Chapter 213
Viewers 32k

🌍Chapter 213




​အေးစက်​သော ​လေများက သစ်ရွက်များကြားမှ ဖြတ်၍ တိုးတိုက်လာခဲ့ပြီး ​နေလုံးမှာလည်း အ​နောက်အရပ်သို့တဖြည်းဖြည်း၀င်သွားခဲ့သည်။ 


ထန်​မော့သည် မသတီစဖွယ်ပြုံး​နေ​သော က​လေးမျက်နှာနှင့် ပိုင်ရို့​ယောင်ကို ​အေးစက်စွာကြည့်လိုက်သည်။


 á€œá€°áˆâ€‹á€šá€ąá€Źá€€á€şá€€ အုပ်စု၃စုကွဲ​နေခဲ့၏။ ​လေထုမှာ ရပ်တန့်​နေလျက် လူတိုင်း မလှုပ်မယှက် ငြိမ်သက်​နေကြသည်။


ပိုင်ရို့​ယောင် ​ခေါင်းကို​စောင်းလျက် ထန်​မော့အား သွားဖြီးလျက်ကြည့်လာခဲ့သည်။ 


​ရုတ်ချည်း ထန်​မော့သူ့ထံမှ အကြည့်လွှဲလျက် ရွမ်၀မ်ရှုထံ တရှိန်ထိုး​ပြေးသွားခဲ့သည်။


 á€–á€°á€á€™á€şâ€‹á€žá€ąá€Źá€şá€žá€Šá€şá€œá€Šá€şá€¸ တချိန်တည်းတွင်​ပြေးထွက်လာခဲ့သည်။ 


လူနှစ်ဦးက တစ်ဦးနှင့် တစ်ဦး အပိုစကားဆို​နေစရာမလိုဘဲ တစ်ဦးက လျန်ယွီကျန်းနှင့် ချီဟန်ကို တားထားခဲ့ပြီး တစ်ဦးမှာ ရွမ်၀မ်ရှုအား တိုက်ခိုက်လိုက်သည်။ ​ပြောင်းလဲမှုက အလွန် လျပ်တပြက်ဆန်လွန်း​နေခဲ့သည်။ ပိုင်ရို့​ယောင်၏ သတိ​ပေးချက်​ကြောင့် ရွမ်၀မ်ရှုက သတိလက်လွတ်မ​နေရဲ​တော့။ သူ၏မျက်လုံးများကျဥ်း​မြောင်းသွားလျက် ထန်​မော့​ခြေ​ထောက်များ ​မြေပြင်​ပေါ်မှ ကြွသွားသည်အား စက္ကန့်၀က်အတွင်း ချက်ချင်း သတိပြုမိခဲ့သည်။ သူသည်လျင်မြန်စွာတုန့်ပြန်လျက် သူ၏လက်ဖ၀ါး၂ဖက်ကို ​မြေပြင်​ပေါ်ဖိချလိုက်လျှင် ပြင်းထန်​သော ​မြေဆွဲအားကတဖန်​ရောက်ရှိလာပြန်သည်။


ထီးက​လေးဖြင့် ရွမ်၀မ်ရှုအား လှမ်း၍ထိုးလိုက်စဥ် ရွမ်၀မ်ရှု၏ လက်ထဲ၌ အဖြူ​ရောင်ဒိုင်းကာတစ်ခု​ပေါ်လာခဲ့ပြီး ၄င်းကို ခုခံလာခဲ့သည်။ 


ထန်​မော့၏ မျက်လုံးတို့ ကျဥ်း​မြောင်းသွားလျက် ရွမ်၀မ်ရှုအား ဆက်တိုက် တိုက်ခိုက်ရန်တွန့်ဆုတ်မ​နေခဲ့​ချေ။


 á€›á€˝á€™á€şá€á€™á€şá€›á€žá€Żá€žá€Šá€ş ယခု​လက်ရှိတွင် ၁၄နှစ်ဖြစ်ကာ ထန်​မော့နှင့်စာလျှင် က​လေးလုံးလုံးဖြစ်​လေသည်။ 


ဖူ၀မ်​သော်က ကျန်၃​ယောက်ကို တားထားစဥ် ရွမ်၀မ်ရှု၏ ညာ​ခြေ​ထောက်မှာလည်း အဆင်မ​ပြေ​ချေ။ သူတို့တဖြည်းဖြည်း အ​ရေးနိမ့်လာချိန်တွင် အနက်​ရောင်ဓါးတစ်လက်က ထန်​မော့အား ရုတ်ချည်း တိုက်ခိုက်လာခဲ့​လေသည်။ ထန်​မော့မှာ ​မြေပြင်တွင်လှိမ့်လျက် ၄င်းကို ​ရှောင်ရှားလိုက်ရသည်။


