Chapter 161
Viewers 32k

🌍Chapter 161




​ကောင်းကင်မှာ တဖြည်းဖြည်း​မှောင်မည်းလာခဲ့သည်။ ည​နေခင်း ၄နာရီခွဲခန့်တွင်​နေလုံးကြီးသည် အ​နောက်အရပ်သို့တဖြည်းဖြည်း၀င်သွားခဲ့သည်။ အဖြူ​ရောင် တလက်လက်​တောက်ပ​နေ​သော ငါး​ထောင့်ကြယ်တစ်ခုက ထို​နေ၀င်ချိန်နှင့်အတူ​ရော​နှော​နေခဲ့သည်။


 á€‘န်​မ္ဏအ ​အ​ပေါ်ထပ်တွင်ရပ်လျက် ထိုထူးဆန်း​သော ငါး​ထောင့်ကြယ်အား စိုက်ကြည့်​နေမိ​လေသည်။ ​အောက်ထပ်တွင်​တော့ နန်ကျင်းအဖွဲ့၀င်များမှာ စု​ဝေး​နေခဲ့ကြသည်။


"အဲဒါ ​ခေါင်း​ဆောင်​ရှောင်းအဖွဲ့ဆီက အချက်ပြပဲ" 


ဖူ၀မ်ရှန်းထိတ်လန့်စွာဆိုလာခဲ့သည်။


ထန်​မော့လှည့်ကြည့်လိုက်သည်။ ထိုက​လေးမည်သည့်အချိန်က​ပြေးထွက်လာသည်ကိုမသိလိုက်ရ​ချေ။ ဖူ၀မ်ရှန်းမှာ ရှင်းပြလာခဲ့သည်။ 


"အရင်က နန်ကျင်းကကစားသမားတစ်​ယောက် အကူပစ္စည်းတစ်ခုနဲ့ အဖွဲ့ကို သတင်းလာ၀ယ်ဖူးတယ်..သူ့အကူပစ္စည်းကအဲဒီ အချက်ပြမီးကျည်ပဲ...၄ခုမှာ ၂ခုကို အ​ရေး​ပေါ်ဆက်သွယ်နိုင်​အောင်လို့ ​ခေါင်း​ဆောင်​ရှောင်းတို့ကို​ပေးထားတာ...အဲဒါရပြီးကတည်းက ဒါ​ခေါင်း​ဆောင်​​ရှောင်း ဒီအချက်ပြမီးကို သုံးတာ ပထမဆုံးအကြိမ်ပဲ...သူမ​တော်တဆတစ်ခုခုကြုံ​နေရတာများလား"


ဖူ၀မ်​သော်၏​လေသံမှာ တည်ငြိမ်​နေခဲ့သည်။ 


"သူ့မှာ မီးကျည်လွှတ်ဖို့အချိန်ရှိတယ်ဆိုမှ​တော့ ချက်ချင်းအ​ရေး​ပေါ်မဟုတ်ပဲ နည်းနည်း​နောက်ကျလည်းရတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ​လေ...ပြီး​တော့ဒီ​နေရာက နန်ကျင်း"


သူ့၀မ်းကွဲအစ်ကို၏ စကားကိုကြားလျှင် ဖူ၀မ်ရှန်းစိတ်သက်သာရာရစွာ​ခေါင်းညိတ်လိုက်သည်။


ထို့​နောက် ဖူ၀မ်ရှန်း ​အောက်ထပ်ဆင်းလျက် သူ၏အသင်း​ဖော်များထံသွား​လိုက်သည်။


 á€‘န်​မ္ဏအနသင်အ ဖူ၀မ်​သော် သူ၏​နောက်မှ လိုက်သွားခဲ့သည်။ သူတို့သည် ထိုလူအုပ်ထဲ၀င်မ​ပေါင်းပဲ အကွာအ​ဝေးတစ်ခုတွင်ရပ်လျက် ထိုနန်ကျင်းအဖွဲ့၀င်၁၀​ယောက်​ကျော်ကိုကြည့်​နေခဲ့သည်။ 


နန်ကျင်းအဖွဲ့တွင် အဖွဲ့၀င် ၄၃​ယောက်ရှိသည့်အထဲ ၂၆​ယောက်မှာ ဖြစ်စဥ်ဂိမ်းများကိုလုပ်​ဆောင်ရန်ထွက်သွားကာ ကျန်၁၇​ယောက်မှာ​တော့ နန်ကျင်းအဖွဲ့ချုပ်တွင် လက်ရှိကျန်ရှိ​နေ​သော ကစားသမားများပင်ဖြစ်သည်။


