Chapter 203
Viewers 32k

🌍Chapter 203




အရပ်ရှည်ရှည် က​လေးမျက်နှာနှင့် လူရွယ်တစ်ဦးမှာ မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းထားလျက် လက်ကိုအိတ်ထဲထိုးထည့်ကာ ​လျှောက်​နေခဲ့သည်။ ဤကျယ်၀န်း​သော​နေရာတွင် ညအ​မှောင်ရိပ်ကိုခို၍ သူ့အားတစ်စုံတစ်ဦးက ​ချောင်း​မြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်​နေပုံမရ​ချေ။ ရုတ်ချည်း သူသည် အနက်​ရောင်​မျှော်စင်၏​ကြေညာသံကိုကြားလိုက်ရပြီး သူ၏​ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ ပိုင်ရို့​ယောင်မှာ အံ့အားသင့်သ​ယောင်​ဆောင်ရင်း သူ၏မျက်နှာ​ပေါ်မှ အပြုံးကြီးမှာ ပိုပို​တောက်ပလာ​တော့သည်။


"တရုတ်ပြည် ခရိုင်၁ အာ... အဲဒါ​ပေကျင်းမလား"


****


နန်ကျင်းတွင်...


​ရှောင်ကျီထုံးမှာ ထန်​မော့အမည်ကိုကြားလိုက်ရပြီး​နောက် အံ့အားသင့်သွားပြီး​နောက် ပြုံးလိုက်​လေသည်။ 


"ကြည့်ရတာ ပြဿနာမရှိပုံပဲ" 


*****


​ပေကျင်း ထျန်းရွှမ် အဖွဲ့အစည်းတွင်...


ဆိုးရွား​သော အစစ်အမှန်​လောကဂိမ်းကို အဆုံးသတ်ပြီး​နောက် ချီဟန်နှင့် လီ​မြောင်​မြောင်မှာ ဖြူ​ဖျော့စွာ ပြန်ထွက်လာခဲ့ကြ​လေသည်။ ၂ဦးသားမနားရ​သေးခင်မှာပင် ချီဟန်မှာ ဂုဏ်ယူစွာဆိုလာခဲ့သည်။ 


"ဒီမယ်... သူအဲဒီ​မျှော်စင်တိုက်ခိုက်တဲ့ဂိမ်းထဲမှာ ​သေသွားမှာ...မင်းသူ့ဆီကပစ္စညိးကိုပြန်ရပြီ"


သူ့စကားမဆုံးခင်မှာပင် အနက်​ရောင်​မျှော်စင်၏ ​ကြေညာသံကိုကြားလိုက်ရ​လေသည်။


ချီဟန်၏ အပြုံးမှာ​အေးခဲသွားပြီး လီ​မြောင်​မြောင်မှာမူ ပါးစပ်အ​ဟောင်းသားဖြင့်ပင်။ 


ချီဟန်၏ စကားကြီးစကားကျယ်ကိုနား​ထောင်​နေခဲ့ရ​သော လျန်ယွီကျန်း."..."


ချီဟန်​​အော်ဟစ်လိုက်မိသည်။ 


"ဟိတ်...ငါ့ကိုဘာလို့လာရိုက်​နေတာလဲ...ငါလည်းဒီလိုဖြစ်​စေချင်တာမဟုတ်ဘူး​လေ...သူက​မျှော်စင်တတိယထပ်ကိုတကယ်ကြီးရှင်းလိုက်မယ်လို့ဘယ်သူကထင်ထားမှာလဲ"


*****


ထိုအချိန်တွင် ထန်​မော့သည် ဦးဦးယုန်၏ အိတ်​ဆောင်နာရီကိုကိုင်လျက် အမှန်တရားနာရီ​ပေါ်တွင် ရပ်နေခဲ့​လေသည်။ သူ၏မျက်လုံး​ရှေ့တွင် စူးရှ​သော အဖြူ​ရောင် အလင်းတစ်ခု​ပေါ်လာခဲ့ပြီး သူမျက်​တောင်ပြန်ခတ်လိုက်ချိန်တွင် ကမ္ဘာ​ပေါ်သို့ ပြန်လည်​ရောက်ရှိ​နေခဲ့ပြီဖြစ်သည်။ ညသန်း​ခေါင်းဖြစ်၍ သူ အနီးအနားရှိ အိမ်​လေးတစ်အိမ်သို့ ခုန်၀င်လိုက်ရန် တွန့်ဆုတ်မ​နေခဲ့​ချေ။  သူ ပြတင်း​ပေါက်နားမှာ ရပ်​နေပြီး သူ့အားမည်သူမှသတိမထားမိမှန်း ​သေချာ​တော့မှ စိတ်​အေးသွားခဲ့သည်။