ပိုင်ရို့​ယောင်က နှုတ်ခမ်းကိုချွန်လျက် မျက်​တောင်ခတ်လိုက်သည်။


"ထန်ထန် မင်းက​လေးတစ်​ယောက်ကို အနိုင်ကျင့်လို့မရဘူး​လေ" 


ထန်​မော့သူ့အားလျစ်လျူရှူလျက် ရွမ်၀မ်ရှုအား ဆက်လက်တိုက်ခိုက်လိုက်သည်။ 


ပိုင်ရို့​ယောင်မှ ရယ်လျက် တိုက်ပွဲထဲသို့ ၀င်ပါလာခဲ့သည်။ 


ထန်​မော့ ရွမ်၀မ်ရှုကို ဖိနှိပ်နိုင်သည့်အခါ ပိုင်ရို့ယောင်မှာ ရွမ်၀မ်ရှုကို ကူညီ​ပေးတတ်ပြီး ရွမ်၀မ်ရှု အသာစီးရလာ​သောအခါတွင် ထန်​မော့ဘက်မှ ခုခံ​ပေးလာပြန်သည်။ ဤလူက ​ကြောင်​ချေးတုံးနှယ် စိတ်ရှုပ်ဖွယ်​ကောင်းလှသည်။ 


 á€‘á€”á€şâ€‹á€™á€ąá€Źá€ˇá€”á€žá€„á€şá€ˇá€›á€˝á€™á€şá€á€™á€şá€›á€žá€Żá€€ ရည်ရွယ်ချက်တူညီစွာ ပိုင်ရို့​ယောင်အား လျစ်လျူရှူလျက် တစ်​ယောက်ကိုတစ်​ယောက်သာတိုက်ခိုက်​နေခဲ့ကြသည်။ ထိုအခါတွင်လည်း ပိုင်ရို့​​ယောင်မှာ ထန်​မော့၏ မီးခြစ်ဆံကြီးကို တားဆီးလိုက်ကာ ရယ်လျက် ဆိုလာပြန်သည်။


"ဒီမီး မင်းကိုစွဲသွားရင် ​သေမှာ​နော်"


ထန်​မော့၏ မျက်လုံးတို့​အေးစက်သွားလျက် ပိုင်ရို့​ယောင်အား လှည့်ကြည့်လိုက်သည်။ ရွမ်၀မ်ရှုသည်လည်း အ​တော်စိတ်ရှူပ်​နေပြီဖြစ်သည်။


"ဒီလိုဆိုမှ​တော့ ခင်များအရင်​သေလိုက်​လေ"


ထို့​နောက် ထန်​မော့နှင့် ရွမ်၀မ်ရှုမှာ တိုင်ပင်မထားပါပဲ အတူ​ပူး​ပေါင်းလျက် ပိုင်ရို့​ယောင်အား တိုက်ခိုက်လိုက်ကြ​တော့သည်။


ပိုင်ရို့​ယောင် အနည်းငယ်အံ့အားသင့်သွား​သော်လည်း သူ၏ အပြုံးမှာ ပို၍ ပီပြင်လာခဲ့သည်။ ၂ဦးသားတိုက်ခိုက်​နေစဥ်မှာပင် ထန်​မော့၏အမူအရာမှာ ဆိုးရွားလာခဲ့သည်။ 


ပိုင်ရို့​ယောင်သည် လွန်ခဲ့​သော ၄လကထက် အများကြီး ပိုသန်မာလာခဲ့​လေသည်။ သူ၏ စွမ်းရည်မှာ ကြက်အစပ်သာသာဖြစ်​သော်လည်း ခွန်အားက​တော့ ​ကြောက်မက်ဖွယ်ပင်။ ထန်​မော့နှင့် ရွမ်၀မ်ရှုတို့ ပူး​ပေါင်း​တိုက်ခိုက်မှု​အောက်တွင် ပိုင်ရို့​ယောင်မှာ ဖိနှိပ်ခံရပုံ​ပေါက်​သော်လည်း လုံး၀ကြီး အ​ရေးနိမ့်မည့်ပုံမရှိ​ချေ။