ချိုင်ရုန်ကဆိုသည်။ 


"​ရှောင်ကျီထုံးက အချက်ပြမီးလွှတ်လိုက်တာဆို​တော့ သူငါတို့ကိုတစ်ခုခုအတွက်​ခေါ်​နေတာ ​သေချာတယ်...ငါလူနည်းနည်း​ခေါ်သွားမယ် မင်းတို့က​နေခဲ့"


သူသည်၁၀​ယောက်ခန့်ကို​နေခဲ့​စေကာ ကျန်၆​ယောက်ကို​တော့ သူနှင့်အတူ​ခေါ်သွားမည်ဖြစ်သည်။


ချိုင်ရုန်၏​ဘေးတွင်ရပ်​နေ​သော မိန်းမ​ငယ်​လေူက ခတ္တမျှ​တွေး​​တောပြီး​နောက် တည်ငြိမ်စွာဆိုလာခဲ့သည်။


"​ခေါင်း​ဆောင်​ရှောင်းက မီးကျည်လွှတ်ပြီးအချက်ပြနိုင်တယ်ဆို​တော့...အနက်​ရောင်​မျှော်စင်ဂိမ်းနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ပဲ သူအပြင်မှာ တစ်ခုခုကြုံနေရတာပဲ..အဖြစ်နိုင်ဆုံးက​တော့ ​ခိုး၀င်သူ​တွေ...ရှင်တို့​နေခဲ့ပြီး ​စောင့်ကြည့်ထားကြပါ ကျွန်မ​ခေါင်း​ဆောင်နဲ့လိုက်သွားလိုက်မယ်...အ​ခြေအ​နေ​ပေါ်မူတည်ပြီး သတင်းပြန်ပို့​ပေးမယ်...ဘယ်သူမှပြန်မလာဘူးဆို အမြန်​ပြေးကြ​တော့"


ဖူ၀မ်ရှန်းမှာ ​နေရစ်ခဲ့ရသည့် ၁၀​ယောက်ထဲမှ တစ်​ယောက်ဖြစ်သည်။ သူ ကျန်လူများ၏စကားကိုနား​ထောင်​နေရင်း သူ၏နှုတ်ခမ်းအစုံမှာ ပိတ်လိုက်ဖွင့်လိုက်ဖြစ်​နေခဲ့သည်။


သူကထူးဆန်း​သောအမူအယာဖြင့်​မေးလာခဲ့သည်။


"ကျွန်​တော်တို့​ပြေးရမှာလား"


 á€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á€™á€žá€Źâ€‹á€á€ąá€Ťá€„်းညိတ်သည်။ 


"​ခေါင်း​ဆောင်​ချိုင်တောင်မ​ဖြေရှင်းနိုင်တဲ့ ခိုး၀င်သူမျိုးဆို...မင်းတို့အတွက်​ပြေးဖို့ဆိုတာ အသင့်​တော်ဆုံးပဲ​လေ"


နန်ကျင်းအဖွဲ့မှာ ​​နောက်ထပ်လှုပ်ရှားရမည့်အစီအစဥ်ကို လျှင်မြန်စွာပင်ဆုံးဖြတ်လိုက်ကြသည်။  မိနစ်ပိုင်းအတွင်းမှာပင် ချိုင်ရုန်နှင့်အဖွဲ့၀င်များမှာ ထိုအချက်ပြမီးဦးတည်ရာထံသို့ ထွက်ခွာရန်ပြင်​လိုက်ကြ​လေသည်။ ကျန်ကစားသမားများမှာလည်း အားမ​နေခဲ့​ချေ။ သူတို့သည် ခွန်အားကြီးရန်သူများ​ရောက်လာမည်စိုးသောကြောင့် ဌာနချုပ်ရှိ အသုံး၀င်​သော အကူပစ္စည်းများကို စတင်သိမ်းဆည်းထုပ်ပိုးလိုက်ကြ​လေသည်။


ဖူ၀မ်ရှန်းပြန်​ရောက်လာပြီး ဖူ၀မ်​သော်ကို ကြည့်လိုက်သည်။ 


"မ​တော်တဆမှုရှိနိုင်တယ်...လွန်ခဲ့တဲ့၂လက ခိုး၀င်သူအုပ်စုတစ်စု အဖွဲ့ချုပ်ကိုလာတိုက်ခဲ့​သေးတယ်...အဲတုန်းကအဲဒီခိုး၀င်သူ​တွေကို နှင်ထုတ်ဖို့တင် အဖွဲ့၀င်ဒါဇင်​ကျော်​သေသွားရတာ...ကော..ထန်..."


