Chapter 87
Viewers 11k

💮Chapter 87



ဝမ်ချီက ဗီဒိုအရှေ့သို့ လျှောက်သွားပြီး အကြိမ်ပေါင်းများစွာ တုံ့ဆိုင်းနေကာ ဗီဒိုကို ဖွင့်ရန် သတ္တိမရှိပေ။


သူ့၏ အတွေးထဲတွင် စိတ်နှစ်ခြမ်းကွဲကာ အတွင်းစိတ် အချင်းချင်း ရန်ဖြစ်နေကြသည်။ တစ်ယောက်က ပြောသည်။

“မင်းနဲ့ ရှစ်ယဲ့က အခုရောက်နေတဲ့ ဘဝမှာဆို လင်မယား ဆက်ဆံရေး ဖြစ်နေပြီပဲ ကြိုပြီး ကျင့်သားရအောင် ကျင့်ထားတာ မမှားပါဘူး…” 


နောက်တစ်ယောက်က ပြန်ငြင်းခုံသည်။

“ဒါပေမဲ့ ဖင်ထဲ အဲ့ ကျောက်စိမ်းချောင်းတွေ ထည့်ရမှာက အရမ်းနာမှာလေ… ဘယ်သူကများ အားနေ ကိုယ့်ဒုက္ခကိုယ်ရှာမှာလဲ…”


ထိုမေးခွန်းကို တွေးမိပြီး ဝမ်ချီက တွေဝေသွားကာ စိတ်ထဲမှ ပြန်ဖြေလိုက်သည်။

“ရှိတယ်လေ… အဲ့ဒါ မင်းကိုယ်တိုင်ပဲ မဟုတ်ဘူးလား…”


ငါ အခု အလုပ်မရှိ အလုပ်ရှာပြီး ကိုယ့်ဒုက္ခကိုယ် ရှာနေတာ မဟုတ်ဘူးလား…


ဝမ်ချီလည်း ကိုယ့်အတွေးနှင့်ကိုယ် ဆွံ့အသွားပြီး တံတွေးမျိုချလိုက်ကာ ဗီဒိုထံသို့ လှမ်းထားပြီးဖြစ်သော လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။


သူက ယခင် နေရာတွင်ပင် ခေတ္တရပ်နေပြီးနောက် စင်ပေါ်တွင် တင်ထားသော ပုဝါကို ယူလိုက်ပြီး ရေများကို သုတ်လိုက်သည်။ ထို့နောက် အင်္ကျီဝတ်ပြီး အခန်းအပြင်သို့ ထွက်လိုက်သည်။


တံခါးအပြင်ဘက်တွင် အစေခံနှစ်ယောက် ရပ်စောင့်နေကြသည်။


သူထွက်လာသည်ကို မြင်ပြီး ထိုအစေခံ နှစ်ယောက်က အလျင်အမြန် နှုတ်ဆက်သည်။

“ဝမ်သခင်လေး ဘာများ အလိုရှိပါသလဲ…”


ထိုလှပသော မိန်းကလေးငယ်လေး နှစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသော အချိန်တွင် ဝမ်ချီက အမိန့်ပေးရန် အနည်းငယ် ရှက်သွားကာပြုံးပြီး ပြောလိုက်သည်။

“အခန်းထဲက ရေစည်ကို ကူပြီး ရှင်းပေးပါလား…”


ထိုအစေခံနှစ်ယောက်က အမိန့်နာခံပြီး အခန်းထဲသို့ ဝင်သွားခဲ့သည်။


ဝမ်ချီက သူတို့ဝင်သွားသည်ကို မြင်ပြီး တိတ်ဆိတ်စွာ အောက်သို့ ဆင်းသွားလိုက်သည်။


ဝမ်ချီက လျိုတဲမှာ ပထမထပ်၏ ဘယ်ဘက်တွင် ရှိသော အခန်းတစ်ခန်းထဲတွင် နေထိုင်ကြောင်း မှတ်မိသည်။ သို့သော် အခန်းအတိအကျ သေချာမမှတ်မိလျှင်လည်း ကိစ္စမရှိပေ။ သူက အနီးစပ်ဆုံး နေရာသို့ လျှောက်သွားပြီး လျိုတဲ၏နာမည်ကို ခပ်တိုးတိုး အော်ခေါ်လိုက်သည်။


