အပိုင်း ၂၆
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၂၆ - စိတ်နှလုံးကို ပြသခြင်း




 ဟန်အိုက်ကောက မိုးရေထဲတွင် ထော့နဲ့ ထော့နဲ့ ဖြစ်နေခဲ့သည်။ ဤအချိန်အတွင်း သူ အကြိမ်ပေါင်း မရေမတွက်နိုင်သော ချော်လဲခဲ့ပြီး ရွှံ့များ တကိုယ်လုံး ပေကျံနေခဲ့သည်။ မိုးကလည်း သူ့အဝတ်များထဲ စီးကျလာပြီး သူ့အဝတ်များ စိုစွတ်စေသော်လည်း ဘာကိုမှ ဂရုမစိုက်ပေ။ များမကြာမီပင် ပညာတတ်လူငယ်များ၏ တံခါးဝသို့ ရောက်လာသည်။


 တံခါးက လှမ်းကြည့်လိုက်တော့ အရင်ကလို မဝင်ရဲတော့ဘူး။


 စုယွဲ့၏ အသံအပါအဝင် အခန်းတစ်ခုမှ ထွက်လာသောအသံကို သူကြားလိုက်ရသဖြင့် တံခါးဆီသို့ လျှောက်သွားပြီး လက်ကိုမြှောက်ကာ တံခါးခေါက်လိုက်သည်။


 စုယွဲ့နဲ့ တခြားသူတွေက ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးနေကြချိန် တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူတို့အားလုံး မော့ကြည့်တဲ့အခါမှာတော့ အရပ်ရှည်ရှည်နဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ လူက တုတ်တစ်ချောင်းနဲ့ တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။


 ဟန်အိုက်ကောက သူ့ ဒဏ်ရာကြောင့် အိမ်အပြင်ကို ထွက်ခဲရတဲ့အတွက် သာမန် ပညာတတ်လူငယ်တွေက သူ့ကို လုံးဝမသိခဲ့ကြဘဲ လီရှောင်ချင်းနဲ့ စုယွဲ့ကသာ သူ့ကို သိကြသည်။


 စုယွဲ့က အံ့အားသင့်သွားပြီး ခဏတာမျှ မတုံ့ပြန်နိုင်ခဲ့ပေ။


 လီရှောသ်ချင်းက ပထမဆုံး တုံ့ပြန်ခဲ့ပြီး မတ်တပ်ထရပ်ကာ နှုတ်ဆက်ခဲ့သည်။ "အကိုကြီး ဟန်။ အစ်ကို  ဘာလို့ ဒီကို ရောက်နေတာလဲ။ ကျွန်မတို့နဲ့ ပတ်သက်တာတွေ ရှိလို့လား"


 ဟန်အိုက်ကောက သူမကို ကျော်ကာ အထဲက စုယွဲ့ကို ကြည့်ပြီးပြောခဲ့သည်။ "ကျွန်တော် စုယွဲ့ကို ရှာနေတာပါ"


 လီရှောင်ချင်းက အံ့အားသင့်သွားပြီး စုယွဲ့ကို ပြန်ကြည့်လိုက်သည်။ အခြားလူများကလည်း စုယွဲ့ကို ထူးထူးခြားခြား ကြည့်လာကြသည်။ မိုးသည်းထန်စွာရွာနေချိန်ကြီး စုယွဲ့ထံ ဘာကြောင့်ရောက်လာသည်ကို သူတို့ နားမလည်ခဲ့ကြပေ။


 စုယွဲ့က သူတို့အကြောင်း တခြားသူတွေကို မပြောပြချင်သလို လူတော်တော်များများရှေ့မှာ ဘာမှ မပြောလိုတာကြောင့် သူမထရပ်ပြီး ဟန်အိုက်ကောဆီ လျှောက်သွားပြီး ပြောခဲ့သည်။ "တခြားနေရာမှာ စကားပြောရအောင်" 


 ဟန်အိုက်ကောက သူမအား မိုးရေဒဏ်မှ ကာကွယ်ရန် တစ်စုံတစ်ရာ မရှိသည်ကို မြင်လိုက်ရသည်။ သူသည် သူ့အဝတ်အစားများကို ချွတ်ကာ ပေးခဲ့သည်။“မင်း အဝတ်တွေ မိုးမစိုစေနဲ့။”


 စုယွဲ့က ပြန်မဖြေဘဲ ခေါင်းကို လက်နဲ့ကာပြီး အနောက်က မီးဖိုခန်းဆီပြေးသွားခဲ့သည်။ “မီးဖိုချောင်မှာ သွားပြောမယ်”


 ဟန်အိုက်ကော၏ မျက်လုံးများ မှိန်သွားကာ သူ့အဝတ်အစားများ ဝတ်မထားတော့ဘဲ မီးဖိုချောင်သို့ လိုက်သွားခဲ့သည်။


 မီးဖိုချောင်မှာလည်း မိုးယိုနေပေမယ့် မီးဖိုရှေ့မှာ နေရာကွက်ပြီး မြေသားခြောက်နေတုန်းပင်။ စုယွဲ့က မီးဖိုဆီကို ပြေးသွားပြီး သူ့ကို မှုန်ကုပ်ကုပ်နဲ့ လှမ်းကြည့်ရင်း မေးခဲ့သည်။ “ကျွန်မ ဘာလုပ်ပေးရမလဲ။ “


 ဒီလူ သူမကို ငြင်းပယ်တာကို သတိရတုန်းပဲ။ သူမ ဒေါသလည်း ထွက်နေသေးတော့ သူ့ကို မျက်နှာကောင်းမပေးနိုင်ဘူး။


