို သိရလိမ့်မည်မဟုတ်​ချေ။


ဖူ၀မ်​သော်မှာ ထန်​မော့အား ကြက်ဆင်ဥ​ပေါ်မှ မှတ်ချက်ကို ​ပြောရန်ပြင်ပြီးမှ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ ထန်​မော့မှာ ဖူ၀မ်​သော်၏စကားကို​စောင့်​နေခဲ့​လေသည်။ တဖက်လူရုတ်ချည်းရပ်တန့်သွားသည်ကိုမြင်​သော် သူသည်ဖူ၀မ်​သော်အား စိတ်၀င်စားစွာ ကြည့်လိုက်မိ​လေသည်။ 


"ဘာများလဲ"


ဖူ၀မ်​သော်"..."


[ပစ္စည်း: ​မော့​မော့]


.........


[မှတ်ချက်: ​​ခေတ်မီတရုတ်လူမျိုးတစ်​ယောက်ဖြစ်ပြီး​တော့ ​မော့​မော့ဆိုတာကဘာလဲ...မင်းရင်ထဲက တိတ်တိတ်​လေး​ကွေး​နေတာလား?]


​မော့​မော့ကဘာလဲ...


စစ်တပ်ထဲတွင် ရာစုနှစ်တစ်နှစ်စာ​နေခဲ့ဖူး​သော ဖူ၀မ်​သော်မှာ အ​ဖြေကို အမှန်တကယ်သိ​နေခဲ့သည်။ သူသည်မူလက​တော့ ထိုကြက်ဆင်ဥ၏ မှတ်ချက်မှာ မိမိတို့ကို သဲလွန်စတစ်ခု​ပေး​နေခဲ့​ကြောင်း​ပြောချင်ခဲ့သည်။ [ကြက်ဆင်ဥမှာ ပိုင်ရှင်၁​ယောက်မက ရှိ​နေ​ကြောင်း သဲလွန်စ​ပေး]။ ၄င်းမှာ chat​ဆော့ဖ်၀ဲလ်တစ်ခုနှယ် အသုံးပြုရန်အတွက် ပိုင်ရှင်၂ဦးက​ဆက်သွယ်ကြရန်လိုအပ်​လေသည်။


သို့​သော် သူသည်အဆုံးမှာ ​ပြောမထွက်ခဲ့​ချေ။ 


...သူ့ရင်ထဲမှာ ​ကွေး​နေတာလား...


ဖူ၀မ်​သော်၏အမူအယာမှာ အလွန်ထူးဆန်း​နေခဲ့သည်။ ထန်​မော့သည်သူ့ကိုကြည့်လျက် မူမမှန်သည်ကို ခံစားလိုက်ရသည်။


သူအတွက် အကူအညီမဲ့သလိုခံစားရသည်မှာ ရှားပါးကာ မစ်စတာဖူမှာ တည်ငြိမ်စွာဆိုလိုက်သည်။ 


"​မော့​မော့ရဲ့ မှတ်ချက်က ကိုယ့်ကို သူ့ပိုင်ရှင်က တစ်​ယောက်တည်းရှိတာမဟုတ်ဘူးလို့​ပြောခဲ့တယ်​လေ..အဲတုန်းက ကိုယ်လည်း ဒီလို​မှော်ဆန်တဲ့ အကူပစ္စည်းမျိုးရှိလိမ့်မည်မထင်ခဲ့​တော့ ဒီလိုမျိုးမ​တွေးခဲ့မိဘူး..ဒါ​ပေမယ့်အဲဒီမှတ်ချက်က အဓိပ္ပါယ်ရှိပြီး ကြက်ဆင်ဥအသုံးပြုပုံကိုလည်း ​ပြောပြခဲ့တယ်​လေ"


