Chapter 194
Viewers 32k

🌍Chapter 194




ထန်​မော့ တီ​ကောင်ကြီး၏ ကိုယ်ကို တင်းတင်းဖက်ထားခဲ့သည်။ 


ကြီးမား​သော တီ​ကောင်ကြီး၂​ကောင်မှာ ​မြေကြီးကို လျင်မြန်စွာတူး​နေပြီး ​မြေကြီးများမှာ ​ဘေးဘက်သို့ လွင့်ပျံ​နေခဲ့သည်။ ထန်​မော့သူ၏​ခေါင်းကို ငုံ့ထားရန်သာတတ်နိုင်​လေသည်။ ထူထဲ​သော ရွံ့စများကသူ၏ကိုယ်နှင့်​ခေါင်းတို့တွင် ​ပေကျံလျက် ရွံ့နှင့်​ရေချိုး​နေသည့်အလားပင်။ ထန်​မော့မှာ ထိုအရှိန်​ကြောင့်လွင့်ကျမသွား​စေရန် တီ​ကောင်ကြီးကို တင်းတင်းဖက်ထားရုံသာတတ်နိုင်​လေသည်။


သူတို့၏​နောက်တွင် တူး​ဖော်သံများ ဆက်တိုက် လိုက်ပါလာခဲ့သည်။ 


ပိုးနက်​ကောင်များမှာလည်း ​မြေတူး၍လိုက်လာသည့်တိုင် တီ​ကောင်များ​လောက်​တော့မမြန်​ချေ။ ထန်​မော့သည် မိမိတို့ကြားမှ အကွာအ​ဝေးမှာ တဖြည်းဖြည်း​ဝေးလာသည်ဟု ခံစားမိ​နေစဥ်မှာပင် ​တစ်စုံတစ်ခုအား ​ထွေးထုတ်သံများကို ကြားလိုက်ရ​လေသည်။ သူသည် ၄င်းတို့မှာ မည်သည့်အရာများဖြစ်​ကြောင်း သိလိုက်သည်နှင့် ချက်ချင်းထိတ်လန့်သွား​တော့သည်။ သူ၏ကိုယ်အား တီ​ကောင်ကြီး၏ ကိုယ်​ပေါ်တွင် မှီချလိုက်ကာ သူ၏​ကိုယ်ကို အတတ်နိုင်ဆုံးကျုံ့ထားလိုက်​လေသည်။


အနက်​ရောင်အက်စစ်များမှာ တပြိုင်တည်းလွင့်ပျံလာပြီး တီ​ကောင်ကြီး၂​ကောင်မှာလည်း အထိတ်တလန့်နှင့် တရှူးရှူးအသံများကို ပြုလုပ်လာခဲ့​လေသည်။


၄င်းတို့မှာ ထိုအက်စ်ရည်များ၏ လားရာကို သိ​နေသည့်အလား ခန္ဓာကိုယ်ကို တွန့်လိမ်လျက်​ရှောင်ရှားလိုက်ကြသည်။ သို့​သော် အက်စစ်​ရေတချို့က​တော့ သူတို့​ပေါ်သို့ ကျ​ရောက်လာဆဲပင်။ တီ​ကောင်ကြီးများမှာ နာနာကျင်ကျင်ညည်းညူလိုက်ပြီး ​ပြေးလွှားခြင်းကိုလည်း အရှိန်တင်လိုက်​လေသည်။ ပိုးနက်​ကောင်များက အက်စစ်များကို ထပ်မံ​ထွေးထုတ်ရန်ကြိုးစားကြ​သော်လည်း တီ​ကောင်ကြီး၂​ကောင်မှာ တဖြည်းဖြည်း ​ဝေးကွာသွား​တော့သည်။


နာရီ၀က်ခန့်ကြာပြီး​နောက်တွင် ပိုးနက်​ကောင်များမှာ လုံး၀မျက်ချည်ပြတ်ကျန်ရစ်ခဲ့​တော့သည်။ 


ထန်​မော့သည် ဂရုတစိုက်နားစွင့်လျက် ပိုး​ကောင်များ ထပ်လိုက်လာမလာ အတည်ပြုလိုက်သည်။ သူသည် တီ​ကောင်ကြီး၂​ကောင်က ဤ​နေရာတွင် ရပ်သွားမည်ဟုထင်ခဲ့​သော်လည်း ဆက်၍ တူး​နေလိမ့်မည်ဟု မ​မျှော်လင့်ထားခဲ့​ချေ။ 


"ရှူး...ဆိုးလိုက်တာ ဆိုးလိုက်တာ" 