ခဏအကြာတွင် သူ့အရှေ့ဘယ်ဘက်တွင်ရှိသော အခန်း တံခါးပွင့်လာသည်။


ဖယောင်းတိုင်မီး အလင်းရောင်ဖျော့ဖျော့က ဖွင့်ထားသော တံခါးဝမှ ထွက်ပေါ်နေပြီး လျိုတဲ၏ မြင့်မားသော ကိုယ်ခန္ဓာကို ဖုံးလွှမ်းထားသည်။ လျိုတဲက တံခါးအရှေ့တွင် မလှုပ်မယှက် ရပ်နေပြီး ဝမ်ချီအရှေ့သို့ လျှောက်လာမည့် စိတ်ကူးရှိပုံ မရပေ။

“ဝမ်သခင်လေး…”


လျိုတဲ၏ မျက်နှာက အရိပ်ထဲ ရောက်နေ၍ သူ့ အမူအရာကို ဝမ်ချီက သေချာမမြင်ရသော်လည်း သူ့အသံထဲတွင်မူ ဖယ်ရှောင်လိုသော ခံစားချက် ပေါ်လွင်နေသည်။

“နောက်ကျနေပြီ ကျွန်တော့်ကို ရှာတာ ကိစ္စရှိလို့လား…”


“အစ်ကိုကြီးလျိုတဲ…”

ဝမ်ချီက ပြောပြီး ရှေ့သို့ တိုးလိုက်သည်။


လျိုတဲက ဝမ်ချီ အရှေ့တိုးလာသည်ကို မြင်ပြီး သားရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အလျင်အမြန် အနောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်လိုက်ပြီး အခန်းထဲ ပြန်ရောက်သွားသည်။


လျိုတဲက လက်ဆန့်ထုတ်ပြီး တားသည်။

“ရှေ့တိုးမလာခဲ့ပါနဲ့… ပြောစရာရှိရင် အဲ့နားကပဲ ပြောပါ…”


ဝမ်ချီက လျိုတဲ၏ တုံ့ပြန်မှုကြောင့် လန့်သွားပြီး ခြေလှမ်းများကို ရပ်လိုက်သည်။


ဝမ်ချီက ခဏစောင့်လိုက်ပြီးနောက် လျိုတဲမှာ ဆက်လက် ငြင်းဆန်ချင်ပုံ ပေါ်နေ၍ ခေါင်းကုတ်လိုက်ပြီး နားမလည်စွာဖြင့် မေးသည်။

“မင်း ဘာဖြစ်နေတာလဲ…”


လျိုတဲက လေးနက်စွာ ပြောသည်။

“ဝမ်သခင်လေး… ကျွန်တော်တို့ ညဘက်မှာ ဝေးဝေးနေသင့်တယ်၊ ဒါမှ သူများတွေ အထင်မလွဲမှာ…”


ဝမ်ချီ : …


ကောင်းပြီလေ…


သူ့မျက်ခုံးကြားရှိ အနီစက်ကို မဖုံးတော့သည့် အချိန်မှစပြီး လျိုတဲနှင့် လျိုရှန်တို့က ထူးထူးဆန်းဆန်း ပြုမူနေပြီး သူနှင့် မိုင်၁သိန်း၈သောင်း အကွာတွင် နေချင်ကြပုံ ပေါ်သည်။


သူ့ကို လျိုတဲက အနီးလာခွင့် မပေးသောကြောင့် ယခင် နေရာတွင်သာ ဆက်၍ရပ်နေလိုက်ပြီး သူ့ရည်ရွယ်ချက်ကို ပြောလိုက်သည်။

