၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း
အပိုင်း ၁
၁၉၈၈
ဇွန်လအစောပိုင်းတွင် ရာသီဥတုက ပိုပူလာသည်။
မနေ့ညကပဲ မိုးရွာခဲ့ပြီး လေထုက စိုစွတ်တဲ့ အနံ့တွေ ပြည့်နေသည်။ ဘိလပ်မြေ မခင်းရသေးသော မြေသားလမ်းသည် တွင်းများနှင့် ပြည့်နေပြီး ခြေလှမ်းလိုက်တိုင်း ရွှံ့တွေဖြစ်နေခဲ့သည်။
လီယွီလန်ကို အမျိုးသမီးနှစ်ဦးက လမ်းကြားတွင် သူမလက်မောင်းအား ကိုင်ထားကြသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးမှာ သူမ၏မိခင် ဝမ်ယင်လျန်နှင့် သူမ၏အဒေါ် ချမ်ဖုန်းယင်တို့ ဖြစ်သည်။
"စိတ်မပူပါနဲ့ ဒီဆေးခန်းကို ငါ့မိတ်ဆွေရဲ့ ဆွေမျိုးတစ်ယောက်က ဖွင့်ထားတာ၊ နည်းပညာကို ပြောစရာမလိုဘူး။"
ချမ်ဖုန်းယင် - "အခုလက သိပ်ကြီးသေးတာမှ မဟုတ်တာ မြန်မြန်သတ်ပစ်လိုက် ဒါမှမဟုတ်ရင် မိသားစုစီမံကိန်းရုံးကို အသိပေးလိုက်။ အဲဒါက ပြဿနာ ဖြစ်လာလိမ့်မယ်။"
"အဲဒါကြောင့်လား။"
ဝမ်ယင်လျန် - "ကုရှန်း နုတ်ထွက်တာကို အစကတည်းက သဘောမတူခဲ့ပေမဲ့ အခုတော့ အဆင်ပြေသွားပြီ သူကသေသွားပြီပဲ။ လန်လန်ကို သနားရုံပါ။ ပြောရမယ်ဆို သူတို့မိသားစုမှာ ကောင်းတာမရှိဘူး!"
ဝမ်ယင်လျန်က ဒေါသတကြီး ကြိမ်းမောင်းပြီးနောက် သူက လီယွီလန်ကို ဆုပ်ကိုင်လိုက်သည်။ "ပြီးတော့နင်၊ အသိစိတ်မရှိဘဲ ကိုယ်ဝန်က ရှိပြန်ပြီ၊ နင်က နင့်အမေ ငါ့ကိုတောင် ဒီကိစ္စ ဖုံးကွယ်ထားတယ်!"
လီယွီလန်သည် ထိုစကားများကို ကြားလိုက်ရသောအခါတွင် သူမသည် ခေါင်းကိုက်နေခဲ့သည်။
သို့သော် ယခုအချိန်တွင် သူမတစ်ကိုယ်လုံးတွင် ခွန်အားမရှိတာကြောင့် သူမသည် သူတို့အား သူမကို ဆွဲခေါ်သွားခွင့်သာပြုနိုင်ခဲ့သည်။
သူမသည် အခြားရွှံ့တွင်းထဲသို့ ခြေချမိသောအခါ လီယွီလန်သည် ရုတ်တရက် ဗိုက်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။
ဒါပေမယ့် ဒီနာကျင်မှုလေးက လီယွိီလန်သည် အင်အားအနည်းငယ်ကို ပြန်လည်ရရှိစေတာကြောင့် ဝမ်ယင်လျန်နဲ့ ချမ်ဖုန်းယင်တို့ဆီမှ သူမသည် ချက်ချင်းလွတ်မြောက်သွားပြီး သူမရဲ့ဗိုက်ကို လက်တစ်ဖက်နဲ့အုပ်ကာ နံရံကို နောက်တစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။
ရှေ့တွင်ရှိနေသည့် လီကျောင်းကျောင်းသည် နံရံကို မှီပြီး ရပ်နေသော အမျိုးသမီးကို ကြည့်ကာ သူမ၏ မျက်လုံးများတွင် မနာလိုမှု အရိပ်အယောင်များ ပေါ်လာသည်။
လီယွီလန်၏ ဖြူဖျော့သော မျက်နှာသည် အနည်းငယ် နာကျင်နေပြီး သူမ၏ အနက်ရောင် ဆံပင်များက သူမ၏ ပါးပြင်ပေါ်တွင် အနည်းငယ် ရှုပ်ပွနေသည်။
အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ လီယွီလန်က ကလေးတစ်ယောက်မွေးထားပေမယ့် အံ့သြစရာကောင်းလောက်အောင် လှပနေဆဲဖြစ်ပြီး သူမအပေါ် ကြင်နာတတ်ပြီး ချမ်းသာတဲ့ ခင်ပွန်းလည်းရှိသည်…
ဒါပေမယ့် ကိစ္စမရှိပါဘူး။ အခုမှစပြီး ဒါတွေအားလုံးက သူ လီကျောင်းကျောင်းတွက်ပဲ ဖြစ်သွားလိမ့်မည်!