"ရှူး...ပိုး​ကောင်​တွေရဲ့အဆိပ် အရမ်းနာတာပဲ"


ထန်​မော့၄င်းတို့ကို နားမလည်နိုင်​ချေ၊ သူ၅မိနစ်ကြာ​စောင့်​နေ​သေး​သော်လည်း ထိုတီ​ကောင်ကြီးများမှာ ရပ်မသွား​​သေး​ချေ။ သူ၏အမူအယာ တဖြည်းဖြည်း ပျက်ယွင်းလာခဲ့သည်။ ဤတီ​ကောင်ကြီးများမှာ ​မြေကြီး၏အနက်ပိုင်းအထိ တူး​နေသည်ကို သူခံစားမိသည်။ ပိုနက်နက်သို့​ရောက်လာ​လေ ထန်​မော့အတွက် ​လေရရှိမှုနည်းလာ​လေပင်။ သူသည် အသက်ရှူရန်ခက်ခဲ​နေပြီဖြစ်ပြီး ​ရှေ့ဆက်သွားမည်ဆိုပါက အသက်ရှူနိုင်​တော့မည်မဟုတ်​ချေ။


ထန်​မော့ ​ဘေးပတ်၀န်းကျင်ကို စူးစမ်းလျက် ထိုတီ​ကောင်ကြီး၂​ကောင်ထံမှ ထွက်​ပြေးရန်ကြိုးစားလိုက်သည်။ သို့​သော် ထိုတီ​ကောင်ကြီး၂​ကောင်က သူ၏စိတ်ထဲမှ စကားများကို ကြားနိုင်သည့်အလား ရုတ်ချည်းရပ်တန့်သွားလျက် သူ့အား ​ခေါင်း​ထောင်ကာ ထူးထူးဆန်းဆန်းစိုက်ကြည့်​နေခဲ့သည်။ ထို့​နောက်တီ​ကောင်ကြီး၂​ကောင် အနည်းငယ်တိုင်ပင်​နေပုံရပြီးချက်ချင်း​နောက်လှည့်ကာ အ​ပေါ်သို့ တူးလိုက်ကြ​လေသည်။


ထန်​မော့၏ ထီးက​လေးကို ဆုပ်ကိုင်ထားနှင့်ပြီဖြစ်​သော လက်​ချောင်းများမှာ ၄င်းကိုမြင်လျှင် ရပ်တန့်သွားခဲ့ရသည်။


မိနစ်ပိုင်းခန့်ကြာပြီး​နောက် သူတို့​မြေကြီး​ပေါ်တဖန်ပြန်​ရောက်လာခဲ့ကြသည်။ 


သူတို့မြက်ခင်းပြင်ကျယ်ကြီးတွင်ရှိ​နေကြတုန်းပင်။

ထန်​မော့ တီ​ကောင်ကြီး၏​ကျောပြင်​ပေါ်မှ ခုန်ဆင်းလိုက်ပြီး အနက်​ရောင်​မြေပြင်ကိုနင်းလိုက်သည်။ ကြီးမား​သောတီ​ကောင်ကြီး၂​ကောင်မှာ ၄င်းတို့၏ ကိုယ်တစ်၀က်ခန့်ကို ​မြေကြီးထဲတွင် နှစ်မြုပ်ထားလျက် ၄င်းတို့၏ရုပ်ဆိုးဆိုး​ခေါင်းများကိုသာ ​ဖော်ပြထားခဲ့သည်။ တီ​ကောင်ကြီး၂​ကောင်က သူတို့၏​ခေါင်းများဖြင့် အချင်းချင်းတွန်းထိုး​နေကြသည်မှာ ရှူ​ထောင့်တစ်ခုမှကြည့်လျက် အချစ်များ​ဝေမျှ​နေကြသည့်နှယ်။ ​တောက်ပ​သော​နေ​​ရောင်​အောက်တွင် ၄င်းတို့၏ ​ခေါင်း​ပေါ်မှ ပန်း​ရောင်​ဖျော့​ဖျော့​တောက်ပလျက်။


ထိုတီ​ကောင်ကြီး၂​ကောင်၏ ​ခေါင်း​ပေါ်မှ ပန်း​ရောင်အလင်း​ရောင်ခြည်ကိုကြည့်လျက် ထန်​မော့၏ မျက်လုံးတို့ကျဥ်း​မြောင်းသွားခဲ့​လေသည်။ 


"ရှူး သူ ငါ့ကိုကြည့်​နေတယ်" 


"သူက ငါ့ကို ကြည့်​နေတာပါ​နော်" 


"သူ ငါ့ကို ကြည့်​နေတာအသိသာကြီး"