ရွမ်၀မ်ရှု၏ လက်မှ အနက်​ရောင်အလင်းတစ်ခု​တောက်ပသွားလျှင် ပိုင်ရို့​ယောင် အံ့အားသင့်လျက် သူ၏လှုပ်ရှားမှုများ အတန်ငယ်​​နှေး​ကွေးသွားခဲ့သည်။ ထန်​မော့ ထိုအခွင့်အ​ရေးကို သုံးလျက် ထီးက​လေးနှင့် ထိုးစိုက်လိုက်​လေသည်။ ထီးက​လေးက ပိုင်ရို့​ယောင်၏ နဖူးကိုထိုး​ဖောက်ခါနီးမှာပင် ထန်​မော့၏ ကိုယ်မှာ ​လေထဲသို့ လျှင်မြန်စွာ​ပျောက်ကွယ်သွားခဲ့​လေသည်။


ရွမ်၀မ်ရှု​တောင့်တင်းသွားခဲ့သည်။ 


ပိုင်ရို့​ယောင်က စိတ်၀င်စားစရာတစ်ခုခုကို​တွေ့လိုက်ရသကဲ့သို့ ရွမ်၀မ်ရှုအား ရယ်လျက်ကြည့်လိုက်သည်။


ပိုင်ရို့​ယောင်၏ ​ခေါင်းကိုထိုး​ဖောက်ခါနီးဆဲဆဲ ထီးက​လေးမှာ စက္ကန့်ပိုင်းအတွင်း ရွမ်၀မ်ရှုရှေ့သို့​ရောက်ရှိလာခဲ့သည်။ လုံး၀န်း​​သော ထီးက​လေး၏ထိပ်ဖျားမှာ ရွမ်၀မ်ရှု၏နဖူးထံမှ ၃စက္ကန့်စာသာ​ဝေးခဲ့သည်။ 


ရွမ်၀မ်ရှုမှာ​၄င်းကို​ရှောင်ရှားလို​သော်လည်း ထန်​မော့ကပို၍ လျင်မြန်​နေခဲ့သည်။ ဤတစ်ကြိမ်တွင် ထန်​မော့၏ ကိုယ်မှာ ရွမ်၀မ်ရှု၏​နောက်မှ ​ပေါ်လာခဲ့သည်။


ချွန်ထက်​သော အရာတစ်ခုက အသားစိုင်ကို ထိုး​ဖောက်သွားသံနှင့်အတူ ထီးက​လေးမှာ ရွမ်၀မ်ရှု၏ ​ခေါင်း​နောက်မှ ထိုး​ဖောက်သွားခဲ့သည်။ 


ဆယ်​ကျော်သက်​ကောင်​လေးသည် ဖြူ​ဖျော့သွားလျက် လျန်ယွီကျန်းနှင့် ချီဟန်တို့မှာမူ တုန်လှုပ်သွားခဲ့ကြ​လေသည်။


အမျိုးသမီးဆရာ၀န်က သူ့အား ကယ်တင်ရန် အမြန်​ပြေးထွက်လာခဲ့သည်။ 


ပိုင်ရို့​ယောင်က ပြုံးလိုက်သည်။ 


"သူ့ကိုယ်​ပေါ်က ကံကြမ္မာက ​လေးလံလွန်း​နေတာကိုး..တစ်ချက်ကြည့်လိုက်တာနဲ့ ထန်ထန်က ငါ့အစား သူ့ကိုသတ်ချင်​နေတယ်ဆိုတာ သိသားပဲ"


ထန်​မော့အတွက်ဖြစ်​စေ ရွမ်၀မ်ရှုအတွက်ဖြစ်​စေ ပိုင်ရို့​ယောင်ကို တိုက်ခိုက်ခြင်းက အဓိကရည်ရွယ်ချက်မဟုတ်​ချေ။ သူတို့တစ်ဦး၏အသက်ကို တစ်ဦးလိုချင်ကြခြင်းဖြစ်သည်။ ရွမ်၀မ်ရှုမှာ ပိုင်ရို့​ယောင်ကို တိုက်ခိုက်​နေစဥ်အတွင်း သူ့ကို တချိန်လုံးသတိထား​နေခဲ့သည်။ သို့​သော် ထန်​မော့တွင် အလျင်လူသားစွမ်းရည်ရှိလိမ့်မည်ဟု ထင်ထားခဲ့မည်မဟုတ်။ 


လီ​မြောင်​မြောင်​ရောက်ရှိလာချိန်တွင် ထန်​မော့သည် ထီးက​လေးကို တည်ငြိမ်စွာဆွဲထုတ်လိုက်သည်။ သူမသည် ရွမ်၀မ်ရှု၏​ခေါင်း​ပေါ်မှ ​သွေးများဒလ​ဟောထွက်​နေ​သော အ​ပေါက်ကြီးကို လက်နှင့် ကပြာကယာဖိလိုက်​လေသည်။ ရွမ်၀မ်ရှု၏ မျက်လုံးများ ပွင့်​နေ​သော်လည်း အသက်ရှူမှာ ရပ်တန့်နှင့်​ချေပြီ။ 


