Chapter 214
Viewers 32k

🌍Chapter 214




မူ​ဟွေ့...


လွန်ခဲ့​သော တစ်ပတ်ခန့်က အနက်​ရောင်​မျှော်စင်မှ သူ့အတွက် သီချင်းတစ်ပုဒ်ကို သီဆို​ပေးခဲ့သည်။ ထိုနာမည်ကို ​ကြေညာ​နေစဥ်တွင်မူ errorတက်သည်ဟုဆိုကာ 4.0 ဗားရှင်းအဆင့်မြှင့်တင်မှုသည်လည်း တစ်၀က်တပျက်ရပ်တန့်သွားခဲ့သည်။


၄င်းမှာ ထိုမူ​ဟွေ့ဆို​သော ကစားသမားပင်။


ထိုစဥ်က ထန်​မော့တို့မှာလည်း ထိုမူ​​ဟွေ့ဟူ​သော အမည်မှာ အပြည့်အစုံမဟုတ်မှန်း သိ​လေသည်။ ထန်​မော့မထင်ထားမိသည်မှာ...


"မူ​ဟွေ့ ရွှယ်...သူကမိန်းက​လေးလား"


ပိုင်ရို့​ယောင် မျက်​​တောင် အသာခတ်လိုက်မိသည်။ 


"ထန်ထန်မင်းကအခုထိ genderခွဲခြား​နေတုန်းပဲလား..သူလည်းချစ်စရာမိန်းက​လေးတစ်​ယောက်ဖြစ်လို့မရဘူးလား...သူ့ကို​ယောကျာ်းတစ်​ယောက်လို့ပဲ ထင်​နေခဲ့တာလား"


သူကထန်​မော့အား မင်းကိုဒီလိုလူလို့ မထင်ထားခဲ့ဘူးဟူ​သော အပြုံးကြီးဖြင့်ဆိုလာသည်။


ထန်​မော့ အမှန်တကယ်ကိုပင် တဖက်လူကို မိန်းက​လေးဟု မထင်ထားမိခြင်းဖြစ်သည်။ 


အနက်​​ရောင်​မျှော်စင်မှာ ရုတ်တရက် ကစားသမားတစ်​ယောက်အတွက် တစ်ကမ္ဘာလုံးကို သီချင်း​ဆို​ပေးခဲ့သည်။ ထန်​​မော့မှာ လိင်အမျိုးအစားအ​ကြောင်း သိပ်မ​တွေးမိခဲ့​ချေ။ သူက၄.၀ဗားရှင်းနှင့်အတူ အနက်​ရောင်​မျှော်စင်အဆင့်မြှင့်တင်​စေသည်အထိ ထိုကစားသ​မား လုပ်ခဲ့​သောအရာကိုသာ ​တွေး​နေခဲ့ခြင်းဖြစ်သည်။


ထန်​မော့၏ ဦး​နှောက် လျင်မြန်စွာ လုပ်ရှား​နေခဲ့သည်။ သူ့တွင် ခပ်​ရေး​ရေးခန့်မှန်းမှုမျိုးရှိ​သော်လည်း တချို့အရာများမှာ ရှင်းပြရန်မဖြစ်နိုင်​ချေ။ ပိုင်ရို့​ယောင်က ထိုအချက်များကို ရှင်းလင်းရန်လိုအပ်​လေသည်။


​ရှောင်ဖူမှာလည်း အလွန်စိတ်၀င်စား​နေခဲ့သည်။ 


"အချိန်အဆင့်ဇယားကဘာလဲ...မူ​ဟွေ့ရွှယ်ဆိုတဲ့သူက အဲဒီဇယားမှာ နံပါတ်၁​ပေါ့...လူတစ်​ယောက်ကို သတ်ရင် နားချိန်၁၀မိနစ်​ပေးတယ်ဆို​တော့...လူအများကြီးကိုသတ်ရင် ...အဲဒီအချိန်အဆင့်ဇယားထဲ​ရောက်သွားတာလား ...ဒါဆို သူလူ​တွေအများကြီး သတ်ခဲ့တာဖြစ်မယ်"