ထန်​မော့မှာ ထိုပန်း​ရောင်​ရောင်ခြည်ကိုကြည့်လျက် သူ၏ရင်ထဲတွင် ခန့်မှန်း​ချေတစ်ခုဖြစ်​ပေါ်လာခဲ့သည်။


မူလက ထိုတီ​ကောင်ကြီး၂​ကောင် သူ့ကို ရုတ်တရက်ဆွဲလျက် ထွက်​ပြေးသွားချိန်တွင် ​သေချာသတိမထားမိခဲ့​ချေ။ အရာအားလုံးက ဖြစ်ပျက်သွားသည်မှာ လျင်မြန်လွန်း​နေ၍ တုန့်ပြန်ရန်အခွင့်အ​ရေးမရခဲ့ခြင်းပင်။ ထွက်​ပြေး​နေစဥ်အ​တောအတွင်း၌ သူသည်ရင်းနှီး​နေ​သော အသံများနှင့် ​ချောကျိကျိအထိအ​တွေ့ကို သတိထားမိခဲ့သည်။ ထို့​နောက် တီ​ကောင်ကြီး၂​ကောင်ရှိ​နေသည်ကို ​တွေ့လိုက်ရ​လေသည်။


သူ တီ​ကောင်ကြီးတစ်​ကောင်ကို ကယ်တင်ထားသည်မှာ သိပ်မကြာ​သေး​ချေ။ ပထမအကြိမ်မှာ ​ဘေကိုသတ်ပါ ဂိမ်းတွင်ဖြစ်သည်။ ထိုရုပ်ဆိုး​သော တီ​ကောင်ကြီးမှာ ဆပ်ကပ်​ခေါင်း​ဆောင်ထံမှ ဖမ်းဆီးခံထားရသည်ကို ကယ်တင်ခဲ့ခြင်းပင်။ ဒုတိယအကြိမ်မှာ ထူးဆန်း​ထွေလာ ဆပ်ကပ်ပွဲညအတွက် တီ​ကောင်ကြီးမှာ ဆပ်ကပ်​ခေါင်း​ဆောင်ထံမှ ဒုတိယအကြိမ် ဖမ်းဆီးခံလိုက်ရချိန်တွင်ဖြစ်သည်။ ထိုဆပ်ကပ်​ခေါင်း​ဆောင်မှာ တီ​ကောင်ကြီးကို လူ​ရှေ့တွင် တိုက်ရိုက်ဆွဲဖြဲပစ်ချင်ခဲ့ခြင်းပင်။ ထန်​မော့နှင့် ဖူ၀မ်​သော်မှာ တဖန်ပူး​ပေါင်း၍ ထိုတီ​ကောင်ကြီးကို ကယ်တင်ခဲ့ကြပြန်သည်။ ထိုစဥ်က သူတို့ဤဆုကိုရရှိခဲ့သည်။


"တီ​ကောင်ကြီးရဲ့ ဆန္ဒ​မွန်" 


ထန်​မော့ဂရုတစိုက်လက်ကိုဆန့်လျက် တီ​ကောင်ကြီး၏ ​ခေါင်းကိုလှမ်းထိလိုက်သည်။ သူ၏လက်က ​ခေါင်းကို မထိရ​သေးခင်မှာပင် တီ​ကောင်ကြီး၂​​ကောင်မှာ သူ၏လက်ကို ​ခေါင်းဖြင့် အလုအယက် တိုး​ဝှေ့ပွတ်သပ်လာခဲ့ကြသည်။ ထို့​နောက် ထိုတီ​ကောင်ကြီး၂​ကောင်မှာ မည်သူက ထန်​မော့အား ပို၍ကြာကြာပွတ်သပ်လိုက်ရ​ကြောင်း အပြိုင်အဆိုင် ငြင်းခုန်ကြ​တော့သည်။ နှစ်​ကောင်သား အပြင်းအထန်ငြင်းခုန်​နေရင်း ထန်​မော့ကိုပင်​မေ့သွားကြ​​တော့သည်။


ထန်​မော့ အကျဥ်းချုပ်​​တွေးလိုက်သည်။ 


" ကြည့်ရတာ တီ​ကောင်ကြီးရဲ့ ဆန္ဒမွန်ပဲဖြစ်မယ်"


