🐯Ch 27
မိနစ်ဝက်အတွင်းမှာပင်…
ပန်ဒါလေးက နို့သောက်ပြီးသွားသောအခါ ပန်းကန်လုံးကိုချပြီး ကုယွီမြန်ဘက်ကို ဖြည်းဖြည်းချင်း ရွှေ့လာသည်။ ကုယွီမြန်က နှင်းကျားသစ်လေးကို သူ့ပခုံးပေါ်ထိုင်ခိုင်းလိုက်ပြီး ထန်ယွမ်လေးကို ကောက်ချီလိုက်သည်။
"ဗိုက်ပြည့်ပြီလား… မင်းဗိုက်ပြည့်ရင် ရေချိုးပြီး အနားယူကြရအောင်... ပြီးရင် အိပ်လို့ရပြီ…"
ကြယ်တာရာမြို့တော်နှင့် တာ့ခ်တို့၏ ရာသီဥတုများက တူညီခြင်းမရှိဘဲ ယခုက ကြယ်တာရာမြို့တော် တွင် နွေရာသီဖြစ်သည်။ အခန်းထဲတွင် ဉာဏ်ရည်မြင့် စနစ်တစ်ခု ရှိသောကြောင့် အလွန်ပူနေသည်တော့ မဟုတ်ပေ။ ဤရာသီတွင် ကြမ်းခင်းပြတင်းပေါက်ဘေး၌ ဖျာခင်းပြီး အိပ်သည်က အကောင်းဆုံးပင်။
အေးခဲထားသည့် ဖရဲသီး၊ ပုစဉ်းရင်ကွဲများ ၊ တစ်ရေးတစ်မောအိပ်ခြင်း ၊ မီးရှူးမီးပန်းများ။
၎င်းတို့က ကုယွီမြန်၏စိတ်ထဲတွင် ပေါ်လာသည့် နွေရာသီနှင့်ဆိုင်သော အဓိကစကားလုံးများပင်။
"ဒီရာသီဥတုမှာ နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်ရတာ အရမ်းအဆင်ပြေတယ်…အိပ်ပြီးရင် ညစာစားလို့ရတယ်…"
ကုယွီမြန်က ပန်ဒါလေးကို ပွေ့ချီထားရင်း သူ့ခြေဖဝါးလေးကို ဆုပ်ကိုင်ရင်း ခပ်တိုးတိုးပြောသည်။
"ဖရဲသီးစားချင်လား… မင်းစားချင်ရင် ကြယ်တွေကို ကြည့်ရင်း ညကျရင် စားကြမယ်နော်…"
၎င်းက ပွေ့ဖက်မှုလေးသာဖြစ်သည်။
နွေးထွေးပြီး သန့်ရှင်း၊ လွမ်းဆွတ်ဖွယ်ကောင်းသော ရင်ခွင်တစ်ခု။
အစပိုင်းတွင် ပန်းကန်အလွတ်တစ်လုံးကိုသာ မျက်နှာမူထားသောကြောင့် အကြောင်းအရာက ပုံမှန်တိုက်ရိုက်ထုတ်လွှင့်မှုနှင့် မတူပုံရ၍ ကြည့်ရှုသူအများအပြားက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှထွက်ရန် အဆင်သင့်ဖြစ်ခဲ့ကြသည်။ အကယ်၍ လူထက်ဝက်ကျော်ကသာ ထွက်သွားရန် ရွေးချယ်ခဲ့ပါက A-အဆင့် ပြန်လည်သုံးသပ်မှုက ၎င်းကို ရှုံးနိမ့်မှုအဖြစ် အလိုအလျောက် ရေတွက်သွားမည်ဖြစ်သည်။
ကုယွီမြန်က ပန်ဒါလေးကို ကောက်ချီလိုက်ပြီး သူ့နားထဲမှာ တိုးတိုးလေးပြောလိုက်သောအခါ သူတို့အားလုံး၏စိတ်ကို နတ်ဆိုးက ထိန်းချုပ်ထားလိုက်သလိုပင်။
'ထွက်မည်' ဟူသည့် ခလုတ်ကို မနှိပ်မီ သူတို့လက်များ ရပ်တန့်သွားကြသည်။
