Chapter 210
Viewers 32k

🌍Chapter 210



"အင်​​မော်တယ်ဂျယ်လီငါး​​တွေက အရွယ်​ရောက်ပြီးသားခန္ဓာကိုယ်က​နေ ​​သ​န္ဓေသားအဖြစ်ပြန်​ပြောင်းနိုင်တဲ့ ကမ္ဘာ​ပေါ်မှာတစ်ခုတည်း​သော မျိုးစိတ်ပဲ..."


ထန်​မော့မှာ ထိုစာ​ကြောင်းကိုမြင်လျှင် အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။


၄င်းမှာ ထိုမျိုးစိတ်သည် ပြန်လည်ရှင်သန်ထ​မြောက်နိုင်သည်ဟု ဆိုလိုခြင်းပင်။ ထန်​မော့ရင်ထဲမှ တစ်ခုခုကိုခန့်မှန်းမိလျက် တဖန်ဖတ်ကြည့်လိုက်ပြန်သည်။


 á€™á€žá€”á€şáá‹ ဂျယ်လီငါးများမှာ အမှန်တကယ် အင်​မော်တယ်များဖြစ်​လေသည်။


အရွယ်​ရောက်လာပြီး​နောက် အင်​မော်တယ် ဂျယ်လီငါးများမှ  မျိုးပွားပြီးသည်နှင့် သ​န္ဓေသားအဖြစ်ပြန်လည်​ပြောင်းလဲနိုင်သည်။ ထို​ပြောင်းလဲခြင်းတွင် ကန့်သတ်ချက်​ရော ​ပြောင်းလဲနိုင်သာ အကြိမ်အ​ရေအတွက်​ရော အတိအကျမရှိ​ချေ။ အချုပ်ဆိုရ​သော် ထိုဂျယ်လီငါးများမှာ ပြင်ပ ပ​ရောဂမရှိသ၍ သ​န္ဓေသားအဖြစ်ပြန်လည်ကူး​ပြောင်းကာ အဆုံးမရှိ ပြန်လည်​မွေးဖွားနိုင်ကြ​လေသည်။


 á€‘á€”á€şâ€‹á€™á€ąá€Źá€ˇá€—á€œá€Źá€–á€źá€…á€şâ€‹á€”á€ąâ€‹á€žá€ąá€Ź မှန်ကန်ကိုကြည့်လိုက်မိသည်။ ဤအထဲတွင် ဂျယ်လီငါးရှိခဲ့​သော်လည်း ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​နောက် ​ပျောက်ကွယ်သွားခဲ့သည်။ မ​ပျောက်ကွယ်သွားခင်တွင် ၄င်းမှာ ​သေဆုံးပြီးဖြစ်သည်။ 


၃​ယောက်လုံးမှာ စာတမ်းကိုဖတ်၍ပြီးစီးသွားကြသည်။ အ​မေရိကန်အ​ခြေစိုက် အနက်​ရောင်​မျှော်စင်သု​တေသနစင်တာမှ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ တရုတ်ပြည်သို့ ဤအ​ကြောင်းကို​ဆွေး​နွေးရန် လာရခြင်းမှာ ထိုအင်​မော်တယ်ဂျယ်လီငါးများသည် လုံခြုံ​၍ ​ဘေးကင်း​သော ပတ်၀န်းကျင်အတွင်း၌ အ​ကြောင်းပြချက်မရှိ ​သေဆုံးသွား၍ဖြစ်​လေသည်။


 á€…မ်းသပ်နမူနဏ ၂၀၁​ကောင်တွင် ၁၄၁​ကောင်မှာ ​သေဆုံးသွားခြင်းဖြစ်သည်။ 


ထန်​မော့​တွေးလိုက်သည်။


"စာတမ်းမှာ​ပြောထားတာက ဒီဂျယ်လီငါး​တွေက ပြင်ပခြိမ်း​ခြောက်မှု အန္တရာယ်​ကြောင့်မဟုတ်ပဲ ပြန်လည်​မွေးဖွားတဲ့အဆင့်မှာ ​သေသွားတာတဲ့...လိင်မဲ့မျိုးပွားတဲ့ ဖြစ်စဥ်ပြီးသွားတိုင်း သူတို့က သ​န္ဓေသားပြန်ဖြစ်သွားရမှာ ဒါ​ပေမယ့် နို၀င်ဘာ ၁၅မှာ ဒီဂျယ်လီငါး​​တွေ လိင်မဲ့မျိုးပွားခဲ့​ပေမယ့် သ​​န္ဓေသားကိုယ်ကိုပြန်မရပဲ တိုက်ရိုက်​သေသွားကြတာ"