“လျိုတဲ  မင်း သင်ပေးတဲ့အတိုင်း အခြေခံလေ့ကျင့်ခန်းတွေပဲ လုပ်နေရတာလည်း အချိန်ကြာခဲ့ပြီမို့ ရလဒ် ဘယ်လိုရှိလဲ သိချင်လို့…”


လျိုတဲက ဖြေသည်။

“ဝမ်သခင်လေး… ကျွန်တော် အစက ပြောခဲ့သလိုပဲ ကိုယ်ခံပညာ သင်ယူတယ်ဆိုတာက တစ်ညတည်းနဲ့ တတ်မြောက်မဲ့ ကိစ္စမျိုး မဟုတ်ပါဘူး…”


“မင်းပြောတာလည်း မှန်ပါတယ်…ဒါပေမဲ့ ကျွန်တော် ဒီ၁၀ရက်အတွင်း တိုးတက်မှု ရှိလား သိချင်လို့ပါ၊ အဲ့ဒါမှ စိတ်ထဲ ကြိုပြင်ဆင်ထားလို့ ရမှာမို့…”

ဝမ်ချီက ထိုသို့ပြောပြီး ခဏရပ်လိုက်သည်။ 


လျိုတဲ ခံယူထားသည်က ကိုယ်ခံပညာ သင်ယူခြင်းက ဖြည်းဖြည်းချင်း အတွေ့အကြုံ လေ့လာစုဆောင်းရခြင်း ဖြစ်ပြီး အလျင်လိုမှုက စိတ်စွမ်းရည်ကို ထိခိုက်နိုင်သည်။ သူက ဝမ်ချီ၏ အလျင်အမြန် တတ်မြောက်လိုသော စိတ်ကူးကို သဘောမတူသော်လည်း ဝမ်ချီက ဆက်တိုက် တောင်းဆိုနေသောကြောင့် မငြင်းနိုင်တော့ပေ။


လျိုတဲက အနည်းငယ် တွေဝေပြီး ဝမ်ချီကို ယခုနေရာတွင် စောင့်နေရန် ပြောကာ အခန်းထဲသို့ ပြန်လှည့်ဝင်သွားပြီး တံခါးပိတ်လိုက်သည်။


လျိုတဲ အခန်းထဲမှ ပြန်ထွက်လာသော အချိန်တွင် သူ့လက်ထဲ၌ ဖယောင်းတိုင်တစ်ချောင်း ကိုင်ထားပြီး ထိုဖယောင်းတိုင်အဖြူပေါ်တွင် မီးတောက်များ ကခုန်နေသည်။


လျိုတဲက ဝမ်ချီ အနားသို့ လျှောက်လာပြီး ပြောသည်။

“ကျွန်တော့်အနောက်က လိုက်ခဲ့ပါ…”


ဝမ်ချီလည်း အနောက်မှ လျင်မြန်စွာ လိုက်သွားသည်။


သူတို့ မနက်ခင်းက လေ့ကျင့်ခဲ့သော ကွင်းပြင်သို့ ပြန်ရောက်ရှိလာပြီး ပတ်ဝန်းကျင်မှာ မည်းမှောင်နေကာ လရောင်အချို့သာ ရှိသောကြောင့် ဝမ်ချီမှာ လျှောက်လမ်းကိုပင် ခပ်ဝါးဝါးသာ မြင်နေရသည်။


သူ့အရှေ့က အလင်းရောင်မှာ အလွန် မှိန်ဖျော့နေသောကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက်နေရသည်။


ဝမ်ချီက အရှေ့မှ လျှောက်နေသာ လျိုတဲကို ကြည့်လိုက်သောအချိန်တွင် လျိုတဲက ဘေးပတ်ဝန်းကျင်ရှိ အပင်နှင့် ခြုံပုတ်များကို ရှင်းရှင်းလင်းလင်း မြင်ရပုံရပြီး တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနေသည်။