 ဟန်အိုက်ကောက သူမနှင့် နှစ်လှမ်းအကွာတွင် ရပ်နေသည်။ ထိုနေရာက မိုးယိုနေပြီး မိုးများ တဖွဲဖွဲကျနေကာ အားလုံးက သူ့အပေါ်သို့ ကျဆင်းနေခဲ့သည်။ သို့သော် သူမခံစားလိုက်ရသည်မှာ မိုးရေစိမ်ပြီး သူမကို တိတ်တဆိတ် ကြည့်နေတာပင်။ 


 စုယွဲ့က သူ့ကို အမိုးအောက်မှာ ရပ်မနေခိုင်းချင်ပေမယ့် ဒေါသထွက်နေတာကြောင့် စကားပြောဖို့ ရှက်နေတယ်ထင်ခဲ့သည်။ သူက သူမကို ကြည့်ကာ စကားမပြောဘဲ ရှိနေသည်ကို မြင်လိုက်ရသည်။ သူမ အရမ်းဒေါသ ထွက်သည်။ ဒီလူက သူမကို ငြင်းပယ်ခဲ့တာ။ ယခုတော့ သူမကို ရှာဖို့ အစပျိုးလာသည်။ ဒါပေမယ့် သူမကို မိုးရေထဲမှာ နေခိုင်းပြီး ဘာမှ မပြောခဲ့ပေ။ သူ သူမကို နောက်နေတာလား။


 စုယွဲ့က ဒေါသထွက်ကာ ပြောလိုက်သည်။  "ရှင့်မှာ ပြောစရာမရှိရင် မြန်မြန်ထွက်သွား။ ကျွန်မ ရှင်နဲ့ ဖြုန်းဖို့ အချိန်မရှိဘူး"


 ဟန်အိုက်ကောက သူ့အောက်နှုတ်ခမ်းကို ဖိလိုက်ပြီး ပါးစပ်ကိုဖွင့်လာကာ သူ့အသံ ခပ်တိုးတိုးက ထွက်လာခဲ့သည်။ “ကိုယ်… ပညာတတ်လူငယ်တွေက အိမ်မှာမနေနိုင်တော့ဘူး” 


 ထိုအချိန်တွင် သူရပ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ဆက်ပြောခဲ့သည်။  “ကိုယ်…မင်းကို ကိုယ့်အိမ်မှာ နေစေချင်တယ်” 


 ဒီစကားကိုပြောပြီးနောက် သူမကိုကြည့်ကာ သူမအဖြေအတွက် ရင်တထိတ်ထိတ်နှင့် စောင့်မျှော်နေခဲ့သည်။


 ပထမစာကြောင်းကို ပြောသောအခါ စုယွဲ့၏ နှလုံးသားက တုန်လှုပ်သွားပြီး အဲဒါကို စောင့်မျှော်နေရုံကလွဲလို့ မကူညီနိုင်ဘူး။ သူပြောမည့်အရာက သူမ မျှော်လင့်ထားသည့်အရာဖြစ်မယ်လို့ သူမ မမျှော်လင့်ထားပေ။ သူ ဒီလိုပြောဖို့ မမျှော်လင့်ထားဘူး။


 အမှန်တော့၊ တပ်မဟာဌာနချုပ်က အဖွဲ့ဝင်တွေကို ပညာတတ်လူငယ်တွေကို လက်ခံခွင့်ပြုဖို့ ဆုံးဖြတ်ချက်ချပြီးနောက်မှာ သူမ ပထမဆုံးတွေးခဲ့တာကတော့ ဟန်အိုက်ကော ဖြစ်သည်။ အဖွဲ့ဝင်အိမ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ရမယ်ဆိုရင် ဟန်မိသားစုရဲ့အိမ်ကို လိုက်သွားချင်သည်။ သူ့ကို ဒေါသဖြစ်ပေမဲ့ မစွန့်ပစ်ဘဲ သူနဲ့ အဆက်အသွယ်လည်း မပြတ်ချင်သေးပေ။ သူမနဲ့ အချိန်အကြာကြီး မတွေ့မိဘဲ တကယ် မေ့သွားခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ။


 ထို့အပြင် သူမသည် အခြားအဖွဲ့ဝင်များနှင့် သိပ်မရင်းနှီးသလို ဟန်မိသားစုနှင့်သာ ရင်းနှီးသည်။ ပုံမှန်အားဖြင့် သူမသည် ရင်းနှီးသောမိသားစုသို့ သွားရမည်ဖြစ်သည်။ ထို့ပြင် ဟန် မိသားစုက သူမစီးပွားရေးလုပ်သည်ကို သိသည်။ သူမ ဟန် မိသားစုတွင် နေထိုင်သည့်အခါမှသာ၊ သူမ လုပ်ငန်းကို ဖော်ထုတ်ခံရမှာ မဟုတ်ချေ။ တခြားသူရဲ့အိမ်မှာ သွားနေရင် အရသာရှိတဲ့ အစားအသောက်တွေ မရောင်းရတော့ဘူး။


 ယနေ့ သူမသည် တပ်မဟာဌာနချုပ်မှ ပြန်ရောက်သောအခါတွင် သူမသည် ဟန်၏အိမ်သို့ ချောချောမွေ့မွေ့ မသွားနိုင်မည်ကို စိတ်ပူနေခဲ့သည်။ ဟန်အိုက်ကောက သူမကို ရှောင်ချင်နေလျှင် မိသားစုက သူမကို လက်မခံမှာ သေချာသည်။ သူမသည် ဟန်မိသားစုထံသွားကာ အခြားသူတွေကို လက်ခံဖို့ တောင်းဆိုရမှာလား။ ဒါက ရှက်စရာကောင်းပုံရသည်။


