ဆူညံစွာငိုကြွေးသံများ၊ ရယ်မောသံများနှင့် ဟောက်သံများ။ စားပွဲနှင့် ကုလားထိုင်များ၏ပြင်းထန်ပြင်းထန် တိုက်မိသွားသည့် ကြောက်စရာကောင်းသော အသံများ။ ပြီးနောက် ကြမ်းပြင်ထက်၌ ထိုင်ခုံခြေထောက်ပွတ်ဆွဲသွားလေသည့် ထက်ရှသည့်အသံတစ်ခု။ ထိုဖြစ်ရပ်များနှင့် တစ်ချိန်တည်းမှာပင် ပြင်းထန်စူးရှသည့်သွေးနံ့က မျက်လုံးနှင့်နှာခေါင်းကိုဖြတ်လျက် ထွက်ပေါ်လာ၏။
သို့ပေသိ သူသေဆုံးပြီးချိန်တွင် သူ့အသိကလွတ်ထွက်မသွားပဲ ထိုအစား သူ့ရုပ်ခန္ဓာကိုစွန့်ခွာသွားသည်ကို တွေ့လိုက်ရ၏။
မဟုတ်သေးချေ။ ယင်းက သူ၏သေဆုံးပြီးဝိဥာဥ်ဖြစ်ကာ မြို့တော်ရှိဒုတိယမြောက်စိတ်ရောဂါအထူးကုဆေးရုံကြီး၏ဧည့်ခန်းမထက်တွင် မြောလွင့်နေခြင်းဖြစ်သည်ပင်။
မော့တိမှာ သူသေဆုံးပြီးသရဲတစ်ကောင်ဖြစ်လာကြောင်းကို လက်ခံနိုင်ဖို့ရာ ဆယ်စက္ကန့်မျှ အချိန်ယူလိုက်ရ၏။ သူက ကွဲအက်နေသည့်အရေပြားနှင့် စွန်းထင်နေလေသည့်သွေးများ၊ အနက်နှင့်အနီတို့ရောထွေးနေသည့် ဆေးရုံအဝတ်အစားများ၊ ပြီးနောက် ပုံပျက်ပန်းပျက်ဖြစ်နေသည့်ခြေကျင်းဝတ်တို့ဖြင့် မြေပြင်ပေါ်ရှိ အေးစက်နေသည့်အလောင်းကို ကြည့်လိုက်သည်။
သူ၏သေဆုံးပုံသေဆုံးနည်းက အတော်လေးဆိုးဝါးသည်ဟုတွေးမိသော်ငြား ယင်းကဘာများထူးခြားသည်လဲ။ သူ့ဘဝတစ်ခုလုံးက ဆိုးရွားခဲ့သည်ပင်။
ယခင်က ခန်းမကျယ်ထဲတွင်ရှိနေသည့် ဆရာဝန်နှင့်သူနာပြုများမှာ ဘယ်ရောက်ကုန်ပြီလဲ သူမသိချေ။ စိတ်ပိုင်းဆိုင်ရာမကျန်းမာသူများသာ ခန်းမအတွင်း ဆူညံစွာအော်ဟစ်လျက် ကျန်ခဲ့ကြသည်။ ရှေ့နှင့်နောက်တံခါးများကို သော့ခတ်ထားခြင်းခံရကာ သွေးများဖြင့် ဖုံးလွှမ်းနေသော လူနာများစွာ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားပြီး ခန္ဓာကိုယ်(may be-အလောင်း)အရေအတွက်သည်လည်း ဆက်လက်တိုးပွားလျက်ဖြင့် ပရမ်းပတာဖြစ်၍နေသည်။
ထိုအချိန်တွင် စိတ်လှုပ်ရှားဖွယ်ရာ သီချင်းသံက အဓိကရုဏ်းကိုဖြတ်လျက် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ မော့တိ သူ့မျက်လုံးများကို လှည့်ကြည့်လိုက်ရာ လူနာတစ်ဦးက အဝေးထိန်းခလုပ်ကိုင်ထားရင်း ရုပ်မြင်သံကြားရှိ ဟွာရှားဖျော်ဖြေရေးချန်နယ်လ်ကို ဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။