ထန်​မော့သည်လည်း ထို​မေးခွန်းများ၏ အ​ဖြေကို သိလိုသဖြင့် ပိုင်ရို့​ယောင်အား ကြည့်လိုက်​လေသည်။ 


​တောက်ပ​သော ​နေ​ရောင်​အောက်တွင် က​လေးမျက်နှာနှင့်လူမှာ ပြုံးလျက်ဆိုလာသည်။


"သိချင်တယ်​ပေါ့"


ထန်​မော့ တစ်ခုခုမှားယွင်း​နေသည်ကို ခံစားမိလျက် ဖူ၀မ်​သော်မှာမူ မျက်ခုံးအသာပင့်လိုက်​လေသည်။ 


"ဒါ​ဆို အနူးအညွတ်​တောင်းပန်ကြည့်​လေ"


ဖူ၀မ်ရှန်း"..."



ဤလူမှာ တကယ့်​မြွေမျိုးနွယ်ပင်...


ပိုင်ရို့​ယောင်က အပြုံးဖြင့်ဆိုသည်။၏ 


"အခုဏက မင်းငါ့ကို အနားကပ်ခွင့်လည်းမ​ပေးဘူး လက်နက်​​တွေနဲ့လည်း ရိုက်​သေးတယ်" 


ဖူ၀မ်​သော်၏စွမ်းရည်နှင့် ထန်​မော့၏ ထီးက​လေးတို့မှာ ဤလူကို တစ်စက်က​လေးမှ မထိခဲ့ပါ​သော်လည်း ဤလူမှာ မရှိ​သော မျက်ရည်တို့ကို ပွတ်သုတ်လိုက်ကာ အနိုင်ကျင့်ခံ​နေရသည့်နှယ် သရုပ်​ဆောင်လိုက်သည်။


"သိချင်ရင် ​တောင်းပန်​ မဟုတ်ရင်​တော့ မ​ပြောပါဘူး"


ထန်​မော့ ဖူ၀မ်​သော်အား တိတ်တဆိတ်ကြည့်​နေခဲ့ပြီး ဖူ၀မ်​သော်က အမူအယာမဲ့စွာ ထရပ်လာခဲ့သည်။ စက္ကန့်ပိုင်းအတွင်း သူ၏ခန္ဓာကိုယ်မှာ ဖြတ်ခနဲ​ရွေ့လျားသွားခဲ့ပြီး ပိုင်ရို့​ယောင်၏ မျက်နှာမှ အပြုံးတုမှာ ​ပျောက်ကွယ်သွားခဲ့သည်။


 á€–ူ၀မ်​သ္ဏ် သူ၏ ညာလက်ကို​ဝေ့ယမ်းလိုက်လျက် အနက်​ရောင်ဒုချွန်လက်နက်မှာ ပိုင်ရို့​​ယောင်အား လျင်မြန်စွာနှင့် အညှာအတာမဲ့စွာ ချိန်ရွယ်လိုက်သည်။


ပိုင်ရို့​ယောင်၏ မျက်နှာတွင် အပြုံးများကင်းမဲ့လျက် ဆက်တိုက်​ရှောင်ရှား​​နေခဲ့သည်။ ထူးဆန်း​သော ပုံသဏ္ဍာန်နှင့် ဓါးတိုတစ်​ချောင်းက သူ၏လက်ထဲတွင်​ပေါ်လာခဲ့သည်။ ထိုဓါးတိုမှာ ဒုချွန်လက်နက်နှင့်ထိခတ်မိသွားလျှင် သတ္တုချင်းရိုက်ခတ်မိသံနှင့်အတူ မီးပွားများ လွင့်စင်လာခဲ့သည်။ ထန်​မော့ထီးက​လေးနှင့်အတူ ဖူ၀မ်​သော်နှင့်ပူး​ပေါင်းလိုက်​သော် ပိုင်ရို့ယာင်မှာ အ​ရေးနိမ့်လာခဲ့သည်။ သူ၏အင်္ကျီလက်မှာ ထီးက​လေး​ကြောင့်ကွဲသွားလျက် ​နောက်ကိုတဖြည်းဖြည်း ဆုတ်​နေခဲ့ရသည်။


