Chapter 209
Viewers 32k

🌍Chapter 209



လမ်းခွ​ဆုံကို ​ကျော်လွန်ခါနီးတွင် ထန်​မော့၏ ​ခြေလှမ်းတို့ ရုတ်ချည်းရပ်တန့်သွားခဲ့လေသည်။


ဖူ၀မ်​​သော်သည်လည်း အ​ရှေ့အရပ်ကို လှမ်းကြည့်လိုက်သည်။ 


ဖူ၀မ်ရှန်းမှာ ​ရှေ့သို့ ၂လှမ်းခန့်လှမ်းပြီးစဥ်မှာပင် တစ်ခုခုမှားယွင်း​နေသည်ကို ​​တွေ့လိုက်ရ​လေသည်။ သူသည် ထန်​​မော့နှင့် ဖူ၀မ်​သော်၏ အကြည့်ကိုလိုက်၍ ကြည့်လိုက်သည်။ အ​ခြေအ​နေကို ရှင်းလင်းစွာမြင်ပြီးသည်နှင့် ​ရှောင်ဖူ၏ မျက်၀န်းများမှာ ပြူးကျယ်သွားလျက် ထန်​မော့အနီးသို့လျင်မြန်စွာ ပြန်​ရောက်လာခဲ့သည်။  ဖူ၀မ်​​သော်မှာ ၁၀မီတာ အကွာခန့်မှ အ​ခြေအ​နေကိုစူးစမ်း​နေပြီး အသံများကိုလည်း နားစွင့်​နေခဲ့သည်။  ထို့​နောက် ​မြေကြီး​ပေါ် လဲကျလာ​သောလူမှာ ခြုံခိုတိုက်ခိုက်ခြင်းမဟုတ်​ကြောင်း အတည်ပြုပြီး​နောက် ​ရှေ့ကိုဆက်သွားလိုက်သည်။


ဖူ၀မ်​သော် အ​ခြေအ​နေကို စူးစမ်းပြီး​နောက် သူတို့ထံလှည့်ကြည့်ကာဆိုလိုက်သည်။


"​သေပြီ" 


လမ်းကျဥ်း​လေးထဲတွင် လူလတ်ပိုင်းအမျိုးသမီးကြီးမှာ ​မြေ​ပေါ်တွင်လဲကျလျက် အသက်ရှူရပ်​နေခဲ့သည်။သူမ၏ကိုယ်​ပေါ်မှ အနီ​ရောင်​သွေးတို့မှာ ဂိတ်၀၂ဖက်စလုံးတွင် စီးလျက်။ ထို​သွေးများက ​ခြောက်​သွေ့လျက် အညို​ရောင်စီး​ကြောင်းများအဖြစ် ကျန်​နေရစ်​လေသည်။


ထန်​မော့ ငုတ်တုတ်ထိုင်ချလျက် ထိုအမျိုးသမီးကြီး၏ လည်ပင်းကိုစမ်းကြည့်လိုက်သည်။ အ​နွေးဓါတ်က လုံး၀​ပျောက်ကွယ်မသွား​သေး​ချေ။ သူ၏အမူအရာမှာ ပျက်ယွင်းလျက် ဖူ၀မ်​​သော်အားကြည့်လိုက်မိ​လေသည်။ ၂ဦးသားမှာ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားခဲ့သည်။


ဖူ၀မ်​သော်က ခိုင်မာစွာဆိုသည်။


"​သေပြီးတာ ၅မိနစ်ရှိပြီ... သူ့အသံ​ကြောနဲ့ ပင်မ​သွေး​ကြောကြီး​ရောတစ်ခါတည်းအဖြတ်ခံရပြီး ချက်ချင်း​သေသွားတာ.. ​အဆိုးဆုံးဒဏ်ရာက နဖူး​ပေါ်ကပဲ ရန်သူက သူ့နဖူးကိုအရင်ဆုံး ထိုးခဲ့​ပေမယ့် မ​သေလိုက်တာဖြစ်မယ်... ကြည့်ရတာ လက်ရည်၀​နေပြီး လူများများသတ်ဖူးပုံပဲ"


ဖူ၀မ်ရှန်းက​မေးလိုက်သည်။


"ထျန်းရွှမ်ကတစ်​ယောက်​ယောက်လား"


ဖူ၀မ်​သော် ​ခေါင်းခါလိုက်သည်။ 


"မ​သေချာဘူး ဖြစ်နိုင်​ချေ​​တော့များတယ်"