စခရင်ထက်ရှိမြင်ကွင်းမှာ ကောင်းကင်ဘုံတမျှ ခမ်းနား၍နေသည်။ ရိုမန့်တစ်ဆန်သည့် ဇိမ်ခံ စိန်စီနှင်းဆီခန်းမ၏ လျှောက်လမ်းထက်တွင် ပွင့်ဖတ်များက ပျံဝဲကာပြန့်ကြဲလျက်ရှိသည်။ အခမ်းအနားဝတ်စုံကို ၀တ်ဆင်ထားသော စုံတွဲတစ်တွဲက ရင်ခုန်စွာ နမ်းရှုံ့နေကြပုံမှာ အလွန်ပင် ကြည်နူးစရာကောင်းလှသည်။
ကင်မရာဖြတ်သန်းသွားရာတစ်လျှောက်တွင် မော့တိက သူရင်းနှီးနေသည့် သူ့"မိသားစုဝင်"များ၏ မျက်နှာများကို တွေ့လိုက်ရသည်။ မော့မိသားစုရှိလူတိုင်းက ဝမ်းသာမျက်ရည်များ စီးကျလျက်ရှိသည်။
မော့တိချက်ချင်းဆိုသလို သတိရလိုက်သည်။ ယနေ့က ဟွာရှားရှိအချမ်းသာဆုံးမိသားစုမှသားဖြစ်သူ ချင်ချန်းယီနှင့် မော့မိသားစု၏ ကြီးမြတ်သောသခင်မလေး၊ ငယ်ရွယ်သည့်ရုပ်ရှင်ဘုရင်မမော့လျှိုကွေ့တို့၏ လက်ထပ်ပွဲနေ့ပင်။ သူတို့နှစ်ဦးစလုံးက ဟွာရှားတွင် နာမည်ကြီးသည့် big shotများဖြစ်ကြသောကြောင့် ဤမင်္ဂလာပွဲက အာရုံစိုက်ခံရလေသည်။ တည်ထောင်ထားသမျှ မည်သည့်ဖျော်ဖြေရေးချန်နယ်လ်မဆို ဤအဖြစ်အပျက်အား ထုတ်လွှင့်ကြပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူ(မော့တိ)၏မွေးနေ့လည်း ဖြစ်ချေသည်။
သူတို့က အလွန်ကောင်းမွန်သည့်နေ့ကို ရွေးချယ်ထားသည်ပင်။ မော့တိက ခေါင်းကို ငုံ့ကာ သူ၏ ရုပ်ဆိုးပြီး ရွံရှာဖွယ်ကောင်းသော အလောင်းကို ကြည့်လိုက်သည်။ သူ့နှလုံးသားက အေးစက်ကာထုံထိုင်းနေသော်ငြား နာကျင်မှုနှင့်အမုန်းကို ခံစားနေနိုင်ဆဲပင်။
စိတ်လှုပ်ရှားနေသည့် စိတ်ရောဂါသည်များက သူ၏ပုံပျက်ပန်းပျက်ဖြစ်နေသောအလောင်းပေါ်မှ အော်ဟစ်ကာပြေးလွှားနေကြပြီး အရေပြားအချို့အား ကွာကျသွားစေသည်။
မော့တိက ချက်ချင်းဆိုသလို ပြုံးလိုက်သည်။ သူ၏ဖောက်ထွင်းမြင်နိုင်သောခန္ဓာကိုယ်ဘေးပတ်လည်တွင် အနက်ရောင်အရှိန်အဝါများ ထွက်ပေါ်လာသည်ကို သတိမပြုမိခဲ့ချေ။
သူ့ဘဝကို ပြန်ကြည့်မိရာ ရယ်စရာကောင်းသည့် ကြေကွဲစရာ၊ အဓိပ္ပါယ်မဲ့ဟာသတစ်ခုဟုသာ တွေးလိုက်မိသည်။
သူမှတ်မိနိုင်သည့်အရွယ်ကတည်းက မော့မိသားစုရှိမည်သူကမှ သူ့အားမနှစ်သက်ချေ။ သူ့မိခင်က သူ့ကိုဘယ်တုန်းကမှ ဂရုမစိုက်သလို သူ့ဖခင်ကလည်းသူ့အား တစ်ချက်ကလေးပင် ပွေ့ဖက်မပေးခဲ့။ သူ့အဖိုးဖြစ်သူက သူ့ကိုတစ်ကြိမ်လေးပင် ပြုံးမပြခဲ့ဖူးချေ။ သူ့အစ်ကိုများကလည်း သူ့ကိုလျစ်လျူရှုလျှင်ရှု မဟုတ်ပါက ရိုက်နှက်ကြပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် မော့လျှိုကွေ့၊ သူ၏အမွှာအစ်မကမူ မိသားစုတစ်ခုလုံး၏မင်းသမီးလေးဖြစ်သည်။ သူမည်မျှပင် လိမ္မာပြီးနာခံတတ်ပါစေ အရေးကြီးမနေပေ။သူ့တောင့်တနေခဲ့သည့် ချီးမွမ်းမှုတို့အား သူ့ညီမက အကြိမ်ထောင်းသောင်းမကကြားရပေလိမ့်မည်။
