Chapter 183
Viewers 32k

🌍Chapter 183




ဤကဲ့သို့စွမ်းရည်မျိုးမှာ လွန်စွမ်းအားကြီးလွန်း​နေသည်။ ထန်​မော့မှာ ဤကဲ့သို့ဆွဲ​​ဆောင်မှုကြီးကို​တောင့်ခံနိုင်ပါမည်ဟု အာမမခံနိုင်​ချေ။


"ဒီစွမ်းရည်က အဆိပ်လိုပဲ" 


ထန်​မော့ကထပ်​ပေါင်းဆိုလိုက်သည်။


"ကျွန်​တော့်အထင်​တော့ ဒီစွမ်းရည်​တွေရဲ့ ပိုင်ရှင်​တွေက သူ့ရဲ့ဆိုးကျိုးကိုမသိကြဘူးထင်တယ်။ ခင်များနဲ့​ရှောင်ရှန်းလိုပဲ စွမ်းရည်ကိုအသုံးပြုပဲသိပြီး ကန့်သတ်ချက်​တွေကိုမသိသလို​ပေါ့"


ဖူ၀မ်​သော်ကဆိုလိုက်သည်။ 


"ကိုယ့်စွမ်းရည်က ဘာလဲဆိုတာမသိ​သေးဘူး​နော်"


ထန်​မော့တန့်သွားမိလျက် ဖူ၀မ်​သော်ကို လှည့်ကြည့်လိုက်မိသည်။ 


ဖူ၀မ်​သော်က ပြတင်း​ပေါက်အနီးတွင်ရပ်​နေခဲ့ပြီး ​ခေါင်းက​လေးအသာငဲ့ကာ ထန်​မော့ကို ကြည့်​နေခဲ့သည်။


နန်ကျင်းမှ ​ပေကျင်းသို့ထွက်လာပြီးကတည်းက ထန်​မော့မှာ ဖူ၀မ်ရှန်း၏စွမ်းရည်ကိုသာ အရင်ဆုံးစစ်​ဆေးကြည့်​ခဲ့သည်။ ဤစွမ်းရည်အတွက် အနားယူချိန် ၃ရက်ရှိကာ ထို၃ရက်အတွင်း ထန်​မော့ ဖူ၀မ်​သော်၏စွမ်းရည်ကို မစစ်​ဆေးကြည့်နိုင်​သေး​ချေ။ ၄င်း​နောက်ပိုင်း ဖူ၀မ်​သော်ကား​မောင်း​နေစဥ် ဖူ၀မ်​သော်၏ လက်ကို ဆုပ်ကိုင်ထားရန် ကြိုးစားခဲ့သည်။ ၂ဦးသားမှာ ၆နာရီကြာသည်အထိ လက်များယှက်နွယ်ထားခဲ့​သော်လည်းမ​​အောင်မြင်ခဲ့ပဲ ထန်​​မော့လည်း လက်​လျှော့လိုက်ကာ ထိုကိစ္စကို ထပ်မ​ပြော​တော့​ချေ။


"တစ်​ယောက်​ယောက်ရဲ့စွမ်းရည်ကိုရဖို့အဲ​လောက်​တောင် ခက်ခဲတယ်ဆိုရင် အဲဒီမိန်းမက မင်းရဲ့စွမ်းရည်ကို ဘာလို့အဲ​​လောက်အချိန်တိုတိုနဲ့ရသွားတာလဲ"


ထန်​မော့ ဖူ၀မ်​သော်အား အံ့အားသင့်လျက်​​မော့ကြည့်လိုက်မိသည်။


ဖူ၀မ်​သော်၏ အနက်​ရောင်မျက်လုံးများမှာ ထန်​မော့ကို စိုက်ကြည့်​နေခဲ့သည်။ ထန်​မော့မှာ တဖက်လူကတစ်ခုခုကိုခန့်မှန်းမိသွားပြီဖြစ်​ကြောင်း ခံစားမိခဲ့သည်။ ဖူ၀မ်​သော်၏ ​တွေး​​ခေါ်နိုင်စွမ်းမှာ မြင့်သည်ဖြစ်၍ သူ့အတွက် ၄င်းကိုခန့်မှန်းမိရန်မှာ မခက်ခဲလှ​ချေ။ ထန်​မော့၏အမူအယာမှာ​ပြောင်းလဲမသွားခဲ့​​ချေ။ သူကတည်ငြိမ်စွာဖြင့် 


"ကျွန်​တော်ပွားယူထားတဲ့ စွမ်းရည်​တွေက အားနည်းသွားတယ်၊ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ဆို​​တော့ သူသုံးရင်​တော့ပိုစွမ်းမှာ​ပေါ့"


"အဲလိုကိုး..." 


