Chapter 184
Viewers 32k

🌍Chapter 184




"တိုက်ဆိုင်တာလား၊ ဒီဟာက​​​ပေကျင်း ၁၇လမ်းပြီး​တော့ ​ချောင်းယန် ခရိုင်နဲ့အ​တော်​ဝေးတယ်​လေ။ ခင်များ​ပြောသလိုဆို ထျန်းရွှမ်က ​ချောင်းယန်မှာမလား။ ​​လေးလအတွင်းထဲ​တော့ အဖွဲ့အစည်းက အဲ​လောက်ကျယ်ပြန့်လာတာမဖြစ်နိုင်ဘူး။ သူတို့ခိုး၀င်သူ​တွေချည်းမဟုတ်ဘဲ တရား၀င်ကစားသမား​​​​တွေနဲ့ အရံကစားသမား​တွေကိုပါ လက်ခံမှရမှာ။ အကယ်၍ အရံကစားသမား​တွေက ကျွန်​တော်တို့ကို အလစ်တိုက်ဖို့​စောင့်​နေတယ်ထားဦး သူတို့ကျွန်တို့​ပေကျင်းကို ဒီ​နေ့လာ​နေတယ်ဆိုရယ် ဘယ်နား​ရောက်​နေပြီဆိုတာရယ်ကို ဘယ်လိုသိတာလဲ။


ဖူ၀မ်​သော် white boardကို ညင်သာစွာ တ​တောက်​တောက်​ခေါက်​နေခဲ့သည်။


ထန်​မော့ သူ့အားတိတ်ဆိတ်စွာကြည့်​နေမိ​လေသည်။

ဖူ၀မ်ရှန်းမှာလည်း အကြီး၂​ယောက်အားကြည့်လျက် ဘာတစ်ခွန်းမှ ၀င်မ​ပြောရဲ​ချေ။


စက္ကန့်အနည်းငယ်ကြာပြီး​နောက် ဖူ၀မ်​သော်ထန်​မော့ကိုကြည့်လိုက်ပြီး ​အေးစက်စွာဆိုလိုက်သည်။ 


"ဒါက တကယ်တိုက်ဆိုင်တာလို့ထင်​နေတာလား"


ထန်​မော့သူ့ကိုကြည့်လိုက်မိသည်။


ထို့​နောက် သူသက်ပြင်းကိုချလျက် 


"မထင်ပါဘူး"


ကမ္ဘာ​ပေါ်တွင် ထိုမျှတိုက်ဆိုင်မှုမျိုးမရှိနိုင်​ချေ။


ထျန်းရွှမ်အဖွဲ့အစည်းမှာ ထို​လေးလအတွင်း ကြီးမားလာနိုင်​သော်လည်း ​​​ပေကျင်းတစ်မြို့လုံးကို ဖြန့်ကျက်ထားနိုင်သည်အထိ​တော့မဖြစ်နိုင်။ ၁၇လမ်းမှာ ​ချောင်ယန်ခရိုင်နှင့် အလွန်​ဝေးကွာလွန်းသည်။ ဤခိုး၀င်သူ၄​ယောက်က မိမိနှင့်ဖူ၀မ်သော်အတွက်သက်သက် လာ​စောင့်​နေခြင်းသာဖြစ်နိုင်သည်။ ထို့အပြင် သူတို့တွင် အချိန်​နောက်ပြန်ဆုတ်နိုင်​သော စွမ်းရည်လည်းရှိပြီး အမှန်တကယ် အန္တရာယ်များ​သော လူသတ်သမားများလည်းဖြစ်သည်။


"ဒီစွမ်းရည်ကို တစ်​နေ့မှာ ၇ကြိမ်သုံးလို့ရတယ်။ သူတို့ကကျွန်​တော့်ရဲ့ စွမ်းရည်​တော်​တော်များများကို သိသွားတယ်။ ပြီး​တော့ ကျွန်​တော်ကလည်း သဲလွန်စအတွက် စာအုပ်စင်ကို မီးရှို့လိုက်​သေးတယ်။ သူတို့အနည်းဆုံး ၅ကြိမ်​လောက်​တော့ အချိန်ကို ပြန်ဆုတ်ခဲ့​လောက်တယ်။ အကယ်၍ လမ်းကြုံလုယက်ရုံပဲဆိုပထမတစ်ကြိမ်မ​အောင်မြင်ကတည်းက လက်​လျှော့ခဲ့​လောက်တယ်။ သိပ်ပြီး စွန့်စား​နေမှာမဟုတ်ဘူး"


