အပိုင်း ၂၇
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၂၇ - မီးရောင်အောက်မှာ ချိန်းတွေ့ခြင်း။




 စုယွဲ့က ဟန်အိမ်တွင်နေထိုင်ခဲ့သည်။ ဟန်အိုက်ကောမှလွဲ၍ အပျော်ရွှင်ဆုံးအမျိုးသမီးမှာ အဘွားကြီး ဟန် ဖြစ်သည်။ သူမက ဘာမှပြန်မပြောပေမာ့် သူမစိတ်ထဲတွင် အလွန်ပျော်ရွှင်နေသည်။ အဝတ်စချုပ်နေသည့်အခါတွင် သူမ မထိန်းနိုင်ဘဲ ညည်းတွားမိသည်။ သူသည် သေတ္တာအောက်မှ ဂျုံဖြူကို ယူကာ ကြေငြာခဲ့သည်။ “ဒီည ဂျုံဖြူ ဖက်ထုပ် စားရအောင်” 


 ဂျုံဖြူ ဖက်ထုပ်သည် တရုတ် နှစ်သစ်ကူး ကာလအတွင်းသာ စားကြသည်။ ယခု နှစ်သစ်ကူး အားလပ်ရက်တွင် ဖက်ထုပ် များ ရုတ်တရက် စားသုံးမည်ဖြစ်ကြသဖြင့် မိသားစုတစ်စုလုံး အံ့သြသွားကြပြီး အထူးသဖြင့် ကလေး လေးယောက်သည် စိတ်လှုပ်ရှား စွာ အားပေးလာကြသည်။


 မစ္စစ် ဟန်က ပြောခဲ့သည်။ “ဒုတိယချွေးမ ကြက်သွန်မြိတ်တွေ သွားလှီး၊ တတိယချွေးမ၊ မုန့်စိမ်းကို ဆုပ်နယ်ပြီး ဖက်ထုပ်ရွက်လုပ်။ ပြီးသွားရင် ငါတို့ ဖက်ထုပ်တွေ အတူတူ လုပ်မယ်"


 ဟန်ဒုတိယချွေးမနှင့် ဟန်တတိယချွေးမသည် ကမန်းကတန်းထကာ အလုပ်သွားလုပ်ခဲ့သည်။ ညဘက် ဖက်ထုပ်စားဖို့ စိတ်ကူးထားတဲ့အခါ အားလုံးက စိတ်အားထက်သန်ကြသည်။


 စုယွဲ့က ဒီနေ့ တစ်နေကုန် ထမင်းချက်မစားရတာကြောင့် အမှတ်လည်း မရခဲ့ပေ။ ဖက်ထုပ်ချက်ချင်တယ်လို့ကြားတော့ မျက်လုံးတွေ တောက်ပလာပြီး ပြောခဲ့သည်။“ဒေါ်ဒေါ် နောက်မှာ ဖက်ထုပ်လုပ်ကူမယ်။  ဖက်ထုပ် လုပ်ဖူးတယ်။”


 ဖက်ထုပ်တွေ အရသာရှိ၊ မရှိရဲ့ အဓိကအချက်က ဖြည့်စွက်စာတွေကို ကြည့်ဖို့ပဲ။ အဘွားကြီး ဟန်က စုယွဲ့  လက်ရာကောင်းတာကို သိတဲ့အတွက် သူမ သဘောတူလိုက်သည်။ "ရှောင်စု သမီးက လက်ရာကောင်းတယ်။ သမီးလုပ်ထားတဲ့ ဖက်ထုပ်အစာတွေက ပိုကောင်းပြီး အရသာရှိလိမ့်မယ်။ သမီးက အရမ်း ယဉ်ကျေးတာပဲ ဒီည ဖက်ထုပ်အစာတွေကို မင်းအတွက် ထားခဲ့လိုက်မယ် "


 စုယွဲ့က သူမလက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။ "ဒေါ်ဒေါ်၊ အနာဂတ်မှာ ဒေါ်ဒေါ့်အိမ်မှာ နေရမှာ။ ဒေါ်ဒေါ့်မှာ အလုပ်ရှိရင် သမီးကို တိုက်ရိုက်ပြောပါ"


 စကားပြောပြီးနောက် စုယွဲ့က သူမအင်္ကျီလက်များကို လှန်ကာ လက်ဆေးပြီး မီးဖိုချောင်သို့ ဖြည့်စွက်စာများပြင်ဆင်ရန် သွားခဲ့သည်။ ယေဘုယျအားဖြင့်ပြောရလျှင် ဖက်ထုပ်များတွင် အဆီပါးပါးနှင့် အသားအနည်းငယ်ထည့်ခြင်းသည် အကောင်းဆုံးဖြစ်သော်လည်း ယခုအခါ အသားမရှိတော့သောကြောင့် သက်သက်လွတိသာ လုပ်နိုင်သည်။ အရသာအတွက် စုယွဲ့ပ ကြက်ဥအနည်းငယ်ကို ထုတ်ကာ ဒယ်အိုးထဲတွင် မွှေကြော်ခဲ့သည်။ ထို့နောက် လှီးထားသော ကြက်သွန်မြိတ်များနှင့် ရောမွှေကာ အသီးအနှံများကို ထည့်ပြီး အနံ့မွှေးလာစေရန် မွှေပေးခဲ့သည်။