 စုယွဲ့က သူမမျက်နှာကို ငုံ့ပြီး ဟန်မိသားစုထံ သွားပြီး ဆွေးနွေးရန် တွန့်ဆုတ်နေခဲ့သည်။ ဟန်အိုက်ကောက ၎င်းကို ဖော်ပြရန် အစပြုလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


 စုယွဲ့က ဟန်၏ အိမ်သို့ သွားနိုင်ရုံသာမက သူ ကိုယ်တိုင်ကိုယ်ကျပြောသောကြောင့် ပျော်ရွှင်မှုက မကူညီနိုင်တော့ပေ။ ၎င်းက သူမကို သူတို့အိမ်မှာနေစေလိုတယ်လို့ ဆိုလိုတာလား။


 သူမ နှလုံးခုန်နှုန်းက မြန်လာကာ ရယ်ချင်စိတ်ကို တွန်းလှန်ရင်း စုယွဲ့ အံ့အားသင့်သွားခဲ့သည်။ သူမသည် တင်းမာသောမျက်နှာဖြင့် အေးစက်နေသေးပြီး အသံလည်းမကောင်းပေ။ "မင်း ကျွန်မကို ရှောင်ဖို့ မကြိုးစားတော့ဘူးလား။ ရှင် ဘယ်လို ကြင်နာနိုင်တာလဲ။ ကျွန်မကို ရှင့်အိမ်မှာနေစေချင်တာလား။ ရှင် ကျွန်မကို အရင်တစ်ခေါက်က မတွေ့ချင်ဘူးမလား။"


 “မဟုတ်ဘူး!” ဟန်အိုက်ကော နှုတ်က လွှတ်ကနဲထွက်သွားခဲ့သည်။ အသက်ရှူရခက်လာပြီး သူ့မျက်နှာမှာ အပြစ်ရှိသလို ခံစားချက်က ထွက်ပေါ်လာသည်။  “ကိုယ် မင်းကို မတွေ့ချင်တာမဟုတ်ဘူး၊ ကိုယ်… ကိုယ်အရင်က အမှား လုပ်ခဲ့တာ”


 စုယွဲ့ နှလုံးက သူ့စကားကြောင့် အခုန်မြန်လာသော်လည်း သူမ နှလုံးသားထဲရှိ မျှော်လင့်ချက်ကို ငြင်းဆန်နေဆဲဖြစ်ပြီး အေးစက်စွာ မေးခဲ့သည်။ "ရှင် အရင်က ဘာအမှားလုပ်ထားလဲ။ အိုး ရှင် ကျွန်မကို ငြင်းပယ်တာကိုပြောနေတာလား။ ရှင်မကြိုက်ရင်တောင် ကျွန်မ ဘာမှမမှားဘူး။ ကြိုက်တာဖြစ်ထြစ် မကြိုက်တာဖြစ်ဖြစ် အတင်းလုပ်လို့မရဘူး။ ရှင် ကျွန်မကို တောင်းပန်စရာ မလိုဘူး။"


 စုယွဲ့ အရမ်းအေးစက်နေတာကို မြင်လိုက်ရပြီး သူမစကားက အဝေးကို ရောက်နေတော့ ဟန်အိုက်ကောရဲ့ နှလုံးက နစ်မြုပ်သွားပြီး သူ့နှလုံးသားထဲမှာ ထိတ်လန့်မှုက ပျံ့နှံ့သွားသည်။ 'သူမ မကြိုက်ဘူးလား၊ သူ့ကိုမုန်းနေတာလား၊ အနာဂတ်မှာ သူ့ကို လျစ်လျူရှုမှာလား။'


 အခြားအရာများ မည်သို့ပင်ရှိစေကာမူ သူက အလျင်အမြန်ရှင်းပြခဲ့သည်။ "ကိုယ်မှားသွားတယ်။ ကိုယ် မင်းကို မကြိုက်တာမဟုတ်ဘူး။ စုယွဲ့ ကိုယ် မင်းကို ကြိုက်တယ်။ ဒါပေမယ့် မင်းကို ဆွဲမချချင်လို့ မင်းကို ငြင်းခဲ့တာ။ ကိုယ့်ကို စိတ်မဆိုးပါနဲ့။ ကိုယ် မှားမှန်းသိပါတယ်။"


 သူမကို သဘောကျကြောင်း ဝန်ခံလိုက်တာနဲ့ စုယွဲ့ရဲ့ နှလုံးသားထဲ ချိုမြိန်သွားပြီး စကားမပြောနိုင်လောက်အောင် ပျော်ရွှင်နေခဲ့သည်။ ဒီလူက အရင်က သူမကို သဘောကျကြောင်း သူမ သိကာ ခြေထောက်ဒဏ်ရာကြောင့် သူမကို ငြင်းဆန်ခဲ့ပေမယ့် သူမရဲ့ နှလုံးသားထဲ အမြဲလိုလို မပျော်မရွှင် ဖြစ်နေခဲ့သည်။ အခု သူ့စကား နားထောင်ရတော့ လုံးဝကို ကွဲပြားသွားသည်။


 စုယွဲ့က အောက်နှုတ်ခမ်းကို ကိုက်ပြီး မရယ်ဖို့ တွန်းအားပေးရင်း မျက်နှာတည်ဖို့ အားအင်များစွာ အသုံးပြုခဲ့သည်။ ဟမ့် သူမကို မချော့ချင်ဘဲ ချက်ချင်း ခွင့်လွှတ်လိုက်ရမှာလား။ ဒီလူက သူမ ခံစားချက်ကို ငြင်းဆန်ခဲ့သည်။ တစ်ခုခုကို အလေးအနက်ထားပြရမှာမလား။ ဒါမှမဟုတ်ရင် သူ့မိန်းမရဲ့စကားတွေကို အနာဂတ်မှာ ဘယ်လိုနားထောင်မှာလဲ။