လီကျောင်းကျောင်းက သူမရဲ့ အတွေးတွေကို ပြန်ရုတ်လိုက်ပြီး လီယွီလန်ကို ကူညီဖို့ အလျင်အမြန် ရှေ့ကို တိုးလာပြီး စိုးရိမ်ဟန်ဆောင်ကာ "ဒုတိယ ဝမ်းကွဲ၊ နင် အဆင်ပြေရဲ့လား?"
ဝမ်ယင်လျန်ကလည်း "အိုး ဗိုက်နာနေတာလား။ ယောင်းမ နင်ပြောတဲ့ ဆေးခန်းက ဘယ်မှာရှိတာလဲ? အဲ့တာက ဘယ်လောက်ဝေးလဲ?"
ချမ်ဖုန်းယင်က ရှေ့ကိုကြည့်ပြီး "သိပ်မဝေးဘူး၊ ဒါပေမယ့် ယွီလန်က ဒီအခြေအနေနဲ့ အသက်ရှင်ပါ့မလား?"
"မလုပ်နိုင်ဘူး!" ဝမ်ယင်လျန်က စိုးရိမ်တကြီးနဲ့ "ဒီဗိုက်ထဲက ကလေးက ဆက်ရှိနေလို့ မရဘူး။ တတ်နိုင်သမျှ အမြန်ဆုံး ဖျက်ဆီးပစ်ရမယ်။"
သူ့မိခင်၏ သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သော စကားများကို နားထောင်ရင်း လီယွီလန်၏ နှလုံးသားသည် မတုန်လှုပ်ခဲ့ပါ။
ဘာကြောင့်လဲ ဆိုတော့ ဒီအခိုက်အတန့်မှာ အပိုင်းအစတွေ အများကြီး သူမစိတ်ထဲမှာ တဖြည်းဖြည်း ပေါ်လာပြီး ဒီအပိုင်းအစတွေက သူမခေါင်းထဲကို တစ်ခုပြီးတစ်ခု တိုးဝင်လာကာ ခေါင်းက ပေါက်ကွဲလုနီးပါး ပြည့်ကျပ်နေခဲ့သည်။
ခဏအကြာတွင် လီယွီလန်သည် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
ထိုအကြောင်းအရာများသည် နောက်ဆုံးတွင် ဖြည်းညှင်းစွာ ချိတ်ဆက်သွားသောကြောင့် လီယွီလန်သည် အရာတစ်ခုကို နားလည်သွားခဲ့သည်။
သူမသည် စာအုပ်ထဲတွင် ရှိနေကြောင်း သိသွားခဲ့သည်။
စာအုပ်ထဲက အမျိုးသားဇာတ်ဆောင်ကတော့ သူမခင်ပွန်း ကုရှန်းဖြစ်ပြီး သူမ လီယွီလန်ကတော့ အဲဒီစာအုပ်ထဲက တုံးအတဲ့ အမြောက်စာ ဇနီးဟောင်းပင်။
စာအုပ်ထဲမှာ ကုရှန်းသည် အပြင်မှာ သေဆုံးသွားတယ်လို့ သူမက အလွယ်တကူ ယုံကြည်တာကြောင့် သူမသည် စိတ်မရှည်စွာ သူမဝမ်းထဲက ကလေးကို ကိုယ်ဝန်ဖျက်ချပြီး တခြားတစ်ယောက်နဲ့ ချက်ချင်းလက်ထပ်ချင်ခဲ့သည်။
ရလဒ်အနေနဲ့ ကိုယ်ဝန်ဖျက်ချမှု မအောင်မြင်တဲ့အတွက် အေးစက်သော ခွဲစိတ်ခုံပေါ်တွင် သူမသည် တစ်ခါတည်း သေဆုံးသွားတဲ့ ရလဒ်ဆိုးတွေ ရှိခဲ့သည်။
လီနှင့် ကုမိသားစုများက ဘယ်သူမှ သူမသားကို ပြုစုစောင့်ရှောက်ရန် ဆန္ဒမရှိသောကြောင့် သူ့ကို တခြားနေရာတစ်ခုသို့ ရောင်းစားခဲ့သည်။