 ဟန်မိသားစုသည် ဆီထည့်ရန် ဝန်လေးမည်ကို စိုးရိမ်သဖြင့် စုယွဲ့က သူမယူလာခဲ့သော နှမ်းဆီများကို ထုတ်ယူပြီး နှမ်းဆီတစ်ဇွန်း ထည့်လိုက်ချိန် ဖက်ထုပ်အဆာများက ချက်ချင်းမွှေးလာပြီး ဆီများထွက်လာကာ ကြည်လင်သွားပုံပင်။ 


 စုယွဲ့က ဖက်ထုပ်အစာများ ချက်ပြီးသောအခါ ဟန်၏တတိယဇနီးကလည်း မုန့်စိမ်းနှယ်နေခဲ့သည်။ ထို့ကြောင့် သူမက ဟန်ဒုတိယဇနီးနှင့် ဖက်ထုပ်ရွက်များ လှိမ့်ကူလိုက်သည်။ 


 စုယွဲ့က ပြီးသွားသော ဖက်ထုပ်အစာကို စားပွဲပေါ်သို့ ယူလာချိန် မွှေးရနံ့များ ပျံ့လွင့်သွားသည်။ ဟန်အိုက်မင်က အနီးကပ် ရှူရှိုက်ရင်း ပြောခဲ့သည်။ "အစ်မစုယွဲ့၊ ဖက်ထုပ်က အရမ်းမွှေးနေတာပဲ။ မချက်ခင်ကတာင် မွှေးရနံ့ကို ခံစားနိုင်တယ်"


 စုယွဲ့က ပြုံးပြီး ပြောခဲ့သည်။"ဒါဆို မင်း မြန်မြန်ထုပ်။ ဖက်ထုပ် စောစောစားရအောင်" 


 "ကောင်းပြီ။ ကျွန်တော့်ကိုကြည့်ထား။" ဟန်အိုက်မင်က ဖက်ထုပ်လုပ်ရန် အဆင်သင့်ဖြစ်နေသည်။ စုယွဲ့ လက်ထဲမှ အလွန်နာခံသော ဖက်ထုပ်များက သူလုပ်လိုက်ချိန်မှာ မနာခံဘူးလို့ ဘယ်သူသိမှာလဲ။ ဖတ်ထုပ်အစာတွေ အရမ်းပြည့်နေပြီး ကွဲသွားခဲ့သည်။


 ဟန်အိုက်မင်က အကြိမ်ကြိမ် ဆက်တိုက် ညှစ်သော်လည်း ပျက်စီးသွားသည်။


 အဘွားကြီး ဟန်က စိတ်ဆင်းရဲပြီး သူ့ကို အမြန်မောင်းထုတ်ကာ ဖက်ထုပ် ထုပ်ဖို့ တားမြစ်လိုက်သည်။ "မင်းကို ဒီအတိုင်း လွှတ်ထားရင် ငါ့ဖက်ထုပ်တွေ ပျက်စီးသွားလိမ့်မယ်။ မင်းတူတွေကို ခေါ်သွား။ ဒီမှာ ပြဿနာ လာမလုပ်နဲ့”


 ဟန်အိုက်မင်က အလွန်စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငုံ့ကာ ထွက်ခွာခဲ့ရသော်လည်း လူတိုင်းကို ပျော်ရွှင်စေခဲ့သည်။


 ဟန်လောင်အာ့နဲ့ ဟန်လောင်စန်းက ဟန်အိုက်မင်ထက်  အနည်းငယ် ပိုသန့်ရှင်းသော်လည်း ၎င်းတို့မှာ တစ်ခုတည်းသာဖြစ်သည်။ စုယွဲ့က ဖက်ထုပ်ငါးထုပ်ကို ပြုလုပ်ခဲ့သော်လည်း နှစ်ခုမှာ မပြုလုပ်ရသေးပေ။ ၎င်းတို့လုပ်ထားသော ဖက်ထုပ်များသည် ထူးဆန်းပြီး ရုပ်ဆိုးကာ ကြီးနေခဲ့သည်။ အဘွားကြီးဟန်က ဒေါသတကြီးနဲ့ နောက်ဆုံးတော့ တခြားအလုပ်တွေကို လုပ်ခွင့်ပေးလိုက်သည်။


 နောက်ဆုံးတွင် စုယွဲ့၊ အဘွားကြီး ဟန်နဲ့ ဟန်အိုက်ကောသာ ထိုနေရာတွင် ကျန်ခဲ့သည်။


 မထင်မှတ်ပဲ ဟန်အိုက်ကောက အရပ်ရှည်ပြီး ထုံထိုင်းတဲ့ ကောင်လေး ဖြစ်ပေမယ့် လှမ်းကြည့်လိုက်ချိန်တွင် ဖက်ထုပ်တွေက အရမ်းသပ်သပ်ရပ်ရပ်နဲ့ အရမ်းကြည့်ကောင်းသည်။ သူတို့က အဘွားကြီး ဟန်နဲ့ တန်းတူဖြစ်ပြီး ဘယ်မှာ သင်ယူလာမှန်းမသိဘူး။


