(1)
Viewers 2k

(1) 

ညနေခင်းတွင် မီးပုံးများထွန်းညှိထားကြပြီး မြို့မှာ ကြက်ပျံမကျ စည်ကားနေသည်။

မင်းဆက်၏နှောင်းပိုင်းကာလများတွင် တောင်တန်းများနှင့်မြစ်များ ခန်းခြောက်ပြီး ပြည်သူများ ငတ်ပြတ်နေခဲ့ကြ၏။ သို့သော် ဤရွှေမြို့တော်ကြီးတွင်သာ စားသောက်နေကြဆဲ၊ သီဆိုကခုန်နေကြဆဲ၊ ပိုးထည်ရွှေထည်များဖြင့် နေရာအနှံ့တွင် ရယ်မောပျော်ရွှင်နေကြဆဲပင်။

မြင်းလှည်းသည် အနောက်ဖက်လမ်းဝင်ပေါက်တွင် ရပ်တန့်သွားသည်။ အစေခံကောင်လေးက ဦးညွှတ်ပြီး မြင်းလှည်းထဲကလူကို အသံတိုးတိုးဖြင့် အသိပေး၏ 

သခင်လေး ရောက်ပါပြီခင်ဗျာ

ရွှေနားကွပ်အနက်ရောင်ဖိနပ်တစ်စုံ မြင်းလှည်းထဲမှ ထွက်လာသည်။ လူငယ်လေးက ရဲရဲတောက်နေသည့် အနီရောင်ဝတ်စုံနှင့် မြေခွေးသားမွေးခြုံထည်ကို ဝတ်ထားသည်။ 

သူ၏ကျောက်စိမ်းကဲ့သို့ မျက်နှာလေးမှာ လေနှင့်နှင်းများကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ပြီး နှုတ်ခမ်းထက်တွင်မူ အပြုံးပါးပါးတစ်ခုရှိသည်။ 

လမ်းမီးရောင်က အနှီထီမထင်ဟန်ရှိသည့် ဖီးနစ်မျက်ဝန်းတစ်စုံထဲ ရောင်ပြန်ဟပ်နေပြီး ထိုမှတဖန် အောက်ခြေမဲ့အနက်ရောင်မျက်ဆံအိမ်များဆီသို့ လှိုင်းဂယက်များကဲ့သို့ တသိမ့်သိမ့်ရိုက်ခတ်နေပါ၏။ 

အစေခံကောင်လေးက ထီးကိုဖွင့်လိုက်သည်။ 

ကျုယန့်ထင်က လက်နွေးမီးဖိုယူပြီး အင်္ကျီလက်ထဲထည့်လိုက်ကာ သွားရအောင်၊ အထဲဝင်ပြီး ကြည့်ကြည့်တာပေါ့

မီးပုံးပွဲတော်အတွင်း ကောင်းကင်၌ လေနှင့်ဆီးနှင်းများဖြင့် ပြည့်နှက်နေပြီး လမ်းမရှည်ကြီးကား လူများဖြင့် စည်ကားနေသည်။ မီးအလှဆင်ထားသောအပင်များ ပန်းအလှများဖြင့် လမ်းမကြီးတစ်လျှောက် ဟိုးအဆုံးထိ မီးရောင်စုံများထိန်ထိန်ညီးနေပြီး ကြက်ပျံမကျသောလူများဖြင့် ငြိမ်းချမ်းပြီး သာယာဝပြောသည့်လောကကြီးတစ်ခုထဲသို့ ရောက်နေသကဲ့သို့ပင်။

လမ်းတစ်လျှောက်တွင် ဈေးသည်များက တကြော်ကြော် အော်ဟစ်နေကြသည်။ 

ကျုယန့်ထင်က ရပ်ပြီး စင်ပေါ်ရှိပစ္စည်းများကို သာမန်ကာလျှံကာကြည့်သည်။  ထူးခြားသည့်ပုံသဏ္ဍန်နှင့် ပုလင်းတစ်လုံးကိုတွေ့တော့ ကောက်ကိုင်လိုက်ပြီး လက်ချောင်းထိပ်ဖျားမှာ အသာပွတ်သပ်လိုက်သည်။

ဒီကသခင်လေးက အမြင်ရှိတယ်.. ဒီပစ္စည်းက ပြီးခဲ့တဲ့နှစ်ရက်ကမှ တောင်ပိုင်းကပို့လာတာ၊ ဒါမျိုးရောင်းတဲ့နေရာ နှစ်နေရာမရှိဘူး

