Chapter 237
Viewers 32k

🌍Chapter 237




"ရှင်ကျန်ရစ်တဲ့ ကစားသ​မား​တွေက ကိုယ်​ပျောက်ကစားသမား​တွေကို အစကသတိမထားမိဘူးဆိုတာ သူတို့က သာမာန်ကစားသမား​တွေနဲ့ ဘာမှမကွာလို့ပဲ.. သူတို့က ရုတ်တရက်​ပေါ်လာပြီး ကစားသမား​တွေကိုသတ်ပြီး ပြန်​ပျောက်သွားတာ.."


ထန်​မော့ပင်လျှင် ထိုကိုယ်​ပျောက်လူသားများမှာ ​ကမ္ဘာ​ပေါ်မှ​ပျောက်ကွယ်သွား​သော လူ​ပေါင်း၆ဘီလျံ​ကျော်ဟု ထင်မထားခဲ့​ချေ။ ရှင်ကျန်ရစ်​သော ကစားသမားများက ၄င်းကိုမသိသည်မှာ သဘာ၀ကျ​ပေသည်။ 


ချန်ရှန်းရှန်းကဆက်​ပြောလာခဲ့သည်။


"အဲဒီကိုယ်​ပျောက်လူသား​တွေကို ပြန်လာသူ​တွေလို့ ​ခေါ်တယ်တဲ့.. သူတို့က ကမ္ဘာ၂ခု​​ပေါင်းစပ်လာတာကို မသိကြဘူးဆိုတာ သူတို့ကမ္ဘာကလည်း ကျွန်မတို့ကမ္ဘာနဲ့ တပုံစံထဲတူ​နေလို့ပဲ"


က​လေးမ​လေးမှာ စာရွက်​ပေါ်တွင် စက်၀ိုင်း၂၀ိုင်းကို ​ရေးဆွဲပြီး ကမ္ဘာAနှင့် ကမ္ဘာ Bဟု​ရေးလိုက်သည်။


"အချိန်အဆင့်ဇယား​ပေါ်မလာခင်က ကိုယ်​ပျောက်လူသား​တွေမှာ လုပ်စရာ၂ခုပဲရှိတယ်..ပထမ အနက်​ရောင်​မျှော်စင်ဂိမ်း​တွေကိုစိန်​ခေါ်တာ ဒုတိယက နားတာ.. သူတို့အနက်​ရောင်​မျှော်စင်ဂိမ်းကတစ်ခါထွက်လာတိုင်း နားချိန်၁၀မိနစ်ရတယ်...သူတို့နားချိန်ကိုမယူပဲ ​နောက်ဂိမ်းတစ်ခုကို တိုက်ရိုက်၀င်သွားခွင့်ရှိတယ်.. ဒါ​ပေမယ့်ကျွန်မအထင် လူတိုင်းက​တော့ အနားယူဖို့ပဲရွေးချယ်ပြီး အားပြန်ဖြည့်ကြ​လောက်တယ်.. သူတို့အနားယူတဲ့​နေရာက ဒီကမ္ဘာ​​​မြေနဲ့ တစ်ပုံစံထဲတူမှာပဲ"


ထန်​မော့​ခေါင်းညိတ်လိုက်သည်။ 


"အချိန်အဆင့်ဇယား​ပေါ်လာပြီးရင်​​တောင် ကိုယ်​ပျောက်ကစားသမား​တွေအတွက် သွားစရာ၂ခုပဲရှိတယ်.. တစ်ခုက အနက်​ရောင်​မျှော်စင်ဂိမ်း​တွေနဲ့ ​နောက်တစ်ခုက အနားယူတဲ့​နေရာပဲ"


၂​ယောက်သားမှာ တစ်​​ယောက်ကိုတစ်​​ယောက်ကြည့်လျက် ​ကောက်ချက်ချလိုက်ကြသည်။


"အဲဒီ​နေရာ ကမ္ဘာ​မြေနဲ့အတူတူပဲ"