 စုယွဲ့က သူမလက်ကို ကိုင်ခဲ့တဲ့ သူ့လက်ကို စိုက်ကြည့်နေခဲ့သည်။


 သူမရဲ့ စပ်စုချင်စိတ်ကို မြင်လိုက်ရသလိုပဲ ဟန်အိုက်ကောက ပြောလာခဲ့သည်။  “စစ်တပ်မှာ သင်ယူခဲ့ဖူးတယ်။ တစ်ခါတလေ နှစ်သစ်ကူးမှာ ဖက်ထုပ်လုပ်ဖို့အတွက် ဟင်းချက်သင်တန်းတက်ရတယ်။ စစ်သည်တွေထဲက ဖက်ထုပ်လုပ်နိုင်တဲ့သူတွေ ပြိုင်ကြတယ်။”


 စုယွဲ့က သူ့ကို ကြည့်ပြီး စိတ်ထဲကနေ တိတ်တိတ်လေး ပြုံးလိုက်သည်။


 မဆိုးပါဘူး၊ သင်ပေးလို့ရတယ်။


 စုယွဲ့၏ ပါဝင်မှုကြောင့် ဖက်ထုပ်များကို အလွန်လျင်မြန်စွာပြုလုပ်နိုင်ခဲ့ပြီး အချိန်တိုအတွင်း ချက်ပြုတ်နိုင်ခဲ့သည်။ ပူနွေးသော ဖက်ထုပ်များသည် အိုးထဲမှ ထွက်လာပြီး မွှေးရနံ့များ ပြည့်နှက်နေသည်။ ကလေးငယ်များက ပန်းကန်ထဲတွင် ၎င်းတို့၏မျက်နှာများကို မြှုပ်ထားရန် မစောင့်နိုင်တော့ပါ။


 ဟန်၏တတိယဇနီးဖြစ်သူ စုယွဲ့ကို လက်မထောင်ပြပြီး ပြောခဲ့သည်။ "ပညာတတ် လူငယ်စုရဲ့ ဂျုံဖြူ ဖက်ထုပ်က အကောင်းဆုံးလို့ ထင်တယ်။ အစောက ပညာတက် လူငယ်စု လုပ်ထားတဲ့ ဂျုံဖြူ ဖက်ထုပ်ကို စားပြီးသွားပြီ။ ဘယ်လောက်အရသာရှိလဲဆိုတာ သိသွားတယ်။ ပညာတက်လူငယ်စု လုပ်တဲ့ အစာနဲ့ ငါတို့ လုပ်တဲ့ဟာက ကွဲပြားတယ်။ ပညာတက်လူငယ်စုရဲ့ သက်သတ်လွတ် ဖြည့်စွက်စာက ငါတို့ အသားဖြည့်တာထက် ပိုအရသာရှိတယ်။"


 ဟန် ဒုတိယချွေးမကလည်း ပြောလာခဲ့သည်။ "ဒါက လက်ရာရဲ့ ပြဿနာပါ။ ပညာတက် လူငယ်စုက အစစအရာရာ တော်တယ်။ ငါတို့မှာ အဲဒီ လက်ရာ မရှိဘူး။ ဒါကြောင့် ငါတို့ လုပ်တဲ့အခါ အရသာ မကောင်းဘူး"


 ချက်ပြုတ်ခြင်းသည် တစ်ဦးချင်းစီအပေါ် အမှန်တကယ် မူတည်သည်ဟု လူတိုင်းက သဘောတူထားသည်။


ဤအချိန်တွင်၊ ရင်းနှီးသော စနစ်အသံကထွက်ပေါ်လာသည်။ - " ဂုဏ်ယူပါတယ် Host။ ဖက်ထုပ်က C အဆင့်သတ်မှတ်ခံရပြီး ဆယ်မှတ်ရရှိပါတယ် "

 


 စုယွဲ့ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ ဆယ်မှတ်ရဖို့အတွက် ဖက်ထုပ်ကို ဒုက္ခခံပြီး ပြုလုပ်ခဲ့ရသည်။ ဒါပေမယ့် အသား လုံးဝ မရှိတာကြောင့် အံ့သြစရာ မဟုတ်ပေ။ ကြက်သွန်မြိတ်နဲ့ ဥတွေပဲပါပြီး ဆယ်မှတ်ရ ကောင်းမွန်သည်။ အသားသာရှိရင် ဆယ်မှတ်ထက် ပိုရလိမ့်မည်။


 စုယွဲ့က အပြင်ဘက်တွင် အုံ့ဆိုင်းနေသော မိုးကို ကြည့်လိုက်တော့ မိုးက ခဏရပ်သွားပုံမပေါ်ပေ။ ဤကာလအတွင်းတွင် တပ်မဟာမှ အဖွဲ့ဝင်များကို အလုပ်သွားခွင့်မပြုဘဲ တပ်မဟာမှ အဖွဲ့ဝင်များကို အားလပ်ရက်ပေးသည်နှင့် ညီမျှသည်။ ဟုတ်တယ်၊ မှန်တယ်၊ ဒါကသူမအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီးနောက်ဆုံးမှာ သူမချက်ပြုတ်စားသောက်ဖို့အခွင့်အရေးတွေအများကြီးရခဲ့ပြီပင်။