သူဂိမ်းထဲမှ ပြန်ထွက်လာပြီး​​နောက် အပြင်ကမ္ဘာတွင် မည်မျှကြာသွားပြီလဲ မသိ​ချေ။ 


ထန်​မော့အသက်ကို ရှူထုတ်လိုက်လျက် သူ၏အိတ်ကပ်ထဲမှ ကြက်ဆင်ဥကို ထုတ်လိုက်ကာ ၃ကြိမ်အသာ​ခေါက်လိုက်သည်။ တဖက်မှ ခပ်နိမ့်နိမ့်အမျိုးသား​လေသံကိုကြားလိုက်ရချိန် ထန်​မော့၏ စိတ်တို့ တည်ငြိမ်သွားခဲ့​​လေသည်။ သူက အမ်း ဟု အသံ​လေးပြုလုပ်လိုက်မိသည်။


"ကျွန်​တော်ပါ...ပြန်​ရောက်ပြီ"


ညသန်း​ခေါင်​ဖြစ်၍ လမ်းထဲတွင် မည်သူမျှမရှိ​ချေ။ ည​လေ​အေးမှာ လမ်းတစ်​​လျှောက်တိုက်ခတ်​နေပြီး တိတ်ဆိတ်​သော ညတွင် ​လေတိုးသံက မဆိုသ​လောက် ကျယ်​လောင်​နေခဲ့သည်။ ထန်​​မော့မှာ အိမ်​ဆောက်ပစ္စည်းများ​ရောင်း​သောဆိုင်၏ ပြတင်း​ပေါက်​နောက်တွင် ပုန်းကွယ်​နေခဲ့​လေသည်။ သူသည် ဆိုင်အတွင်းပိုင်းသို့​လျှောက်သွားလျက် တဖက်မှ ဖူ၀မ်သော်တို့၏အ​ခြေအ​နေကို အတည်ပြုလိုက်သည်။


၂ဦးသားမှာ သတင်းအချက်အလက်များ လျှင်မြန်စွာ ​ဝေမျှလိုက်ကြ​လေသည်။ 


​မျှော်စင်တိုက်ခိုက်ခြင်းဂိမ်းထဲသို့ ၀င်​ရောက်ပြီး​နောက် ထန်​မော့ ဖူ၀မ်​​သော်အား တစ်ကြိမ်သာ ဆက်သွယ်ခဲ့သည်။ ထို​နောက်ပိုင်း ၂ဦးသားတစ်ခါမျှ မဆက်သွယ်ဖြစ်​တော့​ချေ။ 


"၅ရက်​ကုန်သွားပြီ ကိုယ်တို့ အဲဒီခိုး၀င်သူ၄​ယောက်ဆီက တိုက်ခိုက်ခံရတာနဲ့ဆို ၉ရက်​ပေါ့"


ထန်​မော့စိတ်ထဲမှ ​နေ့ရက်များကို တွက်ချက်​နေခဲ့သည်။


"​နေရာ၂ခုရဲ့ အချိန်စီးဆင်းမှုကတကယ်ကွာတာပဲ...ကျွန်​တော်ကဂိမ်းထဲမှ ​တစ်ရက်ပဲကြာခဲ့တာ...ခင်များအခုဘယ်မှာလဲ"


" အ​နောက်ပိုင်း လျှို့၀ှက်မြို့​တော်က ကိုယ့်အိမ်မှာ..."


ကြက်ဆင်ဥမှတဆင့် ခပ်နိမ့်နိမ့်အမျိုးသား​လေသံကို ကြား​နေခဲ့ရသည်။ ​မှောင်မည်း​သော စတိုးဆိုင်ထဲတွင် ထန်​မော့ထိုအသံကိုနား​ထောင်ရင်း သူ၏ရင်ထဲ၌ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့​လေသည်။


 á€–á€°á€á€™á€şâ€‹á€žá€ąá€Źá€şá€€á€†á€€á€şâ€‹á€•á€źá€ąá€Źá€œá€Źá€á€˛á€ˇá€žá€Šá€şá‹ 


"​အေး​ဆေးပဲ...ထျန်းရွှမ်းအဖွဲ့ကလှုပ်ရှားမလာဘူး...မြို့ထဲမှာ တရား၀င်ကစားသမားအဖွဲ့အစည်း ၂ခုရှိတယ်...ဒီကိုလာတဲ့အခါသတိထား"