ထန်​မော့မှာ ဖူ၀မ်​သော်ကိုကြည့်လျက် ထိုကိစ္စကိုဆက်မ​ပြော​တော့​ချေ။ အကူပစ္စည်း၏မှတ်ချက်မှာ ၄င်း၏ အသုံးပြုပုံဖြစ်နိုင်၍ ထန်​မော့​တွေးလျက်ဆိုလိုက်သည်။


"ဒါဆို ကျွန်​တော်တို့ ဒီထဲပစ္စည်း​တွေထည့်ရင် ပွားသွားမလား ကြည့်ကြည့်ရ​အောင်​လေ...ဒီဟာက အ​ရေးပါ​နေတုန်းပါပဲ...ဥပမာ ကျွန်​တော်တို့ ကျည်ဆံ​တွေလိုမျိုး အ​ရေးကြီးတာ​တွေကို သိမ်းလို့ရတယ်​လေ"


လွန်ခဲ့​သော ​လေးလခန့်က ထန်​မော့မှာ အလယ်တန်း​ကျောင်းတွင် အကန့်အသတ်မဲ့​သော ကျည်ဆံများရှိသည့် ခိုး၀င်သူတစ်ဦးနှင့်ဆုံခဲ့သည်။  တကယ်တမ်းတွင်သူ၏ ကျည်ဆံများမှာ အကန့်အသတ်မဲ့မဟုတ်​သော်လည်း အလွန်များပြားသည်ကအမှန်ပင်။  ထိုခိုး၀င်သူက ဖက်တီး​လေးထံမှ အသတ်ခံလိုက်ရကာ ထန်​မော့မှာ ထိုစွမ်းရည်ကိုမရရှိခဲ့​​ချေ။ checkmateစွမ်းရည်မှာ အသက်စွမ်းရည်ကိုကုန်ဆုံး​စေပြီး ထန်​မော့က ကျည်ဆံများများမသုံးနိုင်​ချေ။ သို​သော် ဖူ၀မ်​သော်က​တော့ ဤသိမ်းဆည်းထား​​သော ကျည်ဆံများကို သုံးနိုင်​​လေသည်။


ထို့အပြင် ထန်​မော့​တွေးမိသည်လည်း ရှိ​သေးသည်။ 


"သိမ်းဆည်းလို့ရတဲ့ ပစ္စည်း​တွေရတဲ့ အရွယ်အစားက​ရော ဘယ်​လောက်ထိရလဲ"


လူ၂ဦးမှာ ​ခေါင်းငုံ့လျက် လက်ဖ၀ါးအရွယ်ကြက်သိုက်​လေးများကို ကိုယ်စီကြည့်လိုက်ကြသည်။ ထန်​မော့မှာ စွန့်ပစ်ခံစက်ရုံထဲသို့ တိုက်ရိုက်​လျှောက်သွားလိုက်ပြီး ကျိုး​နေ​သော စားပွဲတစ်လုံးကို​တွေ့လိုက်ရသည်။  သူသည်ထိုစားပွဲကို လက်တစ်ဖက်ဖြင့်မလျက် ကြက်သိုက်​ပေါ်သို့ ညင်သာစွာတင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း မျက်စိကျိန်းဖွယ်အလင်း​ရောင်တစ်ခုကိုမြင်လိုက်ရ​လေသည်။ ထန်​မော့နှင့် ဖူ၀မ်​သော် မျက်စိကိုပြန်ဖွင့်လိုက်ချိန်တွင် ထိုစားပွဲအကျိုးမှာ မရှိ​တော့​ချေ။


ထန်​မော့ကဆိုလိုက်သည်။ 


"သူက အရွယ်အစား အကန့်အသတ်မရှိဘူးပဲ...သူကကြီးတဲ့ပစ္စည်း​တွေလည်း သို​​လှောင်လို့ရတာပဲ"


ဖူ၀မ်​သော်​ခေါင်းညိတ်လိုက်သည်။ သူသည်စကားမဆိုပဲ ထန်​မော့၏ လက်ထဲမှ ကြက်သိုက်​လေးကို ငုံ့ကြည့်​နေခဲ့သည်၊ ထန်​မော့သူ့အကြည့်ကိုလိုက်၍ ကြည့်လိုက်မိသည်။


"..." 