ထိုထူးဆန်း​ထွေလာဆပ်ကပ်ဂိမ်းတုန်းက ထန်​မော့မှာ ထို တီ​ကောင်ကြီး၏ ဆန္ဒမွန်ဟူ​သော ဆုကို ​သေချာနားမလည်ခဲ့​ချေ။ ဤတီ​ကောင်ကြီး၂​ကောင်က သူကယ်ခဲ့​သော တီ​​ကောင်ကြီးမဟုတ်သည်မှာ ​သေချာ​လေသည်။ ထိုတီ​ကောင်ကြီးမှာ ကြီးမား​သော်လည်း အလွန်က​လေးဆန်လှသည်။


ထန်​မော့ရင်ထဲမှ ​တွေးလိုက်မိသည်။ ထိုတီ​ကောင်ကြီး၏ ဆန္ဒမွန်ဟူသည်မှာ ၄င်းတို့၏​ခေါင်း​ပေါ်မှ ပန်း​ရောင် ​ရောင်ခြည်များဖြစ်လိမ့်မည်။ တီ​ကောင်ဖြစ်​​နေသ၍ ၄င်းတို့ထံမှ အကူအညီရနိုင်သည့်ပုံပင်။ ဖူ၀မ်​သော်သည်လည်း တီ​ကောင်ကြီး၏ ဆန္ဒမွန်ဆုကိုရရှိခဲ့သည်။ 


'ဒီဆုက အမှိုက်ဆန်တယ်ထင်ရ​ပေမယ့် တကယ်တမ်းလိုအပ်တဲ့အချိန်ကျ အ​ရေးပါတဲ့ ဆုမျိုးဖြစ်လာတာပဲ'


ဥပမာ ဤတစ်ကြိမ်တွင် သူသည် တီ​ကောင်ကြီး၂​ကောင်ထံမှ ကယ်တင်ခံလိုက်ရသည်။ သူတို့မရှိလျှင် ထန်​​မော့အလျင်လူသားစွမ်းရည်ကို အသုံးပြုခဲ့ရလိမ့်မည်။ သူ ထိုစွမ်းရည်ကို ၁၀စက္ကန့်စာအသုံးပြုရန်လိုအပ်ရာ ၄င်းမှာ သူ၏သက်တမ်းမိနစ်၂၀ခန့်မျှကုန်ဆုံးမည်ပင်။ 


ပိုး​ကောင်များမှာ ​မျက်​ခြေပြတ်ကျန်ခဲ့ပြီဖြစ်ကာ မစ်ရှင်နှင့်ပတ်သက်၍ တိုးတက်မှုလည်း မရှိ​သေး​ချေ။


ထန်​​မော့ ခတ္တ​တွေး​တောပြီး​​နောက် ​နေ၏ဦးတည်ရာအတိုင်း ဆက်သွားလိုက်ပြီး သံလွန်စများရှိလိုရှိငြားရှာ​ဖွေလိုက်သည်။ ထန်​မော့တစ်လှမ်းမျှသာ လှမ်းရ​သေး​သော်လည်း တစ်ခုခုက သူ၏အ၀တ်ကို ဆွဲထားသည်အားခံစားလိုက်မိသည်။ ထန်​မော့လှည့်ကြည့်လိုက်လျှင် တီ​ကောင်ကြီးက သူ၏အ၀တ်စကို ကိုက်ဆွဲထားပြီး လွှတ်မ​​ပေးလိုပုံပင်။ ထို့​နောက် ကျန်တီ​ကောင်ကြီးတစ်​ကောင်မှာလည်း သူ၏ အင်္ကျီလက်တစ်ဖက်ကို ကိုက်ဆွဲလာခဲ့သည်။


"ငါတို့နဲ့လိုက်ခဲ့ပါ" 


"အိမ်ကို​ခေါ်သွား​ပေးမယ်​​လေ" 


ထန်​မော့ ရုန်းလိုက်​သော်လည်း ၄င်းတို့က သူ၏အ၀တ်စကို ​ခေါင်းမာမာနှင့် ကိုက်ဆွဲထားဆဲပင်၊ ထန်​မော့၏အ၀တ်တို့ စုတ်ပြဲသွားလျင် ၄င်းတို့မှာ ထန်​မော့၏ လက်​မောင်းကို တဖန်ပတ်ထားလိုက်ပြန်သည်။ ထန်​မော့မည်မျှပင် ကြိုးစား​စေကာမူ ၄င်းတို့ထံမှ မရုန်းနိုင်​ချေ။ သူခတ္တမျှ​တွေးလိုက်ပြီး​နောက် ထိုတီ​ကောင်ကြီး၂​ကောင်​နောက်သို့ လိုက်ရန်သာ ဆုံးဖြတ်လိုက်​လေသည်။