သူတောင်းပင်မတောင်းဆိုရဲသည့် သူ့မိခင်၏ပွေ့ဖက်မှုတို့အား သူ့ညီမကသာ အမြဲပိုင်ဆိုင်ရပေလိမ့်မည်။
သူ၏မှတ်ဥာဏ်ထဲရှိ အမြဲလိုလိုသူ့အား မထီမဲ့မြင်ဖြင့်လျစ်လျူရှုကာ ပြင်းပြင်းထန်ထန် ဆက်ဆံတတ်သည့် သူ့ဖခင်က သူ့ညီမကို နောက်ကျောတွင် ချီပိုးထားပေလိမ့်မည်။ သူမကိုပွေ့ဖက်ကာ သူမအားသူ့ပုခုံးထက်တွင်တင်လျက် သူမကိုနမ်းရှုပ်ပြီး "ချစ်သည်းလေး"ဟု ခေါ်ပေလိမ့်မည်။
ပြီးနောက် သူ့ကိုလျစ်လျူရှုရုံမျှမက မနှစ်သက်ကြသည့်အပြင် အကြောင်းပြချက်မရှိပဲ သူ့အားရိုက်နှက်တတ်ကြသည့် သူ့အစ်ကိုများကလည်း သူတို့ညီမငယ်လေးအတွက် ညီမရူးရူးနေကြသည့် အစ်ကိုများဖြစ်သွားလိမ့်မည်။
မော့တိကျ ဝမ်းနည်းခြင်းသွေးမျက်ရည်တို့ တိတ်တဆိတ်ကျဆင်းရင်း ပျော်ရွှင်နေကြသည့် မော့မိသားစုဝင်များကို စိုက်ကြည့်လိုက်လေသည်။
မူလက သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ဘာကိုမှမမျှော်လင့်တော့ဟု တွေးခဲ့သော်လည်း ယခုအခါ သူသေသွားခဲ့ပြီဖြစ်သည်။ မော့မိသားစုက ပျော်ရွှင်စွာရယ်မောရခြင်းတို့ဖြင့် ပြည့်နှက်နေချိန်တွင် သူကတော့ ဤညစ်ပတ်သည့်စိတ်ကျန်းမာရေးဆေးရုံ၌ ရုပ်ဆိုးပြီးအကျည်းတန်သော သေဆုံးမှုဖြင့် သေဆုံးသွားခဲ့ရ၏။ ဝမ်းနည်းမှုနှင့် ခါးသက်သောနာကြည်းမှုတို့က စုစးပေါင်းလာပြီး ထိန်းမနိုင်သိမ်းမရစွာဖြင့် အမုန်းတရားတို့အား ဖြစ်ပေါ်လာစေကာ သူ၏ တဖြည်းဖြည်း ပြိုလဲလာသော စိတ်ဓာတ်ကို နှိပ်စက်နေခဲ့သည်။
မော့တိက ရုတ်ခြည်းပင်ကိုယ်ကိုလှည့်ကာ ပိတ်ထားသည့်တံခါးထံ အလျင်အမြန် သွားလိုက်သည်။ တစ်နိုင်ငံကအာရုံစိုက်နေသည့် ရာစုနှစ်၏လက်ထပ်ပွဲဟုလူအများခေါ်ကြသော မင်္ဂလာပွဲကို သူကြည့်ချင်မိသည်။ သူ၏မြင့်မြတ်ပြီးကျက်သရေရှိလှပါသည့် မိသားစုဝင်များ၊ သူ့မိသားစုနှင့်ပူးပေါင်းကာ သူ့ကိုသစ္စာဖောက်လျက် သူ့အား စိတ်ကျန်းမာရေးဆေးရုံသို့ပို့လိုက်သည့် "သူငယ်ချင်းကောင်း"ဆိုသူတို့ မည်မျှပျော်ရွှင်နေသည်ကို ကြည့်လိုလှသည်။