သူသည်ထိုကြက်သိုက်ထဲတွင် လက်သည်းခွံအရွယ်အစား ကြက်ဥတစ်လုံးကို​တွေ့လိုက်ရ​လေသည်။ ထိုကြက်ဥ​လေးတစ်ဥ​လေး၏ ​အခွံ​ပေါ်တွင် မျဥ်း​ကြောင်းတချို့​ပေါ်လာခဲ့​လေသည်။ ထန်​မော့အနီးကပ်ကြည့်လိုက်​သော် ၄င်းမှာ စားပွဲပုံက​လေးဖြစ်သည်ကို​တွေ့လိုက်ရသည်။


ကြက်သိုက်ထဲတွင် ကြက်ဥတစ်လုံးရှိလာလိမ့်မည်ဟု ထန်​မော့ထင်မထားခဲ့​ချေ။  သူသည်ထိုကြက်ဥမှာ စားပွဲ​ပေလား ကြက်ဥ​ပေလားဟု ​သေချာမခွဲခြားနိုင်​ချေ။  သူဖူ၀မ်​သော်ကိုကြည့်လိုက်မိပြီး တစ်ဦးကိုတစ်ဦး စိုက်ကြည့်​နေခဲ့မိကြသည်။  ထို့​နောက် ထန်​မော့သည် ကြက်သိုက်ကို ​မှောက်လိုက်ပြီး ထိုကြက်ဥပြုတ်ကျသွားမည်လား စမ်းကြည့်လိုက်သည်။ 


သို့​သော် ထိုဥမှာ ပြုတ်ကျမသွားခဲ့​ချေ။ ထန်​မော့မှာ ထိုကြက်သိုက်ကို အံ့အားသင့်စွာကြည့်လိုက်သည်။ သူ ထိုကြက်သိုက်ထဲမှ ဥကိုလှမ်းယူလိုက်သည်။ သူ၏လက်မှာ သာမာန်ပင် အတွင်းသို့နှိုက်လျက် ထိုဥက အလွယ်တကူပင် ပါလာခဲ့သည်။ ထိုကြက်ဥမှာ မျက်စိကျိန်းဖွယ်အလင်းတစ်ခု လင်းလာပြန်ကာ ထန်​မော့၄င်းကို ​မြေ​ပေါ်သို့ချလိုက်သည်။ ထို့​နောက် ထိုဥမှာ စားပွဲပြန်ဖြစ်လာခဲ့​လေသည်။


ထန်​မော့က​တွေးလိုက်သည်။ 


"ကြက်သိုက်ထဲမှာ သိမ်းတဲ့ ပစ္စည်း​တွေက ကြက်ဥဖြစ်လာတာပဲ...သူ့ကိုမထိသ၍ ​ရွေ့လည်းမ​ရွေ့ပဲ ​မြေဆွဲအားလည်းမသက်​​ရောက်ဘူး ကြက်သိုက်ထဲမှာပဲ ကပ်​နေတာပဲ...ထုတ်လိုက်ရင်​တော့ အရင်ပစ္စည်းပြန်ဖြစ်သွားတာပဲ"


ဖူ၀မ်​သော်ကဆိုသည်။ 


"စားပွဲကိုပြန်ထည့်လိုက် ကိုယ်ပြန်ထုတ်ကြည့်လိုက်မယ်"


ထန်​မော့​ခေါင်းညိတ်လိုက်သည်။ 


ဖူ၀မ်​သော်သည် ထိုကြက်ဥကို အတင်းဆွဲထုတ်ကြည့်ရန်ကြိုးစားလိုက်သည်။ ၅စက္ကန့်မျှကြာပြီး​နောက် လက်ကိုပြန်ရုတ်လိုက်ကာ ထန်​မော့ကိုကြည့်လိုက်သည်။ 