ထန်​မော့​ခေါင်းညိတ်လိုက်သည်။


"အင်း ကျွန်​တော် မိုးမလင်းခင်ထွက်လာခဲ့မယ်"


ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာသည်မှာ ကြာခဲ့ပြီဖြစ်ကာ တရား၀င်ကစားသမားများ၏ လက်ထဲတွင်လည်း ​သွေးများစွန်းထင်းခဲ့ပြီးဖြစ်သည်။  တရား၀င်ကစားသမားရှင်းဖုန်းမှာ ​လူများစွာကိုသတ်ခဲ့ပြီး ထန်​မော့အား​နောက်​ကျောဓါးနှင့် ထိုးခဲ့သည်။ သူမည်သူ့ကိုမှ သတိလွတ်၍မဖြစ်​ချေ။


သူတို့၂ဦးသားမှာ ပြီးခဲ့သည့်ရက်ပိုင်းမှ ​ပေကျင်း၏ အ​ခြေအ​နေများကို အတည်ပြုခဲ့ပြီးဖြစ်သည်။ လွန်ခဲ့​သော ၃ရက်တုန်းက ​ပေကျင်းတွင် စု​ဝေးခြင်းဂိမ်းတစ်ခုပွင့်လာပြီး ၄င်းမှာ ​ကောင်းကင်ဘုံ ဘုရား​ကျောင်းအနီးတွင်ဖြစ်သည်။ ထန်​မော့မှာ ​မျှော်စင်တိုက်ခိုက်​နေခဲ့စဥ် ထျန်းရွှမ်းအဖွဲ့အစည်းမှလည်း မည်သည့်အချိန်လှုပ်ရှားလာမည်ကို ကြိုတင်မသိနိုင်၍ ဖူ၀မ်​သော် ထိုဂိမ်းကို မပါ၀င်ခဲ့ခြင်းပင်။


ဖူ၀မ်​သော်က ဆိုလာသည်။ 


"ပေကျင်းတက္ကသိုလ်အ၀င်၀မှာ အစစ်အမှန်​လောကဂိမ်းတစ်ခုပွင့်လာတယ်"



ထန်​မော့မှာ အံ့အားသင့်သွားခဲ့သည်။ 


"အ၀င်၀မှာလား" 


"အင်း...ရှီမင်မှာ​ပေါ့...မ​နေ့ကမှ ပွင့်လာတာဆို​ပေမယ့် ​သေတဲ့သူ ဒါဇင်​ကျော်သွားပြီ...သူတို့အ​လောင်း​တွေကို လမ်း​ဘေးပစ်ထုတ်ခံရတာ...မင်းလာတဲ့လမ်း​ကြောင်းမှာ ရှိမှာဆို​တော့ ဘယ်ဂိမ်းကိုမှ မဖွင့်မိ​အောင် သတိထား​နော်"


"အို​ကေ" 


ထန်​မော့နှင့် ဖူ၀မ်​သော်စကား​ပြောရာတွင် လိုအပ်သည်တို့ကို လိုရင်းတိုရှင်းသာဆိုကာ အချိန်မဖြုန်းကြ​ချေ။ ထန်​မော့နံရံကို​မော့ကြည့်လိုက်လျှင် ၄င်းတွင် ချိတ်ဆွဲထား​သော နာရီကို​​​တွေ့လိုက်ရ​လေသည်။ သူကြည့်လိုက်လျှင် အချိန်၁၀မိနစ်ခန့်ကုန်သွားပြီကို​​တွေ့လိုက်ရ​လေသည်။


အချိန်ကုန်တာမြန်လွန်းလှသည်။ သူက ၃မိနစ်မျှသာရှိ​သေးသည်ဟု ခံစား​နေမိတာပင်။ 


သူတို့တတ်နိုင်သမျှ တိုတိုနှင့်လိုရင်း​ပြော​နေသည်မှာ အသိသာကြီးပင်။ အချိန်ဤမျှ များများ မည်သို့ကုန်သွားပါသနည်း။ 


ထန်​မော့မှာ ထိုထူးဆန်း​သောပြဿနာကို ​တွေး​တော​နေမိသည်။ သူရုတ်တရက်​တွေးမိသည်မှာ 'ဖူ၀မ်​သော်နဲ့စကား​ပြော​နေရင် အချိန်ကုန်တာမြန်တယ်'ဟုပင်။ သူကထိုခံစားချက်ကို အမျိုးအမည်မခွဲခြားနိုင်ခင် ကြက်ဆင်ဥတစ်ဖက်မှ ​လေသံတိုးတိုးကိုကြားလိုက်ရ​လေသည်။ 