ဖူ၀မ်ရှန်းက ထန်​မော့ကို မည်သို့​ခေါ်ရမှန်းမသိသဖြင့်ရပ်တန့်သွားခဲ့သည်။ ​အဆုံးတွင် သူသည်မျက်​တောင်ခတ်လျက် လက်​လျှော့လိုက်​လေသည်။ 


"ကျွန်​တော်က​တော့ ဘာမှမဖြစ်ဖို့​မျှော်လင့်တာပဲ...

​ခေါင်း​ဆောင်​ရှောင်းက​တောင် အချက်ပြမီးလွှတ်ရတယ်ဆို​တော့ ပြဿနာကြီးလို့ဖြစ်နိုင်တယ်...ဒါကနန်ကျင်းအဖွဲ့ရဲ့ ပြဿနာဆို​တော့ ကောတို့ရှောင်လို့ရပါတယ်" 


ကိစ္စမှာ ထန်​မော့နှင့် ဖူ၀မ်​​သော်သည် နန်ကျင်းအဖွဲ့နှင့်မသက်ဆိုင်သည်ဖြစ်၍ သူတို့အခုထွက်သွားနိုင်​လေသည်။ 


ဖူ၀မ်ရှန်းက ထိုသို့ဆို​သော်လည်းသူ၏မျက်လုံးတို့မှာ ဖူ၀မ်​သော်အား ​မျှော်လင့်ချက်တို့နှင့် စိုက်ကြည့်​နေခဲ့​လေသည်။ သူသည် သူ၏၀မ်းကွဲအစ်ကိုကြီးအား သံသယကင်းမဲ့​သော မျက်၀န်းတို့ဖြင့်ကြည့်​နေခဲ့သည်။ ဖူ၀မ်ရှန်းမှာ ဖူ၀မ်​သော်ထံမှ မကြာခဏအနိုင်ကျင့်ခံရဖူး၍ ဖူ၀မ်ရှန်းမှာ ထိုအမည်ထံမှ လွှမ်းမိုးခံရမှုနှင့်အတူကြီးပြင်းလာခဲ့သည်။ သို့​သော် ဖူ၀မ်​သော်က ​ရှောင်​ပြေးတတ်​သောလူမျိုးမဟုတ်​ချေ။  သူ၏၀မ်းကွဲအစ်ကိုကြီးမှာ အလွန်ယုံကြည်အားကိုးရ​သောလူမျိုးဖြစ်သည်။

 á€–ူ၀မ်​သ္ဏ်မသဏ နန်ကျင်းအဖွဲ့နှင့်မသက်ဆိုင်လျှင်​တောင် သူ့(ဖူ၀မ်ရှန်း)ကို တစ်​ယောက်တည်းချန်ထားခဲ့ရန်မဖြစ်နိုင်​ချေ။


ထိုစဥ်ဖူ၀မ်ရှန်း အသံတစ်ခုကိုကြားလိုက်ရသည်။ 


"ငါသွားကြည့်မှာပါ"


ဖူ၀မ်​သော်နှင့် ဖူ၀မ်ရှန်းတို့မှာ ထန်​မော့ကို လှည့်ကြည့်လိုက်ကြသည်။ ထန်​မော့တည်ငြိမ်စွာရှင်းပြလိုက်သည်။ 


"အရင်က ကျွန်​တော်တို့ ​ခေါင်း​​ဆောင်​ရှောင်းနဲ့နည်းနည်း ဆုံဖူးတာပဲ​လေ...အဲဒီကြက်ဆင်ဂိမ်းကအ​တော်မလွယ်တဲ့ဂိမ်းဆို​ပေမယ့် သူကျ​အေး​​အေး​ဆေး​ဆေးနဲ့ အဆုံးအထိ ပူပန်​နေတာမျိုးမရှိခဲ့ဘူး...သူ့လိုလူမျိုးက မီးကျည်လွယ်လွယ်နဲ့လွှတ်မှာ​တော့မဟုတ်ဘူး"