သို့သော်လည်း သူစိတ်ကျန်းမာရေးဆေးရုံ၏နံရံကို ဖြတ်မသွားနိုင်ခဲ့ပေ။
မော့တိတစ်ယောက် သူ၏စိတ်ဝိဥာဥ်မှာ သူ့နှလုံးသားမှသည် သူ၏ခန္ဓာကိုယ်၊ ခြေလက်များနှင့် မျက်နှာကိုပါ လွှမ်းခြုံထားသည့် အနက်ရောင်ရောင်ဝါတို့ဖြင့် ပြည့်နှက်နေသည်အား သတိမထားမိခဲ့ပေ။ သို့သော်လည်း ထိုအနက်ရောင်ရောင်ဝါများက အရာဝတ္ထုတစ်ခုအဖြစ်အကောင်အထည်ပေါ်လုနီးနီး သိပ်သည်းလာချိန်တွင် မည်သည့်နေရာကမှန်းမသိသော အဖြူရောင်အလင်းတစ်ခုက ပေါက်ကွဲထွက်ကာ မော့တိကို လွှမ်းခြုံသွားလေသည်။
အဖြူရောင်အလင်း၏အလယ်ဗဟိုတွင် စာအုပ်တစ်ခုရှိနေသည်။
မော့တိမှ စာအုပ်ကိုဖယ်ရှားရန် လက်ကိုဝှေ့ယမ်းလိုက်သော်လည်း သူဘာပဲလုပ်လုပ် စာအုပ်မှာ သူ့အား ပါဝင်သည့်အကြောင်းအရာတို့ကို ဖတ်စေရန် အတင်းအကြပ် တည်ရှိနေခဲ့သည်။
အချိန်အချို့ကြာပြီးနောက် မော့တိအသိပြန်ကပ်လာ၏။ သူကစိတ်ကျန်းမာရေးဆေးရုံမှထွက်လာပြီး သူ့အလောင်းအားမီးသဂြိုလ်သွားရာနောက်ကို လိုက်နေခဲ့သည်။ မသိလိုက်ပါပဲ သူ့မျက်ဝန်းမှ သွေးနီရောင်မျက်ရည်စီးကြောင်းနှစ်ခု စီးကျလာခဲ့သည်။
သူ့ဘဝသည် အခြားသူများ စီစဉ်ပေးသည့် ဟာသတစ်ပုဒ်မျှသာ ဖြစ်ချေသည်။ မော့တိမှာ လူကြိုက်များသော ဝတ္ထုတစ်ပုဒ်ဖြစ်သည့် "လူတိုင်းကငါ့ကိုအရူးအမူးချစ်ကြတယ်"မှ အမြောက်စာလေးတစ်ယောက်သာ ဖြစ်သည်။ သူ့ဇာတ်ကောင်က အဓိကဇာတ်ဆောင်မင်းသမီး(ဇာတ်လိုက်မ)ရရှိခဲ့သည့် ချစ်ခြင်းတရားနှင့်မြတ်နိုးမှုတို့အား ယှဥ်ပြရန်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
...ပြီးတော့ ဘာမှထပ်မရှိတော့ချေ။
ဒါကြောင့် သူ့က ဘယ်သူ့ဆီမှအချစ်ခံရဖို့ မထိုက်တန်တာလား။ အမုန်းတရားနဲ့ ငြင်းဆိုမှုတွေ ၊ နာကျင်ခံစားရမှုတွေနဲ့ပဲ ထိုက်တန်တာလား။ ဒါကြောင့် မွေးကတည်းက သူ့မိသားစုဆီက မနှစ်မြို့မှုနဲ့ပဲ ထိုက်တန်တာလား။ အဲဒါကြောင့် စံနှစ်ထပ်နဲ့ဆက်ဆံခံရသင့်တာလား။(double standard - လူအုပ်လိုက်မှ မတရားသဖြင့် ဆက်ဆံခြင်း၊ လူအများထံမှ တရားမျှတစွာဆက်ဆံမခံရခြင်း) သူ့သူငယ်ချင်းတွေက သူ့ညီမကိုနှစ်သက်ကြတာကြောင့် သူ့ကိုသစ္စာဖောက်တာမျိုးနဲ့ ထိုက်တန်တာလား။ သူ့အစ်မကသူ့ကို"ထိခိုက်အောင်"လုပ်ခဲ့တဲ့အတွက် သူမကိုလဲကျစေမိတဲ့အခါ စိတ်ကျန်းမာရေးဆေးရုံကို ပို့ခံရဖို့ထိုက်တန်တာလား။ ထပ်ခါတလဲလဲ နှိပ်စက်ခံရပြီး နောက်ဆုံးတော့ ဒီစိတ်ဝေဒနာရှင်တွေရဲ့ လက်ထဲမှာ သေဆုံးသွားဖို့ ထိုက်တန်တာလား။