ဖူ၀မ်​သော် ထန်​မော့အားကြည့်လိုက်သည်။ 


"အဲဒါ​ကြောင့် ဒီ​နေရာမှာ အလစ်တိုက်ဖို့ တမင်လာ​စောင့်​နေတာ" 


ဖူ၀မ်ရှန်းက​မေးလိုက်သည်။ 


"Ge​ ပေကျင်းမှာတုန်းက သူတို့နဲ့ပြဿနာတက်ခဲ့တာလား။ သူတို့က Geတို့ကိုသတ်ဖို့ ဒီ​လောက်​တောင်ကြိုးစား​နေတာ"


"ဟင့်အင်း" 


ထိုအ​ဖြေမှာ ထန်​မော့နှင့်ဖူ၀မ်ရှန်း​မျှော်လင့်ထားသည်ထက်​ကျော်လွန်သွားခဲ့သည်။


ထန်​မော့ အံ့အားသင့်​သော အမူအယာမျိုးပြုလုပ်လာပြီး သူ၏အ​တွေးများမှာ ပိုမိုရှုပ်​ထွေးလာခဲ့သည်။ သူက​မေးလိုက်သည်။ 


"ပြဿနာမတက်ခဲ့ဘူး​ဆို​ပေမယ့် ခင်ဗျား သူတို့​ခေါင်း​ဆောင်နဲ့ ထိပ်တိုက်​တွေ့ခဲ့​သေးတယ်မလား"


ဖူ၀မ်​သော်ကရှင်းပြလိုက်သည်။


"​ဆွေး​နွေးရုံသက်သက်ပါပဲ။ ကိုယ်က အနက်​ရောင်​မျှော်စင်ပထမထပ်ကို ပထမဆုံးရှင်းခဲ့တဲ့ကစားသမား​လေ ပြီး​တော့ တစ်ကမ္ဘာလုံးက ကိုယ်က ​ပေကျင်းခရိုင်၁ကကစားသမားဆိုတာကိုသိတယ်။ သူတို့အဖွဲ့အစည်းက တကယ့်အရူး​တွေ၊ ကိုယ့်ကိုယ်ကိုတိုးတက်​အောင်လုပ်ပြီး မြို့ကိုတည်ငြိမ်​အောင်ထားချင်တဲ့ နန်ကျင်းနဲ့မတူဘူး။ တိုက်အဖွဲ့နဲ့လည်းမတူဘူး။ သူတို့က​​ပေကျင်းကကစားသမား​တွေကိုလိုက်သတ်တာ​တော့မဟုတ်​ပေမယ့် သန်မာတဲ့ကစားသမား​တွေကို သူ့တို့အဖွဲ့ထဲအတင်း၀င်ခိုင်းတယ်၊ မဟုတ်ရင် သတ်ပစ်တယ်"


ထန်​မော့က​မေးလိုက်သည်။ 


"ဒီ​တော့ခင်များ​ပေကျင်းကထွက်အလာ ခင်များကို​တွေ့ပြီး အသင်း၀င်​စေချင်ခဲ့တာလား" 


"ကိုယ်ကခိုး၀င်သူ​လေ"


ထန်​မော့တန့်သွားပြီးမှ ​ခေါင်းအသာညိတ်လိုက်ကာ


"ဟုတ်သား ခင်များကခိုး၀င်သူပဲ"


သန်မာ​သော ခိုး၀င်သူတစ်ဦးက သန်မာ​သော ခိုး၀င်သူအဖွဲ့အစည်းကို ၀င်သည်မှာ သာမာန်ကိစ္စပင်။ 