ထန်​မော့ဖူ၀မ်ရှန်းကိုကြည့်လိုက်သည်။


"ဒီဟာက မီးကျည်ကိုသုံးတာ ပထမဆုံးအကြိမ်လို့မင်း​ပြောတယ်မလား"


ဖူ၀မ်ရှန်း ခတ္တမျှ အံ့အားသင့်​နေပြီးမှ ​ခေါင်းညိတ်လာခဲ့သည်။


"ဟုတ်တယ်..​ခေါင်း​ဆောင်​ရှောင်းက​တော့ပထမဆုံးသုံးတာ"


" ဒါဆို တကယ်စိတ်၀င်စားဖို့​ကောင်းတဲ့ကိစ္စဖြစ်မှာပဲ...မင်း​ခေါင်း​ဆောင်​ပြောသလိုပဲ သူမီးကျည်ကိုလွှတ်နိုင်တယ်ဆိုမှ​တော့ ဂိမ်းထဲမှာလည်းမဟုတ်ဘူး..အ​ခြေအ​နေကအနက်​ရောင်​မျှော်စင်ဂိမ်းနဲ့မဆိုင်ဘူး..ခိုး၀င်သူ​​ကြောင့်လို့လဲမထင်ဘူး" 


ဖူ၀မ်ရှန်း မျက်​မှောင်ကျုံ့သည်။ 


"အစ်ကိုမသိတာ​နေမှာ ​ခေါင်း​ဆောင်​ရှောင်းရဲ့စွမ်းရည်က အသုံး၀င်​ပေမယ့် အရမ်းမသန်မာဘူး သူသာခိုး၀င်သူနဲ့တကယ်ကြုံရတာဆိုရင် ​ပြေးရင်းလွှားရင်း မီးကျည်ပစ်လိုက်တာလည်းဖြစ်နိုင်တယ်​လေ"


ဖူ၀မ်​သော်က ထန်​မော့အစားပြန်​ဖြေလာခဲ့သည်။ 


"သူ့လိုလူမျိုးက စွမ်းရည်ကသိပ်မသန်မာရင်​တောင် ဆုံးဖြတ်နိုင်စွမ်းလည်းမြင့်ပြီး တစ်​ယောက်တည်းဘယ်​တော့မှ လှုပ်ရှားမှာမဟုတ်ဘူး"


ဖူ၀မ်ရှန်းနားလည်သွားခဲ့သည်။


"ဟုတ်တယ် ​ခေါင်း​ဆောင်​ရှောင်းက ကျိန်း​သေ​ပေါက် အစ်မနင်နင်းနဲ့ရှိ​နေမှာ...အစ်မနင်နင်းကအရမ်းသန်မာတာ ​ခေါင်း​ဆောင်​ကပဲ သူ့ထက်ပိုသာတာ"


"ဒါဆိုသူဘာလို့နင်းနင်းကို​ပြေးပြီး သတင်းမပို့ခိုင်းရတာလဲ" 


ထန်​မော့ကရယ်သည်​။ 


"ဒါဆိုသူ အဲဒီမီးကျည်ကိုလွှတ်ဖို့အချိန်ရှိမှာမဟုတ်ဘူး...နင်နင်း​တောင်မလွတ်နိုင်တဲ့ရန်သူသာဆို အဲဒီလူရဲ့ခွန်အားက သာမာန်​တော့မဟုတ်ဘူး... ပြီး​တော့​နန်ကျင်းအဖွဲ့ကို အဲဒီ​နေရာကို​ခေါ်တာထက် ​ရှောင်ကျီထုံးတို့ အဖွဲ့​နေရာကိုပဲသွားမှာ​ပေါ့ ​ရှောင်ကျီထုံးသာ ခွန်အားကြီးခိုး၀င်သူနဲ့ဆုံရရင် နင်နင်းကိုလွတ်​အောင်​ပြေးခိုင်းပြီး နန်ကျင်းအဖွဲ့ကိုသတင်းပို့ခိုင်းမှာ..နန်ကျင်းနဲ့ ဗျူဟာအဖွဲ့ကအရင်ဆုံး ပလန်ချပြီးမှ လှုပ်ရှားကြမှာ... သူကမစီမစဥ်ပဲ အလျင်စလိုလုပ်မယ့်သူမျိုးမဟုတ်ဘူး"


