အပိုင်း ၂
Viewers 2k

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း 


အပိုင်း ၂




လီယွီလန်သည် တပေါင်ကို သူတို့၏ ခြံလေးဆီသို့ ပြန်ခေါ်သွားခဲ့သည်။



ရေဇလုံကို ယူရန် ဘေစင်သို့ တစ်ဖန် သွားကာ မျက်နှာသုတ်ပုဝါကို စိမ်ပြီး ရေညစ်ကာ တပေါင်၏ မျက်နှာပေါ်ရှိ ရွှံ့များကို ညင်သာစွာ သုတ်လိုက်သည်။



တပေါင်သည် သူ့အမေကို ရှုပ်‌ထွေးသော မျက်လုံးများဖြင့် ဂရုတစိုက်စိုက်ကြည့်ကာ တောင်းပန်ဖို့တွက် သတ္တိမွေးလိုက်ကာ "အမေ၊ စောစောက သားရန်ဖြစ်ဖို့ မရည်ရွယ်ပါဘူး"



လီယွီလန်သည် ထိုကဲ့သို့ အသိဉာဏ်ရှိသော သူမသားကို ကြည့်ကာ သူမ၏ နှလုံးသား ပြိုလဲသွားခဲ့သည်။



စာအုပ်ထဲမှာ ပြောထားသော သူမသေဆုံးပြီးနောက် တပေါင်ကို မိသားစုနှစ်စုက သဘောမကျဘဲ သူ့ကို နောက်ဆုံးမှာတော့ ဝေးလံခေါင်သီတဲ့အရပ်ကို ရောင်းစားခဲ့ကြတယ်ဆိုတာကို ပြန်တွေးမိသည်။



အံ့သြစရာအကောင်းဆုံးကတော့ ဗီလိန် တပေါင်ကို သူ့အဖေ ကုရှန်းက တရားမျှတမှုတွက် ခေါ်ဆောင်သွားတယ်လို့ စာအုပ်မှာဖော်ပြထားသည်။ တပေါင်ကို ထောင်ထဲမပို့မီအထိ သူသည် သူ့သားအရင်းဖြစ်ကြောင်း ကုရှန်းက မသိခဲ့ပေ။



လီယွီလန်သည် ထိုအကြောင်းကို တွေးရုံဖြင့် သူမသည် ဒေါသထွက်သွားခဲ့သည်။



ကုရှန်း အဲဒီခွေးက မျက်မမြင်လား? တပေါင်သည် အခု အသက်ငါးနှစ်သာရှိသေးပြီး အသက်ငယ်သေးတာကြောင့် မိဘအရင်းများကို မမှတ်မိနိုင်တော့ပေ။ ဒါပေမယ့် ကုရှန်းက လေးငါးဆယ်လောက်ဖြစ်နေပြီ သူ့သားကို ဘယ်လိုရှာရမှန်းတောင် မသိဘူး။ သူက သူ့ရှေ့ ရောက်နေတာတောင် သူ မမှတ်မိခဲ့ပေ။



သူ့ခွေးမျက်လုံးတွေက ပြောစရာမလိုလောက်အောင် တန်ဖိုးမရှိဘူး။



ပြီးတော့ သူမရဲ့ ချစ်ဖို့ကောင်းပြီး ဉာဏ်ကောင်းတဲ့ သားလေးက ဘယ်လိုလုပ် ဆိုးဆိုးရွားရွား ဗီလိန်ဖြစ်နိုင်မလဲ? စာအုပ်ထဲမှာ ဒီတိုင်းရေးထားတာပဲ ဖြစ်မယ်။



လီယွီလန်သည် တပေါင်၏ခေါင်းကို ထိလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ အမေ မင်းကို အပြစ်မတင်ပါဘူး။" 



သူမသားလေး၏ မျက်နှာပေါ်က အပြုံးကို‌ မြင်တော့ လီယွီလန်က "ဒါပေမယ့် အကြမ်းဖက်မှုက ပြဿနာတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းမဟုတ်ဘူးဆိုတာ မင်းသိလား?" 