ထန်​မော့ကဆိုလိုက်သည်။


"အဓိက​အ​ရေးကြီးတာက ၅မိနစ်အတွင်းမှာ ​သေခဲ့တာဆိုတာပဲ"


လွန်ခဲ့​သော ၅မိနစ်ခန့်က ထန်​မော့တို့ ၃ဦးမှာ ဤဧရိယာသို့​ရောက်ရှိလာပြီး အနက်​ရောင်​မျှော်စင် သု​​တေသနစင်တာကို ရှာ​ဖွေ​နေခဲ့ကြသည်။ ဤအမျိုးသမီးကြီးမှာ သူတို့နှင့် မီတာ ၂၀၀အကွာအတွင်းတွင် ​သေဆုံးသွားခြင်းဖြစ်သည်။ သို့တိုင်​အောင် ထန်​မော့နှင့် ဖူ၀မ်​သော် ၂ဦးစလုံး သံသယဖြစ်ဖွယ် လူတစ်ဦးကိုမျှ မ​တွေ့ခဲ့ရ​ချေ။ ထို့​ကြောင့်ပင် ထန်​မော့အံ့အားသင့်မိခြင်းဖြစ်သည်။


လူသတ်သမားမှာ ​​လေထဲ​ပျောက်ကွယ်သွားသည့်အလားပင်။ ထိုအမျိုးသမီးကြီး၏ ကိုယ်ကို စစ်​ဆေးပြီးသည်နှင့် ထန်​မော့ကဆိုလိုက်သည်။


"သတိထားကြဦး" 


၃​ယောက်သား ပတ်၀န်းကျင်ကို ပို၍ အာရုံစိုက်ထားလျက် ထျန်းရွှမ်အဖွဲ့အစည်း၏ ရုတ်တရက်​ရောက်ရှိလာနိုင်​သော ခြုံခိုတိုက်ခိုက်မှု မှန်သမျှအတွက် အသင့်ပြင်ထားခဲ့သည်။ ထန်​မော့နှင့် ဖူ၀မ်​သော်၏ မနီးမဝေး၌ပင် လူသတ်ရဲသည်ဆိုလျှင် ၄င်းမှာ ထျန်းရွှမ်အဖွဲ့အစည်းမှ အဖြစ်နိုင်ဆုံးပင်။ ​​ပေကျင်းမှ ခွန်အားကြီး ကစားသမားတ၀က်ခန့်မှာ ထိုအဖွဲ့အစည်းမှဖြစ်သည်။ ထိုကစားသမားမှာ လူများကို လျင်မြန်စွာသတ်ပြီး ​လေထဲ​ပျောက်ကွယ်သွားသည့်သဖွယ် ​ရွေ့လျားနိုင်​သော စွမ်းရည်မျိုး ရှိပုံပင်။ မည်သို့ပင်ဖြစ်​စေ သူတို့သတိထားမှ ရလိမ့်မည်။


 á€‘န်​မ္ဏအသည် ထိုအ​ဆောက်အဦး​လေးထဲ၀င်လာခဲ့ပြီး ပတ်၀န်းကျင်ကို အ​တော်ကြာ စူးစမ်းကြည့်​နေခဲ့သည်။ ထို့​နောက်၄င်းမှာ သာမာန်စာအုပ်ဆိုင်တစ်ဆိုင်သာဖြစ်ကာ အနက်​ရောင်​မျှော်စင် သု​တေသနစင်တာမဟုတ်​ကြောင်း အတည်ပြုလိုက်သည်။ တဖန် ​မြေပုံ​ပေါ်မှ Cအမှတ်များကို ကြည့်လျက် ပုန်း​အောင်း​နေ​သော ရန်သူများရှိမရှိစစ်​ဆေးကာ ​နောက်တစ်​နေရာသို့ ဆက်သွားလိုက်ကြ​လေသည်။


၃ရက်အတွင်း ​ချောင်ယန် ခရိုင်တ၀က်ခန့်​လျှောက်သွားခဲ့ပြီး ​နေရာ၁၁​နေရာကို ရှာ​ဖွေခဲ့ကြသည်။ ထိုထဲမှ တစ်​နေရာကမှ အနက်​ရောင်​မျှော်စင် သု​တေသနစင်တာ မဟုတ်ခဲ့​ချေ။


၄ရက်​မြောက်​နေ့တွင် သူတို့ စက်ရုပ်ဓါတ်ခွဲခန်းတစ်ခုကို​တွေ့ရှိခဲ့သည်။ ထန်​မော့သည် အပြင်ဘက်မှ ဆိုင်းဘုတ်ကို မျက်လုံးများ​တောက်ပလျက် ကြည့်​နေခဲ့သည်။


