အပိုင်း ၂
Viewers 28k

မော့တိက ခေါင်းငုံ့ကာ လက်သီးဆုပ်လိုက်သည်။ သူ့သွေးထဲတွင် ပြင်းထန်သည့်အရိပ်လက္ခဏာတို့ လျှံတက်လာသည်။
မော့တိက ဤမျှငြိမ်သက်နေပြီး အရှက်ရခြင်း သို့မဟုတ် နောင်တရခြင်းစသည့် အရိပ်အယောင်များမရှိသည်ကို မမျှော်လင့်ထားခဲ့သဖြင့် ကျူးဝမ်ဇီက ပို၍ဒေါသထွက်လာသည်။ သူကမော့တိဘေးသို့ အရှိန်မြှင့်ကာသွားလိုက်ပြီး ဒေါသတကြီးမေးလိုက်သည်။
"မော့တိ၊ ဒါဘာအဓိပ္ပါယ်လဲ၊ အနည်းဆုံးတော့ အပြစ်ရှိစိတ်လေးတောင် မခံစားရဘူးလား၊ မင်းကအစ်ကိုဝုဟန်ပြောသလိုပါပဲလား၊ ငါမင်းကိုအမြင်မှားခဲ့တာပဲ"
"ငါမင်းကို နောက်ဆုံးအနေနဲ့ အခွင့်အရေးပေးမယ်၊ ငါနဲ့လိုက်ပြီးလျှိုကွေ့ကိုတောင်းပန်ပါ၊ သူမက ကြင်နာသနားတတ်တယ်၊ မင်းကိုခွင့်လွှတ်မှာအသေအချာပဲ၊ ဒါပေမယ့် သူမကကြင်နာတတ်ပြီးပြောဆိုရလွယ်တယ်ဆိုပြီး မင်းသူ့ကိုအနိုင်ကျင့်လို့မရဘူးလေ၊ မင်းကသူမကို ထိခိုက်အောင်လုပ်ဖို့တောင် ကြိုးစားလိုက်သေးတယ်"
သူကမော့လျှိုကွေ့ကိုအနိုင်ကျင့်ပြီး ထိခိုက်အောင်လုပ်ခဲ့တယ်လား။
ယင်းကိုကြားပြီးနောက် မော့တိက ရယ်စရာကောင်းသလိုခံစားလိုက်ရကာ ဒေါသဖြစ်သွား၏။သူက စိတ်ထိခိုက်မှုအလျဥ်းမရှိဘဲ သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အရင်ဘဝက ဘယ်အချိန်မှာလဲဆိုသည်ကို ရုတ်တရက် သတိရလိုက်မိသည် ။
ကြည့်ရသည်မှာ သူစီနီယာနှစ်တွင် မော့လျှိုကွေ့ပေးသည့်သောက်စရာတစ်ခုခုကို သောက်လိုက်မိပြီး မူးသွားသည့်အချိန် ဖြစ်ပုံပင်။ ငါးမိနစ်အတွင်း သူ့ကိုယ်န္ဓာကိုယ်က နီရဲပြီးယောင်ယမ်းလာခဲ့သည်။ အသက်ရှုရခက်ပြီး အသက်ရှုကြပ်ကာ သေဆုံးလုနီးပါးဖြစ်ခဲ့သည်။ အဆုံးတွင် အရေးပေါ်ကုသရန်အတွက် ဆေးရုံကိုအပို့ခံလိုက်ရ၏။ အရေးပေါ်ကားထဲအသယ်မခံရမှီတွင် သူကမော့လျှိုကွေ့ကို မေးခွန်းထုတ်မိသည်။ သူကိုကိုးနဲ့ဓာတ်မတည့်သည်ကို သူမ မသိခဲ့ဘူးလားဟူ၍။
အဆုံးတွင် မော့မိသားစုတစ်ခုလုံး၌ သူ့ကိုအမြဲလိုလို အလွန်ဂရုစိုက်ပြီး စိတ်ပူပေးသည့် သူ၏အစ်မမှာ သူ့အား လုံးလုံးဂရုမစိုက်သည်ကို မယုံကြည်ချင်ခဲ့ပါချေ။