ကျုယန့်ထင်က ခေါင်းကိုငုံ့ပြီး သူ့လက်ဖဝါးထက်ရှိ ပစ္စည်းကိုကြည့်သည်။ ခဏအကြာမှ ရယ်မောကာဖြင့် 

တောင်ပိုင်းကအခြေအနေတွေ အရမ်းဆိုးတယ်လို့ ပြောသံကြားတယ် မဟုတ်ဘူးလား၊ ဆိုင်ရှင်ကြီးက အဲ့ဒိကိုသွားပြီး စီးပွားရေးလုပ်ဖို့ သတ္တိရှိတာပဲ

ဆိုင်ပိုင်ရှင်က သူ့ရှေ့က လှပတဲ့အဝတ်အစားတွေနဲ့ အထက်တန်းလွှာလူငယ်လေးကို တည်ငြိမ်စွာကြည့်ရင်း မျက်နှာပေါ်အပြုံးတစ်ခုနဲ့ ပြောလာသည် 

ဘယ်လောက်ပဲဆိုးဆိုး အစားကတော့ စားရဦးမှာလေ၊ ပြီးတော့ ကသောင်းကနင်းဖြစ်နေတာက သာမန်လူထုပါပဲ၊ အဲ့ဒိလူဂုဏ်ထံအရာရှိတွေက ပျော်ချင်ရင် ကြိုက်သလောက်ပျော်နေကြတာပဲလေ စီးပွားရေးလား.. အချိန်မရွေးလုပ်လို့ရပါတယ်၊ လောကကြီးက ပိုပြီး ဖရိုဖရဲဖြစ်လေ ပိုပြီး ဝင်ငွေကောင်းလေပဲ.. ကိုယ် လုပ်ရဲလား မလုပ်ရဲဘူးလား အပေါ်မှာပဲမူတည်တယ်

ကျုယန့်ထင်က ခပ်ပေါ့ပေါ့ ရယ်လိုက်၏ ဆိုင်ရှင်ကြီးက အတွက်အချက်ကောင်းတာပဲ၊ တွေးလည်း တွေးရဲတယ်

ဟေး .. မိသားစုကို ထောက်ပံ့ရဦးမယ်ကွ

ကျုယန့်ထင်၏ နှုတ်ခမ်းထောင့်များက အသာကွေးတက်သွား၏။ သူက လက်ထဲက ပစ္စည်းကိုချကာ ရှေ့ဆက်လျှောက်သွားသည်။

အစေခံကောင်လေးက ထီးကိုလက်မှာကိုင်ထားပြီး သူ့နောက်ကနေ တစ်လှမ်းချင်းလိုက်လာသည်။

ကျုယန့်ထင်က အလွန်နှေးကွေးစွာလမ်းလျှောက်နေရင်းကနေ ရုတ်တရက် တစ်ချက်ရယ်သည်။ တဆက်တည်း အသံတိုးတိုးပါထွက်လာပြီး ဘေးနားအစေခံကောင်လေးကို ပြောနေသည်လား ဒါမှမဟုတ် တကိုယ်တည်းရေရွတ်နေသည်လား မသေချာပေ

မီးပုံးပွဲတော်က တကယ့်ကိုအသက်ဝင်တာပဲ၊ ဒီနေရာကိုကြည့်ပြီး ကျုမိသားစုရဲ့ကံကြမ္မာ ကုန်ဆုံးတော့မယ်ဆိုတာ ဘယ်သူသိမှာလဲ

နှစ်ပေါင်း (၃၀၀) ကြာပြီးတိုင်း တဖန်ပြန်မွေးဖွားခြင်းတစ်ခုရှိ၏။ ကြည့်ရသည်မှာ ဤအရာကို မင်းဆက်တိုင်း ရှောင်လွှဲနိုင်ပုံမပေါ်ပေ။ 

တာ့ယန်မင်းဆက်သည် တိုင်းပြည်အား နှစ်ပေါင်း (၃၆၀)ကျော်ကြာ အေးချမ်းစွာ စိုးစံခဲ့သည်။ အခုတော့ဖြင့် နေရာတိုင်းတွင် လေနှင့်မိုးများ မရေမရာမှုများနှင့် အန္တရာယ်များ ဝိုင်းလာချေပြီ။ အဆုံးသတ်ချိန် ရောက်ခါနီးလာသော်လည်း ဘယ်သူမှ ဝန်မခံချင်ကြ၊ ဘယ်သူမှ ဝန်မခံဝံ့ကြပေ။