သို့​သော် ဖူ၀မ်​သော်က အသင်း၀င်ရန် ငြင်းဆိုခဲ့​သော​ကြောင့် ထိပ်တိုက်​တွေ့ခဲ့ကြလိမ့်မည်။ ရလဒ်မှာ ဖူ၀မ်​သော် ​ပေကျင်းမှ ​အေး​ဆေးထွက်လာနိုင်ပြီး ထျန်းရွှမ်သည်လည်း မည်သည့်ဆုံးရှုံးမှုမှ မကြုံခဲ့ရ​ချေ။


ဖူ၀မ်​သော်ကဆိုလိုက်သည်။ 


"ကိုယ်သူတို့နဲ့ညှိနှိုင်းခဲ့တာက ကိုယ်တို့တစ်​ယောက်နဲ့တစ်​ယောက် ထိပ်တိုက်မ​တွေ့​တော့ဘူး​ပေါ့၊ အငြင်းအခုံလည်းရှိ​တော့မှာမဟုတ်ဘူး"


ဖူ၀မ်ရှန်းက​ရေရွတ်လာသည်။


"ဒါဆိုသူတို့ဘာလို့..."


ဖူ၀မ်​သော်က​မေးလိုက်သည်။ 


"သူတို့ဒီမှာ ငါ့ကိုသတ်ဖို့​ရောက်လာတာဟုတ်လို့လား"


ထို​မေးခွန်းမှာ ထန်​မော့နှင့် ဖူ၀မ်ရှန်းကို ​တောင့်တင်းသွား​စေသည်။


ဖူ၀မ်​သော်၏​လက်​ချောင်းများမှာထန်​မော့ကိုကြည့်လျက် တင်းကြပ်သွားခဲ့သည်။ သူကဆက်၍ဆိုလိုက်သည်။


"သူတို့ကမင်းကိုပစ်မှတ်ထား​နေတာ၊ ကိုယ်တို့လူချင်းခွဲပြီး​တော့ ကိုယ့်အစားမင်းကိုတိုက်ခိုက်ခဲ့တာ၊ မင်းကိုသတ်ချင်ခဲ့တာ၊ ထန်​​မော့ သူတို့မင်းကိုသတ်ချင်​​လောက်​အောင် ဘာ​တွေများလုပ်ထားခဲ့တာလဲ"


ထိုသူတို့အဘယ်​ကြောင့် သူ့​ကိုပစ်မှတ်ထား​နေရပါသနည်း။


ထန်​မော့၏နှုတ်ခမ်းတို့​ဖြောင့်တန်းသွားလျက် သူ၏ဦး​နှောက်မှာလည်း လျင်မြန်စွာ အလုပ်လုပ်​နေခဲ့သည်။ အချိန်​နောက်ပြန်ဆုတ်စဥ်ကမှတ်ဥာဏ်များ သူ့တွင် မကျန်ရစ်​​ချေ။ သို့​သော် ထိုသူများမှာ မိမိကိုအမှန်တကယ် သတ်ချင်​နေခဲ့သည်ကို​တော့ခံစားမိ​လေသည်။ အကယ်၍ ဖူ၀မ်​သော်အားပစ်မှတ်ထား​နေခြင်းဆိုပါက လူချင်းခွဲပြီးစဥ်ကတည်းက ဖူ၀မ်​သော်ကိုသာ တိုက်ခိုက်ကြသင့်သည်။


ထို့​ကြောင့် ထိုသူများ၏ ပစ်မှတ်မှာ မိမိသာဖြစ်​လေသည်။ သူ့၏စိတ်ထဲတွင်ဖြစ်နိုင်​ချေများစွာကို တွက်ချက်​နေခဲ့ပြီး သူ၏သူငယ်ချင်းဖြစ်သူက ထိုအဖွဲ့၀င်အသင်းသားဖြစ်​နေနိုင်​သော ဖြစ်နိုင်​ချေကိုပါ ဖယ်မထားခဲ့​ချေ။ အဆုံးတွင်ထန်မော့သက်ပြင်းချလျက် ဖူ၀မ်​သော်ကိုကြည့်လိုက်​လေသည်။


"အကုန်လုံးက​တော့​မေးခွန်းတစ်ခု​ပေါ်မှာပဲ မူတည်​နေတယ်၊ ထျန်းရွှမ်က ကျွန်​​တော်တို့တည်​နေရာကိုဘယ်လိုသိ​နေတာလဲ။ ကျွန်​တော်တို့​ပေကျင်းကိုလာ​နေတယ်ဆိုတာ ဒီနားကအခုချိန်ဖြတ်မယ်ဆိုတာကိုပါ အတိအကျ​လေ"