ဖူ၀မ်ရှန်းကဆိုလာသည်။ 


"နို၀င်ဘာ၁၅က အနက်​ရောင်​မျှော်စင် ​ကြေညာချက် စထွက်လာတဲ့နေ့ပဲ...၃ရက်​နေ​တော့ ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်သွားတယ်...ဒီဂျယ်လီငါးတွေ​သေသွားတာက အနက်​ရောင်​မျှော်စင်နဲ့ဆိုင်မယ်ထင်တယ်..ဒီ​ဂျယ်လီငါး​တွေက လူ​တွေထက် သဘာ၀ပတ်၀န်းကျင် အ​ပြောင်းအလဲကို အာရုံခံနိုင်တယ်မလား...သူတို့မ​သေခင်တစ်ခုခုအ​ပြောင်းအလဲကို သတိထားမိခဲ့​လောက်တယ်"


ထိုအထဲတွင်အမှန်တရားတချို့​တော့ ပါရှိ​လေသည်။


နို၀င်ဘာ၁၅ရက်​နေ့မှာ ထူးခြားကာ အနက်​ရောင်​မျှော်စင်နှင့် မဆက်စပ်မိရန်မဖြစ်နိုင်​ချေ။ ဤဂျယ်လီငါးများကအလွန်အထိမခံ​သော သတ္တ၀ါများဖြစ်ကာ ၄င်းတို့မ​သေခင် ​အ​ပြောင်းအလဲတစ်ခုခုကို ​တွေ့ကြုံခဲ့ရခြင်းဖြစ်နိုင်သည်။ သို့​သော်၄င်းမှာ အဓိပ္ပါယ်မရှိ​သေး​ချေ။


"ဂျယ်လီငါး၁၄၁​ကောင်က လိင်မဲ့မျိုးပွားပြီး သူတို့ရဲ့ သ​န္ဓေသားကိုယ်ကို ပြန်ရရမှာ...သူတို့ပြန်မရပဲ ​သေသွားကြတယ်..." 


ထန်​မော့၏မျက်ခုံးများစုကျုံ့လျက် ဦး​နှောက်မှာလည်း လျှင်မြန်စွာ အလုပ်လုပ်​နေခဲ့သည်။ အ​တော်ကြာပြီး​နောက် ဖူ၀မ်​သော်ကို ကြည့်လျက် ​မေးလိုက်သည်။


"ကိုယ့်ကိုယ်ကို သတ်​သေတာလား"


ဖူ၀မ်​သော်၏ မတူညီ​သော ​တွေး​ခေါ်ပုံက ထန်​မော့ထက် အမြဲသာခဲ့သည်။ သို့​သော်ဤတစ်ကြိမ်တွင် သူထန်​မော့၏ စကားကို ကြားလိုက်ရချိန် အံ့အားသင့်သွားခဲ့သည်။


ဖူ၀မ်​သော် ခတ္တမျှအချိန်ယူလျက်​​တွေးလိုက်ရသည်။


"ပြင်ပပ​ရောဂ​ကြောင့်မဟုတ်ဘူးဆိုရင်​တော့ ကိုယ့်ကိုယ်ကို သတ်​သေတာက အဖြစ်နိုင်ဆုံးပဲ"


ထန်​မော့၏ ​ခေါင်းထဲ အလင်းတစ်ချက် လက်သွားခဲ့သည်။ 


သူသည် အင်​မော်တယ်ဂျယ်လီငါးများနှင့် နည်းတူ သတ္ဆ၀ါတစ်မျိုးကို မြင်ဖူးပုံပင်။ ၄င်းမှာ ဂျယ်လီငါးမဟုတ်​သော်လည်း ဆင်တူ​လေသည်။ သူအ​တော်ကြာပြန်​​တွေးနေပြီးမှ မှတ်ဥာဏ်တချို့ကို ပြန်လည်​ခေါ်ယူနိုင်ခဲ့သည်။ 


"ကျွန်​တော် ပုဇွန်ထုတ်တစ်မျိုးကို​တွေ့ဖူးတယ်...သူက လိင်နဲ့​ရော လိင်မဲ့​ရောမျိုးပွားနိုင်တယ်..​ပြောချင်တာက သူ့ရဲ့သား​လောင်းတွေကလည်း သူနဲ့မျိုးရိုးဗီဇတစ်ပုံစံတည်းပဲ ပြီး​တော့ ဒီဂျယ်လီငါးလိုပဲ မ​သေနိုင်ပဲ ထပ်ခါထပ်ခါပြန်လည်​မွေးဖွားနိုင်တယ်"


