အပိုင်း ၆
Viewers 2k

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း 


အပိုင်း ၆



လီယွီလန်က ပစ္စည်းတွေ လာယူမှာကို ကြောက်ပြီး ပိုးထည်စက်ရုံမှာ အလုပ်တကယ် မရှိတော့ကြောင်း အတည်ပြုပြီးနောက် ဝမ်ယင်လျန်က အရမ်းဒေါသထွက်ခဲ့ပြီး လီယွီလန်အိမ်ကို ထပ်မသွားရဲခဲ့ပေ။



ဒါပေမယ့် ဝမ်ယင်လျန် မလာပေမယ့် တခြားသူတွေ တံခါးဆီကို ရောက်လာခဲ့သည်။



ဒီတစ်ခေါက်လာတဲ့သူတွေကတော့ ချမ်ဖုန်းယင်နဲ့ လီကျောင်းကျောင်းတို့ပင်။



လီယွီလန်သည် ဟိုနေ့က ချမ်ဖုန်းယင်နှင့် လီကျောင်းကျောင်းတို့ ရှိနေသည်မှာ ထူးဆန်းသည်ဟု အမြဲတမ်း ခံစားရပြီး သူတို့၏ ရည်ရွယ်ချက်က ဘာလဲ သိချင်ခဲ့သည်။



သို့သော် တပေါင်သည် ဝမ်ယင်လျန်တုန်းက အဖြစ်အပျက်ကြောင့် အချိန်အတော်ကြာ သတိထားနေခဲ့ပြီး ချမ်ဖုန်းယင်နှင့် လီကျောင်းကျောင်းတို့ကို မြင်သောအခါ သူက ဝမ်ယင်လျန်၏ လူများလို့ တိုက်ရိုက်မှတ်ယူခဲ့သည်။



"မင်းတို့ကို ငါ့အိမ်ကို လာခွင့်မပေးဘူး!" တပေါင်သည် လက်နှစ်ဘက်ကို ပြင်းပြင်းထန်ထန် ဆန့်ထုတ်ကာ တံခါးကို ပိတ်ဆို့ပြီး ချမ်ဖုန်းယင်နှင့် သူ့သမီးကို ဝင်ခွင့်မပေးချင်ခဲ့ပေ။



ပထဆုံးအကြိမ် ချမ်ဖုန်းယင်သည် တံခါးဝသို့ မဝင်ရန် ပိတ်ဆို့ခံခဲ့ရခြင်း ဖြစ်သည်။ သူမသည် ကလေးဘဝကပင် သူမ မျက်နှာကို မနိမ့်ချခဲ့ဖူးပေ။ ခဏအကြာတွင် သူမသည် လုပ်ပြုံး ပြုံးပြခဲ့သည်။ "တပေါင်၊ ငါက မင်းရဲ့ အဘွားပါ။ ဝင်ကြရအောင်။"



"မဟုတ်ဘူး မင်းက လူဆိုးပဲ!" တပေါင်က အော်လိုက်သည်။



အိမ်တံခါးဝမှ လှုပ်ရှားမှုသည် အိမ်နီးနားချင်းများ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့သည်။



အထူးသဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ဝမ်ယင်လျန် ပြသနာရှာသောအခါ လီယွီလန်၏ မိသားစုကို ဂရုမစိုက်ချင်ပေမယ့် လူတိုင်းက စူးစမ်းချင်စိတ်ကို သည်းမခံနိုင်တော့ဘဲ အားလုံးသည် တစ်စုံတစ်ခုကို သီးသန့်မှန်းဆခဲ့ကြသည်။



ဒီအခိုက်အတန့်မှာ တစ်ယောက်ယောက်က တံခါးဝကို ထပ်လာတဲ့အခါ လူတော်တော်များများက စပ်စုချင်လို့ ချက်ခြင်းပါဝင်ဖို့ လာခဲ့ကြသည်။



"အိုး၊ ဘာကိစ္စရှိလို့လဲ?" တစ်စုံတစ်ယောက်သည် ဖရဲသီးစေ့ကို ကိုက်စားနေပြီး သူ့မျက်လုံးများက သူတို့ဆီသို့ ကြည့်ကာ အတင်းအဖျင်း၏ အဓိပ္ပါယ်သည် သိပ်မသိသာသင့်ပေ။