ဒါပေမယ့် လူတိုင်းမမျှော်လင့်ထားတဲ့ အရာကတော့ ကုရှန်းသည် မသေသေးပါ။
အဲဒီအစား သူသည် ပိုက်ဆံအများကြီး ပြန်ရှာလာခဲ့သည်။
ထိုအချိန်တွင် စာအုပ်၏ အမျိုးသမီးဇာတ်ဆောင် လီကျောင်းကျောင်း ပေါ်လာခဲ့သည်။
လီကျောင်းကျောင်းသည် ဇနီးနှင့် ကလေးဆုံးရှုံးသွားသော ကုရှန်း၏ နံဘေးတွင် ဘာမျှပြန်မတောင်းဆိုဘဲ နေခဲ့ပြီး သူ့ကို အားပေးနှစ်သိမ့်ပေးကာ နောက်ဆုံးတွင် ကုရှန်းကို ပြောင်းလဲပေးခဲ့သည်။
အဲဒီနောက်မှာတော့ ကုရှန်းသည် စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခဲ့ပြီး သူ့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ သူသည် နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့အထိ တိုးတက်ခဲ့ပြီး လီကျောင်းကျောင်းဟာလည်း သူ့ဆန္ဒအတိုင်း အချမ်းသာဆုံးသူရဲ့ ဇနီးဖြစ်လာခဲ့သည်။
သူမနေထိုင်တဲ့ကမ္ဘာဟာ စာအုပ်တစ်အုပ်ဖြစ်သလို သူမကို တုန်လှုပ်စေတဲ့အရာကတော့ စာအုပ်ထဲက သူမ ပုံရိပ်ပင်။
လီယွီလန်သည် သူမ ဘာကြောင့် ဒီလောက်ဒေါသထွက်စရာများကို လုပ်နိုင်သည်ကို နားမလည်နိုင်ခဲ့ပေ။
ကုရှန်းဘက်က အတိအကျ သတင်းမရသေးဘဲ ကလေးကိုသတ်ပြီး တခြားသူနဲ့ လက်ထပ်ဖို့ ပြောနေတာက လီယွီလန်ရဲ့ ပုံစံမဟုတ်ဘူး!
ဒါဟာ တကယ်ကို ဒေါသထွက်စရာပင်။
မင်းကို မကောင်းဆိုးဝါးတစ်ကောင်က ဖမ်းစားထားတယ်လို့ မင်းထင်လား?
ဤအတွေးသည် လီယွီလန်၏ စိတ်ထဲတွင် ဖြတ်ပြေးနေသော်လည်း သူမသည် အခြားတစ်ခု သူမက လွန်ခဲ့သည့်နှစ်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့တာကို တွေးမိလိုက်သည်။
အထူးသဖြင့် တခါတရံ သူမက ဘာလုပ်နေလဲ မသိသလို သူမသည် အတွေးထဲမှာ လုံးဝနစ်မြုပ်နေခဲ့သည်။
ကုရှန်းက အရင်တစ်ကြိမ် ပြန်လာတုန်းက သူမအား ဆေးရုံကို သွားကြည့်ဖို့တောင် ခေါ်သွားပေမယ့် ဘာမှမတွေ့ခဲ့ပေ။
လီယွီလန်က သူမ စိတ်အခြေအနေ မကောင်းဘူးလို့ဘဲ ထင်ခဲ့သည်။
ဒါကိုတွေးရင်း လီယွီလန်က မမှတ်မိနိုင်ဘဲ၊ ခဏနေပါဦး၊ သူမက ဘာကြောင့် ကိုယ်ဝန်ဖျက်ချဖို့ သဘောတူခဲ့ပြီး ဘယ်လိုလုပ် သူမ ဒီနေရာမှာ ပေါ်လာတာလဲ?