ဖူ၀မ်​သော်မှာ ထန်​​မော့ဆိုလိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။ 


"မင်း​ပြောချင်တာက လိင်မဲ့မျိုးပွားနိုင်တယ် ..သူတို့နဲ့ပုံစံတူ မျိုးရိုးဗီဇတစ်မျိုးတည်းရှိတဲ့ သား​လောင်း​တွေကို ​မွေးနိုင်တယ်...gene​တွေမ​ပြောင်းလဲဘူး"


ထန်​မော့က​နောက်ဆုံးစကားလုံးကို​ထောက်ပြလိုက်သည်။ 


"Geneကဘယ်​တော့မှ မ​ပြောင်းလဲဘူး ​ပြောချင်တာက သူ့မှာ ဘာ​ဆင့်ကဲ​ပြောင်းလဲမှုမှမရှိဘူး"


ဖူ၀မ်​​သော်ကလည်း အဓိကအ​ရေးကြီးသည်က်ို ဖမ်းဆုပ်လာခဲ့သည်။


"ဆင့်ကဲ​ပြောင်းလဲခြင်း"


မှန်၏...၄င်းမှာဆင့်ကဲ​ပြောင်းလဲခြင်းဖြစ်သည်။


ထန်​မော့သည် စာတမ်းဖိုင်လ်၏ ၁၀​မျက်နှာ​​မြောက်ကို ပြန်လှန်လိုက်သည်။ အင်​မော်တယ်ဂျယ်လီငါး၏ သု​တေသနတွင် သု​တေသီများက ​သေဆုံးရခြင်းဖြစ်နိုင်​ချေ ၁၁မျိုးကို ​ပေးထားခဲ့သည်။  ထိုထဲမှ ၃ခုမှာ အဖြစ်နိုင်ဆုံးပင်။ ပထမတစ်မျိုးမှာ ပြင်ပ ပ​ရောဂ​ကြောင့်ဖြစ်သည်။ သု​တေသီများမှာ ထိုဂျယ်လီငါးများမှာ လုံး၀လုံခြုံ​ဘေးကင်း​သော ဧရိယာတွင် ရှိ​နေခဲ့သည်ဟုဆို​သော်လည်း မျိုးပွား​နေစဥ်အတွင်း တစ်ခုခုသက်​ရောက်မှုရှိခဲ့ မရှိခဲ့သည်ကို အပြည့်အ၀အာမ မခံနိုင်​ချေ။


ဒုတိယတစ်မျိုးမှာ ထိုဂျယ်လီငါးများတွင် လူသားများသတိမထားမိခဲ့​သော ​သေဆုံးပုံ​သေဆုံးနည်းမျိုးရှိ​နေခဲ့ခြင်းဖြစ်သည်။


 á€á€á€­á€šá€–ဟစ်နိုင်​ခဝ္မသဏ​တ္ဏအ မျိုးရိုးဗီဇဆင့်ကဲ​ပြောင်းလဲခြင်းပင်ဖြစ်​လေသည်။


လိင်မဲ့မျိုးပွားခြင်းမှာ အဆင့်နိမ့်မျိုးပွားခြင်းမျိုးဖြစ်သည်။ ​ပြောင်းလဲမှုမရှိပဲ တည်ငြိမ်​သောgeneများက ထိုလိင်မဲ့မျိုးစိတ်များကို မျိုးပွားရန်ခက်ခဲ​စေသည်။ လိင်ဖြင့်မျိုးပွားခြင်းမှာ ဆင့်ကဲ​ပြောင်းလဲခြင်း၏ ​​အဓိကလိုအပ်ချက်ပင်ဖြစ်​လေသည်။


အ​မေရိကန် သုတေသီများမှာ ဤဂျယ်လီငါးများ ညတွင်းချင်း ဆင့်ကဲ​ပြောင်းလဲသွားလိမ့်မည်ဟု မယုံကြည်ခဲ့ကြ​ချေ။ ၄င်းမှာ ဇီ၀သိပ္ပံသီအိုရီကို အလွန်အမင်းဆန့်ကျင်​နေခဲ့သည်။ သူတို့မသိခဲ့သည်က ၃ရက်ကြာပြီး​နောက် ကမ္ဘာ​ပေါ်မှ လူတိုင်း အနက်​ရောင်​မျှော်စင်ဂိမ်းထဲ ဆွဲသွင်းခံလိုက်ရမည်ကိုပင်။ ထိုအနက်​ရောင်​မျှော်စင်နှင့် ယှဥ်ပါက ထိုသတ္တ၀ါများ ရုတ်ချည်း ဆင့်ကဲ​ပြောင်းလဲသွားခြင်းမှာ မထူးခြားလှ။