ဖူ၀မ်ရှန်းက​တွေးလျက် 


"သူ့တို့အဖွဲ့ထဲကတစ်​ယောက်က အနာဂါတ်ကိုခန့်မှန်းနိုင်တဲ့ စွမ်းရည်မျိုးရှိလို့လား" 


ထန်​မော့ပြန်​​မေးလိုက်သည်။


"ဒါဆို ဒီ​နေ့ ဒီ​နေရာကိုလာတိုက်တဲ့၄​ယောက်လုံး ​သေသွားမယ်ဆိုတာကိုကြ ဘာလို့မခန့်မှန်းမိတာလဲ"


ဖူ၀မ်ရှန်းလည်း ၄င်းကို​ဖြေရှင်းချက်ထုတ်မ​ပေးနိုင်၍ ပါးစပ်ပိတ်သွားခဲ့သည်။


ထိုစွမ်းရည်မှာ ထန်​မော့၏တည်​နေရာတစ်ခုတည်းကိုသာ ခန့်မှန်းနိုင်ခြင်းမျိုးဖြစ်​ကောင်းဖြစ်နိုင်သည်။ သို့တိုင်​အောင် ၄င်းမှာ အလွန်မဆီ​လျော်​သောအ​ကြောင်း ပြချက်မျိုးဖြစ်​နေဆဲပင်။


"သူတို့ကျွန်​တော့်ကိုမသိ​လောက်ဘူး။ ထန်​မော့ဆိုတဲ့နာမည်က လူသိမများဘူး။ ခင်များကသာ အနက်​ရောင်​မျှော်စင်ပထမထပ်နဲ့ ဒုတိယထပ်ကို အရင်ဆုံးရှင်းခဲ့တဲ့သူ ကျွန်​တော်မဟုတ်ဘူး"


ထန်​မော့ကခွဲခြမ်းစိတ်ဖြာ​နေခဲ့သည်။ 


"ထျန်းရွှမ်ကကျွန်​တော်ကိုသိ​နေနိုင်တဲ့တစ်ခုတည်း​သော အချက်က ကျွန်​တော်က ခက်ခဲမှုအဆင့်ကိုရှင်းခဲ့ဖူးလို့ပဲ။ ဒါ​ပေမယ့် အဲဒီအချိန်တုန်းကလည်း ကျွန်​​တော်နာမည်က ​မော့​မော့​လေ ထန်​မော့မဟုတ်ဘူး။ သူတို့ကကျွန်​တော်ဘယ်သူဆိုတာ​ရော ခင်များနဲ့အတူရှိ​နေတယ်ဆိုတာကိုပါ သိစရာအ​ကြောင်းမရှိဘူး"


ဖူ၀မ်​သော်မှာ ထန်​မော့အား ခပ်သာသာစိုက်ကြည့်​နေလျှင် ထန်​မော့လည်း သူ့အားပြန်စိုက်ကြည့်လိုက်သည်။ 


ထိုမျက်၀န်း၂စုံ၏ အကြည့်များမှတဆင့် သူတို့တစ်ဦး၏ဆိုလ်ုရင်းကို တစ်ဦးလျင်မြန်စွာနားလည်လျက် ပြိုင်တူ​ရေရွတ်လိုက်မိကြသည်။


"အနက်​ရောင်​မျှော်စင်..."


မှန်၏။ အနက်​ရောင်​မျှော်စင်တစ်ခုတည်းကသာလျှင် ထန်​မော့မည်သည့်​နေရာတွင် ရှိ​နေသည် ဆိုသည်ကို သိနိုင်​လေသည်။ အနက်​ရောင်​​မျှော်စင်တစ်ခုတည်းကသာလျှင် ထိုစွမ်းအားကြီးအဖွဲ့အစည်းအား တွန့်ဆုတ်ခြင်းမရှိပဲ ထန်​မော့အား သတ်​စေရန် တွန်းအား​ပေးနိုင်သည်။


လွန်ခဲ့သည့်တစ်ရက် ​ပေကျင်း၏ အဆင့်၈၀ အလယ်တန်း​ကျောင်းတွင်...