【အစ်မ ကျူးကျူး : ဟင် မင်းထွက်သွားချင်တယ်လို့ပြောခဲ့တာမဟုတ်ဖူးလား...ပြန်ရုတ်သိမ်းလိုက်တာလား...ဟားဟားဟားဟား…】
【ငါးခြောက်စားရတာကြိုက်တယ်:တောင်းပန်ပါတယ် ငငါ့လက်တွေမှာ သူ့စိတ်ကူးနဲ့သူရှိနေတာမလို့ အိုး... 】
【မီးရှူးမီးပန်းများ :အားးး ငါက နတ်ဘုရားမ 'တိမ်လေးတစ်ခုရှိတယ်'ရဲ့ အကြံပြုချက်ကနေလာတာ... သူရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ဖို့အတွက် ငါ တာခ့်ကို သွားခဲ့တယ်… သူ့မျက်နှာကိုမြင်တဲ့အချိန်က ရင်းနှီးတဲ့ခံစားချက်မျိုးရတယ်... မြန်မြန်က ကြယ်တာရာမြို့တော်ကို ရောက်နေပြီ…အနာဂတ်ကိုစောင့်ကြရအောင် ဟားဟား…မင်းလည်း စွဲသွားလိမ့်မယ်...】
【ဂျူနီယာ ဘီ : 'မီးရှုးမီးပန်များ'မင်းဘာတွေပြောနေတာလဲ... စွဲသွားမယ် ဟုတ်လား…】
【တိမ်'ရင်ထိုးသေးသေးလေး :ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တကယ် ထူးထူးခြားခြားခံစားရစေတယ်...စောင့်ကြည့်လိုက်ဦးမယ်…】
တစ်ခဏမျှကြာပြီးနောက် ရေချိုးရမည့်အချိန်သို့ ရောက်လာသည်။ ဤအိမ်တွင် ကုယွီမြန် အကြိုက်ဆုံးမှာ ရေချိုးခန်းဖြစ်သည်။ ၎င်းက ကြီးမားပြီး ပိုလှ၍အလင်းရောင်ပိုရသည်။ သူရောက်သောအခါ ချက်ချင်းပင်
ကိုယ်ပိုင်အသိဥာဏ်ရှိသည့် စက်ရုပ်ကို စီစဥ်ရန်
ပို့လိုက်သည်။
"မင်း တစ်ရက်လုံး ပင်ပန်းနေတော့မှာဘဲ..."
ကုယွီမြန်က ထန်ယွမ်လေးအား ချီထားသည်။
"ထန်ယွမ်လေးကို သက်သောင့်သက်သာရှိအောင် ရေချိုးပေးမယ်နော် ... ထွမ်ထွမ်က ကူညီပေးဖို့ ဒီမှာရှိနေပါတယ်... ပြီးရင် ထွမ်ထွမ်ဖို့ အချိုပွဲလုပ်ပေးမယ်နော်..."
ပန်ဒါလေး၏ မျက်လုံးဝိုင်းဝိုင်းလေးက သိချင်စိတ်အပြည့်ဖြင့် ဘယ်ညာကြည့်နေသည်။ သူက ရေချိုးခန်း၏ ပတ်ဝန်းကျင်အား မုန်းသည့်ပုံမပေါ်ချေ။ သို့သော် သူ၏လက်ဖောင်းဖောင်းလေးနှင့် ခြေထောက်လေးများက ကုယွီမြန်အား တင်းကြပ်စွာဖက်တွယ်ထားပြီး အောက်မဆင်းချင်ပေ။
နှင်းကျားသစ်လေးမှာ သူ့အား ကုယွီမြန်၏လက်မောင်းထဲမှ ဆွဲထုတ်ချင်နေသည်။ ၎င်းအား ကုယွီမြန် သတိထားမိသွားသောအခါ သူက ဘာမှမဖြစ်သကဲ့သို့ အဝေးသို့အကြည့်လွှဲသွားသည်။
ကုယွီမြန် : "...."
