Chapter 95
Viewers 4k

🚩Chapter -95

 Arc_5 . အရံအမျိုးသမီး ဇာတ်ကောင်၏ တန်ပြန်စနစ် [ 7 ]


____

 


မိုးသောက်ချိန်တွင် ချန်းယအခြေစိုက်စခန်း၏ ဂိတ်တံခါးမှာ တဖြည်းဖြည်းပွင့်လာခဲ့သည်။


 á€…ွမ်းရည်ဥသုလးခဝသူမဝဏး အုပ်စုက စောစီးစွာ တာဝန်များကို လက်ခံရယူပြီး ဘေးဘက်တံခါးမှ ထွက်လာခဲ့ကြသည်။ မြို့အပြင်ဘက်တွင် တစ်ညလုံးစောင့်နေကြသော သူတို့မှာ အခြေစိုက်စခန်းရှိ ၎င်းအဖွဲ့ဝင်တို့ကို ကြောက်ရွံ့ရိုသေစွာ ကြည့်နေကြသော်လည်း တပ်မက်မှု နှင့် မနာလိုမှုတို့က ပို၍ ပြည့်လျှံနေကြသည်...


ချူးဖေးယန်၏ အဖွဲ့မှာလည်း ပုံမှန်ကဲ့သို့ လုပ်ဆောင်ရမည့် တာဝန်ကိုယူပြီး ထွက်လာခြင်းပင် ။ သူတံခါးအပြင်ဘက်ကို လှမ်းလိုက်သောအခါ ချူးဖေးယန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည် ။ မြို့တော်ကို ဝင်ဖို့အတွက် တန်းစီးနေသော စွမ်းရည်အသုံးချသူများကြားတွင် လီထောင်ရှိနေတာကို သူတွေ့လိုက်ရ၏ ။ 


မနေ့ကနှင့်ယှဥ်လျှင် သူ့ပုံစံမှာ အတော်လေးတည်ငြိမ်သွားသလိုပင် ။


အဲ့ဒါက ဖြစ်နိုင်ပါ့မလား.....


ချူးဖေးယန် စိုက်ကြည့်နေခဲ့သည် ။ သူ့ ဘေးမှ ဇနီး နှင့် သားဖြစ်သူတို့ မရှိတော့တာကို ချူးဖေးယန် သတိထားမိသည် ။ ထိုအစား လီထောင်၏ အနောက်တွင် သူနှင့်အတူ မြို့တော်ထဲသို့ ဝင််မည့်ပုံရသော ရှစ်နှစ် ၊ ကိုးနှစ်အရွယ်ကလေးတစ်ယောက် ရပ်နေခဲ့၏ ။


ယနေ့ခေတ်တွင် သူတို့၏ ဇနီးမယားကို စွန့်ပစ်နိုင်ကြသောသူများက ယခင်ကလောက် သူတို့ကိုယ်သူတို့ စက်ဆုပ်တာမျိုးမရှိတော့ပေ ။ ဆန့်ကျင်ဘက်အားဖြင့် တစ်ခါလောက်ဆုံးဖြတ်ချက်ချပြီးသွားသည့်နောက်တွင် သူတို့၏နှလုံးသားက ပိုမာကျောလာခဲ့သည် ။ သူတို့ချစ်ခင်ရသောသူများက ရောဂါပိုးကူးစက်သွားပါက သူတို့ကိုယ်တိုင်ကိုယ်ကျသတ်ပစ်လိုက်နိုင်လျှင် လူတို့၏နှလုံးထဲ၌ သူရဲကောင်းဖြစ်လာလိမ့်မည် ။ 


ချူးဖေးယန် သူ့ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး လီထောင်၏ ပြောင်းလဲသွားမှုတို့ကို အာရုံစိုက်မနေတော့ပေ ။


သူနှင့်မဆိုင်သော အခြားသူများကိစ္စကို အာရုံစိုက်ရန် သူစိတ်မဝင်စားချေ ။ တစ်ချိန်ထဲတွင် အခြားသူများက မှားလား ၊ မှန်လားဆိုတာကို ဝေဖန်နိုင်သော အရည်အချင်းမျိုးလည်း သူ့တွင်မရှိပေ။အဘယ်ကြောင့်ဆိုလျှင် သူလည်းပဲ...သူ့ ချစ်သူကို စွန့်ပစ်ခဲ့ဖူးသော တစ်ကိုယ်ကောင်းသမားပင် ။


