Chapter 88
Viewers 11k

💮Chapter 88




ဝမ်ချီလည်း တုန်လှုပ်သွားသည်။


သူ့တစ်ကိုယ်လုံး မလှုပ်မယှက် အေးခဲသွားကာ ရှစ်ယဲ့ သူ့ရှေ့ရောက်လာပြီး ကြမ်းပြင်ပေါ်တွင် ကျနေသော ကျောက်စိမ်းချောင်းကို ပိန်ပါးသော လက်ချောင်းများနှင့် ကုန်းကောက်လိုက်မှသာ သူ့လက်ထဲမှ ကျောက်စိမ်းချောင်း အောက်သို့ ပြုတ်ကျနေခြင်းကို သတိထားမိသွားသည်။


ရှစ်ယဲ့က လက်ကို ရှေ့သို့ ဆန့်ထုတ်ကာ လက်ဖဝါး ဖြန့်လိုက်ပြီး လက်ညှိုးနီးပါးအထူရှိသော ကျောက်စိမ်းချောင်းကို ဝမ်ချီအား ပြ၍ ပြောသည်။

“မင်းရဲ့ဟာ…”


“…”


ဝမ်ချီလည်း မီးခဲကို ဖင်ခုထိုင်လိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး ထိုင်ခုံ​ပေါ်မှ အလျင်အမြန် ထလိုက်သည်။


သူက အနောက်သို့ ဆုတ်လိုက်ချင်သော်လည်း ခြေသလုံးနားအထိ ကျွတ်နေသော ဘောင်းဘီနှင့် တုပ်မိပြီး ခြေထောက်နှစ်ဖက် အချင်းချင်း နင်းမိကာ အနောက်သို့ လန်ကျသွားသည်။


လက်တစ်ဖက်က လျင်မြန်စွာပင် သူ့ခါးကို လာရောက်ဖက်တွယ်သည်။


ဝမ်ချီက နှလုံးခုန်ထွက်လုနီးပါး ကြောက်ရွံ့နေကာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ကြောက်လန့်မှုကြောင့် ပြူးကျယ်နေသော ဗာဒံစေ့သဏ္ဍာန်မျက်လုံးများဖြင့် သူနှင့် နီးနီးကပ်ကပ်ရှိနေသော ရှစ်ယဲ့ကို စိုက်ကြည့်နေမိသည်။


ရှစ်ယဲ့က လက်တစ်ဖက်ဖြင့် သူ့ခါးကို ဖက်ထားပြီး ကျန်တစ်ဖက်တွင် ကျောက်စိမ်းချောင်းကို ကိုင်ထားသည်။


ဝမ်ချီ့ အကြည့်များက ရှစ်ယဲ့၏ ပဟေဠိဆန်သော မျက်နှာပေါ်တွင် နှစ်ကြိမ်တိတိ ပျံဝဲနေပြီး ရှစ်ယဲ့ကိုင်ထားသော ကျောက်စိမ်းချောင်းပေါ်သို့ အကြည့်ရောက်သွားသည်။


သူက ခေါင်းတစ်ခုလုံး ပူလောင်ပြီး ပေါက်ထွက်တော့မည်ဟု ခံစားနေရသည်။


အကယ်၍ ဖြစ်နိုင်ပါက သူ လေနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားလိုက်ချင်သည်။


အံ့ဩစရာကောင်းသည်က ထိုကဲ့သို့ အလွန် ရှက်စရာကောင်းသော အခြေအနေတွင် ဝမ်ချီက အလျင်အမြန် စိတ်တည်ငြိမ်သွားသည်။ သူ့စိတ်ထဲမှ ကြောက်ရွံတုန်လှုပ်မှုများကို အလျင်အမြန် ဖုံးကွယ်ထားလိုက်နိုင်ပြီး ထိတ်လန့်နေသော သူ့အမူအရာမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားသည်။


ဝမ်ချီက တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

“အရှင့်သား… ဘယ်အချိန်တည်းက ရောက်နေတာပါလဲ…”