တပေါင်က နားမလည်နိုင်ဘဲ သူ့မျက်လုံးတွေကို မှိတ်တုတ်မှိတ်တုတ် လုပ်နေခဲ့သည်။



လီယွီလန်က သူ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။ "ဒီနေ့ မင်းအနိုင်ရပေမယ့် မင်း သူတို့ကို မနိုင်ရင် မင်း ဘာဖြစ်မလဲ စဉ်းစားဖူးလား။ တပေါင် အမေက မင်းကို မနာကျင်စေချင်ဘူး။"



တပေါင်က ခေါင်းငုံ့ပြီး လက်ညှိုး ထိုးပြပြီး "ဒါပေမယ့် သူတို့က အဖေ့အကြောင်း မကောင်းပြောတာ။"



"အ‌မေ သိတယ်။"



လီယွီလန်က သက်ပြင်းချလိုက်သည်။ ကုရှန်းက ငွေရှာဖို့တွက် အစီအစဉ်တွေ တင်ပြခဲ့ကတည်းက ဒီနေရာတစ်ဝိုက်က ကောလာဟလတွေဟာ ဘယ်တော့မှ ရပ်တန့်မသွားဘဲ သူငွေတော်တော် ရှာနိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါ မနာလိုမှုတွေ ပိုဆိုးလာပြီး ကုရှန်း ဘာလုပ်မယ်ဆိုတာကို စပ်စုကြခဲ့သည်။ ဘာဖြစ်သွားတာလဲ...



ကလေးများပြောသော စကားများသည် လူကြီးများထံမှ ကြားရခြင်းဖြစ်သည် မဟုတ်ပါက အဲ့တာကို သူတို့ ဘယ်လိုလုပ် နားလည်မလဲ?



"ဒါပေမယ့် လူတိုင်းကို ပါးစပ်ပိတ်အောင် မလုပ်နိုင်တဲ့အခါ အမေတို့က ဒီစကားလုံးတွေကို လျစ်လျူရှုပြီး သူတို့ကို စကားနည်းနည်းပဲ ပြောခွင့်ပေးဖို့ သင်ယူရမယ်။"   



သူက ပြုံးပြီးပြောသည်။ "ဒါပေမယ့် ဒီနေ့ တပေါင်က မင်းအဖေကို ကာကွယ်ထားလို့ မေမေက ချီးကျူးချင်သေးတယ်။" 



မင်းရဲ့ အဖေခွေးကောင်က ဒါတွေနဲ့ ထိုက်တန်ပါ့မလားဆိုတာ သူမ မသိဘူး။



ဒါကိုကြားတော့ တပေါင်က သူ့ခေါင်းကို အလျင်အမြန် မြှောက်လိုက်ပြီး သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာသည်။



သူက လီယွီလန်၏ ရင်ခွင်ထဲသို့ ပျော်ရွှင်စွာ တိုးဝင်လိုက်ပြီး ခေါင်းညိတ်ကာ "မေမေ၊ သား နားလည်ပါတယ်!"



သူ့မျက်နှာကို ပွတ်သပ်ပြီးနောက် တပေါင်သည် ခေါင်းကို ထပ်ပြီးမော့ကာ သူ့လက်သေးသေးလေးကို ဆန့်ထုတ်ပြီး လီယွီလန်၏ ဝမ်းဗိုက်ကို ဂရုတစိုက်ထိလိုက်ကာ သူမ၏နားကို ကပ်၍ တိုးတိုးလေး မေးလိုက်သည်။ “မေမေ ဒီနေ့ ညီမလေး ဘယ်လိုနေလဲ?”