လူ့အဖွဲ့အစည်းတွင် အမွေးဖွာသော ကုန်းနေသတ္တဝါများစွာရှိသည်။ သဘာဝအတိုင်း သူတို့အများစုက ရေချိုးရန်ခုခံကြသည်။
ပထမအချက်မှာ သူတို့အား ရေချိုခြင်းက သက်သောင့်သက်သာမရှိဟု ခံစားစေရ၍ ဖြစ်သည်။ ဒုတိယအချက်မှာ ကျဥ်းမြောင်းပြီး မှောင်မဲသောပတ်ဝန်းကျင်က သူတို့အား လှောင်အိမ်အသေးလေးထဲတွင် သော့ခတ်ခံထားရသဲ့သို့ ခံစားရစေသောကြောင့် မသိစိတ်မှ ခုခံကြသည်။
သို့သော် ဤနေရာတွင် ကိစ္စမဟုတ်ပေ။
ကုယွီမြန် ရေချိုးခန်းထဲ ဝင်လိုက်သောကြောင့် ကြည့်ရှုသူများက ပတ်ဝန်းကျင်ရှိအရာအားလုံးကို မြင်နိုင်သည်။
အရောင်မှိန်သောရေချိုးခန်းတစ်ခု ဖြစ်သင့်သော်လည်း
၎င်းက ကျယ်ဝန်း၍ လင်းလဲ့တောက်ပနေသည်။
ခပ်ဝါးဝါးမှန်မှ သဘာဝအလင်းရောင်ဝင်လာပြီး အရောင်မှာ ချစ်စဖွယ်ကောင်း၍ နွေးထွေးကာ မချော်စေသောအခင်းခင်းထား၍ အစိုဓာတ်ကို မခံစားမိပေ။ မနက်သော်လည်း ကျယ်ဝန်းသော ရေချိုးကန်ကို ထောင့်တွင်ထားထားပြီး ထန်ယွမ်နှင့်နှင်းကျားသစ်လေးကဲ့သို့
အကောင်ပပေါက်လေးများအတွက် ဒီဇိုင်းဆွဲထားသော ပုံစံဖြစ်ပေသည်။
【အထီးကျန်တိမ်စိုင် : ငါ ဒီရေချိုးခန်းဒီဇိုင်းကို ကြိုက်တယ်...】
【ဂျူနီယာ ဘီ: ငါ ဝန်လေးနေပေမယ့် အဲဒီမှာ ရေချိုးချင်မိတယ်... 】
ကုယွီမြန် မှတ်ချက်များအားကြည့်ပြီး ပြုံးလိုက်သည်။
"ယွမ်ယွမ်..."
သူက ပထမဦးစွာ လက်ဖြင့်ရေအပြည့်ခပ်ပြီး ပန်ဒါလေးအား သူ၏လက်ဖဝါးလေးဖြင့် အပူချိန်စမ်းခိုင်းသည်။
"ရေအပူချိန်က ဘယ်လိုလဲ..."
ထန်ယွမ်လေးက ကုယွီမြန်မှာ သူ့နှင့်ဆော့နေသည်ဟု ထင်ခဲ့သည်။ သူက ပျော်ရွှင်စွာဖြင့် ကုယွီမြန်၏လက်ဖဝါးထဲသို့ ဘယ်၊ညာလက်နှစ်ဖက်လုံးထည့်ကာ ပျော်ရွှင်စွာ ဆော့နေခဲ့သည်။
ကုယွီမြန် မနေနိုင်ဘဲ ရယ်လိုက်မိပြီး အလျင်မလိုခဲ့ပေ။ဘေးမှာရှိသည့် နှင်းကျားသစ်လေးမှာ အလွန်မပျော်မရွှင်ဖြစ်နေသည်။ သူက အကြိမ်ပေါင်းများစွာ ထန်ယွမ်လေး၏လက်ဖဝါးလေးအားဖယ်ရန် ကြိုးစားခဲ့သည်။
မိနစ်ဝက်ခန့်ကြာပြီးနောက် ထန်ယွမ်က ကုယွီမြန်၏ညာလက်အားကိုင်ပြီး ရေချိုးကန်ထဲသို့ ဂရုတစိုက်ဝင်ခဲ့သည်။
ဘေဘီပန်ဒါလေး ရေထဲရောက်သောအခါ ရေက သူ၏ဗိုက်ဖြူဖြူလေးထိသာ ရှိသည်။ သူက လက်ဖဝါးလေးဖြင့် ဗိုက်ပေါ်သို့ရေများတင်နေသည်။
ကုယွီမြန်က ရေချိုးကန်၏ဘေးတွင် ခြေချိတ်ထိုင်နေပြီး နှင်းကျားသစ်လေးမှာ သူ့ပခုံးပေါ်တွင် နားနေသည်။ ထို့နောက် ကလေးနှစ်ယောက်နှင့် စကားပြောနေစဥ်တွင်
ပုဝါနွေးနွေးလေးကိုယူပြီး ပန်ဒါလေး၏အမွှေးနုလေးများကို ပွတ်ပေးနေသည်။
"အပြင်မှာ လေတိုက်နေတယ်..."