သို့ပေမယ့် ထိုစကားလေးတစ်ခွန်းက အရှုပ်အထွေးများစွာကို ဖြစ်စေခဲ့သည်။ လူတိုင်းက သူမော့လျှိုကွေ့ကို ပုဂ္ဂိုလ်ရေးအရမုန်းနေသဖြင့် ထိုမေးခွန်းကိုမေးခဲ့သည်ဟု တွေးရုံမျှမက မော့လျှိုကွေ့ကလည့် ဝမ်းနည်းရှက်ရွံ့မှုကြောင့် မူးမေ့လဲသွားသည်အထိ ငိုကြွေးခဲ့သည်။
မော့လျှိုကွေ့မူးမေ့သွားသည်နှင့်တစ်ပြိုင်နက် သူကခွင့်လွှတ်မရနိုင်သည့် အပြစ်သားဖြစ်လာခဲ့သည်။
လူတိုင်းနီးပါးက သူ မော့လျှိုကွေ့အား နာကြည်းရုံသာမက သူမ၏ နာမည်ကို အမည်းစက်ထင်စေရန် ကြံရွယ်ကာ မူးမေ့လဲစေအထိ လှုံ့ဆော်ခဲ့သည်ဟု ယုံကြည်လိုက်ကြသည်။ အဆုံးတွင် သူ မသေဆုံးရမည်မှာ သေချာ၍ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ မူးအောင်သောက်သည်ဟူ၍ပင် တွေးကြသူများလည်းရှိ၏။ သူကမော့လျှိုကွေ့ကို ချောက်ချရန်ကြံစည်ခဲ့သော်ငြား သူ့အစီအစဥ်တို့မှာ ဖော်ထုတ်ခံရသည်ဟူ၏။(IQတွေကanother lvlရောက်နေကြပြီ၊ အိုင်းစတိုင်းမမှီတော့ဘူး)
သူဆေးရုံမှဆင်းပြီးနောက်တွင် မော့မိသားစု၏ ဒေါသနှင့် သူ၏ရွယ်တူသူငယ်ချင်းများ၏ ရွံရှာမှုများအားလုံးက သူ့အပေါ်သို့ ရောက်ရှိလာသည်။ ဝေဖန်ခံရမှု၊ စော်ကားခံရခြင်းနှင့် အထီးကျန်ခြင်းတို့က သူ၏ခက်ခဲနေသောဘဝကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမဆိုထားနှင့် ထိုလကို သူမည်သို့ကျော်ဖြတ်ခဲ့ရသည်အား မမှတ်မိတော့ချေ။
သူ၏ယခင်ဘဝကဖြစ်ရပ်အားလုံးက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ မော့တိ၏ နက်မှောင်သည့် အတွေးများက မနေနိုင်တော့ဘဲ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ သူကခံစားချက်များကို ဖိနှိပ်လိုက်ပြီး သူ့မျက်နှာထက်တွင် လက္ခဏာတစ်စွန်းတစ်စလေးပင် ပေါ်လာခွင့်မပြုခဲ့ပေ။ သူကမျက်လုံးကို အားအင်ချိနဲ့စွာဖွင့်လိုက်ပြီး ကျူးဝမ်ဇီကိုကြည့်လိုက်သည်။
"ဝမ်ဇီ၊ မင်းဒီနေ့ဘာဖြစ်နေတာလဲ ၊ မင်းဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ၊ ဒီကျိန်ဆဲမှုက သိပ်ရယ်စရာကောင်းတာပဲ!"
"ငါကမင်းကို ကျိန်ဆဲတယ်...၊ ငါကဘယ်လိုလုပ် မင်းကိုကျိန်ဆဲနိုင်မှာလဲ!"