သူ့အမေရဲ့ ဗိုက်ထဲမှာ ညီမ‌လေးတစ်ယောက်ရှိတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူးဆိုတာကို တပေါင်က သိတယ်။



"ကောင်းတယ်။ မင်းညီမလေးက အရမ်းတော်တာပဲ။" လီယွီလန်ကလည်း ပြုံးပြုံးလေး ပြန်ပြောသည်။



တကယ်တော့ သူမဗိုက်ထဲက ကလေးသည် မိန်းကလေးကလား ယောင်္ကျားလေးလား မသိပေမယ့် တာပေါင်က သူ့ညီမလေးလို့ ခေါ်ခိုင်းတဲ့အတွက် သူမသည် အဲ့လိုပဲ ခေါ်ခဲ့သည်။



"မေမေက မင်းနဲ့ညီမလေးကို သေချာကာကွယ်ပေးလိမ့်မယ်" လီယွီလန်က သူ့ကိုယ်သူ အာမခံချက်ပေးနေသလိုမျိုး သူမသည် တိုးတိုးလေး ပြောလိုက်သည်။



ဒါပေမယ့် အဲဒီစာအုပ်အကြောင်းနဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို တွေးကြည့်တော့ လီယွီလန်သည် အခုအချိန်မှာ သူမ တော်တော်ဒုက္ခရောက်နေပြီလို့ ခံစားခဲ့ရသည်။



ဒါပေမယ့် ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ အဲဒီ ဆိုးရွားတဲ့ စာအုပ်ထဲမှာ ရေးထားတဲ့ လမ်းကို ဘယ်တော့မှ မသွားဘူး။



ကုရှန်းထံမှ ဘာသတင်းမှမရခဲ့ဘဲ လီယွီလန်သည် တပေါင်နှင့် အတူ ဤခြံ‌လေးထဲတွင် တစ်ယောက်တည်း နေထိုင်ခဲ့သည်။



ကံကောင်းထောက်မစွာ ကုရှန်းသည် အလုပ်မှ နုတ်ထွက်ပြီးသည်နှင့် ထွန်စက်စက်ရုံရှိ မိသားစုအိမ်မှ ထွက်ခွာခဲ့ကြသည်။



သူတို့နေထိုင်ခဲ့သော မိသားစု လုံးချင်းအိမ်နှင့် မတူဘဲ အခု မိသားစု ခြံဝင်းအတွင်းရှိ အိမ်သည် ဘန်ဂလိုဖြစ်ပြီး အိမ်နီးနားချင်းများသည် ဘာမှမဖြစ်ပေ။



ထိုမြင်ကွင်းကို တွေးလိုက်ရုံဖြင့် လီယွီလန်သည် စိတ်လှုပ်ရှားသွားသည်။



နောက်တစ်နေ့တွင် လီယွီလန်သည် တစ်ခုခုလုပ်စရာရှိသောကြောင့် စောစောထခဲ့သည်။



မနက်စာ ချက်ခြင်းချက်ပြုတ်ပြီးနောက် သူမသည် ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော တပေါင်ကို ဆေးကြောရန် နှိုးလိုက်သည်။



မနက်စာစားပြီးနောက် လီယွီလန်သည် တပေါင်အတွက် အဝတ်တစ်ထည်ကို ရှာပေးခဲ့ပြီး သူ့ဘာသာသူ ဖြည်းညှင်းစွာ အဝတ်လဲခိုင်းခဲ့သည်။ 



ဒီလိုလုပ်ပြီးနောက် သူမကိုယ်တိုင်အတွက်  အဝတ်အစားရှာဖို့ ဗီရိုကိုသွားခဲ့သည်။



အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် သူမသည် ပေါ့ပေါ့ပါးပါး စကတ် တစ်ထည်ကို ဝတ်လိုက်သည်။ အခုဆို ငါးလရှိပြီး သူမဗိုက်က သိပ်မကြီးပေမယ့် နည်းနည်းတော့ ဖောင်းနေသည်။



ယခုအချိန်သည် သားဆက်ခြားခြင်းဆိုင်ရာ မူဝါဒ အပြည့်အ၀ လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။ ကျေးလက်မှာ အလုပ်ကို အဓိကထားပြီး လုပ်နေပေမယ့် မြို့မှာသာဆို ဒါက ကောင်းတဲ့အရာမဟုတ်ဘူး။