 " ရှင် ကျွန်မကို ညီမလေးလို့ပဲ သတ်မှတ်ပြီး ရှင် ကျွန်မကို လုံးဝမကြိုက်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာ။ အခု ရှင်က ကျွန်မကို ပြန်ကြိုက်သွားပြီ။ ရှင် ပြောခဲ့တဲ့စကားက ဘယ်ဟာအမှန်လဲ။ ရှင် ကြိုက်တယ်ပြောရင် ကြိုက်တယ်။ ရှင် မကြိုက်ဘူးပြောရင် မကြိုက်ဘူးလား။ ရှင့် ကရုဏာက ဘာ်မှာလဲ။ ဘာကြောင့်လဲ။ ကျွန်မ စုယွဲ့က ဘယ်သူ့ကိုမှ မကြိုက်ဘူး။ မဟုတ်ဘူး။ ကျွန်မ အိမ်ထောင်မပြုဘူး။ ဘာလို့ ဒီလောက် စိတ်ရှုပ်နေရမှာလဲ။ ရှင်က ကျွန်မကို ဂရုမစိုက်ဘူး။ ကျွန်မလည်း ရှင့်ကို ဂရုမစိုက်ဘူး။ ကျွန်မကို သဘောကျတဲ့သူကို ကောင်းကောင်း ဆက်ဆံသွားပြီး နေနိုင်တယ်။"


 ဒါကိုကြားတာနဲ့ ဟန်အိုက်ကောရဲ့ မျက်နှာဟာ သိသိသာသာ ပြောင်းလဲသွားပြီး သူ ကမန်းကတန်း ရှေ့ကို လှမ်းခဲ့ပေမယ့် လမ်းလျှောက်တုတ်ကို ကိုင်ဖို့ မေ့သွားကာ လဲကျလုမတက် ဖြစ်သွားခဲ့သည်။


 စုယွဲ့က ထိတ်လန့်သွားပြီး သူ့ကို အမြန်ဆွဲလိုက်ပေမယ့် မီးဖိုကို လက်ထောက်လိုက်တာကြောင့် လဲကျမသွားခဲ့ပေ။


 ဟန်အိုက်ကောက အစောက စိတ်လှုပ်ရှားစရာတွေကို ဂရုမစိုက်ပေ။ သူ့ခြေထောက်တွေက နာကျင်ကိုက်ခဲမှုတွေလည်း ဂရုမစိုက်ချေ။ သူက စုယွဲ့ကို ရှင်းပြချင်ရုံသက်သက်ပင်။ - "ကိုယ် မင်းကို အရမ်းသဘောကျတယ်။ မင်းကို ကိုယ့်ညီမလို့ ဘယ်တုန်းကမှ မမှတ်ယူခဲ့ဖူးဘူး။ ကိုယ် မင်းကိုနာကျင်စေခဲ့တယ်။ ဟုတ်တယ် ကိုယ် မှားမှန်းသိတယ်၊ ကိုယ့်ကိုစိတ်မဆိုးပါနဲ့။ တခြားလူကိုမရှာပါနဲ့ ဟုတ်ပြီလား။ ကိုယ် မင်းစိတ်ဆိုးအောင် ငါဘယ်တော့မှ မပြောတော့ဘူး။ ကိုယ် မင်းကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ဆံပြီး အကောင်းဆုံးတွေပေးမယ်။ ကိုယ့်ဘဝကို မင်းကို ပေးချင်တာပဲ။ စုယွဲ့ မင်း ဒေါသထွက်နေတာ ရပ်လို့ရမလား"


 စိုးရိမ်သောကများနဲ့ မျက်လုံးများ နီရဲလာသည်ကို မြင်လိုက်ရတော့ စုယွဲ့ နှလုံးသားက ပျော့ပျောင်းသွားကာ ခေါင်းကို လှည့်ကာ ပါးစပ်ဟပြီး မေးခဲ့သည်။ “ဒါဆို ရှင် ကျွန်မကို ဒါပြောဖို့ ပြေးလာတာလား။ ကျွန်မကို နာကျင်မှာ ကြောက်နေတာလား။ ရှင် အခု မကြောက်နေဘူးလား။ ပင်ပန်းနေပြီလား။”


 ဟန်အိုက်ကောရဲ့လက်က မီးဖိုကို တင်းတင်းကြပ်ကြပ်ကိုင်ထားသည်။ သူ့လက်ဖမိုးမှာ အပြာရောင်သွေးပြန်ကြောတွေပြည့်နေပြီး သူ့အတွင်းစိတ်ထဲက တစ်ကိုယ်ကောင်းဆန်တာကို ဖော်ပြရမှာရှက်ပေမယ့် သူတစ်ကိုယ်ကောင်းဆန်တာကို ဝန်ခံရလိမ့်မည်။ သူ တစ်ကိုယ်ကောင်းဆန်သူဖြစ်လျှင်ပင် သူမကို မချန်ခဲ့နိုင်ကာ သူမအား အခြားသူများ၏ ဒဏ်ကို မခံခိုင်းချင်ပေ။ တခြားလူ လာလုယူသွားလိမ့်မည်။


 "ကိုယ်ဝန်ခံတယ်၊ မင်းကိုနာကျင်စေမှာကို အရမ်းကြောက်တယ်။ ကိုယ့်လို မသန်မစွမ်းက ဒုက္ခရောက်စေလိမ့်မယ်။ မင်းဘဝ ပိုကောင်းအောင်နေရမယ်။ ဒါပေမယ့် မင်း တခြားယောက်ျားတွေရဲ့ လုယူခံရမှာကိုလည်း ကိုယ်အရမ်းကြောက်တယ်။ မင်း တခြားတစ်ယောက်ကို ဂရုစိုက်တယ်လို့တွေးမိရင် ကိုယ် စိတ်မသက်မသာ ခံစားရပြီး မနာလိုစိတ်နဲ့ ရူးတော့မလိုပဲ”