လီယွီလန်သည် အိမ်တွင် ဤအရာများ ဖြစ်နိုင်ကြောင်းပြီး အိမ်နီးနားချင်းတွေကို ဖုံးကွယ်ထားလို့ မရဘူး‌ဆိုတာ အရင်တည်းက သိသည်။



ထို့ကြောင့် လီယွီလန်သည် ခပ်ဖျော့ဖျော့မျက်နှာဖြင့် ပြုံးပြုံးရွှင်ရွှင် ကြံ့ခိုင်ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ကျွန်မ အမေမိသားစုက တစ်ယောက်ယောက် လာတာပါ။" 



ဒါကိုပြောပြီးနောက် သူမသည် စကားများများမပြောဘဲ တပေါင်ကို ပြောလိုက်သည်။ "တပေါင် ဖယ်ပေးလိုက် မင်းအဘွားနဲ့ တခြားသူတွေကို ဝင်လာခွင့်ပေးလိုက်ဦး။" 



"မေမေ..." တပေါင်က ပါးစပ်ဟပြီး အနည်းငယ် မကျေမနပ်ဖြစ်မိသည်။



ဒါပေမယ့် သူ့အမေက အဲဒီလိုပြောတော့ သူကလမ်းကနေ ဖယ်ပေးလိုက်သည်။



လီယွီလန်နှင့် တပေါင်တို့၏ အသွင်အပြင်ကို မြင်လိုက်ရတော့ အခြားလူများက သူတို့၏ နှလုံးသားထဲတွင် ချက်ချင်းပင် မှန်းဆလိုက်ကြသည်။



ကလေးတွေဟာ အရာတွေကို ဖုံးကွယ်နိုင်စွမ်း မရှိဆုံးပင်။ လီယွီလန်ရဲ့မိခင်မိသားစုအပေါ်ထားတဲ့ ဒီအဖိုးတန်လေးရဲ့ သဘောထားကိုကြည့်ရင် တခြားဘာတွေဖြစ်နေလဲ မင်းမမှန်းဆနိုင်ဘူးလား?



ထို့ကြောင့် ချမ်ဖုန်းယင်ကို ကြည့်နေသော လူတိုင်း၏ မျက်လုံးများသည် ပို၍အဓိပ္ပာယ်ရှိလာသည်။



ချမ်ဖုန်းယင်က ကျိန်ဆဲနေတာတွေ သူ့နောက်ကျောမှာ ရှိနေတာကို ခံစားလိုက်ရပြီး သူမသည် စိတ်တိုဒေါသထွက်ပြီး တပေါင်ကို အမြန်ဖြတ်ကျော်ကာ ခြံဝင်းထဲကို ဝင်သွားခဲ့သည်။



လီကျောင်းကျောင်းသည် နောက်မှ လိုက်သွားသည်။ လီယွီလန် ထွက်လာချိန်မှာတော့ သူမသည် ဘာအမှားအယွင်းကိုမှ သတိမပြုမိခဲ့ပေ။ ကုရှန်း မတော်တဆမှုဖြစ်မှန်း သူမသိသောကြောင့် လီယွီလန်သည် ယခုအချိန်တွင် ကြောက်လန့်နေခြင်းဖြစ်ကြောင်း သူမခံစားခဲ့ရသည်။



သူမသည် ခြံဝင်းထဲသို့ ဝင်လာကာ ကုရှန်းနှင့် အလွန်တူသော တပေါင်ကို စိုက်ကြည့်လိုက်ပြီး သူမနှလုံးသားထဲတွင် တိုးတိုးလေးဖြင့် ' စောက်ကလေး ငါနင့်ကို သိပ်မကြာခင် အဝေးကို ပို့ပစ်မယ်' ဆိုပြီး ကြိမ်းမောင်းနေခဲ့သည်။ 



ဝင်ပြီးနောက် လီကျောင်းကျောင်းသည် ဤသပ်ရပ်သော ခြံဝင်းလေးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။



ခြံဝင်းလေးကို စနစ်တကျ ထိန်းသိမ်းထားပြီး နေထိုင်ရတာ ဘယ်လောက် သက်တောင့်သက်သာရှိလဲ မပြောတတ်ပေ။



ဤအရာသည် အနာဂတ်တွင် သူမပိုင်ဆိုင်နိုင်မည်ဟု တွေးကာ လီကျောင်းကျောင်း၏ ပါးစပ်သည် ကျေနပ်အားရစွာ မြင့်တက်သွားခဲ့သည်။