ထန်​မော့ ထီးက​လေးကိုကိုင်လျက် ဖူ၀မ်​သော်အား ကူညီရန်အသွား ​ခြေ၂လှမ်းခန့်တွင် ဒင်္ဂါးပြားတစ်ခု၏ အသံကိုကြားလိုက်ရ​လေသည်။


ထန်​​မော့​အေးခဲသွားလျက် ​နောက်သို့လှည့်လိုက်စဥ် ​ငွေ​ရောင်ဓါး​မြှောင်တစ်​ချောင်းက ထန်​မော့၏ ပါးပြင်ကို ရှပ်​ပြေးသွားခဲ့သည်။ 


အမျိုးသမီးဆရာ၀န်ထံမှ ကူတွဲခံထားရ​သော ဆယ်​ကျော်သက်​လေးမှာ ထိုဓါး​မြှောင်ကို ပစ်လိုက်ခြင်းဖြစ်သည်။


 á€›á€˝á€™á€şá€á€™á€şá€›á€žá€Ż ထန်​မော့အား ​အေးစက်စွာစိုက်ကြည့်​နေပြီး သူ၏နဖူးမှ ​သွေးထွက်​နေ​သော အ​ပေါက်ကြီးမှာ တဖြည်းဖြည်း ပြန်လည်​ကောင်းမွန်သွားခဲ့သည်။


ပိုင်ရို့​ယောင် မျက်ခုံးအသာပင့်လိုက်မိပြီး၊ ထန်​​မော့က ထီးက​လေးကိုဆုပ်ကိုင်ထား​သော လက်ကိုတင်းကြပ်လိုက်မိသည်။


ရွမ်၀မ်ရှုသည် သူ၏အိတ်ကပ်ထဲမှ ၂၅ဆင့်တန် ​ရွှေဒင်္ဂါးကို နှိုက်ယူလိုက်သည်။ ​ထို​ရွှေဒင်္ဂါးမှာ ​တစ်ချက်​တောက်ပသွားပြီး​နောက်ရွှေမှုန်​လေးများအဖြစ် ​လေထုထဲတွင်ပြိုကွဲသွားခဲ့​လေသည်။ 


ထန်​​မော့၏မျက်လုံးတို့ကျဥ်း​မြောင်းသွားခဲ့သည်။ ရွမ်၀မ်ရှုမှာ ယခု​လေးတင် အမှန်တကယ်​သေသွားခြင်းဖြစ်ကာ အသက်ပြန်ရှင်လာခဲ့သည်။ ၄င်းမှာ ဘုရင့်​ရွှေဒင်္ဂါးထက်ပင် ပိုသာ​ကာ စွမ်းအားကြီး​သော အကူပစ္စည်းပင်ဖြစ်လိမ့်မည်။


ရွမ်၀မ်ရှုက ​ဒေါသထွက်​နေ​သော အမျိုးသမီးဆရာ၀န်နှင့်အတူ ရပ်​နေခဲ့သည်။ 


တိုက်ပွဲကို ချက်ချင်းပြန်လည်မစတင်ခဲ့​​​ချေ။ 


 á€‘န်​မ္ဏအနသင်အ ရွမ်၀မ်ရှုတို့ တစ်ဦးနှင့် တစ်ဦး ၅မီတာအကွာတွင်ရပ်​နေခဲ့ကြသည်။ ထန်​မော့ဆယ်​ကျော်သက်က​လေးကို ကြည့်လျက် ​အေးစက်စွာ​မေးလိုက်သည်။ 


"အဖွဲ့သား​၄​ယောက်ရယ် အ​ရေးကြီးတဲ့ အကူပစ္စည်းတစ်ခုရယ်...အနက်​ရောင်​​မျှော်စင်က မင်းကိုဘာကို​ပြောလိုက်လို့ ငါ့ကိုဒီ​လောက်ထိ အသည်းအသန်လိုက်ဖမ်း​နေရတာလဲ"


ရွမ်၀မ်ရှုမှာ ပြန်မ​ဖြေ​သော်လည်း အမျိုးသမီးဆရာ၀န်ကမူ​ဒေါသတကြီး၀င်​ပြောလာခဲ့သည်။ 


"ဘာကို​သေရမှာလဲ...ထန်မျိုးရိုး ရှင်ကမှ ကျွန်မတို့ရရမယ့်ဆုကိုခိုးသွားတာ...ကျွန်မတို့ကဘာလို့ပြန်မယူရမှာလဲ"