"သူတို့ကဒီဖြစ်ရပ်ကို အနက်​ရောင်​မျှော်စင်နဲ့ ပတ်သက်နေလိမ့်မယ်လို့​တော့ထင်ထား​ပေမယ့် အနက်​ရောင်​မျှော်စင်က အဓိကလက်သည်ဖြစ်မယ်လို့​တော့ ထင်ခဲ့မှာမဟုတ်ဘူး"


အ​မေရိကန်သု​တေသီများမှာ သမုဒ္ဒရာကို ဖြတ်၍လာခဲ့​ပါ​သော်လည်း လိုချင်သည့်အ​ဖြေကိုမူ ထုတ်မသွားနိုင်ခဲ့​​ချေ။ သို့တိုင်​အောင် အရာအားလုံးဖြစ်ပျက်သွားပြီး​နောက် ၅လအကြာတွင် ထန်​မော့နှင့် ဖူ၀မ်​သော်အတွက် သဲလွန်စအချို့ ချန်ထား​ပေးနိုင်ဆဲဖြစ်သည်။


အနက်​ရောင်​မျှော်စင်၏ လုပ်​ဆောင်မှုအားလုံးမှာ လူသားမျိုးနွယ် ဆင့်ကဲ​ပြောင်းလဲခြင်းအတွက် ဖြစ်​နေခဲ့သည်။


ဤယူဆချက်မှာ အမှန်လား မှားယွင်း​နေသည်လား မည်သူကမျှ အတည်မပြု​ပေးနိုင်​ချေ။ ဤသည်အိုရီကိုအတည်ပြုရန်အတွက်လည်း ကမ္ဘာ​ပေါ်တွင် အင်​မော်တယ် ဂျယ်လီငါးများ မရှိ​တော့​ချေ။ ထန်​မော့၏နှလုံးခုန်သံက တဖြည်းဖြည်းမြန်လာခဲ့သည်။ သူမျက်လုံးများကိုမှိတ်လျက် အသက်ကို ပြင်းပြင်းရှူကာ စိတ်​​လျှော့လိုက်မိသည်။


အဆုံးမှာ​တော့ ၄င်းမှာခန့်မှန်းချက်တစ်ခုသာဖြစ်သည်။


ထန်​မော့ စာတမ်းကိုအစအဆုံးတခါပြန်ဖတ်လျက် အရာအားလုံးကို မှတ်သားထားလိုက်သည်။ ပို​သေချာ​စေရန် ဖူ၀မ်​သော်နှင့် ဖူ၀မ်ရှန်းမှာလည်း တစ်​ခေါက်စီထပ်ဖတ်လိုက်​လေသည်။ ထို့​နောက်သူသည် ထိုစာတမ်းဖိုင်လ်နှင့်မှန်ကန်ကို အတူတကွမီးရှို့ဖျက်ဆီးလျက် လက်စ​ဖျောက်လိုက်​​တော့သည်။


၄င်းတို့အားလုံးကို လုပ်ကိုင်ပြီး​နောက် ထန်​မော့​ မော့ကြည့်လိုက်လျှင် ဖူ၀မ်​သော်မှာ သူ့အားကြည့်​နေသည်ကို ​တွေ့လိုက်ရ​လေသည်။


လူ၂ဦး တစ်ဦးကိုတစ်ဦး တိတ်တဆိတ်စိုက်ကြည့်​နေခဲ့ကြသည်။ 


အ​တော်ကြာပြီး​နောက် ထန်​မော့အပြုံးဖြင့်​မေးလိုက်သည်။ 


"သိပ်​တော့မထူးဆန်းဘူး...အကယ်၍ အနက်​ရောင်​မျှော်စင်ကသာ ဆင့်ကဲ​ပြောင်းလဲခြင်းအတွက် တကယ်ရည်ရွယ်တာဆိုရင် လူ​တွေရဲ့ စွမ်းရည်ကိုနှိုး​ပေးဖို့ ပျက်ကပ်တစ်ခုကိုဖန်တီးမှာပဲ...ဒါ​ပေမယ့်ဘာလို့ လူသား​တွေကိုမှလဲ..."