မော့တိက စာအုပ်ကိုကြည့်ပြီးနောက် သူ့အစ်မအား နတ်ဘုရား၏အမြင်မှ ကြည့်လိုက်သည်။ သူမမွေးဖွားလာသည့်နေ့မှစ၍ သူမပတ်ဝန်းကျင်မှလူများကို ရူးသွပ်သွားမတတ် သူမအားချစ်စေခဲ့သည်။ သူမ၏ဘဝတစ်ခုလုံးက ချစ်မေတ္တာများထုံမွှမ်းနေပြီး ချိုမြိန်မှုတို့ ပြည့်လျှံနေ၏။ ယင်းက ယုတ္တိမရှိသည့် ပျော်ရွှင်ပြီးချစ်ခြင်းတို့ပြည့်နှက်နေသည့် ဘဝတစ်ခုပင်။ စာအုပ်မှတစ်ဆင့် သူ့ဘဝကို သူမြင်ခဲ့ရသည်။ ယင်းက အမုန်းတရားများ၊ ငြင်းပယ်မှုများ၊ လျစ်လျူရှုမှုနှင့်သစ္စာဖောက်ခြင်းတို့ ပြည့်နေသည့် ဘဝတိုတိုလေးတစ်ခုသာ။
မော့တိ၏ ခြေထောက်များတွင် အနီရောင် မျက်ရည်များဖြင့် စွန်းထင်းနေခဲ့သည်။ သူရယ်မောလိုက်ချင်သော်ငြား မလုပ်နိုင်ခဲ့ပေ။ သူက လက်လှမ်းလိုက်ပြီး သူ့ဘဝကို ဝမ်းနည်းဖွယ်ဘဝတစ်ခုအဖြစ် ဖန်တီးခဲ့သည့် အနှီစာအုပ်အား ဆုတ်ဖြဲချင်ခဲ့သည်။
ပြီးနောက်တွင် ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတစ်ပြက်က စာအုပ်မှထွက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။
မြို့တော်၏တတိယဆေးရုံရှိ အတွင်းလူနာ ဆောင်။
ပိုးသတ်ဆေးနံ့များထုံလွှမ်းနေသည့် အခန်းတစ်ခုထဲတွင် တောက်ပသည့်အလင်းရောင်က အပြာရောင်လိုက်ကာစတို့အားဖြတ်လျက် ဆေးရုံကုတင်ခေါင်းရင်းထက်ကို ဖြာကျနေကာ ကုတင်ပေါ်တွင်လဲလျောင်းနေသည့် နေမကောင်းသည့်လူငယ်လေးအား ပို၍ဖြူဖျော့သွားစေသည်။
လေပြေတစ်သုတ်က ဖြတ်သွားပြီး လူငယ်လေး၏ ရှည်လျားသော မျက်တောင်များမှာ တုန်ရီလာသည်။ သူကမျက်လုံးကိုဖြည်းညင်းစွာ ဖွင့်လိုက်ပြီး မျက်နှာကျက်ကို မျက်လုံးများနီရဲလာသည်အထိ စိုက်ကြည့်နေခဲ့သည်။ သူမျက်လုံးတွေကို ပြန်မှိတ်လိုက်ချိန်တွင် ခံစားချက်များပျော်ဝင်နေသည့် မျက်ရည်တို့ စီးကျလာ၏။
မော့တိက သူ့လက်ချောင်းထိပ်တွေကို လက်ဖဝါးဖြင့် ဖိလိုက်သည်။ နာကျင်မှုက သူ့အာရုံကြောတစ်လျှောက် တစ်လွှာပြီးတစ်လွှာပျံ့နှံ့သွားသည်။ သို့သော်လည်း ကာလကြာရှည်ဆေးလိပ်စွဲနေသူတစ်ဦးက စီးကရက်ကောင်းတစ်လိပ်ကို ရှူရှိုက်လိုက်ရသလိုသာ ခံစားလိုက်ရသည်။ နာကျင်မှုကို ပိုမိုပြင်းထန်ပြီး ပိုခံစားနိုင်စေရန် သူ့အားကိုတိုးမြှင့်လိုက်လေသည်။
