(2)
Viewers 3k

(2) 

မြင့်မားသောအဆောက်အဦးပေါ်တွင် လက်ရန်းကိုမှီကာထိုင်လျှင် ဆယ်မိုင်ရှည်လျားသည့်လမ်းနှင့် နှင်းလွင်ပြင်မှာရောင်ပြန်ဟပ်နေသည့် တောက်ပသောမီးရောင်များ၏ မြင်ကွင်းကျယ်ကို အပေါ်စီးက မြင်နိုင်၏။

လူငယ်လေးများသည် အခါးရည်နှင့် သစ်သီးဝလံများကို သုံးဆောင်ရင်း မြို့တော်ရှိ စိတ်ဝင်စားဖွယ်ရာကိစ္စရပ် သေးသေးကြီးကြီးမှန်သမျှကို ကျယ်ကျယ်လောင်လောင်ဖြင့် ပျော်ရွှင်စွာ ရယ်မောပြောဆိုနေကြသည်။ 

ကျုယန့်ထင်က အပြုံးတစ်ခုနှင့် မျက်လွှာကိုချထားပြီး အခါးရည်ပန်းကန်လုံး၏အဖုံးကို ပွတ်သပ်လျက်ရှိသည်။ စကားများကိုသာ စေ့စေ့စပ်စပ်နားထောင်နေပြီး အများကြီးဝင်မပြောပေ။

ရှောင်းလန့်ပေးခဲ့သော မေပယ်ရွက်မီးပုံးက သူ့လက်ဘေးနားတွင် ချထားသည်။ လေတစ်ဝှေ့တိုက်ခတ်လာသည့်အခါ ဖယောင်းတိုင်မီးက တဖျပ်ဖျပ်ဖြစ်သွား၏။ မီးရောင်က ပျံ့ကျဲသွားပြီး သူ့မျက်လုံးထဲက အပြုံးများကဲ့သို့ပင် မှန်းဆရခက်ခဲလေသည်။

ရှောင်းလန့်က ကျုယန့်ထင်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ သူ့အကြည့်တွေက တဖက်လူ၏မျက်ခုံးများရှိရာရောက်လာပြီး ခဏလောက်ရပ်လိုက်ပြီးမှ မင်း.. မင်းက ဘာလို့ တော်ဝင်စာသင်ကျောင်းကိုသွားတာလဲ

ကျုယန့်ထင်က မြေပဲတစ်စေ့ကို မသိမသာ ပါးစပ်ထဲပစ်ထည့်လိုက်ပြီး အပြုံးနှင့်ပြောလာသည် ရှောင်းလူကြီးမင်း ခင်ဗျားဆိုလိုတာက ကျွန်တော်က ဘာလို့ မျိုးနွယ်စုစာသင်ကျောင်းကို မသွားတာလဲလို့ မေးချင်တာလား

ရှောင်းလန့်က နှုတ်ဆိတ်နေရင်း သူ့ကိုကြည့်နေသည်။ 

ကျုယန့်ထင်က ခေါင်းခါလိုက်ရင်း တော်ဝင်စာသင်ကျောင်းကိုသွားတာက အနည်းဆုံးတော့ တကယ့်အရာတွေကို လေ့လာနိုင်တယ်၊ မျိုးနွယ်စုစာသင်ကျောင်းက နာမည်ပဲကျန်တော့တာ ကြာပါပြီ

ရှောင်းလန့်က မျက်မှောင် အနည်းငယ်ကျုံ့လိုက်သည်။ ကျုယန့်ထင်ပြောသည်မှာ အမှန်ပင်။

ကျုမိသားစု၏သားမြေးများ ပျက်စီးလာသည်မှာ ကြာလှပြီဖြစ်သည်။ အများစုမှာ မြို့တော်တွင် မရှိကြပေ။ ထိုသူအများစုမှာ နယ်စားများဖြစ်ကြပြီး သူတို့က အလွန်အကျုး ပျော်ပါးသောက်စားကာ နေ့ရက်တွေကို ဖြတ်သန်းကြသည်။ စာသင်ရန် အခြေချနေထိုင်နိုင်သူ အင်မတန်ရှားပါးသည်။

