Chapter 55
Viewers 4k

🐯Chapter 55



ညအချိန်တွင် မိုးသံလေးများ ထွက်များနှင့် သူ၏ ကိရိယာမျိုးစုံကို မြင်နိုင်လောက်ရုံသာ လင်းနေသည်။ ကုယွီမြန်က ဘီးပေါ်လာသည်။


အခန်းထဲတွင် ညမီးအနည်းငယ်သာရှိပြီး အလင်းရောင်က တောက်ပမနေဘဲ ကုယွီမြန်က ပန်ဒါလေးကိုယ်ပေါ်ရှိ သားမွေး

နှစ်ချောင်းကို ကောက်ယူပြီး ပန်ဒါလေးကို အမွေးဖြီးပေးကာ သန့်စင်ပြီး အခြောက်ခံလိုက်သည်။ ထိုကဲ့သို့သော အလင်းရောင်မျိုးက လူများအား လုံခြုံမှုကို ပေးစွမ်းနိုင်ပြီး ကုယွီမြန်၏ အသံကလည်း နူးညံ့နေသည်။


"ရေချိုးတာကို မကြိုက်ရင် အမွေးတွေကို မှန်မှန် ဖြီးပေးတာက ပိုကောင်းပါတယ်…" 

ကုယွီမြန်က သူ့လက်ဖဝါးပေါ်တွင် အိမ်လုပ်အမွေးပျော့ဆေးကိုကိုပွတ်ရင်း ရှင်းပြသည်။


"အဲ့ဒါက မင်းတို့ရဲ့ အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေတယ်.မင်းတို့ရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်…"


ဥပမာအားဖြင့် ကုယွီမြန်က နှင်းကျားသစ်လေး၏ အမွေးများကို အနည်းဆုံး တစ်နေ့လျှင်တစ်ကြိမ် ဖြီးသင်ပေးတတ်သည်။ သူက ကျွတ်သွားသည့် အမွှေးများအား မတော်တဆ စားလိုက်မိမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့အား သိမ်းဆည်းထားလျှင်ပင် ထိုအရာများအား တိုက်ရိုက်ထုတ်လွှင့်မှုတွင် မပြသတတ်ပေ။


လေအေးပေးစက်၏အနံ့က သစ်ရွက်များနှင့် ထင်းရှူးပင် များ ပြည့်နေသော ဆောင်းဦးလေကဲ့သို့ဖြစ်ပြီး အနည်းငယ် ခါးသီးကာ လတ်ဆတ်သောရနံ့ရှိသည်။ ပေါ့ပါး သော်လည်း မရှင်းပြနိုင်အောင် စွဲမက်ဖွယ် ကောင်းသည်။ ပန်ဒါလေးက ကုယွီမြန်၏လက်ကို နမ်းရှိုက် လိုက်သည်။ သူ့မျက်လုံးဝိုင်းဝိုင်းကြီးများက ကြီးမားပြီး သူ့ခေါင်းလေးကို နူးညံ့သောလက်ဖဝါးပေါ်တွင် တစောင်းတင်ထားသည်။


ထို မွှေးရနံ့ကို သူကြိုက်နှစ်သက်သည်။


ကုယွီမြန်၏လက်ငါးချောင်းက ပန်ဒါလေး၏ ဦးခေါင်းပေါ်တွင် ညင်သာစွာ ပွတ်သပ်ပေးနေကာ ပျော့ပျောင်းသော အမွေးနုကလေး များက လက်ချောင်းရှည်များကြားသို့ ပြေးဆင်းသွားကြသည်။ ရင်းနှီးနေသည့် ထိုအထိအတွေ့က သူ့မျက်လုံးများအား မှေးစင်းသွားစေသည်။


“ယွမ်ယွမ်ကလည်း ဒီ သစ်ရွက်နံ့ကို ကြိုက်တာလား...”