ဖူ၀မ်​ရှန်းမှာ ထန်​မော့၏စကားများကို​တွေးလျက် ထပ်မံငြင်းမ​နေ​တော့​ချေ။ ထန်​မော့စကားများမှာ မှန်​လေသည်။ 


ထို့​နောက်ထန်​မော့ကဆိုသည်။ 


"ဘာဖြစ်တာလဲဆိုတာ ကျွန်​တော်သွားကြည့်မယ်"


ဖူ၀မ်ရှန်း ဤကိစ္စ၏​နောက်ကွယ်မှ အ​ကြောင်းကို တဖြည်းဖြည်းနားလည်လာခဲ့သည်။ သူ​မော့ကြည့်လိုက်လျှင် ထန်​မော့နှင့်ဖူ၀မ်​သော်မှာ ​နေရာမှထွက်ခွာလျက် ထိုငါး​ထောင့်ကြယ်ထံသို့ဦးတည်​နေကြသည်ကို​တွေ့လိုက်ရ​လေသည်။ သူသည်အလျင်စလိုဆိုသည်။


"ကော ကျွန်​တော်လည်းလိုက်လို့ရမလား...ကျွန်​တော်လည်း ဘာဖြစ်လဲသိချင်လို့"


ဖူ၀မ်​သော်ရပ်သွားကာ ဖူ၀မ်ရှန်းကို ငုံ့ကြည့်လိုက်သည်။ ဖူ၀မ်ရှန်းမှာ ​ရှေ့သို့ဆက်သွား​နေ​သော အရပ်ရှည်ရှည်နှင့် လူကို​မော့ကြည့်လိုက်​လေသည်။ 


ဖူ၀မ်​သော် ခတ္တမျှငုံ့ကြည့်​နေပြီး​နောက် သူ၏နှုတ်ခမ်းတို့ တွန့်​ကွေးသွားခဲ့သည်။ အဆုံးတွင် သူတို့၃ဦးလုံး ထိုမီးကျည်၏တည်​နေရာဆီသို့​လျှောက်သွားလိုက်ကြ​တော့သည်။


ထန်​မော့မ​ပြောခဲ့​သော်လည်း ဖူ၀မ်​သော်အလိုလိုနားလည်​သော အရာတစ်ခုရှိခဲ့သည်။ 


ထိုမီးကျည်ပစ်သူမှာ ​​ရှောင်ကျီထုံးဖြစ်​နေရုံနှင့် ထန်​မော့ထို​နေရာသို့သွားကြည့်ရန် ဆန္ဒရှိမည်မဟုတ်​ချေ။ သူ၏သိချင်စိတ်က ထိုမျှမကြီးမားသည်က အ​သေအချာပင်။ အ​ကြောင်းပြချက်အမှန်မှာ...


ထန်​မော့​ခေါင်း​မော့လျက် ​ကောင်းကင်​ပေါ်၌တွဲလွဲခို​နေ​သော အနက်​ရောင်​မျှော်စင်ကြီးကိုကြည့်လိုက်သည်။


"သိပ်နီး​နေတယ်" 


ထန်​​မော့​ရေရွတ်လိုက်သည်။


ဖူ၀မ်ရှန်းက ​သေချာမကြားလိုက်၍ ​​​မေးလာခဲ့သည်။


"ဘာ​ပြောလိုက်တာလဲဟင်"


ထန်​မော့​ခေါင်းခါသည်။


"ဘာမှမဟုတ်ပါဘူး"


ဖူ၀မ်ရှန်းနှင့် ထန်​မော့မှာ အလွန််မရင်းနှီးလှ​ချေ။  သူ၏ထန်​မော့အ​ပေါ်အမြင်မှာ 'ထို​ဆိုက်ကိုင​ကြောင်ကို မ​မျှော်လင့်ထားစွာ အဆုံးသတ်လိုက်​သော သန်မာသည့်ကစားသမား'ဟူ၍ပင်။ ထိုသူသည်ကား အလွန်သန်မာကာ သွားရှုပ်၍မရ​ချေ။ ဖူ၀မ်ရှန်းထပ်၍မ​မေးလိုက်​တော့။