“..... မင်းကို အရင်က မမြင်ဖူးဘူး

ကျုယန့်ထင်က ခပ်တိုးတိုး ရယ်လိုက်သည် ရှောင်းလူကြီးမင်း တော်ဝင်စာသင်ကျောင်းမှာ စာသင်နေတုန်းက ကျွန်တော်က မိသားစုအရေးတွေကြောင့် ကျောင်းသွားဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး၊ ပြီးခဲ့တဲ့နှစ်ကမှ စာသင်ကျောင်းကို ရောက်လာတာပါ၊ အဲ့ဒိအချိန်မှာ ရှောင်းလူကြီးမင်းက လူရည်ချွန်ဖြစ်ပြီးလို့ ပြည်သူ့ရေးရာရုံးတော်ကို ရောက်သွားပါပြီ၊ မမြင်ဖူးတာ မှန်ပါတယ်

ကျုယန့်ထင်က ပွင့်ပွင့်လင်းလင်း ပြောပြလာသည်။ 

ရှောင်းလန့် အနည်းငယ်အံ့အားသင့်သွားရ၏။ ကျုယန့်ထင်၏ မင်းသားဟွိုင်အိမ်တော်အကြောင်း သူကြားခဲ့ဖူးသည်။

မင်းသားဟွိုင်အိမ်တော်သည် မိမိတို့၏ ချန်နယ်စားအိမ်တော်ကဲ့သို့ပင် ကျင်ရွေ့ဧကရာဇ်မှ ဆင်းသက်လာသူဖြစ်သည်။ မင်းသားဟွိုင်၏ ပထမမျိုးဆက်မှာ ကျင်ရွေ့ဧကရာဇ်၏ ဒုတိယသားဖြစ်သည်။ မင်းသားဟွိုင်မျိုးဆက်များသည် ကျင်ရွေ့မင်းဆက်ကတည်းက မြို့တော်မှာ နေထိုင်ခဲ့ကြပြီး မည်သည့်အခါမှ နယ်မြေခံမယူခဲ့ကြ။ 

မိမိတို့၏ ချန်နယ်စားဘွဲ့ထူးကတော့ ချန်ရွေ့မိဖုရားခေါင်ဆီမှ အမွေဆက်ခံထားခြင်း ဖြစ်သည်။ ချန်ရွေ့မိဖုရားခေါင်က တာ့ယန်မင်းဆက် တည်ထောင်သူမိဖုရားခေါင်မှလွဲ၍ တစ်ဦးတည်းသော အမျိုးသားမိဖုရားခေါင်ဖြစ်သည်။ သူနှင့်ကျင်ရွေ့ဧကရာဇ်တွင် ချန်ကော်မင်းသမီးဟုအမည်တွင်သော သမီးတော်တစ်ဦးရှိသည်။ ချန်ကော်မင်းသမီးမှာ မိဖုရားခေါင်၏မျိုးရိုးအမည်ရှောင်းကို ဆက်ခံပြီး နောက်ပိုင်းတွင် သားမက်တော်နှင့် သားတစ်ယောက်ရလာသည်။ သည်တော့မှ ချန်နယ်စားအိမ်တော်ဟူ၍ ဖြစ်တည်လာခဲ့သည်။

မျိုးဆက် ငါးဆက် ခြောက်ဆက် ကြာသွားပြီးနောက်တွင်မူ မိသားစုနှစ်စုကြားရှိဆက်ဆံရေးမှာ ဝေးကွာသွားခဲ့သည်။ 

ချန်နယ်စားအိမ်တော်က စစ်ရေးအောင်မြင်မှုများကြောင့် နန်းတွင်းမှာ နေရာရနေဆဲတွင် မင်းသားဟွိုင်အိမ်တော်ကတော့ ပြိုလဲနေသည်မှာ ကြာပေပြီ။ မြို့တော်ရှိလူများမှာ ဒီလိုအထင်ကရအိမ်တော်ကြီးတစ်ခု ရှိခဲ့သည်ကို မေ့ပင်မေ့သွားလောက်ကြပြီ။

ကျုယန့်ထင်ပြောလာသည့် မိသားစုအရေးဆိုသည်မှာ မိခင်စောစောကွယ်လွန်သွားသည့် ထိုဖြစ်ရပ်ကို ရည်ညွှန်းသည်မှတပါး အခြားမရှိပေ။ တုံးအသည့်မင်းသားက ယုတ်မာသည့်မိထွေးနှင့်သားငယ်ကို အရေးပေးပြီး အမွေဆက်ခံသူပြောင်းရန်ကြံစည်ခြင်းဖြစ်သည်။ ဤဖြစ်ရပ်က မြို့တော်တခွင်လုံး ဟာသပြဇာတ်ဖြစ်သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ် မင်းသားဟွိုင်အဟောင်း ရောဂါပြင်းပြင်းထန်ထန်ရကာ သေဆုံးပြီး မင်းသားဟွိုင်အသစ် ရာထူးဆက်ခံတော့မှ အရာအားလုံး ပြေလည်သွားခဲ့သည်ပင်။