အသံထွက်သွားသော်လည်း ထစ်အနေဆဲပင် ဖြစ်သည်။


ရှစ်ယဲ့၏ အမူအရာက တည်ငြိမ်နေပြီး ဝမ်ချီကို ကြည့်နေသော အကြည့်များကလည်း မည်သည့်ကိစ္စမှ မဖြစ်သွားခဲ့သကဲ့သို့ အလွန် တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။ ရှစ်ယဲ့၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ ပေါ်မနေချေ။


“ပန်ကုန်း မင်းကိုစောင့်နေတာ တော်တော်ကြာပြီ…”


ဝမ်ချီက စိတ်ကို မနည်းတည်ငြိမ်အောင် လုပ်ယူပြီး သူဘောင်းဘီ မဝတ်ထားသည့် အဖြစ်မှန်ကိုလည်း ကြိုးစား မေ့ဖျောက်ထားလိုက်သည်။ 

“အရှင့်သား… ကျွန်တော်ကို ရှာတာ ကိစ္စရှိလို့လား…”


ရှစ်ယဲ့က ဖြေသည်။

“မရှိဘူး မင်းကို ကြည့်ချင်လို့ လာကြည့်တာ…”


“ဒါဆို…အရှင့်သား ကြည့်ပြီးပြီဆိုတော့ ပြန်ပြီး အနားယူပါတော့…”

ဝမ်ချီက ရှစ်ယဲ့၏ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။ သူ့မျက်နှာတွင် နှင်ထုတ််ချင်သော ဆန္ဒများ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။


ရှစ်ယဲ့၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသော်လည်း ဝမ်ချီ့စကားကို အလျင်စလို မတုံ့ပြန်ဘဲ သူ့လက်ထဲမှ ကျောက်စိမ်းချောင်းကို ဝမ်ချီ့ထံသို့ ဖြည်းဖြည်းချင်း ကမ်းပေးကာ ပြောသည်။

“မင်းရဲ့ဟာ…”


ဝမ်ချီ : …


ဝမ်ချီက မည်မျှပင် အရေထူသည်ဟု ဟန်ဆောင်နေပါစေ ရှစ်ယဲ့ သူ့ကို ၎င်းကျောက်စိမ်းချောင်း ပြန်ပေးလာသည်ကိုမူ မတုန်လှုပ်ဘဲ အေးဆေး ရပ်မကြည့်နိုင်ပေ။ အထူးသဖြင့်….


ဝမ်ချီ့ပါးနှစ်ဖက်မှာ နီရဲနေပြီး ၎င်းကျောက်စိမ်းချောင်း၏ အစွန်းတစ်ဖက်ကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။


အထူးသဖြင့် ချောဆီများ သုတ်လိမ်းခြင်း ခံထားရသော ဤကျောက်စိမ်းချောင်း အဆုံးတစ်ဖက်က ဖယောင်းတိုင်မီးအောက်တွင် အရောင်လဲ့နေသည်။ ၎င်းကို ကောက်ကိုင်လိုက်စဉ်က ရှစ်ယဲ့၏ လက်ညှိုးနှင့် လက်ခလယ်တွင် ထိုချောဆီများ မတော်မဆ ပေသွားသောကြောင့် လက်ချောင်းများမှာလည်း စိုစွတ်နေသည်။


ဝမ်ချီက ဆက်လက် ဟန်မဆောင်နိုင်တော့ဘဲ အလွန်ရှက်ရွံ့နေသည်။


ဝမ်ချီက ယခုကဲ့သို့ မိုက်မဲသောကိစ္စများ လုပ်ခဲ့သည့် သူ့ခေါင်းထဲတွင် မည်သည့်အရာများ ရှိနေမည်ကို သိချင်သောကြောင့် သူ့ခေါင်းသူ နံရံနှင့် ရိုက်ဆောင့်ပြီး ဖွင့်ကြည့်ချင်ခဲ့သည်။


သူက ရှစ်ယဲ့လက်ထဲမှ ကျောက်စိမ်းကို လုယူလိုက်ပြီး ရှစ်ယဲ့ရင်ခွင်ထဲမှ ရုန်းထွက်ကာ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ရှစ်ယဲ့ကို နှင်ထုတ်လိုက်သည်။

“အရှင့်သား… မိုးချုပ်နေပြီမို့ အရှင့်သားလည်း ကိုယ့်အိပ်ဆောင်ကိုယ် ပြန်သင့်ပါပြီ…”