လီယွီလန်က ခက်ခက်ခဲခဲ တွေးနေပေမယ့် သူမသည် အတွေးမရှိတဲ့ ရုပ်သေးရုပ်တစ်ရုပ်လို မှတ်ဉာဏ်တွေ သူမမှာ မရှိခဲ့ပေ...
ဤကြောက်စရာကောင်းသော ပုံစံက လီယွီလန်၏ ကျောကို ချွေးရွှဲစေခဲ့သည်။
သူမဝမ်းထဲက ကလေးက သူ့အမေရဲ့ကြောက်စိတ်ကို သိပုံရပြီး အနည်းငယ် ကန်ထုတ်လိုက်တာနဲ့ လီယွီလန်က သတိပြန်ဝင်လာခဲ့သည်။
ဝမ်ယင်လျန်နှင့် ချမ်ဖုန်းယင်တို့သည် လီယွီလန်ကို ဆေးခန်းသို့ ဘယ်လိုခေါ်ဆောင်ရမည်ကို ဆွေးနွေးနေကြဆဲဖြစ်သည်။
လီကျောင်းကျောင်းသည် လီယွီလန်က အချိန်အကြာကြီး စကားမပြောဘဲ ထွက်သွားသည်ကို မြင်သောအခါတွင် သူမသည် စိတ်မပူပင်ဘဲ မနေနိုင်ပေ။ လီယွီလန်သည် သူမ ကောင်းကောင်းပြောခဲ့သဖြင့် အခုလေးတင် ကိုယ်ဝန်ဖျက်ချရန် သဘောတူခဲ့ခြင်းမှာ ရှားရှားပါးပါးဖြစ်ပြီး ဒါပေမယ့် သူမသည် ယခုနောက်ဆုံးအခိုက်အတန့်တွင် အဲ့ဒါကို မဆုံးရှုံးချင်ပေ။
ထို့ကြောင့် သူမသည် ရှေ့သို့လှမ်းကာ လီယွီလန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ငါးချောင်းဖြင့် လီယွီလန်၏ အင်္ကျီလက်များကို ခေါက်လိုက်သည်။
"ဒုတိယဝမ်းကွဲ၊ ဒီအချိန်မှာ ထပ်ပြီး စိတ်မရှုပ်ပါနဲ့တော့!"
လီကျောင်းကျောင်းက "ကျွန်မရဲ့ အတန်းဖော်က အစ်ကိုကုရှန်းကို ခေါ်ဆောင်သွားတာကို သူမြင်ခဲ့ရတယ်လို့ သီးသန့်ပြောပြခဲ့တယ်။ သူ့စကားအရတော့ အဲဒီလူတွေက အဝေးခေါ်သွားခံရတဲ့ လူတွေက ပုံမှန်အားဖြင့် အသက်ရှင်ဖို့ နည်းလမ်းမရှိဘူးတဲ့။ ကျွန်မရဲ့ အကြံပေးတာကို နားထောင်ပြီး ကလေးကို မြန်မြန် ဖယ်ရှားလိုက်ပါ။ မဟုတ်ရင် မိန်းမတစ်ယောက်အနေနဲ့ နင်က ဘာလုပ်နိုင်မှာလဲ?"
လွီကျောင်းကျောင်းသည် လီယွီလန်အကြောင်း အတွင်းရော အပြင်ရော တွေးနေကာ သူမ၏ မျက်နှာတွင် စိုးရိမ်မှု အပြည့် ရှိနေသည်။
သို့သော် လီယွီလန်သည် သူမ၏မျက်လုံးထဲတွင် မသိမသာ တွက်ချက်မှုများကို မြင်လိုက်ရသည်။
လီကျောင်းကျောင်းက သူမကို ဗိုက်ထဲကကလေးကို ကိုယ်ဝန်ဖျက်ချဖို့ အမှန်တကယ် ဆန္ဒရှိခဲ့ပြီး လီယွီလန်က သူမရဲ့ နှလုံးသားထဲမှာ အဲ့ဒါကို ကောက်ချက်ချလိုက်သည်။
ဒါနဲ့ဘာဖြစ်လို့လဲ? လီကျောင်းကျောင်းသည် စာအုပ်ထဲက အမျိုးသမီးဇာတ်ဆောင်တစ်ယောက် ဖြစ်တာကြောင့် လီယွီလန်က သူမကို စိစစ်ကြည့်ရုံနဲ့ မမြင်နိုင်ခဲ့ဘူး။
လီကျောင်းကျောင်းသည် လီယွီလန်၏ အကြည့်ကြောင့် အနည်းငယ် တုန်လှုပ်သွားပြီး သူမလက်ကို မလွှတ်ပေးခဲ့ပေ။
လီယွီလန်က သူမကို ခါထုတ်ဖို့ အခွင့်ကောင်းယူပြီး ခြေတစ်လှမ်းဆုတ်ကာ တစ်ချိန်တည်းမှာပဲ သူမရဲ့ ဗိုက်ကို လက်နှစ်ဖက်နဲ့ အုပ်လိုက်သည်။ " ငါ ကိုယ်ဝန်ဖျက်ချမှာ မဟုတ်ဘူး!" မိုးခြိမ်းသံတစ်ခုက မြေပြင်ကို ရိုက်ခတ်သွားသလို ဖြစ်သွားခဲ့သည်။
တခြားသုံးယောက်က တက်ညီလက်ညီ အော်လိုက်သည်။ "ဘာ?!"