သူတစ်ဖက်သို့လှည့်ကာနီးကပ်စွာလိုက်ပါလာသော စုယန်ကို ကြည့်လိုက်သည်။ ချူးဖေးယန်၏ နှလုံးသားက အနည်းငယ် ပေါ့ပါးသွားရ၏ ။


စုဝမ်...ကိုယ်မင်းကို လက်လွှတ်ခဲ့တယ်... ဒါပေမဲ့ မင်းစိတ်ချလက်ချ အနားယူနိုင်ပါပြီ...မင်းရဲ့ တစ်ဦးတည်းသော ဆွေမျိုးကို မင်းအစား ကိုယ်စောင့်ရှောက်ပေးထားတယ်...ဒီတစ်ကြိမ်..သူမကို ကိုယ်ဘယ်တော့မှ လက်မလွှတ်တော့ဘူး။ 


သူ့ လူများနှင့်အတူ ချူးဖေးယန် တိတ်တဆိတ်ထွက်ခွာလိုက်သည် ။


သူ့အနောက်မှ ပါလာသော စုယန်က သူတို့ထွက်လာချိန်တုန်းကအနောက်သို့လှည့်ပြီး လီထောင်ရပ်နေသော နေရာသို့ ဂရုတစိုက် ကြည့်နေတာကိုတော့ သူသတိမထားမိပေ ။


လီထောင်၏ အနောက်တွင် ငြိမ်ငြိမ်လေးရပ်နေသောသူမှာ ချောမောသောကောင်လေးပင် ။ ကမ္ဘာပျက်ကပ်တွင် သေမင်းခံတွင်းဝ၌ ရှင်သန်နေရသော်လည်း ထိုကောင်လေးမှာ အလွန်သန့်ပြန့်ပြီး အထူးသဖြင့် စိတ်အေးလက်အေးရှိနေပုံရသည် ။


စုယန်တွင် သူမရဲ့ အပင်များကို ထိန်းချုပ်နိုင်သည့်စွမ်းအင်ကို မနိုးထရသေးသော်လည်း သူမထံတွင် သက်ရှိအားလုံးနှင့် ဆက်သွယ်နိုင်သည့် မွေးရာပါ အရည်အချင်းရှိနေ၏။

သူမ အကြည့်တစ်ချက်သာ ကြည့်လိုက်ရသေးသော်လည်း ထိုကောင်လေးပေါ်တွင် စုယန် ရင်းနှီးနေသောအငွေ့အသက်ရနေသလို ခံစားလိုက်ရ၏။


ထိုအငွေ့အသက်မှာ သူမရဲ့အစ်မဖြစ်သူထံမှ ရသော အငွေ့အသက်ကဲ့သို့ပင် ....၊ သို့သော် ခဲအိုက အစ်မကြီးသေသွားနှင့်ပြီဖြစ်ကြောင်း ပြောခဲ့သည် ။


စုယန် သူမရဲ့ ခေါင်းကိုပြန်လှည့်ကာ ချူးဖေးယန်၏ နောက်ကျောကို ကြည့်လိုက်မိသည် ။ ကြည်လင်နေသော မျက်လုံးများက သူမအရှေ့ရှိ လူရဲ့ နောက်ကျောကိုသာ ကြည့်နေခဲ့ပြီး ရုတ်တရက် သူမ ရှုပ်ထွေးလာသလို ခံစားလိုက်ရ၏ ။


"ကျွန်တော့်နာမည်က လီထောင် ၊ အသက်က ၃၂ နှစ် ၊ အဆင့် နှစ် ရေစွမ်းအင်ရှိတယ် ။ "


ယခုလက်ရှိတွင် မြို့တော်ဂိတ်ပေါက်၏ စာရင်းသွင်းဌာန၌ လီထောင် ရောက်နေပြီ ဖြစ်သည် ။ စစ်ဆေးသူများအရှေ့တွင် သူ့ရဲ့ ရေစွမ်းအင်ကို ထုတ်ဖော်ပြသပြီးသောအခါ မြို့တော်သို့ဝင်ရန် အမှတ်စဥ်ကို လီထောင်ရရှိသွားပြီး သူ့နောက်မှလိုက်လာသော ယန်ယွီက စွမ်းရည်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။ထိုအစား လီထောင်က ယန်ယွီကို သူရဲ့တူအဖြစ် ပြောပြလိုက်သည် ။ စွမ်းရည်ရှိသူ၏ မိသားစုဝင်အဖြစ် ချန်းယအခြေစိုက်စခန်းသို့ လီထောင်နှင့် အတူ သူအလွယ်တကူဝင်သွားနိုင်ခဲ့သည် ။