အစေခံက ခေါင်းကိုငုံ့လိုက်ကာ ပုစဉ်းရင်ကွဲတစ်ကောင်ကဲ့သို့ ငြိမ်သက်နေ၏။

သက်ပြင်းချသံတစ်ခုက လေနှင့်နှင်းများထဲသို့ လွင့်ပျံသွားသည်။ 

အစေခံက သူ့မျက်လုံးတွေကို အသာမော့ကြည့်လိုက်စဉ်တွင် ကျုယန့်ထင်၏ အေးစက်နေသောမျက်နှာထားကိုသာလျှင် မြင်လိုက်ရသည်။

........

လမ်းရှည်၏ အခြားအဆုံးတစ်ဖက်တွင်မူ ဆယ့်လေး ဆယ့်ငါးနှစ်အရွယ် လူငယ်လေးတစ်ယောက်က သူ့ထက်အသက်အနည်းငယ်ပိုကြီးသည့် တခြားလူငယ်တစ်ယောက်အား အတင်းဆွဲကာ မြင်းလှည်းပေါ်မှ ခုန်ဆင်းပြီး စိတ်လှုပ်ရှားစွာပြောလာသည်။

အစ်ကိုနှစ် သွားကြစို့.... တစ်နေ့လုံး အိမ်ထဲမှာနေပြီး မဟုတ်ကဟုတ်ကတွေပဲ လေ့လာမနေနဲ့...... ဒီလိုကြုံရဖို့က ရှားတယ်.... မီးပုံးပွဲတော်မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ လိုက်ပြမယ်  

ရှောင်းလန့်က အသည်းအသန်အဆွဲခံလိုက်ရပြီး ခြေထောက်တွေ ယိုင်သွားသည်။ သူက ခြေလှမ်းကို မတ်မတ်ရပ်လိုက်ကာ တစ်ဖက်လူကို သတိပေးလိုက်သည် ညီသုံး... လျှောက်မလုပ်နဲ့

အဆိုပါလူငယ်လေးက အင်တိုက်အားတိုက် ဖြစ်နေပါ၏ အင်းပါ.. အစ်ကို့ကို အပြင်ထွက်ဖို့ဖိတ်ရတာ ဘယ်လောက်ခက်ခဲတယ်မှတ်လဲ.. ဘာမှလျှောက်တွေးမနေနဲ့.. ဒီနေရာက ပျော်စရာကောင်းတယ်

ရှောင်းလန့်က သူ့ကို စကားနာထိုးလိုက်သည် မင်းဖာသာမင်း လည်ချင်တာကို ငါ့ကိုအသည်းအသန်ဆွဲခေါ်လာတယ်.. အမေက မင်းတစ်ယောက်တည်းဆို ထွက်ခွင့်မပေးမှာ စိုးလို့မလား

ရှောင်းရုန်က အပြစ်ရှိသည့်ဟန်ဖြင့် မျက်လုံးပြူးပြသည် 

အစ်ကိုနှစ်က ကျွန်တော့်ကို ချစ်ပြီးသားပဲမလား.. အဲ့တာကြောင့် လိုက်လာပြီးပြီဆိုရင်လည်း မရယ်ပါနဲ့တော့ သူတို့တွေအကုန်လုံးလည်း ရောက်နေကြပြီ၊ ကျွန်တော့်ကို လျှောက်လည်ခွင့်ပြုလိုက်ပါတော့

သူတို့နှစ်ဦး စကားပြောနေချိန်တွင် ရှောင်းရုန်နှင့်အရွယ်တူလူငယ်လေးများ သူတို့ရှိရာ ရောက်လာကြသည်။

ရှောင်းရုန်က လက်မြှောက်ပြီး အသည်းအသန်ဝှေ့ယမ်းပြရင်း ခေါင်းကိုစောင်းကာ ရှောင်းလန့်ကို ခပ်တိုးတိုးလှည့်ပြောသည် 

အစ်ကိုနှစ် .. သူတို့အကုန်လုံးက တော်ဝင်စာသင်ကျောင်းက ကျွန်တော့်အတန်းဖော်တွေ၊ ဒီနေ့ည အပြင်ထွက်လည်ဖို့ ချိန်းထားတာ