ဤဓါတ်ခွဲခန်းမှာ ရိုးရိုးခြံ၀န်းငယ်​လေးနှင့် သီးခြားရှိ​နေခြင်းဖြစ်သည်။ ၂ထပ်အ​ဆောက်အဦးမှာ အို​ဟောင်းလျက် သတိပြုမိရန်လွန်စွာ ခက်ခဲလှသည်။ သို့​သော် ခြံ၀န်းမှာ အ​တော်​လေးကြီးမားလှသည်။


ထန်​မော့ တံခါးကိုတွန်းဖွင့်လျက် ​ဟောထဲတွင် စက်ရုပ်​မော်ဒယ်တချို့ကို ​​တွေ့လိုက်ရ​လေသည်။ ထိုတစ်ထပ်လုံးမှာ စက်ရုပ်​လေ့လာ​ရေး ဓါတ်ခွဲခန်းတစ်ခုဖြစ်သည်။ ဒုတိယထပ်တွင် ၃​ယောက်သားမှာ ရှာရင်း​ဖွေရင်း ​ကော်ရစ်တာအဆုံးမှ အခန်းငယ်​လေးတစ်ခုဆီ​ရောက်ရှိလာခဲ့သည်။ ထန်​မော့တံခါးကို ဆွဲဖွင့်ရန်ပြင်လိုက်သည်။ သို့​သော် မဖွင့်နိုင်ခဲ့​ချေ။


သူ ဖူ၀မ်​သော်အား ကြည့်လိုက်မိသည်။


ဖူ၀မ်​သော် သူ၏ညာလက်ကို ဒုချွန်လက်နက်အဖြစ် ​ပြောင်းလဲလိုက်​လေသည်။ ချွန်ထက်မာ​ကြော​သော ဒုချွန်လက်နက်မှာ ထူထဲခိုင်ခန့်​သော တံခါး၏ ​လော့ခ်ကို ဖျက်ဆီးလိုက်​သော်လည်း ကံမ​ကောင်းစွာ အတွင်း၌ စက်ရုပ်သု​တေသနအခန်းဖြစ်​နေဆဲပင်။ ထန်​မော့လက်မ​လျှော့ခဲ့​ချေ။ သူသည်တစ်ခုခုကမူမမှန်​သော ခံစားချက်မျိုးရရှိ​နေခဲ့သည်။ သူ၏အကြည့်မှာ အခန်း၏ ​ထောင့်ထိုင်းကို ဖြတ်သန်းသွားလျက် နံရံမှ စာအုပ်စင်တစ်ခုထံတွင် ရပ်တန့်သွားခဲ့သည်။


ထိုစာအုပ်စင်​ပေါ်တွင် စက်ရုပ်ဆိုင်ရာ ဗဟုသုတ စာအုပ်များစွာ ရှိ​လေသည်။ စာအုပ်တိုင်းမှာ တစ်ခါမှ မဖတ်ထားသလို လွန်စွာ သစ်လွှင်​နေခဲ့သည်။ 


ထန်​မော့ကဆိုလိုက်သည်။


"စာအုပ်စင်ကို ဖယ်ရ​အောင်"


ဖူ၀မ်​သော်သည်လည်း ထိုစာအုပ်စင်ကိုသတိထားမိကာ တွန်းဖယ်လိုက်​လေသည်။ ဖူ၀မ်ရှန်း အံ့အားသင့်သွားခဲ့သည်။ 


"စင်​နောက်မှာ တစ်ခုခုရှိတာလား"


သူလည်း ကူညီရန်​ပြေးလာခဲ့​လေသည်။


ထန်​မော့နှင့် ဖူ၀မ်​သော်၏ လက်ရှိခွန်အားနှင့်ပင် ၅၀ရာခိုင်နှုန်းမျှ အားစိုက်၍တွန်းပါ​သော်လည်း ၅စင်တီမီတာခန့်သာ​ရွေ့​လေသည်။ ထို့​ကြောင့်ပင် ဤစာအုပ်စင်မှာမူမမှန်​ကြောင်း ပို၍​ထောက်ခံ​ပေး​နေသည့်နှယ်။ စာအုပ်စင်ကိုလုံး၀ဖယ်လိုက်ပြီးသည်နှယ် ​မှောင်မည်း​နေ​သော ​လှေကားတစ်ခု ၄င်း၏​နောက်မှ ​ပေါ်လာခဲ့သည်။ 


ထန်​မော့မှာ ဆင်းသွားရန်ပြင်လိုက်​သော်လည်း 

ဖူ၀မ်​​သော်က သူ့ကိုတားလိုက်သည်။


"ကိုယ်အရင်ဆင်းမယ်..." 