ဤတီ​ကောင်ကြီးများမှာ ထိုဆန္ဒမွန်ဆု​ကြောင့် သူ့ကိုအန္တရာယ်​ပေးမည်မဟုတ်ပဲ ကာကွယ်​ပေးမည်မှာ အသိသာကြီးပင်။ ဤထူးဆန်း​​​သောနေရာတွင် ဂိမ်းမစ်ရှင်လည်း ပွင့်မလာ​သေးသည်ဖြစ်၍ ဤတီ​ကောင်ကြီး၂​ကောင်​နောက်မှ လိုက်သွားလျှင်လည်း နစ်နာစရာမရှိ​ချေ။


လူ၁​ယောက်နှင့် တီ​ကောင်၂​ကောင်သည် ​မှော်၀င်မြက်ခင်းပြင်ကြီးထဲ ​လျှောက်သွား​နေခဲ့ကြသည်။ သို့သော် သူတို့​ရွေ့လျားမှုက အလွန်​နှေး​ကွေး​နေခဲ့သည်။ တီ​ကောင်ကြီး၂​ကောင်က ထန်​မော့​​ဘေးမှ လိုက်လာပြီး လစ်ရင်လစ်သလို သူ၏ မျက်နှာကိုလည်း ခိုးခိုးလျက်ကြ​သေးသည်။ 


ထန်​မော့မှာ ကြိမ်ဖန်များစွာပင် ထီးက​လေးကိုတင်းတင်းဆုပ်လျက် ၄င်းတို့၏ ​ချွဲကျိကျိ​ခေါင်းများကို တွန်းဖယ်ပစ်ချင်ခဲ့သည်။ ကံ​ကောင်းသည်က သူသည်းခံနိုင်ခဲ့၍ပင်။ 


နာရီ၀က်ခန့်ကြာပြီး​နောက် ထန်​မော့ရုတ်တရက် လမ်း​လျှောက်​နေခြင်းကို ရပ်လိုက်​​လေသည်။ တီ​ကောင်ကြီး၂​ကောင်မှာ သူ့အား​ကြောင်​တောင်​တောင် စိုက်ကြည့်လာလျှင် သူကပြုံးလိုက်သည်။ သူက ​ကိုယ်ကို ကုန်းလျက် ​မြေကြီး​ပေါ် နားတစ်ဖက်ကို ကပ်လိုက်​လေသည်။ မိနစ်ပိုင်းမျှကြာပြီး​နောက် တုန်ခါမှုကြီးတစ်ခုကိုကြားလိုက်ရပြန်သည်။ ၄င်းမှာ မြက်ခင်း​ပြင်ကြီး​ပေါ်မှ မီး​ဘေးကို​​ရှောင်ရန် ​ပြေးလွှာ​နေခဲ့ကြ​သော အနက်​ရောင် ​မျှော်စင်မွန်းစတားများနှယ်။


တီ​ကောင်ကြီး၂​ကောင်က အ​ခြေအ​နေကို ချက်ချင်းနားလည်သွားလျက် ​မြေကြီးထဲလျင်မြန်စွာဆုတ်ကာ လွတ်​မြောက်ရန်ကြိုးစားလိုက်ကြသည်။ အ​တော်​လေးကြာကြာ​ပြေး​နေပြီးမှ သူတို့ ထန်​မော့ကို ရုတ်ချည်းသတိရလျက် ပြန်လာရှာကြ​လေသည်။ သို့​သော် သူတို့ပြန်လာချိန်တွင် ထန်​မော့ကား မရှိ​တော့​ချေ။


"ရှူး..."


"ရှူး...?"


ကြီးမား​သော တီ​​ကောင်ကြီး၂​ကောင်မှာ ဗလာဖြစ်​နေ​သော ​မြေပြင်ကိုစိုက်ကြည့်​နေခဲ့ကြရှာသည်။ ထို့​နောက် စတင်ပြီး ငိုယို​တော့သည်။ သူတို့ကိုယ်သူတို့ ​မြေကြီး​ပေါ်မြှုပ်နှံလျက် ​အော်ငိုရင်း မြက်ခင်းပြင်မှ ထွက်ခွာသွားကြ​တော့သည်။ တချိန်ထဲမှာပင် ထန်​မော့မှာ မနီးမ​ဝေးမှ အပင်​သေကြီး၏​နောက်တွင် ပုန်းကွယ်​နေခဲ့သည်။ 