 ဒါကိုပြောပြီးတာနဲ့ ဟန်အိုက်ကောကမျက်လုံးတွေကို လေးလေးနက်နက်မှိတ်ပြီး ပြောခဲ့သည်။ "ကိုယ်က ကြောင်သူတော်ပဲ။ အပေါ်ယံမှာတော့ ကိုယ် မင်းကို မထိခိုက်စေချင်ပေမယ့် မင်းကို မလွှတ်ချင်ဘူး။ မင်းကို နာကျင်စေမိတယ်ဆိုရင်တောင် ကိုယ် လွှတ်ပေးဖို့သည်းမခံနိုင်ဘူး စုယွဲ့... မင်းပြောခဲ့တဲ့ ခြေထောက်တွေကို ကုပေးတဲ့ ဆေးကို ရှာကြည့်မယ်။ ကိုယ့်ကိုထားမသွားပါနဲ့။ ဟုတ်ပြီလား။"


 စုယွဲ့က ငိုချင်နေခဲ့သည်။ သူမ မျက်လုံးတွေ နီရဲလာပြီး သူ့ကို မမြင်ရအောင် ခေါင်းကို အမြန်ငုံ့လိုက်သည်။ "ဒါဆို ခြေထောက်ဒဏ်ရာ မပျောက်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မကို တွန်းထုတ်မှာလား။ ရှင် ကျွန်မကို ထပ်ပြီး ထွက်သွားစေချင်တာလား"


 "မဟုတ်ဘူး!" ဟန်အိုက်ကောက ကျယ်လောင်စွာအော်ခဲ့သည်။  "ကိုယ် မင်းကို ဘယ်တော့မှဒီလိုမလုပ်တော့ဘူး။ ခြေထောက်က တကယ်မသက်သာဘူးဆိုရင်တောင် မင်းကို မလွှတ်ဘူး။ ကိုယ် မင်းကိုအတင်းဆွဲထားမယ်။ မသန်မစွမ်းသူနဲ့ အတူနေချင်သေးသရွေ့ ကိုယ် မင်းအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိတယ်"


 စုယွဲ့က သူမ နှလုံးသားက တအားခုန်နေခဲ့ကာ နောက်ဆုံးတွင် မငိုဘဲမနေနိုင်တော့ပေ။ သူပြောသမျှကို သူမယုံကြည်မိသည်။ ဤလူက ရိုးသညးသောလူဖြစ်သောကြောင့် သူ့ဘဝတစ်သက်လုံး အကောင်းဆုံးလုပ်ဆောင်ပေးမည်ဟု သူမ ယုံကြည်ခဲ့သည်။


 ဒီလိုကတိတစ်ခုနဲ့ ခြေထောက်ဒဏ်ရာက ဘာအရေးပါလဲ? အမျိုးသမီးများစွာက သူတို့ရဲ့ဘ၀ တလျှောက်လိုက်နေတဲ့ အချစ်မျိုးမဟုတ်ဘူးလား။


 စုယွဲ့က သူမလက်ကို မြှောက်လိုက်ပြီး မျက်ရည်များကို အမြန်သုတ်လိုက်ကာ နောက်ဆုံးတွင် သူ့ကို အရှက်ရရန် ဝန်လေးသော်လည်း မာနကြီးဟန်ဆောင်ကာ ပြောခဲ့သည်။  "ကျွန်မ ရှင့်ကို ခွင့်လွှတ်နိုင်မလားက ရှင့်ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်နေတယ်။ ရှင့် အပြုအမူတွေနဲ့ စိတ်မကျေမနပ် ဖြစ်စေရင် ကျွန်မ စိတ်ဆိုးပြီး ကျွန်မ ခွင့်လွှတ်မှာ မဟုတ်ဘူး။"


 ဟန်အိုက်ကောက စိတ်အားထက်သန်စွာ ပြုံးပြီး ပြောခဲ့သည်။ "ကောင်းပြီ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်။ ကိုယ် မင်းကို စိတ်အနှောက်အယှက် ဖြစ်စေမှာ မဟုတ်ဘူး။ အနာဂတ်မှာ ကိုယ် မင်းစကား နားထောင်လို့ရမလား"


 စုယွဲ့က သူ့ကို အကြည့်တစ်ချက်ပေးလိုက်သော်လည်း ဟန်အိုက်ကော အတွက်တော့ မျက်စောင်းထိုးသလိုမျိုး ဖြစ်နေသည်။


 ဟန်အိုက်ကောက ပျော်ရွှင်စွာဖြင့် အကန့်အသတ်မရှိ ပြတ်ပြတ်သားသား မမေးနိုင်ဘဲ မနေနိုင်ခဲ့ပေ။ "ဒါဆို မင်း ကိုယ့်အိမ်ကို လိုက်မှာလား။ ကိုယ့်အိမ်က မိုးမယိုဘူး။ ကိုယ့်အမေက တစ်အိမ်တည်းနေလို့ရတယ်။ ကိုယ့် အမေလည်း မင်းကို သဘောကျတော့ မင်းနဲ့ အဆင်ပြေမှာပါ"


 စုယွဲ့၏ ပါးစပ်ထောင့်က အနည်းငယ်ကွေးသွားကာ ပြောခဲ့သည်။ "ဒေါ်ဒေါ်မျက်နှာကြောင့် ရှင့်အိမ်ကို ကျွန်မသွားမှာ။ ရှင်နဲ့ဘာမှမဆိုင်ဘူး"