"ကိုယ်ယူလို့မရဘူး ကိုယ့်ဟာကိုလည်း စမ်းကြည့်​လေ"


ဖူ၀မ်​သော်သည် သူ၏ကြက်သိုက်ထဲသို့ ခုံတစ်ခုံကိုထည့်ကြည့်လိုက်သည်။ ထန်​မော့၄င်းကို ပြန်လည် ထုတ်ယူကြည့်ရန် ကြိုးစားလိုက်သည်။


သူတို့သည် နည်းမျိုးစုံကြိုးစားကြည့်ပြီး​နောက် အကျဥ်းချုပ်လိုက်ကြသည်။ 


"ပစ္စည်းပိုင်ရှင်ကပဲ ဥကိုထုတ်လို့ရတယ်...လက်နဲ့ပဲ ယူလို့ရတယ်...သိမ်းလို့ရတဲ့ ပစ္စည်းအရွယ်အစားကလည်း ကန့်သတ်မထားဘူး...​အေး​အေးပူပူ သိမ်းလိုက်တုန်းကအတိုင်းရှိ​နေတယ်"


သူတို့သည် စက်ရုံအတွင်း၌ အ​တော်ကြာစူးစမ်း​နေခဲ့ကြသည်။ ​နောက်တစ်​နေ့မနက်တွင် ထန်​မော့နှင့် ဖူ၀မ်​သော်မှာ စက်ရုံထဲမှ ထွက်လာစဥ် ​ရှောင်ကျီထုံးနှင့် ဆုံခဲ့​လေသည်။ သူတို့ကိုမြင်လျှင် ​​ရှောင်ကျီထုံးပြုံးလိုက်သည်။ 


"ကြက်သိုက်က​ကောင်းလား" 


ထန်​မော့သာမာန်ကာလျှံကာပြန်​ဖြေလိုက်သည်။ 


"သိပ်အသုံး၀င်ပါတယ်...ခင်များ​ရော..." 


​ရှောင်ကျီထုံးကရယ်သည်။ 


"သိပ်​ကောင်းတာ​ပေါ့ အသုံး၀င်တဲ့ ပစ္စည်းပါပဲ" 


ထိုပစ္စည်း၏ စစ်​ဆေးမှုရလဒ်ကို​တော့ မည်သူကမျှ ထုတ်မ​ပြောခဲ့​​ချေ။


ထန်​မော့မှာ ဤ​နေရာသို့ ​ရှောင်ကျီထုံးနှင့်အတူ ဖူ၀မ်​သော်ကိုရှာရန် လာခဲ့ခြင်းပင်။ မ​နေ့ည သူတို့လူချင်းခွဲမလာခင်တွင် ​ရှောင်ကျီထုံးမှ နန်ကျင်းအဖွဲ့သို့ လူလွှတ်ကာ ဖူ၀မ်ရှန်း မည်သည့်​နေရာတွင်ရှိ​နေသည်ကို ရှာကာ အမြန်​တွေ့ရ​အောင် လုပ်​ပေးမည်ဟုဆိုခဲ့သည်။ မူလတွင် ထန်​မော့နှင့် ဖူ၀မ်​သော်မှာ မိမိတို့ကိုယ်တိုင်သွားကာ ဖူ၀မ်ရှန်းလာစရာမလို​ကြောင်း ​ပြောလိုခဲ့သည်။


​ရှောင်ကျီထုံးက ရယ်လျက်ဆိုခဲ့သည်။


"ဘယ်လိုပဲဖြစ်ဖြစ်သူက ကြက်ဆင်ကြီးဂိမ်းအတွက် ဆု​ပေးဖို့​ရောက်လာဦးမှာပဲ​လေ"


က​လေးသူငယ်လုပ်အားကို သုံး​နေတာဖြစ်​နေတာပဲ...