ချန်းယအခြေစိုက်စခန်း၏ အပြင်ဘက် ၃၀လီ အကွာအဝေးမှာ အန္တရာယ်များသော ဧရိယာပင် ။


[ note : ၁လီကို ၅၀၀ မီတာလောက်ခန့်မှန်းခြေရှိပါတယ် ]


ကျန်းယာမေ့သည် သူမရဲ့ သားလေး ဖုတ်ကောင်များကြားတွင် ဟိုဘက်ဒီဘက်ပြေးလွှားနေသည်ကို ရွှန်းလဲ့စွာ မျက်ရည်များအပြည့်ဖြင့် ကြည့်နေခဲ့၏။ 


သူဘယ်နေရာသွားသွား " ဟီး..ဟီး..ဟီး " ဟူ၍ အသံပြုသွားတတ်သည်။ 


အခြားသူများ၏ မျက်လုံးထဲတွင်  ဖုတ်ကောင်ဖြစ်လာခြင်းမှာ အရာအားလုံးကို ဆုံးရှုံးလိုက်ရခြင်းပင် ။ ဘယ်သူ့ကိုမှ သူမ ပြောပြလို့ရမည်မဟုတ်ပေ ။


သို့သော် မိခင်တစ်ယောက်အနေနှင့် သူမ၏သားလေးကို ဤကဲ့သို့သာ လွတ်လွတ်လပ်လပ် ရှင်သန်စေချင်မိသည် ။


သူက အမြဲတမ်း ဤအတိုင်း ရှိနေမည်မဟုတ်ပေ ။  တစ်နေ့တွင် သခင်ငယ်လေးရဲ့ ဘေးတွင်ရှိနေသော အခြားဖုတ်ကောင်နှစ်ကောင်ကဲ့သို့ သူလည်းဖြစ်လာနိုင်လိမ့်မည်။ သူ့တွင် ကိုယ်ပိုင်အသိဉာဏ်ရှိလာပြီး စကားလည်း ပြောနိုင်လာလိမ့်မည် ။


ထိုအချိန်တွင် ဖုတ်ကောင်နှစ်ကောင်မှာ အချစ်များထုတ်ဖော်ပြနေရင်း အလုပ်ရှုပ်နေကြ၏။


စုရွေ့ :  " စုဝမ် ၊ ကိုယ့်အခုလိမ်းထားတဲ့ ဖုတ်ကောင်ပုံစံမိတ်ကပ်က မင်းနဲ့လိုက်ဖက်မညီသွားဘူးလား "


စုဝမ် : " အရမ်း ရုပ်ဆိုးတာပဲ ကျွန်မကရော အဲ့လောက် ရုပ်ဆိုးနေလို့လား  "


စုရွေ့ : " ရှောင်ဝမ်က ကိုယ့်နှလုံးသားထဲမှာ အလှဆုံးပဲ လာခဲ့ လာခဲ့ မင်းကိုယ့်ကိုမယုံဘူးဆိုရင် ကိုယ်မင်းကို နမ်းပစ်မယ် တစ်ခါလေး နမ်းရုံပါပဲ "


စုဝမ် :  " ရှင်က တော်တော်ပဲ "


ဘုန်း ။


ဒေါက်တာမှာ ထိုဖုတ်ကောင်အမထံမှ ဖုတ်ကောင်အုပ်စုထဲသို့ လွှင့်ပစ်ခံလိုက်ရလေ၏။ 


စုရွေ့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် သူ ရုပ်ဖျက်ထားသော ခန္ဓာကိုယ်မှာ အကုန်ရှုပ်ပွကုန်တာကြောင့် ပြန်ထဖို့ အကြိမ်ကြိမ်ကြိုးစားလိုက်ရသည် ။ ပထမဆုံး သူကိုးရိုးကားယားဖြစ်နေသော ပုံကို မြင်လိုက်ရသောအခါ စုဝမ် မရယ်ဘဲမနေနိုင်တော့ချေ ။