ကျန်ရှိ​သော အင်​မော်တယ်ဂျယ်လီငါးများမှာ ဆင့်ကဲပြောင်းလဲပြီး ၃ရက်​အကြာတွင်​ပျောက်ဆုံးသွားခဲ့သည်။ ကမ္ဘာ​ပေါ်တွင် ​နောက်ဆုံးကျန်ရှိ​သော သက်ရှိမှာ လူသားများသာဖြစ်သည်။


တိတ်ဆိတ်​နေ​သော စာအုပ်ဆိုင်အတွင်း ဖူ၀မ်​သော်က ​မေးလိုက်သည်။ 


"ကမ္ဘာ​ပေါ်မှာ ဥာဏ်အ​ကောင်းဆုံး မျိုးစိတ်ကဘာလဲ"


ထန်​မော့မှာ သူဤ​မေးခွန်းကိုအဘယ်​ကြောင့်​မေးလာသည်ကို နားမလည်​သော်လည်း ရုပ်ရှင်ကားတစ်ခုကို​တွေးမိ​စေသည်။ သူသည်ရှားရှားပါးပါး ဟာသ​ပြောဓါတ်က​လေးကလည်း ထ​နေပြီး မျက်နှာတည်နှင့်ပင် ဆိုလိုက်သည်။


"ကြွက်တစ်​ကောင်"


ဖူ၀မ်​သော်"..."


ဖူ၀မ်​သော်မှာ ထိုဇာတ်ကားကို ကြည့်ဖူးပုံပင်။ 


"အနက်​ရောင်​မျှော်စင်ရဲ့​ရွေးချယ်မှု​လေ"


မှန်၏။ အရာအားလုံးမှာ အနက်​ရောင်​မျှော်စင်၏​ရွေးချယ်မှုသာဖြစ်သည်။


ထန်​မော့သည် ၄င်းက အဘယ်​ကြောင့် လူသားများကို​ရွေးချယ်ခဲ့သည်နှင့် သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ဆင့်ကဲ့​ပြောင်းလဲ​စေလို၍လားဆိုသည်ကို မသိ​ချေ။ သို့​သော် ​​သေချာသည်က ဂိမ်းမှာ ဤအတိုင်းဆက်သွား၍ ​မျှော်စင်၇ထပ်​မြောက်ကို ​ကျော်လွန်ပြီးချိန်တွင်လူသားမျိုးနွယ် ​အောင်မြင်စွာဆင့်ကဲ​ပြောင်းလဲတိုးတက်မည်ဖြစ်သည်။ လက်ရှိအတုံးဆုံးနှင့် အားအနည်းဆုံးလူတစ်​ယောက်မှာ လွန်ခဲ့​သော၆လခန့်က သူတို့ကိုယ်တိုင်ထက် ပို၍ သန်မာ ထက်မြက်သည်မှာ ​ပြော​နေစရာပင် မလို​ချေ။


ဓါတ်ခွဲခန်းမှရရှိလာ​သော စာတမ်းနှင့် နမူနာများကို ဖျက်ဆီးပြီး​နောက် ​ကောင်းကင်ကြီးမှာ ​မှောင်မည်းလာခဲ့ပြီဖြစ်သည်။ လူ၃​ယောက်မှာ ရှင်းဟွာစာအုပ်ဆိုင်တွင် အနားယူရန်ဆုံးဖြတ်ခဲ့ကြသည်။ 


ရုတ်တရက် ဖူ၀မ်​​သော်၏ အမူအယာမှာ ​အေးစက်သွားခဲ့သည်။ သူ ရုတ်တရက်ထရပ်ကာ စာအုပ်ဆိုင်က​နေ​ပြေးထွက်သွားခဲ့သည်။ ထန်​မော့ ထိတ်လန့်သွားလျက် ထီးက​လေး၏ လက်ကိုင်ကို ဆုပ်ထားလိုက်သည်။ ၁၀စက္ကန့်မျှ​​စောင့်ဆိုင်းခဲ့​သော်လည်း တဖက်လူမှာ ပြန်မလာခဲ့​ချေ။


ဖူ၀မ်ရှန်းကဆိုသည်။ 


"Geကတစ်ခုခုမူမမှန်တာကို​တွေ့လို့ဖြစ်မယ်..အန္တရာယ်​​တော့မရှိ​လောက်ဘူး"


ထန်​မော့ ​ကောင်က​လေးကိုကြည့်လိုက်သည်။ သတိအပြည့်ရှိ​သော ဖူ၀မ်​သော်က အန္တရာယ်ထဲသို့ တိုး၀င်သွားမည်မဟုတ်သည်မှာ အ​​သေအချာပင်။ သူသည်အ​ကြောင်းတစ်ခုခု​ကြောင့်​ပြေးထွက်သွားခြင်းဖြစ်​သော်လည်း ၄င်းမှာ ရန်သူ၏တိုက်ခိုက်မှုမဖြစ်နိုင်​ချေ။ သို့မဟုတ်ပါက သူထန်​မော့အား ကျိန်း​သေ​ပေါက် အကျိုးအ​ကြောင်း​ပြောခဲ့မှာဖြစ်သည်။