ဝမ်ချီက ကြိုးစားအားထုတ်ချင်စိတ် မရှိသော ငါးဆားနယ် တစ်ကောင် ဖြစ်သော်လည်း သိုင်းပညာ ကျွမ်းကျင်သူများကို အလွန်အမင်း အားကျသည်။


အချိန်အတန်ကြာ လျှောက်လှမ်းပြီးနောက် လျိုတဲက ကျောက်တုံးစားပွဲရှေ့တွင် ရပ်လိုက်ကာ မီးတိုင်ကို စားပွဲပေါ် လှမ်းတင်လိုက်သည်။


ဝမ်ချီက လျိုတဲဘေးသို့ အလျင်အမြန် လျှောက်သွားလိုက်ပြီး သက်ပြင်းချကာ ပြောသည်။

“အစ်ကိုကြလျိုတဲက အရမ်းတော်တာပဲ ညအမှောင်ထဲမှာတောင် လမ်းကို သေချာမြင်ရတယ်…”


လျိုတဲက အမူအရာ မပြောင်းလဲဘဲ ပြောသည်။

“ဖယောင်တိုင် မီးအလင်း ရှိနေတာပဲကို မြင်ရတာပေါ့…”


ဝမ်ချီ : …


လျိုတဲ ထိုသို့ ပြောလိုက်သည့်အခါမှ ဝမ်ချီက မီးအလင်းရောင်မှာ လျိုတဲ ခန္ဓာကိုယ်နှင့် ကွယ်နေသောကြောင့် ထိုဖယောင်းတိုင်မှ ရောင်ပြန်ဟပ်သော အလင်းရောင်ဖျော့ဖျော့ကိုသာ မြင်ခဲ့ရကြောင်း သဘောပေါက်သွားတော့သည်။


ဝမ်ချီလည်း တလွဲလုပ်မှုကြောင့် ရှက်သွားပြီး တိတ်တဆိတ် နေလိုက်တော့သည်။


ထိုအချိန်တွင် လျိုတဲက အနောက်သို့ ဆုတ်လိုက်ပြီး ဝမ်ချီ့ဘက်သို့ လှည့်ကာ ပြောသည်။

“ဝမ်သခင်လေး ကျွန်တော် တစ်နေ့က ပြောပြသွားတဲ့ လက်ဖဝါးနဲ့ အတွင်းအား ထိန်းချုပ်တဲ့ သိုင်းကွက်ကို မှတ်မိတယ်မလား…”


ဝမ်ချီက ပြောသည်။

“အင်း မှတ်မိတယ်…”


လျိုတဲက ကမ္ဘာပေါ်ရှိ သိုင်းပညာအများစုက အရှိန်လျင်မြန်မှုကို အဓိကထားပြီး ဘယ်လို သိုင်းကွက်ပင် ဖြစ်ပါစေ လျင်မြန်သော အရှိန်ဖြင့် လက်ဦးမှု ရယူနိုင်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။


လက်ဝါး သိုင်းကွက်ကလည်း (လက်ဖဝါးဖြင့် အတွင်းအား ထိန်းချုပ်သော ပညာရပ်၊ ရှစ်ယဲ့ ပြန်ပေးဆွဲသမားများကို သတ်ခဲ့သော သိုင်းကွက်လည်း ဖြစ်သည်) လျင်မြန်မှုအပေါ် အခြေခံပြီး ကောင်းမွန်သော အတွင်းအား ရှိရန် လိုအပ်သော်လည်း လေ့ကျင့်မှုက ပို၍ အဓိက ကျသည်။


လျိုတဲက လက်နှစ်ဖက်ကို ပိုက်ကာ ရပ်နေရင်း လောင်ကျွမ်းနေသော မီးတိုင်ကို မျက်စိဖြင့် ညွှန်ပြပြီး ပြောလိုက်သည်။

“မီးငြှိမ်းလိုက်ပါ…”