သူမက ယခုတွင် ဖုတ်ကောင်အမ နှင့် တူနေသေးသော်လည်း သူမပြုံးလိုက်သောအခါတွင် သူမ၏ မျက်ဝန်းတို့က နူးညံ့ပြီး ကြည်လင်နေ၏ ။


စုဝမ်၏ အပြုံးကို ကြည့်ပြီး စုရွေ့မြေပြင်ပေါ်သို့ လှဲချကာ သေချင်ဟန်ဆောင်လိုက်သည် ။ ထို့နောက်တွင် သူမျက်တောင်ခတ်ကာ စုဝမ်ကို ကြည့်လိုက်ပြီး ဇနီးဖြစ်သူထံမှ အနိုင်ကျင့်ခံနေရသော အသွင်ဖမ်းလိုက်၏။ 


ဒေါက်တာအယ်လ်ရေ ရှင့်ရဲ့တည်ကြည်တဲ့ကိုယ်ကျင့်တရားတွေ ဘယ်ရောက်ကုန်ပြီလဲ။


ဇနီးထံမှအပြစ်တင်ခံလိုက်ရသလို ဖြစ်နေသော သူ့မျက်နှာပေးကိုကြည့်ပြီး စုဝမ် အရှေ့သို့ မလှမ်းဘဲ မနေနိုင်တော့သဖြင့် စုရွေ့၏အ ရှေ့တွင် ခါးညွှတ်လိုက်ကာ သူမ၏ လက်ကို ကမ်းပေးလိုက်သည် ။ သူမက ကြက်ပေါက်ကလေးကို ပွေ့ယူလိုက်သကဲ့သို့ပင် စုရွေ့ရဲ့ ပိန်ပါးတဲ့သဏ္ဍာန်ကို အလွယ်လေးဆွဲထူလိုက်သည် ။


" ဟုတ်ပြီ ၊ မဆော့နဲ့တော့ သွားပြီးတော့ လီရှန်းလေးကို ကြည့်လိုက်ဦး ကျွန်မ အဲ့ကိုသွားပြီး သလင်းကျောက်အမြုတေတွေ စုပ်ယူလိုက်ဦးမယ်"


သူမ၏ စိတ်ဝိညာဥ်ကို အသုံးပြုကာ စုရွေ့ နှင့် စကားလုံးအနည်းငယ် ဆက်သွယ်ပြီးနောက် အနီးအနားက ယာယီနေထိုင်ရာသို့ စုဝမ်လျှောက်သွားလိုက်သည် ။ ထိုနေရာမှာ သူတို့ ယာယီနေထိုင်နေသော နေရာပင် ။ ထိုနေရာက အန္တရာယ်များသောနယ်မြေ၏ အတွင်းကျဆုံးအပိုင်းတွင် တည်ရှိ၏ ။ 


စွမ်းရည်အသုံးချသူများက ဤနေရာကို အလွန်လာခဲသောကြောင့် ဤနေရာတွင် သလင်းကျောက်အမြုတေများကို စုဝမ် အလွယ်တကူ စုပ်ယူနိုင်လေသည် ။ မကြာမီအချိန်တွင် သူမက အဆင့်သုံး ဖုတ်ကောင်အဖြစ်သို့ တိုးမြှင့်နိုင်တော့မည်ဖြစ်သဖြင့် ယခုအချိန်မှာ အလွန်အရေးကြီးသော အချိန်ပင် ။ သူမက အောင်အောင်မြင်မြင် သန္ဓေပြောင်းနိုင်မလားဆိုတာ ဤတခဏတာ အချိန်ပေါ်တွင် မူတည်သည် ။