သူပျိုးထောင်ပေးခဲ့သည့် ပန်ဒါအများစုက ထိုရနံ့ကို မကြိုက်ကြသော်လည်း ဒယ်အိုးကြီးကမူ သူ့အတွက် ဆောင်းရာသီရွက်ကြွေများ စုဆောင်းပေးရသည်ကို ကြိုက်နှစ်သက်သည်။


“ကြိုက်သည်”ဟူသည့် စကားလုံးက ခေါင်းညိတ်ကာ စောင်းကြည့်နေသည့် နှစ်ကျားသစ်လေးအား စွဲဆောင်သွားသည်။


မှတ်ချက်ဧရိယာရှိ လူများက အသေးစိတ်ကို မသိကြပေ။


[ငါလည်း အဲ့ဒီအနံ့ကိုကြိုက်တယ်…]


[ငါကတော့ မြန်မြန် ထိတွေ့တာကို ပိုကြိုက်တယ်…ဝူးးး ဝူးးးး…]


[မီးရှူးမီးပန်းတွေပို့ပေးမယ်… အရူးအမူးကို မီးရှူးမီးပန်းတွေ ပို့ပေးမယ်... ငါအခု အရမ်းပျော်နေတယ်…]


ထိုကဲ့သို့ အေးအေးဆေးဆေးအချိန်၌ပင် အွန်လိုင်းပေါ်၌ လူသန်းသုံးဆယ် ရှိနေသောကြောင့် မှတ်ချက်ရေးသူ အများအပြား ရှိနေခဲ့သည်။ ထိုပမာဏက တင်ဆက်သူ အမြောက်အများ နှစ်အတော်ကြာ မရောက်ရှိနိုင်သည့် ပမာဏဖြစ်ကာ ကြည့်ရှူသူအရေအတွက်က ဆက်လက်တိုးတက်နေဆဲ ဖြစ်သည်။


သို့သော်လည်း အချိန်နှင့်တပြေးညီ လူကြိုက်များစာရင်း တွင် ကုယွီမြန်၏ အဆင့်သတ်မှတ်ချက်က အမှန်တကယ်ပင် ဒုတိယနေရာအထိ မြင့်တက်လာခဲ့ပြီး ထိုနေ့တွင် သူ၏ကျော်ကြားမှုအဆင့်သည်လည်း ထိပ်တန်းဆယ်ခုသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။


" ယွမ်ယွမ်ရဲ့အမွေးကို ဖြီးပေးမယ်… အရင်ဆုံး သူ့ ကို သဘက်အစို နွေးနွေးလေးနဲ့ သုတ်ပေးမယ်… ပြီးရင် သူ့အမွေးတွေကို ဖြီးပြီး အခြောက်ခံမယ်…" 


ကုယွီမြန် က ပန်ဒါလေး၏ နားရွက်ကို ထိပြီး ပြောလိုက်သည်။

 "ယွမ်ယွမ် ခံစားရတာ တစ်ခုခု အဆင်မပြေတာရှိရင် ပြောပြရမယ်နော်…ဟုတ်ပြီလား…"


ပန်ဒါလေးက သူနားလည်ကြောင်းပြသရန် အပြုသဘော ဆောင်သော အသံတစ်ခုပေးခဲ့သည်။ အရွယ်ရောက်ပြီးသော ပန်ဒါဝက်ဝံကြီး၏ အမွေးအမျှင်များမှာ အမှန်တကယ်ပင် ကြမ်းတမ်းတတ်သော်လည်း ပန်ဒါလေးများ၏ အမွေးက အလွန်နူးညံ့သည်။ ကုယွီမြန်က သူ့ပခုံးပေါ်၌ နှင်းကျားသစ်လေးကိုတင်လျက် ပန်ဒါဝက်ဝံကလေးကို သူ့လက်ထဲတွင် ကိုင်ထားသည်။ မည်သူ့အမွေးက ပိုနူးညံ့သည်ကို ပြောရန် ခက်ခဲလှသည်။


ထိုအရာက ချိုမြိန်သောဒုက္ခပင် ဖြစ်သည်။


အစက ကုယွီမြန်က သူ ပုံသွင်းပြုပြင်ပေးရန် လိုသည်ဟု ပြောခဲ့၍ ကြယ်တာရာမြို့တော်ရှိ ပရိသတ်အသစ်အတော်များများက သူတို့၏ သုံးဖက်မြင်ကိရိယာကို ကောက်ယူရန် တွန့်ဆုတ်ခဲ့ကြသည်။