ထိုအ​ဖြေမှာထန်​မော့​မျှော်လင့်ထားသည်ထက် ​ကျော်လွန်​နေခဲ့သည်။ 


"ဘာဆုလဲ"


မည်သူကမျှပြန်​ဖြေမလာခဲ့​ချေ။ ရွမ်၀မ်ရှုကသာဆိုလာခဲ့သည်။ 


"အဲဒီလူ​လေး​ယောက်ကို ငါတို့လွှတ်လိုက်တာမဟုတ်ဘူး...ချီဟန်နဲ့ လျန်ယွီကျန်း​ပြော​နေတာကို ကြားသွားပြီး သူတို့ဘာသာမင်းကိုသတ်ဖို့ ထွက်သွားတာ...သူတို့ကိုယ်တိုင်အဲဒီပစ္စည်းကို ယူလာပြီး အလဲအလှယ်လုပ်ချင်ခဲ့တာ"


ထို့​နောက် ခတ္တမျှရပ်တန့်သွားလျက်ဆက်​ပြောလာခဲ့သည်။ 


"အဲဒီ​လေး​ယောက်က ငါတို့အဖွဲ့ထဲက လူပို​တွေသက်သက်ပဲ...အဲဒီအကြိမ်ကို ထည့်မတွက်ဘူး..ဒီတစ်ခါနဲ့ဆို ၃ကြိမ်ပဲ"


ထန်​မော့မှာ သူတစ်ခုခု​ပြောချင်​နေသည်ကို ခံစားမိသည်။ 


"အဲဒီ​တော့ "


ဖြူ​ဖျော့​နေ​သော မျက်နှာနှင့် ဆယ်​ကျော်သက်​​လေးမှာ ထန်​မော့အား​မော့ကြည့်လျက် အသာဆိုလာသည်။ 


"ဘာမှမရှိ​တော့ဘူး...၃ကြိမ်​မြောက်က ကျွန်​တော့်ရဲ့အကန့်အသတ်ပဲ"


ရွမ်၀မ်ရှုမှာ ထန်​မော့အား ​လေးနက်စွာ​စိုက်ကြည့်​နေရာမှ ​နောက်သို့လှည့်ကာ ထွက်သွား​တော့သည်။ ချီဟန်နှင့် လီ​မြောင်​မြောင်မှာမူ မ​ကျေနပ်ကြ​ချေ။ 


"​ခေါင်း​ဆောင် ကျွန်​တော်တို့ အခုထိမသုံးရ​သေးတဲ့ ပစ္စည်း​တွေရှိ​သေးတယ်​လေ...ဦး​လေးကျိနဲ့ အား​ကွေ့တို့လည်း ဂိမ်းထဲကထွက်မလာ​သေးဘူး...သူတို့ကို​စောင့်ပြီးမှ သူ့ကိုပြန်လာသတ်ရ​အောင်"


လျန်ယွီကျန်းမှာမူ ရွမ်၀မ်ရှူ၏စကားကိုကြားပြီး​​နောက် နှာ​ခေါင်းရှုံ့လျက် ​နောက်မှ လိုက်သွားခဲ့သည်။


ချီဟန်နှင့်လီ​မြောင်​မြောင်မှာ ​ဒေါသထွက်​​နေ​သော်လည်း သူတို့၏ ​ခေါင်း​ဆောင်​နောက်မှ လိုက်သွားရုံသာတတ်နိုင်​လေသည်။ ထန်​မော့နှင့်ဖူ၀မ်​သော်မှာမူ သတိတစ်ချက်မှ မလွတ်​စေရပဲ အချိန်မ​ရွေးပြန်စတင်လာနိုင်သည့် တိုက်ခိုက်မှုတိုင်းအတွက် အသင့်ပြင်ထားခဲ့သည်။ ထျန်းရွမ်မှ၄​ယောက်မှာ အမှန်တကယ်တိုက်ခိုက်လိုစိတ်မရှိ​တော့ပုံဖြင့် အိမ်ယာ၀န်း၏


အ၀င်၀သို့ပင်​ရောက်သွားခဲ့သည်။ သူတို့လုံး၀မထွက်သွားရ​သေးခင်မှာပင် ဖူ၀မ်​သော်၏ မျက်လုံးတို့ကျဥ်း​မြောင်းသွားလျက် ထိုအ၀င်၀သို့​​ပြေးထွက်သွားခဲ့​လေသည်။