ဖူ၀မ်​​သော်က ထန်​မော့​ပြောခဲ့ဖူး​သော ပိုင်ရို့​ယောင်ဟူ​သော လူဖြစ်​ကြောင်း ခန့်မှန်းမိ၍ ဤသို့ ပြတ်သားစွာလှုပ်ရှားလာခြင်းဖြစ်သည်။ အနီ​ရောင်နှလုံးသားဘုရင်မ၏ ရတနာ​ကော်ရစ်တာထဲမှ ပိုင်ရို့​ယောင်၏ လုပ်ရပ်ကို ဖူ၀မ်​သော်သိထားခဲ့သည်။ ဤကဲ့သို့ မူမမှန်​သောလူမှာ ရန်သူမဖြစ်လျှင်​တောင် မိတ်​ဆွေ​တော့ဖြစ်မလာနိုင်​ချေ။ ညှာတာ​နေစရာလည်း မလိုအပ်။


သို့​သော် ပိုင်ရို့​ယောင်၏ နည်းလမ်းများက ဖူ၀မ်​သော်အား အံ့အားသင့်​စေခဲ့သည်။ ဖူ၀မ်​သော်နှင့် ထန်​မော့မှာ ထိုသူကိုမသတ်နိုင်​သော်လည်း တဖက်လူမှာ အလိုရှိသလို လွတ်​မြောက်နိုင်သည်မျိုးမဟုတ်ပြန်။


၃​ယောက်သားမှာ ထိုအ​ခြေအ​နေထဲတွင် ပိတ်မိ​နေသည့်နှယ်။ 


ရုတ်ချည်း ပိုင်ရို့​ယောင် ​ဘေးကို​စောင်းလျက် ကျည်ဆံကို​ရှောင်လိုက်သည်။ သူသည်မနီးမ​ဝေးမှ က​လေးကို ကြည့်လိုက်သည်။ 


"​​ဟေး ညီငယ်​လေး မင်းနည်းနည်းလွန်သွားပြီမထင်ဘူးလား...မင်းအစ်ကိုနဲ့ ထန်​မော့ကငါ့ကို အနိုင်ကျင့်​နေတာကို အခုမင်းကပါဒီလိုလုပ်တယ်​ပေါ့...တို့​တွေအတူ ရတနာ​ကော်ရစ်တာထဲ ​ပျော်ရွှင်မှု​တွေ ၀မ်းနည်းမှု​တွေမျှ​ဝေခဲ့တာကို ​​မေ့သွားပြီလား"


ဖူ၀မ်ရှန်းက ​အေးစက်စွာဆိုလာသည်။


"​မေ့သွားပြီ" 


ပိုင်ရို့​ယောင်"..."


​ရှောင်ဖူကိုပင် ရွံ​​အောင်လုပ်နိုင်သည့်လူတစ်ဦးအ​နေနှင့် ဤလူ၏​​ကျော်ကြားမှုမှာ နိမ့်လွန်း​နေ​သေးသည်။


သူတို့ထပ်မံတိုက်ခိုက်လျှင် ပိုင်ရို့​ယောင်မှာ ထွက်မ​ပြေး​နိုင်​လောက်​သော်လည်း တစ်​ယောက်ကိုတစ်​ယောက်လည်း သတ်နိုင်မည်မဟုတ်​ချေ။ ထန်​မော့ထီးက​လေးကို ဖယ်လိုက်သည်။ 


"​ပြော​တော့မှာလား"


ပိုင်ရို့​ယောင်က နားမလည်ပုံဖြင့်ဆိုသည်။၏


"မ​တောင်းပန်​တော့ဘူးလား"


"မ​ပြောဘူး​ပေါ့" 


"​ကျေးဇူးပြုပြီးလို့​ပြော​လေ ထန်ထန်ရဲ့"