ဝမ်ချီ မတ်တပ်ပင် တည့်တည့်မရပ်လိုက်ရမီ ရှစ်ယဲ့က ခါးမှဆွဲဖက်ကာ ချီလိုက်သည်။


ဝမ်ချီလည်း မထင်မှတ်ထားသောကြောင့် ထိတ်လန့်သွားပြီး မသိစိတ်မှ ရှစ်ယဲ့၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။


ရှစ်ယဲ့က သူ့ကို ပွေချီထားပြီး မည်သည့်စကားမျှ မပြောဘဲ အိပ်ရာရှေ့သို့ ခြေလှမ်းကြီးကြီးဖြင့် လျှောက်လှမ်းသွားသည်။


ဝမ်ချီက တုံ့ပြန်မှု နှေးကွေးသောသူ ဖြစ်သောကြောင့် အသိစိတ် ပြန်ဝင်လာသော အချိန်တွင် ရှစ်ယဲ့က သူ့ကို အိပ်ရာပေါ်သို့ ချလိုက်ပြီးပြီ ဖြစ်သည်။ ရှစ်ယဲ့၏ လှုပ်ရှားမှုမှာ ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း ဝမ်ချီကို အိပ်ရာပေါ် တင်လိုက်ခြင်းကမူ ညင်သာသည်။


ရှစ်ယဲ့ အပေါ်မှ အုပ်မိုးလိုက်သောအချိန်တွင် ဝမ်ချီ့ ဘေးနှစ်ဖက်ရှိမွေ့ရာမှာ အောက်သို့ အနည်းငယ် နစ်မြုပ်သွားသည်။


ရှစ်ယဲ့၏ မျက်နှာ နီးကပ်လာသည်ကို မြင်ပြီး ဝမ်ချီက ရုတ်တရက် တုန်လှုပ်သွားကာ ရှစ်ယဲ့ရင်ဘက်ကို လက်ဖြင့် တွန်းထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ ဘာလုပ်မလို့လဲ…”


ရှစ်ယဲ့က ဝမ်ချီ့လက်နှစ်ဖက်ကို ချုပ်ထားလိုက်ပြီး ဝမ်ချီဆုပ်ကိုင်ထားသော ကျောက်စိမ်းချောင်းကို ခေါင်းငုံ့ကြည့်ကာ နားမလည်နိုင်သော လေသံဖြင့် မေးသည်။

“မင်းလုပ်ချင်နေတာကို ကူပြီး လုပ်ပေးမလို့လေ… မင်းပဲ ဒါကို စမ်းကြည့်ချင်တာ မဟုတ်ဘူးလား…”


ဝမ်ချီက ခေါင်းကို လျင်မြန်စွာခါယမ်းပြီး ငြင်းဆန်သည်။

“မဟုတ်ဘူး… မဟုတ်ဘူး… ကျွန်တော် မလုပ်ချင်ဘူး…”


ရှစ်ယဲ့က ရယ်လိုက်ပြီး မေးသည်။

“ဒါဆို မင်းခုနက ဘာလုပ်နေတာလဲ…”


ဝမ်ချီက လေးလေးနက်နက် ပြောသည်။

“အရှင့်သား ခုဏက  အမြင်မှားတာ နေပါလိမ့်မယ်…”


ရှစ်ယဲ့၏ မျက်နှာတွင် အပြုံးများ ပျောက်ကွယ်သွားပြီး မျက်ခုံးပင့်လိုက်ကာ ပြောသည်။

“ဟုတ်လား… ပန်ကုန်းက အကန်းမှ မဟုတ်တာ…”


ဝမ်ချီက ရှစ်ယဲ့ မူမမှန် ဖြစ်နေသည်ကို ခံစားလိုက်ရသောကြောင့် ထပ်ပြီး ကြောက်လန့်သွားသည်။