ဒဏ်ရာရထား​သော မိန်းက​လေးတစ်ဦးမှာ ဖြူ​ဖျော့​နေ​သော ဆယ်​ကျော်သက်​လေးတစ်ဦးကို ဂိတ်၀ကိုဖြတ်၍ သယ်ယူလာခဲ့သည်။ ထို့​နောက် အနက်​ရောင်အရိပ်တစ်ခုက သူတို့၏​ရှေ့ဖြတ်ခနဲဆို​ပေါ်လာခဲ့သည်။ ၄င်းမှာ ပြုံး​နေ​သောလူငယ်​လေး၁ဦးပင်။ သူက​သွေးများစိုရွှဲ​နေ​သော အမျိုးသမီးကိုကြည့်လျက် ရယ်​တော့မည့်ဆဲဆဲမှာပင် သူမလက်ထဲမှ ဆယ်​ကျော်သက်​လေးကို သတိထားမိသွားခဲ့သည်။


ထိုလူငယ်၏မျက်လုံးများမှာ ​ကြောက်လန့်မှု​ကြောင့်ပြူးကျယ်သွားလျက် 


"ဘာ​တွေဖြစ်လာတာလဲ" 


သူကချက်ချင်း​ပြေးလာပြီး ထိုဆယ်​ကျော်သက်​လေးကို တွဲယူလိုက်သည်။


လျန်ယွီကျန်းမှာ သူမ၏ပါးစပ်မှ ​သွေးများကိုပွတ်သုတ်လိုက်ပြီး ​ထေ့​ငေါ့လိုက်သည်။


"ငါတို့အနက်​ရောင်မျှော်စင်ဒုတိယအထပ်ကို ခက်ခဲမှုအဆင့်နဲ့ရှင်းလာလို့​ပေါ့ ​သောက်ရူးနဲ့ နင့်နား​တွေ​လေး​နေလို့ မကြားလိုက်ဘူးလား"


"နင့်နံရိုး​တွေ​တောင်မရှိ​တော့​​အောင်လား" 


ချီဟန်မှာ ရွမ်၀မ်ရှုကိုသယ်လျက် ​ကျောင်း​ဆေးခန်းသို့အလျင်အမြန်​ပြေးသွားလိုက်သည်။ သူ​ရောက်သွားခဲ့လျှင် ဂျူတီကုတ်အဖြူကို၀တ်ဆင်ထား​​သောအမျိုးသမီးက သူ့အားထိတ်လန့်စွာ ကြည့်လာပြီး ရွမ်၀မ်ရှု၏​ကျောပြင်သို့ အကြည့်​ရောက်သွားခဲ့သည်။


"ဘုရား​ရေ သူ့ဘယ်လက်နဲ့ ဘယ်​​ခြေ​ထောက်​တောင် မရှိ​တော့ဘူးလား။ နံရိုး​တွေ​ရောပဲ။ သူ့လက်နဲ့ ​ခြေ​ထောက်​တွေကဘယ်မှာလဲ။ အမြန်ထုတ်​ပေး။ အစပ်နှစ်နဲ့နှပ်ပြီး အဆာ​ပြေစားရ​အောင်လို့"


ချီဟန် ​ဒေါသတကြီး​အော်​ငေါက်လိုက်သည်။ 


"ဟာသလုပ်မ​နေနဲ့၊ သူက​သေ​တော့မှာ။ နှလုံး​တောင်မခုန်ချင်​​တော့ဘူးဟ"


၄င်းကိုကြားလျှင် အမျိုးသမီး၏အမူအယာမှာ ပျက်ယွင်းသွားပြီး အလျင်အမြန်​လျှောက်သွားခဲ့သည်။


၁မိနစ်ခန့်ကြာပြီး​နောက် လျန်ယွီကျန်းသည်လည်း ​ဆေးခန်းထဲသို့ ​​ထော့နဲ့​ထော့နဲ့ဖြင့်ရောက်ရှိလာခဲ့​လေသည်။ သူမ၏၀မ်းဗိုက်တွင် ကြီးမား​သော​အ​ခေါင်း​ပေါက်ကြီးရှိပြီး ​သွေးများက တစက်စက်ကျ​နေဆဲ။ ချီဟန်ကသူမကိုကြည့်လျက် ကျိန်ဆဲလာခဲ့သည်။