ကျုယန့်ထင်နှင့် လက်ရှိမင်းသားဟွိုင်မှာ တမအေတည်းမှမွေးဖွားသည့် ညီအစ်ကိုအရင်းအချာများဖြစ်ကြသဖြင့် ထိုဟာသဖြစ်ရပ်တွင် များစွာသောဒဏ်ကို အလူးအလဲခံစားခဲ့ကြရသည်။

သူ့ရှေ့ကလူငယ်လေးတွင် တည်ငြိမ်အေးဆေးသော အသွင်အပြင်ရှိ၏။ သို့သော်ြငား သူ့မျက်နှာပေါ်ကအပြုံးမှာ အစစ်အမှန်ဘယ်လောက်ပါလဲ ရှောင်းလန့် သိပ်တော့မသေချာပေ။ 

ကျုယန့်ထင်က ခေါင်းကိုမော့ပြီး ရှောင်းလန့်ကို ကြည့်လာသည် ရှောင်းလူကြီးမင်းကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား၊ ရှောင်းလူကြီးမင်းက ဖခင်နဲ့အစ်ကိုနဲ့အတူ စစ်တပ်ထဲမဝင်ဘဲ ဘာဖြစ်လို့ ရုံးတော်မှာအလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာလဲ၊ ပြီးတော့လည်း ဘာဖြစ်လို့ အပင်ပန်းဆုံး ပြည်သူ့ရေးရာရုံးတော်ကိုမှ သွားရတာလဲ

ရှောင်းလန့်က အခါးရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ တစ်ချက်တိတ်သွားပြီးမှ ပြောလာ၏ 

ကိုယ်က အဖေနဲ့အစ်ကိုလို အရည်အချင်းမရှိဘူး၊ တပ်ဖွဲ့တွေကို ဘယ်လိုဦးဆောင်ပြီး စစ်တိုက်ရမလဲဆိုတာလည်း မသိပါဘူး

မသိဘူးလား

မသိပါဘူး

ဤတွင် ရှောင်းရုန်က အနားရောက်လာပြီး ပြုံးတုံ့တုံ့လုပ်ကာ ရှင်းပြလာသည်

ကျွန်တော့်ရဲ့အစ်ကိုနှစ်က အိမ်မှာနေပြီး ပစ္စည်းအသေးအဖွဲလေးတွေကို လုပ်ရတာပဲ သဘောကျတာ၊ ကျွန်တော့်စိတ်ထင်တော့ လက်မှုပညာသည်တစ်ယောက်ဖြစ်လာဖို့ သင့်တော်တယ်

ကျုယန့်ထင်က တအံ့တသြဖြစ်သွားရင်း လက်မှုပညာသည်

ဟုတ်တယ်ဗျ.. အစ်ကိုနှစ်က သစ်သားထွင်းတာ ရွှံ့ပုံသွင်းတာ သဲပန်းပုပုံဖော်တာတွေ လုပ်တတ်တယ်၊ သူ့ရဲ့အပျော့ပျောင်းဆုံးအရာက အဲ့ဒိလက်တစ်စုံပဲ၊ ပြည်သူ့ရေးရာရုံးတော်က သူ့အတွက်ကွက်တိပဲ

ရှောင်းလန့်က ရှောင်းရုန်ကို ခပ်တိုးတိုးဟန့်လိုက်သည် မဟုတ်တာတွေ လျှောက်မပြောနဲ့

ကျွန်တော် ဘာမှ မဟုတ်တာ မပြောပါဘူး

ကျုယန့်ထင်က ရှောင်းလန့်ကို စိုက်ကြည့်နေ၏။ သူ့မျက်ခုံးတန်းများကြားတွင် အပြုံးလေးတစ်ခုဖြစ်လာပြီး နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွှတ်သွား၏ ကျွန်တော် နားလည်ပါတယ်၊ လူတိုင်းမှာ ကိုယ်စီဆန္ဒဆိုတာတော့ ရှိကြတာပဲမလား

ရှောင်းလန့် အခါးရည်ကိုင်ထားတဲ့လက်က အနည်းငယ်တန့်သွားသည်။ သူက ခေါင်းညိတ်ပြလိုက်သည်။

မိုးက ပိုချုပ်လာပြီး အပြင်ဘက်ကနှင်းတွေက ပိုထူထပ်လာပုံရသည်။ လမ်းမီးတွေက ဆီးနှင်းတွေမှာ ရောင်ပြန်ဟပ်နေပြီး အိပ်မက်တစ်ခုလိုပင်။