ရှောင်းလန့် ပြောစရာစကားမရှိ ဖြစ်သွားရ၏။ ရောက်လာကြသည့် လူငယ်လေးများက ရှောင်းရုန်၏မိတ်ဆက်သကာရစကားများကို နားထောင်ကြပြီး ရှောင်းလန့်အား တလေးတစား ဦးညွှတ်လာကြသည်။

ထိုလူငယ်လေးတွေက စာသင်သားပဲရှိသေး၏။ သို့သော် ရှောင်းလန့်က မင်းမှုထမ်းလောကထဲကို ဝင်ရောက်ပြီးဖြစ်ကာ ယခင်စံချိန်တင်ထားသော လူရည်ချွန်လည်း ဖြစ်သည်။ ယခုမူ ပြည်သူ့ရေးရာရုံးတော်၏ ဆဌမအဆင့်အရာရှိပင် ဖြစ်ချေပြီ။

ရှောင်းလန့်တွင် မင်းမှုထမ်းတစ်ယောက်၏ ဟိတ်ဟန်မျိုးမရှိပေ။ လူတစ်စုက အဖော်အပေါင်းများနှင့် စကားစမြည်ပြောဆိုရင်း ထိန်ထိန်ညီးနေသော လမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာကြသည်။ 

လေနှင့်နှင်းများ ရပ်တန့်သွားသောအခါ ရှည်လျားသောလမ်းမကြီးမှာ ပို၍စည်ကားပြီး ဆူညံလာ၏။

သူတို့တွေအားလုံးမှာ ငယ်ရွယ်သူများ ဖြစ်ကြသည့်အလျောက် ရှောင်းရုန်နှင့် တခြားသူများသည် ရေထဲလွှတ်လိုက်သည့် ဘဲများသကဲ့သို့ လှည့်ရင်းပတ်ရင်း မျက်စိတစ်မှိတ်အတွင်း လူအုပ်ကြားထဲ ရောနှောပျောက်ကွယ်သွားကြသည်။

ရှောင်းလန့်က မီးပုံးဆိုင်ရှေ့တွင် ရပ်လိုက်သည်။ မီးပုံးမျိုးစုံကို အမြင့်တွင် တန်းစီချိတ်ထားကာ မီးပုံးတစ်ခုချင်းစီ၏အောက်တွင် ပဟေဠိများရေးထားသော အနီရောင်စာရွက်တစ်ရွက်စီရှိသည်။ သူက အနည်းငယ်စိတ်ဝင်တစားဖြင့် မျက်လုံးများ ဝေ့ကြည့်လိုက်၏။

ဆိုင်ရှင်ဖြစ်သူက သူ့အတွေးတွေကို မြင်ပုံရပြီး ခပ်ပြုံးပြုံး ပြောလာသည်

ဒီပုစ္ဆာတွေကို လွယ်တယ်လို့ထင်ရင် သခင်လေးကိုယ်တိုင် ပုစ္ဆာတစ်ပုဒ်ထုတ်လို့ရပါတယ်၊ ပြီးရင် မီးပုံတစ်ပုံးဝယ်ပြီး ဒီမှာချိတ်ထားလိုက်၊ တကယ်လို့ ဖြေရှင်းနိုင်တဲ့သူ ပေါ်လာရင် ကျွန်တော်က သခင်လေးကိုယ်စား အဲ့ဒိလူကို မီးပုံးပေးလိုက်မယ်၊ ညသန်းခေါင်ကျော်လို့မှ ဖြေရှင်းနိုင်တဲ့သူ မရှိရင်တော့ သခင်လေးက ဒီဆိုင်ကအကောင်းဆုံးမီးပုံးကို ရွေးယူသွားလို့ရတယ်

ရှောင်းလန့်က ကြေးပြားနှစ်ပြားကို ပစ်ချပြီး မေပယ်ရွက်သဏ္ဍာန်မီးပုံးကို ကောက်ယူကာ ခဏလောက်စဉ်းစားလိုက်ပြီးမှ စာရွက်ပေါ်မှာစာရေးဖို့ စုတ်တံကို ကောက်ကိုင်လိုက်သည်။

[သစ်ခွတစ်ပွင့် လှေတစ်စင်း၊ လှိုင်းလေထဲမှာ အမြန်ကူးခတ်သွားတယ်]