ဒီကလေးက မထင်မှတ်ပဲ ရောက်လာပေမယ့် သူ့ဗိုက်ထဲရောက်နေပြီဆိုတော့ လီယွီလန်က အဲ့တာကို မလိုချင်ဘူးလို့ ဘယ်တုန်းကမှ မတွေးခဲ့ပါ။



ရာသီဥတုက တဖြည်းဖြည်း ပိုပူလာတာနဲ့အမျှ အဝတ်တွေက ပိုပိုပြီး နည်းလာပြီး လကနည်းနည်းပိုရင့်လာတဲ့အခါ လုံးဝ မဖုံးနိုင်တော့ပေ။



သူမ၏ကိုယ်ပေါ်ရှိ စကတ်ကို လီယွလန်ကိုယ်တိုင် ပြုလုပ်ထားပြီး ရှေ့တွင် အထူးဒီဇိုင်းပြုလုပ်ထားသော အတွန့်များသည် သူမ၏ဝမ်းဗိုက်ကို အများစု ဖုံးအုပ်ထားသည်။



ဒါပေမယ့် သူမသည် စိတ်မသက်မသာ ဖြစ်နေတုန်းဖြစ်ပြီး ထို့ကြောင့် အပေါ်ဘက်မှာ ကုတ်အင်္ကျီပါးပါးလေးဝတ်ပြီး သူမဗိုက်ကို မှန်ရှေ့မှာ ထပ်ခါထပ်ခါကြည့်ကာ အရှေ့ကကော ဘေးကကော မမြင်ရဘူးလို့ အတည်ပြုပြီးနောက် လီယွီလန်သည် ကျေနပ်သွားခဲ့သည်။



အဝတ်အစားလဲပြီးတာနဲ့ သူမသည် ထိုင်ပြီး မိတ်ကပ်လိမ်းသည်။



ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သူတို့၏ မျက်နှာတွင် အပြောင်းအလဲအချို့ရှိမည်ကို တခြားသူများ မြင်တွေ့မည်ကို ဂရုစိုက်သောကြောင့် ကုရှန်း သူမဆီသို့ ပြန်လည်ယူဆောင်လာသည့် အလှကုန်များကို လိမ်းခြယ်ခဲ့သည်။



တစ်ယောက်ယောက်က သူမကိုမေးရင် အဲ့တာက သူမ မိတ်ကပ်ကြောင့်လို့ လွှဲချလို့ရသည်။



သူ့ကိုယ်သူ သေသေချာချာ ဂရုစိုက်ပြီးနောက် လီယွီလန်သည် တပေါင်၏ လက်လေးကို ကိုင်ကာ တံခါးအပြင်သို့ ထွက်သွားခဲ့သည်။



သူတို့သွားမယ့်နေရာက ခရိုင်မှာရှိတဲ့ ပိုးထည်စက်ရုံပင်။



လီယွီလန်သည် ပိုးထည်စက်တစ်ခုတွင် စာရင်းကိုင်တစ်ဦး ဖြစ်သည်။ ဒီနေ့က အလုပ်လုပ်ရက် ဖြစ်သည်။



ဒါပေမယ့် သူမသည် ဒီနေ့ အလုပ်သွားတာ မဟုတ်ပေ။ မနေ့ညက အချိန်အတော်ကြာ စဉ်းစားပြီးမှ သူမသည် အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့သည်။



ဘာပဲဖြစ်ဖြစ် ပိုးထည်စက်ရုံမှာ လူရာချီရှိသည်။ သူမသည် စာရင်းကိုင်တစ်ဦးဖြစ်ပြီး အလုပ်သမားများနှင့် အဆက်အသွယ်များစွာရှိသည်။ လူများစွာရှိသောအခါတွင် သူမ၏ကိုယ်ဝန်ကို ဖော်ထုတ်ရန် လွယ်ကူသည်။