ကျုယန့်ထင်က လက်ကို လက်ရန်းပေါ်မှဆန့်ထုတ်ကာ နှင်းတစ်ပွင့်ကို လက်ဖဝါးထဲထည့်ရင်း တစ်ခဏလောက် အသေအချာကြည့်နေ၏။ အပြုံးလေးနဲ့ ညည်းညူလေသည် မီးပုံးပွဲတော်ကို နှစ်တိုင်းကျင်းပပေမယ့် ကျွန်တော်က ဒီနှစ်မှ ပထမဦးဆုံးမြင်ဖူးတာ၊ နှင်းတွေကျနေတာမြင်ရတာ နောက်ထပ်အရသာတစ်မျိုးပဲ

ရှောင်းရုန်က ပြုံးပြီး ပြန်ဖြေသည် ကျွန်တော့်အစ်ကိုနှစ်လည်း ပထမဦးဆုံးအကြိမ် ရောက်လာတာလေ၊ ဒါပေမယ့် ကျွန်တော်ကသာ ဆွဲခေါ်လာရတာပါ.. သူက စိတ်မပါဘူး

ရှောင်းလန့်၏အသံက အေးအေးဆေးဆေးပင် နှစ်တိုင်း အခွင့်အရေးတွေရှိဦးမယ်ဆိုမှတော့ နောက်ပိုင်းလည်း ကြုံလာရဦးမှာပဲလေ၊ ဘာဖြစ်လို့ လေထဲနှင်းထဲ ထွက်လာရမလဲ

ဤသည်ကို ကျုယန့်ထင်က သဘောမတူ၊ သူကပြောလာသည်  ပန်းတွေက နှစ်တိုင်းတူပေမယ့် လူတွေက နှစ်တိုင်းမတူဘူး၊ နောက်နှစ်ပြန်လာရင် ဒီနေ့ခံစားချက်နဲ့တူမှာ မဟုတ်တော့ဘူး

သူက မေးစေ့ကို လက်တစ်ဖက်ပေါ်တင်ထားပြီး စကားပြောနေတုန်း ရှောင်းလန့်ကို စိုက်ကြည့်နေသည်။ သူ့စကားက တစ်စုံတစ်ခုကို ဆိုလိုချင်ပုံရသော်လည်း သာမန်ကာလျှံကာပြောလိုက်သကဲ့သို့လည်း ရှိ၏။ 

ရှောင်းလန့်က ပြန်မဖြေပေ။ သူ့မျက်လုံးတွေက အနည်းငယ်ထူထပ်သွားပြီးမှာ အဝေးကိုကြည့်လိုက်သည်။

အခါးရည်ဆိုင်မှ သူတို့တွေ ထွက်လာပြီးသည့်နောက်တွင်မူ ညဉ့်ဦးယံကုန်လွန်သွားပြီဖြစ်၏။

မင်းသားဟွိုင်အိမ်တော်မှ အစေခံများက မြင်းလှည်းကို မောင်းလာသည်။ 

ရှောင်းရုန်က ဒါကိုမြင်ပြီး ကျုယန့်ထင်ကို မေးလိုက်သည် သခင်လေးက အခုပြန်တော့မှာလား

အချိန်က မစောတော့ဘူး၊ အိမ်တော်မှာက ညမထွက်ရစည်းကမ်းရှိလို့ ကျွန်တော် စောစောပြန်မှရပါမယ်

ကျုယန့်ထင်က ထိုစကားကိုပြောပြီး ဘေးနားမှာရပ်နေသည့် ရှောင်းလန့်ကို ခေါင်းညိတ်ပြလိုက်ကာ ရှောင်းလူကြီးမင်း ပြန်တွေ့ကြတာပေါ့

ရှောင်းလန့်က အသာတိုးတိုး ပြန်နှုတ်ဆက်သည် သခင်လေး ဖြည်းဖြည်းသွားပါ

ကျုယန့်ထင် မြင်းလှည်ပေါ်တက်လိုက်ပြီးနောက် မြင်းလှည်းက ရွေ့သွားကာ နှင်းဖုံးနေသောမြေပြင်ပေါ်တွင် ခပ်နက်နက်ဘီးရာနှစ်ခုသာ ချန်ထားခဲ့သည်။

ရှောင်းရုန်က စိတ်ခံစားချက်အပြည့်ဖြင့် ပြုံးပြီးပြောလိုက်သည် မင်းသားဟွိုင်အိမ်တော်က သခင်လေးက ပေါင်းရသင်းရ တော်တော်လွယ်တာပဲ၊ ဟိတ်ကြီးဟန်ကြီးတစ်ချက်မှ မရှိဘူး