ဆိုင်ပိုင်ရှင်က ရေးထားသည့်ပဟေဠိကို အသေအချာကြည့်ပြီး ဒါ ဘာဝှက်ထားတာလဲ

စာလုံးတစ်လုံး

ဆိုင်ပိုင်ရှင်က ခဏလောက်ကြည့်နေသေးပေမယ့် ဘာဝှက်ထားလဲ မမြင်ပေ။ သူက ပြုံးပြပြီး လက်မထောင်ကာ မီးပုံးကို ကူချိတ်ပေးလိုက်သည်။

ရှောင်းလန့်က အဖြေကို နောက်စာရွက်တစ်ရွက်၌ ချရေးပြီးနောက် စုတ်တံကိုချကာ ရှောင်းရုန်တို့တသိုက် ဈေးဝယ်နေကြသော လမ်းတစ်ခြမ်းရှိကျောက်စိမ်းဆိုင်ဆီ လျှောက်သွားလေ၏။

ချန်နယ်စားအိမ်တော်တွင် မရှိသည့်ရတနာပစ္စည်းဟူ၍ မရှိပေ။ ရှောင်းရုန်က ဆိုင်ထဲမှ သိပ်မရှားပါးသည့်ကျောက်စိမ်းများကို အလွန်အမင်းစိတ်ဝင်တစားဖြင့် ကြည့်ရှုနေသည်။ အကြိမ်ထောင်ပေါင်းမက ရွေးပြီးမှာတော့ သူက အဖြူရောင်ကျောက်စိမ်းနွေးဆွဲပြားတစ်ခုကို ယူကာ ငွေတုံးပေးချေလိုက်ပြီး ခါးတွင်ချိတ်ဆွဲလိုက်သည်။ 

ရှောင်းလန့်တစ်ယောက် မဝယ်ဘဲလှည့်ပတ်ကြည့်နေသည်ကိုမြင်တော့ သူက အနားသို့ကပ်လာကာ စနောက်လေသည် 

အစ်ကိုနှစ် .. ကိုယ့်အတွက်ကိုယ်မဝယ်လည်း အိမ်ရောက်လာတော့မယ့် မရီးနှစ်အတွက်တော့ ဝယ်သင့်တယ်လေဗျာ၊ သူပျော်သွားအောင် တစ်ခုခုဝယ်ပေးလိုက်ပါလား

ရှောင်းလန့်က တုတ်တုတ်မျှမလှုပ် သူက ဒီလိုဟာတွေ မကြိုက်ဘူး

ပေးတောင်မပေးကြည့်ဘဲ မကြိုက်မှန်း ဘယ်လိုသိလဲ၊ တကယ်လို့ မကြိုက်ဘူးဆိုရင်တောင် အစ်ကိုနှစ်ပေးတယ်ဆိုတာက ကွာခြားတယ်လေ

ရှောင်းရုန်က မိမိတစ်ကိုယ်တည်းရေရွတ်သလို ပြောပြန်သည် မရီးနှစ်က နောက်လနွေဦးစာမေးပွဲအတွက် ပြင်ဆင်နေရတာ နှမြောစရာပဲ.. မဟုတ်ရင် ဒီည အတူတူလည်ဖို့ သူ့ကိုပါဖိတ်လို့ရတယ်

သူက မတော်စပ်ရသေးသော ဤယောကျ်ားလေးမရီးအပေါ်တွင် အလွန်အကောင်းမြင်သည်။ အနှီသူက ရှောင်းလန့်နှင့် ငယ်ကျွမ်းဆွေတစ်ယောက်ဖြစ်ပြီး ဝါသနာချင်းလည်းတူကြသည်။ သူ့အတွက်တော့ ညီအစ်ကိုတစ်ယောက်လိုပင်။

ရှောင်းလန့်က ခေါင်းငုံ့ပြီး ခေတ္တခဏစဉ်းစားပြီးမှာ အလွန်ထူးခြားပြီး လက်ရာမြောက်လှသည့် အပေါက်များပါသော ငှက်တစ်ကောင်ပုံသဏ္ဍာန် အဖြူရောင်ကျောက်စိမ်းစုတ်တံတင်ခုံကို ကောက်ယူကာ ဆိုင်ရှင်အား သေသေချာချာ ထုတ်ပိုးခိုင်းလိုက်၏။

လူတစ်စု ဆိုင်ထဲမှထွက်လာကြပြီး အများက ထွက်သွားကြတော့မည့်အချိန်၌ မီးပုံးရောင်းသည့်ဆိုင်ပိုင်ရှင်က ရှောင်းလန့်ကိုလှမ်းခေါ်လာသည်။ 