ချမ်ဖုန်းယင်နှင့် သူ့သမီးတို့သည် အထဲသို့ ရောက်ရှိလာပြီး လီယွီလန်လည်း ထိုင်ရန်နေရာတစ်ခုကို ရှာဖွေခဲ့သည်။



ခြံဝင်းတံခါးကို မပိတ်ထားတာကြောင့် အပြင်မှာကြည့်နေတဲ့ အမျိုးသမီးတွေက လူစုမခွဲဘဲ ဖရဲစေ့စားရင်း အပြင်မှာ စကားစမြည်ပြောနေကြသည်။



ချမ်ဖုန်းယင်သည် ရံဖန်ရံခါ ဝင်လာသော အသံများကို နားထောင်ပြီး အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူမက လီယွီလန်ကိုကြည့်ကာ ပြောလိုက်သည်။ "ရှောင်လန်၊ တံခါးပိတ်လိုက်။" 



လီယွီလန် နားမလည်ဟန်ဆောင်ပြီး "ဖွင့်ထားတာ ကောင်းပါတယ်။ အပြင်မှာ လေပြင်းတွေ တိုက်နေတယ်။ လေဝင်လာတာနဲ့ အေးနေတာပဲ။"



ချမ်ဖုန်းယင်က ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို သတိရသွားကာ ဒါကို သည်းခံလိုက်ပြီး သူမနဲ့ စကားများရန်မဖြစ်ခဲ့ပေ။



"ရှောင်လန်၊ ငါဒီနေ့ တခြားဘာအတွက်မှလာတာ မဟုတ်ပါဘူး..." ချမ်ဖုန်းယင်က နောက်ဆုံးတွင် သူမ၏ဝမ်းဗိုက်ကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ "လက်ရှိသားဆက်ခြားရေး မူဝါဒကို မင်းသိပါတယ်။ မင်းဦးလေးက အခု တက်ချိန်ပဲ။ မင်းရဲ့ဘဝက သူ့အပေါ် သက်ရောက်မှုရှိနေရင် သူ့အတွက် ဆိုးရွားလိမ့်မယ်။ မင်းဦးလေးကို ပိုပြီး ငဲ့ညှာသင့်တယ်။ သူ့အတွက် မဟုတ်ရင်တောင် မင်းမိသားစုက ကျေးလက်မှာပဲ နေရပြီး မြေကြီးတွေမှာ ရှာဖွေစားသောက်နေရတုန်း။ မင်း ဘာလို့ မြို့ကိုမသွားတာလဲ? ဒီနေရာမှာ မင်းအတွက် ဘဝကောင်းကောင်း ရှိလို့လား?"



ချမ်ဖုန်းယင်၏ ခင်ပွန်း လီကွေရှန့်သည် လီယွီလန်၏ဖခင် လီဖုရှန့်၏အစ်ကို ဖြစ်သည်။



လီမိသားစုတွင် သားနှစ်ယောက်သာရှိသည်။ သားအကြီးဆုံး လီကွေရှန့်သည် အလားအလာကောင်းသူ တစ်ဦးဖြစ်ပြီး ယခုသူသည် ကုမ္ပဏီတစ်ခု၏ အငယ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သည်။ လီကွေရှန့်က အာဏာရပြီးနောက်တွင် သူသည် သူ့အရင်းအမြစ်များကို မမေ့ခဲ့ပေ။ သူသည် သူ့ညီ၏ မိသားစုကို ကျေးလက်မှ မြို့ထဲသို့ ခေါ်ဆောင်လာခဲ့ပြီး လီယွီလန်၏ မိသားစုသည် မြို့နေလူတန်းစား ဖြစ်လာခဲ့သည်။



လီကွေရှန့်၏ ပံ့ပိုးမှုကြောင့် လီဖုရှန့်နှင့် ဝမ်ယင်လျန်တို့သည် အမြဲတမ်း ဦးညွှတ်ခဲ့ကြသည်။



လီယွီလန်နှင့် လီယွီမေတို့သည် ကလေးဘဝက သူတို့မိသားစုအား ပေးခဲ့သော အရာများကို မသိခဲ့ကြပေ။