၃၀စက္ကန့်ကြာပြီး​နောက် မိုးကုပ်စက်၀ိုင်းအနီးတွင် ဖုန်များ​ထောင်းခနဲထလာခဲ့​လေသည်။


ကျယ်​ပြော​သော မြက်ခင်းပြင်ကြီးတွင် ရာနှင့်ချီ​သော အနက်​ရောင်​မျှော်စင်မွန်းစတားကြီးများမှာ တရှိန်ထိုး​ပြေးလာ​နေကြသည်။ တချို့မွန်းစတားများက ​ပြေးလွှား​နေရင်း တခြား ဦးတည်ရာသို့ချိုး​ကွေ့သွားခဲ့ကြသည်။ ၄င်းတို့​ပြေးလွှား​နေခြင်းက ကမ္ဘာ​မြေကြီးကိုပင် တုန်လှုပ်​စေ​လေသည်။ ထန်​မော့မှာ ထိုမွန်းစတားများကို ပြင်းပြင်းထန်ထန်စိုက်ကြည့်​နေခဲ့သည်။


တစ်မိနစ်ခန့်ကြာပြီး​နောက်တွင်မူ ထန်​မော့​ခေါင်းထဲမှ က​လေးသံဖြင့် ​ကြေညာမှုကို ကြားလိုက်ရ​လေသည်။


"တင်း​တောင်~ အရံမစ်ရှင်ခွဲ တစ်: ချစ်စရာ​ကောင်းတဲ့ ဦးဦးယုန်​ကိုရှာပြီး သူရဲ့အမြှီးကို ညှစ်ပါ ပွင့်လာပါပြီ"


၄င်းကိုကြားသည်နှင့် ထန်​မော့တီ​ကောင်ကြီးများ​နောက် လိုက်သွားရန်​တွေး​နေသည်ကို လက်​လျှော့လိုက်​တော့သည်။ ထိုဦးဦးယုန်ဆိုသည်က ဘယ်​နေရာတွင် ​နေမှန်းမသိ​သော်လည်း တီ​ကောင်ကြီးများအနီးတွင်မ​နေမှာ​တော့​သေချာ​လေသည်။ တီ​ကောင်များက စိုထိုင်း​သော​နေရာတွင် ​နေကြပြီး ယုန်များက ​ခြောက်​​သွေ့​သောပတ်၀န်းကျင်ကို နှစ်သက်ကြသည်။ အဖြစ်နိုင်ဆုံးမှာ ထိုဦးဦးယုန်က ဤမွန်းစတားတစ်အုပ်ကြီးထဲတွင်ဖြစ်လိမ့်မည်။


ထန်​မော့အသက်ရှူတတ်နိုင်သ​မျှ​​အောင့်လျက် မီးကျွမ်းထား​သောသစ်ပင်ကြီး​နောက်တွင်ပုန်းကွယ်​နေကာသူ၏တည်ရှိမှုကို အတတ်နိုင်ဆုံး​လျှော့ချလိုက်သည်။ 


ထိုမွန်းစတားများအနီးသို့ပို​ရောက်လာ​လေ ထီးက​လေး​ပေါ်မှ ထန်​မော့၏ လက်တို့ပိုတင်းကြပ်လာ​လေပင်။ သူကမျက်လုံးများကို ကျယ်ကျယ်ဖွင့်လျက် အ​နက်​ရောင်​မျှော်စင်မွန်းစတားများကို ကြည့်​နေခဲ့သည်။ ရုတ်တရက် သူသည်​သေးငယ်​သော တစ်စုံတစ်ခုကို​တွေ့လိုက်ရ​လေသည်။


၄င်းမှာ မွန်းစတားများ၏အလယ်တွင်ဖြစ်ပြီး သပ်ရပ်​သောအ၀တ်များကို၀တ်လျက် လျင်မြန်စွာ​ပြေးလွှား​နေခဲ့သည်။ ထိုယုန်မှာ လူ၏ခါး​လောက်သာမြင့်ပြီး မျက်မှန်တစ်ဖက်ကိုလည်း ၀တ်ဆင်ထား​လေသည်။ ၄င်းမှာ မွန်းစတားအုပ်ကြီးနှင့်အတူ​ပြေးလာပြီး ထန်​မော့ပုန်း​နေ​သော သစ်ပင်အနီးသို့​ရောက်ခါနီးမှာပင် ရုတ်ချည်းလှည့်လျက် ကျန်ဦးတည်ရာသို့ချက်ချင်း​ပြေးသွားခဲ့သည်။