 ဟန်အိုက်ကောက ပြုံးကာ ခေါင်းညိတ်ခဲ့သည်။ "အင်း၊ အဲဒါ ကိုယ့်အမေရဲ့ မျက်နှာကြောင့်။ ဒါဆို ကိုယ့်အမေကို ကျေးဇူးတင်ရမယ်"


  “ဖူး” စုယွဲ့က မကူညီနိုင်ဘဲ ရယ်မောကာ လှည့်ထွက်သွားခဲ့သည်။


 ဟန်အိုက်ကောက စိုးရိမ်တကြီးဖြစ်နေပြီး မသိစိတ်က သူမလက်တစ်ဖက်ကို ဆုပ်ကိုင်ကာ မေးခဲ့သည်။ "မင်းဘယ်သွားမလို့လဲ"


 စုယွဲ့က သူ့ကို စိုက်ကြည့်ပြီး ပြောခဲ့သည်။ "ဒါပေါ့ ကျွန်မ ပစ္စည်းတွေ သွားထည့်မလို့။ ပစ္စည်းတွေ မထည့်ဘဲ ရှင့်အိမ် ဘယ်လိုပြောင်းရမှာလဲ"


 ဟုန်အိုက်ကော၏ မျက်နှာသည် အနည်းငယ်ပူသွားပြီး စုယွဲ့ လက်ကို အမြန်လွှတ်ကာ ခေါင်းကိုကုတ်ပြီး ပြောခဲ့သည်။  "အိုး" 


 'ငတုံး။' စုယွဲ့က ပို၍ပင် ရယ်ချင်လာကာ ပျော်ရွှင်သောစိတ်ဖြင့် ပစ္စည်းများထုပ်ပိုးရန် အခန်းထဲသို့ ဝင်သွားခဲ့သည်။


 အခန်းထဲက လူတော်တော်များများက သူမ ပြန်လာတာကို စောင့်ကြည့်နေကြပြီး အားလုံးက သူမကို ဘာမှားနေလဲ မေးဖို့ ရောက်လာကြသည်။


 စုယွဲ့နဲ့ ဟန်အိုက်ကောက အခုထိ အခြေတကျ မဖြစ်သေးဘဲ ပေါ့ပေါ့ပါးပါး ချစ်ဖို့ဆိုတာကလည်း အခုခေတ်တွင် ပွင့်လင်းမှု မရှိသေးပေ။ လူတိုင်းသိရင် အတင်းအဖျင်းပြောကြပြီး ကောင်းကင်ထိ ပျံ့သွားလိမ့်မည်။ အိမ်မှာနေအတူနေပြီး၊ အပြင်လူတွေက သူမတို့နဲ့ အတူရှိနေပြီဆိုတာကို သိရင် အတင်းပြောကြလိမ့်မည်။ သူမက အဆင်ပြေသည်။ ဘာလို့လဲ ဆိုတော့ ဟန်မိသားစု စီစဥ်ပေးမှာကို သူမ ကြောက်သောကြောင့်ပင်။


 နိမ့်ကျတဲ့ ကိုယ်ရေးအကျဉ်းကို ထိန်းသိမ်းထားဖို့ လိုအပ်သေးသည်။ ဒါကြောင့် စုယွဲ့က ပြောခဲ့သည်။  "ဟန် မိသားစုက ငါ့ကို သဘောကျတယ်။ ငါတို့ ပညာတတ်လူငယ်နေရာက မနေနိုင်ဘူးလို့ ကြားတော့ သူတို့နဲ့ အတူနေနိုင်မယ်လို့ မျှော်လင့်နေတယ်။ ဒါကြောင့် အစ်ကို ဟန်ကို မေးခိုင်းလိုက်တာ။"


 ဝူချောင်းချောင်နဲ့ တခြားသူတွေက စုယွဲ့ ဟန်မိသားစုနဲ့ ဆက်ဆံရေးကောင်းကြောင်း သိကြသည်။ သူတို့ဟာ သိပ်ပြီးမစဉ်းစားခဲ့ကြပေမယ့် ဝူချောင်းချောင်းက ထပ်မေးခဲ့သည်။ "ဟန်မိသားစုက သူ့ကို ဘာလို့ ခေါ်ခိုင်းရတာလဲ။ သူ့ခြေထောက်တွေက အဆင်မပြေဘူး။ ရွှံ့လမ်းတွေ အရမ်းအန္တရာယ်များတယ်။ လဲကျရင် ဘယ်လိုလုပ်မလဲ။"


 စုယွဲ့က ယောင်ဝါးဝါးပြောခဲ့ရသည်။ - "အခြားလူတွေ အလုပ်ရှုပ်နေတာ ဖြစ်နိုင်တယ်"


 သူတို့ ပဟေဠိဖြစ်ပေမဲ့ သိပ်ပြီးမစဉ်းစားဘဲ စုယွဲ့ကို ပစ္စည်းတွေကို ထုပ်ပိုးဖို့ပဲ ကူညီပေးခဲ့သည်။ အားလုံးသိမ်းပြီးနောက်မှာတော့ လူအနည်းငယ်က နည်းနည်းလေး တွန့်ဆုတ်သွားကြသည်။ နောက်ဆုံးတော့ ဒီလောက်အကြာကြီး အတူနေထိုင်ပြီးနောက် အခုလို ခွဲခွာနေကြရတာက စိတ်မကောင်းစရာပါ။


 လီရှောင်ချင်းက လူအနည်းငယ်ကို နှစ်သိမ့်ပေးခဲ့သည်။ "အဆင်ပြေပါတယ်၊ မိုးကို မစောင့်နဲ့တော့။ အိမ်ပြင်ပြီးရင် ပြန်ရွှေ့လို့ရတယ်။ နောက်တော့ ငါတို့ အတူပြန်နေလို့ ရတယ်မဟုတ်ဘူးလား။"