ချမ်ဖုန်းယင်သည် လီယွီလန်၏ မိသားစုကို ရံဖန်ရံခါ လက်ညိုးထိုးပြီး လီကွေရှန့်နှင့် ချမ်ဖုန်းယင်တို့ကို မိသားစုအတွင်း အဓိက ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သူတို့၏ ထင်မြင်ယူဆချက်များကို မေးမြန်းရမည်ဖြစ်သည်။



ချမ်ဖုန်းယင်သည် ဝမ်ယွီလန်၏ အပြုအမူကို ပုဂ္ဂိုလ်ရေးအရ မကြိုက်ဘဲ ဘိုးဘေးဘီဘင်တွင် အမျိုးသမီးများကို မျက်နှာသာပေးတာက အရှက်ကင်းမဲ့ပြီး မထီမဲ့မြင်ပြုသောကြောင့် သူမက အခွင့်ကောင်းယူရန် အချိန်တန်သောအခါတွင် သူမသည် ပျော့ညံ့ခြင်းမရှိပေ။ လီယွီမေ၏ အရင်လက်ထပ်ခြင်းတွင် ချမ်ဖုန်းယင်၏ မိသားစုသည် ဘာမှမရခဲ့ပေ။ အကျိုးနည်းသည်။



ဘာပဲဖြစ်ဖြစ် တော်တော်အတုအယောင်ပင်။



ချမ်ဖုန်းယင်၏ မိသားစုသည် ဤကဲ့သို့ လက်စားချေခြင်းနှင့်ပတ်သက်၍ အများကြီး မပြောနိုင်ပေ။



လီယွီလန်က ဒါကို ထပ်ပြီးကြားရတာ ငြီးငွေ့လာပြီး တိုက်ရိုက် ပြောလိုက်သည်။ "ကောင်းပြီ အဒေါ်၊ အဒေါ်က ပြောရတာ မပျင်းပေမယ့် ကျွန်မကတော့ နားထောင်ရတာ ငြီးငွေ့နေပြီ။ အကြီးဆုံး ဦးလေးက အဖေ့ကို ဆွဲတင်ခဲ့တာပါ။ ဒါပေမယ့် အဒေါ်က ဒီလောက်နှစ်တွေ အကြာကြီး ကျွန်မတို့ မိသားစုဆီကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့တာပဲ မဟုတ်ဘူးလား? အ‌ဒေါ်က တူမတစ်ယောက်ဖြစ်တဲ့ ကျွန်မထက် ပိုသိမယ် ထင်ပါတယ်။" 



ချမ်ယွီလန်သည် လီယွီလန်၏ မိသားစုကို အသုံးချလေ့ရှိသည်၊ ထို့ကြောင့် သူမသည် ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်သလဲ? မျက်နှာမှာ ဆို့နင့်လာသည်။



ချက်ချင်းဆိုသလိုပဲ သူမမျက်နှာက ဖြူပြာနေပြီး ဒီကိစ္စကို သူမသည် တာဝန်မယူရဲတာကြောင့် အကြောင်းအရာကို ပြတ်ပြတ်သားသား ပြောင်းလဲပြီး "ကောင်းပြီ၊ ငါ အဓိပ္ပာယ်မရှိတဲ့စကား မပြောတော့ဘူး၊ မင်းဗိုက်ထဲက ကလေးက မရှိသင့်ဘူး။"



လီယွီလန်သည် ထိုစကားကို ကြားသောအခါ သူမသည် မအံ့သြပေ။



သူမ မေးရမည့် မေးခွန်းတစ်ခုသာ ရှိသည်။ အပြင်မှာ လူတွေရှိနေတာကြောင့် လီယွီလန်က တိုးတိုးလေးပဲ မေးလိုက်သည်။



"အဒေါ် ကျွန်မမှာ ကိုယ်ဝန်ရှိမှန်း ဘယ်လိုသိတာလဲ?"



သူမသည် ဤမေးခွန်းကို အချိန်အတော်ကြာ တွေးတောခဲ့ပြီး အဖြေရှာမရခဲ့ပေ။



ကိုယ်ဝန်ကို သူမ သေသေချာချာ ဖုံးကွယ်ထားခဲ့ပြီး တပေါင်မှလွဲ၍ ဘယ်သူမှ မသိခဲ့ပေ။ တပေါင်၏ ပါးစပ်က လုံသည်၊ သူသည် ပြောမှာ မဟုတ်ပေ …



ဒါဆို ချမ်ဖုန်းယင်နဲ့ ဝမ်ယင်လျန်က အဲဒီအကြောင်းကို ဘယ်လိုသိခဲ့တာလဲ?