သခင်လေး သခင်လေးရဲ့စာလုံးပဟေဠိကို အခုလေးတင် တစ်ယောက်ကဖြေသွားတယ်

ရှောင်းလန့်မဖြေခင်မှာပဲ ရှောင်းရုန်က မျက်ခုံးတွေမြင့်တက်သွားပြီး ရှေ့ဆုံးကနေ အရင်လျှောက်သွားကာ ဘာစာလုံးပဟေဠိလဲ၊ ပြပါဦး

မေပယ်သစ်ရွက်ပုံမီးပုံးကား နဂိုအနေအထားတွင် တွဲလောင်းကျနေဆဲဖြစ်ပြီး ထိပ်ပိုင်းတွင်ချိတ်ဆွဲထားသော အနီရောင်စာရွက်က ဖြုတ်ခံထားရသည်။ 

ရှောင်းရုန်က စာရွက်ကို လက်ထဲမှာကိုင်ပြီး အသေအချာကြည့်ကာ ရှောင်းလန့်ပေးခဲ့သောပုစ္ဆာကို အသာဖတ်လိုက်၏။ တဖက်သို့လှန်လိုက်သည့်အခါ နောက်တစ်ယောက်ရေးခဲ့သော မဖြစ်မနေ ဟူသည့်အဖြေရှိသည်။

ရှောင်းရုန် အံ့အားသင့်သွားပြီး ဒီလောက်လွယ်လား

ဆိုင်ပိုင်ရှင်က ပြုံးပြီး ဒီလောက်လွယ်တာတော့ မဟုတ်ဘူး

ရှောင်းရုန်က မယုံနိုင်စွာလှည့်လာရင်း ရှောင်းလန့်ကို မေးလိုက်ပြန်သည် ဒါက ဒါပဲလား

ရှောင်းလန့်က ခေါင်းညိတ်ပြကာ အင်း

သူချန်ထားခဲ့သည့် အက္ခရာပြောင်းပုစ္ဆာက ဖြေရှင်းရမခက်သော်ငြား အရာဝတ္ထုတွေ ပိုရိုးရှင်းလေလေ လူတွေကိုရှုပ်ထွေးစေဖို့ ပိုလွယ်ကူလေလေပင်။ ဆိုင်ထဲဝင်ပြီး တစ်နာရီ၏လေးပုံတစ်ပုံခန့်တောင် မကြာသည့်အချိန်မှာ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်ဟု ဘယ်တုန်းကမှ သူ မတွေးမိခဲ့။

ရှောင်းရုန်က ဈေးဆိုင်ပိုင်ရှင်ကို စပ်စပ်စုစု မေးလိုက်သည် ဘယ်သူဖြေရှင်းလိုက်တာလဲ၊ ဘာလို့ မီးပုံးကို မယူသွားတာလဲ

သခင်လေးတစ်ယောက်ပါ၊ ဒါကို မလိုချင်ဘူးလို့ ပြောသွားတယ် ဈေးဆိုင်ပိုင်ရှင်က သူ့ကို လှမ်းညွှန်ပြရင်း အဲ့မှာ သူပဲ

လမ်း၏တစ်ဖက်မှာတော့ ကျုယန့်ထင်က တစ်ခုခုကို ခံစားမိသွားပုံဖြင့် သူ၏ကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လာသည်။

လူငယ်တစ်သိုက်က ဆိုင်ပိုင်ရှင်ညွှန်ပြသည့်ဘက်ဆီသို့ ကြည့်လိုက်ကြ၏။ ထိုသူကား မှိန်ဖျောဖျော့မီးရောင်အောက်တွင် မတ်တပ်ရပ်နေပြီး နက်မှောင်သည့် သူ့မျက်လုံးတွေက ကြယ်များကဲ့သို့ တောက်ပလင်းလက်နေသည်။

ရှောင်းလန့်က နေရာမှာ ခဏလောက်မှင်သက်သွားသည်။ 

ရှောင်းရုန်က သူ့ဘေးနားက တခြားသူတွေကို တိုးတိုးကပ်ပြော၏ ဟေး.. အဲ့ဒါ မင်းသားဟွိုင်အိမ်တော်က သခင်လေးမလား