 လူအနည်းငယ်က အဲဒါကို စဉ်းစားခဲ့ကြသည်။ ဒါက သိပ်ဝမ်းနည်းစရာ မဟုတ်တော့ဘူး။


 ထီးတစ်ချောင်းတည်းသာရှိပြီး အဝတ်အစားမရှိသောကြောင့် လီရှောင်ချင်းက ပလတ်စတစ်သားရေတစ်ပိုင်းကို ရှာပြီး စုယွဲ့ကို ပြောခဲ့သည်။  "ထီးနဲ့အဝတ်အစားတွေက အပိုမရှိဘူး။ ဒါကိုသုံးလိုက်။ ရေအရမ်းစိုမှာမဟုတ်ဘူး"


 စုယွဲ့လည်း မကြိုက်တာမရှိဘဲ မိုးကာအင်္ကျီဝတ်ထားသလိုမျိုး ပလတ်စတစ်အရေခွံကို ခေါင်းပေါ် တိုက်ရိုက်တင်လိုက်သည်။


 ဟန်အိုက်ကောက အပြင်တွင် စောင့်ဆိုင်းနေသည်။ စုယွဲ့ ခရီးဆောင်အိတ်နှင့် ထွက်လာသောအခါတွင် သူမခေါင်းပေါ်ရှိ ပလတ်စတစ်အရေခွံကို တွေ့လိုက်ရပြီး သူယူလာခဲ့သည်ကို ချွတ်ကာ ပလတ်စတစ်အရေခွံကို သူမ ခန္ဓာကိုယ်ပေါ်တွင် တင်ထားလိုက်သည်။


 စုယွဲ့က ဝတ်ဖို့ ငြင်းဆိုခဲ့သည်။ "ရှင်ဒီလို ရေစိုနေတော့ ရှင်ခြေထောက်တွေ အဆင်မပြေဘူး။ ပလပ်စတစ်သားရေ ဝတ်ထားလိုက်"


 ဟန်အိုက်ကောက ပြုံးပြီး သူ့ခန္ဓာကိုယ်ပေါ်က အဝတ်တွေကို လက်ညှိုးထိုးပြခဲ့သည်။ "ဘာပဲဖြစ်ဖြစ် စိုနေတာပဲလေ။ ကိစ္စမရှိဘူး။ မြန်မြန်သွားရအောင်။"


 စုယွဲ့က သူ့နောက်သို့ လိုက်သွားကာ လဲကျမသွားစေရန် အမြဲသတိထားနေရသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူသည် ခပ်မှန်မှန်လျှောက်လှမ်းကာ ခြေလှမ်းတိုင်းသည် ရွှံ့ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားပြီး ရွှံ့ခြေရာများ ချန်ထားခဲ့လေသည်။


 သူတို့နှစ်ဦးသည် ဟန်၏အိမ်သို့ မကြာမီရောက်ရှိလာကြပြီး စုယွဲ့က ဟန်အိုက်ကောနဲ့ အတူ ပြန်လာသည်ကိုတွေ့သောအခါ ဟန်မိသားစုက အံ့သြသွားကြသည်။


 ဟန်အိုက်မင်၏ မျက်လုံးများ တောက်ပလာကာ စိတ်လှုပ်ရှားစွာ ရှေ့သို့ ပြေးလာပြီး မေးခဲ့သည်။  "အစ်မစုယွဲ့၊ အစ်မ ဒီမှာ ဘာလုပ်နေတာလဲ"


 

စုယွဲ့က ဟန်အိုက်ကောကို တစ်ချက်ကြည့်လိုက်သည်။ ဟန်မိသားစုအိမ်တွင် သူမနေချင်သည်ဟု ပြောတော့မည်ဖြစ်သော်လည်း အဘွားကြီး ဟန်က စုယွဲ့ လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက်ပြောခဲ့သည်။ - "မင်းအစ်ကိုအကြီးကို ပညာတတ်လူငယ်နေရာ သွားခိုင်းပြီး ပညာတက် လူငယ်စုကို အမေတို့ဆီခေါ်ခိုင်းလိုက်တာ။ အမေတို့က အိမ်အကျယ်ကြီးမှာ နေတာဘဲ။ အမေလည်း အခန်းထဲမှာ တစ်ယောက်တည်းနေရတယ်။ ရှောင်စုကို အမေနဲ့ တစ်ခန်းတည်းအိပ်ခိုင်းတာက ပိုကောင်းတယ်။ ဒါကြောင့် တခြားအသင်းဝင်တွေရဲ့အိမ် သွားစရာ မလိုတော့ဘူး။"


 စုယွဲ့ အံ့အားသင့်သွားပြီး အဘွားကြီး ဟန်၏ အပြစ်ကင်းစင်သော မျက်လုံးများကို သူမမြင်လိုက်သောအခါတွင် သူမ နှလုံးသားထဲတွင် အနည်းငယ် ပူထူသွားသလို ခံစားလိုက်ရသည်။ အဘွားအိုက သူတို့ကို ဖုံးကွယ်ထားတဲ့ အရာတွေကို နားလည်သွားတာကို သူမ ဘယ်လို ခံစားနိုင်မှာလဲ။