ဤစာကြောင်းကိုမေးပြီးနောက် လီယွီလန်သည် ချမ်ဖုန်းယင်နှင့် လီယွီလန်တို့၏ ပုံစံများ ပြောင်းလဲသွားသည်ကို သတိပြုမိသည်။



လီကျောင်းကျောင်းက လီယွီလန်ကို အပြစ်တင်ဖို့ ကြံစည်ခဲ့ပြီး ဘာမှမပြောခဲ့ပေ။



ချမ်ဖုန်းယင်က တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး သူမအသံကို နှိမ့်ကာ "ဒါပေါ့၊ မင်းအမေပြောတာလေ။ မဟုတ်ရင် ငါတို့က ဒါကို ဘယ်လိုလုပ်သိနိုင်မှာလဲ?"



တကယ်တော့ လီကျောင်းကျောင်းက လီယွီလန်ရဲ့ ကိုယ်ဝန်သတင်းကို သူမကို ပြောပြခဲ့သည်။



ဒါပေမယ့် သူမသည် ဒါကို သေချာပေါက် လီယွီလန်ကို မပြောနိုင်ပေ။ မဟုတ်ရင် လက်မထပ်ရသေးတဲ့ လီကျောင်းကျောင်းအတွက် အဲဒါက မကောင်းဘူး။



ပြောရရင် ထူးဆန်းတာက သူ့သမီး လီကျောင်းကျောင်းက ဒီရက်ပိုင်းမှာ ဘာတွေဖြစ်နေမှန်းကို မသိသလို လီယွီလန်ဘက်ကိုလည်း အမြဲတမ်း အရမ်းအာရုံစိုက်နေပြီး သူမကို မမေးဖို့ တောင်းဆိုခဲ့‌သည်။ ဒါကြောင့် သူမသည် ဘာမှ မပြောနိုင်ခဲ့ပေ။



ချမ်ဖုန်း‌ယင်က သူမကို စိတ်ဆိုးသွားသည်။



ဒါပေမယ့် လီကျောင်းကျောင်းက အခုဆို ပိုပြီး ဥာဏ်ကောင်းလာသည်။



လီယွီလန် ကိုယ်ဝန်ရှိနေကြောင်း ချမ်ဖုန်းယင်ကို သူမပြောပြသောအခါ ချမ်ဖုန်းယင်က အဲဒါကို အလေးအနက်မထားဘဲ လီကျောင်းကျောင်းက သူမအတွက် ထပ်မံခွဲခြမ်းစိတ်ဖြာပြီး လီယွီလန် ကလေးမွေးပါက သူ့ခင်ပွန်း၏ ရာထူးတိုးခြင်းကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ 



နောက်တော့ သူသည် လီယွီလန်ကို သွားရှာခဲ့သည်။ ကုရှန်းမှာ တစ်ခုခုဖြစ်ခဲ့တာကို ဝမ်ယင်လျန်က ကြားခဲ့ပြီး လီယွီလန်ရဲ့ဝမ်းဗိုက်ထဲက ကလေးကို ကိုယ်ဝန်ဖျက်ချကာ တခြားလူနဲ့ လက်ထပ်ခိုင်းခဲ့သည်။ ချမ်ဖုန်းယင်ကလည်း လမ်းကြောင်းအတိုင်း လိုက်သွားပြီး ဝမ်ယင်လျန်ကို ခိုင်းခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါက ဝမ်ယင်လျန်ရဲ့ သမီးပင်။



သူမသည် မနေ့ညက ဝမ်ယင်လျန်၏ အိမ်သို့ သွားတော့ ဝမ်ယင်လျန်၏ ကျိန်ဆဲစကားများမှ လီယွီလန်သည် သူမကလေးမွေးဖို့ အလုပ်မှ နုတ်ထွက်လိုက်ကြောင်း သိလိုက်ရသဖြင့် ချမ်ဖုန်းယင်သည် ယနေ့နံနက်တွင် ငြိမ်မနေနိုင်တော့ဘဲ လာခဲ့သည်။



ဝမ်ယင်လျန်သည် လီယွီလန်ကို ကိုယ်ဝန်ဖျက်ချရန် တွန်းအားပေးဖို့ မရည်ရွယ်ဘဲ လီယွီလန်ကို လက်ထပ်ရန် အခြားခင်ပွန်းကို ရှာဖွေရန်သာ စဥ်းစားနေပုံရသည်။