သူပြန်မွေးဖွားလာခဲ့တယ်။ လုံးဝမမျှော်လင့်ထားလောက်အောင် သူပြန်မွေးဖွားလာခဲ့တယ်။
ကြမ်းတမ်းသည့်အရူးများကြောင့် သေဆုံးခဲ့ရပြီး သရဲတစ်ကောင်ဖြစ်လာသောသူက ၊ ဇာတ်လိုက်မမည်မျှအချစ်ခံရကြောင်း ပြသရန်သက်သက်တည်ရှိခဲ့သည့်သူ့လိုအမြှောက်စာဇာတ်ကောင်လေးက လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအားတစ်ခုကြောင့် ပြန်လည်မွေးဖွားလာခဲ့ချေပြီ။
မော့တိက အသက်ပြင်းပြင်းရှူလိုက်ရင်း သူ့နှလုံးသားထဲမှ ရှုပ်ထွေးနေသော ခံစားချက်အားလုံးကို ရှင်းထုတ်ပစ်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ သူ့နှလုံးသားရှိ ဒေါသ၊ ဝမ်းနည်းမှုနှင့် နာကျည်းမုန်းတီးမှုတို့မှာ သူ့ဦးနှောက်နှင့်ရင်ဘတ်ကို လျင်မြန်စွာ ဖြတ်တိုက်သွားသည့် လေပြင်းတစ်ခုပမာ ကြမ်းတမ်းစွာ ဟိန်းဟောက်၍နေသည်။
ထိုအချိန်တွင် စိတ်ရှည်ခြင်းအလျဥ်းမရှိသည့် ခြေသံများနှင့်အတူ ကျယ်လောင်သော ဆူညံသံက သူ့နားထဲသို့ တိုးဝင်လာသည်။
မော့တိ၏နှလုံးသားလေးခုန်လှုပ်သွားသည်။ သူ့ရင်ထဲမှဆန်တက်လာသည့် ခံစားချက်တို့အား အလျင်အမြန်ပင် မြိုသိပ်လိုက်ရသည်။ သူက မျက်လုံးဖွင့်ကာ လှည့်ကြည့်လိုက်စဥ် တံခါးကိုအလျင်စလိုတွန်းဖွင့်ကာဝင်လာသော အနောက်တိုင်းဝတ်စုံကိုဝတ်ထားသည့် ကြည့်ကောင်းသောကောင်လေးဖြင့် မျက်နှာချင်းဆိုင်လိုက်ရသည်။ သူက crew cutကေဖြင့်ကောင်လေး၏နောက်မှ လိုက်လာခြင်းပင်။
မော့တိက သူ့အားဒေါသတကြီးဖိအားတို့ပေးနေသည့် ခန့်ညားသောကောင်လေးကိုကြည့်ကာ အံ့အားသင့်သွား၏။ ပြီးနောက်တွင် သူ့ရင်ထဲမှနေ၍ နှာခေါင်းရှုံ့လိုက်မိသည်။
ဒါက သူ့ရဲ့အထက်တန်းက အကောင်းဆုံးသူငယ်ချင်း ကျူးဝမ်ဇီမဟုတ်ဘူးလား။
ကျူးဝမ်ဇီက မော့လျှိုကွေ့ကို သဘောကျသဖြင့် သူ့ကိုချဥ်းကပ်ကာ သူ၏ညီအစ်ကိုကောင်းဖြစ်လာခဲ့သည်။ သို့သော်လည်း အပြင်ဘက်တွင်မူ မော့လျှိုကွေ့မှအထင်ကြီးလာစေရန် သူ့အပြုအမူတို့အား အမြဲလိုလို "အမှတ်မထင်" အဓိပ္ပါယ်လွဲမှားအောင် ပြုလုပ်ပေလိမ့်မည်။အဆုံးတွင် မော့မိသားစုနှင့်ပူးပေါင်းကာ သူ့အားစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ခဲ့လေသည်။
ဒါက သူ့ရဲ့ညီအစ်ကိုကောင်းကြီး ကျူးဝမ်ဇီပါတဲ့။
(မော့တိရဲ့past lifeက တအားကိုခွေးသွေးဆန်လွန်းသလိုခံစားရတယ်။ မချင့်မရဲနဲ့ဒေါသထွက်ရချက်ပါပဲ။)