သူက ၎င်းကျောက်စိမ်းချောင်းများကို စမ်းသုံးရန် ကြိုးစားသည်မှာ မှန်သော်လည်း သူတစ်ယောက်တည်း တိတ်တိတ်လေး စမ်းသုံးလိုခြင်း ဖြစ်သည်။ ထိုခွေးမင်းသား၏ အရှေ့တွင် မစမ်းကြည့်ချင်ပေ။ ထိုကိစ္စက အလွန် ရှက်စရာ ကောင်းသည်။ သူ့ကိုယ်သူ အရေထူသောသူ၊ အရှက်ကင်းမဲ့သောသူဟု အမြဲသတ်မှတ်ထားသော်လည်း မသိစိတ်ထဲတွင်မူ ကိုယ့်ပုံရိပ်ကိုယ် ဂရုစိုက်လေ့ရှိသည်။


ဝမ်ချီက ဒေါသထွက်ပြီး စိတ်လည်းညစ်နေသည်။ စိတ်ညစ်ရသော အကြောင်းရင်းက ယခုကဲ့သို့ ရူးမိုက်သော အပြုအမူများ လုပ်မိခြင်းကြောင့် ဖြစ်ပြီး ဒေါသထွက်ရသည်က ရှစ်ယဲ့က သူ့ခွင့်ပြုချက်မရဘဲ သူ့အခန်းထဲသို့ ဝင်လာသောကြောင့် ဖြစ်သည်။


မည်သို့ပင် ရှစ်ယဲ့၏ပိုင်နက် ဖြစ်လင့်ကစား  ဤအခန်းထဲတွင် သူနေထိုင်နေပြီ ဖြစ်သောကြောင့် သူတစ်ပါးကို လေးစားသည့် အနေဖြင့် အခန်းထဲသို့ မဝင်မီ တံခါးခေါက်ပြီး အသိပေးသင့်ပေသည်။ 


ထားလိုက်ပါတော့ ငါ့ရဲ့ ဒီစိတ်ကူးက ယုတ္တိမရှိတဲ့ အရာဆိုတော့လည်း…


အခန်းထဲ မဝင်ခင် ရှစ်ယဲ့ကို တံခါးခေါက်ခိုင်းစေချင်တာလား…


အရူးလိုတွေ တွေးနေတာပဲ…


ဝမ်ချီက ထပ်ခါထပ်ခါ တွေးရင်း သူ့ပါးပြင်ပေါ်ရှိ နီရဲမှုများက ပိုမို ပျံ့နှံ့လာပြီး ပခုံးနှင့် ရင်ဘတ်များပါ နီရဲလာတော့သည်။


သူ့၏ ရုပ်ရည်က ဤပဒေသရာဇ်ခေတ်တွင် အလွန်ချောမောသည့်ရုပ်ရည်ဟု ယူဆ၍ မရသော်လည်း သူ့ အားသာချက်က အခြားသူများထက် ပို၍ အသားအရေ လှခြင်းဖြစ်၏။


ယခင်ပိုင်ရှင်က အပြင်ထွက်ရသည်ကို မနှစ်သက်ခြင်းကြောင့် ဖြစ်လိမ့်မည်။ သူတို့နှစ်ယောက်လုံးက တစ်နေ့တာလုံး အိမ်တော်ထဲတွင်သာ ဖြတ်သန်းပြီး နေမထိသောကြောင့် သူတို့၏ အသားအရေးက နှင်းပွင့်များကဲ့သို့ ဖြူစွတ်နေလေသည်။


ဝမ်ချီ၏ ယခင် အသားအရေက အလွန်ဖြူစွတ်ပြီး လေတိုက်လျှင် လဲသွားနိုင်သည်အထိ ပိန်ခဲ့သော်လည်း ယခုတွင်မူ အလေးချိန် တက်လာကာ ပါးပြင်လေးများလည်း ဖောင်းလာ၏။ ရှစ်ယဲ့၏ အားက မပြင်းဘဲ ဝမ်ချီ့ပါးကို ညင်ညင်သာသာ လိမ်ဆွဲလိုက်သော်လည်း သူ့၏ ဖြူအုသော အသားအရေပေါ်တွင် အနီရောင်လက်ချောင်းရာများ ထင်သွားသည်။


ဝမ်ချီက နှုတ်ခမ်း အနည်းငယ်ဟကာ ရှစ်ယဲ့ကို စိုက်ကြည့်နေသော်လည်း ရှစ်ယဲ့က ပါးပြင်ကို ဆက်ပြီး လိမ်ဆွဲနေကာ ကစားစရာ ရသွားသကဲ့သို့ လက်မလွှတ်တော့ပေ။