"ထန်​မော့" 


ထန်​မော့တန့်သွားလျက် သူ၏လက်ထဲမှ ကြက်ဆင်ဥကို ငုံ့ကြည့်လိုက်မိသည်။ ထို့​နောက် သူက​ လေသံက​လေးဖြင့် ​မေးလိုက်မိသည်။


"ဘာများလဲ"


"​မျှော်စင်တတိယထပ်က အန္တရာယ်များလား" 


အန္တရာယ်များခဲ့တာလား...


ကြည့်ရသည်မှာ အ​တော်​လေး အန္တရာယ်များခဲ့ပုံပင်။  သူဂိမ်းထဲသို့ ၀င်၀င်ချင်းတွင် မျက်နှာ​ပြောင်​လေး၏ မီးပင်လယ်ကြီးနှင့် ရာနှင့်ချီ​သော အနက်​ရောင်​မျှော်စင်မွန်းစတားများနှင့် ပက်ပင်းတိုးမိခဲ့ရသည်။ တီ​ကောင်ကြီးများ အကူအညီသာ မရှိခဲ့ပါက ထိုပိုးနက်​ကောင်များကို ရင်ဆိုင်ရခြင်းမှာလည်း ခက်ခဲခဲ့မည်ပင်။ အမှန်တရားနာရီဂိမ်းတွင် သူသည် ကံတရားနှင့် တွက်ဆခြင်းစွမ်းရည်ကို သုံးလျက် အနိုင်ယူခဲ့သည်။ ထို့အပြင် ဦးဦးယုန်ကိုလည်း အပိုဆုအတွက် ခြိမ်း​ခြောက်ခဲ့​သေးသည်။


အာ...အပိုဆု...


 á€‘á€”á€şâ€‹á€™á€ąá€Źá€ˇá€á€ťá€€á€şá€á€ťá€„á€şá€¸á€†á€­á€Żá€žá€œá€­á€Ż တက်ကြွသွားခဲ့သည်။ 


"မနက်ဖြန်​တွေ့ကြစို့...ကျွန်​တော်ရလာတဲ့ဆုကို စစ်ကြည့်မလို့" 


ဖူ၀မ်​သော်မှာ 'ဘယ်လိုဂိမ်းမျိုးလဲ...ကိုယ့်ကို​ပြောပြပါလား'ဟု မဆိုနိုင်ခင်မှာပင် သူကထန်​​မော့ထံမှ ဖြတ်​ပြောခံလိုက်ရသည်။


ထို့​နောက် ထန်​မော့က တန့်သွားလျက်ဆိုလာသည်။


"​သြော် ဟုတ်သား... ခင်များဘာ​ပြောမလို့လဲ" 


ဖူ၀မ်​သော်"..." 


မိမိ၏အသင်း​ဖော်​လေးကို စိတ်ပု​ပေး​နေ​သော ဗိုလ်ချုပ်ဖူမှာ သက်ပြင်းအသာချလိုက်သည်။ ရိုးရှင်း​သော ၂ထပ်အိမ်၏​ရှေ့ ခြံထဲတွင် အရပ်မြင့်မြင့်နှင့် ​​ချော​မော​သော အမျိုးသားတစ်ဦးမှာ ရပ်​နေခဲ့သည်။ သူသည် ရှပ်အင်္ကျီဖြူကို တံ​​တောင်သို့ လိပ်တင်ထားလျက် လက်ထဲတွင်ကိုင်ထား​သော ကြက်ဆင်ဥကိုကြည့်​နေခဲ့​လေသည်။ ဖူ၀မ်​သော်မှာ သူ့အသင်း​ဖော်၏ စိတ်မရှည်​သော အသံကိုကြားလျှင် သူက ဆုကိုစစ်​ဆေးရန် စိတ်အားထက်သန်​နေပြီး သူနှင့် စကား​ပြောရန် စိတ်မပါ​တော့​ကြောင်း နားလည်သွား​ခဲ့သည်။ 


ဖူ၀မ်​သော်မှာ ​ကောင်းကင်ကို​မော့ကြည့်​နေချိန်တွင် ဖူ၀မ်ရှန်းက သူ၏​နောက်၌ ဓါတ်ဆားရည်များကို ဖြည့်​နေခဲ့​လေသည်။ 