စုဝမ် သလင်းကျောက်အမြုတေများကို စုပ်ယူဖို့သွားတာ တွေ့သောအခါ အဝေးသို့ရောက်သွားသော လီ​ရှန်းလေးဆီသို့ စုရွေ့ မသွားချင်ဘဲသွားလိုက်ရသည် ။ မနေ့ညက လီရှန်းကို ယန်ယွီက ဆေးတစ်ဘူး တိုက်ခဲ့သည် ။ ၎င်းမှာ ဓါတ်ခွဲခန်းတွင် စုရွေ့အဆင့်မြှင့်ထားသော နောက်ဆုံးပေါ် ဖုတ်ကောင်ကူးစက်ပိုးမွှားပင် ။ ဤပိုးမွှားက လူသားများတစ်ခါကူးစက်သွားတာနှင့် သူတို့ကချက်ချင်း ဖုတ်ကောင်အဖြစ်သို့ပြောင်းလဲသွားသော်လည်း လူတို့၏ အခြေခံ ခံစားနိုင်မှုနှင့် အသိဉာဏ်ကိုပါ ထိန်းထားနိုင်လိမ့်မည်ပင်။


ထို့ကြောင့်သာ ယခုတွင် လက်ရှိလီရှန်းက ကလေးတစ်ယောက်လို ပြေလွှားနေနိုင်ခြင်းဖြစ်သည်။ သူ့ထံတွင် သဘာဝအတိုင်းမှီခိုမှုရှိနေသေးသောကြောင့် သူ့မိခင်ဖြစ်သူနှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းယာမေ့ကို ထိခိုက်အောင် လုပ်လိမ့်မည် မဟုတ်ချေ။


တကယ်တမ်းတွင် စုရွေ့၏ အကြံမှာ ကျန်းယာမေ့ကိုပါ ရောဂါပိုးအသစ်ဆေးကို ထိုးပေးဖို့ပင် ။ သို့သော် သူမက ငြင်းဆိုခဲ့သည် ။


သူမ၏ ကိုယ်ပိုင်လုံခြုံမှုအတွက် သူမစိုးရိမ်နေခြင်း မဟုတ်ပေ ။ သူမ ရောဂါပိုးကို ခုခံဖို့ ကျရှုံးသွားပြီး အသိတရားမရှိသော ဖုတ်ကောင်ဖြစ်သွားလျှင် သူမ၏ကလေးကို ဘယ်တော့မှ မတွေ့ရတော့ဘဲ မကာကွယ်ပေးနိုင်တော့မှာကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။


ဤအရာကို မိခင်မေတ္တာဟုခေါ်သည် ။ ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးနှင့် အစစ်မှန်ဆုံးခံစားချက်ပင် ။


" အားလုံးကို ကျေးဇူးတင်ပါတယ် ။ "


သူမ၏ ဘေးတွင် စုရွေ့ရပ်နေဆဲဖြစ်တာကို တွေ့ရသောအခါ ကျန်းယာမေ့ ​ထပ်မံကျေးဇူးမတင်မိဘဲ မနေနိုင်ချေ ။ လွန်ခဲ့သောညက သူတို့မိသားစုသုံးယောက်မှာ အသက်ဆုံးရှုံးလုနီးနီးပင် ။ သို့သော် စုရွေ့တို့အဖွဲ့ပေါ်လာပြီး သူတို့မိသားစု၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည် ။


ကျန်းယာမေ့က ရိုးသားပြီး သာမန်ဆန်သောသူမျိုးဖြစ်ကာ သူမက လမ်းပေါ်တွင် မြင်တွေ့နေကျဖြစ်သော သာမန် အမျိုးသမီးများကဲ့သို့ပင် ။ သူမ၏ ဘဝတစ်လျှောက်လုံးတွင် ချောက်ချားစရာကောင်းသည့် ကိစ္စရပ်မျိုးကို အရင်က မကြုံတွေ့ဘူးခဲ့ပေ ။ ရုတ်တရက်ရောက်ရှိလာသော ကမ္ဘာပျက်ကပ်က သူမကို ပြိုကွဲစေမတက်ပင်။


သူမ သားလေး၏ ကူးစက်ခံရမှုက ကုလားအုတ်၏ ခါးကို ကျိုးသွားစေတဲ့ နောက်ဆုံးကောက်ရိုးမျှင်ကဲ့သို့ပင် ။ လွန်ခဲ့သောညက ကျန်းယာမေ့ အမှန်တကယ် မျှော်လင့်ချက်အားလုံးကို လွှတ်ချခဲ့သည်။


သို့သော် စိတ်ပျက်အားငယ်ခြင်း၏ နောက်ဆုံး အခိုက်အတန့်တွင် ကောင်းကင်ဘုံက သူမကို မျှော်လင့်ချက်အသစ်တစ်ခုကို ပေးခဲ့၏။


....