ကျူးဝမ်ဇီက မော့တိအားတုန်လှုပ်သွားစေရန် မမျှော်လင့်ခဲ့မိဘဲ ပို၍ပင် ဒေါသထွက်လာသည်။ "မင်းလျှိုကွေ့ကိုမေးလိုက်တဲ့မေးခွန်းက သူ့ကိုအပြစ်တင်နေတာမဟုတ်လို့လား၊ သူ့ကိုစိတ်ဆိုးနေတာမဟုတ်လို့လား၊ မော့တိ မင်းက သူမင်းကိုဂရုမစိုက်လို့ဆိုပြီး သူမနာမည်ကို အပုပ်ချချင်နေတာလား၊ မင်းကို ဓာတ်မတည့်မှုဖြစ်အောင် သက်သက်လုပ်တယ်ဆိုပြီး စွပ်စွဲနေတာလား"
"ငါမလုပ်ခဲ့ဘူး၊ ငါအဲဒီလို မရည်ရွယ်ခဲ့ဘူး"
"မင်းပြောတာနဲ့ ဒီလိုဖြစ်သွားရောလား၊ လာစမ်းပါ၊ ငါတို့ကငတုံးတွေမှမဟုတ်တာ၊ မင်း ဘယ်လို အတွေးမျိုး တွေးနေသလဲ ဆိုတာကို ငါတို့မမြင်ဘူးထင်နေလား၊ လျှိုကွေ့မှာရည်ရွယ်ချက်ကောင်းရှိပေမယ့် မကောင်းတဲ့ရည်ရွယ်ချက်အဖြစ်ပြောင်းသွားရတယ်၊ သူကမင်းကိုကောင်းကောင်းဆက်ဆံပေမယ့် မင်းကိုက်တာခံလိုက်ရတုန်းပဲ၊ မော့တိ မင်းကအရမ်းအဆိပ်ပြင်းတာပဲ"
"ငါတကယ် အဲလိုမတွေးခဲ့ဘူး!" မော့တိ၏မျက်ဝန်းများက နီရဲလာပြီး ကုတင်ထက်မှထရန် ရုန်းကန်လာသည်။
ကျူးဝမ်ဇီက သူ့အား လုံးလုံးမယုံကြည်ပါချေ။ သူကမော့တိကို စိုက်ကြည့်လိုက်ပြီး
"မင်းငြင်းနေလည်း အသုံးမဝင်ဘူး၊ ဒါ့အပြင် ငါတို့က မင်းကိုကိုးနဲ့ဓာတ်မတည့်တာကိုမသိပေမယ့် မင်းကတော့ သိတယ်လေ .. ဟုတ်တယ်မလား၊ မင်းကိုကိုးနဲ့မတည့်တာသိရက်နဲ့တောင် သောက်လိုက်သေးတယ်၊ မော့တိ ဒါကမင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ ဖြစ်နိုင်တယ်"
"ငါကရည်ရွယ်ချက်ရှိရှိလုပ်တယ်..."
မော့တိက မတ်တပ်ထရပ်ပြီး ကျူးဝမ်ဇီကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး စကားမပြောမှီ အသက်ပြင်းပြင်းရှူလိုက်ကာ
"အဲဒီ့နေ့က ငါအအေးမိနေတာ၊ ပြီးတော့ အဲဒီ့ကသောက်စရာတွေမှာ ကိုကိုးရှိမနေဘူး၊ ငါအရသာကိုသတိမထားမိလို့ နှစ်ငုံသုံးငုံပဲသောက်လိုက်မိတာ၊ ဒါကိုမင်းက ရည်ရွယ်ချက်ရှိရှိလို့ပြောတယ်လား၊ ငါသာဆေးရုံကို နည်းနည်းဖြစ်ဖြစ် နောက်ကျပြီးမှရောက်သွားရင် ငါသေသွားနိုင်တယ်၊ ကျူးဝမ်ဇီ မင်းပြောစမ်းပါ... ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တာလား! ! !"
"မင်းအခုအဆင်ပြေနေပြီးကျန်းမာနေတာပဲမလား၊ ဒါကအမြတ်အကြီးကြီးရမယ့်အစီအစဥ်မဟုတ်လို့လား၊ မင်းကအဆင်ပြေနေပေမယ့် လျှိုကွေ့ကတော့ သတိလစ်သွားတာကွ!"
"ကျူးဝမ်ဇီ... မင်း..."
မော့တိက နီရဲနေသည့်မျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေရင်း အသံကလည်းတုန်ယင်လာသည်။
"မင်းကအမှားအမှန်ကို ပြောင်းပြန်လှန်နေတာပဲ၊ မင်းအသိစိတ်ပျောက်နေပြီလို့များ မခံစားမိဘူးလား!!!"