ကိုယ်​​ပျောက်လူသားများမှာ ကမ္ဘာ​မြေသို့​​ရောက်လာစဥ် ပါတ်၀န်းကျင်မှ ​ပြောင်းလဲမှုများကို သတိထားမိပါမည်ဟု အာမခံချက်မရှိ​ချေ။ ထန်​မော့တို့နှင့်​တွေ့ခဲ့​သော ကိုယ်​ပျောက်လူသားမှန်သမျှ အဆင့် 89မှ လီ​ချောင်ချန်းအပါအ၀င် ကမ္ဘာသို့​ရောက်ရှိလာချိန်တွင် ကမ္ဘာ၂ခုပူး​​ပေါင်းလာ​သော အမှန်တရားကို မသိခဲ့​ချေ။


ထန်​မော့ခတ္တမျှ​တွေးလိုက်မိသည်။ 


"အဲဒါ​ကြောင့် အနက်​​ရောင်​မျှော်စင်က မူ​ဟွေ့ရွှယ်ကို တရုတ်ပြည်ခရိုင်၃ကစားသမားလို့​​ခေါ်ပြီး ဒီဂျန်ဂါလာဗာကကျ ​တောင်​အာရှ ခရိုင်၁ကဖြစ်​နေတာကိုး"


ဖူ၀မ်ရှန်းကဆိုသည်။ 


"ဒီဂျန်ဂါလာဗာ ဆိုတာ အိန္ဒိယနာမည်တစ်ခုပဲ ​တောင်အာရှ ခရိုင်၁က​တော့ အိန္ဒိယရဲ့​မြို့​တော်နယူး​ဒေလီပဲ..တရုတ်ခရိုင်၃က​တော့ ကွမ်ကျိုးနဲ့ ရှန်ကျန်းဖြစ်နိုင်​ချေများတယ်"


ထန်​မော့ ဖူ၀မ်​သော်၏ အ​တွေးအတိုင်းလိုက်​ပြောလိုက်သည်။ 


"တစ်​ယောက်က အိန္ဒိယကစားသမား  တစ်​ယောက်ကကျ တရုတ်ကစားသမား..ဆို​တော့သူတို့ကမ္ဘာမှာလည်း အနက်​​ရောင်​​မျှော်စင်က နယ်​မြေ​တွေကို အတူတူပဲ ပိုင်းခြားထားတာ​ပေါ့..ဒီ​တော့"


"သူတို့လည်း ကမ္ဘာ​ပေါ်မှာ ​နေတာ​ပေါ့...." 


ဤတစ်ကြိမ်တွင်​​တော့ ဂျက်မှာ လူ၃​ယောက်၏ ဆိုလိုရင်းကို နားလည်သွားခဲ့​လေသည်။


ချန်ရှန်းရှန်းက အရင်ဆုံး ​ခေါင်းယမ်းလိုက်ပြီးမှ ​ခေါင်းညိတ်လာပြန်သည်။


"မသိဘူး..ကမ္ဘာအသစ်တစ်ခုလည်းဖြစ်နိုင်သလို ကိုယ်​ပျောက်လူသား​တွေက ကျွန်မတို့​ဘေးမှာ ​နေ​နေတာလည်း ဖြစ်နိုင်တယ်..ဥပမာ ကိုယ်​ပျောက်လူသားတစ်​ယောက်က ကျွန်မ​ဘေးမှာ အိပ်​နေတာလည်းဖြစ်နိုင်တယ်.. ဒါ​ပေမယ့် ကမ္ဘာ၂ခုကမ​ပေါင်းစပ်​သေး​တော့ သူတို့ကကျွန်မတို့ကို မမြင်ရသလို ကျွန်မတို့ကလည်း သူတို့ကိုမမြင်ရဘူး..ဒါမှမဟုတ် အနက်​ရောင်​မျှော်စင်က တကယ်ပဲ ကမ္ဘာအသစ်တစ်ခုဖန်တီးခဲ့ပြီး ကိုယ်​ပျောက်လူသား​တွေက အဲဒီကမ္ဘာ​ပေါ်မှာ ဂိမ်း​တွေ​ဆော့​နေကြတာလည်းဖြစ်နိုင်တယ်.."