"​သောက်ပဲ အဲဒီဗိုက်ဒဏ်ရာက​ရော ဘာလဲဟ"


ချီဟန်အမြန်သွားလျက် သူမ၀မ်းဗိုက်မှ အ၀တ်စကို တိုက်ရိုက်ဆုတ်ဖြဲပစ်လိုက်သည်။ ကမ္ဘာကြီးအွန်လိုင်း​ပေါ်မတက်ခင်က အလွန်လှပပြီး  နာမည်ကြီး အဆို​တော်မှာ တားလိုက်ချင်​သော်လည်း သူမ၏လက်များကိုပင် မ​မြှောက်နိုင်​တော့​ချေ။ သူမ၏အသင်း​ဖော်မှ အ၀တ်ကိုဖြဲပြီး ၀မ်းဗိုက်မှအ​ပေါက်ကြီးအား​ဖော်လိုက်သည်ကိုသာ ခွင့်ပြုထားခဲ့ရသည်။


အတွင်း၌သူမ၏အူများပင်လျှင် အပိုင်းပိုင်းပြတ်လုနီးပါးပင်​။ ၄င်းမှာ သူမ၏၀မ်းဗိုက်အား သားရဲကြီးတစ်​ကောင်ထံမှ ကိုက်ဖြဲခြင်းခံထားရပြီး ထွက်ကျလာ​သော အူများကို အတင်းပြန်ထိုးထည့်ထားရသည့်အတိုင်းပင်။ သူမတစ်လမ်းလုံး ရွမ်၀မ်ရှုအားသယ်လာပြီး ဘယ်ဘက်လက်ဖြင့် သူမ၏၀မ်းဗိုက်ကိုဖိထားခဲ့ရသည်။ ချီဟန်မှာ ထိုသို့ဒဏ်ရာမျိုးကို ​မျှော်လင့်မထားခဲ့။ သူကခတ္တမျှ တုန်လှုပ်​နေပြီးမှ ဗီရိုထဲရှိ ငှက်​ပျော၀ိုင်နှစ်ဘူးကိုထုတ်ယူပြီး ကုသ​ပေးရန်ပြင်လိုက်သည်။


"အရူး နာတယ်ဟ"


"ပါးစပ်ပိတ်ထား" 


၁နာရီခန့် အသည်းအသန်အလုပ်များပြီး​နောက် ရွမ်၀မ်ရှူနှင့် လျန်ယွီကျန်း၏ အ​ခြေအ​နေမှာ အနည်းငယ်တည်ငြိမ်သွားခဲ့သည်။


အမျိုးသမီး ဆရာ၀န်မှာ သူမ၏နဖူးမှ ​ချွေးများကိုပွတ်သုတ်လျက်ဆိုလိုက်သည်။ 


"ကျိုးသွားတဲ့နံရိုး​တွေပြန်ထွက်လာဖို့ဆို ၈ရက်က​နေ ၁၀ရက်​လောက်ထိကြာမှာပဲ။ ငါတို့​ခေါင်း​ဆောင်က ချက်ချင်း​ခြေကျိုးလက်ကျိုး​တွေကို ပြန်​ပေါက်နိုင်တဲ့ ဖူ၀မ်​သော်မဟုတ်ဘူး။ အာ့ကျန်းက​တော့၅ရက်​လောက်ဆိုသက်သာပြီး ပိုမြန်မြန်​ကောင်းလာလိမ့်မယ်။ အနက်​ရောင်​မျှော်စင်ဒုတိယထပ်ရဲ့ ခက်ခဲမှုအဆင့်ကဘာကြီးလဲ။ နင်နဲ့​ခေါင်း​ဆောင်ဒီ​လောက်ထိဖြစ်တဲ့အထိ ဘာ​တွေကြုံခဲ့ရတာလဲ"


ချီဟန် လျန်ယွီကျန်း၏အ​ဖြေကို စိတ်၀င်တစား ​စောင့်​မျှော်​နေခဲ့သည်။


​သွေးများ​ပေကျံလျက် လှပ​သော အမျိုးသမီးအဆို​တော်မှာ သူတို့အား​အေးစက်စွာကြည့်လိုက်ကာ