"ငါကအသိစိတ်ပျောက်နေတယ်?!!"
ကျူးဝမ်ဇီမှာ ဤမျှသိမ်မွေ့ပြီး "ကြောင်သူတော်"ဆန်သည့် မော့တိကြောင့် ယခုလောက် ဘယ်တုန်းကမှ ဒေါသမထွက်ဖူးချေ။ သူ့ဒေါသကသုံးဆမျှတိုးလာပြီး ယခင်ကဲ့သို့ ယဥ်ကျေးပျူငှာဟန် မဆောင်လိုတော့ချေ။ သူကမော့တိထံ လျှောက်သွားလိုက်ပြီး အေးစက်စွာ ငုံ့ကြည့်လိုက်သည်။
"မော့တိ မင်းကအရမ်း အရေထူတာပဲ၊ မင်းက အခြားလူတွေကိုတောင် အသိတရားမရှိဘူးလို့ ပြောရဲတယ်လား!!"
"မင်းကိုပြောပြမယ် ငါမင်းနဲ့ထပ်ငြင်းရင်း ဟန်ဆောင်မနေချင်တော့ဘူး၊ ဘယ်သူမှမင်းကို ယုံမှာမဟုတ်ဘူး၊ မင်းအစ်ကိုတွေ၊ မင်းအဖေနဲ့အမေ၊ မင်းအဖိုး၊ ပြီးတော့ ငါတို့အတန်းဖော်တွေတောင်မှပဲ ငါတို့အားလုံး မင်းကို တွေ့ခဲ့ပြီးပြီ၊ တကယ်တော့ ငါတို့ကအကြာကြီးခင်လာတဲ့ သူငယ်ချင်းတွေဆိုတာတောင် သူများတွေကို မပြောပြချင်ဘူး၊ မင်းရှိုးလုပ်နေတာတွေကို ဖယ်လိုက်တော့၊ လျှိုကွေ့ကိုနာကျင်စေဖို့အတွက် ကိုယ့်ဟာကိုယ်ထိခိုက်အောင်လုပ်တဲ့အထိ မင်းကရက်စက်လိုက်တာ၊ မင်းက သာမန်နတ်ဆိုးတောင်မဟုတ်ဘူး၊ မင်းကတော့သာမန်လူသားလုံးဝမဟုတ်ဘူးပဲ "
"ငါကသာမန်နတ်ဆိုးမဟုတ်ဘူး..."
မော့တိက အိပ်ယာခင်းတို့အား စုတ်ပြဲမတတ် ဆုပ်ကိုင်လိုက်သည်။
"ကျူးဝမ်ဇီ၊ ငါတို့ကသုံးနှစ်တောင် သူငယ်ချင်းတွေဖြစ်လာခဲ့တာ၊ သုံးနှစ်တောင်!၊ ဒါတောင် မင်းကငါ့ကိုနားမလည်သေးဘူးလား၊ ဒါကမင်းငါ့ကိုအမြဲဘယ်လိုမြင်နေလဲဆိုတာပေါ့လေ"
"ဒါပေါ့၊ တစ်ချိန်လုံးတော့မဟုတ်ဘူး၊ ငါကမင်းရဲ့ပုံစံအမှန်ကို သိပ်မကြာခင်ကမှ သိလိုက်ရတာ"
ကျူးဝမ်ဇီက အေးအေးဆေးဆေးပင်ဆိုလာသည်။ သူက မော့တိအား မထီမဲ့မြင်ကြည့်လိုက်ကာ မော့တိ၏လက်ကို လှမ်းဆွဲလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ၊ မင်း ဒီနေ့ လျှိုကွေ့ကို တောင်းပန်ရမယ်၊ သူမသာမင်းကို ခွင့်လွှတ်ရင်ငါတို့..."