ထို့အပြင် ပြုပြင်ပြောင်းလဲပြီး ဖွင့်လှစ်ပြီးချိန်မှစ၍ ပိုးထည်စက်ရုံသည် ကြီးမားသော အကျိုးသက်ရောက်မှုကို ရရှိခဲ့သည်။ လီယွီလန်သည် ငွေကြေးတာဝန်ခံဖြစ်ပြီး စက်ရုံတွင်းအခြေအနေကိုလည်း သိရှိသည်။ ဒီအလုပ်က နုတ်ထွက်တာ စိတ်ပူစရာ မဟုတ်ဘူး။



ထို့အပြင် သူမ၏ ကိုယ်ဝန်အကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့သော်လည်း သူမ၏မိခင်နှင့် အဒေါ်တို့က ဘယ်လိုလုပ် သိတာလဲ?



သူတို့သည် သူမကို တိတ်တဆိတ် ကိုယ်ဝန်ဖျက်ချခိုင်းမှာကို တွေးနေပေမယ့် သူမသည် အနာဂတ်မှာ သူမလုပ်ရမယ့်အရာကို အာရုံစိုက်ဖို့ လိုအပ်သည်။



ဘယ်ရှု့ထောင်ကြောင့်မဆို ပိုးထည်စက်ရုံရဲ့ စာရင်းကိုင်အလုပ်ကို မလုပ်နိုင်တော့ဘူး။ 



ပိုးထည်စက်ရုံသည် သူတို့အိမ်နှင့် မဝေးဘဲ ထိုနေရာသို့ လမ်းလျှောက်ရင် ဆယ်မိနစ်သာကြာသည်။



လီယွီလန်သည် တာပေါင်ကို ခေါ်သွားပြီး ပိုးထည်စက်ရုံဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။



လမ်းမှာ အပြင်မှာ ဇလုံတစ်လုံးနဲ့ ရေလောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့သည်။



တပေါင်က သူ့နှုတ်ခမ်းကို သပ်လိုက်သည်။ သူသည် အဲ့မိန်းမကို မှတ်မိသွားသည်။ သူမသည် သူ့အဖေက တခြားမိန်းမနဲ့ ထွက်ပြေးသွားတယ်လို့ မနေ့က ပြောခဲ့တဲ့ မိန်းကလေးရဲ့ အမေပင်။



အမျိုးသမီးက လီယွီလန်ကိုမြင်တော့ သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။ "အလုပ်သွားမလို့လား?"



လီယွီလန်ကလည်း ပြုံးပြီး ခေါင်းညိတ်ကာ "ဟုတ်တယ်"



လီယွီလန်သည် နှုတ်ဆက်ပြီးနောက် စကားမပြောချင်တော့ဘဲ ထိုအမျိုးသမီးများသည် သူမ၏နောက်ကွယ်တွင် ဘယ်လိုရှိနေမယ်ကို သူမ မသိပေ။ ရှေ့မှာ ပြုံးပြနေသော်လည်း သူတို့စိတ်ထဲ ဘာဖြစ်နေမလဲ မသိနိုင်ပေ။



ဟုတ်ပါသည် လီယွီလန်က တပေါင်ကို ခေါ်သွားတဲ့အခါ အမျိုးသမီးက လီယွီလန်ရဲ့ နောက်ကျော၌ မဲရွဲ့ပြလိုက်သည်။



လီယွီလန်သည် မြို့ကြီးတစ်ခုတွင်သာ ဝယ်သင့်သော လှပသော စကတ်ကို ၀တ်ထားသည်။ စကတ်သည် သူမ၏ သေးသွယ်သော ခါးကို အတွန်း‌ဖော်ထားပြီး သူမ၏ ခြေထောက်တွင် အဖြူရောင် သားရေဖိနပ်လေးတစ်ရံရှိသည်။ တစ်ကိုယ်လုံး နိုင်ငံခြားသားပုံ ဖြစ်သည်။



လီယွီလန်ကို တွေ့သောအခါ လီယွီလန်ကို ကြည့်ပြီး သဘောကျတဲ့သူ ဒီလမ်းကြားထဲမှာ တစ်ယောက်မှ မရှိဘူး။