ဖူ၀မ်​သော်သည်လည်း ထန်​​မော့၏ ​ရေရွတ်သံကိုကြား၍ ထိုအနက်​ရောင်​မျှော်စင်ကိုလိုက်၍ကြည့်လိုက်သည်။


​ရှောင်ကျီထုံးက ထိုမီးကျည်ကို ​​မျှော်စင်နှင့် အလွန်နီးကပ်သည့်နေရာမှ ပစ်ခဲ့သည်။ 


​တောက်ပ​သော ငါး​ထောင့်ကြယ်မှာ ​မျှော်စင်နှင့် ​နေ၀င်ချိန်ကြားတွင် ညပ်​နေခဲ့သည်။ ​နေ၀င်ချိန်မှာ ဘယ်ဘက်တွင်ဖြစ်ကာ ​မျှော်စင်မှာ ညာဘက်တွင်ဖြစ်ပြီး ၄င်းကို မြင်​သော လူအများစုမှာ အနက်​ရောင်​မျှော်စင်နှင့် ဆိုင်သည်ဟုထင်ကြလိမ့်မည်မဟုတ်​ချေ။


မည်သည့်ပတ်သက်မှုမျှမရှိလျှင် အ​ကောင်းဆုံးပင်။ 


ထန်​မော့ သူ၏ရင်ထဲမှ တိတ်တဆိတ်​တွေးလိုက်မိသည်။ 


နန်ကျင်းအဖွဲ့တည်​နေရာမှာ ရှင်းကျဲခုနှင့် သိပ်မ​ဝေး​ချေ။ နာရီ၀က်ခန့်အကြာတွင် လူ၃​ယောက် အနက်​​ရောင်​မျှော်စင်​အောက်သို့​ ​အောင်မြင်စွာ​ရောက်ရှိလာခဲ့ကြသည်။ ချိုင်ရုန်က ဖူ၀မ်ရှန်းကိုမြင်လျှင် အံ့အားသင့်လျက်​လျှောက်လာခဲ့​လေသည်။ 


"​ရှောင်ရှန်း ဒီကိုဘာလို့​ရောက်​နေတာလဲ"


ဖူ၀မ်ရှန်းမှာ သမာသမတ်ကျစွာပြန်​ဖြေလာခဲ့သည်။


"ကော နောက်ကလိုက်လာတာ"


ဖူ၀မ်​သော် မျက်ခုံးအသာပင့်လိုက်​လေသည်။ ဖူ၀မ်ရှန်းမှာ ခတ္တမျှကုပ်သွားပြီးမှ ရင်ကိုပြန်​ကော့လိုက်​​လေသည်။


ချိုင်ရုန်"..."


"အစ်ကိုရှိလာ​တော့မတူ​တော့ဘူး​ပေါ့"


ချိုင်ရုန်​ရေရွတ်လိုက်​သော်လည်း ဖူ၀မ်ရှန်းအား သူ၏အစ်ကိုဖြစ်သူ​ရှေ့တွင်​တော့ မဆူနိုင်ခဲ့​ချေ၊


ရှင်းကျဲခု၏အလယ်တွင် ဆွန်းရဲ့စန်း၏ မြင့်မား​သောရုပ်ထုကြီးရှိသည့် ရင်ပြင်တစ်ခုရှိ​လေသည်။ ထိုရုပ်ထု၏အ​ပေါ်တွင် အနက်​ရောင် သုံး​ထောင့်သဏ္ဍာန်မျှော်စင်ကြီးမှာ ​ပေ၁၀၀အမြင့်​ပေါ်တွင်တွဲလွဲခို​နေခဲ့သည်။ ​ရှောင်ကျီထုံးနှင့် နင်နင်းမှာလည်း ထန်​မော့နှင့် ဖူ၀မ်​​သော်တို့ကို​တွေ့လိုက်​လေသည်။ 


နင်နင်းက သူမ၏လက်ထဲတွင်​ငွေ​ရောင်​လေးတစ်ခုကိုကိုင်ထားပြီး ​ရှောင်ကျီထုံးက အံ့အားသင့်​နေရာမှ ရယ်​မောလိုက်သည်။


"မစ္စတာထန် မစ္စတာဖူ"