ထန်​မော့သူ့ကို တစ်ချက်မျှကြည့်လျက် လှည့်ထွက်သွား​တော့သည်။ 


ထန်​မော့​တောင်းပန်မည်ကို​စောင့်​နေ​သော ပိုင်ရို့​ယောင်မှာ ရူး​ကြောင်​ကြောင်အမူအရာနှင့်အတူ အလျင်အမြန်​မေးလာခဲ့သည်။


"မင်းကိုယ်​ပျောက်လူသား​တွေအ​ကြောင်း မသိချင်​တော့ဘူးလား...ပြီး​တော့ အချိန်ဇယားထိပ်ဆုံးက မူ​ဟွေ့ရွှယ်လည်းရှိ​​သေးတယ်​နော်"


ဖူ၀မ်​သော်က တည်ငြိမ်စွာဆိုလာသည်။


"ကြည့်ရတာ မင်းမှာ အသင်း​ဖော်မရှိပုံပဲ"


ပိုင်ရို့​ယောင်က ဒဏ္ဍာရီလာ ခိုး၀င်သူ၏စကားကိုနားမလည်ခဲ့​ချေ။


"အဲဒီ​တော့" 


ဖူ၀မ်​သော်၏ နှုတ်ခမ်းတို့မှာ တွန့်​ကွေးသွားခဲ့သည်။


"မင်းမှာ အသင်း​ဖော်​ရော အဖွဲ့အစည်း​ရော သတင်းကွန်ရက်​ရောမရှိပဲ သိလာတယ်ဆိုရင် ငါတို့လည်း မကြာခင်သိရမှာပဲ"


ပိုင်ရို့​ယောင် နှာ​ခေါင်းရှုံ့လိုက်မိသည်။


ထန်​မော့နှင့် ဖူ၀မ်​သော်က ပိုင်ရို့​ယောင်အား လျစ်လျူရှူလျက် ​ရှောင်ဖူနှင့် အတူ ထွက်ခွာသွား​တော့သည်။ ဖူ၀မ်​ရှန်းမှာ ဤ​မြွေလူသားကို အနည်းငယ် အစ်​အောက်​မေးရသည်က ပြဿနာမဟုတ်ဟု ခံစားရ​သော်လည်း သူသည် က​လေးသာဖြစ်​သေးသည်။ သူသည် အကြီးများ မျက်နှာပျက်ရမည့်အလုပ်ကို လုပ်လိမ့်မည်မဟုတ်။


ပိုင်ရို့​ယောင်မှာ ၄င်းကိုအမှန်တကယ်​ပြောချင်ပုံမ​ပေါ်​ပေ။ သူသည်လမ်းခွဆုံတွင်ရပ်လျက် ထန်​မော့နှင့်ဖူ၀မ်သော်တို့ ​ဝေးကွာသွားသည်ကို ကြည့်​​နေခဲ့သည်။ 


သူတို့လမ်းမှ ထွက်ခွာခါနီးတွင် ​နောက်ဖက်မှ စိတ်ညစ်နေ​သော အသံကိုကြားလိုက်ရ​လေသည်။


"ငါကမ​ပြောဘူးလို့​ပြောမိလို့လားလို့...ဟိတ် ​စောင့်ကြပါဦး"


ထန်​မော့၏ ​ခြေလှမ်းတို့ရပ်တန့်မသွားခဲ့​ချေ။ 


ဖူ၀မ်​သော်ဆိုခဲ့သလိုပင် ပိုင်ရို့​ယောင်သည် ထျန်းရွှမ်မှ မဟုတ်​ပေ။ ပိုင်ရို့​ယောင်သိနိုင်​သော သတင်းကို သူတို့လည်း ရှာ​တွေ့နိုင်သည်။ ပိုင်ရို့​ယောင်က ဤအ​ရေးကြီး​သော သတင်းကိုစော​စောစီးစီးသိလာနိုင်သည်မှာလည်း ကံ​ကောင်းမှုသာဖြစ်နိုင်သည်။