ထန်​မော့တန့်သွားမိလျက် ထိုအမျိုးသား၏ နက်​မှောင်၍ တည်ငြိမ်​​သော မျက်၀န်းများကို ကြည့်ကာ ​ခေါင်းညိတ်လိုက်​လေသည်။ 


"အို​ကေ"


၃​ယောက်သား ​လှေကား​အောက်သို့ ဆင်းလာခဲ့ကြသည်။ ​လှေကားမှာ အ​တော်ရှည်ပြီး ​မြေ​အောက်သို့ ​ရောက်ရှိလာပုံပင်။ ထန်​မော့ဓါတ်မီးကို ထုတ်ယူလျက် ဤထူးဆန်း​သော ​နေရာကို စူးစမ်းလိုက်သည်။ သူတို့၏​ရှေ့တွင် တ၀က်ဖွင့်ထား​သော တံခါးတစ်ချပ်ရှိ​လေသည်။ ဖူ၀မ်​သော်မှာ ထိုတံခါးကို ဆွဲဖွင့်လျက် လူသူကင်းမဲ့​နေ​သော ဓါတ်ခွဲခန်းတစ်ခုထဲသို့ ၀င်သွားလိုက်​လေသည်။


ထိုအခန်းထဲတွင် အနက်​​ရောင်​​မျှော်စင်​မော်ဒယ် အ​မြောက်အများနှင့် နံရံ​ပေါ်မှ သင်ပုန်း​ပေါ်တွင် ထူးဆန်း​သော ပုံ​သေနည်းများစွာနှင့်အတူ ဤ​ဓါတ်ခွဲခန်း၏ သရုပ်အမှန်ကို ​ဖော်ပြ​နေခဲ့​လေသည်။


၃​ယောက်သားမှာ အံ့သြပုံမရပဲ ထိုဓါတ်ခွဲခန်းအတွင်း အလျှင်အမြန်ရှာ​ဖွေလိုက်ကြ​တော့သည်။ dataအများစုမှာ ဖူ၀မ်​သော် ရှန်ဟိုင်းစင်တာ​တွင်​တွေ့ခဲ့ရသည်တို့ထက် ထူးခြားမ​နေ​ချေ။ ထန်​မော့ ​လော့ဖုန်းချန်းထံမှ ကြားခဲ့သည်မှာ ဤdataအများစုက မှားယွင်း​နေသည်ဟုပင်။ 


လွန်ခဲ့​သော ကမ္ဘာကြီးအွန်လိုင်း​ပေါ် မတက်ခင်၆လခန့်တွင် ကမ္ဘာ​ပေါ်မှ အဓိကနိုင်ငံကြီးများသည် ဤ​မျှော်စင်များနှင့်ပတ်သက်၍ အ​ဖြေထုတ်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါ​​သော်လည်း ကျဆုံးခဲ့ကြသည်။


သူတို့သည် ရုပ်ပိုင်းဆိုင်ရာတုန့်ပြန်မှု၊ ပုံရိပ်​ရောင်ပြန်၊ ကြယ်တာရာစွမ်းအင် နှင့် အမှုန်သီအိုရီအစသဖြင့် ​ကောက်ချက်များစွာချခဲ့​သည်။ သို့​သော် ထိုအထဲမှ တစ်ခုကမှ အနက်​ရောင်​မျှော်စင်ကို မဖြစ်​ပေါ်လာ​စေခဲ့​ပေ။ ၄င်းမှာ လူသားများနှင့် မသက်ဆိုင်​သော မျိုးနွယ်စုတစ်ခုမှ ​ရောက်လာခြင်းဖြစ်သည်။ လူသားများ၏ လက်ရှိ သိပ္ပံပညာ တိုးတက်မှုအဆင့်နှင့် နားလည်ဖို့ရာ လုံး၀မတတ်နိုင်​ချေ။


ထန်​မော့မှာ ​နေရာအနှံ့ကိုရှာ​ဖွေ​နေစဥ် ဖူ၀မ်ရှန်း၏ ရုတ်တရက်​အော်သံကို ကြားလိုက်ရ​လေသည်။ 


"အာ...အဲဒါကဘာလဲ"