ထန်​မော့၄င်းကို​​တွေးလျက် ဖူ၀မ်ရှန်းနှင့်အတူအပြင်သို့ ထွက်သွားလိုက်သည်။ 


နှစ်​ယောက်သား အပြင်ဘက်သို့​လျှောက်လာပြီး​နောက် ဖူ၀မ်​သော်အား ​တွေ့လိုက်ရ​လေသည်။ ထိုအချိန်မှာပင် ဖူ၀မ်​သော်သည်လည်း ထန်​မော့နှင့်ဖူ၀မ်ရှန်းကို ​ခေါ်ရန်ပြင်​နေခြင်းဖြစ်သည်။ ထန်​မော့မှာ ဖူ၀မ်​သော်၏​နောက်မှ ကိုယ်တစ်ခုကိုမြင်လျှင် အမူအယာပျက်ယွင်းသွားခဲ့​​တော့သည်။


တဖက်လူ၏ ရင်ဘတ်မှ ​သွေးများ ပန်းထွက်​နေခဲ့သည်။ 


မိန်းမငယ်​လေးမှာ မျက်လုံးများပြူးကျယ်စွာဖွင့်လျက် ​ကောင်းကင်ကြီးကို ကြည့်ကာလဲကျ​နေခဲ့သည်။ သူမ၏နှလုံးတစ်၀က်ခန့်မှာ ​ချေမွခံထားရပြီး ​ဘေးဘက်တွင် အသားစနှင့် ​သွေးများ​ ပွ​နေခဲ့သည်။ ​သွေးများမှာ ခဲမသွား​သေးပဲ စီးဆင်း​နေဆဲဖြစ်ကာ ဖူ၀မ်​​သော်၏ ဖိနပ်​အောက်ဘက်ကို စိုစွတ်သွား​စေသည်။


ထိုမိန်းက​လေးမှာ ဖူ၀မ်​သော်ဤ​နေရာသို့​​ရောက်​ရောက်ချင်း ​သေဆုံးသွားပုံပင်။ တစ်​ယောက်​ယောက်သာ ဤအ​ခြေအ​နေကိုမြင်ပါက ထိုမိန်းက​လေးအား ဖူ၀မ်​သော်သတ်လိုက်သည်ဟုသာထင်ကြ​ပေမည်။ အ​ကြောင်းမှာ ဖူ၀မ်​သော်၏ လက်၌လည်း ​သွေးများ​ပေကျံ​နေ၍ပင်။ ထန်​မော့မှာ တည်ငြိမ်စွာ​လျှောက်လာလျက် အ​လောင်းကိုစစ်​ဆေးလိုက်သည်။ 


"သတ်တဲ့သူကို​​တွေ့လိုက်လား"


ဖူ၀မ်​သော်က တုန့်ပြန်လာသည်။ 


"ဟင့်အင်း...ကိုယ်ထွက်လာတုန်းက သူ​တောင် ​မြေကြီး​ပေါ်လဲမကျ​သေးဘူး..သူရင်ဘတ်က​အ​ပေါက်နဲ့ နှလုံးနဲ့ နံရိုးအသားစ​တွေက လွင့်ထွက်သွားတာ...သူ့ကိုမကယ်နိုင်လိုက်ဘူး...ဓါတ်ဆားရည်​လောင်းကြည့်ပါ​သေးတယ် အလုပ််မဖြစ်လိုက်ဘူး...ဒဏ်ရာကအရမ်းပြင်းတယ် သူကိုယ်တိုင်ရဲ့ ခံနိုင်ရည်ကလည်းအ​တော်နိမ့်​တယ်"


သူမသည် အားနည်း​သော အရံကစားသမားတစ်ဦးသာဖြစ်လိမ့်မည်။ ဖူ၀မ်​သော် အမြန်ဆုံးအလျင်ဖြင့် ​ရောက်ရှိလာ​သော်လည်း မကယ်နိုင်လိုက်​ချေ။


ဖူ၀မ်​သော်၏ ခွန်အားမှာ ထန်​မော့ထက်မြင့်သည်။ သူသည်စာအုပ်ဆိုင်ထဲမှ ထိုမိန်းက​​လေး တိုက်ခိုက်ခံရသည်ကို ကြားမိခြင်းသို့မဟုတ် ဤသို့အရာများနှင့်ပတ်သက်ပြီး သူ၏ တုန့်ပြန်မှုနှုန်းကမြင့်​နေခြင်းလည်းဖြစ်နိုင်ပါသည်။ 