ကုယွီမြန် ပြောလိုက်သည်။ သူ့လက်တစ်ဖက်တွင်
ပုဝါလေးအားကိုင်ပြီး အခြားတစ်ဖက်တွင် ရေနွေးနွေးလေးအား ကိုင်ထားသည်။
"ဒီနေ့ ကြယ်တာရာမြို့တော်ရဲ့ ကောင်းကင်က အရမ်း ပြာလဲ့နေတာဘဲ... ငါတို့ တရုတ်ဘောလုံးပန်းတွေ ဥယျာဥ်ထဲမှာစိုက်ကြမယ်... သူတို့အနံ့ကိုရှုဖူးလား..."
ရေချိုးခန်းမှာ အပြည့်မပိတ်ထားသောဒီဇိုင်း ဖြစ်သည်။ ၎င်းတွင် တစ်ဝက်ဖွင့် ပြတင်းကာများရှိ၍ အလင်းရသည်။လေက တိုက်ခတ်လာပြီး ပြတင်းပေါက်မှလေဝင်ကာ အစိုဓါတ်အားလုံးကို ယူဆောင်သွားသည်။
ကြည့်ရှုသူများနှင့် ထန်ယွမ်က တူညီသောရှုထောင့်အားချိတ်ဆက်ထား၍ ယခုအချိန်တွင် အစားထိုးခံစားချက်မှာ အလွန်ပြင်းထန်နေသည်။
ကုယွီမြန်၏စကားလုံးများကြောင့် လူများစွာက သူတို့၏မျက်လုံးများ မပိတ်ဘဲမနေနိုင်ခဲ့ပေ။ သူတို့၏နှာခေါင်းထိပ်တွင် လေထဲမှပန်းရနံ့ရလာသည်ဟု ထင်ရသည်။သိသိသာသာပင် သူတို့မမြင်နိုင်သော်လည်း ဦးနှောက်ထဲတွင် အရောင်များ၊ အသံနှင့်အလင်းရောင်များဖြင့် ပြည့်နေသည်။
ခပ်ဝါးဝါးဖန်သား၏ အပြင်ဘက်တွင် အပြာရောင်ကောင်းကင်ရှိပြီး ပုစဥ်းရင်ကွဲများ၏အသံနှင့်
လေပြေအေးတို့ရှိ၍ ပူအိုက်မွန်းကြပ်သည်ဟု မခံစားရပေ။ဘောလုံးပန်းများ၏ အနံ့သက လေထဲတွင် အရည်ပျော်နေပြီး နွေရာသီအား ပန်းရနံ့နှင့် အချစ်ဇာတ်လမ်းများပြည့်နေကာ စကားလုံးများနှင့် စာကြောင်းများက ကဗျာဆရာ၏လက်ရာတွင် လျှံကျနေသည်။
၎င်းက ရေချိုးခြင်းဖြစ်သည်မှာ သိသာသော်လည်း
သူတို့က မည်သည့်တောင့်တင်းမှုကိုမှ မခံစားရပေ။
အမျိုးသားငယ်လေး၏ စကားလုံးများဖြင့်ပင် လူတိုင်းက လေတိုက်သော နွေရာသီနေ့လယ်ခင်းတွင် အိပ်ငိုက်လာကာ တစ်နေ့တာလုံး စိတ်ကူးယဥ်မှုအမျိုးမျိုးဖြင့် ပြည့်နေသည်။
ထို့နောက် ရေစီးကြောင်းက သင့်လျော်သောအပူချိန်ဖြင့် ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။
တစ်ချိန်တည်းမှာပင် ဒိုင်လူကြီးများမှာ သူတို့၏မျက်လုံးများဖွင့်လိုက်မိသည်။