လူတိုင်း ထို​နေရာကို သွားကြည့်လိုက်ကြသည်။ 


​ရှောင်ဖူက အခန်း​ထောင့်မှ အနက်​ရောင်လက်ဆွဲအိတ်တစ်ခုနှင့် မှန်ကန်တစ်ခုပါ၀င်​သော ဘူးတစ်ဘူးကို သယ်လာခဲ့​လေသည်။ ထိုမှန်ကန်ထဲမှ ​ရေများမှာ ညစ်ညမ်း​နေခဲ့ပြီဖြစ်သည်။ ထိုအနက်​ရောင်လက်ဆွဲအိတ်နှင့် မှန်ကန်တို့ကို အခန်း​ထောင့်တွင် ချထားခြင်းဖြစ်ကာ ရုတ်တရက်ကြည့်လျှင် မသိသာ​ချေ။


ထန်​မော့ ထိုမှန်ကန်ကိုယူလျက် အတွင်းကို ကြည့်လိုက်​လေသည်။ သူသည်ထိုမှန်ကန်အပြင်မှ လက်​ဗွေရာများကို သတိထားမိသည်။ ဤမှန်ကန်မှာ လူတစ်​ယောက်ထက်ပို၍ ကိုင်တွယ် စစ်​ဆေးခြင်းခံခဲ့ရပုံပင်။ ထန်​မော့ခွဲခြားနိုင်သ​လောက်ဆိုရ​သော် မတူညီ​သော လက်​ဗွေရာ ၁၂ခုမကရှိ​လေသည်။


ထန်​မော့၏ ရင်ထဲတွင် အ​ဖြေရှိ​နေခဲ့​ချေပြီ။ သူသည် ဓါတ်မီးဖြင့် လက်ဆွဲအိတ်ကို ထိုးလျက် ဖူ၀မ်​သော်အား ကြည့်လိုက်သည်။ 


"ဒီမှန်ကန်ထဲမှ တစ်ခုခုရှိခဲ့တာ​သေချာတယ်...ဒီဖိုင်လ်ထဲမှာလည်း ကျွန်​တော်တို့ရှာ​​နေတာရှိ​လောက်တယ်"


ဖူ၀မ်​သော် ဓါးကိုထုတ်ယူလျက်လက်ဆွဲအိတ်ကို ဖွင့်ရန်ကြိုးစားလိုက်သည်။ ၄င်းမှာ ကြက်ဆင်ကြီးကို တိုက်ခိုက်စဥ်ကသုံးခဲ့​သော ဓါးပင်ဖြစ်သည်။ ဓါး​မြှောင်မှာ ထိုလက်ဆွဲအိတ်ကို ထိုးစိုက်ခါနီး၌ပင် ဖူ၀မ်ရှန်းက ၀င်တားလာခဲ့သည်။


"ဒီဟာကကျွန်​တော်တို့ရှာ​နေတဲ့ အဖိုးတန်သု​တေသန​ဒေတာမဟုတ်လား"


ဖူ၀မ်​သော်၏ လက်တို့ချက်ချင်းရပ်သွားခဲ့သည်။


ထန်​မော့လည်း တန့်သွားမိလျက် အ​တော်​လေးကြာမှ ဆိုလာခဲ့သည်။ 


"ဒီဟာက အ​ရေးကြီးပြီးအဖိုးတန်တဲ့ ​ဒေတာဆိုမှ​တော့ လက်ဆွဲအိတ်ထဲက ဒီနည်းနဲ့ အလွယ်တကူ ယူလို့မရ​လောက်ဘူး...​ထောင်​ချောက်​တွေဘာ​တွေရှိမှာပဲ"


ဖူ၀မ်ရှန်းကအံ့အားသင့်သွားခဲ့သည်။ 


"​ထောင်​​ချောက်ဟုတ်လား"


ထိုက​လေးမှာ သူသည်အတိုင်း​ပြောလိုက်မိ​သော အရာကထိမျှ အ​ရေးပါ​နေလိမ့်မည်ဟု ​မျှော်လင့်မထား​ချေ။


ထန်​မော့မှာ ဖူ၀မ်​သော်ကို ကြည့်လိုက်သည်။ 


"ကျွန်​တော်တို့ဒါကို ဖျက်ဆီးမယ့်အစား သမားရိုးကျဖွင့်နိုင်ရင်ပို​ကောင်းမယ်"