ရှောင်းလန့်၏အနက်ရောင်မျက်ဆံအိမ်ထဲတွင် အလင်းရောင်က ရောင်ပြန်ဟပ်နေ၏။ အတော်လေးကြာမှ သူက ပြောလာသည် 

မင်းမျိုးနွယ်ထဲကလူတွေက ငါတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ မသင့်တော်ဘူး၊ နောက်ပိုင်း ကျောင်းတော်မှာတွေ့ရင် အတတ်နိုင်ဆုံး ဝေးဝေးမှာနေ

ရှောင်းရုန် ခဏလောက်တော့ ဘာပြောရမှန်းမသိအောင် ကြောင်သွားကာ ပါးစပ်က ပွင့်လျက်သားဖြစ်သွားသည်။

သွားကြစို့.. ဒီညတော့ လည်တာလုံလောက်ပြီ၊ အိမ်ပြန်ကြမယ်  

ရှောင်းလန့်က ဦးဆောင်ထွက်သွားနှင့်ချေပြီ။ ရှောင်းရုန်မှာ သူ့အတန်းဖော်တွေကို အလျင်စလို နှုတ်ဆက်ဖို့ကလွဲလို့ တခြားမရှိတော့ပေ။ သူက နောက်ကလိုက်လာပြီး မကြားတကြားပြောလိုက်သည် မိတ်ဆွေဖွဲ့ဖို့ မသင့်တော်မှတော့ ဘာလို့ လက်ဖက်ရည်သောက်ဖို့ သဘောတူသေးလဲ

သို့သော်ငြား အဖြေပြန်လာသည်ကား ရှောင်းလန့်၏ တိတ်ဆိတ်သော မျက်နှာဘက်ခြမ်းသာပင်။

........

ညသန်းခေါင်ချဉ်းကပ်သောအခါ ကျုယန့်ထင်က လက်ထဲတွင်မီးပုံးကိုကိုင်ပြီး အိမ်တော်တံခါးဝသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာခဲ့သည်။ ဒုတိယဂိတ်ပေါက်သို့ မဝင်မီတွင် မင်းသားဟွိုင်ကိုခစားသော အစေခံများက သူ့ကို အရိုအသေပေးလာပြီး မင်းသားက စာကြည့်ခန်းလာခဲ့ပါဟု ပြောဆိုလာသည်။

ကျုယန့်ထင်က ဘေးနားကကောင်လေးဆီ မီးပုံးကိုပေးလိုက်ပြီး အမိန့်ပေးလိုက်သည် ငါ့အခန်းထဲ ယူသွားလိုက်

အစေခံက ကျုယန့်ထင်ကို စာကြည့်ခန်းဆီ လမ်းပြခေါ်ဆောင်လာသည်။ 

မင်းသားဟွိုင်က သူ့စားပွဲတွင် ပန်းချီဆွဲနေ၏။ ကျုယန့်ထင်ဝင်လာတာမြင်တော့ သူက စုတ်တံကိုချပြီး ခုံမှာထိုင်ဖို့ လက်ဟန်ပြသည်။

အစေခံက အခါးရည်ပူပူတစ်ခွက်ကို လာချပေးသည်။ 

ကျုဟယ့်မင်က အစေခံတွေကို အပြင်ထွက်ခိုင်းလိုက်ပြီး ညီအစ်ကိုနှစ်ယောက်သာ ကျန်ခဲ့သည်။ သူက ကျုယန့်ထင်ကို ကြည့်ကာ ပြုံးလျက် မီးပုံးပွဲတော်က ပျော်စရာကောင်းလား

ဒီလိုပါပဲ

တွေ့ခဲ့လား

ကျုယန့်ထင်က ခေါင်းမော့လိုက်သည်။ သူ့စိတ်ထဲ တစ်ခုခုတွေးနေသလို သူ့မျက်လုံးထဲမှာ တဒင်္ဂအပြုံးတစ်ခုပေါ်လာသည် တွေ့ခဲ့ပါတယ်

သူက.... ဘယ်လိုနေလဲ

ကျုယန့်ထင်၏မျက်လုံးများ တဖျပ်ဖျပ် ခတ်သွား၏ “…. လူကောင်းပါ

ကျုဟယ့်မင်က ကျုယန့်ထင်မျက်နှာအမူအရာ ပြောင်းသွားသည်ကို သတိပြုမိသည်။ သူက လက်ထဲတွင် စာရွက်ဖိတုံးကို အသာလှည့်နေရင်း ယန့်ထင်.. မင်း တကယ်စဉ်းစားပြီးပြီလား