ပူနွေးသောရေဖြင့် အမွေးများစိုစွတ်သွားသည့် ခံစားချက်က လူတိုင်းအား လွယ်ကူသည်ဟု ခံစားရသည်။ ထိုလူသားလေး၏လက်များက ရေစီးကြောင်းတစ်လျှောက် နူးညံ့စွာဖိပြီး ထုံးနေသောအမွေးများအား ရှင်းလင်းပေးသည်။ သူ၏နည်းလမ်းမှာ စိတ်ရှည်ပြီးနူးညံ့ကာ ရေက ပန်ဒါလေး၏မေးစေ့မှ ဗိုက်၊ ထိုမှတစ်ဆင့် နောက်ကျောအထိစီးဆင်းသွားသည်။ စက္ကန့်တိုင်းမှာ သက်သောင့်သက်သာရှိကာ ကြည့်ရှုသူများအား သက်သောင့်သက်သာရှိစေပြီး သူတို့၏မျက်လုံးများမှိတ်၍ သက်ပြင်းချမိစေသည်။
ဤကဲ့သို့သောလေထုတွင် ပန်ဒါလေးမှာ သူ၏မျက်လုံးများမှိတ်၍ အိပ်ငိုက်နေသည်။ သူက အချိန်ကြာလာသည်နှင့်အမျှ ကုယွီမြန်၏ လက်ဖဝါးလေးအားဖိ၍ သမ်းဝေလိုက်သည်။ လက်ရှိအချိန်တွင် ခရီးတစ်လျှောက်မှ အညစ်အကြေးအားလုံးရှင်းသွားကာ သူ၏မောပန်းနွမ်းနယ်မှုများကိုလည်း နောက်တွင်ချန်ထားရစ်ခဲ့သည်။
လေထဲတွင် ရေချိုဆားအနံ့၊ ဘောလုံးပန်းနံ့နှင့် ကုယွီမြန်၏လက်ချောင်းများမှ ဝါးရွက်နံ့ဖျော့ဖျော့ရောနေသည်။
သူ၏အထိအတွေ့က အဖော်ပြုပေးခြင်းနှင့်တူပြိီး လူတစ်ယောက်လုံးအား သူ၏ရင်ခွင်ထဲတွင် ဖက်ထားပေးသကဲ့သို့ပင်။
သူက လူတိုင်း၏ကလေးဘဝတွင် လိုချင်ခဲ့သည့် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ပင်။
သူက သူတို့အား စွန်လွှတ်ပေးခြင်း၊ ပင်လယ်ကမ်းခြေတွင် ခရုခွံများကောက်ခြင်း၊ တောင်တန်းနှင့် ကွင်းပြင်များတွင် ဆော့ကစားခြင်း၊ အိမ်အပြန်တွင် ချီပိုးသယ်သွားပေးခြင်း၊ သူတို့မောပန်းသောအခါ ကျောပိုးပေးခြင်းနှင့် သက်သောင့်သက်သာရှိသော ရေနွေးပူပူအားချိုးရန် ကူညီပေးခြင်းတို့ လုပ်ပေးသည်ဟု ထင်မိသည်။
ဒိုင်လူကြီးများကလည်း ထိုအခိုက်အတန့်တွင် အဆုံးစွန် စိတ်ကျေနပ်မှုအားခံစားရပြီး နောက်ပိုင်းအဖြစ်အပျက်သည် လုံးဝမမေ့နိုင်ရာပင်။
"ရေချိုးပြီးပြီဆိုရင် ပြတင်းပေါက်ဘေးက အအအေးခင်းပေါ်မှာ ခဏအနားယူကြမယ်..."
ကုယွီမြန်က ငြိမ်သက်နေသော နှင်းကျားသစ်လေးအား နမ်းလိုက်သည်။
"မင်းနိုးလာတဲ့အခါ ညစာစားလို့ရပြီ... စားပြီးပြီးဆိုရင် ဖရဲသီးရေခဲနဲ့ ဖရဲသီးဖျော်ရည် သောက်နိုင်တယ်... စားဖို့စားပွဲခုံလေး ရွှေ့ကြရအောင်... ကြယ်တာရာမြို့တော်မှာ
အာရှာမေဂျာ ကြယ်စုကိုမြင်နိုင်တယ်လို့ပြောကြတယ်... ငါတို့ရှာတွေ့နိုင်လောက်လား..."