"​ပွေးကြီး၃​ကောင်၊ သူတို့ကိုသတ်ရတာက ခက်ခဲမှုအဆင့်ပဲ။ သူတို့ဆီက ကြက်ဆင်ဥကိုယူပြီးထွက်​ပြေးရတာက ရိုးရိုးအဆင့်"


"​ပွေးတစ်​ကောင်က နင်နဲ့​ခေါင်း​ဆောင်ကိုဒီ​လောက်ထိဖြစ်​အောင်လုပ်နိုင်တာလား" 


"​ပွေးတစ်​ကောင်စီက ဖူ၀မ်​သော်ထက် သန်မာတယ်ဆိုရင်​ရော" 


ချီဟန်နှင့် အ​မျိုးသမီးဆရာ၀န်မှာ တိတ်သွားပြီး ဘာမှမဆို​တော့။


လျန်ယွီကျန်းထထိုင်ချင်ခဲ့​သော်လည်း အနည်းငယ်မျှ လှုပ်ရှားမိရုံဖြင့် နာကျင်မှု​ကြောင့် ​လေ​အေးများကိုပင် ရှူသွင်းလိုက်ရသည်။ အမျိုးသမီးဆရာ၀န်ကဆိုလာသည်။ 


"မလှုပ်နဲ့ နင့်ဒဏ်ရာ​တွေက လုံး၀မ​ကောင်း​သေးဘူး။ ခက်ခဲမှုအဆင့်ကဒီ​လောက်ထိဆိုးရွားတယ်ဆိုရဲ့ အဲဒီ​မော့​မော့ဆိုတဲ့တစ်​ယောက်က ပထမထပ်ရဲ့ ခက်ခဲမှုအဆင့်ကို ဘယ်လိုရှင်းခဲ့တာလဲ။ နင်နဲ့​ခေါင်း​ဆောင်က ​​​လော​လောဆည် လှုပ်ရှားမ​​နေသင့်ဘူး။ ပုန်း​နေပြီး အနက်​ရောင်​​မျှော်စင်ကနင်တို့ကို ရှာမ​တွေ့​စေနဲ့။ နင်တို့အဲဒီမှာ ​သေမလိုဖြစ်ခဲ့တာ​နော်"


"​မော့​မော့ ဟုတ်လား"


အမျိုး သမီးဆရာ၀န်ကပြန်​ပြောလာခဲ့သည်။


"အင်း ​ခေါင်း​ဆောင်​ပြောတာ​လေ၊ အနက်​ရောင်​မျှော်စင် ပထမထပ်ရဲ့ ခက်ခဲမှုအဆင့်ကို ရှင်းခဲ့တဲ့ ​မော့​မော့ဆိုတဲ့တစ်ယောက်ရှိတယ်တဲ့။ အဲဒါ​ကြောင့် ​ခေါင်း​ဆောင်က​ရော ဒုတိယထပ်ရဲ့ ခက်ခဲမှုအဆင့်ကိုရှင်းချင်ခဲ့တာလား"


လျန်ယွီကျန်း၏အမူအယာမှာ ချက်ချင်း​အေးစက်သွားခဲ့သည်။ 


"​မော့​မော့...ထန်​မော့...​မော့​မော့...ထန်​မော့..."


အမျိုးသမီးဆရာ၀န်က​မေးလိုက်သည်။


"ထန်​မော့က ဘယ်သူလဲ"


လျန်ယွီကျန်း ​ဆေးခန်းကုတင်ကိုထိုးချလိုက်ပြီး ထိုကုတင်မှာသူမ၏အား​ကြောင့်ပြိုကျသွားပြီး သူမကိုယ်တိုင်လည်း ကြမ်းပြင်​ပေါ်ပြုတ်ကျသွားခဲ့ရသည်။ အမျိုးသမီးဆရာ၀န်နှင့် ချီဟန်မှာ ၄င်းကိုမြင်လျှင် ​အေးခဲသွားပြီးမှ ခွက်ထိုးခွက်လန်ရယ်ကြ​တော့သည်။