" ဒီဟာက ကူးစက်ခံထားရတဲ့သူကို လူသားအသိဉာဏ်ကို ထိန်းထားပေးနိုင်မယ့် အကြီးမားဆုံးဖြစ်နိုင်ချေရှိတဲ့ နောက်ဆုံးပေါ်ဆေးပဲ  " 


" ခင်ဗျား ကျွန်တော့်ကို လိုလိုလားလားနဲ့ သစ္စာခံပြီး ကမ္ဘာအသစ်ကို အတူတူတည်ဆောက်ဖို့ ကျွန်တော့်အနောက်က လိုက်ပါချင်လား " 


အမှန်တကယ် စိတ်ဓာတ်ကျခြင်းကို မခံစားဖူးသောသူများက ဘေးဒုက္ခကြီးတစ်ခုကနေ ရုတ်တရက်ကယ်တင်ခံလိုက်ရသော ခံစားချက်ကို သိလိမ့်မည် မဟုတ်ပေ။


ရက်စက်ကြမ်းတမ်းသော ကမ္ဘာပျက်ကပ်ဦးဆုံးကာလတွင် ပုံမှန်အတိုင်းရှိနေသောသူများက အများဆုံးအုပ်စုဖြစ်ပြီး အားအနည်းဆုံးလည်း ဖြစ်သည်။ ထိုလူများက ဖုတ်ကောင်အုပ်စုများကြားတွင် အဆက်မပြတ် ရုန်းကန်နေရပြီး သူတို့ကို စွမ်းရည်ရှိသူများအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ်လည်း သတ်မှတ်ကြ၏ ။ 


သူတို့မှာ အရာအားလုံးကိုလည်း ဆုံးရှုံးခဲ့ရသူများပင် ။ သူတို့၏ ရာထူး ၊ ဂုဏ်သိက္ခာ နှင့် တစ်ခါတစ်ရံတွင် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကိုပင် ရောင်းစားရသေးသည်။ ဤကဲ့သို့အရာအားလုံးကို စွန့်လွှတ်လိုက်ရခြင်းက တဖြည်းဖြည်းပိုဆိုးလာသော ကမ္ဘာကြီး၏ အဆုံးသတ်တွင် အနည်းငယ်တည်ငြိမ်သောအခြေအနေတစ်ခုနှင့် ဆက်လက်နေထိုင်ခွင့် ရရုံသာ။


ကျန်းယာမေ့ နားမလည်နိုင်တော့ပေ...ကမ္ဘာကြီးက ဘာကြောင့် ဒီလိုတွေဖြစ်လာရတာလဲ ။


လူတွေရဲ့အပေါ်မှာ ရပ်တည်နေတဲ့ စွမ်းရည်အသုံးပြုသူတွေက တစ်ချိန်က လူအများကြားထဲက သာမန်လူတစ်ဦးပဲ မဟုတ်ဘူးလား...။


လူသားတို့၏ အနာဂတ်အတွက် သူတို့ဘယ်လောက်ကြိုးစားနေရကြောင်း ၊ သူတို့၏ ဘဝတွေကို ရင်းနှီးထားရကြောင်း ၊ ကမ္ဘာအသစ်ကြီးက ဘယ်လောက်ဝေးကွာကြောင်းကိုသာ သူတို့ထပ်တလဲလဲပြောနေသော်လည်း တကယ်တမ်းတွင် သူတို့အနောက်ကို တကယ်ပဲ ပြန်လှည့်ကြည့်ပါရဲ့လား ။ သူတို့ နင်းခြေခဲ့သော သာမန်လူများက နေ့စဥ်ဘဝတွေကို ဘယ်လိုဖြတ်ကျော်နေရလဲဆိုတာ သူတို့တကယ်ပဲ ပြန်ကြည့်ပေးခဲ့ပါသလား ။


တကယ်တမ်းတွင် စွမ်းရည်အသုံးချသူများက အခွင့်ထူးခံတွေဖြစ်ပြီး သန္ဓေပြောင်းဖုတ်ကောင်များကမူ ရက်စက်တဲ့အာဏာရှင်တွေပင် ။ သို့ပေမယ့် လွန်ခဲ့သောအချိန်များစွာက သူတို့လည်း လူသားများပင် ။