"ငါရှန်ဟိုင်းက​နေ ​ပေကျင်းကိုလာ​နေတုန်း ၃​ ၄ရက်​လောက်မှာ လူတစ်​ယောက်ကို သတ်ခဲ့တယ်...မင်း​တို့​ခေါ်သလိုဆို ကိုယ်​ပျောက်လူသားတစ်​ယောက်ကို​ပေါ့" 


ပိုင်ရို့​ယောင်ကပြုံးလိုက်သည်။ 


"သူကငါ့ကို သတ်ချင်ခဲ့တာ​လေ...ငါသူ့ကိုသတ်ခွင့်ပြုလိုက်သင့်တယ်လို့ထင်လားဟင် ထန်ထန်"


ထန်မော့မှသူ့အား လျစ်လျူရှုထားသည်ကို မြင်လျှင် ​ခေါင်းကိုငုံ့လျက် ဖူ၀မ်ရှန်းအားကြည့်လိုက်သည်။ 


"ဒီကညီငယ်​လေး​​ရော အစ်ကိုက​သေသွားသင့်တယ်ထင်လား"


လူတိုင်းကသူ့ကို လျစ်လျူရှုထားခဲ့ကြသည်။

ပိုင်ရို့​ယောင်မှာ ၄င်းအားရယ်စရာ​ကောင်းသည်ဟု ခံစားမိလျက် ဆက်၍​ပြောလာခဲ့သည်။ 


"အဲတုန်းက ငါလမ်း​ပေါ်မှာ​ အသားကင်​လေးစား ဘီယာ​လေး​မော့နဲ့ ​အေး​ဆေးလျှောက်သွား​နေတာ​လေ...ရုတ်တရက်ငါ့​ဘေးမှာ လူတစ်​ယောက်​​ပေါ်လာပြီး ငါ့ကိုသတ်ဖို့ကြိုးစားပါ​လေ​ရော"


ဤအရူး၏စကားများမှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်၍ရသည်။ ထန်​မော့ဆက်​လျှောက်သွား​နေရင်း နား​ထောင်​နေခဲ့သည်။ 


"အဲဒီလူကမဆိုးဘူး...အနည်းဆုံး ​မျှော်စင်ဒုတိယထပ်အဆင့်​လောက်​တော့ရှိတယ်...သူကငါ့ကိုသတ်ချင်​ပေမယ့် သူပဲအဖမ်းခံလိုက်ရမယ်လို့မထင်ထားရှာဘူး​လေ...အစက​​တော့ ဘာလို့အပြစ်မဲ့တဲ့သူကိုညတိုက်ခိုက်ရတာလဲလို့​မေးချင်ခဲ့တာ...ဒါ​ပေမယ့်သူကအရင် ငါ့ကို အံ့သြတကြီး​မေးလာတယ်​လေ"


ပိုင်ရို့​ယောင်က ​အေးစက်​သော အပြုံးကြီးဖြင့်ဆိုလာသည်။


"သူကငါ့ကို ၀က်မဟုတ်ဘူးလားတဲ့" 


လွန်ခဲ့​သော ၄ရက်ခန့်က ​ထျန်ကျင်းတွင်...


ပြုံး​နေ​သော က​လေးမျက်နှာနှင့်လူမှာ ၀က်ဟူ​သောစကားကိုကြားသည်နှင့် သူ၏အပြုံးမှာ ​ပျောက်ကွယ်သွားခဲ့သည်။


သူ့ဘ၀တစ်​လျှောက်လုံးတွင် ​မြွေလို့လည်း​ခေါ်ခံရဖူးသည်။ ယုတ်စွအဆုံး ကြွက် ဂျပိုး နှင့် အခြားဆိုးရွား​သော နာမည်များစွာဖြင့် သမုတ်ခံရဖူး​သော်လည်း သူ့ကိုမည်သူကမျှ၀က်ဟု​တော့မ​ခေါ်ခဲ့ကြ​ချေ။ သူသည်တဖက်လူ၏ အ​ပေါ်နှုတ်ခမ်းကို တိုက်ရိုက်လှီးဖြတ်လိုက်လျက် တဖက်လူကို ​ကြောက်ရွံ့သွား​စေခဲ့သည်။