"ဒါဆို ငါတို့ဘာဖြစ်လဲ"
မော့တိက ကျူးဝမ်ဇီ၏လက်ကို ခါချလိုက်သည်။ သူကနီရဲနေသည့်မျက်ဝန်းများဖြင့် ရယ်မောလိုက်ကာ သူ့အမူအယာက အေးစက်လာသည်။
"ကျူးဝမ်ဇီ ၊ နောက်ဆုံးတော့ ငါရှင်းရှင်းလင်းလင်း သိသွားပြီ၊ မင်းကငါ့ကိုအသုံးချဖို့ကြိုးစားနေတာ၊ ဒါကရှင်းလင်းနေတဲ့စွပ်စွဲချက်ပဲ၊ မင်းဘာလို့ဒီလိုလုပ်နေလဲမသိပေမယ့် ပြောပြပါရစေ၊ ငါဒီစွပ်စွဲမှုကို သည်းခံမှာမဟုတ်ဘူး၊ ပြီးတော့ ဘယ်တုန်းကမှငါဒီလိုလုပ်ဖို့ မတွေးခဲ့ဘူး၊ မဖြစ်နိုင်တာပဲ၊ ငါမသွားဘူး!"
"ငါကမင်းကို စွပ်စွဲတယ်?၊ လျှိုကွေ့ကသတိလစ်သွားခဲ့တာ၊ မင်းက ငါမင်းကို စွပ်စွဲတယ်လို့ပြောနေတယ်၊ မော့တိ မင်းကသောက်ရမ်းအရှက်မရှိတာပဲ၊ ရွံစရာကောင်းလိုက်တာ ၊ မင်းထပြီး...အား!!!"
မော့တိက ကျူးဝမ်ဇီ၏မျက်နှာထက် လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်စေလိုက်သည်။ သူထိတ်လန့်သွား၏။ သူကမော့တိကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ပြီး အရှက်ရှစွာဖြင့် ဒေါသများ လျှံတက်လာသည်။
"ငါငိုး မော့တိ! ! မင်းငါ့ကိုရိုက်ရဲတယ်လား"
သူက နောက်အခိုက်အတန့်တွင် လူနာကုတင်ရှေ့တွင် ရပ်နေသော မော့တိဆီသို့ လက်သီးကို မြှောက်ကာရွယ်လိုက်သည်။
"ဝမ်ဇီ!"
ဘေးမှ crew cutကေဖြင့်ကောင်လေးက ထိတ်လန့်သွားသည်။ သူ့အသိစိတ်တစ်ဝက်က တားလိုသော်လည်း သူ့နတ်ဘုရားမကို မူးမေ့သွားစေသည့်မော့တိအား သူသည်လည်း မုန်းတီးနေလေသည်။ထို့ကြောင့် သူ၏လုပ်ရပ်မှာ ဟန်ဆောင်ရုံသာဖြစ်ပြီး မော့တိအမှန်တကယ်သေဆုံးသွားသည်ကို မြင်တွေ့ရန် စောင့်မျှော်နေမိသည်။
ကံဆိုးစွာပင် နောက်တစ်ခဏ၌ သူ့မျက်နှာပေါ်ရှိ သူတစ်ပါးဒုက္ခရောက်သည်ကိုကြည့်လိုသောအမူအရာသည် အေးခဲတောင့်တင်းသွား၏။
မော့တိကကျူးဝမ်ဇီ၏လက်မောင်းကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ကာ နာကျင်မှုကြောင့် အံကြိတ်သွားစေသည်။ ပြီးနောက် သူက ကျူးဝမ်ဇီ၏ဒူးကိုဖြတ်ကန်လိုက်ပြီး မြေပေါ်ဒူးထောက်ကျသွားသည့်အသံပင် ထွက်သွားစေ၏။
မော့တိသည် သူ့ယခင်ဘဝ၌ မော့မိသားစုမှထွက်ခွာပြီးနောက် သင်ယူခဲ့သည့် အတိုက်အခိုက်ပညာရပ်တို့အား ကျူးဝမ်ဇီ၏အပေါ်တွင် အကျိုးရှိရှိ အသုံးချလိုက်လေသည်။
ကျူးဝမ်ဇီ၏မျက်ဝန်းများမှာ နာကျင်မှုနှင့်ဒေါသကြောင့် နီရဲ၍နေ၏။ သူကမော့တိကို ပက်ပက်စက်စက် ကျိန်ဆဲနေသည့်တိုင် အသုံးမဝင်ပါချေ။ crew cutဖြင့်ကောင်လေးက မော့တိကို ဆွဲချင်သော်ငြား မော့တိက သူ၏ခြေသလုံးကိုဖြတ်ကန်လိုက်၍ နာကျင်မှုနှင့်အတူ ဒူးထောက်လဲကျသွားသည်။
တစ်စုံတစ်ယောက်လာနေသည့်အသံကို သူကြားလိုက်လျှင် လက်ကိုလွှတ်ကာ ဘေးတွင်ဆုတ်နေလိုက်သည်။
"မော့တိ၊ မော့တိ... မင်းတော့သေပြီပဲ!"