သူပဲ.. ဒီမှာတွေ့မယ်လို့ မထင်ထားဘူး၊ တကယ် တိုက်ဆိုင်တာပဲ

လူတော်တော်များများ ခဏလောက် အချင်းချင်း တွတ်ထိုးနေကြ၏။ 

ရှောင်းရုန်က ရှောင်းလန့်အနားကပ်လာပြီး အစ်ကိုနှစ်.. အဲ့တစ်ယောက်က မင်းသားဟွိုင်ရဲ့ညီ.. တော်ဝင်ကျောင်းတော်မှာ စာသင်နေတာပဲ.. ကျွန်တော် သူ့ကို ခဏခဏမြင်ဖူးတယ်

ကျုယန့်ထင်မှာ ၎င်းတို့ရှိရာသို့ အေးအေးလူလူ လမ်းလျှောက်လာနေပြီဖြစ်၏။ ထိုသူက ခြေနှစ်လှမ်းအကွာမှာ ရပ်လိုက်ကာ ရှောင်းလန့်အားဦးညွှတ်ပြီး မျက်နှာပေါ်အပြုံးလေးတစ်ခုဖြင့် ပြောလာသည် ရှောင်းလူကြီးမင်းကို လေးစားနေခဲ့တာ ကြာပါပြီ

ရှောင်းလန့်ကလည်း ခြေလှမ်းတစ်ဝက်ခန့် နောက်ပြန်ဆုတ်ပြီး ပြန်လှန်ဦးညွှတ်လိုက်သည်။

ကျုယန့်ထင်က ရယ်ရယ်မောမောဖြင့်ပင် လူရည်ချွန်သခင်လေးက ချန်နယ်စားအိမ်တော်ကဆိုတာ ကြားဖူးနေခဲ့တာ ကြာပါပြီ၊ လူကြီးမင်းက ဗဟုသုတကြွယ်ဝပြီး  သာမန်ထက်ထူးကဲတယ် အကျင့်သိက္ခာနဲ့ပြည့်စုံတယ်၊ ဒီနေ့တွေ့လိုက်ရတော့ နာမည်ဂုဏ်သတင်းနဲ့ တကယ့်ကိုလိုက်ဖက်တဲ့လူပါပဲ

ရှောင်းလန့်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေသည် သခင်လေး အမွှန်းတင်လွန်းနေပါပြီ၊ ခံယူရမှာ ရှက်မိပါတယ်

ရှောင်းရုန်က သိချင်စိတ်ဖြင့် ကျုယန့်ထင်ကို မေးလိုက်သည် အခုလေးတင် ဒီမီးပုံးပဟေဠိကို သခင်လေး တကယ်ပဲ ဖြေရှင်းလိုက်တာလား

ကျုယန့်ထင်က ပြုံးနေရင်းမှ ခေါင်းညိတ်ပြသည် ဟုတ်ပါတယ်

အစ်ကိုနှစ်က အခုလေးတင် မီးပုံးချိတ်လိုက်တာ.. သခင်လေးက ဖြေရှင်းလိုက်နိုင်တယ်၊ တကယ့်ကို လက်ဖျားခါလောက်တယ် သူက ချီးမွမ်းခန်းဖွင့်သည်။

တိုက်ဆိုင်သွားတာပါ.. ပြောဖို့ မထိုက်တန်ပါဘူး

ဘာလို့ ဒီမီးပုံးကို မလိုချင်ရတာလဲ  ရုတ်တရက် ရှောင်းလန့်က ဖြတ်ပြောလာသည်။

ကျုယန့်ထင်က ပြုံးလိုက်ကာ မျက်လုံးတွေကို တဖြတ်ဖြတ်ခတ်ရင်း ဒီပုစ္ဆာကို ရှောင်းလူကြီးမင်းကိုယ်တိုင်ရေးထားမှန်း မသိလိုက်ပါဘူး၊ တောင်းပန်ပါတယ်၊ ဒီမီးပုံး ကျွန်တော့်ကိုပေးဖို့ ဆန္ဒရှိသေးရဲ့လားမသိဘူး

မျက်ဝန်းလေးခု ဆုံတွေ့သွားကြ၏။ ကျုယန့်ထင်၏ မျက်ဝန်းထဲတွင် အပြုံးပါးပါးလေးတစ်ခု ရှိနေသည်။ 