ချန်ရှန်းရှန်းခတ္တဆန့်သွားပြီးမှ ဆက်​ပြောလိုက်သည်။


"ဒီတစ်ခုက​တော့ကျွန်မ​ပြောတဲ့စကားမဟုတ်ဘူး..အနက်​ရောင်​မျှော်စင်ကသူတို့ကို ကမ္ဘာ​မြေ​ပေါ်ပြန်ဖို့​ပြောထားတာ"


အရာအားလုံးမှာ ရုတ်တရက် အဆုံးအစမရှိ ​ဖြေရှင်းရခက်​သွားခဲ့သည်။ 


ရှန်ကျန်သူကစားသမားများအတွက် ထိုကိုယ်​ပျောက်လူသားများမှာ ဒုတိယကမ္ဘာတစ်ခုတွင် အမှန်တကယ်​နေထိုင်ကြသည်လားဆိုသည်က အ​ရေးမပါ​ချေ။


"​လော​လောဆယ် အ​ရေးကြီးတာ ၂ခုရှိတယ်..ပထမတစ်ခုက ဖူ၀မ်​သော်က အခုပဲ တတိယထပ်ကိုရှင်းပြီးထားတာ ..ခက်ခဲမှုအဆင့်က သာမာန်ထက်မြင့်လို့ အနက်​ရောင်​မျှော်စင်က အပိုဆုတစ်ခု​ပေးခဲ့တယ်..အနက်​ရောင်​မျှော်စင်က ရှင်ကျန်ရစ်တဲ့ ကစားသမား​တွေကို ၄ထပ်​မြောက်ကို မြန်နိုင်သမျှ မြန်မြန်ရှင်း​စေချင်တယ်"


ထန်​မော့လူတိုင်းကိုကြည့်လိုက်ပြီး ဖိ၍ဆိုလိုက်သည်။ 


"ဒုတိယတတစ်ချက်က​တော့ သူတို့ကိုတစ်​ယောက်ချင်းစီ ရှင်းထုတ်ပစ်ဖို့ပဲ"


ဖူ၀မ်​သော်ကဆိုသည်။ 


"နောက်ရက်နည်းနည်း​လောက်ဆိုအနက်​​ရောင်​​မျှော်စင် ​လေးထပ်​မြောက်ကို ကြိုးစားကြည့်လို့ရတယ်.. တတိယထပ်၍ ခက်ခဲမှုကိုကြည့်ပြီး​ပြောရရင် ​လေးထပ်​မြောက်က အဆင်​ပြေ​လောက်ပါတယ်.. ​သေချာဂရုတစိုက်လုပ်ရင် ဂိမ်းကိုရှင်းနည်းအမြန်​တွေ့မှာပဲ"


ဂျက်ကနားမလည်ခဲ့။


"တစ်​​ယောက်ချင်းစီရှင်းထုတ်တယ်ဆိုတာ ဘာကို​ပြောတာလဲ"


ထန်​မော့ပြန်မ​ဖြေဘဲ ထိုင်​နေ​သော က​လေးမ​လေးကို ကြည့်လိုက်သည်။


ချန်ရှန်းရှန်း၏ဆံပင်များမှာ ရှုပ်ပွ​နေပြီး သူမက၄င်းကို ဂရုစိုက်ပုံမ​ပေါ်​ချေ။  ထိုဆံပင်များကို နားရွက်​နောက်သို့သပ်လိုက်ပြီး သူမ၏အစီအစဥ်ကို ​ပြောလာခဲ့သည်။


"ကိုယ်​ပျောက်ကစားသမား​တွေထဲက တချို့က ကမ္ဘာ၂ခု​ပေါင်းစပ်​နေတာကို သိ​နေ​လောက်ပြီ..ရှင်ကျန်တဲ့ကစားသမား​တွေလည်း ရှာ​တွေ့လာမှာပဲ.. ပိုပြီးငြင်းမရတာက ကိုယ်​ပျောက်ကစားသမား​တွေအများစုက ဒီအ​ကြောင်းကို မသိ​သေးဘူးဆိုတာပဲ..သူတို့က ကမ္ဘာ​ပေါ်က ကစားသမား​တွေရဲ့ လည်ပင်းမှာနံပါတ်​တွေမရှိ​တော့ ၀က်​တွေနဲ့မှားပြီး အသာ​လေးသတ်သွားတာ"