ကျုယန့်ထင်က လက်ထဲက လက်ဖက်ရည်ကို အသာမှုတ်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလာသည် အစ်ကိုတော်ပြောဖူးတယ်လေ.. ကျွန်တော်တို့တွေ မြင့်နိုင်သမျှ မြင့်အောင်တက်ရမယ်လို့၊ ဒါမှ တခြားသူတွေတက်နင်းတာ မခံရအောင်လေမဟုတ်ဘူးလား

ကျုဟယ့်မင်က သူ့ကို စိုက်ကြည့်ရင်း မျက်ဝန်းတွေ အနည်းငယ်ကျုံ့သွားပြီး သက်ပြင်းတစ်ခုကို ချလိုက်သည် မင်းကို ဒုက္ခပေးမိပြီ

ညီအစ်ကိုချင်း ပူပန်မှုတွေဝေမျှတာ ဒုက္ခရောက်တယ်မခေါ်ပါဘူး

ကျုယန့်ထင်က အမှုမထားသလိုဖြင့် ခေါင်းယမ်းလိုက်ပြီး ပြုံးကာ ထပ်ပြော၏ 

ကျွန်တော်မသွားရင် ကျွန်တော်တို့မှာ တခြားနှမရှိလို့လား၊ ပြီးတော့ ရှောင်းမိသားစုဒုတိယသားက အမျိုးသမီးနှစ်သက်ပုံမရဘူး၊ ရှောင်းမိသားစုက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောအခွင့်အရေးပဲ

မင်း မလုပ်ချင်ရင် လုပ်စရာမလိုဘူး

ကျွန်တော် မလုပ်ချင်တာမဟုတ်ပါဘူး ကျုယန့်ထင်က လက်ဖက်ရည်ပန်းကန်လုံးကို လက်ချောင်းထိပ်ဖြင့် ဖွဖွခေါက်ပြီး အသံတိုးတိုးရေရွတ်လာ၏ ကျွန်တော် ကျေကျေနပ်နပ် လုပ်တာပါ၊ ကျွန်တော်တို့ မင်းသားဟွိုင်အိမ်တော်ကလည်း ကျင်ရွေ့ဧကရာဇ်ရဲ့ သားသမီးမြေးမြစ်တွေပဲလေ၊ ဘာဖြစ်လို့ မတိုက်ခိုက်နိုင်ရမှာလဲ

ထို့အပြင် အသေအချာတွက်ကိန်းချပြီးနောက်တွင် သူတို့မှာလည်း အခွင့်အရေးတစ်ခုရှိသည်။

ကျင်ရွေ့ဧကရာဇ်သည် တာ့ယန်ပြည်ကြီး၏ အရှင်သခင်ဖြစ်ပြီး သူနှင့် သူ၏ဆက်ခံသူ ယုံယွိဧကရာဇ်တို့သည် တာ့ယန်မင်းဆက်ကို ဆယ်စုနှစ်များစွာ သာယာဝပြောစေရန် အတူတကွစွမ်းဆောင်ခဲ့ကြသည်။

သို့သော်ငြား ယုံယွိဧကရာဇ်နှောင်းပိုင်းမှစ၍ တော်ဝင်မိသားစုတွင် အမွေဆက်ခံသူနည်းပါးပြီး လူဦးရေအနည်းငယ်သာရှိခဲ့သည်။ ရှေ့ဆင့်နောက်ဆင့်မျိုးဆက်နှစ်ဆက်တွင် သားတစ်ဦးတည်းသာရှိသည်။ သို့ရာတွင် ရှေ့ဧကရာဇ်လက်ထက်တွင်မူ ညီအစ်ကိုသုံးဦးရှိသည်။ ထီးနန်းအပြောင်းအလဲတွင် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးမှာ ချန်လျှိုမင်းသားအဖြစ် ရှုနယ်သို့ အစောတလျင်ထွက်သွားခဲ့ရသည်။

ရှေ့ဧကရာဇ် နန်းတက်ပြီးနောက်တွင် သူက အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ချန်လျှိုမင်းသား၏နောက်လာနောက်သားများ မည်သည့်အခါမှ မြို့တော်ပြန်မလာသင့်ဟု အမိန့်ချမှတ်ခဲ့သည်။