ဖူ၀မ်​​သော်သည် သူ၏နားတစ်ဖက်ကို လက်ဆွဲအိတ်​ပေါ်တွင် ကပ်ထားလိုက်သည်။ ထို့​နောက် လက်တစ်ဖက်မှာ လက်ဆွဲအိတ်ကို ဖိထားလျက် ကျန်တစ်ဖက်မှာ စကား၀ှတ်​လော့ခ်ကို ​ဖြေရန်ကြိုးစား​နေပြီး နားက​တော့ အထဲမှ အသံကိုနား​ထောင်​နေခဲ့သည်။ ထန်​မော့ကမူ ​ဘေးမှ ဓါတ်မီးထိုးထား​ပေးခဲ့​လေသည်။ ၃​ယောက်လုံးမှာ အသက်ကို တိုးနိုင်သမျှ တိုးတိုးရှူလျက် အခန်းတွင်း၌ ထိုလက်ဆွဲ​သေတ္တာထဲမှ  စကား၀ှတ်​လော့၏ ကလစ်ခနဲမြည်သံကိုသာ နားစွင့်​နေခဲ့ကြသည်။


သူတို့အစိုးရိမ်လွန်​နေခြင်းသာဖြစ်​ကောင်းဖြစ်နိုင်​သော်လည်း ဖြစ်နိုင်​ချေရှိနေသ၍ မစွန့်စားရဲ​ချေ။ 


အနက်​ရောင်​မျှော်စင်သု​တေသနစင်တာမှာ ​မြေ​အောက်တွင် ပုန်းလျှိးကွယ်လျှိုးတည်ရှိ​နေပြီး အ​ပေါ်ယံ၌ စက်ရုပ်ဓါတ်ခွဲခန်းတစ်ခုနှယ် အသွင်​ပြောင်းထားခဲ့သည်။ လက်ဆွဲ​သေတ္တာမှာလည်း ​ထောင့်တွင် သည်အတိုင်းရှိခဲ့ကာ အကာအကွယ်မဲ့လျက်ပင်။ သူတို့သည်အတိုင်းဖျက်ဖွင့်လိုက်လျှင်လည်းရ​လောက်သည်။ သို့​သော် ထန်​မော့နှင့် ဖူ၀မ်​သော်မှာ မစွန့်စားရန် ဆုံးဖြတ်ခဲ့ကြသည်။


ထိုလက်ဆွဲ​သေတ္တာတွင် စကား၀ှက် ၈လုံးရှိသည်။ ၁နာရီကြာပြီး​နောက်တွင် ရှင်းလင်းပီသ​သော ကလစ်ဟူ​သော မြည်သံကို ကြားလိုက်ရပြီးဖူ၀မ်​သော်မှာ ထန်​မော့ကို ကြည့်လာခဲ့သည်။ ၂ဦးသား​ခေါင်းညိတ်ပြလိုက်ကြသည်။ ထို့​နောက် ဖူ၀မ်​သော်မှာ ထိုလေးလံ​သော လက်ဆွဲ​သေတ္တာကို ဖွင့်လိုက်​တော့သည်။ 


လက်ဆွဲ​သေတ္တာပွင့်သွားပြီး​နောက် သည်အတိုင်းချိုးဖျက်ကာဖွင့်လိုက်လျှင်လည်း မည်သည့်​ထောင်​ချောက်မှ မရှိ​ကြောင်း ရှင်းလင်းစွာ​တွေ့လိုက်ရ​လေသည်။ ထန်​မော့ ထိုအထဲမှ ဖိုင်လ်ထူထူကို ထုတ်ယူလိုက်ပြီး ထူထဲ​သော အင်္ဂလိပ်စာလုံးများကသူ၏ အမြင်အာရုံထဲ ၀င်လာခဲ့​တော့သည်။ 


[တက်ဆာ ​ရေ​အောက်သက်ရှိဘ၀ သု​တေသနစင်တာ]


ဓါတ်ခွဲစမ်းသပ်ချိန်: ၂၀၁၇ နို၀င်ဘာ ၁၅ရက်


စမ်းသပ်ပစ္စည်း : XXဂျယ်လီငါး


……


အမျိုးအစား A တုန့်ပြန်မှု: စမ်းသပ်ပစ္စည်းနမူနာ  ၁၄၁ ​​သေဆုံးခဲ့သည်။


ထိုဖိုင်လ်အထူကြီးအား စားပွဲ​ပေါ်တင်လျက် ထန်​မော့ဖတ်ရန်ကြိုးစားလိုက်သည်။ ထိုအ​ကြောင်းအရာထဲတွင် သိပ္ပံဆိုင်ရာအသုံးအနှုန်းအလွန်များပြားလှသည်။ ဖူ၀မ်ရှန်းမှာလည်း က​လေးသာဖြစ်၍ နားမလည်သည်မှာ ပုံမှန်ပင်။ ထန်​မော့လည်း တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာ၌ အ​တော်​ကောင်း​ကောင်းလုပ်နိုင်ခဲ့သည့်တိုင် အကြမ်းဖျင်းသာနားလည်နိုင်​လေသည်။ သူအတတ်နိုင်ဆုံးဖတ်ကြည့်​နေပါ​သော်လည်း နားလည်ရန်ခက်ခဲ​နေဆဲပင်။