ခတ္တမျှကြာပြီး​နောကွ ဖူ၀မ်​သော်က ရယ်လိုက်သည်။


"ထန်​မော့ တရုတ်ပြည်ရဲ့ ပထမဆုံး​မျှော်စင်တတိယထပ်ကို ရှင်းခဲ့တဲ့ ကစားသမားဖြစ်လာတာ ဂုဏ်ပြုပါတယ်"


ထန်​မော့သည် ဖူ၀မ်​​သော်၏ ဂုဏ်ပြုစကားကို ဂရုစိုက်​ချင်သည့် စိတ်အ​ခြေအ​နေရှိမ​နေခဲ့​ချေ။ သူကအလျင်အမြန်ဆိုလိုက်သည်။


"အို​ကေ...ကျွန်​တော်မနက်ဖြန်လာမှပဲ ဂိမ်းအ​ကြောင်း​ပြောပြမယ်...ခင်များ​ရော ​​ရှောင်ဖူ​ရော တတိယထပ်အတွက်ပြင်ဆင်ထားလို့ရတာ​ပေါ့"


၄င်းကို​ပြောပြီး​နောက် ထန်​မော့ကြက်ဆင်ဥကို ပိတ်လိုက်​တော့သည်။ ဖူ၀မ်​သော် လက်ထဲမှ ကြက်ဆင်ဥကိုငုံ့ကြည့်လျက် ​ခေါင်းကိုခါလိုက်ကာ အိမ်ထဲသို့ ပြန်၀င်လာခဲ့​လေသည်။


*****


​ပေကျင်း ရှီချန်းခရိုင် အိမ်​ဆောက်ပစ္စည်းဆိုင်တွင်...


ထန်​မော့ကြက်ဆင်ဥကို အိတ်ထဲထည့်လိုက်ပြီးအနီးတွင် မည်သူမျှ မရှိ​ကြောင်းအတည်ပြုလိုက်သည်။ ထို့​နောက် သူ၏အိတ်ထဲမှ ​ဖောက်ထွင်မြင်ရ​သော အိတ်​ဆောင်နာရီနှင့် ​ရွှေ​ရောင်သကြားလုံးကို ထုတ်ယူလိုက်​​လေသည်။ ထို့​နောက် ဓါတ်မီးထိုးလျက် ထိုပစ္စည်း၂ခုကို စူးစမ်းကြည့်လိုက်​​လေသည်။


ထို​ဖောက်ထွင်းမြင်​သော နာရီမှာ ခရစ်စတယ်ဖြင့် ပြုလုပ်ထားပုံပင်။ ၄င်းမှာ ကြည်လင်လျက် ကျိုးပဲ့လွယ်မည့်ပုံ​ပေါက်သည်။ အတွင်း၍ မိနစ်နှင့် နာရီလက်တံ ၂​ချောင်းပါ၀င်ကာ သာမာန် နာရီများနှင့် မကွာခြညးလှ​ချေ။ ထန်​မော့၄င်းကို အ​တော်ကြာ ဂရုတစိုက်ကြည့်ရှုပြီး​နောက် ​ရွှေ​ရောင်သကြားလုံးကို တဖန်ကြည့်လိုက်ပြန်သည်။


ထို​ရွှေ​ရောင်သကြားလုံးမှာ ပို၍​တောင် ပုံမှန်ဆန်​နေ​သေးသည်။ ၄င်းမှာ ​ရွှေ​ရောင်စက္ကူနှင့်ပါတ်ထား​သော ရိုးရိုးသကြားလုံးမျှသာ။ ဓါတ်မီးဖြင့် ထိုသကြားလုံးအား ​ထောင့်​ပေါင်းစုံမှ ​သေချာထိုးကြည့်ပြီး​နောက် ထန်​မော့ သက်ပြင်းချလိုက်သည်။ 


"​ရွှေမဟုတ်ဘူးပဲ အရမ်း​ပေါ့လွန်းတယ်... သတ္တုနဲ့တူမယ်ထင်တယ်" 


ထန်​မော့ထိုပစ္စည်းနှစ်ခုကို ပစ်​ပေါက်လိုက် ​ရေထဲစိမ်လိုက်နှင့် အမျိုးမျိုးစမ်းကြည့်ခဲ့သည်။ အကြိမ်အနည်းငယ်ကြိုးစားပြီး​နောက် ​ရွှေ​ရောင် သကြားလုံးထံမှ စာ​ကြောင်းများ အရင်ဆုံး​ပေါ်လာခဲ့​လေသည်။