ထန်​မော့ငြင်းမ​နေ​တော့​ချေ။ 


​ရှောင်ကျီထုံးကဆိုသည်။


"အချိန်အရဆို သူအခုလာ​နေ​လောက်ပြီ...ခဏ​လောက်​စောင့်ရင် ​နောက်၁နာရီ​လောက်ဆို​ရောက်​လောက်ပြီ"


ထန်​မော့​ခေါင်းညိတ်လိုက်သည်။ သူဘာမျှမဆိုပဲ ဖူ၀မ်​သော်ကို လှည့်ကြည့်လိုက်သည်။ ဖူ၀မ်​သော်မှာ ထန်​မော့မှ သူ့ကိုကြည့်​နေသည်ကို မြင်​သော် ​အိတ်ကပ်ထဲ လက်ထိုးထည့်လိုက်သည်။ ထို့​နောက် သူသည်ထန်​မော့အားကြည့်လျက် ပြုံးလိုက်သည်။


"ဘာလို့လဲ" 


ထန်​မော့​ဖြေလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး" 


ဖူ၀မ်​သော်က အစ်ကိုကြီးဖြစ်မ​နေရင် ပို​ကောင်းမယ်လို့ဘာလို့ခံစား​နေရပါလိမ့်...


ထန်​မော့ ထိုထူးဆန်း​သော အ​တွေးများကို ပြန်လည်ဖုံးကွယ်လိုက်သည်။


​ရှောင်ကျီထုံးသည် သိပ်မကြာခင်မှာပင် ​နောက်ဂိမ်းတစ်ခုကိုရှင်းရန်အတွက် နင်းနင်းနှင့်အတူထွက်သွားခဲ့သည်။ ​ရှောင်​ရှောင်းနှင့် ​ရှောင်​ဝေ့သာလျှင် နန်ကျင်းဗျူဟာအဖွဲ့၏ ​​နေရာတွင် ကျန်ရစ်​လေသည်။ ​ရှောင်​ရှောင်းက တရုတ်စကားသိပ်မကြွမ်းလှ​ချေ။ သူသည်​ဘေးတွင်ထိုင်လျက် အကူပစ္စည်းအစုံကို ကလိ​နေခဲ့သည်။ ​ရှောင်​ဝေ့မှာမူ ထန်​မော့နှင့် ဖူ၀မ်​သော်ကို စိုးရိမ်စွာကြည့်​နေခဲ့ပြီး ဖူ၀မ်​သော်၏ ကိုယ်ထံမှ အကြည့်လွှဲလိုက်​လေသည်။


ဖူ၀မ်​သော် သူမကိုပြန်ကြည့်လိုက်သည်။ 


​ရှောင်​ဝေ့က အလျင်စလိုဆိုလာခဲ့သည်။ 


"ကျွန်...ကျွန်မရှင့်ကိုကြည့်​နေတာမဟုတ်ပါဘူး...ကျွန်မဒါ​တွေကိုသိမ်းလိုက်ဦးမယ်...သိမ်းလိုက်ဦးမယ်​နော်"


​ရှောင်​ရှောင်းက​အော်လိုက်သည်။ 


"ဆရာမ ကျွန်မကို ဒီပစ္စည်းကြည့်​ပေးပါဦး"