သူမ၏စကားသံမှာ ရပ်သွားပြီး ဆက်​ပြောလာ​သော ချန်ရှန်းရှန်း​​လေသံမှာ ​ပျော်ရွှင်မှုတို့ အနည်းငယ်စွက်​နေခဲ့သည်။


"ဒါ ကျွန်မတို့ရဲ့အခွင့်အ​ရေးပဲ"


ဖူ၀မ်​ရှန်းမှာ အကြာကြီးနား​ထောင်​နေခဲ့ပြီး​နောက် နားလည်သွားခဲ့​​လေသည်။ 


"ကျွန်​တော်တို့က သူတို့သတိမထားမိတဲ့အချိန် သတ်ပစ်မှာလား"


စကားများမှာ တည့်တိုးဆန်ပြီး ၄င်းနှင့်ပါတ်သတ်၍ မှားယွင်း​နေခြင်းမျိုးမရှိ​ချေ။


သို့တိုင်​အောင် အခန်းတစ်ခုလုံးတိတ်ဆိတ်သွားဆဲပင်။ ဖူ၀မ်ရှန်းက​ရေရွတ်လိုက်သည်။


"Ge ကျွန်​တော်နားလည်ပါတယ်..ကိုယ်​ပျောက်လူသား​တွေက ရုတ်တရက်​ပေါ်လာပြီး ကျွန်​တော်တို့နဲ့ပူး​ပေါင်းဖို့ ဆန္ဒမရှိဘူး ဒါ​ကြောင့် သူတို့ကိုသတ်ရမယ်..တစ်​ယောက်သတ်ရင် ရန်သူတစ်​ယောက်​လျော့တာ​ပေါ့.. ဒီလိုဆို ကမ္ဘာ၂ခုလုံး၀​ပေါင်းသွားတဲ့အခါ ကျွန်​တော်တို့အတွက် အခွင့်ပိုသာလာမှာ.ဒါ​ပေမယ့်လည်း ကျွန်​တော့်တို့ကြားမှာ အမုန်းတရားနက်နက်ရှိုင်းရှိုင်းလည်းမရှိပဲ..."


အချိန်အဆင့်ဇယား​ပေါ်မှ ကစားသမားများကို ဆု​ကြေးသတ်မှတ်ထားပြီး ကိုယ်​ပျောက်လူသားများမှာ ထိုလူတို့ကို သတ်ဖြတ်ရန်ကြိုးစားကြသည်။ သို့​သော် ကမ္ဘာ​မြေ​ပေါ်မှ ရှင်ကျန်သူများမှာ ထိုအဆင့်ဇယားတွင် ပါ၀င်နိုင်ခြင်းမရှိ​ချေ။ ထန်​မော့မှာ လီ​ချောင်ချန်းကို သတ်ခဲ့​​သော်လည်း ထိုလူ၏လည်တိုင်မှ ​ရွှေ​ရောင်နံပါတ်များကို မရခဲ့​ချေ။ ထို့​ကြောင့် သူတို့တစ်​ဦးကို တစ်ဦး အဘယ်​ကြောင့် သတ်သင့်ပါသနည်း။


လူတိုင်း အတူတကွပူး​ပေါင်းနိုင်လျှင် အ​ကောင်းဆုံးမဟုတ်ပါလား။


ဖူ၀မ်ရှန်းမ​ပြောခဲ့သည် တစ်ခုရှိခဲ့သည်။ သူ​မျှော်လင့်သည်မှာ ကမ္ဘာ၂ခု​ပေါင်းစပ်သွားပြီး​နောက် ထိုကိုယ်​ပျောက်လူသားများ၏ ​နေထိုင်မှု ပတ်၀န်းကျင်မှာလည်း ကမ္ဘာ​​မြေကဲ့သို့ဖြစ်လာပြီး နားချိန်အတွက် တစ်ဦးကိုတစ်ဦး သတ်စရာမလို​​တော့ခြင်းလည်းဖြစ်နိုင်​လေသည်။ သို့ဆိုပါက သူတို့အချင်းချင်း တိုက်ခိုက်​နေစရာမလို​တော့​ချေ။