ပိုင်ရို့​ယောင်က ငတုံးမဟုတ်​ချေ။ တဖက်လူမှာ သူ့ထံမှ သတိထားမခံရပဲ ရုတ်တရက်​ပေါ်လာခဲ့ခြင်းဖြစ်သည်။ 


နှုတ်ခမ်းဖြတ်ခံရပြီး​နောက် ထိုလူမှာ ​ကြောက်ရွံ့မှု​ကြောင့် ဖြူ​ဖျော့သွားခဲ့သည်။ ပိုင်ရို့​ယောင်မှာ ထိုလူ၏ နှုတ်ခမ်းပြန်​ကောင်းလာသည်ကို စိတ်ရှည်လက်ရှည်​စောင့်လျက် ထို​မှော်ဆန်​သော အချိန်ဇယားအ​ကြောင်းကို ထိုလူ၏ပါးစပ်ထဲမှ ညှစ်ထုတ်နိုင်ခဲ့သည်။


"အချိန်အဆင့်ဇယား..." 


ပိုင်ရို့​ယောင်၏ မျက်နှာ​ပေါ်တွင် ​ပေါ့ပျက်ပျက်အပြုံးတစ်ခုရှိ​နေ​သေး​သော်လည်း သူ၏ မျက်လုံး များမှာမူ​လေးနက်​နေခဲ့သည်။


"လူတစ်​ယောက်ကိုသတ်ရင် ၁၀မိနစ်နားချိန်ရမယ်...နားချိန်ရှိတဲ့လူ​တွေက လည်ပင်းမှာ ​ရွှေ​ရောင်နံပါတ်​တွေပါတယ်...အဲဒီနံပါတ်​တွေက သူ့တို့မှာကျန်တဲ့ နားချိန်ကို ​​ရေတွက်​နေတာ​လေ"


ပိုင်ရို့​ယောင်က သူ၏လက်ကို ဖူ၀မ်ရှန်း၏ လည်ပင်းထံဆန့်ထုတ်လိုက်သည်။ က​လေးမှာ ​ကြောက်ရွံ့​နေခဲ့​သော်လည်း မ​ရှောင်ခဲ့​ချေ။ ပိုင်ရို့​ယောင်သည် ဤက​လေးကအမှန်တကယ် သတ္တိရှိလှသည်ကို မြင်လျှင် သူ့အား တစ်ချက်ခန့်ကြည့်လိုက်သည်။ သူသည် ​​ရှောင်ဖူလည်ပင်း၏ ညာဘက်ကို ထိုးပြလိုက်သည်။ 


"နားချိန်ရှိတဲ့ ကစားသမားတစ်ယောက်ကိုသတ်ရင် မင်းကနားချိန်၁၀မိနစ်အပြင် မင်းသတ်လိုက်တဲ့လူရဲ့နားချိန် တ၀က်ကိုပါရတယ်...အချိန်အဆင့်ဇယားမှာ လူအ​ယောက်၁၀၀ရှိတယ် မူ​ဟွေ့ရွှယ်က​တော့ထိပ်ဆုံးက​ပေါ့ ...သူ့မှာ နားချိန်မိနစ် ၂၆၀၀၀၀​တောင်ရှိတယ်​လေ"


ထန်​မော့၏ မျက်လုံးများ ကျဥ်း​မြောင်းသွားခဲ့သည်။ 


"သူကလူ​ပေါင်း ၂၀၀၀၀​ကျော်ကို သတ်ခဲ့တာ​ပေါ့..."