ခဏတာ လိမ်ဆွဲပြီးနောက် ရှစ်ယဲ့က ဝမ်ချီကို ကြည့်ရင်းနှင့် မီးဖိုဆောင်မှ လုပ်ထားသော ပေါက်စီလုံးလေးများနှင့် အလွန်တူသည်ဟု ခံစားနေရသည်။


ထိုပေါက်စီလုံးများက ဖြူဖွေးပြီး ပြည့်ပြည့်တင်းတင်းလေးနှင့် မျက်နှာပြင်ပေါ်တွင် အချဉ်အနီရောင်များ စမ်းထားကာ အလွန် အရသာရှိမည့် ပုံပေါ်သည်။ ဤအခိုက်အတန့်တွင် ဝမ်ချီက ထိုပေါက်စီလုံးများနှင့် တူနေပြီး အလွန် အရသာရှိလောက်ပေမည်။


သူ။ကိုက်စားချင်စိတ်များ ဖြစ်ပေါ်လာ၏။


သို့သော်လည်း သူက ဝမ်ချီ အသည်းငယ်သည်ကို သိသောကြောင့် ဝမ်ချီ ကြောက်လန့်သွားမည်ကို စိုးရိမ်ပြီး နှလုံးသားထဲက လိုချင်တပ်မက်မှုများကို ထိန်းချုပ်လိုက်သည်။ သူ တစ်ဆင့်ချင်း သွားရန် လိုအပ်သည်။


အဆုံးသတ်တွင် ထိုကျောက်စိမ်းချောင်းက ဝမ်ချီ့ကိုယ်ထဲ ဝင်ရောက်လာလေသည်။


၎င်းကျောက်စိမ်းချောင်းက အလွန်ပိန်ပါးသောကြောင့် ဝင်ဝင်ချင်းတွင် ဝမ်ချီ မသက်မသာ ခံစားလိုက်ရသည်။


ကံကောင်းစွာဖြင့် ထိုမသက်မသာ ဖြစ်မှုက အချိန် မကြာလိုက်ဘဲ ဖြည်းဖြည်းချင်း အသားကျသွား၏။


အတွင်းခန်းထဲရှိ အလင်းရောင်က မှိန်ဖျော့နေပြီး အပြင်ဘက်ရှိ စားပွဲပေါ်တွင် မီးတိုင်နှစ်တိုင်သာ ထွန်းထား၍ မှိန်ပျပျ ဖြစ်နေသည်။


ဝမ်ချီက ရေကန်ထဲ နစ်မြုပ်နေသကဲ့သို့ ခံစားနေရပြီး အသိစိတ်က ဝေဝါးနေကာ လှိုင်းလုံးထဲ စီးမျောနေသကဲ့သို့ ခံစားနေရသည်။ သူက မျက်လုံးများကို အားစိုက်လိုက်ပြီး သူ့အပေါ်တွင် လှုပ်ခါနေသော မျက်နှာကို ကြည့်ကာ လက်မြှောက်ပြီး ထိတွေ့လိုက်သည်။


သူ့လက်ချောင်းများက မျက်နှာတစ်ဖက်ခြမ်းရှိ မီးလောင်ဒဏ်ရာများကို လိုက်စမ်းနေသည်။ ထိုမီးလောင်ဒဏ်ရာများက လွန်ခဲ့သော၅နှစ်၆နှစ်ခန့်က ဖြစ်သော်လည်း ထိတ်လန့်စရာ ကောင်းဆဲဖြစ်ပြီး ထိတွေ့ရသည်မှာလည်း အဆင်မပြေပေ။


မီးလောင်ဒဏ်ရာများ ဖုံးလွှမ်းနေသော မျက်နှာတစ်ခြမ်းနှင့် တစ်ဖက်က အပြစ်အနာအဆာ ကင်းမဲ့သော မျက်နှာတစ်ခြမ်း ယှဉ်တွဲလိုက်သော အချိန်တွင် နတ်ဆိုးတစ်ဝက် နတ်သားတစ်ဝက် ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေသည်။