ဝမ်ယင်လျန်က ဦးဆောင်ခဲ့သည်။ တုံ့ပြန်ပြီးနောက် သူမက လီယွီလန်၏နှာခေါင်းကို ညွှန်ပြပြီး ကျိန်ဆဲခဲ့သ "ဟဲ့ နင်၊ နင်ဘာတွေပြောနေတာလဲ! နင်မလုပ်ချင်တော့ဆိုတာနဲ့ မလုပ်တော့ဘူးလား။ နင်ဒီကလေးကို မွေးမို့လား?"
လီယွီလန်က အေးစက်စွာပြောသည်။ သူသည် သူ့အမေကိုကြည့်ပြီး သူ့ဗိုက်ကို ပိုတင်းတင်းကြပ်ကြပ် ကာကွယ်ကာ "ကျွန်မကလေးအတွက် ကျွန်မစိတ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးကို ကျွန်မသတ်မှာမဟုတ်ဘူး!"
"နင်၊ နင်၊ ငါက နင့်ကို ဘာလို့ ဒီလိုမျိုး မွေးခဲ့ရတာလဲ။ အသိတရားမရှ်ိဘူး။" ဝမ်ယင်လျန်က ကျိန်ဆဲလိုက်ပြန်သည်။
ဝမ်ယင်လျန်သည် သူမပေါ် ကောင်းခဲ့သလို ပြုမူနေခဲ့သ ဒါပေမယ့် လီယွီလန်ရဲ့ နှလုံးသားက သူမ ဘာတွေးနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသည်။
ချမ်ဖုန်းယင်နှင့် လီကျောင်းကျောင်းတို့သည် သားအမိဖြစ်သည်။ လီယွီလန်သည် ဤကိစ္စရပ်များတွင် သူတို့ဘာလို့ ပါဝင်ပတ်သက်နေသည်ကို နားမလည်ပါ။
ဒါပေမယ့် ချမ်ဖုန်းယင်လည်း ရှိနေတော့ လီယွိလန်က ဘာလုပ်ရမလဲ သိသည်။ "ရှင်တို့ လူတွေကို လာကြည့်စေဖို့ ဆွဲဆောင်ချင်ရင်တော့ ရှင်တို့ ဆက်ပြီး ကြိမ်းမောင်းလို့ရတယ်။"
လီယွီလန်က အေးတိအေးစက်နဲ့ ဆက်ပြောလိုက်သည်။ "လူတိုင်း လာကြည့်လည်း ကျွန်မက ကိစ္စမရှိပါဘူး။"
သူမပြောပြီးတာနဲ့ ချမ်ဖုန်းယင်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
လမ်းကြားထဲမှာ လူတွေရှိနေတာကို မြင်တော့ စူးစမ်းချင်နေတဲ့ သူတွေလည်း ရှိသည်။ ကြည့်ကောင်းသော ချမ်ဖုန်းယင်သည် ဒေါသထွက်နေသော သူမယောင်းမကို အမြန်ဆွဲကိုင်လိုက်ပြီး "ယွီလန် အဆင်ပြေပါတယ်။ ဆူညံမနေနဲ့။"
ဒါကိုမြင်တော့ လီယွီလန်က ခြေတစ်လှမ်းဆုတ်ပြီး "ကျွန်မဆိုလိုတာ ဘာဖြစ်ဖြစ် ရှင်တို့ ကျွန်မကို ဖြောင့်ဖြစရာ မလိုဘူး။"
လီကျောင်းကျောင်းသည် လီယွီလန်က အမှန်တကယ် ကိုယ်ဝန်ဖျက်ချရန် ငြင်းဆိုသည်ကို သူမမြင်လိုက်ရသောအခါ အံ့ဩသွားပြီး "ဒုတိယဝမ်းကွဲ!"