ထို့ကြောင့် အနာဂတ်တွင် ဘယ်သူပဲ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်ပါစေ၊ သာမန်လူတွေအတွက်ကွာခြားမှုက ဘာများရှိလို့လဲ ။ 


ကျန်းယာမေ့ သူမ၏ နှလုံးသားအောက်ခြေမှ သက်ပြင်းချမိပြီး ကျေးဇူးတင်စိတ်အပြည့်ဖြင့် စုရွေ့ကို ကြည့်ကာ ကြောက်ရွံ့ရိုသေစွာပြောလိုက်သည် ။ 


"နောက်ကျရင် ...လီရှန်းလေးကလည်း မင်းလိုပဲ စကားပြောလာနိုင်မှာလား "


ကျန်းယာမေ့က အမှန်ပင် အများကြီးမတောင်းဆိုလိုပေ ။ သူမ၏ ကလေးထံမှ " အမေ " ဟုခေါ်သော အသံကိုသာ သူမ ထပ်ကြားချင်ရုံပင်။


ကျန်းယာမေ့ကို စုရွေ့ခပ်တည်တည်သာ ကြည့်လိုက်သည် ။


ဤသုံးဆယ်ကျော်ရုံသာရှိသော အမျိုးသမီးက ကမ္ဘာပျက်ကပ်၏ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည် ။  ယခုတွင် သူမက ငယ်ရွယ်သည့်ပုံပေါက်မနေတော့ဘဲ လှပမှုတို့လည်း မရှိတော့ပေ ။ သို့သော် ဤအမျိုးသမီးထံမှ စုရွေ့သည် ရိုးသားမှု နှင့် နွေးထွေးမှုတို့ကို ခံစားမိ၏။


ဤအရာမှာ မိခင်မေတ္တာပင် ။


" ခင်ဗျားရဲ့သား..သူက ပုံမှန်လူတစ်ယောက်လို ဖြစ်လာရုံတင်မကဘူး နောက်ကျရင် သူက အရမ်းသန်မာပြီး ခင်ဗျားကိုလည်း ကာကွယ်ပေးနိုင်လိမ့်မယ် မိသားစုကိုလည်း ကာကွယ်ပေးနိုင်မှာပါ"


လီရှန်းက ဉာဏ်ကောင်းသောကလေးမှန်း စုရွေ့သိပြီး ဤအရွယ်က အရာအားလုံးကို သင်ယူရန် အကောင်းဆုံးအရွယ်ပင် ။


ဤအချိန်တွင် စုရွေ့၏ နှလုံးသားက လှုပ်ရှားသွားသဖြင့် လီရှန်းကို သူ့တပည့်အဖြစ်လက်ခံဖို့ အကြံရှိနေပြီမှန်း ကျန်းယာမေ့ မသိခဲ့ပေ။ စုရွေ့၏ စကားတို့ကိုကြားသောအခါ နှစ်အနည်းငယ်ကြာပြီးနောက် သူမ၏ သားက အမြင့်ဆုံးနေရာတွင် ရပ်တည်နိုင်ချိန်တွင် ထိုအချိန်က သူပြောခဲ့သောစကားက သူမကို နှစ်သိမ့်နေခြင်းမဟုတ်မှန်း သိသွားပေလိမ့်မည်။ ထိုနှစ်များက သစ်တောကိုလည်း ကျန်းယာမေ့ မေ့မည်မဟုတ်သလို အမြဲချစ်ခင်နေကြသော ဖုတ်ကောင်စုံတွဲကိုလည်း သူမ မေ့သွားမည်မဟုတ်ပေ ။


ကမ္ဘာ၏ အဆုံးသတ်က အရက်စက်ဆုံးနှင့် စိတ်ဓာတ်ကျစရာအကောင်းဆုံးဟု တစ်စုံတစ်ယောက်က ပြောခဲ့သည် ။တစ်ချိန်တည်းတွင် ၎င်းမှာ အလှပဆုံးသော ကမ္ဘာလည်း ဖြစ်၏ ။


အဘယ်ကြောင့်ဆိုလျှင် ဤကမ္ဘာပေါ်တွင် လှပပြီး ဆန်းကြယ်သောအရာများက အမြဲမွေးဖွားလာတတ်သောကြောင့်ပင် ။


____

🚩