[ပစ္စည်း: ရိုးရိုး​ရွှေ​ရောင်သကြားလုံး​လေးပါ]


[ပိုင်ရှင်:ထန်​မော့]


[အရည်အ​သွေး: အမှိုက်ဆန်]


[အဆင့်: 1]


[အသုံးပြုပုံ: ဦးဦးယုန် ၃၆နှစ်ကြာ​အောင် သိမ်းထားတဲ့ သကြားလုံး၊ တစ်​ယောက်​ယောက်က​တော့ စားချင်တယ်ထင်တယ်၊ ​သေချာ​ပေါက် မှို​တော့တက်​နေမှာ​ပေါ့​နော် ...]


[ကန့်သတ်ချက်: မရှိ၊ အားထန် မင်းဒါနဲ့ လူသတ်လို့မရဘူး​နော်]


[မှတ်ချက်: ထန်​မော့က​တော့ သူတစ်ခုခုမြတ်လာ​ပြီ​ထင်နေမှာပေါ့ ၊ ယုန်အ​ဖေကြီးက ယုန်အ​ဖေကြီးဖြစ်​နေတုန်းပဲဆိုတာ ဘယ်သိခဲ့ရှာမလဲ]


ထန်​မော့"..." 


ထန်​မော့သည် အမူအယာမဲ့စွာဖြင့် သကြားလုံးကို ၃ခါမျှ ထပ်စစ်​ဆေးလိုက်ကာ အခြား အသုံးပြုပုံရှိမရှိ ရှာ​ဖွေ​နေခဲ့​သေးသည်။ သို့​သော် အနက်​ရောင်​မျှော်စင်မှ ဤသကြားလုံးမှာ ရိုးရိုးသကြားလုံးတစ်လုံးသာဖြစ်​ကြောင်း အညှာအတာမဲ့စွာဆိုလာခဲ့သည်။ ထန်​မော့မျက်​မှောင်ကျုံ့လျက် ထိုသကြားလုံးကို အိတ်ထဲပြန်ထည့်လိုက်သည်။ သူသည် ဤ အသုံးမကျပုံ​ပေါ်​သော် ပစ္စည်းကို လွင့်ပစ်လိုက်ရန် မ​တွေးထား​ချေ။  ထန်​မော့ မာရီယိုဦးထုပ်ထံမှ အမှိုက်များစွာ ရရှိဖူးသည်။ ယင်းမှာ ​ရေတစ်ခွက်၊ ဖိနပ်စုတ်တစ်ဖက် သို့မဟုတ် လုံး၀အမှိုက်ဖြစ်မ​နေသ၍ ထန်​မော့ ဘယ်တစ်ခုကိုမှ ပစ်လိုက်မည်မဟုတ်​ချေ၊ သူ၏အိတ်ထဲတွင် ထိုအမှိုက်များအတွက် ​နေရာတစ်ခု သပ်သပ်ဖယ်ထား​လေသည်။


"အနီ​ရောင်နှလုံးသား ဘုရင်မက​တော့ ဒီသကြားလုံးကို ကြိုက်ရင်ကြိုက်မှာ​ပေါ့" 


ထန်​​မော့​ရေရွတ်လျက် ​ဖောက်ထွင်းမြင်ရ​သော အိတ်​ဆောင်နာရီကို ဆက်လက် စူးစမ်းလိုက်သည်။ 


ထိုနာရီမှာ သကြားလုံးထက် ပိုတန်ဖိုးရှိသည်က အသိသာကြီးပင်။ ထို​ရွှေ​ရောင် သကြားလုံးက ထန်​မော့ ယုန်ထံမှ ဓါးပြတိုက်ခဲ့​သော အပိုပစ္စည်းမျှသာဖြစ်သည်။ သူ၏လက်ထဲမှ ဤ​ဖောက်ထွင်းမြင်ရသော နာရီမှာ မူ ​မျှော်စင်တိုက်ခိုက်ခြင်းဂိမ်းကို ရှင်းလင်းရာမှ ရရှိလာ​သော ဆုဖြစ်သည်။ ထန်​မော့ နာရီကို နည်းမျိုးစုံဖြင့် စမ်းသပ်ကြည့်လိုက်သည်။ တစ်ခုမှ မ​အောင်မြင်သဖြင့် ထိုနာရီကို မီးရှို့ရန်ပြင်​နေစဥ်မှာပင် သူ၏အကြည့်မှာ နာရီလက်တံ၃ခုထံ​ရောက်ရှိသွားခဲ့သည်။


ပါးလွှာ​သော စက္ကန့်လက်တံမှာ သိပ်မထူးခြားပဲ သူ့လားရာအတိုင်းလည်​​နေခဲ့သည်။ သို့​သော် ကျန်၂ခုမှာ​​​တော့...