ဖူ၀မ်​သော်က အဓိပ္ပါယ်ပါပါအသံတစ်ခုကိုပြုလျက်


"၁မိနစ်တုန်းက အဲဒီလူက အဲဒီရုပ်၀တ္တုပြန်သိမ်းတဲ့စွမ်းရည်ကိုသုံးထား​တော့ကိုယ်တစ်ခုခုမှား​နေသလိုခံစားရတယ် ထန်​မော့ မင်း​ရောခံစားမိလား"


ဖူ၀မ်ရှန်းကအံ့အားသင့်လျက်


"အာ...Ge ကျွန်​တော်လည်း ပူ​လောင်ပြီး ထူးဆန်းတယ်လို့ခံစားလိုက်ရတယ်၊ Geလည်းခံစားလိုက်ရတာလား"


ဖူ၀မ်​သော်က သာမာန်ကာလျှံကာ​ဆိုလိုက်သည်။


"မင်းက ၁၂နှစ်ပဲရှိ​သေးတာကိုး"


ဖူ၀မ်ရှန်းကဆိုလာသည်။ 


"ကျွန်​​တော် ၁၂နှစ်ဖြစ်​နေတာလဲ ဘာဆိုင်လို့လဲ"


သူက၁၂နှစ်မို့ ထိုထူးခြားမှုကို အလျင်အမြန်သတိမထားမိဟုဆိုလိုသည်လား။


ထန်​မော့"..."


ဒီလူကတကယ်​​အမဲလိုက်​ခွေးလိုပဲ၊ ဘယ်လိုလုပ်အဲ​လောက်ထိ ရိပ်မိလွယ်ရတာလဲ...


ထန်​မော့ စကားလမ်း​ကြောင်း​ပြောင်းလိုက်ကာ 


"သူ့တို့ကိုစစ်​ဆေးကြည့်လိုက်၊ အသုံး၀င်တဲ့သဲလွန်စရှိရင်ရှိမှာ"


ဖူ၀မ်ရှန်းမှာ သူ၏အသက်က ဘာမှား​နေသနည်းဟု​မေး​တော့မည်ပြင်လိုက်စဥ်တွင် ဖူ၀မ်​သော်ကထန်​မော့ကိုလှည့်ကြည့်လာခဲ့သည်။ သူကခပ်ဟဟရယ်လိုက်ကာ ဘာမျှဆိုမလာ​တော့​ချေ။


ထန်​မော့၀န်မခံသ၍ ဖူ၀မ်​သော်မှာ ခန့်မှန်းမိရုံသာရှိလိမ့်မည်။ ထန်​မော့မှာ ဖူ၀မ်​သော်တွင်အဘယ်​ကြောင့် အ​ဖြောင့်ဟာသများ အ​တော်များများရှိသလဲမသိသလို သူ၏အ​ပေါစားစွမ်းရည်ကို ထိုမျှစိတ်၀င်စား​နေရသလဲ မသိ​ချေ။ ထိုစာအုပ်၏တချို့ပါ၀င်​​သောအရာများက ထူးဆန်း​ကြောင်း ဖူ၀မ်​သော်လည်း ခန့်မှန်းမိ​ကောင်း ခန့်မှန်းမိနိုင်သည်။ ထန်​မော့ထိုစာအုပ်ကိုပြန်လည်​တွေး​တောရင်း တိတ်တိတ်​လေးဆုံးဖြတ်ချက်ချလိုက်သည်။ ဤဘ၀တွင်​တော့ သူ၏စွမ်းရည်စာအုပ်ကို မည်သူတစ်ဦးတစ်​ယောက်ကိုမှ ​​ပေးဖတ်၍မ​ဖြစ်​ချေ။


ထို၄​ယောက်မှာ သူ့အားတိုက်ခိုက်ရန်​ရောက်လာခြင်းက တိုက်ဆိုင်ခြင်းသက်သက်ဟု သူမထင်​ချေ။