ပွတ်တိုက်ပေးခြင်းခံရမည်ကို အနည်းငယ်ကြောက်ခဲ့ ကြသော်လည်း သူတို့အား စိတ်အေးလက်အေးဖြစ်စေပြီး လွမ်းဆွတ်သည့် ခံစားချက်များ ရစေသည့် ဤအငွေ့အသက်များကို ချန်ထားခဲ့ရန် ဝန်လေးခဲ့ကြသည်။


[အေးမြသောလေပြေလေး တစ်ချက်:  ငါ သုံးဖက်မြင် မုဒ်ကနေ ထွက်ဖို့ အကြိမ်ကြိမ် အဖန်ဖန် လုပ်ခဲ့ဖူးတယ်… ဒါပေမယ့် တင်ဆက်သူထိလိုက်တာနဲ့ ငါမထွက်သွားနိုင်တော့ဘူး… အရမ်းချစ်တယ် QAQ]


[အဖြူရောင် သစ်တော်ပန်းပွင့်လေး: လီလီ- တောင်းပန်ပါတယ်၊ သုံးဖက်မြင် ကိရိယာကို ဖွင့်ဖို့ ငါကြောက်တယ်…  ငါက နာကျင်မှုကို တကယ်ကြောက်လို့ပါ ဝူးးဝူးး… ငါက မြန်မြန်ရဲ့ ရှင်သန်နေတဲ့အလှကို အလင်းဖန်သားပြင် မှာ ကြည့်နိုင်ပါတယ်… မီးရှူးမီးပန်းကို အရင်ပစ်လိုက်ပါပြီ…]


[ဗီဗီယန် : စွန့်စားရတာကို ငါ မခံနိုင်ဘူး... ငါမြန်မြန် အတွက် တိုက်ပွဲဝင်မယ်…]


ပရိတ်သတ်ဟောင်းများ : "... " 

စွန့်စားရတာလား သူတို့က ဘာတွေလဲ….


ကောင်းပါတယ်…အပျော်ပေါ့…


နှင်းကျားသစ်လေး အအေးဒဏ်ကို မခံရစေရန် ကုယွီမြန်က နှင်းကျားသစ်လေး ဆော့ကစားရန်အတွက် သဘက်အစိုနွေးနွေးလေးကို ယူလိုက်သည်။ နှင်းကျားသစ်လေးက မနာလိုဖြစ်နေသေးသော်လည်း ၎င်းကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ကုယွီမြန်က ရေနွေးထဲတွင် ယစိမ်ပြီး ညှစ်ထားသည့် မျက်နှာသုတ်ပုဝါကို ခေါက်ကာ မနေန်ိုင်ဘဲ ပြုံးလိုက်မိသည်။ သူက ပန်ဒါလေးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူက ပူနွေးသော မျက်နှာသုတ်ပဝါကို အသုံးပြုကာ ဖြည်းညှင်းစွာ နှိပ်နယ်ပေးခြင်းဖြင့် ထန်ယွမ်၏ နဖူးမှစ၍ သူ့အမွေးများတစ်လျှောက် သူ့နောက်ကျောအထိ သုတ်ပေးခဲ့သည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က ကုယွီမြန် ပစ္စည်းအချို့ ကိုအသုံးပြုခဲ့ပြီး ခေါင်းလျှော်ရည်များနှင့် ပျော့ဆေးများ ထည့်ရန် ပုလင်းအများအပြားကို အွန်လိုင်းမှဝယ်ယူခဲ့သည်။ ကုယွီမြန်က ရောစပ်ထားသော ပစ္စည်းများကို ထပ်ခါထပ်ခါ စမ်းကြည့်ဖူး၍ ၎င်းနှင့် ဓါတ်မတည့်မှု မရှိသကဲ့သို့ ခန္ဓာကိုယ်ကိုလည်း အန္တရာယ်ဖြစ်စေမည်မဟုတ်ပေ။