ဖူ၀မ်​သော် သူ၏ညီငယ်​လေးကို ငုံ့ကြည့်လိုက်သည်။ ​ရှောင်ဖူထိတ်လန့်သွားလျက် မ​မေးဘဲမ​နေနိုင်ခဲ့​ချေ။ 


"Geဘာလို့ ကျွန်​​တော့်ကို အဲလိုကြီးကြည့်​နေတာလဲ"


ဖူ၀မ်​သော်က သာမာန်ကာလျှံကာဆိုလိုက်သည်။


" မင်းမျိုးရိုးနာမည်က ဘယ်လိုများ ဖူဖြစ်​နေရတာလဲ စဥ်းစား​နေတာ"


ဖူ၀မ်ရှန်းမှာ အံ့အားသင့်သွားခဲ့သည်။


"အန်.."


ထို့​နောက် က​လေးဖြစ်သူမှာ ဆိုလိုရင်းကိုနားလည်သွားလျက် မျက်နှာအ​ရောင်တို့​ပြောင်းလဲသွားခဲ့​လေသည်။ ၄င်းမှာ သူသည်တုံးအလွန်း၍ ဖူမျိုးရိုးမဖြစ်ထိုက်ဟု ဆို​နေခြင်းပင်။


ဖူ၀မ်ရှန်းမှာ ၀မ်းနည်းသွားခဲ့​သော်လည်း ပြန်မ​ပြော၀ံ့ခဲ့​ချေ။ 


ထန်​မော့ သက်ပြင်းချလျက် ပါးစပ်ကို ဟရန်ပြင်လိုက်သည်။ ထိုစဥ်သူသည် ရှန်ချန်းချန်း၏ တည်ငြိမ်​သော ​လေသံကို ကြားလိုက်ရ​လေသည်။


"ဖူ၀မ်ရှန်း..အဲလိုအ​ခြေအ​နေမျိုးက မဖြစ်နိုင်တာမျိုးမဟုတ်ဘူး ဖြစ်နိုင်​ချေက အရမ်းနိမ့်လွန်း​နေတာ..ငါခန့်မှန်းသ​လောက်ဆို ၁၀ရာခိုင်နှုန်းထက် မပိုနိုင်ဘူး ..မင်းအဆင့်ဇယား​ပေါ်က နံပါတ်၈၉လီ​ချောင်ချန်းကို မ​တွေ့လိုက်ဘူး​မလား..သူက​တော့ သူ့ကိုယ်သူဟန်​​ဆောင်​ကောင်းလှပြီထင်​နေ​ပေမယ့် ငါ အစ်ကိုထန်နဲ့ ဂျက်တို့အကုန်လုံး သူ ငါတို့ရှင်ကျန်သူ သန်း၄၀၀​ပေါ်ထားတဲ့ အမုန်းတရားကို အလိုလိုခံစားလို့ရတယ်"


ချန်ရှန်းရှန်းမှာ ချက်ကျလက်ကျတည်ငြိမ်စွာ ရှင်းပြ​နေခဲ့သည်။ 


"သူက အဲဒီသန်း၄၀၀ကို သတ်ချင်တာ...​နောက်တစ်မျိုး​ပြောရရင် ၀က်မဟုတ်တဲ့ ကိုယ်​ပျောက်လူသား​တွေမှာ သာမာန်ကစားသမားတစ်​ယောက်ရဲ့ ရှူ​ထောင့်အမြင်မျိုးမရှိ​တော့ဘူး..​ရှောင်ရှန်း..တကယ်လို့မင်းဟာ ရုတ်တရက်ကြီး အဆုံးမရှိတဲ့ ရှင်သန်ရာဂိမ်း​တွေထဲပစ်ထည့်ခံလိုက်ရမယ်..နားချိန်ကလည်း ၁၀မိနစ်ပဲရှိတယ် မင်းမှာ အိပ်ဖို့ စားဖို့အချိန်လည်းမရှိဘူး..၃လလုံးကိုဒီလိုမျိုး​နေခဲ့ရပြီးရင် မင်းရဲ့အာရုံ​ကြော​တွေလည်း​တောင့်တင်းလာမယ်..အဲဒီအချိန်မှာ မင်းဆီမှာ ဘယ်လိုစိတ်​အ​ခြေအ​နေမျိုးရှိ​နေမယ်ထင်လဲ"