"ဒီလူ​တွေက သိပ်မသန်မာဘူး။ တရား၀င်ကစားသမား​တွေမဟုတ်ဘူး၊ အားလုံးနီးပါးမှာ စွမ်းရည်​တွေရှိကြတယ်။ ၇၀ရာခိုင်နှုန်း​လောက်က သူတို့ဒီ​နေရာမှာ တမင်​စောင့်​နေတယ်ဆိုတာ​သေချာတယ်။ သူတို့ကျွန်​တော်တို့​နောက်ကို ​နောက်​ယောင်ခံလိုက်​နေတာကြာ​လောက်ပြီ။ ၃၀ရာခိုင်နှုန်း​လောက်ကလည်း ဒီတိုင်းကြုံလို့လုယက်တာလည်းဖြစ်နိုင်တယ်။ "


ထန်​မော့တန့်သွားပြီးမှ ထပ်​ပေါင်းဆိုလိုက်သည်။


"ခင်များနဲ့ကျွန်​တော်ကဒီ၃​ယောက်ကိုစစ်ကြည့်လိုက်မယ်၊ ​ရှောင်ရှန်း မင်းအဲဒီတစ်​ယောက်ကို စစ်ကြည့်လိုက်"


ဖူ၀မ်ရှန်း​ခေါင်းညိတ်လိုက်သည်။


၃​ယောက်သားလူခွဲလိုက်​လေသည်။


ထန်​​မော့သည် အချိန်ပြန်ဆုတ်နိုင်​သော လူ၏ကိုယ်ကိုစစ်​ဆေးလိုက်သည်။


​အေးစက်​နေ​သောကြမ်းပြင်​ပေါ်တွင် သက်လတ်ပိုင်းအရွယ်လူကြီး၏ မျက်လုံးများမှာ ပွင့်ဟလျက် ​ကောင်းကင်ကို​မော့ကြည့်​နေခဲ့သည်။ ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​နောက်ထန်​မော့မှာ ​သေခြင်းဆိုးရွား​သော အ​လောင်းမျိုးစုံကိုမြင်ဖူးခဲ့ပြီး​ချေပြီ။ သူသည်ထိုအ​လောင်းကို အမူအယာမဲ့စွာကြည့်လျက် ၄င်း၏ကိုယ်ကိုရှာ​ဖွေလိုက်သည်။


ဤလူကို သတ်မိခြင်းမှာ တိုက်ဆိုင်မှုသာဖြစ်​သော်လည်း တိကျမှုတစ်ခုလည်းဖြစ်​နေသည်။ အကယ်၍ ဤလူကိုမသတ်မိပါက အရာအားလုံးမှာ တဖန့်ပြန်စတင်လာလိမ့်မည်။


ဤကစားသမား၄ဦးမှာအ​တော်​​လေး လည်လှသည်။

ထန်​မော့နှင့်ဖူ၀မ်​သော်တိုက်ခိုက်ရန် အစပြုလိုက်သည်နှင့် ၄င်းတို့၏ အချိန်ပြန်လှည့်နိုင်​သောစွမ်းရည်မှာလည်း ရှာ​တွေ့ခံလိုက်ရပြီဖြစ်​ကြောင်း ရိပ်မိသွားခဲ့သည်။ အချိန်ကိုပြန်လှည့်နိုင်သည်က အကူပစ္စည်းတစ်ခုမဟုတ်​ချေ။ ထို့​ကြောင့် သူတို့သည် ထန်​မော့နှင့် ဖူ၀မ်​သော်အား အချိန်ဆွဲရန် ဆုံးဖြတ်လိုက်ကာ သူတို့၏အဖွဲ့၀င်ကို အလျင်အမြန်ထွက်​ပြေးသွား​စေသည်။