 အရသာရှိသော အစားအစာများပြုလုပ်ရန် ဤရက်အနည်းငယ်ကို အခွင့်ကောင်းယူပါက၊ သူမအမှတ်များ လျင်မြန်စွာ တက်လာနိုင်ပြီး၊ ၎င်းကို မြို့တွင်း၌ ရောင်းချခြင်းဖြင့် ချမ်းသာနိုင်သည်။


 ဒီလိုပဲ လုပ်ရမည်။ ညစာစားပြီးတဲ့အခါ စုယွဲ့က အဘွားကြီး ဟန်ကို ပြောခဲ့သည်။ "ဒေါ်ဒေါ်၊ အခုလူတိုင်း အလုပ်သွားစရာမလိုတော့ဘူး။ အချိန်ရှိနေတော့ စားစရာတွေ ချက်ပြီးရောင်းဖို့ စီစဉ်နေတယ်။"


 အဘွားကြီး ဟန်အ ခြွင်းချက်မရှိ ထောက်ခံခဲ့သည်။ "ကောင်းပြီ၊ မင်း အဒေါ်တို့ကို ဘာကူညီပေးချင်လဲ ပြောရုံပဲ။ ငါတို့မှာ မိသားစုဝင်တွေ အများကြီးရှိတယ်။ မြန်မြန်လုပ်နိုင်တယ်” 


 စုယွဲ့ - "ဒီတစ်ခါ ကျွန်မအတွက် မီးညှိမယ့်သူမရှိဘူး။ ကျွန်မအတွက် မီးညှိဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးလို့ရတယ်"


 အဘွားအိုက ရိုးရိုးရှင်းရှင်းပဲ ပြောချင်ခဲ့တာ။ သူတို့အိမ်က လူတိုင်း မီးညှိချင်ပေမယ့် သူမ နှုတ်ခမ်းတွေဆီ ရောက်သွားတဲ့အခါ မျိုချလိုက်ရသည်။ သူမက ဟန်အိုက်ကောဆီ တစ်ချက်ကြည့်ပြီး ပြောခဲ့သည်။ "ကျန်တဲ့သူတွေက အလုပ်ရှုပ်နေကြတာ။ အဆဒါ်တို့ အိုက်ကော ကူညီရင်ကော ဘယ်လိုလဲ။ မီးညှိဖို့ သူ့ကို ပြောလိုက်ပါ။ " 


 ဟန်၏တတိယချွေးမသည် မီးညှိရန် စေတနာ့ဝန်ထမ်းလုပ်ကာ စုယွဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိချင်သော်လည်း အဘွားကြီးဟန်၏ စကားကြောင့် အတားအဆီးခံရမည်ဟု သူမ မမျှော်လင့်ထားဘဲ မြှောက်တော့မယ့်လက်ကို ပြန်ချခဲ့ရသည်။ 


 စုယွဲ့က သူမကိုကြည့်နေတဲ့ ဟန်အိုက်ကောကို ကြည့်ပြီး အဘွားကြီးဟန်ကို ကြည့်လိုက်သည်။ 'နောက်ဆုံးတော့ ဒီအမျိုးသမီးက တစ်ခုခုကို တကယ်သိပြီး သူမတို့ကို အခွင့်အရေးပေးနေတာ သေချာသွားပြီ။'


 စုယွဲ့က မငြင်းခဲ့ပေ။  မျက်နှာပြင်ပေါ်တွင် ပုံမှန်အမူအရာ ဟန်ဆောင်ထားသော ဟန်အိုက်ကောအား ယဉ်ကျေးစွာပြောခဲ့သည်။ - "ဒါဆို အစ်ကိုကြီး ဟန်ကို နှောက်ယှက်လိုက်မိပြီ။"


 ဟန်အိုက်ကော မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာပြီး သူမနှင့် ပူးပေါင်းကာ ပြောခဲ့သည်။ "ဒုက္ခမရှိပါဘူး" 


 သူတို့နှစ်ယောက်က မီးဖိုချောင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကာ လူတိုင်း၏ အကြည့်ကို ချန်ထားခဲ့ပြီး သူမက စပြောခဲ့သည်။  


 ဟန်အိုက်ကောက ရယ်မောကာ စုယွဲ့၏ ပြုံးနေသော မျက်နှာကို အလွန်ညင်သာသော အမူအရာဖြင့် ပြောခဲ့သည်။ "မင်း ကိုယ့်မိသားစုကို မပြောပြချင်ဘူးလား"


 စုယွဲ့က မျက်နှာချင်းဆိုင် တွေ့ဆုံမှုများ ပြုလုပ်နေစဉ်တွင် သူ့ကို တမင်တကာ လှောင်ပြောင်ခဲ့သည် - "ရှင့်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်။ ရှင့်ခြေထောက်တွေ မကောင်းရင် ကျွန်မကို တွန်းထုတ်နေဦးမယ်။ အခု ကျွန်မ ဘယ်လောက် မျက်နှာပျက်နေမယ်ဆိုတာ လူတွေကို သိအောင်လုပ်ရမှာလား။"