ဝမ်ချီက နားလည်သည့် အမူအဟန် ပြကာ ထို ဖယောင်းတိုင်နားသို့ လျှောက်သွားပြီး မီးတောက်ကို ပါးစပ်ဖြင့် မှုတ်ကာ ငြှိမ်းသတ်လိုက်သည်။


ဖယောင်တိုင်မီး ချက်ချင်း ငြိမ်းသွားသည်။


ပတ်ဝန်းကျင်လည်း မှောင်မိုက်ပြီး တိတ်ဆိတ်သွားတော့သည်။


လျိုတဲ ကိုယ်တိုင်ပါ အသံမထွက်တော့ပေ။


အချိန်အနည်းငယ်အကြာတွင် လျိုတဲထံမှ အံကြိတ်ပြီး ပြောသည့် စကားသံ ထွက်ပေါ်လာသည်။ 


“မင်းကို လက်ဝါးသိုင်းကွက်နဲ့ မီးငြှိမ်းခိုင်းတာ…ပါးစပ်နဲ့ မှုတ်ခိုင်းတာ မဟုတ်ဘူး…”


ဝမ်ချီ့ပါးနှစ်ဖက်က ရှက်ရွံ့မှုကြောင့် နီရဲလာပြီး အလျင်အမြန် ပြောလိုက်သည်။

“စိတ်မရှိပါနဲ့ အစ်ကိုကြီးလျိုတဲ… ကျွန်တော် မင်းပြောလိုက်တာကို ရုတ်တရက် သဘောမပေါက်လိုက်လို့ပါ…”


လျိုတဲက သက်ပြင်းချပြီး မီးခြစ်ကို ထုတ်၍ ဖယောင်တိုင်မီး ပြန်ညှိလိုက်သည်။ ထို့နောက် ယခင်နေရာသို့ နောက်ပြန်ဆုတ်လိုက်ပြီး ဝမ်ချီကို မေးမော့ပြကာ ပြောသည်။

“ဆက်လုပ်ပါ…”


ဝမ်ချီက ခပ်တိုးတိုး မေးသည်။

“ကျွန်တော်ရော နောက်ဆုတ်ဖို့ လိုလား…”


လျိုတဲက ဝမ်ချီ၏ စွမ်းရည်ကို သိသောကြောင့် ခေါင်းခါလိုက်ပြီး ပြောသည်။

“မလိုဘူး…”


ဝမ်ချီက အသက်ပြင်းပြင်းရှူကာ မနက်ခင်းပိုင်းက လေ့ကျင့်ထားသကဲ့သို့ ဖယောင်းတိုင်မီးကို အတွင်းအားဖြင့် ရိုက်ချလိုက်သည်။


မနက်ခင်းက ဝမ်ချီ သူ့ဘေးတွင် ရှိသော သစ်ရွက်များနှင့် လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ထိုသစ်ရွက်များနှင့် ယှဉ်ပါက ဖယောင်းတိုင်က ပို၍ လွယ်ကူမည့်ပုံ ပေါ်သည်။


ညခင်းပိုင်းတွင် လေက အလွန်တိုက်ခတ်နေပြီး ဖယောင်းတိုင် မီးတောက်မှာ အချိန်မရွေး ငြိမ်းသွားလုနီးပါး လှုပ်ခါနေသော်လည်း လေတိုက်နှုန်း မည်မျှ ပြင်းပါစေ ငြိမ်းမသွားဘဲ ဇွဲလုံ့လရှိရှိ တောင့်ခံနေသည်။ 


ထိုနည်းတူစွာပင် ဝမ်ချီ မည်မျှပင် ကြိုးစားသည်ဖြစ်စေ မီးတောက်က ငြိမ်းမသွားပေ။


နာရီဝက်နီးပါး အားထုတ်ပြီးနောက် ဝမ်ချီ မောပန်းနွမ်းနယ်လာပြီး ဖယောင်တိုင်မှာလည်း တစ်ဝက်ပင် ကျိုးနေပြီဖြစ်သည်။