ရေနွေးများဖြင့် ဝန်းရံခံထားရပြီး အပူချိန်က သွေးကြောထဲထိစီးဆင်းသွားပုံပေါ်ကာ ယခုအချိန်တွင်ဆဲလ်တိုင်းကို သက်သာလာစေသည်။ ကုယွီမြန်၏လှုပ်ရှားမှုများက နှေးကွေးပြီး သူ၏လေသံကလည်း နွေရာသီလေညှင်းထက်ပင် ညင်သာသည်။ သူက အရာအားလုံးအား စနစ်တကျ စီစဥ်ထား၍ လူတိုင်းကသူ့အား မယုံကြည်ဘဲ မနေနိုင်ပေ။
သူတို့ သူ့အပေါ် မှီခိုချင်လာသည်။ သူတို့က သူ၏့နောက်မှနေရာတိုင်းသို့လိုက်ချင်ပြီး အရာအားလုံးကို အတူတကွ ပြုလုပ်ချင်သည်။ နူးညံ့သောလေပြေအေးလေးအောက်တွင် စိတ်ကူယဥ်ဆန်သောနေ့လယ်ခင်းမှာ
မကြာမီတွင် အဆုံးသတ်တော့မည်ဖြစ်သည်။
သို့သော် ရွှေရောင်သန်းသော ကျက်သရေရှိသည့် ညနေခင်းက နောက်မှလိုက်လာသောကြောင့် နှမျောစရာမကောင်းလှပေ။ နွေရာသီအလယ်တွင် ပူပူနွေနွေးအစားအစာ၊ ကြယ်စုံသောည၊ ဖရဲသီးရေခဲစိမ်နှင့် အဆုံးမရှိသောနားထောင်စရာများနှင့် ရှည်လျား၍စိတ်ကျေနပ်စရာကောင်းသောအိပ်မက်တစ်ခု။
ဒိုင်လူကြီးများမှာ ဆွံ့အသွားရသည်။
မှတ်ချက်များပေါ်လာသည့်အထိ မိနစ်အနည်းငယ်ကြာသည်ကြာသွားသည်။
【ချောကလက်ချိုချဥ်: အာ အာ အာ ဝှက်သယ်ဖတ်… ဒါ ဘယ်လိုခံစားချက်မျိုးလဲ... ငါ အိပ်မပျော်တဲ့ရောဂါကိုခံစားနေရတာ အနှစ်၃၀ရှိပြီ… အခုကျ ငါအိပ်ငိုက်နေတာလား…】
【ငါးခြောက်စားရတာကြိုက်တယ်: အရမ်းသက်သောင့်သက်သာရှိတယ်... အကဲဖြတ်တဲ့စနစ်မှာ ဘာလို့ လက်ဆောင်တွေ ပေးလို့မရတာလဲ... ငါတကယ်ကြီးကို မီးရှူးမီးပန်းတွေနဲ့ပစ်ပေါက်ပြီး လူတိုင်းကို ဒီနတ်ဘုရား တင်ဆက်သူအစ်ကိုရဲ့ ထုတ်လွှင့်မှုအခန်းကိုကြည့်စေချင်တယ်QAQ】
【တိမ်'ရင်ထိုးသေးသေးလေး: လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ငါ့ရဲ့နွေရာသီဆိုတာကို လုံးဝဖြူဖွေးသွားသလိုဘဲ... နွေရာသီလို့ခေါ်ရအောင်ကို တန်ဖိုးမရှိခဲ့ဘူး...】
【ဂျူနီယာ ဘီ :ငါဝင်လာတဲ့အချိန်တုန်းက ဒါက Eအဆင့်အရည်အချင်းဖြစ်လိမ့်မယ်ထင်ခဲ့တာ... ငါကတင်ဆက်သူကိုလျှော့တွက်ခဲ့မိတာဘဲ သူက Sအဆင့်ဖြစ်သင့်တယ်...သေစမ်း... ငါသူ့အတွက် ဒူးထောက်နေပြီ… 】
【အိပ်မက်တွေရဲ့ဇာတ်သိမ်းတစ်ခု : A အဆင့်လောက်ကို အရည်အချင်းရှိတာပဲ… ငါ့လို အသက်၂၀၀ရှိတဲ့ အန်တီကြီးကို ကလေးတစ်ယောက်လိုဂရုစိုက်ခံရတဲ့ ခံစားချက်ကိုပေးလို့ ကျေးဇူးတင်ပါတယ်... ဒါက တကယ်အံ့သြဖို့ကောင်းတယ်... သက်လတ်ပိုင်းအရွယ်မှာ ဆံပင်ဆုံးရှုံးတာတွေ... အိပ်မပျော်တာတွေ ဖြစ်လာတယ်... အခုလိုမျိုးအပန်းပြေပြီး မပျော်ရွှင်ရတာကြာပြီ... ကျေးဇူးတင်ပါတယ်…】