 ဟန်အိုက်ကောက ချက်ချင်းလက်မြှောက်ပြီး ပြောခဲ့သည်။"ကောင်းပြီ၊ ကောင်းပြီ အနာဂတ်မှာ ကိုယ်ကောင်းကောင်းနေမယ်။ မင်း လူတွေကို သိစေချင်တဲ့အခါတိုင်း ကိုယ်တို့ပြောပြီး မင်းစကားကို နားထောင်မယ်။"


 “ဒါက လှပတဲ့ သဘောတူညီမှုပဲ” စုယွဲ့က သူ့ကို စိုက်ကြည့်ကာ မေးခဲ့သည်။ “အဒေါ်က ကျွန်မတို့အကြောင်း သိတာလား။ အဒေါ်က ကျွန်မကို မြင်တဲ့အခါ နည်းနည်းလွဲနေတယ်လို့ အမြဲထင်ခဲ့တာ။  ပြီးတော့ သူမက ကျွန်မတို့အတူနေဖို့ အခွင့်အရေးကို တမင်ဖန်တီးနေပုံရတယ်။”


 ဟန်အိုက်ကောက သူ့ခေါင်းကို ကုတ်ရင်း ပြောခဲ့သည်။ "ကိုယ့်အမေက အဲဒါကို မြင်တာကြာပြီ။ သူမက မင်းကို အမြဲတမ်း သဘောကျနေပြီး အရင်ထဲက မင်းကို ကိုယ်နဲ့ တွဲစေချင်ခဲ့တာ။ နောက်ပိုင်းမှာ သူမသိသွားတော့... သူမက အပျော်ဆုံးပဲ"


 “အဒေါ်က ကျွန်မတို့ကို တွဲပေးဖို့ စဉ်းစားနေသေးတာလား” ထိုအခါကို စုယွဲ့က မမျှော်လင့်ထားခဲ့ပေ။


 ဟန်အိုက်ကောက သူ့မိခင်ကြီး လုပ်နေသည့်အရာသည် အနည်းငယ် ရှက်စရာကောင်းနေသေးသည်ကို သတိရမိသည်။ သူ့အမေက စုယွဲ့ကို အိမ်မှာစားဖို့ အမြဲခေါ်လေ့ရှိပြီး အခွင့်အရေး ဖန်တီးရန်အတွက် စုယွဲ့ကို သူတို့အိမ်သို့ လာစားခွင့်ပေးရန် သဘောတူခဲ့သည်။ မမျှော်လင့်ဘဲ အဘွားကြီးရဲ့ သဘောအတိုင်း တကယ်ဖြစ်လာပြီး သူမကို ချစ်မိသွားကာ သူမက မကြိုက်ခဲ့ပေ။


 ဟန်အိုက်ကောက သူ့အမေကို နှလုံးသားထဲမှာ ကျေးဇူးတင်နေပေမယ့် ဒါက အဘွားအိုက ဖန်တီးထားတဲ့ အခွင့်အရေးမဟုတ်မှန်း မသိခဲ့ပေ။ စုယွဲ့ရဲ့ တမင်တကာ ချဉ်းကပ်မှုက ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာစေခဲ့သည်။


 စကားပြောနေစဉ် စုယွဲ့က ပဲနီနှင့် မတ်ပဲစေ့များကို ဆေးကြောပြီး မီးဖိုပေါ်တွင် တင်ထားသည်ကို တွေ့သောအခါ ဟန်အိုက်ကောက မေးခဲ့သည်။  "မင်း ဘာလုပ်မှာလဲ" 


 စုယွဲ့က အလုပ်ရှုပ်ရင်း ပြန်ပြောခဲ့သည်။ “လွန်ခဲ့တဲ့ရက်အနည်းငယ်က ပဲ အများကြီးရခဲ့ပြီး မုန့်လုပ်ဖို့အတွက် ဝန်ထမ်းတစ်ဦးတည်းဆီက အနည်းငယ်ဝယ်ခဲ့တာ”


 ဟန်အိုက်ကောက ပဲနီနဲ့ မတ်ပဲစေ့တွေကို ကြည့်ပြီး မေးခဲ့သည်။ “ဒါက ပဲနီကိတ်နဲ့ မတ်ပဲကိတ် လုပ်နေတာလား။”


 “ကျွန်မတို့ အဲ့ဒီနှစ်ခုကို လုပ်ပေမယ့် နှစ်ခုတင်မကဘူး။” စုယွဲ့က သူမယုံကြည်မှုဖြင့် ဝယ်ထားသော ဝဥကို ထုတ်၍ ပြောခဲ့သည်။ “ပဲနီလေးအစာသွပ်၊ ပျားရည်ပဲဝဥ ကိတ်နဲ့ ပဲနီကြက်ဥလိပ်လုပ်ဖို့ ငါစီစဉ်ထားတယ်"


 “အဲ့လောက် အများကြီးလား” ဟန်အိုက်ကောက နည်းနည်းတော့ ခံစားရလွယ်သည်။ အစားအသောက်တွေ အများကြီး တစ်ယောက်ထဲလုပ်ရင် ပင်ပန်းလွန်းပြီး အလုပ်ရှုပ်နေလိမ့်မည်။ “ဘယ်အချိန် ဒီလောက်အများကြီးလုပ်ရမှာလဲ။ မတူတဲ့ပစ္စည်းတစ်ခု နှစ်ခုလောက်ရောင်းရအောင်။ အရေအတွက် များနေသရွေ့ ရောင်းဈေးက အတူတူပါပဲ။"