သူက နဖူးမှ ချွေးကို သုတ်လိုက်ပြီး ခေါင်းကို လှည့်လိုက်ကာ သူ့နောက်တွင် ငြိမ်သက်နေသော လျိုတဲကို ကြည့်ပြီး ပြောသည်။

“အစ်ကိုကြီးလျိုတဲ ဒါက အရမ်း ခက်တာပဲ…”


လျိုတဲက မည်သည်မျှ မတုံ့ပြန်ဘဲ လက်ကိုမြှောက်ကာ လက်ဖဝါးစောင်းဖြင့် လေထဲကို ရိုက်ချလိုက်သည်။ ဝမ်ချီက လျိုတဲ လက်ဖဝါးမှ အတွင်းအားများ ထွက်လာသည်ကို ထင်ထင်ရှားရှား ခံစားလိုက်ရသည်။ ထိုအတွင်းအားများက ဖယောင်းတိုင်ကို တည့်တည့် သွားထိသည်။


ထို့နောက် ချက်ချင်းပင် မီးတောက်မှာ ငြိမ်းသွားတော့သည်။


လျိုတဲက အေးစက်သော လေသံဖြင့် ပြောသည်။

“ဝမ်သခင်လေး မင်း ထပ်လေ့ကျင့်ဖို့ လိုသေးတယ်… မလောပါနဲ့ …”


ဝမ်ချီလည်း အချိန်အတန်ကြာ တိတ်ဆိတ်နေပြီး ကောင်းပြီဟု တိုးညှင်းစွာ ပြောလိုက်သည်။


လျိုတဲကို နှုတ်ဆက်ပြီးနောက် အပေါ်ထပ် လှေကားများကို စိတ်ပျက်လက်ပျက်ဖြင့် တက်ကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။


အစေခံများက အခန်းထဲရှိ သစ်သားရေစည်နှင့် သစ်သားစင်ကို ရှင်းလင်းပေးထားပြီး စားပွဲခုံပေါ်တွင်လည်း မုန့်အသစ်များ တင်ပေးထားသည်။


ဝမ်ချီက စားပွဲရှေ့သို့ လျှောက်သွားပြီး မုန့်များကို ကြည့်လိုက်သော်လည်း စားချင်စိတ် ဖြစ်ပေါ်မလာပေ။


ယခင်ကမူ သူက အတွင်းအား စွမ်းရည်နှင့် ပတ်သက်ပြီး စိတ်ဒုက္ခ ရောက်ရလိမ့်မည်ဟု မထင်ထားပေ။ ယခုတွင်မူ သူ့၏ ညံ့ဖျင်းမှုအတွက် စိတ်သောက ရောက်နေရသည်။


သို့သော်လည်း ထိုဝမ်းနည်းမှုက ကြာရှည်မခံဘဲ စိတ်လျှော့လိုက်ကာ ပေါ့ပေါ့ပါးပါး ဖြင့် ဗီဒိုရှေ့သို့ လျှောက်သွားပြီး ဗီဒိုတံခါးကို ချောချောမွေ့မွေ့ ဖွင့်လိုက်သည်။


ငါ တကယ် အစွမ်းကုန် ကြိုးစားခဲ့တာပဲ…


မဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ…


ဝမ်ချီက ဗီဒိုထဲမှ သေတ္တာဘူးကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်ကာ စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သည်။


၎င်းသေတ္တာဘူးက ယခင်ကကဲ့သို့ ပုံမပျက်ဘဲ အထဲမှ အခြားပစ္စည်းများလည်း မယိုမယွင်း ရှိနေဆဲဖြစ်ပြီး အဖြူရောင်ကြွေဘူးမှာမူ စက္ကူအခေါက်ထဲတွင် ပစ်စလတ်ခ ထိုးထည့်ခြင်း ခံထားရသည်။


ဝမ်ချီက ၎င်းအဖြူရောင်ကြွေဘူးကို ထုတ်ပြီး သေတ္တာဘူးဘေးတွင်ထားကာ ဗာဒံစေ့ မျက်လုံးများဖြင့် စူးစိုက်ကြည့်နေပြီး ပါးနှစ်ဖက်လုံး နီရဲလာသည်။