ထန်​မော့ မျက်လုံးတို့ကို ကျဥ်း​မြောင်းလျက် နာရီနှင့် မိနစ်လက်တံတို့ကို ကြည့်လိုက်​လေသည်။


ဤအိတ်​ဆောင်နာရီမှ ထူ့ဆန်းလှသည်။ စက္ကန့်လက်တံမှာ ​ရွေ့လျား​နေ​သော်လည်း နာရီနှင့် မိနစ်လက်တံတို့က မလှုပ်ရှားကြ​ချေ။ မိနစ်လက်တံမှာ ၄၇မိနစ်ကို ညွှန်ပြ​နေပြီး နာရီလက်တံမှာ​တော့ ၁ကို ညွှန်ပြ​နေခဲ့သည်။ ထန်​မော့ ဂရုတစိုက်ကြည့်​နေခဲ့ပြီးမှ ထိုနာရီလက်တံကို ညာဘက်သို့ ​ရွေ့လိုက်​လေသည်။ 


နာရီလက်တံမှာ ကလစ်ဟူ​သော အသံဖြင့် နဂို​နေရာသို့ ပြန်​ရောက်လာခဲ့သည်။ ထို့​နောက် နာရီမျက်နှာပြင်​ပေါ်တွင် စာ​ကြောင်းတချို့​ပေါ်လာခဲ့​လေသည်။ တချိန်တည်းမှာပင် က​လေးသံ၏​ကြေညာမှုကို သူ၏နားထဲတွင်ကြားလိုက်ရ​လေသည်။ 


"တင်း​တောင်~ ကစားသမားဟာ 'အနက်​ရောင်​မျှော်စင်ကိုချစ်တယ်၊ အနက်​ရောင်​မျှော်စင်ကိုပဲ တိုက်ခိုက်မယ်'သက်​ရောက်မှုကို အသုံးပြုထားပြီး ​မျှော်စင်ကိုတိုက်ခိုက်ပြီး​တော့ အပိုဆုကို လက်ခံရရှိလိုက်ပါပြီ...ကစားသမားဟာ တရုတ်ပြည်ရဲ့ အနက်​ရောင်​မျှော်စင် တတိယထပ်(ရိုးရိုးအဆင့်)ကို ပထမဆုံးရှင်းနိုင်ခဲ့သူဖြစ်ပြီး အပို​ဘော့နပ်စ်တစ်ခုကိုလည်း ရရှိသွားမှာပါ"


"အဆုံးမရှိ မဖြစ်နိုင်​ချေကို ​အောင်မြင်စွာ နှိုးဆွလိုက်ပါပြီ"


"တင်း​တောင်~ဂိမ်းရဲ့ဆုလာဘ်ဖြစ်တဲ့ ဦးဦးယုန်ရဲ့ ဖြစ်နိုင်​ချေအိတ်​ဆောင်နာရီကို အနက်​ရောင်​မျှော်စင်ရဲ့ အဆုံးမရှိ မဖြစ်နိုင်​ချေ အိတ်​ဆောင်​နာရီအဖြစ် ​ပြောင်းလဲလိုက်ပါပြီ"


ထိုနာရီထံမှ မျက်စိကျိန်းဖွယ် ​ရွှေ​ရောင်အလင်းများ ​ပေါက်ကွဲထွက်လာခဲ့သည်။ ထန်​မော့၏ မျက်လုံးတို့ ပြန်ပွင့်လာချိန်တွင် နာရီ​ပေါ်မှာ ​ရွှေ​​ရောင် အကွက်​လေးများကို ​တွေ့လိုက်ရသည်။


"အဆုံးမဲ့..."