သူတို့သည် ထန်​မော့နှင့် ဖူ၀မ်​သော်တို့၏ ပြိုင်ဘက်များမဟုတ်​ချေ။ သို့မဟုတ်လျှင် အချိန်ကိုခဏခဏပြန်လှည့်​နေရမည်မဟုတ်​။ သူတို့၏ အချိန်ကိုပြန်လှည့်နိုင်​သောအဖွဲ့၀င်ကို ကာကွယ်ရန်သာလိုအပ်ပြီး သူတို့၃​ယောက်မှာလည်း ဆက်လက်အသက်ရှင်နိုင်လိမ့်မည်ပင်။ ထို့​ကြောင့် သတ်လတ်ပိုင်းလူကြီးမှာ လှည့်စားမှုတစ်ခုကိုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို၄​ယောက်ထဲတွင် သတ်လတ်ပိုင်းလူကြီးနှင့် ဓါးနှင့်​ယောကျာ်းတို့မှာ အဓိကတိုက်ခိုက်သူများဖြစ်သည်။ ကျန်၂ဦးမှာ အားနည်းကာ ​​ဘေးမှအကူမျှသာ​ပေးနိုင်သည်။  မိမိတို့၏အကြံအစည်များ​ပေါ်သွားသည်နှင့် သက်လတ်ပိုင်းလူကြီးမှာ ​အော်ဟစ်ခဲ့သည်။


"ကျိုကြီး​ပြေး​တော့"


ကျိုကြီးဆိုသူမှာ အလျင်အမြန်ထွက်​ပြေးသွား​သော်လည်း သူကထိုအချိန်ပြန်လှည့်နိုင်​သောစွမ်းရည်ပိုင်ရှင်မဟုတ်​ချေ။ တကယ့်စွမ်းရည်ပိုင်ရှင်မှာ သက်လတ်ပိုင်းလူနှင့်အတူ ဖူ၀မ်​သော်အားတားဆီးရန် ​နေရစ်​ခဲ့သည်။ ထိုလှည့်ကွက်မှာ ထန်​မော့နှင့် ဖူ၀မ်​သော်အ​​ပေါ် အလုပ်ဖြစ်ခဲ့​လေသည်။


၂ဦးသား ထိုကျိုကြီးဆိုသူက စွမ်းရည်ပိုင်ရှင်ဟု ထင်မှတ်လျက် ​နောက်မှ​ပြေးလိုက်သွားခဲ့သည်။ ထိုစဥ်တွင် တကယ့်စွမ်းရည်ပိုင်ရှင်မှာ ​နောက်လှည့်ကာ ထွက်​ပြေးသွားခဲ့​​လေသည်။ သူတို့မ​မျှော်လင့်ထားသည်မှာ ထန်​မော့ ​သေခြင်းအရိပ်အ​ယောင် စွမ်းရည်ကို အသုံးပြုလာလိမ့်မည်ဟုပင်။


[စွမ်းရည်: ​သေခြင်းအရိပ်အ​ယောင်] 


[ပိုင်ရှင်: ပိုင်ရို့​ယောင် (တရား၀င်ကစားသမား)]


.....


[အသုံးပြုပုံ: မျက်လုံး၂ဖက်လုံးဖြင့် တပါးသူအ​ပေါ်လွှမ်းခြုံထား​သော ​သေခြင်းအရိပ်အ​ငွေ့များကို မြင်​​​တွေ့နိုင်]


ထန်​မော့ထိုစွမ်းရည်ကိုအသုံးပြုပြီး​နောက် ကျိုကြီးဆိုသူ၏ ​သေခြင်းအ​ငွေ့အသက်များမှာ အလွန်အားနည်းနေသည်ကို အံ့အားသင့်ဖွယ်​တွေ့လိုက်ရ​လေသည်။ လုံး၀မရှိသ​လောက်ပင်။ သူ၏မီးခြစ်ဆံကြီးမှာ ကျိုကြီး၏​ခေါင်းကိုရိုက်ခွဲပစ်ခါနီး ဆဲဆဲပင်။ ဤလူမှာ​သေဆုံးနိုင်​​ချေမရှိဟု ဆိုလိုရင်းမှာ အချိန်ကိုပြန်ဆုတ်နိုင်​သောစွမ်းရည်ပိုင်ရှင်က ကျိုကြီးမဟုတ်ဟုဆိုလိုခြင်းပင်။


ထန်​မော့အလျင်အမြန် အလျင်လူသား စွမ်းရည်ကို ထုတ်သုံးလိုက်ပြီး ​ပြေး​နေ​သော တခြားကစားသမားထံ ​ရွေ့လျားလိုက်လေသည်။


"ခင်များက မ​ကျေမနပ်​သေသွားရတာပဲ" 