ပိုင်ရို့​ယောင်ကရယ်လိုက်သည်။


"ဘယ်သိမလဲ ..သူက​သွေးဆာ​နေတဲ့ အရူးမလည်းဖြစ်နိုင်တာပဲ​လေ ဟီးဟီး"


ထန်​မော့ခတ္တမျှ​တွေးလိုက်ကာ​မေးလိုက်သည်။


"ဘာကျန်​သေးလဲ"



"အဲဒါပဲ​လေ" 


ထန်​မော့ခတ္တမျှမတုန့်ပြန်ခဲ့​ချေ။ 


ထို့​နောက်သူက​သေချာ​အောင်ထပ်​မေးလိုက်သည်။


"ဒါအကုန်ပဲ​ပေါ့"


ပိုင်ရို့​ယောင်က သွားဖြဲကာပြုံးလိုက်သည်။


"မရှိ​တော့ဘူး...သူက​ပျောက်သွား​တော့မှာမို့ ဒီတိုင်းလွှတ်မ​ပေးလိုက်နိုင်ဘူး​လေ...အဲဒါနဲ့ သူ မ​ပျောက်သွားခင် သတ်လိုက်တယ်"


ထန်​မော့"..."


ဖူ၀မ်​​သော်"..."


ဖူ၀မ်ရှန်း"..."


၃​ယောက်စလုံးမှာ တညီတညာထဲ လှည့်ထွက်သွားလျက် က​လေးမျက်နှာနှင့်လူကို လျစ်လျူရှူလိုက်ကြ​လေသည်။


"​ဟေး...ငါ့ကိုအသုံးချပြီး လွှင့်ပစ်ရက်တယ်​ပေါ့...တာ၀န်ယူရတယ်"


ပိုင်ရို့​ယောင် သူတို့​နောက်မှ ​ပြေးလိုက်လာခဲ့သည်။


ထန်​မော့သည် ပိုင်ရို့​ယောင်မှ သူ့​နောက်သို့ ​ပေကျင်းအထိ အဘယ်​ကြောင့် လိုက်လာခဲ့သည်ကို မသိ​ပေ။ ထန်​မော့နှင့် ဖူ၀မ်​သော် ထိုလူကို ရှင်းပစ်ရန်ပြင်လိုက်တိုင်း ခပ်လှမ်းလှမ်းသို့လွတ်​မြောက်သွားတတ်သည်။ သူတို့ရပ်တန့်သွားသည်နှင့် ချက်ချင်းပြန်​ရောက်လာပြန်သည်။


ပိုင်ရို့​ယောင်ကို သတ်ရန်နီးလမ်းမရှိ​ချေ။ ထန်​မော့သည် ယ​နေ့အဖို့ အလျင်လူသားစွမ်းရည်ကို အသုံးမပြုနိုင်​တော့​ချေ။ ပိုင်ရို့​ယောင်ကို သတ်ရန် အလွန်အားထုတ်ရလိမ့်မည်​။ ထို့အပြင်တဖက်လူတွင်လည်း အသက်ကယ်ပစ္စည်းများရှိနိုင်သည်။ ယ​နေ့တိုင်အသက်ရှင်​နေ​သေး​သော သန်မာသည့်ကစားသမားများမှာ အသက်အပိုများရှိ၍ပင်။ သူတို့​သေဆုံးသွားလျှင်​တောင် ရွမ်၀မ်ရှုကဲ့သို့ ပြန်လည်ရှင်သန်လာနိုင်သည်။


ထန်​မော့နှင့် ဖူ၀မ်​သော် တစ်​ယောက်ကို တစ်​ယောက် ကြည့်လိုက်မိကြသည်။ 


ပတ်၀န်းကျင်မှာ တဖြည်းဖြည်း​မှောင်ရိပ်သန်းလာခဲ့ပြီး ထန်​မော့တို့၃ဦး ​ဟော့​ပေါ့ဆိုင်ထဲသို့ အနားယူရန်၀င်လာခဲ့ကြသည်။ ထန်​မော့အ၀င်၀တွင် ရုတ်ချည်းရပ်တန့်သွားလျက် ​နောက်မှ အမြှီးနှယ် တွဲလဲတွဲလဲပါလာ​သော ပိုင်ရို့​ယောင်ကို ကြည့်လိုက်သည်။ သူသည်ပါးစပ်ကိုဖွင့်လျက် တည်ငြိမ်စွာ​မေးလိုက်မိသည်။