ဒိုင်အယောက်တစ်ထောင်လုံးက ကြယ်တာရာမြို့၏ အသက်အရွယ်အမျိုးမျိုးနှင့် အဆင့်အမျိုးမျိုးမှ လာသည်။ ငယ်ရွယ်သော အသက်ပြည့်ကျောင်းသားများမှအငြိမ်းစားယူပြီးနောက် လုပ်စရာမရှိသည့် စီနီယာများအထိ ပါဝင်သည်။
ပြည်သူလူထုအတွက် ဆုံးဖြတ်ပေးရန်ခက်ခဲသည်မှာ လူများစွာက အမျိုးမျိုးသော အသက်အရွယ်၊ အထောက်အထားများ ရှိနေသောကြောင့်ဖြစ်သည်။ လူငယ်များက သီချင်းဆိုခြင်း၊ ကခုန်ခြင်းနှင့်ဂိမ်းဆော့ခြင်း စသည့်
တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြိုက်နှစ်သက်ပြီး အမျိုးသမီးငယ်လေးများက စျေးဝယ်ခြင်းနှင့် မိတ်ကပ်ပြုပြင်သည့်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြိုက်နှစ်သက်ကာ ရုံးအလုပ်သမားများအတွက် ခရီးသွားလာသည့်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြိုက်နှစ်သက်ကြသည်။ သို့သော် ကုယွီမြန်၏ထုတ်လွှင့်မှုက အခန်းကဏ္ဍတစ်ခု ခွဲခြားရန်ခက်ခဲသောကြောင့် တိုက်ရိုက်ထုတ်လွှင့်သည့်သမိုင်းတွင် ပထမဆုံးအကြိမ် ဖယ်ထုတ်လိုက်ရသည့် ပြသာနာတစ်ခုဖြစ်လာသည်။ ၎င်းက အဟန့်အတား၊ အဆင့်အတန်းများ မပါဝင်ဘဲ လူတိုင်းက ဆက်စပ်နိုင်ပြီး ပြိုင်ဘက်ကင်း အတွေ့အကြုံအားခံစားနိုင်သည်။
အစပိုင်းတွင် ကုယွီမြန်၏တိုက်ရိုက်ထုတ်လွှင့်မှုအား မကြည့်ခဲ့ဘဲ Eအဆင့် ရလဒ်ပေးခဲ့သည့် ဒိုင်အချို့မှလွဲ၍ ကျန်ရှိသည့် ကိုးရာကျော်က သတိထားပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏အဆုံးအထိ ကြည့်ခဲ့ကြသည်။ လူပေါင်း
၉၆၇ယောက်တွင် လူအနည်းငယ်က Bအဆင့်ပေးကာ၊လူ၆ရာကျော် Aအဆင့်ပေး၍ ကျန်ရှိသည့် လူ ၂ရာကျော်က သူ့အား Sအဆင့်ပေးခဲ့သည်။
တရားဝင် တုန့်ပြန်ချက်အတွက် Sအဆင့်မှာ
အလွန်ဂရုတစိုက်နှင့် စနစ်ကျရသည်။ ပြည်သူများ၏တုံ့ပြန်မှုများက အသက်အရွယ်အားလုံးမှ လုပ်အားပေးသူများဖြစ်ပြီး သူတို့က ဝိုင်ယာများအပေါ်တွင်လေ့ကျင့်ခဲ့၍ မြင့်မားသည့်ရလဒ်အား ပေးရန် မလွယ်ကူပေ။
ကုယွီမြန်၏ 'အလွန်ရိုးရှင်းသော'တိုက်ရိုက်ထုတ်လွှင့်မှုမှာ အရည်အချင်းစစ်စနစ် စတင်တည်ထောင်သည့်အချိန်မှစပြီး အမြင့်ဆုံးပျမ်းမျှရလဒ်ကို ရရှိခဲ့သည်။
🐯🐯🐯
ကိုယ်တို့အိမ်က မြန်မြန်လေးက အကြည်ဓာတ်လေးမို့ အကုန်လုံးက ဝိုင်းချစ်ကြတာ🥺