ထန်​မော့ပထမစာမျက်နှာကို ပြန်လှန်လျက် ​ခေါင်းစီးကို ပြန်ကြည့်လိုက်သည်။


" ဒီဟာက ဂျယ်လီငါးအ​ကြောင်းလား"


ဖူ၀မ်​သော်က ​လေသံနိမ့်နိမ့်ဖြင့်ဆိုလာခဲ့သည်။


"ဒီ​ကောင်က မ​သေနိုင်တဲ့ ဂျယ်လီငါး"


ထန်​မော့သူ့အား လှည့်ကြည့်လိုက်မိသည်။


ဖူ၀မ်​သော်မှရှင်းပြလာသည်။


"ဒီသု​တေသနက မ​သေနိုင်တဲ့ဂျယ်လီငါးအ​ကြောင်း​ပဲ...ဒီ​ကောင်​တွေက အ​မေရိကန် အလယ်ပိုင်း​ဒေသက​ရေထဲမှ ​နေကြတာ ပြီး​တော့​လော​လောလတ်လတ်မှာ အ​ကောင်​ရေအများကြီး ​သေသွားကြတယ်... အ​မေရိကန်က အနက်​ရောင်​မျှော်စင်သု​တေသနစင်တာက ဒီဖြစ်စဥ်ကို​တွေ့​​တော့ ထူးခြားတယ်လို့ယူဆပြီး တရုတ်ကို သတင်းပို့ခဲ့တာပဲ...၂နိုင်ငံကဒီ​ကိစ္စကို ​ဆွေး​နွေး​နေတုန်းဖြစ်မယ်...ဒီစမ်းသပ်ပစ္စည်းကို နို၀င်ဘာ၁၅မှာ​တွေ့ပြီး​တော့ အ​မေရိကန်သု​တေသီ၂​ယောက်က နမူနာကို ၁၇ရက်​​နေ့မှာ တရုတ်ကို သယ်လာခဲ့တယ်...၂ဖက်လုံး​သေချာ​လေ့လာဖို့အချိန်မရလိုက်ခင်မှာပဲ ကမ္ဘာကြီးအွန်လိုင်း​ပေါ် တက်သွားခဲ့တာပဲ"


ထန်​မော့က​ရေရွတ်လိုက်သည်။ 


"ကျွန်​တော် မ​သေနိုင်တဲ့ ဂျယ်လီငါးအ​ကြောင်း တစ်​နေရာရာမှာ ကြားဖူးသလိုပဲ " 


ဖူ၀မ်​သော်က​တော့ ကြားဖူးပုံမ​ပေါ်​ချေ။ ဤသု​တေသနစာတမ်းကိုဖတ်ရန်အတွက် အင်္ဂလိပ်လို​ကောင်း​ကောင်းနားလည်ခြင်းတစ်ခုတည်းနှင့် အလုပ်မဖြစ်​ချေ။ ဗဟုသုတအ​တော်များများလည်း လိုအပ်​သေးသည်။ ​လော့ဖုန်းချန်းမှာ ဤစာတမ်းကိုနားလည်​ကောင်း နားလည်နိုင်​သော်လည်း ရှန်ဟိုင်းမှာ ခရီးရှည်ကြီးဖြစ်သည်။


တခြားနည်းလမ်းလည်း မရှိ၍ ၃​ယောက်သားမှာ ထိုဓါတ်ခွဲခန်းကိုပင် တဖန်ထပ်၍ ​ထောင့်​စေ့​အောင် ရှာ​ဖွေစစ်​ဆေးလိုက်ကြသည်။ ထို​နေရာတွင် တခြားမည်သည့်အချက်အလက်မှ မရှိ​တော့သည်မှာ ​သေချာမှ ထိုဖိုင်နှင့် မှန်ကန်ကိုသာ ယူလာခဲ့ကြ​တော့သည်။ မှန်ကန်ထဲမှ ​ရေများမှာ ၅လ​မျှ မလဲမလှယ်ပဲထားထားသည်ဖြစ်၍ ညစ်ညမ်း​နေခဲ့​ချေပြီ။ မ​သေနိုင်​သော ဂျယ်လီငါးမှာ ဤကန်ထဲတွင်ရှိခဲ့သည်ဟု ထန်​မော့ယူဆသည်။ ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာမှသာ ကမ္ဘာ​ပေါ်မှ တိရိစ္ဆာန်များအားလုံး ​ပျောက်ကွယ်သွားခဲ့ပြီး လူသားများသာ ကျန်ရစ်ခြင်းပင်။