"ဘာလို့လဲ"


ပိုင်ရို့​ယောင်၏ အပြုံးမှာ ခတ္တ​အေးခဲသွားခဲ့သည်။ သူသည်အိတ်ကပ်ထဲလက်ကို ထိုးထည့်လျက် ဖူ၀မ်​သော်အား သတိဖြင့်ကြည့်လိုက်​လေသည်။ ထို့​နောက်ပြုံးကာ ​မေးလာခဲ့သည်။


"ထန်ထန် ဘာကို ဘာလို့လဲ"


"ငါ့နာမည်က ​ကျောက်မဟုတ်တာကိုလည်းသိတယ်...မစ်စတာဘီကိုလည်းသိတယ် ..ငါနဲ့အတူ စု​ဝေးခြင်းဂိမ်းမှာပါခဲ့တဲ့သူ​တွေကို ​တွေ့ခဲ့တယ်မလား"


ကမ္ဘာကြီးမှာကျယ်၀န်းပြီး အနက်​ရောင်​မျှော်စင်၏ဂိမ်းမှာလည်း ကြီးမားသည်။ မဖြစ်နိုင်ဟု​ပြောရန်က ကျိုး​ကြောင်းဆီ​လျော်​လေသည်။ သို့​သော် ဤလူက သူ​ပြောခဲ့သလိုပင် ကံ​ကောင်းသူဖြစ်သည်။ အပုံ၁၀၀၀၀တွင် ၁ပုံသာရှိ​သော်လည်း ၀မ်ရင်း​ကွေ့တို့နှင့်ဆုံခဲ့သလိုပင် ထျန်ကျင်း၌လည်း ကိုယ်​ပျောက်လူသားကိုဖမ်းမိခဲ့ပြီး သတင်းများကိုရခဲ့သည်။ ထန်​မော့၏ ကံမှာ​ဆိုးရွားပြီး ဤစိတ်မမှန်​သော အရူးမှာ​​တော့ ကံ​ကောင်း​လေသည်။


"ငါဘယ်သူလဲဆိုတာ​ရော သူဘယ်သူလဲဆိုတာ​ရော သိတယ်မလား"


ထန်​မော့မှာ ဖူ၀မ်​သော်ကို ရည်ညွှန်း​နေခြင်းဖြစ်သည်။ 


"အဲဒါကို ဘာလို့​နောက်ကလိုက်​နေတာလဲ" 


အလျင်လူသားစွမ်းရည်မရှိလျှင် သူက ဤလူ၏ ပြိုက်ဖက်မဟုတ်သည်ကို ၀န်ခံပါသည်။ သို့​သော် သူ၏​ဘေးတွင် ဖူ၀မ်​သော်ရှိသည်။ မိမိတို့၂ဦးပူးပေါင်းပါက ပိုင်ရို့​ယောင်မှာ သူတို့ကိုလုံး၀မသတ်နိုင်​ချေ။ သို့ဆိုပါက ပိုင်ရို့​ယောင်၏ ရည်ရွယ်ချက်မှာ မည်သို့နည်း။


"အရင်တစ်​ခေါက်က​မ​ပြောလိုက်ရဘူးဆို​ပေမယ့်...ထန်ထန် မင်းတကယ်ပဲ ငါနဲ့မ​တွေ့ခဲ့သင့်ဘူး"


ထန်​မော့၏ အမူအရာပြောင်းလဲမသွားခဲ့​ချေ။


ပိုင်ရို့​ယောင်မှာ အိတ်ကပ်ထဲလက်ထည့်လျက်​ခေါင်းကို ​စောင်းလိုက်သည်။ 


"မင်း​နောက်ကိုလိုက်​နေတယ်ဆိုတာက...ဟီးဟီး..မင်းကို သတ်ဖို့အခွင့်အ​ရေးရမလားလို့​ပေါ့"



🌍