ရှောင်းလန့်က မီးပုံးကို သူ့လက်ဖြင့် ကိုယ်တိုင်ဖြုတ်ချကာ လက်လွှဲပေးလိုက်သည်။

ကျုယန့်ထင်က အင်္ကျီလက်ထဲထပ်ကိုင်ထားသည့် လက်တစ်ဖက်ကိုထုတ်လာကာ ရှောင်းလန့်ကမ်းပေးလာသည့် မီးပုံးလက်ကိုင်ပေါ်တွင် သူ၏ဖြူဖွေးသွယ်လျသောလက်ချောင်းများအား တင်လိုက်ရင်း ညင်သာစွာ ဆုပ်ကိုင်လိုက်လေသည်။

မီးစာ၏အနီရောင်အလင်းက ကျောက်စိမ်းနှင့်တူသော သူ့မျက်နှာကို နူးညံ့သွားအောင် ပြုလုပ်နေခဲ့၏။ နှုတ်ခမ်းထောင့်စွန်းက ပါးလျလျအပြုံးကိုတောင်မှ ပိုပြီးညှို့ငင်လောက်စရာ ဖြစ်သွားစေခဲ့သည် ကျေးဇူးတင်ပါတယ်

ရှောင်းလန့်က မျက်လွှာချလိုက်ကာ မလိုပါဘူး

ဆီးနှင်းများနှင့် နှင်းများက ကြောင်မြီးပန်းပွင့်တွေလို တဖွားဖွားကျလာခဲ့ပြန်သည်။ အစေခံက ကျုယန့်ထင်ကို ကူညီပြီး ထီးဖွင့်ပေးသည်။ 

ရှောင်းလန့်က ရှောင်းရုန်ကို ခပ်ကြိတ်ကြိတ်သတိပေးလိုက်သည် နှင်းကျနေပြီ၊ ငါတို့စောစောပြန်ကြမယ်

ရှောင်းရုန်က မကျေနပ်သေးပါ မပြန်ဘူး.. အခုမှထွက်လာတာလေ ဘယ်အချိန်ရှိသေးလို့လဲ၊ ဒီနှင်းလေး နည်းနည်းပါးပါးကျတာလောက်ကို မှုစရာမလိုဘူး၊ နှင်းထဲမှာ မီးပုံးတွေကြည့်ရတာကမှ ပိုကောင်းတာ မဟုတ်ဘူးလား

နှင်းနဲ့မီးပုံးတွေရှုစားဖို့တော့ ဒီနေရာမှာ ရပ်နေစရာမလိုပါဘူး ကျုယန့်ထင်က အပြုံးလေးနှင့် အကြံပြုလာသည် 

သခင်လေးတို့ လက်ခံချင်ပါ့မလားတော့ မသိဘူး၊ ရှေ့နားက လမ်းထောင့်မှာ အခါးရည်ဆိုင်တစ်ဆိုင်ရှိတယ်.. မြင်ကွင်းတွေ အတူကြည့်ရှုခံစားရအောင်လို့ သခင်လေးတို့အကုန်လုံးကို ဖိတ်ခေါ်ချင်ပါတယ်

ကျန်သူများမှာ ရှင်းရှင်းလင်းလင်းပင်။ သူတို့သည် အတန်းဖော်များဖြစ်ကြ၏။ အပြန်အလှန် အသိအကျွမ်းများမဟုတ်သော်လည်း ကျုယန့်ထင်မှာ မင်းမျိုးနွယ်မိသားစုမှ သားတစ်ယောက်ဖြစ်သည်။

လူအများတွင် အမြင့်သို့တက်ရန်ရည်ရွယ်ချက် အမြဲရှိကြ၏။ ယခု ကျုယန့်ထင်က စတင်၍ ခုံခုပေးလာသောအခါတွင်တော့ လက်သင့်မခံစရာ အကြောင်းပြချက်မရှိပေ။

ရှောင်းရုန်ကလည်း အနှီကျုယန့်ထင်က အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေရသည်။ ယခင် ကျောင်းတော်မှာမြင်ခဲ့စဉ်က အေးစက်စက်အသွင်အပြင်နှင့် အတော်လေးကွာခြားပြီး မိမိကိုယ်တိုင်ကလည်း ၎င်းနှင့် သူငယ်ချင်းလုပ်ချင်နေခဲ့၏။

ကျုယန့်ထင်မှာတော့ ပြုံးနေရင်းဖြင့် ရှောင်းလန့်အား စိုက်ကြည့်နေခဲ့သည်မှာ တဖက်လူက ခေါင်းညိတ်ပြီး တုန့်ပြန်လာသည်အထိပင် 

ကောင်းပါပြီ

.........