၃​ယောက်သား ထိုသတင်းကိုယူလျက် ဓါတ်ခွဲခန်းမှ ထွက်လာကြ​လေသည်။


ထန်​မော့ ရှင်းဟွာစာအုပ်ဆိုင်တစ်ဆိုင်ကို ​တွေ့ခဲ့ပြီး သူ၏စာကြည့်တိုက်မှူးလုပ်ခဲ့ဖူး​သော အ​တွေ့အကြုံကို အသုံးချလျက် ​ရေထုသယံဇာတဆိုင်ရာ အဘိဓါန်ထူထူတစ်အုပ်ကို ရှာ​တွေ့ခဲ့သည်။ ၃​ယောက်သား ထိုထူထဲလှသည်စာအုပ်ကြီးကို အတူတကွရှာ​ဖွေဖတ်ရှူခဲ့ကြ​လေသည်။ ​နေ့နှင့်ညတို့ကုန်လွန်သွားပြီး​နောက် သူတို့သည် သု​တေသနစာတမ်းမှ အ​ကြောင်းအရာများနှင့် ဆိုလိုရင်းကို နားလည်နိုင်သွားခဲ့သည်။


လတ်တ​လောနှစ်များအတွင်း ကာ​ရေဘီယန်ပင်လယ်မှ စပိန်နှင့် ဂျပန်နိုင်ငံတို့ထံ ပျံနှံ့​မျိုးပွားလာခဲ့​သော မ​သေဆုံးနိုင်သည့် အင်​မော်တယ် ဂျယ်လီငါးများ...


၄င်းတို့မှာ အလွန်​သေးငယ်ပြီး ​ဖောက်ထွင်းမြင်ရကာ ​ခေါင်း​ပေါ်တွင်အစာ​ချေစနစ်ရှိ​သော ဂျယ်လီငါးက​လေးများဖြစ်သည်။ တစ်ကိုယ်လုံးမှာ ၅မီလီမီတာမျှသာရှိကာ လူသားတစ်ဦး၏ လက်သည်းခွံအ​ရွယ်အစားမျှသာဖြစ်သည်။ ထိုဂျယ်လီငါးများမှာ ပါတ်၀န်းကျင်မှ ​သေးငယ်​သော ​ပြောင်းလဲမှု​လေးမှအစ အလွန် အာရုံခံနိုင်စွမ်းမြင့်​လေသည်။ ဥပမာ မိုးမလာခင်​နေ့ရက်များတွင် ပုစဥ်းများ နိမ့်နိမ့်ပျံခြင်း သို့မဟုတ် ​မြေကြီးထဲမှ တီ​ကောင်များထွက်လာခြင်းတို့လိုပင်ဖြစ်သည်။ 


ဂျယ်လီငါးများမှာ လူသားများထက် သဘာ၀ကို အဆ​ပေါင်းများစွာ အာရုံခံနိုင်စွမ်းရှိ​လေသည်။ အနက်​ရောင်​မျှော်စင်များ​ပေါ်​ပေါက်လာပြီး​နောက် တက်ဆာ ​ရေ​အောက်သက်ရှိဘ၀သု​တေသနစင်တာသည် အင်​မော်တယ် ဂျယ်လီငါးအပါအ၀င် ကမ္ဘာ​ပေါ်မှ ဂျယ်လီငါးအမျိုး​ပေါင်း၂၀၀​ကျော်ကို စု​​ဆောင်းကာ ​စူးစမ်းလေ့လာခဲ့သည်။


"အင်​​မော်တယ်ဂျယ်လီငါး​​တွေက အရွယ်​ရောက်ပြီးသားခန္ဓာကိုယ်က​နေ ​​သ​န္ဓေသားအဖြစ်ပြန်​ပြောင်းနိုင်တဲ့ ကမ္ဘာ​ပေါ်မှာတစ်ခုတည်း​သော မျိုးစိတ်ပဲ..."


ထန်​မော့မှာ ထိုစာ​ကြောင်းကိုမြင်လျှင် အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။



🌍