လက်ရှိဧကရာဇ်မင်းလက်ထက်ရောက်သည်အထိပင်။ 

လက်ရှိဧကရာဇ်သည် အစောပိုင်းနှစ်များတွင် သားတော်သမီးတော်များစွာ ဆုံးရှုံးရခြင်းကြောင့် စိတ်နှလုံးများစွာတုန်လှုပ်သွားခဲ့ပြီး သဘောထားများပြောင်းလဲသွားခဲ့သည်။ သူ၏တစ်ဦးတည်းသော ညီတော်ကို အရံအိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ပေးခဲ့ပြီး ကိုယ်ကိုယ်တိုင်ကတော့ ထိုအချိန်မှစ၍ မသေမျိုးကျင့်ကြံခြင်းနှင့် တောက်လမ်းစဉ်တွင်သာ မြှပ်နှံထားလိုက်ပြီး တိုင်းပြည်ရေးအကြောင်းလှည့်ပင် မကြည့်တော့ချေ။

ထို့ကြောင့်ပင် ညီတော်အိမ်ရှေ့မင်းသား နှင့် မြို့တော်မှနှင်ထုတ်ခံရသော ချန်လျှိုမင်းသားကို ဖယ်လိုက်ပါက မင်းမျိုးဆက်ပေါင်းများစွာတွင် သူတို့၏မင်းသားဟွိုင်အိမ်တော်မှာ တော်ဝင်မိသားစုနှင့် အနီးစပ်ဆုံး ဖြစ်ပေသည်။ မင်းသားဟွိုင်အိမ်တော်က သာမန်မင်းသားတစ်ပါးဖြစ်ပြီး အမြဲသိုသိုသိပ်သိပ်နေခဲ့ခြင်းကြောင့်သာ ဘယ်သူကမှ သူတို့ကို ဂရုမစိုက်ခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် လက်ရှိဧကရာဇ်၏ညီတော် အိမ်ရှေ့စံ သေဆုံးသွားခဲ့လျှင်ရော။

ဧကရာဇ်သည် တိုင်းပြည်ရေးများကို ခေါင်းထဲထည့်ရန် ရည်ရွယ်ချက်မရှိသော်ငြား သူက လုံးဝအားနည်းပြီး အရည်အချင်းမပြည့်မီသူလည်း မဟုတ်ပေ။ နန်းတွင်းတွင် မှူးမတ်များနှင့်မင်းသားမှာ နှစ်ပိုင်းကွဲထွက်လျက်ရှိသည်။ တစ်ဖက်နှင့်တစ်ဖက် ဟန်ချက်ညီနေသရွေ့ သူက နန်းပလ္လင်တွင် အခိုင်အမာထိုင်နေနိုင်ဆဲဖြစ်၏။ 

သို့သော် ဧကရာဇ်ညီတော်က ဘဝ၏ အကောင်းဆုံးအခိုက်အတန့်သို့ ရောက်နေသည့်အချိန်ဖြစ်သည်။ ထင်ပေါ်ကျော်ကြားမှုများ တစ်နေ့ထက်တစ်နေ့ ပို၍သာတိုးလာသည်။ ထိုအရံထားသည့်လုပ်ရပ်မှာ အစပိုင်းတွင် မှူးမတ်တွေရဲ့ဖိအားပေးမှုကြောင့်သာ ဖြစ်ခဲ့သည်။ ဧကရာဇ်၏ရည်ရွယ်ချက် လုံးလုံးမပါခဲ့ပေ။ သို့သော် ဤအရံအိမ်ရှေ့မင်းသားအပေါ် အရှင်မင်းကြီး၏ကြောက်ရွံ့မှုကို ပိုင်းခြားသိမြင်နိုင်သည့် မျက်လုံးရှိသည့် မည်သူမဆို မြင်တွေ့နိုင်ပေ၏။

အကယ်၍ ဧကရာဇ်ညီတော်ပြုတ်ကျခဲ့ပါကမူ တစ်ပြည်လုံးရှိ စစ်သည်များနှင့်မြင်းများ၏ (၄၀)ရာခိုင်နှုန်းနီးပါးကို ချုပ်ကိုင်ထားသည်က ရှောင်းမိသားစု.....