မျက်လုံးနီနီများဖြင့် ကျူးဝမ်ဇီက နောက်ဆုံးတွင် လွတ်မြောက်သွားပြီး ထရပ်ကာ မော့တိအားကြမ်းကြမ်းတမ်း ကန်ကျောက်လိုက်လေသည်။
"ဘာလုပ်နေတာလဲ ၊ မင်းဘာတွေလုပ်နေတာလဲ!"
တံခါးတွင် အမျိုးသားဆရာဝန်တစ်ဦးနှင့် သူနာပြုများရှိနေလေသည်။ အမျိုးသားဆရာဝန်က ကျူးဝမ်ဇီအား ချက်ချင်းပင် ဆွဲဖယ်လိုက်လေသည်။
"မင်းဘာတွေလုပ်နေတာလဲ၊ ဒါကဆေးရုံခန်းပါ၊ ပြဿနာရှာမယ်ဆို ထွက်သွားလိုက်၊ ဘယ်လိုတောင်ဆိုးရွားတာလဲ၊ မင်းက နေမကောင်းဖြစ်နေတဲ့လူနာကိုတောင် ရိုက်လိုက်သေးတယ်၊ မင်းဘာတွေဖြစ်နေတာလဲ"
"မင်းတို့တွေ ဘာလုပ်ဖို့များကြိုးစားနေကြတာလဲ၊ ဒီကလေးကဒီနှစ်ရက်မှာမှ သက်သာလာကာစရှိသေးတာကို မင်းတို့ကသူ့ကို ရိုက်နေကြတယ်?"
အနီးက အကြီးဆုံးသူနာပြုများကလည်း အလွန်ပင်မကျေမနပ်ဖြစ်လျက်ရှိကာ ကျူးဝမ်ဇီနှင့်သူ့သူငယ်ချင်းအား အရူး၊ငတုံးများသဖွယ် ကြည့်နေကြလေသည်။
ကျူးဝမ်ဇီ၏မျက်နှာက မုန်လာဥကဲ့သို့ပင် နီရဲနေပြီး နားမလည်နိုင်စွာ ရှက်ရွံ့နေခဲ့သည်။ သူမော့တိအား မသန်မစွမ်းဖြစ်သွားသည်အထိ ရိုက်နှက်ပစ်ချင်သော်လည်း မလုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူကသူ့ကိုတစ်ချက်မျှ စိုက်ကြည့်ရုံသာ တတ်နိုင်လေသည်။
“ဒီလိုဟန်ဆောင်နေရုံနဲ့ မင်းရဲ့မျက်နှာအစစ်အမှန်ကို ဘယ်သူမှမသိဘူးထင်မနေနဲ့၊ ကျောင်းကလူတိုင်း ရှင်းရှင်းလင်းလင်းသိတယ်၊ မင်းစောင့်ကြည့်နေလိုက်!”
ကျူးဝမ်ဇီက အမျိုးသားဆရာဝန်ကို တွန်းထုတ်ပြီး ဆေးရုံဝါ့ဒ်အပြင်ဘက်ကို ထွက်ပြေးသွားလေသည်။ အခြားတစ်ယောက်ကလည်း အမြန်ပြေးလိုက်သွားပြီး စကားတစ်ခွန်းကို အော်ပြောခဲ့၏။
"ခင်များတို့တွေ သူ့ကိုလူကောင်းလို့ထင်မနေကြနဲ့၊ အဲ့ကောင်က ဟန်ဆောင်နေတာ"
Xxxxxx