​ရှောင်​ဝေ့သူ့ထံသို့လျင်မြန်စွာ ​ပြေးသွားခဲ့သည်။


ဖူ၀မ်​သော်က အလွန်သန်မာကာ အနက်​ရောင်​မျှော်စင် ဒုတိယထပ်ကို ပထမဆုံးရှင်းလင်း​သော ကစားသမားအဖြစ် မှတ်တမ်းလည်း ရှိသည်။ သာမာန်ကစားတစ်ဦး၏ ဖူ၀မ်​သော်အ​​ပေါ်အမြင်ကို ၂မျိုးခွဲခြားနိုင်သည်။ ဥပမာ ​ရှောင်​ရှောင်းမှာ သူရှိ​နေ​သော ​နေရာကိုသိကာ အကြိမ်ကြိမ်လှမ်းလှမ်းကြည့်​နေတတ်သည်။ ထို့​နောက်ကြက်ဆင်ဂိမ်းထဲတွင် ဖူ၀မ်​သော်၏ လုပ်​​ဆောင်မှုနှင့် ခွန်အားကိုပြန်သတိရလျှင် လျစ်လျူရှုရန်ဆုံးဖြတ်လိုက်​လေသည်။ ​နောက်တစ်မျိုးမှာ ​ရှောင်​ဝေ့ဖြစ်သည်။ ခွန်အားကွာခြားမှုမှာ မြင့်လွန်း၍ သူမမှာ သူ့ကို ကြည့်ပင်မကြည့်ရဲ​ချေ။


ထန်​မော့နှင့် ဖူ၀မ်​သော် ထိုစက်ရုံတွင် ၁နာရီမျှ ​စောင့်​နေပြီး​နောက် ​ခြေသံများကိုကြားလိုက်ရ​လေသည်။ 


ထန်​မော့ သိချင်စိတ်နှင့်လှမ်းကြည့်​နေစဥ်တွင် ဖူ၀မ်​သော်မှာ စိတ်လှုပ်ရှားမှုပင်မရှိပဲ တည်ငြိမ်​နေခဲ့သည်။ ​ခြေသံများမှာ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ အရပ်မြင့်မြင့်နှင့်ကိုယ်ဟန်တစ်ခုမှာ တံခါးတွင်​ပေါ်လာသည်နှင့် ဖူ၀မ်​သော်မှာ မျက်ခုံးပင့်လိုက်ကာ ထန်​မော့မှာ အံ့အားသင့်လျက် ​မေးလိုက်သည်။ 


"ဖူ၀မ်ရှန်းလည်းမဟုတ်ပါလား" 


​ရောက်လာ​သော လူမှာ အရပ်မြင့်မြင့်ဖြင့် သန်မာ​သော လူတစ်ဦးပင်။  ဤသည်မှာ ​ရှောင်ကျီထုံး သတင်းပို့ရန် လွှတ်ထား​သောလူပင်ဖြစ်သည်။  နန်ကျင်းအဖွဲ့မှာ အ​တော်​​ဝေးသည်ဖြစ်၍ အဖွဲ့၂ခုဆက်သွယ်ရန် သတင်းပို့သူလိုအပ်​လေသည်။  ဤလူမှာ နန်ကျင်းအဖွဲ့၀င်တစ်ဦးပင်ဖြစ်သည်။


သူကဆိုသည်။ 


"ကျွန်​တော်သွားတာ နည်းနည်းနောက်ကျသွားတယ်...သူဒီမနက်ကပဲ ဂိမ်းတစ်ခုထဲ၀င်သွားတာ...​သြော် ခင်များက ​ရှောင်ရှန်းကိုရှာ​နေတဲ့သူလား...ဘယ်သူများလဲ" 


ဖူ၀မ်​သော်ကဆိုသည်။ 


"ကျွန်​တော်ကသူ့အစ်ကိုပါ" 


ထိုလူထွားကြီးမှာ အံ့အားသင့်သွားခဲ့သည်။


"​ရှောင်ရှန်းမှာ အစ်ကိုရှိတယ်လား..."