 စုယွဲ့က ငွေအတွက်သက်သက်သာလုပ်ပါက၊ သဘာဝအတိုင်း တစ်ခု သို့မဟုတ် နှစ်ခုသာ ရောင်းချနိုင်သော်လည်း သူမ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ အမှတ်များရရှိရန်ဖြစ်သည်။ သူမ အလုပ်မလုပ်သည့်အခါ အမှတ်များများရရန် လိုအပ်သည်။ ရမှတ်များကို အမြန်ဆုံးရရှိရန် ဆေးစာအတွက် လုံလောက်သော အမှတ်များရယူရမည်။ ဒါပေမယ့် ဒါကို သူမ မပြောနိုင်ဘူး။ ဒါကြောင့် သူမ ပြောနိုင်တာ တစ်ခုပဲရှိသည်။ “ဒါက ပြဿနာ မဟုတ်ပါဘူး။ သူတို့အားလုံးက ပဲနီနဲ့ မတ်ပဲစေ့တွေကို ကုန်ကြမ်းအဖြစ် သုံးတာ။ အဲဒါတွေကို မြန်မြန် တွဲလုပ်မယ်။ အမျိုးတွေ အများကြီးရှိတော့ ရောင်းရတာ ပိုကောင်းလိမ့်မယ်။ အခု အလုပ်မသွားတော့ အချိန် တချို့ ရှိတယ်”


 ဟန်အိုက်ကောက သူမ ပြဿနာ မဖြစ်ဘူး ဆိုတော့ ပြောတာ ရပ်လိုက်ပြီး သူမတောင်းဆိုချက်အရ ရံဖန်ရံခါ မီးကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းစေခဲ့သည်။ သူက ကြက်ဥ ခေါက်တယ်၊ ဝဥ လှီးကူတာကြောင့် စုယွဲ့ကို အလုပ်ရှုပ်သက်သာစေခဲ့သည်။ 


 ဟန်အိုက်ကော၏ အကူအညီဖြင့် စုယွဲ့က အလွန်လျင်မြန်စွာပြုလုပ်ခဲ့သည်။ သူမသည် ဟန်လောင်အာ့ကို မီးဖိုချောင်တွင် စားပွဲကြီးတစ်လုံးထည့်ရန် အကူအညီတောင်းခဲ့သည်။ စားပွဲပေါ်တွင် သန့်ရှင်းသော ဇကာအယများ အပြည့်ရှိနေခဲ့ပြီး တူညီသောအစားအစာများကို ဇကာ တစ်ခုထဲ၌ ထည့်ထားခဲ့သည်။ ဂျုံဖြူကို မတ်ထဲအနှစ်ထည့်ထားသော မတ်ပဲအစာသွပ်၊ ပဲနီလေး အစာသွပ်ရာချီနဲ့ နောက်တစ်ခုက ပဲနီကိတ်များ ဖြစ်သည်။  ကျန်ပါဝင်ပစ္စည်းများအားလုံးကို ပဲနီကြက်ဥလိပ် ချက်ရန်အသုံးပြုခဲ့သည်။ နောက်ဆုံးတွင် ဝဥအစာများကို စီမံပြီး ပျားရည် ပဲနီဝဥကိတ် ပြုလုပ်ထားသည်။


 နောက်ဆုံး ဆန်ခါကြီးငါးခုမှာ မုန့်တွေအပြည့်ပင်။


 အချိန်တွေ မသိစိတ်က ကုန်သွားသလို အားလုံးပြီးသွားတဲ့အခါ လဟာ ခေါင်းပေါ်ကို တက်လာပြီး မနက်အစောကြီး ဖြစ်နေပုံပေါ်သည်။ အဝေးက ခွေးဟောင်သံကလွဲလို့ အပြင်မှာ အရာအားလုံးက တိတ်ဆိတ်နေသည်။


 ဟန်မိသားစုသည်လည်း အိပ်ပျော်သွားသည်။ အပြင်တွင် အရသာရှိသော အစားအစာကို စောင့်မျှော်နေသော ကလေးများကပင် သူတို့၏ အိပ်ငိုက်ခြင်းကို ခံနိုင်ရည်မရှိကြဘဲ နာခံမှုဖြင့် အိပ်ရာဝင်ခဲ့ကြသည်။


 ရုတ်တရက် သူမနှင့် ဟန်အိုက်ကောကသာ တစ်ကမ္ဘာထဲ၌ ကျန်ရစ်ခဲ့သည်။ စုယွဲ့က မီးရောင်အောက်တွင် သူနှင့် ချိန်းတွေ့နေသကဲ့သို့ ပတ်ဝန်းကျင်သည်လည်း အနည်းငယ် ရိုမန်တစ်ဆန်သည်ဟု ခံစားမိသည်။


 စုယွဲ့က ဟန်အိုက်ကောကို လက်ဆေးပြီး စားပွဲမှာထိုင်ခိုင်းခဲ့ကာ ရေနံဆီမီးမှိန်မှိန်လေးကိုင်ပြီး သူ့ဘေးမှာထိုင်ကာ ပျားရည် ပဲနီဝဥကိတ်နဲ့ တစ်ခြမ်းကို လှမ်းပေးကာ ပြောခဲ့သည်။ "မြန်မြန် စားကြည့်"