အမျိုးသမီးသည် အနည်းငယ် မနာလိုစိတ်မဖြစ်ဘဲ မနေနိုင်သော်လည်း ချမ်းသာလာပြီးနောက် ဇနီးနှင့် သားသမီးများကို စွန့်ပစ်ခဲ့သည့် အမျိုးသားများ၏ မကြာသေးမီက ကောလာဟလများကို တွေးတောမိသောအခါတွင် သူမသည် အနည်းငယ် သက်သာလာခဲ့သည်။



ဟမ့် နင် မာနကြီးဖို့ အချိန်မရှိတော့ဘူး။ ယောင်္ကျားက ပြန်မလာတာ နှစ်ဝက်လောက်ရှိနေပြီ မလား။ အပြင်မှာ တခြားမိန်းမတွေက သူ့ကို ဖက်ထားတာ ဖြစ်နိုင်တယ်။



လီယွိလန်သည် သူ့နောက်ကွယ်တွင် အမျိုးသမီး ဘာလုပ်နေသည်ကို မသိပေ။



ပိုးထည်စက်ရုံသို့ရောက်ပြီးနောက် သူမသည် မိသားစုနယ်မြေရှိ ကလေးထိန်းကျောင်းသို့ တပေါင်ကို အရင်ဆုံး ပို့ခဲ့သည်။



" မေမေ စက်ရုံသွားလိုက်ဦးမယ်။ မင်း ကလေးထိန်းကျောင်းမှာ ခဏလောက် ကစားလို့ရမလား?" လီယွီလန်သည် တပေါင်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။



သူမသည် သွားရန် အလျင်လိုနေသောကြောင့် လီယွီလန်သည် တပေါင်၏မျက်နှာတွင် ပေါ်လာသည့် မသွားစေချင်တာကို သတိမထားမိပေ။



ဒါပေမယ့် တပေါင်က ဉာဏ်ကောင်းတဲ့ ကလေးမို့ သူက ခေါင်းညိတ်ခဲ့သည်။



လီယွီလန်သည် သူ့အိတ်ထဲမှ အဆာပြေမုန့်အချို့ကိုယူကာ သူ့ကို မုန့်များပေးလိုက်သည်။ ဗိုက်ဆာတဲ့အခါ သူ့ကို စားခိုင်းခဲ့ပြီး သူသည် စက်ရုံကို သွားခဲ့သည်။



သူမသည် သူမရုံးခန်းကို သွားရမယ့်အစား စက်ရုံမန်နေဂျာဆီ တိုက်ရိုက်သွားခဲ့သည်။



စက်ရုံမန်နေဂျာက အသက်နည်းနည်းကြီးပေမယ့် တော်သည်။ လီယွီလန်၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက် သူသည် စကားလုံးအနည်းငယ်ကို မထိန်းနိုင်တော့ပေ။



အခြားအကြောင်းကြောင့် လီယွီလန်၏ အလုပ်လုပ်နိုင်စွမ်းကို မေးခွန်းထုတ်စရာမလိုပါ။



စက်ရုံရှိ စာရင်းကိုင်ဟောင်းသည် အငြိမ်းစားယူတော့မည် ဖြစ်ပြီး လီယွီလန်ကသာ သူ့နေရာကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အခု သူမ ထွက်မယ်ဆိုတော့ စက်ရုံမန်နေဂျာက ထုံးစံအတိုင်း တွန့်ဆုတ်နေခဲ့သည်။



ဒါပေမယ့် လီယွီလန်ရဲ့ တောင်းဆိုမှုကို မြင်တော့ စက်ရုံမန်နေဂျာက စကားအများကြီး မပြောတော့ပေ။



သူက သူ့လက်ကို ဝှေ့ယမ်းပြီး နောက်ဆုံး သဘောတူလိုက်သည်။



ရာထူးမှ နုတ်ထွက်ခြင်းလုပ်ငန်းစဉ်သည် လျင်မြန်စွာ ပြီးမြောက်ခဲ့ပြီး လစာငွေပြေလည်သွားပြီးနောက် လီယွီလန်သည် သူမ၏ပစ္စည်းများကို စတင်ထုပ်ပိုးခဲ့သည်။