သူက ခဏတာ စိုက်ကြည့်ပြီးနောက် ဘူးထဲမှ အပိန်ပါးဆုံး ကျောက်စိမ်းချောင်းကို ရွေးထုတ်လိုက်သည်။ ၎င်းက အပါးဆုံး ဖြစ်သော်လည်း လက်ညှိုးနီးပါးအထူ ရှိသည်။


ထိုကျောက်စိမ်းချောင်းကို လက်ထဲတွင် ကိုင်ထားလိုက်သောအခါ ၎င်း၏ အေးမြမှုများက အရေပြားမှ တဆင့် အာရုံခံသွေးကြောများထံသို့ စီးဆင်းသွားသည်။ သို့သော်လည်း အချ်ိန် အနည်းငယ် အကြာတွင် ထိုအေးစက်မှုများ နေရာ၌ နွေးထွေးမှုက အစားထိုး ဝင်ရောက်လာသည်။


သူ ထိုကျောက်စိမ်းကို တင်းတင်းကြပ်ကြပ် ကိုင်ထားလေလေ ပို၍ နွေးလာလေလေ ဖြစ်သည်။


ဝမ်ချီက ကမ္ဘာသစ်တစ်ခု ရှာဖွေတွေ့ရှိသွားသကဲ့သို့ ထိုပစ္စည်းက ထူးခြားလွန်းသည်ဟု ခံစားလိုက်ရသည်။ သူက ထိုကျောက်စိမ်းချောင်းနှင့် အချိန်အတန်ကြာ ကစားလိုက်ပြီး မူလရည်ရွယ်ချက်ကို ပြန်သတိရသွားသော အချိန်တွင် အမူအရာက လေးနက်သွားတော့သည်။


ဒီကျောက်စိမ်းချောင်းတွေကို ဘယ်လိုစပြီး သုံးရမလဲဆိုတာ ငါ တကယ် မသိဘူး…


ဝမ်ချီက အဖြူရောင်ကြွေဘူးကို ဖွင့်လိုက်ပြီး လက်ချောင်းများဖြင့် ချောဆီ အနည်းငယ်ယူလိုက်သည်။


ထိုချောဆီက အေးမြနေပြီး ထိတွေ့ရသည်မှာ သက့်သောင့်သက်သာ ရှိလှသည်။


သူက ဂရုတစိုက်ဖြင့် ကျောက်စိမ်း၏ အစွန်းတစ်ဖက်ကို ချောဆီ သုတ်လိမ်းလိုက်သည်။ ထိုကျောက်စိမ်းက သူ့ခန္ဓာကိုယ်နှင့် သက်ဆိုင်နေသောကြောင့် လက်လွတ်စပယ် မပြုမူရဲပေ။


သေချာနှံ့နေသည်အထိ သုတ်လိမ်းပြီးနောက် ဝမ်ချီက ၎င်းကျောက်စိမ်းချောင်းကို တွန့်ကြေနေသော စာရွက်ပေါ်တွင် ပြန်တင်လိုက်သည်။


နောက်ထပ် ဆက်လုပ်ရမှာက …


ဝမ်ချီက ကိုယ့်ကိုယ်ကိုယ် မျက်နှာပြောင်ပြီး အရှက်မဲ့သည်ဟု ထင်ထားသော်လည်း ခေါင်းထဲတွင် ထိုညစ်ပတ်သော ကိစ္စများ တွေးလိုက်မိသည်နှင့် မျက်နှာတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ ပူလောင်လာတော့သည်။


သူက ပူအိုက်နေပြီး အသက်ရှူသံများမှာပင် ပူလောင်နေသည်။


ပထမဆုံးအကြိမ် ထိုကိစ္စမျိုး ပြုလုပ်ခြင်း ဖြစ်သောကြောင့် အလွန် စိတ်လှုပ်ရှားနေပြီး ဘောင်းဘီချွတ်သည့် လက်များပင် တုန်ယင်နေကာ အတွင်းဘောင်းဘီကို ဆွဲချွတ်မရ ဖြစ်နေသည်။