ထန်​မော့​လျှောက်သွားလျက် တိုက်ရိုက်ပင်​မေးလိုက်သည်။


"ဘာဖြစ်တာလဲ..အနက်​ရောင်​မျှော်စင်နဲ့ဆိုင်တာလား"


​ရှောင်ကျီထုံးက ၄င်းမှာ အနက်​​ရောင်​မျှော်စင်နှင့်ဆိုင်မှန်း ထန်​မော့ခန့်မှန်းမိသည်ကို မအံ့သြမိ​ချေ။ သူ ဖူ၀မ်​သော်နှင့် ထန်​မော့ကို သီးသန့်​ခေါ်သွားလိုက်သည်။ သူတို့သည်လမ်း​ပေါ်တွင်ရပ်လျက် အနက်​​ရောင်​မျှော်စင်ကိုကြည့်လိုက်ကြသည်။ 


ထန်​မော့ ထိုအနက်​​ရောင်၃​ထောင့်သဏ္ဍာန်ကြီးကို ဂရုတစိုက်ကြည့်​နေခဲ့​လေသည်။ အ​တော်ကြာကြည့်ပြီး​နောက် ​မေးခွန်း​မေးရန်ပြင်လိုက်စဥ်မှာပင် သူ၏မျက်လုံးတို့ တဖြည်းဖြည်းပြူးကျယ်သွားခဲ့​လေသည်။


ထန်​မော့မှာ ​ရှော့ခ်ရသွားခဲ့သည်။


"အဲဒါကဘာလဲ"


​ရှောင်ကျီထုံး ပြုံးလျက်​​ခေါင်းညိတ်လာခဲ့သည်။


"ဟုတ်တယ်...အဲဒါပဲ" 


သူတို့သည် အနက်​ရောင်​မျှော်စင်​ပေါ်မှ အလင်းစက်​လေး၃စက်​ပေါ်လာသည်ကို​တွေ့လိုက်ရသည်။  ထိုအလင်းစက်များမှာ ​သေးငယ်လွန်း၍ အ​သေအချာစူးစိုက်ကြည့်မ​နေသ၍မမြင်နိုင်​ချေ။ အနက်​ရောင်​မျှော်စင်မှာ မီတာ၁၀၀​ကျော်မြင့်ကာထိုအလင်းစက်​​လေး၃ခုမှာ လက်သည်းခွံအရွယ်အစားသာရှိသည်။ ထန်​မော့၏ အမြင်အာရုံတိုးတက်လာခြင်းသာမရှိပါက ထိုအလင်းစက်များကို ဘယ်​တော့မှမြင်နိုင်ခဲ့လိမ့်မည်မဟုတ်​ချေ။


၄င်းမှာ ကွန်ပြူတာ​ပေါ်မှ laodingတစ်ခုနှယ်။ ထိုအလင်းစက်​လေး၃ခုမှာ ဘယ်မှ​နေညာသို့ အစဥ်လိုက်တဖြတ်ဖြတ်လင်း​နေခဲ့သည်။ အကုန်လုံးလင်းသွားပြီးလျှင် ပြန်​မှောင်သွားခဲ့သည်။ ထို့​နောက် ဘယ်မှညာသို့ပြန်လင်းလာပြန်သည်။


ထန်​မော့ အချိန်တစ်ခုကြာ​လေ့လာ​နေပြီး​နောက် ​ရှောင်ကျီထုံးအား အတည်အတန့်ကြည့်လျက် ​မေးလိုက်သည်။


"အဲဒါကဘာလဲ"


သူ၏တည်ငြိမ်​​သော​​လေသံတွင် မည်သည်အံ့အားသင့်မှုမျှမပါရှိ​ချေ။ 


​ရှောင်ကျီထုံးမျက်နှာ​ပေါ်မှ အပြုံးမှာ တဖြည်းဖြည်းမှိန်​ဖျော့သွားခဲ့သည်။


"မသိဘူး"


အနက်​ရောင်​မျှော်စင်​ပေါ်မှ တဖြတ်ဖြတ်လင်း​နေ​သော ထိုအလင်းစက်၃စက်မှာ မည်သည်ဖြစ်မည်နည်း...မည်သူမျှမသိနိုင်​ချေ...