သူမသည် ရိုးရိုးရှင်းရှင်း နှုတ်ထွက်ခဲ့သော်လည်း လီယွီလန်သည် စက်ရုံတွင် တစ်နှစ်ကြာ နေခဲ့တဲ့တွက် တွန့်ဆုတ်နေခဲ့သည်။



ထို့အပြင် စက်ရုံရှိလူအများစုသည် အလွန်ချစ်စရာကောင်းကြသည်။ သူမ ထွက်သွားကြောင်း ကြားသိရသောအခါ သူတို့သည် အလွန်စိတ်မကောင်းဖြစ်ခဲ့ကြရသည်။ သူတို့က သူမကို ဆွဲခေါ်ပြီး ခဏလောက် စကားစမြည်ပြောခဲ့ကြသည်။



ဒါပေါ့ ဒီလိုစက်ရုံကြီးတစ်ခုမှာ လီယွီလန်နဲ့ မရင်းနှီးတဲ့သူတွေ ရှိသည်။



ဒီအခိုက်အတန့်မှာ သူမနဲ့ မရင်းနှီးသော လူတစ်ယောက် ရောက်လာခဲ့သည်။



"ရို၊ မင်းထွက်သွားတော့မှာလား? မင်းမှာ ပိုက်ဆံတွေရှိနေပြီဆိုတော့ ငါတို့စက်ရုံမှာ အလုပ်လုပ်ရတာက နိမ့်ကျတယ် ထင်မှာပေါ့။" ရွဲ့စောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။



ရောက်လာသူမှာ စက်ရုံရှိ အမျိုးသမီး အလုပ်သမား ထျန်းရွှယ်ဖြစ်သည်။



ထျန်းရွှယ်နှင့် လီယွီလန်တို့သည် အသက်အရွယ် တူကြပြီး တစ်ချိန်တည်းတွင်ပင် စက်ရုံထဲသို့ ဝင်ခဲ့ကြသောကြောင့် သူတို့နှစ်ဦးကို နှိုင်းယှဉ်ရန် ဆွဲထည့်ခဲ့ကြသည်။ သို့သော် ထျန်းရွှယ်သည် လီယွီလန်ထက် အမြဲနိမ့်ကျခဲ့ပြီး ဒီမကျေနပ်ချက်များကို စုစည်းထားခဲ့သည်။



တကယ်တော့ ဒါဟာ လီယွီလန်ရဲ့ အပြုအမူကို ထျန်းရွှယ်က တစ်ဖက်သတ် ဆက်ဆံခြင်း ဖြစ်သည်။



ထျန်းရွှယ်သည် အများအားဖြင့် ကဲ့ရဲ့လှောင်ပြောင်လေ့ရှိသည်။ ကုရှန်းသည် လယ်ထွန်စက် စက်ရုံတွင် ဒိလောက် ကောင်းမွန်သော အလုပ်မှ နုတ်ထွက်ကြောင်း သူမ သိသောအခါ သူမသည် လီယွီလန် ရှေ့မှာပင် သူမကို ဆိုးဆိုးရွားရွား လှောင်ပြောင်ခဲ့သည်။



သူတို့မိသားစုက မဆင်းရဲရုံတင်မကဘူး ဘဝက ပိုပိုပြီး ကြွယ်ဝလာတာနှင့်အမျှ ထျန်းရွှယ်က လီယွီလန်ကို ပိုပိုပြီး မနှစ်မြို့လာခဲ့ပေ။



ဘာပဲဖြစ်ဖြစ် လီယွီလန်ကို ထျန်းရွှယ်လို လူတွေက အသုံးမချနိုင်ပါဘူး။ သူမက သူ့စကားကို ထောက်ခံပြီး “ဟုတ်တယ် ငါ့ယောင်္ကျားက ငါ့ကို တင်ကျွေးထားနိုင်တယ်။ နင် ငါ့ကို မနာလိုဘူးလား?”