ဝမ်ချီက သက်ပြင်းချလိုက်ပြီး လက်များကို အောက်ပြန်ချရန် ပြင်လိုက်သော အချိန်တွင် ရှစ်ယဲ့က သူ့လက်ကို ပြန်ဆုပ်ကိုင်ပြီး ထိုမီးလောင်အမာရွတ်များကို ထိတွေ့ခိုင်းသည်။


ရှစ်ယဲ့က အနားတိုးလာပြီး မေး၏။

“မင်း ဒီအမာရွတ်တွေကို ကြောက်လို့လား…”


ဝမ်ချီက ခေတ္တမျှစဉ်းစားပြီးနောက် ဖြေလိုက်သည်။

“ကျွန်တော် စိတ်မကောင်းသလို ခံစားရလို့ပါ…”


ရှစ်ယဲ့က ဝမ်ချီ့၏ အဖြေကို သံယောင်လိုက်လိုက်ပြီး ရယ်လိုက်ကာ လက်မခံချင်သည့်ဟန်ဖြင့် ပြောသည်။

“ရုပ်ရည်ဆိုတာ မိဘပေးထားတဲ့ အရာမို့ ငါက ရုပ်ရည်ကို ဘယ်တုန်းကမှ ဂရုမစိုက်ဘူး…”


ဝမ်ချီ တိုးတိုးတိတ်တိတ် ပြောလိုက်၏။

“ကျွန်တော်တော့ ဂရုစိုက်တယ်…”


ရှစ်ယဲ့ : "..…"


ဝမ်ချီ အထင်မှားခြင်းပေလား မသိသော်လည်း ရှစ်ယဲ့က လှုပ်ရှားမှုများကို အရှိန်ပိုထည့်လိုက်သည်။


နှစ်ယောက်သား တစ်ညလုံး ရုန်းကန်လိုက်ကြသည်။


နောက်တစ်ရက် နေ့လည်ခင်းတွင် ဝမ်ချီ နိုးလာပြီး အလွန်နာကျင်နေကာ အိပ်ရာပေါ်မှပင် မထနိုင်ပေ။ သူက လက်လှမ်းပြီး အိပ်ရာတစ်ခြမ်းကို စမ်းလိုက်သော်လည်း နွေးထွေးမှုကို မခံစားရပေ။ ရှစ်ယဲ့ မည်သည့်အချိန်တည်းက ထွက်သွားခဲ့ခြင်းကို သူ မသိလိုက်ပေ။


ဝမ်ချီက အိပ်ရာပေါ်တွင် အချိန်အတန်ကြာ လှဲနေပြီးနောက် အပြင်တွင် စောင့်ကြပ်နေသော အစေခံကို ခေါ်လိုက်ကာ အဝတ်အစား ပြင်ဆင်ခိုင်းလိုက်သည်။


၎င်းအစေခံက ထက်မြက်ပြီး ဝမ်ချီ့အတွက် ဗီဒိုထဲမှ အဝတ်ထုတ်ပေးကာ ညီညီညာညာ ခေါက်၍ အိပ်ရာအစွန်းတွင် တင်ပေးထားသည်သာမက သန့်စင်ရန်ရေကိုပင် လျင်မြန်စွာ သွားယူပေးပြီး နံနက်စာ သုံးဆောင်ရန်ပါ စီစဉ်ပေးသည်။


အိပ်ရာဘေးတွင် အချိန်ကြာမြင့်စွာ မလှုပ်မယှက် ထိုင်နေသော ဝမ်ချီ့ကို မြင်ပြီး အစေခံက မေးသည်။

“ကျွန်တော်မျိုးမ အဝတ်လဲပေးရမလား ဝမ်သခင်လေး…”


ဝမ်ချီက လျင်မြန်စွာ ခေါင်းခါလိုက်ပြီး အက်ကွဲသော အသံဖြင့် ဆိုသည်။

“မလိုဘူး… မလိုဘူး… မင်း အပြင်ထွက်တော့ ရပြီ…”


သူမက အမိန့်ကို နာခံပြီး ထွက်သွား၏။


သူမ တံခါးပိတ်သွားပြီးနောက် ဝမ်ချီက အိပ်ရာဘေးတွင်သာ ဆက်ထိုင်နေသည်။ ထို့နောက် အိပ်ရာအစွန်းတွင် တင်ထားသော အဝတ်ခေါက်ကို လှမ်းယူကာ ဖြည်းဖြည်းချင်း ဝတ်လိုက်သည်။