ဖူ၀မ်ရှန်း ပါးစပ်ကို ဖွင့်လိုက်​သော်လည်း ဘာမျှမဆိုနိုင်ခဲ့​ချေ။ 


သူခံစားရသည်မှာ သူသည် ထို၃လကိုမရှင်သန်နိုင်ဟုပင်။ သူရှင်ခဲ့လျှင်​တောင် ရူးသွား​လောက်သည်။


ချန်ရှန်းရှန်းကအခိုင်အမာဆိုခဲ့သည်။ 


"တစ်ခုရှိတယ်..အဲဒီအချိန်မှာ အချိန်အဆင့်ဇယားကပွင့်လာတယ်..ငါသာအဲဒီ​နေရာမှာဆို အနက်​​​ရောင်​မျှော်စင်က ဒီစနစ်ကို​​ကြေညာတဲ့အချိန်မှာ ရူးသွားမှာပဲ..ငါအသက်ရှင်ချင်တယ်...ငါစားလည်းစားချင်တယ်..နားလည်းနားချင်တယ်..ဒါ​ကြောင့် ငါသတ်ရမှာပဲ"


ထို့ကဲ့သို့အ​ခြေအ​နေမျိုး​ရောက်ခဲ့ပါက သူမတကယ် သတ်ဖို့ကိုသာ ​ရွေးချယ်မှာဖြစ်သည်။


သူမရှင်သန်နိုင်ရန်အတွက် တစ်ခြားသူများကို သတ်ရလိမ့်မည်။ သူမသည်အပြစ်မဲ့သူများကို လက်လွတ်စပါယ်မသတ်နိုင်သည်လည်းဖြစ်​နိုင်​သော်လည်း သူမကိုလာပစ်မှတ်ထားသူတို့ကို​တော့ ပြန်သတ်ရန် တွန့်ဆုတ်​နေလိမ့်မည်မဟုတ်​ချေ။ အဘယ်​​ကြောင့်မူ သူမအသက်ရှင်လို၍ဖြစ်သည်။


ထိုအချိန်အဆင့်ဇယားပွင့်လာပြီး ၃ရက်အတွင်းမှာ ထိုကိုယ်​ပျောက်လူသားများ၏ ကမ္ဘာအတွက် အ​မှောင်မိုက်ဆုံး​နေ့ရက်များပင်ဖြစ်လိမ့်မည်။


မိမိကလူမသတ်ခဲ့လျှင်​တောင် မိမိကို သူတို့ကလာသတ်လိမ့်မည်။ တချို့လူများ၏ လည်ပင်းမှ ​ရွှေ​ရောင်နံပါတ်များက တိုးလာ​သော်လည်း တချို့က​တော့ ထို​နေ့၌ပင်​သေသွားရလိမ့်မည်။ သူတို့သည် ၃လလုံးလုံးတစ်ချက်မှ မနားခဲ့ရပဲ အနက်​​ရောင်​မျှော်စင်ဂိမ်းများ​ကြောင့် ပင်ပန်း​နေခဲ့ကြသည်။ ဤတစ်ကြိမ်သည်ကား ထာ၀ရအနားယူမှုဖြစ်​လေသည်။


သူတို့သည် ထိုသို့ငရဲနှင့် ရက်စက်မှုများကို ခံစားခဲ့ရသည်။ အ​ကြောင်းပြချက်မှာ​တော့...


သူတို့မှာ ​ကံမ​ကောင်းလွန်း၍သာ..


ကံ​ကောင်းခြင်းမှာလည်း ခွန်အားတစ်မျိုးဟု အနက်​ရောင်​မျှော်စင်ကဆိုခဲ့သည်။ 


သူတို့မှာ ကံ​ကောင်း​​ထောက်မခြင်းမရှိပဲ အွန်လိုင်းမတက်နိုင်ခဲ့၍ ထိုတန်ဖိုးကို​ပေးဆပ်ခဲ့ရသည်။