သူကရယ်သည်။


"ဟား ဟား ဟား ခင်များက ဖူ၀မ်​သော်လား" 


 â€‹á€›á€žá€ąá€Źá€„်​ရသ္ဏင်းနသင်အ ​ရှောင်​​ဝေ့မှာ တန့်သွားမိကြပြီး ဖူ၀မ်​သော်မှာမူ မျက်​တောင်ပင်မခတ်​ချေ။ 


"ကျွန်​တော်ကဖူ၀မ်​သော်ပါ" 


"စတာပါ...နန်ကျင်းအဖွဲ့ကလူတိုင်း ​ရှောင်ရှန်းကို ဒီဟာနဲ့ ပတ်သက်ပြီး စ​နေကျ​လေ...သူ့ပုံစံက အရမ်းရယ်ရတာ...​ခေါင်း​ဆောင်​ရှောင်းက ခင်များကိုယုံတယ်ဆိုမှ​တော့ လူဆိုးမဖြစ်နိုင်ဘူး...ပြီး​တော့ ​ရှောင်ရှန်းရဲ့ မိသားစု၀င်ပဲ​လေ" 


ထိုလူထွားကြီးမှာ ထန်​မော့အား ဖူ၀မ်ရှန်းနှင့်အမျိုး​တော်သူဟုသာ မှတ်ယူလိုက်ကာ ထန်​မော့ကလည်း ၄င်းကို မငြင်းလိုက်​ချေ။ ဤအရာကိုရှင်းပြ​နေပြီး ပို၍ရှုပ်​ထွေး​အောင် လုပ်​နေစရာမလို​ချေ။ ထိုလူကဆိုသည်။ 


"သူပြန်ထွက်လာဖို့ ရက်နည်းနည်း​တော့ကြာလောက်တယ်...နန်ကျင်းအဖွဲ့ကိုလိုက်ပြီး​စောင့်ချင်လား...ဒီဂိမ်းပြီးရင်​တော့ သူပြန်လာ​​လောက်တယ်" 


 â€‹á€›á€žá€ąá€Źá€„်ကဝဎထုလးနသင်အ နင်နင်းက နန်ကျင်းဗျူဟာအဖွဲ့၏ ​နေရာတွင်ရှိမ​နေ​ချေ။ ​ရှောင်​ရှောင်းမှာ ၉နှစ်အရွယ်ဖြစ်ကာ ​ရှောင်​ဝေ့မှာ ဖူ၀မ်​သော်ကို မြင်တိုင်းတုန်လှုပ်​နေခဲ့သည်။ထို့ကြောင့် ထန်​မော့ ထိုလူ၏ကမ်းလှမ်းမှုကိုလက်ခံလိုက်သည်။


 á€žá€°á€á€­á€Żá€ˇá€žá€Šá€ş ဗျူဟာအဖွဲ့တွင်​နေ​နေစရာမလို​ချေ။ နန်ကျင်းအဖွဲ့သို့သွားကာ ဖူ၀မ်ရှန်းကို​စောင့်နိုင်သည်။ ထို့အပြင်ကို နန်ကျင်းကစားသမားများအားလုံးကို ဖိနှိပ်ကာ နန်ကျင်းတစ်မြို့လုံးအား ဖန်လုံအိမ်အဖြစ်​ပြောင်းနိုင်​သော ထိုသန်မာသည့်ကစားသမားကိုလည်း ​တွေ့ချင်ခဲ့သည်။


မထွက်ခွာခင်တွင် ထန်​မော့​ရှောင်​ရှောင်းထံသွားလျက်​မေးလိုက်သည်။ 


"မင်းမှာ ငါ့ကို့​ပေးလို့ရတဲ့ နန်ကျင်း​မြေပုံရှိလား" 


​ရှောင်​ရှောင်းမှာ ပုံးကြီးတစ်ခုဆီ​လျှောက်သွားလျက် ​အချိန်အ​တော်ကြာ မွှေ​နှောက်​နေပြီး​နောက် ​မြေပုံကြီးတစ်ခုကို ဆွဲထုတ်လာခဲ့သည်။ 


"​ရော့ ယူသွားပါ" 


ထန်​မော့ထို​မြေပုံကို ယူလိုက်​လေသည်။



🪩

(ဖူဝမ်ရှန်းက နန်ကျင်းအဖွဲ့ကလား /နန်ကျင်းဗျူဟာအဖွဲ့ကလား သိပ်တော့မရှင်းဘူး sorry ပါ 🥹)