ဒါပေမယ့် ချမ်ဖုန်းယင်က လီယွီလန်ကို ဒီကလေးကို မမွေးစေချင်ခဲ့ပေ။ လီကွေရှန့်သည် တူညီသော အနေအထားတွင် ရှိနေသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည်။ ယခုတွင် သူသည် ရာထူးတိုးခြင်းအတွက် နောက်ဆုံးအခွင့်အရေးကို စောင့်မျှော်နေသောကြောင့် အမှားအနည်းငယ်ကိုမှ သည်းမခံနိုင်တော့ပေ။



လီယွီလန်သည် ချမ်ဖုန်းယင်နှင့် လီကျောင်းကျောင်းတို့၏ အမူအရာများကို ဂရုတစိုက် အာရုံစိုက်နေခဲ့သည်။



ချမ်‌ဖုန်းယင်ပြောတာကို သူမ လုံးဝ မယုံပါ။ ဝမ်ယင်လျန်သည် သူမ၏စိတ်ထဲတွင် အဖိုးတန်သားလေး တစ်ယောက်သာရှိသည်။ အသုံးချခံဖြစ်သည့် သူမသမီးကို ဘယ်လိုလုပ် အာရုံစိုက်မှာလဲ။



ချမ်ဖုန်းယင်၏ အမူအရာသည် တစ်စုံတစ်ယောက်ကို ဖုံးကွယ်နေပုံရသည်။



ဒါဆို အဲဒါ ဘယ်သူလဲ? လီယွီလန်၏ အကြည့်များသည် လီကျောင်းကျောင်း၏ မျက်နှာဆီသို့ မရွေ့လျားဘဲ မနေနိုင်‌ပေ။



လီယွီလန်က သူမဝမ်းကွဲ လီကျောင်းကျောင်းကို မကြိုက်ပေ။



ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည်အထိ လီကျောင်းကျောင်းနှင့် သူမ၏ဆက်ဆံရေးသည် မကောင်းခဲ့ပေ။ လီကျောင်းကျောင်းက ဘာဖြစ်နေမှန်း မသိပါ။ သူမသည် ငယ်စဉ်ကလေးဘဝကတည်းက သူမထက်နှစ်အနည်းငယ်သာကြီးသော လီယွီလန်ကို ရန်လိုမုန်းတီးခဲ့ပြီး သူမကိုမြင်သောအခါ အမြဲပင် ခွဲခြားခဲ့သည်။



ဒါပေမယ့် အခုအချိန်မှာတော့ လီကျောင်းကျောင်းသည် အဲဒီစာအုပ်ထဲက သူမ သိခဲ့သော ဇာတ်လိုက်တစ်ယောက် ဟုတ်ရဲ့လားဆိုတာ သူမ မသိပေ။ လီယွီလန်က လီကျောင်းကျောင်းသည် အနည်းငယ် ပုံမှန်မဟုတ်သလို ဖြစ်သွားတယ်လို့ ခံစားခဲ့ရသည်။



လီယွီလန်၏ အကြည့်များသည် ဖုံးကွယ်ထားခြင်းမရှိပေ။ သူမကို ကြည့်နေတာကို မြင်သောအခါ လီကျောင်းကျောင်း၏ ကျောသည် တောင့်တင်းသွားပြီး သူမသည် အတင်းလုပ်ပြုံးကာ "ဒုတိယ၊ ဒုတိယဝမ်းကွဲ၊ နင် ဘာလို့ ငါ့ကို ကြည့်နေတာလဲ?"



ဒါကိုကြားတော့ လီယွီလန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ 



ပိုမှားသွားတာက လီကျောင်းကျောင်းသည် ငယ်ငယ်လေးကတည်းက သူမကို အစ်မလို့ အကြိမ်ပေါင်းများစွာ မခေါ်ခဲ့ဖူးပေ။



အခု…သူခိုး ဒါမှမဟုတ် သစ္စာဖောက် တစ်ယောက်ကို ယဉ်ကျေးနေစရာမရှိပါဘူး။



လီကျောင်းကျောင်းက အခု ဘာမှားနေမှန်း မသိပေ။



လီယွီလန်သည် ထိုနေ့က သူတို့သည် နာခံရှိစွာ ထွက်သွားပြီဖြစ်ကြောင်း သိသာထင်ရှားသည်၊ ဒါပေမယ့် သူမကို ထွက်ပြေးဖို့ လွှတ်လိုက်မိခါနီးပြီ ဖြစ်သည်။



လီကျောင်းကျောင်းသည် ယခုအကြောင်းကို တွေးမိသောအခါ သူမသည် အသည်းကွဲသွားခဲ့သည်။ သူမကို အတင်းဆွဲခေါ်ခဲ့မယ်ဆိုရင် ဖြစ်နိုင်တာက...