ထန်​မော့သည် ခိုး၀င်သူ၏​အေးစက်​နေ​သော ကိုယ်ကိုကြည့်လျက် သက်ပြင်းချလိုက်မိသည်။


ထန်​မော့မှာ အလျင်လူသားစွမ်းရည်ကို ၁စက္ကန့်စာအသုံးပြုခဲ့ပြီး သူ၏အသက်၂မိနစ်စာကို ကုန်ဆုံးခဲ့ရသည်။ ထန်​မော့ဤစွမ်းရည်ကိုရရှိပြီးကတည်းက ၂ကြိမ်သာလျှင် အသုံးပြုခဲ့ရ​သေးသည်။ ဤသည်မှာ ဒုတိယအကြိမ်ပင်။ 


သူ့တွင် ဒုတိယအခွင့်အ​ရေးသာရရှိခဲ့လျှင် ဤကဲ့သို့​ရွေးချယ်ခဲ့မည်မဟုတ်​ချေ။ ထိုကစားသမား၄ဦးမှာ ဤတစ်​ခေါက်တွင် တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိ​တော့ပဲ နား​နေ​ဆောင်​နောက်တွင် ပုန်း​နေခဲ့ခြင်းသာဖြစ်သည်။ သူတို့သည် ထန်​မော့ကိုရှင်းမပစ်နိုင်မှန်းသိ၍ သိပ်မစွန့်စားရဲကြ​တော့ခြင်းပင်။ သူတို့ပုန်းကွယ်​နေပြီး ထွက်သွားရန်သာ ​ဆုံးဖြတ်ထားခဲ့​သော်လည်း ထန်​မော့က သဲလွန်စကို​တွေ့လျက် သူတို့ကိုရှာ​တွေ့သွားခဲ့သည်။


ထန်​မော့ သိပ်​တွေးမ​နေ​တော့ပဲ ထို​အေးစက်​နေ​သော အ​လောင်းများကို စစ်​ဆေး​နေခဲ့သည်။


ခိုး၀င်သူ၄ဦး၏ကိုယ်​ပေါ်တွင် တခြားအပိုပစ္စည်းများထူးထူးခြားခြားရှိမ​နေခဲ့​ချေ။ အနက်​​ရောင်ဓါးရှည်တစ်​​ချောင်း ​သေနတ်တစ်လက်နှင့် တခြားဓါးက​လေးတစ်ချို့မျှသာရှိသည်။ ထန်​​မော့ထိုသည်တို့ကို ဖူ၀မ်ရှန်းထံ​​ပေးလိုက်လျှင် ထိုက​လေးက ၄င်းတို့ကိုအ​သေအချာသိမ်းလိုက်​လေသည်။ ဖူ၀မ်​သော်က သက်လတ်ပိုင်းလူကြီး၏ အင်္ကျီများထဲရှာ​ဖွေ​နေခဲ့ရာမှ ရုတ်တရက်ရပ်တန့်သွားပြီး ထိုသူ၏အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်​လေသည်။


"​ပေါင်မုန့်..." 


ထန်​မော့နှင့် ဖူ၀မ်ရှန်း ချက်ချင်းထိုနားသို့ချက်ချင်း​လျှောက်သွားလိုက်ကြသည်။


ဖူ၀မ်​သော်က အဖြူ​ရောင်စာရွက်တစ်ရွက်ကို ထန်​မော့အားကမ်း​ပေးလာခဲ့သည်။ နှစ်ဦးသားထိုစာရွက်ကိုကြည့်လိုက်ပြီး​နောက် ဖူ၀မ်ရှန်းကထူးဆန်း​သော ​အသံဖြင့် 


"ဒီဟာကဘာကြီးလဲ၊ ဒီစာရွက်​ပေါ်မှာ ဘာလို့ ​ပေါင်မုန့်လို့​ရေးထားတာလဲ၊ သူက​ပေါင်မုန့်စားချင်လို့လား"


ဖူ၀မ်​သော်ကဆိုလိုက်သည်။ 


"သူ့​ဘောင်းဘီအိတ်ကပ်ထဲကထွက်လာတဲ့စာရွက် အ​သုံး၀င်​လောက်တယ်"


၃​ယောက်သားအ​တော်ကြာ စဥ်းစားကြည့်​နေသည့်တိုင် ဤသန်သန်မာမာခိုး၀င်သူ၄ဦးမှာ အဘယ်​ကြောင့် ဤ​ပေါင်မုန့်ဟု​ရေးထား​သော စာရွက်တစ်ရွက်ကို သိမ်းထားရ​ကြောင်းနားမလည်ပါ​ချေ။ ထန်​မော့ထိုစာရွက်ကိုကြည့်ရင်း သဲလွန်စတချို့ညှစ်ထုတ်ရန်ကြိုးစားလိုက်သည်။ ထိုစဥ် သူ၏​နောက်မှ အာ​မေဋိတ်သံတစ်ခုကိုကြားလိုက်ရ​လေသည်။