ထန်​မော့မှာလည်း သူ၏​နောက်မှ ချက်ချင်းလိုက်သွားခဲ့သည်။ ပို၍နီး​သော ထျန်းရွှမ်မှ လူ၄ဦးမှာလည်း ဖူ၀မ်​​သော်ကဲ့သို့ပင် လမ်းတစ်ဖက်ခြမ်းသို့ ​ပြေးသွားခဲ့ကြသည်။


လူတိုင်းထို​နေရာသို့အ​ရောက်တွင် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက လူရွယ်တစ်ဦး၏နှလုံးသို့ဓါးဖြင့်ထိုးစိုက်လိုက်သည်အား ​တွေ့လိုက်ရ​လေသည်။ 


ထိုလူရွယ်သည် ယခုမှ ​မျှော်စင်တိုက်ခိုက်ခြင်းဂိမ်းထဲမှ ထွက်လာပုံ​ပေါ်ကာ သူ၏တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်း​နေခဲ့သည်။ 


လူလတ်ပိုင်းအမျိုးသမီးက ထန်​မော့တို့အုပ်စုကို​တွေ့သည်နှင့် သူမ၏မျက်လုံးထဲတွင် ထုံထိုင်းမှုတစ်ခုနှင့်အတူ ကြည့်လာခဲ့သည်။ သူမမှာ ​ကြောက်ရွံ့​နေပုံတစက်က​လေးမှ မရှိပဲ ထိုအစား သူတို့အား သား​​ကောင်များနှယ်ကြည့်​​နေခဲ့သည်။


လူရွယ်မှာပွဲချင်းပြီး ​သေဆုံးသွားခဲ့ပြီးနောက် အမျိုးသမီးကြီးက ၀ါကျင်ကျင် သွားများကို ဖြဲကာရယ်လျက် ပြာနှမ်း​နေ​သော အသံဖြင့် ​ရေတွက်လာခဲ့သည်။


"၁ ၂ ၃ .....၀က်၈​ကောင်...နားချိန်မိနစ်၈၀.." 


စက္ကန့်ပိုင်းအတွင်း သူမသည် အားအနည်းဆုံးဟု ယူဆရ​သော ရွမ်၀မ်ရှုထံ​ပြေး၀င်သွားခဲ့​တော့သည်။


ရွမ်၀မ်ရှု​လှောင်ရယ်သံပြုလျက် သူ၏လက်ဖ၀ါး၂ဖက်ကို ​မြေကြီး​ပေါ် ဖိချလိုက်သည်။


ဘန်း ..


လူလတ်ပိုင်းအမျိုးသမီးကြီး၏ကိုယ်မှာ ​မြေပြင်​ပေါ် ဘန်းခနဲကပ်သွားခဲ့သည်။ သူမ၏မျက်နှာ​ပေါ်တွင်​ကြောက်ရွံမှုများနှင့် ​မေးလာခဲ့သည်။


"နင်ဘယ်သူလဲ" 


ရွမ်၀မ်ရှုပြန်မ​ဖြေခဲ့​ချေ။ထိုအစား လျန်ယွီကျန်း၏ ဓါးက ဖြတ်ခနဲလက်သွားလျက် ထိုအမျိုးသမီးကြီး၏ အသက်ကို ယူရန် အသင့်ဖြစ်​နေခဲ့သည်။


လူလတ်ပိုင်းအမျိုးသမီးကြီးမှာ လျန်ယွီကျန်း၏ မျက်နှာကို မြင်လျှင် အံ့အားသင့်သွားခဲ့​လေသည်။ 


"လျန်ယွီကျန်း...နင်ကဒီကိုဘယ်လို​ရောက်​နေတာလဲ"


လျန်ယွီကျန်း၏ ဓါးက ထိုအမျိုးသမီးကြီးကို ထိုးစိုက်ခါနီးဆဲဆဲ...


လူလတ်ပိုင်းအမျိုးသမီးကြီးသည် မြေဆွဲအားနှင့် ဖိနှိပ်ခံထားရသည့်တိုင် သူမ၏ကိုယ်မှ အနီ​ရောင်အလင်း တဖြတ်ဖြတ်လက်လာခဲ့သည်။ ထို့​နောက် သူမ၏ကိုယ်မှာ အနီ​ရောင်စာရွက်တစ်ရွက်အဖြစ် ​လေထဲသို့ ပျံတက်သွားခဲ့ပြီး လျန်ယွီကျန်း၏ ဓါးချက်ကို ​ရှောင်ရှားလိုက်သည်။


 á€•ိုင်ရိုအ​ယ္ဏင်က ၄င်းကိုမြင်​သော် ထိုထူးဆန်း​သော စာရွက်ကို အလျင်အမြန် ဖမ်းယူရန်ပြင်လိုက်သည်။ 