အဲလိုပြောတော့ သူတို့သည် လှောင်ပြောင်တာကို ပြန်ထိန်းလိုက်သည်။



ထျန်းရွှယ်၏ အမျိုးသားသည် အရင်က ရာဇဝတ်မှုကျူးလွန်သည့်အတွက် စက်ရုံမှ ထုတ်ပယ်ခံခဲ့ရတယ်ဆိုတာကို ဘယ်သူက မသိမှာလဲ?



ယခု သူတို့မိသားစုသည် မိသားစုကို ထောက်ပံ့ရန်အတွက် ထျန်းရွှယ်၏ လစာကို တွက်ချက်နေရသည်။



ထျန်းရွှယ်သည် အစတည်းက မနှစ်မြို့ဖွယ်ဖြစ်ပြီး စက်ရုံတွင် သူမကို မကြိုက်သောလူများစွာရှိနေသည်။



ထို့ကြောင့် အခု သူမအတွက် ဘယ်သူကမှ မပြောပေးကြပေ။



ထျန်းရွှယ်က ရှက်သွားပြီး လီယွီလန်ကို ဒေါသထွက်ကာ "မင်းရဲ့ ယောင်္ကျားက နှစ်ဝက်နီးပါး ပြန်ရောက်မလာဘူးဆိုတာ ဘယ်သူက မသိလို့လဲ။ တစ်ခုခုဖြစ်နေတာ ဖြစ်မယ်။ စောင့်ပြီး ငိုလိုက်ဦး!"



လီယွီလန်က မျက်မှောင်ကြုတ်ကာ သူက “ထျန်းရွှယ် နင် အစားကို ကုန်အောင်စား၊ စကားကိုတော့ ကုန်အောင် မပြောရဘူး။”



ထျန်းရွှယ်၏ စကားများသည် ကျိန်စာတစ်ခုလိုဖြစ်နေပြီဖြစ်ပြီး သူမပတ်ဝန်းကျင်မှ လူများက သူမကို ဝေဖန်လာကြသည်။



လူတွေအများကြီးရှိတော့ ထျန်းရွှယ်က ထွက်ပြေးသွားခဲ့သည်။



အားလုံးက လီယွီလန်ကို ပြန်မပို့ပေးခင် နှစ်သိမ့်ပေးခဲ့ကြသည်။



လမ်းလျှောက်ရင်း လီယွီလန်သည် ဒီခရိုင်တွင် သူမနှင့် ကုရှန်းတို့သည် လူအများ၏ အာရုံကို အမှန်တကယ် ဖမ်းစားနိုင်သည်ဆိုတာကို လီယွီလန်က မတွေးဘဲ မနေနိုင်ခဲ့ပေ။



သူမသည် အရင်က မတွေးခဲ့ပေ ဒါပေမယ့် ဒီတစ်ခါ ကုရှန်း ပြန်မလာတာ နှစ်ဝက်လောက်ရှိပြီဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကလွဲရင် သူတို့ကို အာရုံစိုက်နေတဲ့ သူတွေက ပိုးထည်စက်ရုံကို  သူတို့သည် အတွင်းမှာ ဘာတွေဖြစ်နေလဲ သေချာမသိကြဘဲ ဖြန့်လိုက်ကြသည်။



သူတို့သည် ကုရှန်းကို အားကိုးမှသာ ရှင်သန်နိုင်သည်ဟု ဘာလို့ ထင်နေကြတာလဲ?



ကုရှန်း အဆင်ပြေနေမယ်ဆိုတာ ဖြစ်နိုင်ခြေ မြင့်မားတယ်မဆိုနဲ့ သူက တစ်ခုခုဖြစ်သွားရင်တောင် လီယွီလန်က သူမကလေးနှစ်ယောက်ကို သူမဘာသာ ကောင်းမွန်စွာ နေထိုင်နိုင်စေမယ်လို့ ယုံကြည်သည်။