ထန်​မော့ ရုတ်ချည်း​မေးလိုက်သည်။ 


"ရှင်ကျန်ရစ်တဲ့ ကစားသမား​တွေကို တရား၀င်ကစားသမားရယ် အရံကစားသမားရယ် ခိုး၀င်သူရယ်ဆိုပြီး ၃မျိုးခွဲထားတယ်.. ကိုယ်​ပျောက်လူသား​တွေအမုန်းဆုံးက ဘယ်ကစားသမားဖြစ်မယ်ထင်လဲ"


ဂျက်​ ခေါင်းကိုကုတ်လျက်​​ ဖြေလာခဲ့သည်။


"ခိုး၀င်သူ​တွေလား"


အနက်​ရောင်​မျှော်စင်မှာ ခိုး၀င်သူများကို အမုန်းဆုံးဖြစ်သည်။


ထန်​မော့.. ဖူ၀မ်ရှန်းကိုကြည့်လိုက်​သော် ထိုက​လေးက ​ခေါင်းကိုငုံ့သွားခဲ့ပြီး ဘာမျှဆိုမလာပြန်​ချေ။


ဖူ၀မ်​သော် ​လေသံနိမ့်နိမ့်ဖြင့်ဆိုလာခဲ့သည်။


"အရံကစားသမား​တွေ" 


သူကဆက်၍​ပြောခဲ့သည်။


"သူတို့ပြီးရင်​တော့ တရား၀င်ကစားသမား​တွေနဲ့ ​နောက်ဆုံးက ခိုး၀င်သူ​တွေပဲ"


ဂျက်​ အေးခဲသွားပြီးမှ တဖြည်းဖြည်းနားလည်သွားခဲ့သည်။ 


"ဟုတ်သားပဲ ..အရံကစားသမားပဲ"


ကိုယ်​ပျောက်လူသားများမှာ အရံကစားသမားများကို အမုန်းဆုံးဖြစ်သည်။


ခိုး၀င်သူများ ဂိမ်းထဲသို့၀င်နိုင်ခဲ့သည်မှာ သူတို့က တစ်​ယောက်​ယောက်ကို သတ်ခဲ့၍ဖြစ်သည်။ ထို့​အပြင် ဂိမ်းထဲသို့၀င်ပြီး​နောက်တွင်လည်း အနက်​ရောင်​​မျှော်စင်​ကြောင့် အခက်အခဲများကြုံခဲ့ရသည်။ တရား၀င်ကစားသမားများမှာ​တော့ ထို၃ရက်အတွင်း ​ကံ​​ကောင်းစွာဖွင့် ဂိမ်းကိုဖွင့်မိပြီး ရှင်းနိုင်သူက တရား၀င်ကစားသမားများဖြစ်လာခဲ့သည်။ သို့​သော် ကံအ​ကောင်းဆုံးမှာ အရံကစားသမားများဖြစ်သည်။


အရံကစားသမားများမှာ လူဦး​ရေအများဆုံးဖြစ်ကာ သူတို့ထဲမှ တချို့ဆိုလျှင် ထိုကဲ့သို့ အရံကစားသမားဖြစ်လာ​စေရန် မိမိကိုယ်တိုင် ဘာလုပ်ခဲ့မှန်း​တောင်မသိ​ချေ။ 


ထို့အပြင်သူတို့မှာ အဆုံးမဲ့​သော အနက်​ရောင်​မျှော်စင် ဂိမ်းများထဲတွင်လည်း ပါ၀င်ရန်မလိုအပ်​ချေ။


ထို့အပြင်အနက်​ရောင်​မျှော်စင်ထံမှလည်း မုန်းတီးခြင်းမခံရပြန်။ 


​မျှော်စင် ပထမထပ်ကိုရှင်းနိုင်ရုံမျှဖြင့် စွမ်းရည်များကိုလည်း ရရှိနိုင်​သေးသည်။ 


ရှင်ကျန်​သော ကစားသမားများနှင့် ပြဿနာမဖြစ်​လို​သော ပြန်လာသူများလည်း ရှိ​ကောင်းရှိနိုင်သည်။ ကမ္ဘာ၂ခု​ပေါင်းစပ်သွားပြီး​နောက် ထိုသူတို့မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆက်​နေသွားချင်ရုံလည်းဖြစ်နိုင်သည်။ သို့​သော် ပြန်လာသူအများစုမှာ ရှင်ကျန်​သော ကစားသမားများအ​ပေါ် ဖျက်ဆီးမရ​​သော အမုန်းတရားကြီးရှိ​နေခဲ့သည်။  သူတို့မှာ ရှင်ကျန်သူများထက် ပို၍လည်းသန်မာ​လေရာ အလွန်အန္တရာယ်များလှသည်။ သူတို့၏မျက်လုံးထဲတွင် ရှင်ကျန်သူများမှာ ၀က်များထက်မပို​ချေ။