ထန်​မော့တန့်သွားလျက် ထီးက​လေးကိုတင်းတင်းဆုပ်လိုက်မိသည်။ သူသည် ထိုယုန်က မွန်းစတားအုပ်ကြီးထံမှ ခွဲထွက်လျက် ​တောင်ကုန်း​လေးတစ်ခုဆီ​ပြေးသွားသည်ကို ကြည့်​နေခဲ့​လေသည်။ ထိုအချိန်တွင် မွန်းစတားအုပ်ကြီးမှာ ထန်​မော့ပုန်းကွယ်​နေ​သော အပင်ကြီးကို ​ကျော်လွန်လာခဲ့ကြပြီဖြစ်သည်။  မည်သူကမျှ ထန်​မော့ရှိမှန်း သတိမထားမိခဲ့ကြ​ချေ။ 


ထန်​မော့သူ၏စိတ်ထဲမှ အချိန်ကို​ရေတွက်​နေခဲ့သည်။ 


၁စက္ကန့် ၂စက္ကန့် ၃စက္ကန့်...


သူ၏မြင်ကွင်းတွင် ထိုအဖြူ​ရောင်ယုန်မှာ တဖြည်းဖြည်း​သေးငယ်လာပြီး ​တောင်ကုန်း​ပေါ်မှ ​ပျောက်ကွယ်လုနီးပါးပင်။ ထန်​မော့'မဖြစ်ဘူး'ဟု ​ရေရွတ်လျက် အပင်​နောက်မှ ဖြတ်ခနဲ​ပြေးထွက်သွားခဲ့သည်။ အနက်​ရောင်အရိပ်တစ်ခုမှာ လျှပ်စီးလက်သလိုပင် မွန်းစတားအုပ်ကြီးထံမှ ​ဝေးကွာသွားလျက် ယုန်ဆီသို့ ဦးတည်သွားခဲ့သည်။


သူသည်အလွန်လျင်မြန်လွန်း၍ အနက်​ရောင်​မျှော်စင်မွန်းစတားများမှာ ရုတ်ချည်းမတုန့်ပြန်နိုင်လိုက်​ချေ။ ၂စက္ကန့်ခန့်ကြာပြီးမှ အသံတစ်သံက​မေးလာခဲ့သည်။ 


"အဲဒါ​မြေ​အောက်လူသားလား" 


"​မြေ​အောက်လူသားဟ ဖမ်းကြ​​ဟေ့"


ထန်​​မော့​နောက်သို့ပြန်လှည့်မကြည့်ပဲ ယုန်ဆီသို့သာ ဦးတည်​ပြေးလွှား​နေခဲ့သည်။


ယုန်မှာလည် ထိုအသံများကိုကြားသဖြင့် ​ခေါင်းကိုလှည့်လျက် ထူးဆန်းစွာကြည့်လာခဲ့သည်။ ​မြေ​အောက်လူသားတစ်​ယောက်က သူ့ထံ တရှိန်ထိုး​ပြေး၀င်လာသည်ကို ​တွေ့သည်နှင့် ယုန်၏နားရွက်များမှာ ထိုး​ထောင်သွားလျင် အထိတ်တလန့်ဖြင့် ထွက်​ပြေး​တော့သည်။


ဦးဦးယုန်မှာ​ရှေ့မှ​ပြေး​နေပြီး ထန်​မော့က၄င်းကိုလိုက်​နေကာ ထန်​မော့၏​နောက်မှမူ မွန်းစတားအုပ်ကြီးက လိုက်ပါလာခဲ့သည်။


ဦးဦးယုန်မှာ ​တောင်ကုန်းကို​ရောက်သည်နှင့် သူ၏​ခြေ​ထောက်များက လျင်မြန်စွာတူးလျက် ​သေး​ငယ်​သောတွင်း​ပေါက်​လေးထဲ ​လျှော၍၀င်လိုက်​တော့သည်။ ထန်​မော့၏ မျက်လုံးတို့ပြူးကျယ်သွားလျက် သူ့တွင် တွန့်ဆုတ်​နေရန် အချိန်မရှိခဲ့​ချေ။ ထန်​မော့ ထီးက​လေးကို​မြှောက်လျက် စကားစုကို လျင်မြန်စွာရေရွတ်လိုက်သည်။ ထို့​နောက် ၄င်းကို ​​ဝေ့ယမ်းလျက် ယုန်တွင်းကိုပိုကျယ်ရန်ပြင်လိုက်သည်။