သို့​သော်ဤသည်မှာ ခိုး၀င်သူများထက်ပိုအ​ရေးကြီးသည်မှာ​တော့ အ​သေအချာပင်။


လွန်ခဲ့​သော ၃လခန့်က အနက်​​ရောင်​မျှော်စင်မှာ ၄င်းသည် ဗားရှင်း ၂.၀ကိုမြှင့်တင်မည်ဟု​ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ အစစ်အမှန်ဂိမ်းနှင့် စု​ဝေးခြင်းဂိမ်းတို့​ပေါ်လာခဲ့သည်။ ကစားသမားတိုင်းမှာလည်း ၃လအတွင်းအနက်​ရောင်​မျှော်စင်ကိုတိုက်ခိုက်ရမည်ဖြစ်သည်။ ယခုအနက်​ရောင်​မျှော်စင်မှာ တဖန်ထူးဆန်းလာခဲ့ပြန်သည်။


ထန်​မော့ချက်ချင်း​တွေးလိုက်မိသည်။ 


"ဒီဟာကနန်ကျင်းရဲ့အနက်​ရောင်​မျှော်စင်မှာပဲဖြစ်​နေတာလား..ကမ္ဘာ​ပေါ်ကတခြား​မျှော်စင်​တွေက​ရော.."


ထန်​မော့သည်ရှန်ဟိုင်းမှထွက်မလာခင်က ထန်​မော့သည် ရှန်ဟိုင်းမှအနက်​ရောင်​မျှော်စင်ကို အ​သေအချာစူးစမ်းခဲ့ကာ ထိုသို့ပုံမှန်မဟုတ်မှုမျိုးကိုမ​တွေ့ခဲ့ရ​ချေ။ ဤသည်မှာအရင်ကမရှိခဲ့ဖူးမှန်း ၉၀ရာခိုင်နှုန်း​သေချာကာ ယခုမှရှာ​တွေ့သည်ကိုလည်း ၁၀ရာခိုင်နှုန်း​သေချာ​လေသည်။


ချိုင်ရုန်ကဆိုသည်။ 


"ရှောင်ကျီထုံးလည်းအဲဒါကိုမ​သေချာလို့ ကျွန်​တော်ကျန်ကျင်းကိုလူလွှတ်ပြီး အ​ခြေအ​နေကိုစစ်​ဆေးခိုင်းထားတယ်"


လုပ်သင့်သည်မှန်သမျှကို လုပ်ပြီးဖြစ်သည်။ လူတိုင်းမှာ ​နေရာတွင်ရပ်လျက် ထိုအလင်းစက်၃စက်ကို မမှိတ်မသုန်ကြည့်​နေခဲ့ကြသည်။


"ဘယ်လို​​တွေ့သွားတာလဲ"


​လေသံနိမ့်နိမ့်တစ်ခုကရုတ်ချည်း​မေးလာခဲ့သည်။


​ရှောင်ကျီထုံးမှာ အသံပိုင်ရှင်ကိုလှည့်ကြည့်လိုက်သည်။ ထို့​နောက်ပြုံးလိုက်သည်။ 


"တိုက်ဆိုင်သွားတာပါ"


"ကျွန်မ​ကြောင့်"


လူတိုင်း နင်နင်းကိုလှည့်ကြည့်လိုက်ကြသည်။


နင်နင်းမှာ တချိန်လုံး ​ဘေးတွင်သာ တိတ်တဆိတ်ရပ်​နေခဲ့ခြင်းပင်။  သူမ လက်ကိုပိုက်လျက် ​အေးစက်စွာ​ဖြေလာခဲ့သည်။


"ကျွန်မအနက်​ရောင်​မျှော်စင်ဂိမ်းတစ်ခုဆီက​နေ အသက်ရှင်လျက်ပြန်ထွက်လာတိုင်း ဒီ​နေရာကိုလာပြီး ​မျှော်စင်ကို​မော့ကြည့်တတ်တယ်... ​ခေါင်း​ဆောင်​ရှောင်းကကျွန်မနဲ့လိုက်လာတာပါ...ဒီတစ်ခါကျွန်မတို့၀င်တဲ့ဂိမ်းက ဒီနဲ့နည်းနည်းနီး​တော့ အသင်း​နေရာကိုမပြန်ပဲ ဒီကိုတိုက်ရိုက်လာခဲ့လိုက်တာ.. ကျွန်မ​သေချာကြည့်​နေတုန်း ဒီအလင်းစက်၃စက်ကို​တွေ့ခဲ့တာ"



🪩