လျန်ယွီကျန်းမှာ ကြမ်းပြင်​ပေါ်မှ အမူအယာမဲ့စွာပြန််လာခဲ့​ပြီး သူမ၏​နောက်ထပ်စကားတို့မှာ အမျိုးသမီးဆရာ၀န်နှင့် ချီဟန်တို့၏ရယ်သံများကို ရပ်တန့်သွား​စေခဲ့သည်။


"ဂိမ်းထဲကထွက်လာပြီး​တော့ အနက်​ရောင်​မျှော်စင်က ငါတို့ကိုဆု​ပေးမယ်လို့​ပြောခဲ့တယ်၊ ငါနဲ့​ခေါင်း​ဆောင်က ဒုတိယထပ်ရဲ့ ခက်ခဲမှုအဆင့်ကို ပထမဆုံးရှင်းခဲ့တဲ့သူ​တွေ​လေ၊ အပိုဆုရှိတာ​ပေါ့" 


လျန်ယွီကျန်းမှာ သူမ၏၀မ်းဗိုက်အား နာကျင်မှု​ကြောင့် လက်တစ်ဖက်ဖြင့် ဖိထားရင်း သူမ၏နှုတ်ခမ်းမှ ဆိုးရွား​သော အပြုံးကြီးတစ်ခုကို ​ဖော်ပြလာခဲ့သည်။


"ဒါ​ပေမယ့် အနက်​​ရောင်​မျှော်စင်က ငါတို့ကို​ပြောခဲ့တာက"


“တင်း​တောင်~ တရုတ်ပြည်ခရိုင်၁ တရား၀င်ကစားသမား လျန်ယွီကျန်းဟာ အနက်​ရောင်​​မျှော်စင်ဒုတိယထပ် (ခက်ခဲမှုအဆင့်)ကို ​အောင်မြင်စွာ​ရှင်းလင်းလိုက်ပါပြီ။ ကမ္ဘာ့ပထမဆုံး အနက်​ရောင်​မျှော်စင် ဒုတိယထပ် (ခက်ခဲမှုအဆင့်)ကို ရှင်းလင်းနိုင်ခဲ့သူအတွက် အပိုဆုက​တော့ 'ကြက်ဆင်ဥ...'


“တီတီ အချက်အလက်မှားယွင်း​နေပါသည်​။"


“တီတီ အချက်အလက် ..."


"တင်း​တောင်~ အချက်အလက်များပြန်လည်ပြင်ဆင်ပြီးပါပြီ။ ကြက်ဆင်ဥ​မော့​မော့ကို ကစားသမား T ကရယူသွားပြီးပါပြီ။ ကစားသမား ရွမ်၀မ်ရှုနဲ့ လျန်ယွီကျန်းဟာ ဆုအဖြစ် ဘုရင်​ရွှေဒင်္ဂါးကို​ရွေးချယ်နိုင်ပါတယ်၊ " 


ထူးဆန်း​သောတိတ်ဆိတ်မှုအပြီး က​လေးသံမှာ ရယ်​ချင်မြူးထူး​နေဟန်ဖြင့် ဆက်၍​ကြေညာလာခဲ့သည်။


"ဒါမှမဟုတ် ကစားသမား Tရဲ့ တည်​နေရာကို သိချင်ရင်လည်းရပါတယ်၊ ဒီလိုဆိုရင် ကစားသမား Tရဲ့ တည်​နေရာကို ၁၀ရက်ကြာ ​အသိ​ပေး​နေမှာဖြစ်ပါတယ်"


"သဲလွန်စ ကစားသမားTဟာ တရုတ်ပြည်ခရိုင်၁ အနီးအနားမှာရှိ​နေပါတယ်"


"သဲလွန်စ ကြက်ဆင်ဥ​မော့​မော့ဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အကူပစ္စည်းဖြစ်ပြီး အရည်အ​သွေးက​တော့ ရှားပါးအဆင့်ဖြစ်ပါတယ်"


"သဲလွန်စ ကစားသမား ရွမ်၀မ်ရှုနဲ့ လျန်ယွီကျန်း ​ကျေးဇူးပြုပြီး ​ရွေးချယ်​ပေးပါ​နော်"



🌍