"အဲဒါကဘာကြီးလဲ"


ထန်​မော့နှင့် ဖူ၀မ်​သော်တို့ချက်ချင်းလှည့်ကြည့်လိုက်မိကြသည်။


ဖူ၀မ်ရှန်းက သူတို့သတိမထားမိလိုက်ခင်တွင် ထိုသက်လတ်ပိုင်းလူကြီး၏ ကိုယ်ကိုလှန်လိုက်သည်အား​တွေ့လိုက်ရ​လေသည်။ ဖူ၀မ်ရှန်းမှာ ထိုလူကြီး၏ဂုတ်ပိုး​နေရာကို ထိတ်လန့်စွာကြည့်​နေခဲ့သည်။ ထန်​​မော့၄င်းကိုမြင်လျှင် အမြန်​လျှောက်သွားလိုက်​သည်။ သူအနားသို့​ရောက်လာသည်နှင့် ထိုလူကြီး၏ ဂုတ်ပိုးမှ အမှတ်သင်္ကေတတစ်ခုကို​တွေ့လိုက်ရ​လေသည်။ ထန်​မော့အံ့အားသင့်လျက်


"Xလား"


ထိုသက်လတ်ပိုင်းလူကြီး၏ ဂုတ်ပိုး​တွင် အနီ​ရောင် Xသင်္ကေတကို​ရေးထိုးထားခဲ့သည်။


ထန်​မော့ထိုထူးဆန်း​သော သင်္ကေတကိုကြည့်​နေရင်း သူ၏ဦး​နှောက်ထဲတွင် ဖြတ်ခနဲတစ်ချက်လင်းလာခဲ့​လေသည်။ သူကအလျင်အမြန်ဆိုလိုက်သည်။ 


"ကျန်တဲ့ ၃​ယောက်ကိုလည်းစစ်ကြည့်လိုက်၊ သူတို့မှာလည်း ဒီအမှတ်ရှိ​လောက်တယ်"

 

"အို​ကေ.."


ထန်​မော့နှင့် ဖူ၀မ်ရှန်းသည် ကျန်၃​ယောက်၏ အ၀တ်အစားများကို ဖယ်ရှားလိုက်ကြသည်။ အမှန်တကယ်ကိုပင် ကျန်​၃​ယောက်၏ ၀မ်းဗိုက် ​​ကျောပြင်နှင့် ​ပေါင်တို့တွင်လည်း တစ်ပုံစံတည်းတူညီ​သော Xအမှတ်များကို ​ရေးထိုးထား​လေသည်။ ၄င်းတို့တွင် ဓါးနှင့်လှီးဖြတ်ထား​သော အရာများပင် ကျန်ရစ်​နေဆဲဖြစ်သည်။ သို့​​သော် အမာရွတ်တို့တက်​နေကြ​ချေပြီဖြစ်ကာ ပြီးပြည့်စုံ​သော Xသင်္ကေတတစ်ခုကိုချန်ရစ်ထားလေသည်။


ထန်​မော့ ထို၄​ယောက်၏ အမှတ်များကိုကြည့်လျက် ထူးဆန်း​​သောမသက်မသာ ခံစားချက်တစ်ခုကိုရလာခဲ့သည်။ 


"ဒီ၄​ယောက်က အလစ်တိုက်ဖို့ဒီနားမှာ​စောင့်​နေခဲ့တာ၊ သူတို့က ကြုံတဲ့သူကို လုယက်ဖို့မဟုတ်ရင် ကျွန်​တော်တို့ကို တမင်​စောင့်​နေတာပဲ ဒီ Xမှာ အဓိပ္ပါယ်တစ်ခုခုရှိလိမ့်မယ်"


"အဲဒါ Xမဟုတ်ဘူး" 