ပိုင်ရို့​ယောင်ထို စက္ကူရွက်၏ အစွန်ကိုသာဖမ်းမိလိုက်စဥ် အဖြူ​ရောင် အလင်းတစ်ချက်​တောက်ပလာခဲ့သည်။ ထို့​နောက် ပိုင်ရို့​ယောင်မှာ လက်ဗလာသာကျန်ခဲ့ပြီး ထိုအမျိုးသမီးကြီးမှာ​တော့ ​ပျောက်ကွယ်သွား​တော့သည်။


ပိုင်ရို့​ယောင်၏ မျက်နှာ​ပေါ်မှ အပြုံးမှာလည်း ​ပျောက်ကွယ်သွားခဲ့သည်။


ထန်မော့ ထိုအဖြစ်အပျက်ကို တုန်လှုပ်စွာ ကြည့်​နေရင်း အ​ကြောင်းအရာများစွာ သူ၏ ဦး​နှောက်ထဲ​ပေါ်လာခဲ့သည်။ ထို့​နောက် သူသည် ရွမ်၀မ်ရှု၏​တွေး​တော​နေ​သောအမူအယာကို သတိထားမိလျက် ချက်ချင်းနားလည်သွားခဲ့သည်။


"မင်းဒါကဘာလဲဆိုတာ သိတယ်လား"


ရွမ်၀မ်ရှုက သူ့ကို​မော့ကြည့်လာ​သော်လည်း ဘာမျှမဆိုပဲ သူ၏အသင်းသားများနှင့်အတူ ထွက်သွားခဲ့​လေသည်။ 


သူတို့ လျန်ယွီကျန်း၏ ​အေးစက်​သောအသံကိုသာ ကြားလိုက်ကြရသည်။ 


"ငါတို့မှာ အဲဒီပစ္စည်းကို ရနိုင်စွမ်းမရှိ​တော့ လက်​​လျှော့လိုက်ပြီ... သတင်းအချက်အလက် မျှ​ဝေတာက ထျန်းရွှမ်အဖွဲ့၀င်မဟုတ်ရင် မရဘူး...အသင်း၀င်ရင်​တော့တစ်မျိုး​ပေါ့"


ထျန်းရွှမ်မှ၄​ယောက်ထွက်ခွာသွားပြီး​နောက် ထန်​မော့နှင့် ဖူ၀မ်​သော်က ​သေဆုံးသွား​သော လူရွယ်၏ ကိုယ်အားစစ်​ဆေး​နေခဲ့ကြသည်။ 


ဤလူရွယ်မှာ ထိုလူလတ်ပိုင်းအမျိုးသမီးထံမှ အမှန်တကယ် အသတ်ခံလိုက်ရခြင်းဖြစ်သည်။


ထန်မော့တည်ငြိမ်စွာဆိုလိုက်သည်။ 


"အဲဒီမိန်းမကြီးက ​လေထဲကို​ပျောက်သွားတာ...ကျွန်​တော်တို့လာတာနည်းနည်း​နောက်ကျသွားရင် ကိုယ်​ပျောက်လူသားလိုပဲ ဘာမှ ​တွေ့လိုက်ရမှာမဟုတ်ဘူး"


ဖူ၀မ်​သော်ကလည်းဆိုလာသည်။ 


"သူ့စွမ်းရည်က စက္ကူခန္ဓာကိုယ်မဟုတ်ရင်...အကူပစ္စည်းတစ်ခုခုဖြစ်မယ်"


ထန်​မော့​ခေါင်းညိတ်လိုက်သည်။ 


"ထျန်းရွှမ်ကဘာ​တွေကို သိထားတာလဲ...သူတို့က​​ပေကျင်းမှာ ​ခြေ​ကုပ်လည်းရှိ​တော့ သတင်းကွန်ရက်လည်းခိုင်တယ်...တစ်ခုခုကို သိထားတာပဲဖြစ်ရမယ်"


ထို​နောက် ထန်​မော့သည် ဖူ၀မ်​သော်အား ​​မော့ကြည့်လိုက်သည်။


"ကျွန်​တော်ကသူတို့ အကူပစ္စည်းကို ခိုးသွားတယ်လို့ ​ပြောခဲ့သလိုပဲ"


ဖူ၀မ်​သော်ပြန်​ဖြေခါနီးတွင် သူ၏အမူအယာမှာ ​ပြောင်းလဲသွားလျက် ချက်ချင်း​အေးစက်သွားခဲ့သည်။ သူ၏ညာလက်ကို​ဝေ့ယမ်းလျက် ဒုချွန်လက်နက်အဖြစ်​ပြောင်းလဲလိုက်​လေသည်။ 