ယနေ့တွင် မျက်နှာသုတ်ပဝါများကို ရေနွေးနွေးနှင့် ရေပတ်တိုက်ရန် စိမ်ထားသည်။


သူက ခန္ဓာကိုယ် အပေါ်ယံမျက်နှာပေါ်ရှိ အညစ်အကြေးများကို ဦးစွာသုတ်ရန် သဘက်အစိုနွေးနွေးလေးကို အသုံးပြုခဲ့သည်။ ရောစပ်ထားသည့်ပစ္စည်းများဖြင့် ရေပတ်တိုက်ပေးပြီးသည်နှင့် အမွေးများက နူးညံ့ပြီး စိုစွတ်လာစေသည်။ ပျော့ဆေးများက အမွေးဖြီးသောအခါ အမွေးများ နာကျင်မှုကို သက်သာစေသည်။ ပို၍ အရေးကြီးသည်မှာ ပန်ဒါလေး၏ စိတ်အပန်းဖြေမှုကိုပါ အထောက်အကူဖြစ်စေသည်။


"ဒီပုဝါက တော်တော်ပျော့တာပဲ…" 


ကုယွီမြန် က ပန်ဒါလေး ကို ပွတ်သတ်ရင်း ကလေးများကို တိုးတိုးလေးပြောလိုက်သည်။

 "ပြီးရင် ကျွန်တော် ထွမ်ထွမ်ရဲ့ခြေထောက်တွေကို ရေပတ်တိုက်ပေးမယ်… ပြီးရင်တော့ သက်တောင့်သက်သာ အိပ်လို့ ရပါပြီ…"


“အမ်း…မနက်ဖြန်က စနေနေ့ဆိုတော့ မင်းတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ ရတယ်…”

ကုယွီမြန်က တိုးတိုးလေးပြောသည်။


သုံးဖက်မြင်မုဒ်တွင် ပန်ဒါလေး၏ခံစားချက်များကို ပရိသတ်ထံ သစ္စာရှိရှိ ထင်ဟပ်ပြသခဲ့သည်။


သူ၏ တီးတိုးသံလေးက လူများကို ၎င်းတို့၏ စိတ်နှလုံးအား ပျော့ပျောင်းစေခဲ့သည်။ မနက်ဖြန်နှင့် အနာဂတ်အတွက်ဟူသည့် စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်များအပြင် ပူနွေးသော မျက်နှာသုတ်ပဝါ၏ သက်တောင့်သက်သာထိတွေ့မှုတို့က မူလက တင်းမာနေသော ခံစားချက်များ ကို သက်သာစေသည်။


ထို့နောက် သွယ်လျသော လက်ချောင်းငယ်များ၏ အထိအတွေ့၊ အငွေ့နှင့် အပူများက သူတို့ကို ညင်သာစွာ ဝန်းရံထားသည်။ အနည်းငယ်တင်းမာပြီး အေးစက်နေသည့် အရေပြား၏လက်မတိုင်းက ချောမွတ်ပြီး ပူနွေးလာသည်။ နွေးထွေးပြီး သက်တောင့်သက်သာရှိသည့် ခံစားချက် က ချွေးပေါက်တိုင်းအား စိမ့်ဝင်သွားသည်။ ဆောင်းရာသီ အစတွင် ပူနွေးသည့် ရေပူစမ်းထဲသို့ ရောက်သွားသကဲ့သို့ပက်။ ထိုအရာက စိတ်လှုပ်ရှားစရာမဟုတ်သော်လည်း လူများအား တွေဝေသွားစေပြီး သူတို့၏ အာရုံကြောအားလုံးကို ပြေလျော့သွားစေခဲ့သည်။


သုံးဖက်မြင်ကိရိယာကို ပိတ်ရန် ချီတုံချတုံဖြစ်နေ သော ပရိသတ်များ အံ့အားသင့်သွားကြသည်။


[အသုံးပြုသူ 1793: ဒီခံစားချက်က... နည်းနည်းသက်တောင့်သက်သာ ဖြစ်စေတယ်…]


[ဖန်ရိမြောင် : အရမ်းအဆင်ပြေတယ်… ငါ သုံးဖက်မြင် ကိရိယာကို ချွတ်ပစ်မှာ မဟုတ်ဘူး… ဘာတွေဖြစ်မလဲ ကြည့်ရအောင်…]


"အင်း၊ မင်းရဲ့မျက်လုံးနဲ့ နားတစ်ဝိုက်ကို သုတ်လိုက်ရအောင်…"