လီကျောင်း‌ကျောင်းသည် သူမကို လွန်ခဲ့သည့် ရက်အနည်းငယ်က ပြန်လည်မွေးဖွားခဲ့ကြောင်း သိလိုက်ရသည်။ မဟုတ်ဘူး။ လီကျောင်းကျောင်းသည် စာအုပ်ကို ကူးပြောင်းတာလို့ ခေါ်တာကို ပိုကြိုက်သည်။



သူမရေးတဲ့ စာအုပ်ထဲသို့ သူမသည် ဝင်ရောက်လာခဲ့သည်။



လီကျောင်းကျောင်းသည် သူမ၏ အရင်ဘဝတွင် အလွန်ဆိုးရွားသောဘဝ ရှိခဲ့သည်။ သူမ၏ခင်ပွန်းသည် အသုံးမကျ၊ ကြမ်းတမ်းပြီး သူမ၏ဘဝသည် ငရဲနှင့်တူသည်။



ဒါပေမယ့် သူမရဲ့ဝမ်းကွဲ လီယွီလန်ကတော့ မတူပေ။ သူမခင်ပွန်းက ချစ်မြတ်နိုးရုံသာမက ကလေးတွေကလည်း သိတတ်ပြီး အရမ်းချမ်းသာသည်။ သူမသည် ဆယ်ကျော်သက်အရွယ်၊ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်ကဲ့သို့ လှတယ်လို့ ထင်ရသည်။



လီကျောင်းကျောင်းသည် ငယ်ငယ်လေးကတည်းက လီယွီလန်ကို မနာလိုဖြစ်ခဲ့သည်။ တစ်ခုမှာ လီယွီလန်သည် ရုပ်ဆိုးသော ဘဲတစ်ကောင်ကဲ့သို့ သူမသည် ဝမ်ယင်လျန်လိုမျိုး မိသားစုက မွေးဖွားခဲ့ပြီး သူမ လီကျောင်းကျောင်းထက် ပိုဆိုးသော ဘဝမှာနေခဲ့ရတာတောင် အရမ်းလှသည်။



ထို့ကြောင့် လူနှစ်ယောက်သည် ခြားနားစွာနေထိုင်ခဲ့ရပြီး လီကျောင်းကျောင်းသည် မနာလိုစိတ်ကြောင့် သေဆုံးလုနီးပါးဖြစ်ကာ စိတ်တည်ငြိမ်ရန် ခက်ခဲခဲ့သည်။



သူမရဲ့ထင်မြင်ယူဆချက်အရ လီယွီလန်က လူကောင်းတစ်ယောက်ကို ဖမ်းမိခဲ့လို့ ကံကောင်းတာ မဟုတ်ဘူးလား?



သူမ ဆိုရင်လည်း သူမလုပ်နိုင်ပါသည်!



ဒါကြောင့် လီကျောင်းကျောင်းသည် ကိုယ်တိုင် စာအုပ်တစ်အုပ်ရေးခဲ့ပြီး လီယွီလန်မှာရှိတဲ့ အရာအားလုံးဟာ သူမကိုယ်ပိုင်ဖြစ်ရင် အရမ်းကောင်းလိမ့်မည်။



သူမခင်ပွန်းဟောင်းနဲ့ မတွေ့ဆုံခင် သူမစာအုပ်ထဲမှာ ရေးခဲ့တဲ့အတိုင်း မထင်မှတ်ပဲ သူမသည် တကယ်ကို ပြန်လည်မွေးဖွားလာခဲ့သည်။



လီကျောင်းကျောင်းက အားတက်သရော အော်ဟစ်ရယ်မောလိုက်ကာ ချမ်ဖုန်းယင်က သူမကို အရူးလို့ ထင်သွားလုနီးပါးပင်။