ထန်​မော့မှာ ထိုယုန်တွင်းထဲသို့၀င်နိုင်လုဆဲဆဲမှာပင် သူ၏​နောက်မှ ​နောက်ဆုံး​သော အလင်း​ရောင်တစ်ခုက တွင်း​ခေါင်းထဲမှ ​ပြေးလွှား​နေ​သောအဖြူ​ရောင် ယုန်ကို မြင်လိုက်ရ​စေသည်။ သူသည်အခွင့်အ​ရေးကိုမြင်လျှင် ​အေးစက်​နေ​သော မျက်၀န်းများဖြင့် လက်ကိုဆန့်ထုတ်လိုက်သည်။ ရာဘာကြိုးတစ်ခု ထွက်လာပြီး ထိုယုန်အား ချည်​နှောင်လိုက်​လေသည်။ ထန်​မော့ထိုရာဘာကြိုးကို​ဆောင့်ဆွဲလိုက်သည်နှင့် ထိုယုန်မှာလည်း


သူ့ဆီ၏​နောက်ပြန် လွင့်လာခဲ့​တော့သည်။


 "ဂျစ်ဂျစ်" 


ယုန်မှာ ​ကြောက်လန့်စွာ​အော်မြည်လိုက်သည်။ သူသည်သူ၏အမြီးကိုချည်ထား​သော ရာဘာကြိုးကိုဖြည်လို​သော်လည်း မရ​ချေ။ ထန်​မော့က သူ့အား​ဆောင့်ဆွဲလိုက်သည်ကို ခံလိုက်ရုံသာတတ်နိုင်​လေသည်။


ထန်​မော့က အနိုင်ကျင့်သူကြီးသဖွယ်ပင်။ သူ ဦးဦးယုန်၏ မုန်းတီး​သောအကြည့်များကို မသိချင်​​ယောင်​ဆောင်လျက် ၄င်း၏ အမြှီးကို အမူအယာမဲ့စွာ ဖြစ်လိုက်သည်။ ထိုအမြှီးကို ညှစ်လိုက်ချိန်မှာပင် ထန်​မော့ ရုတ်ချည်း သူ၏​နောက်တွင်မည်သည့် ထုထည်မှမရှိသည်ကို သတိထားမိလိုက်​လေသည်။ သူရုတ်ချည်း​လေဟာနယ်ထဲပြုတ်ကျသွားခြင်းပင်။


အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားလျက် သူအချ်န်မီမတုန့်ပြန်နိုင်ခဲ့​ချေ။


ထန်​မော့​ဘေးပတ်လည်သို့ အထိတ်တလန့်ဖြင့်ကြည့်​နေစဥ် ရာဘာကြိုးက အချိန်ပြည့်သွားသဖြင့် ယုန်က ထိုအခွင့်အ​ရေးကိုသုံးလျက် ရာဘာကြိုးကို ခါချပစ်လိုက်​လေသည်။ 


ထန်​မော့မှာ ထိုလူ​ကြီးလူ​ကောင်းနှယ် ၀တ်စားထား​သော ယုန် လေထဲတွင်​ပြေးလွှား​နေသည်ကိုမြင်လျှင် ထိတ်လန့်သွားခဲ့​လေသည်။ ၄င်းမှာ ​ပြေးလွှား​နေရင်း အိတ်ကပ်ထဲမှ အိတ်​​ဆောင်နာရီတစ်ခုကိုထုတ်ယူလျက် အချိန်ကိုကြည့်လိုက်​လေသည်။


ထိုလူ​ကြီးလူ​ကောင်းနှယ် ၀တ်စားထား​သော အိတ်​​ဆောင်နာရီနှင့်ယုန်မှာ တွင်း​ပေါက်တစ်ခုထဲ ပြုတ်ကျသွားခဲ့သည်။ 


ထန်​မော့၏စိတ်ထဲမှ အမည်တစ်ခုကို​တွေးလိုက်မိ​လေသည်။


"Alice in Wonderlandလား"


ထိုယုန်မှာ သူ့အားအ​ဖြေပြန်မ​ပေးလာ​ချေ။ သူကအချိန်ကိုမြင်သည်နှင့် ထန်​မော့အား ​ဒေါသတကြီးလှည့်ကြည့်လာခဲ့သည်။ 


"ဂျစ်ဂျစ်"


ထို့​နောက်၄င်း၏​ခြေ၄​ချောင်းကို အသုံးပြုလျက် ​ပြေးထွက်သွား​တော့သည်။ 


ထန်​မော့အတတ်နိုင်ဆုံးထိုယုန်ကိုဖမ်းရန် ကြိုးစားပါ​သော်လည်း မဖြစ်နိုင်ခဲ့​ချေ။ သူ၏ကိုယ်မှာ အဆုံးမဲ့​သောတွင်းထဲ အစုန်အဆန်ပြုတ်ကျလျက်။ ထန်​မော့စိတ်ကို​လျှော့ချလျက် တစ်​နေရာရာကို ဖမ်းဆုပ်ရန်ကြိုးစားလိုက်လေသည်။



🌍