လီယွီလန်သည် စိတ်မဝင်စားပေ။ သူမကို မကြည့်ဘဲ သူသည် ကမန်းကတန်း လှည့်ကာ ဦးတည်ရာသို့ လျှောက်သွားခဲ့သည်။
လီကျောင်းကျောင်းက စိုးရိမ်တကြီး အမီလိုက်ချင်သော်လည်း သူမအမေ ချမ်ဖုန်းယင်က သူမလက်ကို ဖမ်းဆုပ်ထားသည်။ ချမ်ဖုန်းယင်သည် ဤကိစ္စများကို ဂရုစိုက်ဖို့ လီကျောင်းကျောင်းကို အစက သဘောမတူခဲ့သော်လည်း ယခုအခါ လီယွီလန်ကို နောက်ယောင်ခံ လိုက်ချင်သောကြောင့် သူမကို ချက်ချင်း တားလိုက်သည်။
"ဒါတွေကို ဂရုစိုက်နေတဲ့ ကောင်မလေး။ မင်းကို သွားခွင့်မပြုဘူး!"
လီကျောင်းကျောင်းသည် အဝေးသို့ ပိုပိုပြီး ရောက်သွားသော လီယွီလန်၏ နောက်ကျောကိုသာ မတ်တပ်ရပ်ပြီး ဒေါသတကြီး ခြေဆောင့်လိုက်သည်။
လီယွီလန်သည် အေးဆေးတည်ငြိမ် ယောင်ဆောင်ကာ သူမ လှည့်မကြည့်ရဲခင်ထိ အဝေးကို လျှောက်သွားခဲ့သည်။
သူမနောက်ကို ဘယ်သူမှ လိုက်မလိုက်နိုင်တာကို မြင်လိုက်ရတော့ သူမသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
အဲ့လူသုံးယောက်က သူမကို မှောင်ခိုဆေးခန်းဆီ တိုက်ရိုက်ဆွဲထုတ်ပြီး ကိုယ်ဝန်ဖျက်ချဖို့ အတင်းအကြပ်လုပ်မှာကို သူမတကယ်ကြောက်ခဲ့သည်။
ကံကောင်းထောက်မစွာ သူတို့သည် ဉာဏ်ရှိသူများဖြစ်ဆဲဖြစ်ပြီး ထိုသို့သောအမှုကို မလုပ်ရဲကြပေ။
အန္တရာယ်မှ လွတ်မြောက်ပြီးနောက် လီယွီလန်၏ ခြေလှမ်းများသည် တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
အသစ်နှင့် ရှေးရိုးစွဲ ပုံစံတို့ ရောယှက်နေသည့် ၁၉၈၀ နှောင်းပိုင်းခုနှစ်၏ ရင်းနှီးသောလမ်းကို သူမကြည့်ရန် ရပ်လိုက်သည်။
တိတ်ခွေကို ကိုင်ဆောင်ထားပြီး ဘောင်းဘီပွပွများကို ဝတ်ဆင်ထားသော လူငယ်များနှင့် အပြာရောင် ရှပ်အင်္ကျီနှင့် အပြာရောင် ဘောင်းဘီရှည်အကြီးကြီးများကို ဝတ်ဆင်ထားသော သက်ကြီး ရွယ်အိုများသည် ဆိုင်တစ်ဆိုင်က စိတ်ဝင်စားစရာကောင်းပြီး မိုက်ပေမယ့် အပြင်လူတွေက အဲ့တာကို နားမလည်ကြသလို သူတို့သည် အချင်းချင်း သဘောမကျကြပေ။
ဒီလို တကယ့် ကွက်ကွက်ကွင်းကွင်း ကမ္ဘာက စာအုပ်တစ်အုပ်ပဲလား?
လီယွီလန်သည် သူ့အိမ်ဆီသို့ လျှောက်လာရင်း စဉ်းစားနေခဲ့သည်။
လမ်းကြားသို့ရောက်သောအခါ ကလေးများ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ကုလျန်ချန်၊ မင်းအဖေက အပြင်မှာ သေသွားပြီမလား မဟုတ်ရင် ဘာလို့ ဒီလောက်ကြာအောင် ပြန်မလာရတာလဲ!"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကုလျန်ချန်ရဲ့အဖေက ရင်းနှီးမြုပ်နှံမှုကြောင့် ထောင်ကျခဲ့တာဖြစ်မယ်!"