ညမှာ ပြင်းထန်ခဲ့သမျှ မနက်မှာ ခံရတာပဲ…


ဝမ်ချီက အားအနည်းငယ် သုံးပြီးသာ အဝတ်ဝတ်နေသော်လည်း သူ့နောက်ကျောတစ်နေရာမှ မဖော်ပြနိုင်သော နာကျင်မှုကို ခံစားနေရသည်။


သူက အဝတ်ဝတ်ရန် အချိန်ယူလိုက်ရပြီးနောက်  ကုန်းကုန်းကွကွဖြင့် စားပွဲခုံနားသွား၍ ထိုင်ချလိုက်ရာ အလွန်အမင်း မသက်မသာ ခံစားလိုက်ရသောကြောင့် မျက်မှောင်များကြုတ်လိုက်ပြီး အလျင်အမြန် ပြန်ထလိုက်ရသည်။


ဝမ်ချီ့ဘဝတွင် ပထမဆုံးအကြိမ် မတ်တပ်ရပ်ပြီး နံနက်စာ သုံးဆောင်ခဲ့ရသည်။ 


ပြောရမယ်ဆို ညနေစာ ဖြစ်နေပြီ…


တံခါးအပြင်တွင် စောင့်ဆိုင်းနေသော အစေခံက အခန်းထဲရှိ လှုပ်ရှားသံများကို ကြား၍ သုံးဆောင်၍ ပြီးမည်ဟု ခန့်မှန်းကာ တံခါးခေါက်လိုက်သည်။

“သုံးဆောင်လို့ ပြီးပါပြီလား ဝမ်သခင်လေး…”


ဝမ်ချီက ပြောသည်။

“ဝင်လာပါ…”


သူမက တံခါးဖွင့်လိုက်ပြီး အထဲသို့ ဝင်လိုက်ရာ ဗီဒိုရှေ့တွင်ရပ်၍ တံခါးကို လေးနက်စွာ ကြည့်နေပြီး အတွေးလွန်နေကာ အဝတ်အစားများကို ဖိုသီဖတ်သီ ဝတ်ဆင်ထားသည့် ဝမ်ချီ၏ ပုံရိပ်ကို ပထမဆုံး မြင်လိုက်ရသည်။ 


သို့သော်လည်း သူမက မေးခွန်းများ မမေးရဲသောကြောင့် မျက်လွှာချပြီး စားပွဲခုံနားသို့ လျှောက်သွားကာ ပန်းကန်များကို သိမ်းလိုက်သည်။


သူမ ထွက်သွားခါနီးတွင် ဝမ်ချီက ရုတ်တရက် ပြောသည်။

“ခဏနေဦး…”


သူမက ရပ်လိုက်ပြီး မေးသည်။

“ဘာအလိုရှိပါလဲ ဝမ်သခင်လေး…”


ဝမ်ချီက မျက်နှာပူသော်လည်း ရွေးချယ်စရာ မရှိဘဲ ထိုအစေခံမိန်းကလေးကို ပြောလိုက်ရသည်။

“ဒီနား ခဏလာ…”


သူမက သတိကြီးစွာဖြင့် လျှောက်လာသည်။


ဝမ်ချီက ခေတ္တမျှ တွေဝေပြီးနောက် မျက်လုံးများကို အောက်ငုံ့ကာ မျက်တောင်များက လိပ်ပြာတောင်ပံသဖွယ် တုန်ခါနေပြီး ခပ်တိုးတိုး မေးသည်။

“မင်း သန္ဓေတားဆေး ယူပေးလို့ ရမလား…”


ထိုအစေခံမိန်းကလေးက အေးခဲသွားပြီး အသိပြန်ဝင်သော အချိန်တွင် အလွန်အမင်း တုန်လှုပ်သွား၏။ 

“သခင်လေး… ဝမ်သခင်လေး ပြောတာက ကိုယ်ဝန်တားတဲ့ဆေးရည်ကို ပြောတာလား…”


“ဟုတ်တယ် အဲဒါကို ပြောတာ…”




 💮💮💮