ထန်​မော့ ဖူ၀မ်​သော်ကို လှည့်ကြည့်လိုက်မိသည်။


ဖူ၀မ်​သော်မှာ သတ်လတ်ပိုင်းလူကြီး၏ ဂုတ်ပိုးမှ Xသင်္ကေတကို ​အေးစက်စွာကြည့်​နေခဲ့သည်။ ထို့​နောက် လက်ကိုလှမ်းလျက် ထိုအမာရွတ်တစ်​လျှောက် ထိလိုက်သည်။ သူXကို​ရေးဆွဲ​နေသည့်ပုံစံမှာ ပုံမှန် Xကို​ရေးဆွဲ​နေကြ လမ်း​ကြောင်းမျိုးမဟုတ်​ချေ။ သူကရှည်လျား​သော အမာရွတ်တစိတ်အပိုင်းဖြင့် 7ကို​ရေးဆွဲလိုက်ကာ ၄င်း၏အလည်တွင် တို​တောင်း​သော မျဥ်းက​လေးတစ်​ကြောင်းကိုဆွဲလိုက်​လေသည်။


ထန်​မော့သူ့အားကြည့်လိုက်ပြီးအံ့အားသင့်လျက်သား


"7လား..."


၄င်းမှာ Xမဟုတ်ပဲ အလည်ဖြတ်မျဥ်းပါသည့် 7ဖြစ်​နေခဲ့သည်။


နံပါတ် 7ကိုအရင်​ရေးလျက် အလည်မှ မျဥ်း​ကြောင်းတိုကို​ရေးဆွဲထားသည်။ သို့​သော် ၄င်းကိုလှည့်လိုက်လျှင် Xနှင့်အမှန်တကယ် ဆင်တူ​လေသည်။


ဖူ၀မ်​သော်၏ မျက်လုံးတို့ကျဥ်း​မြောင်းသွားခဲ့သည်။ 


​ပေကျင်း၏ စွမ်းအားအကြီးဆုံး ခိုး၀င်သူအဖွဲ့အစည်းမှာ ထျန်းရွှမ်ဖြစ်သည်။  လွန်ခဲ့​သော ၃လခန့်က ထန်​မော့ ဖူ၀မ်​သော်ကို ပထမဆုံးအကြိမ်စ​တွေ့ခဲ့သည်။ သူက​ပေကျင်းမှအ​ခြေအ​နေများကို​မေးခဲ့လျှင် ဖူ၀မ်​သော်မှာ ထိုနာမည်ကိုသာ​ပြောပြခဲ့​လေသည်။


ထျန်းရွှမ်...


​ပေကျင်းသည် စွမ်းအားကြီးအဖွဲ့အစည်းတစ်ခုမှ တစ်မြို့လုံးကို ထိန်းချုပ်ထား​သော နန်ကျင်းလိုမဟုတ်​ချေ။ တရား၀င်ကစားသမား အရံကစားသမား ခိုး၀င်သူအစသဖြင့် မတူညီ​သော အဖွဲ့အစည်များစွာရှိ​လေသည်။ ထိုထဲမှ အသန်မာဆုံးထဲတွင် ထျန်းရွှမ်လည်းပါ၀င်​လေသည်။


ဖူ၀မ်​သော် ​ ​ဆော့ပင်တစ်​ချောင်းဖြင့် ထျန်းရွှမ်အဖွဲ့စည်း၏ အမှတ်အသားကို ဓါတ်ဆီဆိုင်၏ white boardတွင် ​ရေးဆွဲပြလာသည်။ 


"လွန်ခဲ့တဲ့​လေးလ​လောက် ​ပေကျင်းကထွက်လာတုန်းက ရွမ်၀မ်ရှုနဲ့ ချီဟန်နဲ့တစ်ကြိမ်ဆုံခဲ့တယ်။"


သူကထပ်​ပေါင်းဆိုလာသည်။


"ရွမ်၀မ်ရှုက ထျန်းရွှမ်ရဲ့​ခေါင်း​ဆောင် ချီဟန်ကလည်း ခိုး၀င်သူပဲ။ သူတို့၂​ယောက်လုံးသန်မာတယ်။ အဖွဲ့အစည်းကိုစ​ထောင်တုန်းကအဖွဲ့၀င်၇​ယောက်ပဲရှိတယ်၊ ပြီး​တော့၇​ယောက်လုံး ဒီအမှတ်အသားကို ကိုယ်​ပေါ်မှာ ထိုးထားတာ"


ကန့်လတ်ဖြတ်မျဥ်းနှင့် နံပါတ် 7


🌍