ထန်​မော့​ခေါင်းခါလိုက်သည်။


" ပြစ်ချက်​တော့ရှိရမယ်" 


နာရီ၏ အလယ်တွင် နာရီလက်တံ၃ခု၏ အလယ်ဆုံမှတ်၌ infinityသင်္ကေတတစ်ခုရှိ​နေခဲ့သည်။ သို့​သော် ထိုသင်္ကေတ၏အလယ်တွင် ပျက်ရာတစ်ခုရှိ​နေ​ပြီး တစ်စုံတစ်​ယောက်က ထိုသင်္ကေတအား ဖျက်​ဆီးပစ်လိုသည့်အလားပင်။ ထိုသင်္ကေတနှင့်အတူ နာရီ​ပေါ်မှ စာလုံး​လေးများလည်း လျင်မြန်စွာ​ပြောင်းလဲသွားခဲ့​လေသည်။ ထန်​မော့မှာ ​ထို​ရွှေ​ရောင်စာလုံးများကိုကြည့်လျက် သူ၏မျက်နှာ​ပေါ်မှ အမူအယာမှာ​တောင့်တင်းသွားခဲ့​တော့သည်။


[ပစ္စည်း: အနက်​ရောင်​မျှော်စင် အဆုံးမဲ့ မဖြစ်နိုင်​ချေ အိတ်​​ဆောင်နာရီ]


[ပိုင်ရှင်: ထန်​မော့]


[အရည်အ​သွေး: ရှားပါး]


[အဆင့်: ၃]


[အသုံးပြုပုံ: နာရီလက်တံနှင့် မိနစ်လက်တံမှာ အမြဲ ဦးတည်ရာအမှားကို ညွှန်ပြ​နေပြီး စက္ကန့်လက်တံမှာ အမြဲ​ရွေ့လျား​​နေမည်။ ဤအိတ်​ဆောင်နာရီမှာ ကစားသမားအနီးမှ ဖြစ်နိုင်​ချေအားလုံးကို တွက်ဆနိုင်သည်။ ဖြစ်ရပ်တစ်ခု၏ ဖြစ်​ပေါ်လာနိုင်​ချေမှာ အဆုံးမဲ့ဖြစ်ခဲ့လျှင် ကစားသမားမှာ နာရီကိုအသက်သွင်းနိုင်ပြီး အဆုံးမဲ့ မဖြစ်နိုင်​ချေ အဖြစ်အပျက်ကို အသက်သွင်းနိုင်သည်။ ဖြစ်စဥ်အတွင်း မိနစ်နှင့် နာရီလက်တံမှာ ​နေရာအမှန်သို့ပြန်​ရောက်လာလိမ့်မည်]


[ကန့်သတ်ချက်: ကစားသမားဟာ ဤအဆုံးမဲ့ မဖြစ်နိုင်​ချေနာရီအား ဆယ်ရက်တစ်ကြိမ် အသုံးပြုနိုင်သည်။ ဤနာရီမှ အသက်သွင်းလိုက်​သော အဆုံးမဲ့ မဖြစ်နိုင်​ချေအဖြစ်အပျက်အား ကစားသမားမှ အပြည့်အ၀မထိန်းချုပ်နိုင်ပါ၊ ကစားသမား၏ ရည်ရွယ်ချက်​အောင်မြင်ရန် အခွင့်အ​ရေး၅၀ရာခိုင်နှုန်းရှိသည်]


[မှတ်ချက်: အနက်​ရောင်​မျှော်စင်ကို ယုံကြည်လိုက် ဒီ​ကောင်က ဦးဦးယုန်ရဲ့ ဖြစ်နိုင်​ချေနာရီထက် အဆ ၁၀၀၀၀ ပို​ကောင်းတာ​နော်...မယုံရင်လည်း မယုံပါနဲ့... မယုံ​တော့ဘာလုပ်မလဲ အနက်​ရောင်​မျှော်စင်ကို ဖက်ကိုက်မလား... သင့်ရဲ့ယုံကြည်မှုအတွက် ​ကျေးဇူးပါ​နော်]


ထန်​မော့"..."



သူ​မှော်၀င်မြက်ခင်းပြင်ကိုပြန်သွားလျက် အမှန်တရားနာရီကိုသာ ပြန်လိုချင်မိ​တော့သည်။




🌍

အမလေး ဦးနှောက်တောင်ကုန်တော့မယ် 🤧

ဒီလိုမျိုး နာရီက ဖြစ်နိုင်ချေအားလုံးကို တွက်ဆနိုင်တယ် အဲဒါက မကောင်းဘူး မလိုချင်ဘူးဆို မဖြစ်နိုင်အောင် နာရီကို အသက်သွင်းလို့ရတယ် ဒါမဲ့ ကစားသမားက ထိန်းချုပ်နိုင်မလား မနိုင်လားကတော့ 50:50 ပဲ 

ဟူး ...