သူသည် ထိုမိန်းက​လေးအသတ်ခံ​နေရသည်ကို ခံစားမိချိန်တွင် ထန်​မော့ကို​ပြောရန်အချိန်မရှိလိုက်ခြင်းဖြစ်လိမ့်မည်။ သူကအလျင်အပြည့်ဖြင့် ​ပြေးထွက်သွားခဲ့သည်။ ကံမ​ကောင်းသည်က သူ​နောက်ကျသွားဆဲပင်။ လူသတ်သမားကို မ​တွေ့လိုက်ရသကဲ့သို့ မိန်းက​လေးကိုလည်း မကယ်နိုင်ခဲ့​ချေ။


ထန်​မော့လက်ကိုလှမ်းလျက် မိန်းက​လေး၏ မျက်လုံးများကို ပိတ်​ပေးလိုက်သည်။ 


"ပထမတစ်ကြိမ်ကို​တော့ လူတစ်​ယောက် ဂိမ်းတစ်ခုခုက​နေ ပစ်ထုတ်ခံလိုက်ရတယ်လို့ ​တွေးလို့ရ​သေးတယ်...ဒါ​ပေမယ့်ဒီတစ်​ခေါက်က ပို​တောင်ထူးဆန်း​နေပြီ" 


ထန်​မော့​အေးစက်​သောအသံဖြင့်တည်ငြိမ်စွာ ​ကောက်ချက်ဆွဲ​​​​နေခဲ့သည်။


"သူတို့က လူတစ်​ယောက်​ယောက်သတ်တာပဲ ခံရတာဖြစ်မယ်...သတ်တဲ့ပုံကရက်စက်တယ်...ရည်ရွယ်ချက်တစ်ခုတည်းရှိတယ်..တူတာလည်းတစ်ခုရှိတယ်...ဘယ်သူသတ်တယ်ဆိုတာ မမြင်လိုက်ရတာပဲ"


ဖူ၀မ်​သော်က ​ထန်​မော့ ရှေ့ရက်မှ လမ်းကြားထဲတွင်​​တွေ့ခဲ့​သော အ​လောင်းအ​ကြောင်းကို​ပြော​နေမှန်း နားလည်​လေသည်။ ဤတစ်ကြိမ်ကဲ့သို့ပင် ထိုလူမှာလည်း မမြင်ရ​သော လူတစ်​ယောက်​ယောက်ထံမှ အသတ်ခံလိုက်ရသည့်ပုံပင်။ ၂ဦးစလုံး၏ ​သေပုံ​သေနည်းမှာ ကွာ​သော်လည်း လူသတ်သမားကို​တော့ အရိပ်ပင်မမြင်လိုက်ရ​ချေ။ ​ပထမဝတစ်ကြိမ်ကို​​တော့ဂိမ်းတစ်ခုခုမှ ပစ်ထုတ်လိုက်သည်ဟုဆိုနိုင်သည်။ ဤတစ်ကြိမ်တွင်​တော့ ဖူ၀မ်​သော်မှာ ဤမိန်းက​လေး ​မြေ​ပေါ်သို့ လဲမကျခင်​ရောက်ရှိလာသည့်တိုင် လူသတ်သမားကိုမူမမီလိုက်ပြန်​ချေ။


ဤသည်မှာ အနက်​ရောင်​မျှော်စင်ဂိမ်းတစ်ခုခု၏ စတိုင်မျိုးမဟုတ်​ချေ။


*****

ညသည် ကျက်သ​ရေတို့နှင့်အတူ ​ရောက်ရှိလာခဲ့ပြန်သည်။ လျှပ်စစ်မီးပြတ်​တောက်​နေသဖြင့် လမ်းမီးတိုင်များလည်းမလင်း​တော့သလို ညမှာ မှုန်ရီ​ဝေ၀ါး​​​နေခဲ့သည်။


 áƒâ€‹á€šá€ąá€Źá€€á€şá€žá€Źá€¸ ​အေးစက်​နေ​သော အ​လောင်း​ဘေးတွင်ရပ်လျက် ​လေပြည်က ထန်​မော့၏ အင်္ကျီလက်ကို ပွတ်တိုက်လျက် အသံများမြည်​နေ​စေခဲ့သည်။ မိန်းက​လေး၏ ​သွေးများမှာ တဖြည်းဖြည်း ခဲသွားလျက် ​မြေကြီး​ပေါ်တွင် ညို​မှောင်​သောအ​ရောင်များစွန်းထင်းကျန်ရစ်​လေသည်။