"မဟုတ်ဘူး! ကုလျန်ချန်နဲ့ သူ့အမေက သူ့အဖေကို သွားခွင့်မပြုလို့ သူက ပိုက်ဆံရှာပြီး တခြားမိန်းမနဲ့ ပြေးသွားတာဖြစ်ရမယ်။!"
"မင်းတို့အားလုံး အဓိပ္ပာယ်မရှိတာ ပြောနေကြတာပဲ။ ငါ့အဖေက အဆင်ပြေတယ်!" ကုလျန်ချန်က ဒေါသတကြီးပြောလိုက်သည်။
"နည်းနည်းတော့ ကုလျန်ချန်က လိမ်နေတာ။ လူလိမ်တစ်ယောက်က ညဘက်မှာ အိပ်ရာကို နည်းနည်းစိုအောင်လုပ်တယ်။"
"ပါးစပ်ပိတ်ထား!"
ကုလျန်ချန်သည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ကလေးအုပ်စုကို တိုက်ခိုက်ရန် အလျင်အမြန် ပြေးသွားခဲ့သည်။
လီယွီလန် ရောက်ရှိလာသောအခါတွင် သူမသားသည် ပြင်းထန်သော ဝံပုလွေလေးကဲ့သို့ သူ့ခြေထောက်အောက်မှ အရပ်မြင့်သော ကောင်လေးကို ဖိထားကာ လက်သီးသေးသေးလေးကို ဝှေ့ယမ်းပြီး ရိုင်းစိုင်းစွာ ရိုက်နှက်နေသည်ကို တွေ့လိုက်ရသည်။
အခြားကလေးအချို့မှာ ကြောက်ရွံ့ထိတ်လန့်ကြပြီး အချို့မှာ ကုလျန်ချန်ကို ချုပ်ရန်ကြိုးစားသော်လည်း ကုလျန်ချန်က လွတ်မြောက်ခဲ့ပြီး သူတို့သည် ဘယ်နေရာတွင် ခွန်အားအများကြီးရှိသည်ကို မသိခဲ့ကြပေ။
"တပေါင်!" လီယွီလန်က ကုလျန်ချန်ကို အမြန်အော်လိုက်သည်။
ဝံပုလွေကလေး၏ လက်သီးချက်သည် အေးခဲသွားပြီး သူ့အောက်ရှိ ကလေးများက ထရန် အခွင့်အရေးယူကာ သူ့ကို တွန်းဖယ်ပြီး အခြားကလေးများသည် လူကြီးများ ရောက်လာသည်ကို မြင်သောအခါ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။
ကုလျန်ချန် တစ်ဦးတည်းသာ စောစောက သက်ဝင်လှုပ်ရှားခဲ့သော နေရာတွင် ရပ်နေခဲ့သည်။
ရန်ပွဲကြောင့် ဖြူဖွေးနုနယ်သော မျက်နှာသည် အကြိမ်ပေါင်းများစွာ ခြစ်မိခဲ့ပြီး ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များသည် အများကြီး စုတ်ပြဲသွားခဲ့သည်။
ကုလျန်ချန်က သူ့ခေါင်းကို မော့ပြီး လီယွီလန်ကို စိုက်ကြည့်ကာ နှုတ်ခမ်းကို ကိုက်ထားပြီး ခေါင်းကို ငုံ့ကာ ဘောင်းဘီရှည်၏ ချုပ်ရိုးဆီသို့ သူ့လက်သေးသေးလေးနှစ်ချောင်းဖြင့် ဖိထားကာ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
သူ့အမေက သူ့ကို အပြစ်တင်တော့မည်ဟု တွေးနေမ်ိခဲ့ပြီး ရုတ်တရက် နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုထဲမှာ သူ့ကိုယ်မှာ ဖြစ်ပေါ်လာခဲ့သည်။
ကုလျန်ချန်သည် သူ့အမေ၏ ထူးဆန်းမှုကြောင့် အံ့အားသင့်သွားခဲ့သည်။
ဒါက သူစိတ်ကူးထားတာနဲ့ ဘယ်လိုတောင် ကွာခြားနေတာလဲ?