 “စားလို့ ကောင်းလိမ့်မယ်” သူက မုန့် မယူမီ အရင်ပြောခဲ့သည်။


 စုယွဲ့က ရယ်မောပြီး သူမဗိုက်ကို ကိုင်လိုက်သည်။ ညစာသည် လွန်စွာခြေဖျက်ပြီးနေပြီး ယခု သူမသည် အလွန်ဗိုက်ဆာနေပြီ ဖြစ်သောကြောင့် ပျားရည်ဝဥကိတ် တစ်ခြမ်းကို ပါးစပ်ထဲထည့်ခဲ့သည်။ အဲ့ဒါက နူးညံ့ပြီး ချိုမြိန်ကာ အရသာရှိသည်။


 ထိုအချိန်တွင် သူမ အမျှော်လင့်ဆုံး အသံက ထွက်ပေါ်လာသည်။


 "Hostကို ဂုဏ်ယူပါတယ်။ မတ်ပဲကိတ်က C အဆင့်နဲ့ ဆယ်မှတ်ရရှိပါတယ်"


 "Host ကို ဂုဏ်ယူပါတယ်။ ပျားရည်ဝဥကိတ်ကို B အဆင့်နဲ့ အမှတ် ၂၀ ရရှိပါတယ်။"


 "..."


 အမှတ်များ ရရှိသောသတိပေးချက်များက ဆက်တိုက်ထွက်ပေါ်လာပြီး စုယွဲ့က အမှတ်ပကွက်ထဲရှိ နံပါတ်များကို သိသိသာသာ တက်လာသည်ကို စောင့်ကြည့်ခဲ့ပြီး နောက်ဆုံးတွင် နံပါတ်က ၅၁၂ မှတ်ဖြင့် ပုံသေဖြစ်သွားသည်။


 'ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ပန်းတိုင်ရောက်ဖို့ အမှတ်နှစ်ရာကျော်ပဲလိုတော့တယ်။'


 စုယွဲ့ မရယ်ဘဲမနေနိုင်တော့ပေ။


 ဟန်အိုက်ကောက အလင်းရောင်အောက်တွင် ပန်းတစ်ပွင့်လို ပြုံးနေရာမှ ကြောင်တောင်တောင်လေး ဖြစ်သွားတာကို ကြည့်နေသည်။ သူ့လက်ထဲက မုန့်စားဖို့ မေ့သွားပြီး သူမကို ကြည့်နေခဲ့သည်။


 စုယွဲ့က သူမစိတ်ထဲတွင် ချိုမြိန်လွန်းသဖြင့် လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး မေးစေ့ကို ညွှန်ပြခဲ့သည်။ "ရှင် ဘာကြည့်နေတာလဲ"


 ထိုအချိန်တွင် ဟန်အိုက်ကောက ပြန်လည်ကောင်းမွန်လာပြီး နားရွက်များပူလာကာ မုန့်စားရန် မျက်လုံးများကို အမြန်လှည့်လိုက်ပြီး စုယွဲ့ မျက်နှာကို မမြင်ရသောအခါ မသိစိတ်က မျက်လုံးများကို ပြန်လှည့်ကြည့်လိုက်သည်။


 စုယွဲ့က ပြုံးကာ လက်ထဲက ကျန်သော မုန့်များကို ယူကာ ခွံပေးခဲ့သည်။ "ပါးစပ် ဖွင့်"


 ဟန်အိုက်ကောက မသိစိတ်ဖြင့် ပါးစပ်ကိုဖွင့်ကာ နာခံမှုဖြင့် ကိတ်မုန့်အကုန်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုအတောအတွင်း သူမလက်ချောင်းများက သူ့နှုတ်ခမ်းများကို ထိမိနေဆဲဖြစ်ပြီး သူမလက်ချောင်းထိပ်များတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။


 ဟန်အိုက်ကောက စုယွဲ့ ခွံကျွေးသည်ကို သိရှိလိုက်ရာ သူ့မျက်နှာက လည်ပင်းထိ နီရဲနေပြီး လက်နဲ့ခြေထောက်တို့ကို ဘယ်မှာထားရမှန်းမသိဖြစ်နေသည်။


 ဟန်အိုက်ကော ရှက်တာက အံ့သြစရာမရှိချေ။ ဒီခေတ်က လူတွေက ရှေးရိုးဆန်တာတော့ အမှန်ပဲ။ တချို့စုံတွဲတွေက ညဘက်ဆို ခန်မှာရှိပြ နည်းနည်းလေး ပြောဆိုဆက်ဆံကြရုံပင်။ ဟန်အိုက်ကောက စုယွဲ့ကဲ့သို့ ခွံကျွေးသည့် အပြုအမူကို တစ်ခါမျှ မကြုံဖူးပါ။