ကျုမိသားစုက ယခုအချိန်တွင် အန္တရာယ်တောထဲကျရောက်နေရင်တောင်မှ အခွင့်အရေးတစ်ခုရှိလာသရွေ့ အာဏာ၏အထွတ်အထိပ် ရာဇနန်းပလ္လင်ကို မည်သူက မမက်မောဘဲ နေနိုင်မည်နည်း။

ကျုဟယ့်မင်က မတုန့်ပြန်ခဲ့ပေ။ ကျုယန့်ထင်လက်ထဲက လက်ဖက်ရည်ခွက် တစ်ဝက်ကျိုးနေသည်ကိုမြင်ပြီး သူက လက်ဖက်ရည်အိုးကိုကောက်ကိုင်ကာ လောင်းထည့်ပေးလိုက်သည်။

လက်ဖက်ရည်တစ်ခွက်သောက်ပြီးသောအခါ ကျုယန့်ထင်က မတ်တပ်ထရပ်လိုက်သည်။ ကျုဟယ့်မင်က သူ့ကိုပြော၏ ဘာပဲဖြစ်ဖြစ် အားလုံးကို သတိထား

ကျွန်တော် သိပါတယ် ကျုယန့်ထင်က အဖြေပေးသည် ဒါပေမယ့် ဖြစ်အောင်လုပ်ဖို့က အဲ့ဒိအတွင်းဝန်လျှိုကို တစ်ချက်လောက် ဒုက္ခများခိုင်းရမှာပဲ

ကျုဟယ့်မင်က သူ့နှုတ်ခမ်းကို အသာစေ့လိုက်ရင်း သိပ်မစဉ်းစားပါနဲ့

ကျုယန့်ထင်က နောက်ထပ်ဘာမှထပ်မပြောတော့ ညီလေး အနားယူဖို့ သွားပါတော့မယ်

သွားတော့ .. မင်းမရီးက ဒီည သူကိုယ်တိုင် စွပ်ပြုတ်ချက်ပြီး မင်းအတွက် တစ်ခွက်ချန်ထားတယ်၊ စားဖိုဆောင်ထဲမှာ ပူနေတုန်းပဲ၊ တစ်ယောက်ယောက်ကို သွားယူခိုင်းဖို့ မမေ့နဲ့

ကျုယန့်ထင်က ကျေးဇူးတင်လိုက်ပြီး စာကြည့်ခန်းမှထွက်သွားကာ သူနေထိုင်သည့် ဝါးပင်စိမ်းခြံဝင်းသို့ ပြန်သွားခဲ့သည်။

မေပယ်ရွက်မီးပုံးမှာ သူ့အခန်းထဲရှိ ပြတင်းပေါက်ဘေးတွင် ရှိနေ၏။ ဖယောင်းတိုင်မီးကား ခပ်မှိန်မှိန်သာ မြင်ရတော့ပြီး နောက်ဆုံးမီးတောက်တစ်ခုသာ ကျန်တော့သည်။ 

ကျုယန့်ထင်က ပြတင်းပေါက်ဘေးတွင် ရပ်လိုက်ပြီး မီးပုံးစက္ကူသားကို လက်ချောင်းထိပ်များဖြင့် ဖွဖွပွတ်သပ်လိုက်သည်။ မီးတောက်လေးက မည်းနက်သော သူ့မျက်ဆန်များအတွင်းတွင် ကခုန်နေခဲ့ပြီးနောက် အောက်ခြေသို့ နစ်ဝင်ပျောက်ကွယ်သွား၏။

အစေခံက စွပ်ပြုတ်ပူပူတစ်ပန်းကန်နှင့် ဝင်လာသည်။ 

ကျုယန့်ထင်က ယူလိုက်ပြီး တစ်ငုံသောက်လိုက်ကာ အားချင်း မင်းဘယ်လိုထင်လဲ.. ရှောင်းမိသားစုရဲ့ ဒုတိယသားက ဘယ်လိုလဲ

အားချင်းဟုခေါ်သောအစေခံက ခဏလောက်စဉ်းစားလိုက်ပြီးမှ တွန့်ဆုတ်တွန့်ဆုတ် ပြန်ဖြေလာသည် ရှောင်းသခင်လေးရဲ့ ရုပ်ရည်သွင်ပြင်က ပထမတန်းစားလို့ ဆိုရမှာပါ၊ တခြားဟာတော့ ကျွန်တော်မျိုးလည်း မကြည့်တတ်ပါဘူး

ကျုယန့်ထင်က မျက်လုံးတွေကို ပိတ်လိုက်သည်။ 

ဓါးသွားလို အနက်ရောင်မျက်ခုံးတန်းများနှင့် ကြယ်များကဲ့သို့မျက်ဝန်းများပိုင်ရှင် ထိုယောကျ်ားမှာ သူ့မျက်စိရှေ့တွင် တဖန်ပြန်ပေါ်လာပြန်၏။ 

ကျုယန့်ထင်က နူးညံ့စွာပြုံးလိုက်ပြီး မင်းပြောတာ မှန်တယ်

……………