ပန်ဒါလေး၏ ခန္ဓာကိုယ်ကို သုတ်ပေးပြီးနောက် ကုယွီမြန်က ပန်ဒါလေးကို မျက်နှာမူပြီးလှည့်ပေးရန် တောင်းဆိုခဲ့သည်။ သူ့လက်တစ်ဖက်က ပန်ဒါလေး၏ပါးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ပူနွေးစိုစွတ်သော ဂွမ်းစကို ကိုင်ကာ မျက်လုံး၊ ပါးစပ်၊ နားရွက်စသည့် သေးငယ်သော နေရာများအား သုတ်ပေးသည်။


ကုယွီမြန်က ပန်ဒါလေး၏ နဖူးကိုလက်မဖြင့် ပွတ်သပ်လိုက်သည်။

"မျက်လုံးမှိတ်ထား ကလေးလေး…"


ပန်ဒါလေးက နာခံပြီး မျက်လုံးကိုမှိတ်လိုက်သည်။


ကုယွီမြန်၏ လှုပ်ရှားမှုများက တည်ငြိမ်လေးနက်ပြီး နူးညံ့သည်။ မျက်လုံးမှိတ်ထားသော်လည်း ပန်ဒါလေးက သူ့အား ခံစားနိုင်ပြီး သူ့မျက်နှာအား သုတ်ပေးနေသည့် နူးညံ့သော လက်များ နီးကပ်လာသည်ကို ခံစားမိနေသည်။ သူ့ပါးပြင်ပေါ်ရှိ လက်ဖဝါးက သန့်ရှင်း၊ သိမ်မွေ့ပြီး နွေးထွေးကာ ထင်းရှူးပင်များနှင့် ဆောင်းဦးအရွက်များ၏ မွှေးပျံ့သောရနံ့ ရှိသည်။


ဂွမ်းစလေးက အလွန်သေးငယ်ပြီး နူးညံ့သည်။ မျက်လုံးမှ နှာခေါင်းနှင့် ပါးစပ်ထောင့်အထိ ပျော့ပျောင်းသော အမွေး လေးများကဲ့သို့ သူ့မျက်နှာပေါ် ညင်သာစွာ ကျဆင်းလာသည်။ အနည်းငယ် ယားယံခြင်းကို ခံစား ခဲ့ရပြီး အံ့သြဖွယ်ကောင်းလောက်အောင် သူ့နှလုံးသားတစ်ခုလုံး ပြေလျော့သွားသည်။


ပရိသတ် : "...."


[ဗီဗီယန်: အိုး ဘုရားသခင်…]


နောက်ဆုံးတွင် သံသယရှိသူအချို့က ဤအချိန်၌ လုံးလုံးလျားလျား စိတ်ပြေလျော့သွားသည်။ သို့မဟုတ် တစ်နည်းအားဖြင့် သူတို့ မည်သည့်အရာကိုမျှ စဉ်းစားရန် အချိန်မရှိတော့ပေ။


ကြည့်ရှုသူ သန်းလေးဆယ်နီးပါးရှိခဲ့သည်။ သူတို့အားလုံးနီးပါးက တိုက်ရိုက်ထုတ်လွှင့်မှုကို ဂရုတစိုက်ကြည့်ရှုနေကြပြီး သူတို့ထဲမှ အနည်းငယ်ကသာ မှတ်ချက်ရေးသည့် နေရာသို့ မက်ဆေ့ပို့ရန် အချိန်ရှိကြသည်။


"မင်းတို့ ထင်းရှူးပင်တွေနဲ့ ထင်းရှူးရွက်တွေရဲ့ အနံ့ရလား…ဆောင်းဦးရောက်တော့မယ်နော်…"


ကုယွီမြန်၏ စကားကြောင့် နှာခေါင်းဖျားမှ ထင်းရှူးပင်များ၏အနံ့ကို ရလာကြသည်။ ထိုအနံ့လေးက အေးစိမ့်စိမ့်လေးဖြင့် အနည်းငယ်စိမ်းနေသော်လည်း အနံ့လေးက မွှေးနေသည်။ ဆောင်းဦးအစောပိုင်းည၌ လေတိုက်သကဲ့သို့ ဖြစ်ပြီး လူတိုင်းက ထင်းရှူးပင်၏အနံ့ကို အနံ့ခံကာ လရောင်ကို မြင်ချင်ကြသည်။


ဖော်ပြရခက်သည့် ခံစားချက်တစ်ခုပင်…




🐯🐯🐯