 ဟန်အိုက်ကောမှလွဲ၍ ဟန် မိသားစုမှ အခြားလူများက စုယွဲ့ကို ဟန်အိုက်ကောခေါ်ရန် တောင်းဆိုထားသောသူက အဘွားကြီး ဟန် ဖြစ်သည်ဟု အမှန်ပင် ထင်ခဲ့ကြသည်။ သူတို့ အံ့သြ၍ မဆုံးပေ။ သူတို့အမေက မလိုအပ်ဘူးဟု ပြောတာမဟုတ်ဘူးလား။ ပညာတက်လူငယ်စုကို ဘာလို့ခေါ်ခဲ့တာလဲ။ ဒီအဘွားကြီးက ဘယ်လိုပုံစံနဲ့ တစ်ချိန်လုံး မတူနိုင်ရတာလဲ။ သူ့အစ်ကိုက တစ်ယောက်ယောက်ကို ခေါ်ရတာ အဆင်မပြေဘူး။ အစ်ကိုရဲ့ ခြေထောက်တွေက အဆင်မပြေပေ။ လမ်းမှာ လဲကျရင် ဘယ်လိုလုပ်မလဲ။


 အဘွားကြီး ဟန်က လူတိုင်း ဘယ်လောက်ပဲ အံ့သြပြီးစိတ်ရှုပ်စေခဲ့သည်။  


 ဟန်အိုက်ကောက စုယွဲ့ရဲ့ ခရီးဆောင်အိတ်ကို အဘွားကြီးအခန်းထဲမှာထားခဲ့ပြီး ဟန်လောင်အာ့ကို ပြောခဲ့သည်။ "ဒုတိယ မင်း တပ်မဟာဌာနကိုသွားပြီး ပညာတက် လူငယ်စုက ငါတို့အိမ်မှာနေတယ်ဆိုတာ ပါတီအတွင်းရေးမှူးကို နောက်ကျ သတင်းပို့လိုက်"


 ဟန်လောင်အာ့က ချက်ချင်းပဲ ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် အခုသွားမယ်။” သူက သူ့ပလက်စတစ်သားရေအဝတ်အစားတွေကို ဝတ်ပြီး အဲဒီအကြောင်းကို ပြောဖို့ တပ်ဌာနချုပ်ကို သွားလိုက်သည်။


 ဟန်လောင်အာ့ပြောသည့်စကားကို ကြားတော့ တပ်မဟာဌာနရှိ ကေဒါအများအပြားက အံ့ဩသွားကြသည်။ ပညာတက် လူငယ်စုကို ခေါ်ချင်တာက ဟန်ချင်းစုန့် မိသားစုမဟုတ်ဘူးလား။ ဒီပညာတက် လူငယ်စုက ဟန်လောင်အာ့အိမ်သို့ အဘယ်ကြောင့် ထပ်သွားရတာလဲ။


 ဟန်လောင်အာ့က ပြောခဲ့သည်။  “ကျွန်တော်တို့ အမေနဲ့ ပညာတက် လူငယ်စုရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ အရင်က ပညာတက် လူငယ်စု အားတဲ့အချိန်မှာ ကျွန်တော်တို့အိမ်ကို ညစာစားဖို့ လာခဲ့တယ်။ အမေ ပညာတတ်လူငယ်တွေကို ခေါ်ခိုင်းတယ်လို့ ကြားတာနဲ့ ချက်ချင်းပဲ ကျွန်တော်တို့ကို ပြောခိုင်းခဲ့တာ။ ပညာတက် လူငယ်စုကိုခေါ်တော့  ပညာတက်လူငယ်စုလည်း ထုပ်ပိုးပြီး အိမ်ကိုရောက်လာတာ”


 တပ်မဟာရှိ ကေဒါများက ထိုအကြောင်းကြားသောအခါ ဘာမှပြန်မပြောနိုင်ပေ။ ပညာတက် လူငယ်စု ကိုယ်တိုင်က သွားတာကြောင့် အားလုံးက ထိုနေရာတွင် နေထိုင်နေကြသော်လည်း စုယွဲ့က ဟန်ချင်းစုန့်၏ ကြင်နာမှုကို မရရှိနိုင်တော့ပေ။


 အားလုံးက ဟန်ချင်းစုန့်ကို ကြည့်လိုက်ကြသည်။ သူ့မျက်နှာက သိပ်မကောင်းတာကိုတွေ့တော့ ယန်ချွေ့ဟွာက ပြောခဲ့သည်။  “ပညာတက် လူငယ်စုက မင်းမိသားစုရဲ့ ကြင်နာမှုကို သိမှာပါ။ သူမက ဟန်လောင်စန်တို့အိမ်ပြောင်းပြီးပြီဆိုတော့ သူမကို နေခွင့်ပေးလိုက်ပါ။ မင်းအိမ်မှာ နောက်ထပ် ပညာတတ်အမျိုးသမီးငယ်တစ်ယောက်ထော်ရင်ကော ဘယ်လိုလဲ။"


 ဟန်ချင်းစုန့်က သူအရမ်းနောက်ကျသွားတဲ့အတွက် ကောင်းတာ တစ်ခုခုလို့ မမျှော်လင့်ထားပေ။ နောင်တရလွန်းလို့ နှလုံးသွေးတွေ အန်ချင်ပေမယ့် မျက်နှာမှာ မဖော်ပြနိုင်တာကြောင့် ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီ။ တခြား ပညာတတ်လူငယ်တွေ ပြောင်းကြည့်ရအောင်။ ဘာပဲဖြစ်ဖြစ် အဲဒါက တပ်မဟာအတွက်ပဲ။ အားလုံး အတူတူပါပဲ။"


 ဟန်ချင်းစုန့်က အသိဥာဏ်မြင့်မားသည်ဟု လူတိုင်းခံစားခဲ့ကြကာ ယန်ယွီလို့ခေါ်တဲ့ မိန်းကလေး ပညာတက် လူငယ် တစ်ဦးကို ဟန်ချင်းစုန့် အိမ်သို့သွားရန် ချက်ချင်းစီစဉ်ခဲ့သည်။