ညတာရှည်သောကြောင့် ဝမ်ချီတွင် အပေါဆုံးက အချိန်ဖြစ်ပြီး ဘောင်းဘီကို ဖြည်းဖြည်းချင်း ချွတ်ကာ ချောဆီကို ခက်ခက်ခဲခဲ သုတ်လိမ်းလိုက်သည်။


သူက အဆင်သင့်ပြင်ကာ ကုန်းထားပြီး ကျောက်စိမ်းချောင်းကို ထည့်တော့မည့်အချိန်တွင် သူ့မျက်စိထဲတွင် အရိပ်တစ်ခုကို မဝိုးတဝါး မြင်လိုက်ရသည်။


ဤအခန်းက မကျယ်ဝန်းသော်လည်း အတွင်းခန်းနှင့် အပြင်ခန်းဟု ခွဲထားပြီး အတွင်းခန်းတွင် အိပ်ရာ၊ မှန်တင်ခုံနှင့် ပရိဘောဂအချို့ရှိပြီး အပြင်ခန်းတွင်မူ စားပွဲနှင့် ကုလားထိုင်များ ထားထားသည်။ အတွင်းခန်းနှင့် အပြင်ခန်းကြားတွင် ပါးလွှာသော အဖြူရောင်ခန်းဆီးရှိပြီး အခန်းနှစ်ခုကို ပိုင်းခြားထားသော်လည်း အလင်းရောင်ကို လုံလုံလောက်လောက် မတားဆီးနိုင်ပေ။


သာမန်အချိန်တွင် ဝမ်ချီက အဝင်အထွက် မကြာခဏ လုပ်သောကြောင့် ထိုခန်းဆီးကို ဖယ်ရသည်က အလုပ်ရှုပ်သည်ဟု ထင်ပြီး ၎င်းကို လိပ်ချည်ထားသည်။


သို့သော်လည်း ယခုတွင်မူ ၎င်းခန်းဆီးမှာ ပြန်ပြေကျနေသည်။ သူ အစက သတိမထားမိခဲ့ပေ။ ယခု ၎င်းဘက်သို့ ကြည့်လိုက်သော အချိိန်မှသာ သူ့အိပ်ရာဘေးတွင် လူတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသည်။


ထိုလူ့ ပုံရိပ်ကို သေချာပြန်ကြည့်လိုက်သော အချိန်တွင်


တကယ်ကို ရှစ်ယဲ့ပဲ…


ရှစ်ယဲ့က ဘာလို့ ဒီမှာ ရှိနေတာလဲ…


ဘယ်တုန်းတည်းက ရောက်နေတာလဲ…


ဝမ်ချီက ခဏတာကြောင်အသွားပြီး ရှစ်ယဲ့ အခန်းထဲတွင် ရှိနေကြောင်း နားလည်သွားသော အချိန်တွင် တုန်လှုပ်ရမည်လား ကြောက်ရွံ့ရမည်လားကို သေချာ မသိတော့ဘဲ မျက်နှာပေါ်တွင် သွေးရောင်များ မရှိတော့ကာ ဖြူဖျော့သွားသည်။


သူ့ခေါင်းထိပ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ အလွန်တုန်လှုပ်သွားပြီး လက်များ တုန်ယင်နေကာ အထဲသွင်းရန် ပြင်နေသော ကျောက်စိမ်းချောင်းနှင့် ထိုးမိသွားပြီး နာကျင်လွန်း၍ အော်ဟစ်လုနီးပါး ဖြစ်သွားသည်။


ထိုအချိန်တွင် အိပ်ရာဘေး၌ ထိုင်နေသော ရှစ်ယဲ့က ထရပ်ပြီး သူ့ထံသို့ လျှောက်လာသည်။


 

💮💮💮