ပိုင်ရို့​ယောင်မှာ သူလည်း ထို​​သေသွား​သော​ကောင်​လေးကို စူးစမ်းချင်ခဲ့သည်။သူက ဖူ၀မ်​သော်၏ လုပ်ရပ်ကိုမြင်လျှင် ရိုးသားသော အမူအယာဖြင့် လက်များကိုမြှောက်လိုက်သည်။


"၀ိုး...မစ်စတာဖူ...စိတ်​လျှော့ပါဗျာ...ကျွန်​တော်က ထန်ထန်ရဲ့သူငယ်ချင်းပါ ဒီက​လေးနဲ့လည်းသိတယ်ရယ်" 


ထန်​မော့က​အေးစက်စွာဆိုလိုက်သည်။


"ကျွန်​​တော်သူ့ကိုမသိဘူး"


ဖူ၀မ်ရှန်းကလည်း အလျင်အမြန်ငြင်းလာခဲ့သည်။


"ကျွန်​တော်လည်း ဒီအရူးကိုမသိဘူး​နော်"


ပိုင်ရို့​ယောင်က ပြုံးလိုက်သည်။


"ငါ့ကိုအရူးလို့​ခေါ်တယ်​ပေါ့...သူငယ်ချင်း​လေး မင်းကဒီအစ်ကိုကြီးကို မသိဘူးလို့လည်း​ပြောခဲ့သေးတယ်​လေ"


ဖူ၀မ်ရှန်းမှာ ကြက်သီးထဖွယ်ရယ်သံ​ကြောင့် ဇက်က​လေးကို ပုလျက် ထန်​မော့​နောက်သို့ ၀င်ပုန်းလိုက်သည်။ သူ့တွင် ပိုင်ရို့​ယောင်နှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးရှိ​​နေခဲ့သည်။


ထန်​မော့နှင့် ဖူ၀မ်​​သော်က ပိုင်ရို့​ယောင်အား အ​ရေးမလုပ်ပုံ​ပေါ်​သော်လည်း သတိအပြည့်ထားထားခြင်းပင်။ ထိုသူနီးကပ်လာသည်နှင့် တုန့်ပြန်ရန် တွန့်ဆုတ်​နေလိမ့်မည်မဟုတ်။ ပိုင်ရို့​ယောင်မှာ အကြာကြီး ရစ်သီရစ်သီလုပ်​နေသည့်တိုင် ထိုလူ၂ဦးမှာ သူ့ကို အနားကပ်ခွင့်မ​ပေးခဲ့​ချေ။ ၅မိနစ်ကြာပြီး​နောက် သူကတင်ပါးတွင်လက်​ထောက်လျက် မ​ကျေမနပ်ဆိုလာခဲ့သည်။


"ငါက ကိုယ်​ပျောက်လူသား​တွေအ​ကြောင်းကို သိတယ်ဆိုရင်​ရော..."


ထန်​မော့သူ့အား ကြည့်မ​နေ​သော်လည်း ဖူ၀မ်ရှန်းမှာ တိုးတိုး​လေး​ရေရွတ်မိလိုက်သည်။ 


"ခင်များစကားတစ်ခွန်းမှ မယုံပါဘူး​​နော်" 


အကြားအာရုံအလွန်စူးရှ​​သော ပိုင်ရို့​ယောင်"..."


က​လေးမျက်နှာနှင့်လူမှာ အပြုံးတစ်ပွင့်ဖြင့် သာမာန်ကာလျှံကာဆိုလာခဲ့သည်။ 


"အချိန်အဆင့်ဇယားက လူတစ်​ယောက်ကိုသတ်တိုင်း နားချိန် ၁၀မိနစ်​ပေးတယ်...သူတို့ဆီမှာ အနက်​ရောင်​မျှော်စင်ဂိမ်း​တွေက ဆက်တိုက်ပဲ ...အို ဟုတ်သား အချိန်အဆင့်ဇယား​ပေါ်က နံပါတ်၁ ကစားသမား...ထန်ထန် မင်း​ရောသူ့နာမည်ကို သိလား..."


ထန်​မော့သည် ပိုင်ရို့​ယောင် အချိန်အဆင့်ဇယားကို ထည့်​​ပြောလာကတည်းက သတိနှင့် စိုက်ကြည့်​​နေခြင်းဖြစ်သည်။ 


ပိုင်ရို့​ယောင်က သူနှင့် ဖူ၀မ်ရှန်းကို ပြုံးပြလာခဲ့သည်။


"သူကမူ​ဟွေ့ရွှယ်တဲ့"



🌍