 အသက်သုံးဆယ်အရွယ် သူက စုယွဲ့၏ လှုပ်ရှားမှုကြောင့် ရှက်မိနေသည်။


 စုယွဲ့က သူ၏ အပြစ်ကင်းသော အမူအရာကြောင့် အသတ်ခံလိုက်ရသည်။ အကိုက်ခံရရင် အရမ်းစိတ်လှုပ်ရှားနေလိမ့်မယ်လို့ စိတ်ထဲမှာ တိတ်တိတ်လေး တွေးမိသည်။ စိတ်လှုပ်ရှားလွန်းလို့ ခေါင်းမူးနေလိမ့်မည်။


 သူမစိတ်ထဲတွင် အချိန်အတော်ကြာ လှုပ်လှုပ်ရွရွဖြစ်နေပြီးနောက် စုယွဲ့က မူမမှန်သည့်အရာကို မမြင်နိုင်လောက်အောင် ပြင်းထန်လာသည်။ သူမဗိုက်ကို ထိလိုက်သော်လည်း သူမ ဗလာဖြစ်နေသေးပြီး ဒါကြောင့် ဟန်အိုက်ကောကို မေးခဲ့သည်။ "ရှင် ဗိုက်ဆာနေလား"


 ဟန်အိုက်ကောက ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်သည်။  သူ တစ်ကယ် ဗိုက်ဆာနေသည်။


 စုယွဲ့က မတ်တပ်ထရပ်ပြီး မီးဖိုဘက် ထွက်သွားခဲ့သည်။ "ကျွန်မလည်း ဗိုက်ဆာနေပြီ၊ ပဲခေါက်ဆွဲကြော် နည်းနည်း လုပ်လိုက်မယ်။ အတူတူစားမလား"


 ဟန်အိုက်ကောက သူ တစ်ယောက်တည်းသာဆိုရင် ခဏတာဗိုက်ဆာနေပေမယ့် အစားများများစားဖို့ အစာကို ဖြုန်းတီးမှာမဟုတ်ပေ။ စုယွဲ့က ဗိုက်ဆာနေပြီး သူမကို အစာမငတ်စေချင်တာကြောင့် ထကာ မီးညှိခဲ့သည်။  


 စုယွဲ့က ဂျုံမှုန့်အချို့ကိုယူ၍ မုန့်ညက်များကို လှိမ့်ကာ ခေါက်ဆွဲကို အမြွှာများခွဲရန် ဓားကိုအသုံးပြုခဲ့သည်။ ခေါက်ဆွဲကို အိုးထဲတွင်ထည့် ပြုတ်ပြီးသောအခါ ထုတ်ယူလိုက်ပြီး နှမ်းဆီတစ်ချို့ ထည့်ကာ ရောမွှေပြီး ဘေးဖယ်ထားခဲ့သည်။  


 ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ပါးပါးလှီးကာဒယ်အိုးထဲတွင် မီးအေးအေးဖြင့် ကြော်ခဲ့သည်။ ကြက်သွန်ဖြူများ ညိုသွားသည်ထိ ကြော်ပြီး ကြက်သွန်နီများ တဖြည်းဖြည်းမည်းလာလျှင် ပဲငံပြာရည်နှင့်သကြားကို ထည့်သည်။ ပဲငံပြာရည်ကို ချိန်ပြီး ချိန်ထားသော ငံပြာရည်ကိုအိုးထဲ ထည့်သည်။ ဒါမှာ ပဲခေါက်ဆွဲအနှစ် ဖြစ်လိမ့်မည်။ 


 နောက်ဆုံးအဆင့်ကတော့ ခေါက်ဆွဲထဲကို ပဲငံပြာရည်ထည့်မွှေပြီး ခေါက်ဆွဲကို လတ်လတ်ဆတ်ဆတ် ကြော်သည်။


 စုယွဲ့က ဟန်အိုက်ကောကို ပန်းကန်လုံးအကြီးကြီးတစ်လုံး ကျွေးပြီး သူမအတွက် ပန်းကန်သေးသေးတစ်လုံးကို ယူကာ နှစ်ယောက်သား ရေနံဆီမီးခွက်နဲ့ စားသောက်ကြပြန်သည်။


 သရေစာများ၊ အထူးသဖြင့် ချိုမြိန်သော သရေစာများနှင့် နှိုင်းယှဉ်ပါက ဟန်အိုက်ကောက ဤကဲ့သို့ အရသာရှိသော အဓိက အစားအစာကို စားလိုသည်။ အလွန်မွှေးသော အစာကို စားကာ များများစားလေ သူ့မျက်လုံးများက ပိုတောက်ပလာလေဖြစ်သည်။


 "ဘယ်လိုလဲ၊ အရသာရှိလား" စုယွဲ့က ပြုံးပြီးမေးခဲ့သည်။


 ဟန်အိုက်ကောက ခေါင်းညိတ်လိုက်ပြီး သူ့ပါးစပ်ထဲက ခေါက်ဆွဲကို မျိုချဖို့ အချိန်မရှိခဲ့ပေ။


 စုယွဲ့က ဒီလူ အချိုနဲ့ အဆာပြေတွေကို မကြိုက်ဘူးဆိုတာ နားလည်သည်။ သူက ပဲခေါက်ဆွဲကြော်လိုမျိုး အငန်တွေကို ကြိုက်သည်။ အနာဂတ်မှာလည်း ဒီလိုမျိုး မကြာခဏ လုပ်ပေးနိုင်ပုံပဲ။


၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