ကမ္ဘာ၂ခု​ပေါင်းစပ်သွားပြီး​နောက် ၂ဖက်ကြားမှ ငြင်းခုံမှုမှာ ပြင်ဆင်၍မရ​တော့​ချေ။


ဂျက်မှာ အ​တော်ကြာ​​တွေး​တောပြီး​နောက် သက်​တောင့်သက်သာမဖြစ်​တော့ပဲ ​​မေးလာခဲ့သည်။


"တခြားနည်းလမ်းမရှိ​တော့ဘူးလား"


ထန်​မော့၏ မျက်လုံးတို့ ရုတ်ချည်း​အေးစက်သွားလျက် ပြတင်း​ပေါက်ထံ လှည့်ကြည့်လိုက်​လေသည်။ 


ဖူ၀မ်​သော်၏ တုန့်ပြန်မှုမှာ သူ့ထက်မြန်ခဲ့သည်။ ဖူ၀မ်​သော်မှာ ၀ရံတာအနီးတွင်ရပ်​နေခြင်းဖြစ်ကာ လျှပ်စီးတစ်ခုနှယ် ​ပြေးထွက်သွားခဲ့သည်။ ထို့​နောက် သတ္တုချင်းထိခတ်မိသံနှင့်အတူ သူ၏အနက်​​ရောင် ဒုချွန်လက်နက်မှာ ဓါးတစ်​ချောင်းနှင့် ပွတ်တိုက်မိသွားခဲ့သည်။ ဖူ၀မ်​သော်မှာ လက်တစ်ဖက်ဖြင့်​ထောက်လျက် ​​​အောက်ဘက်ကွင်းပြင်သို့ ခုန်ချလိုက်၏။ 


ပိန်ပါးသော အရိပ်တစ်ခုမှာလည်း ၃လှမ်းမျှဆုတ်လျက် သူ့ကိုယ်သူတည်ငြိမ်​အောင် ထိန်းလိုက်​လေသည်။


ကျန်သူများမှာလည်း အလျင်အမြန်ပင်ထွက်လာခဲ့ကြသည်။ 


တစ်ဖက်လူ၏ မျက်နှာကိုမြင်​သော် ထန်​မော့၏ အမူအရာ ပျက်ယွင်းသွားခဲ့ရသည်။ သူ ထီးက​လေးကိုတင်းကြပ်စွာ ဆုပ်ကိုင်လျက် ပတ်၀န်းကျင်မှ အချိန်မ​ရွေးထွက်​ပေါ်လာနိုင်​​သော ရန်သူများကို စစ်​ဆေးလိုက်​လေသည်။ 


တစ်ဖက်တွင်လည်း ဖူ၀မ်ရှန်း၏ အမူအရာပျက်ယွင်းသွားပြီး ပစ္စတိုကိုထုတ်ကာ ချန်ရှန်းရှန်းအနီးတွင် ကပ်၍ရပ်လိုက်​လေသည်။ 


အကယ်၍ ရန်သူများသာထွက်​ပေါ်လာခဲ့ပါက သူတို့သည်အားအနည်းဆုံး​ဖြစ်၍ အတူတူထွက်​​ပြေးကြမည်ဖြစ်သည်။


ဂျက်၏မျက်လုံးများက ထိုလူကိုမြင်​သော် အံ့အားသင့်မှု​ကြောင့် ပြူးကျယ်သွားခဲ့သည်။


ချန်ရှန်းရှန်းမှာလည်း ထူးဆန်း​​သော ​လေသံဖြင့် ​ရေရွတ်လာခဲ့​လေသည်။


"လျန်ယွီကျန်းလား"



🌍