ထန်​မော့ကဆိုသည်။ 


"​မှောင်လာပြီ...အရင်ဆုံးသူ့ကို​သယ်သွားဖို့ ​နေရာတစ်​နေရာရှာရ​အောင် ပြီးမှ စဥ်းစားကြတာ​ပေါ့"


လူ၃​ယောက်ထွက်ခွာရန်ပြင်လိုက်ကြသည်။ 


ရုတ်ချည်း မြူးကြွ​သော သီချင်းသံကို ကြားလိုက်ကြသည်။ မြူးကြွပြီး စိတ်ရွှင်လန်း​စေ​သော သီချင်းမှာ ကမ္ဘာတစ်၀ှမ်းတွင် ပဲ့တင်ထပ်လျက်။ ထန်​မော့​ခေါင်းကို ချက်ချင်း​မော့လျက် အနက်​ရောင်​မျှော်စင်အား ကြည့်လိုက်​လေသည်။ သူသည်​မျှော်စင်၏​အောက်​ခြေမှ ထိပ်အထိ တဖြတ်ဖြတ်လင်း​နေ​သော အဖြူ​ရောင် အလင်းတန်းကို ​တွေ့လိုက်ရ​လေသည်။ 


၆နာရီထိုးသည်နှင့် သီချင်းသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး အလင်းမှာလည်း ရပ်သွားခဲ့သည်။


ကမ္ဘာ​ပေါ်မှာ ကစားသမားများအားလုံးရုတ်ချည်းရပ်တန့်လျက် အနက်ရောင်​မျှော်စင်အား ​မော့ကြည့်လိုက်မိကြသည်။ ၉၀ရာခိုင်နှုန်း​​သော ကစားသမားများ၏ မျက်နှာ​ပေါ်တွင် ​ကြောက်ရွံ့တုန်လှုပ်မှုတို့စွဲထင်လျက်။ တချို့မှာ ငို​ကြွေး​နေကြပြီး တချို့မှာ​တော့ ဘုရားသခင်အား ကယ်တင်​ပေးရန် ​တောင်းဆို​နေခဲ့ကြသည်။ သို့​သော် ၄င်း​နောက်ထွက်​ပေါ်လာခဲ့သည်က ဘုရားသခင်မဟုတ်ပဲ အနက်​ရောင်​မျှော်စင်၏ စိတ်လှုပ်ရှား​နေ​သော ​ကြေညာသံသာဖြစ်​လေသည်။


"တင်း​တောင်~ ၂၀၁၈ မတ်လ ၃၁ရက် ပထမဆုံး အတင်းအကြပ် ​မျှော်စင်တိုက်ခိုက်​စေခြင်းဂိမ်း 

ကို ဖွင့်လှစ်လိုက်ပါပြီ..."


ထန်​မော့သည် အနက်​ရောင်​မျှော်စင်​ပေါ်မှ အဖြူ​ရောင်အလင်းတန်းမှာ ​နှေး​ကွေးစွာ ​ပြောင်းလဲ​နေသည်ကို ​​တွေ့လိုက်ရသည်။ ထို့​နောက်၄င်းမှာ ဂဏန်း ၈လုံးအဖြစ်​ပြောင်းလဲသွားခဲ့​လေသည်။


၂၈,၂၁၅,၁၂၃


ထန်​မော့မှာ တစ်ခုခုကိုနားလည်သွားပုံဖြင့် ဖူ၀မ်​​သော်အား လှည့်ကြည့်လိုက်​လေသည်။


မိန်းက​လေး၏ ခန္ဓာကိုယ်အား ​ပြောင်း​ရွေ့ရန် ပြင်ဆင်​နေချိန် ၁၀စက္ကန့်အတွင်း အနက်​ရောင်​မျှော်စင်​ပေါ်မှ နံပါတ်များမှာ တဖန်​ပြောင်းလဲသွားပြန်သည်။ 


၂၈,၃၁၅,၀၁၉


ထန်​မော့၏ မျက်လုံးတို့ပြူးကျယ်သွားခဲ့သည်။ 


 ...၁၀စက္ကန့်ပဲရှိ​သေးတာ​​လေ..


ကြီးမား​သော အနက်​ရောင်​မျှော်စင်ကြီး​ပေါ်တွင်​တော့ နံပါတ်များမှာ ဆက်တိုက်​ပြောင်းလဲ​နေဆဲ...



🌍