ဒါပေမယ့် လီကျောင်းကျောင်းကတော့ ဂရုမစိုက်ပါဘူး။ ယခုတစ်ကြိမ်တွင်မူ အရင်ဘဝက ညစ်ညမ်းပြီး အိမ်တွင်းအကြမ်းဖက်ခဲ့သော ခင်ပွန်းကို ကန်ထုတ်ရန် အခွင့်အရေးကို ဆုပ်ကိုင်ထားရမည်ဖြစ်သည်။ သူမရဲ့ စာအုပ်ထဲမှာ ရေးထားတဲ့ အဆိုအရ သူမသည် အချမ်းသာဆုံး ဇနီးဖြစ်လာပြီး သူမဘဝရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားတော့မှာ ဖြစ်သည်။



အရာအားလုံး အဆင်ပြေသွားမည်။



လီကျောင်းကျောင်း သူမရေးခဲ့တာက လီယွီလန်ရဲ့ ကိုယ်ဝန်အကြောင်း သူမအမေကို ပထမဆုံး သိစေခဲ့ပြီး ကုရှန်း သေဆုံးတဲ့သတင်းကို ဖြန့်ဖို့ တစ်ယောက်ယောက်ကို ရှာခဲ့ကာ လီယွီလန်ကို ကိုယ်ဝန်ဖျက်ချဖို့ ဆေးခန်းကို အောင်မြင်စွာ ခေါ်ဆောင်သွားနိုင်ခဲ့သည်။



ဆေးခန်းတံခါးနားကို သိသိသာသာ ချဉ်းကပ်လာပြီးနောက် မမျှော်လင့်ထားဘဲ အပြောင်းအလဲတစ်ခု ရှိခဲ့သည်။



လီယွီလန်က ဘာဖြစ်နေမှန်းမသိဘဲ လိုက်ဖို့ ငြင်းခဲ့သည်...



ဤအရာက လီကျောင်း‌ကျောင်းကို အလွန်စိုးရိမ်စေခဲ့သည်။



သူမသည် ဤစာအုပ်ကို ပထမဆုံးရေးသောအခါတွင် သူမသည် ကိုယ့်ကိုကိုယ်သာ ပျော်ရွှင်စေရန် အာရုံစိုက်ခဲ့ပြီး လက်တွေကျတဲ့ အကြောင်းများကို လုံးဝ မပြောခဲ့ပေ။



ဒါပေမယ့် တကယ့်လက်တွေ့က စာအုပ်နဲ့ မတူပေ။ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာလေးတွေ ရှိသည်။ တကယ်တော့ သူမသည် အဆင့်ဆင့်ပြီးမြောက်ဖို့ သူမဦးနှောက်ကို သုံးခဲ့ရမှာဖြစ်သည်။



ပြီးတော့ သူမမှာ နားမလည်နိုင်တဲ့ အသိစိတ်က ကမ္ဘာသည် သူမရေးခဲ့တဲ့ ကမ္ဘာမဟုတ်တော့ဘဲပြီးတော့ တဖြည်းဖြည်းနဲ့ သူမရဲ့ ထိန်းချုပ်မှုကနေ ရုန်းထွက်နေတယ်ဆိုပြီး ခံစားနေခဲ့ရသည်။



လီကျောင်းကျောင်းသည် အလွန်ထိတ်လန့်သွားသည်။



"ဒုတိယဝမ်းကွဲ၊ အမျိုးသားရေး မူဝါဒကို မဆန့်ကျင်ပါနဲ့။" လီကျောင်းကျောင်းက "ကလေးကို အေးအေးလေးပဲ ရှင်းပြီး ဘာမှမဖြစ်ဘူးဆိုပြီး ဟန်ဆောင်လိုက်ကြရအောင်။ ဒါက ငါတို့အားလုံးအတွက် ကောင်းပါတယ်။"



"အဲဒါတော့ အမှန်ပဲ။ ဘာလို့ ကိုယ့်ဘာသာ မသွားတာလဲ?" လီကျောင်းကျောင်း၏ အမူအရာသည် လီယွီလန်ကို အနည်းငယ် ရွံရှာစေပြီး သူမကို ရပ်တန့်လိုက်သည်။



ချမ်ဖုန်းယင်၏ မျက်နှာသည် ချက်ချင်းပြောင်းသွားပြီး "မင်းဘယ်လို စကားပြောလိုက်တာလဲ?"



လောကွပ်ချော်ရတာကို အမြဲချစ်တတ်တဲ့ ဒီအဒေါ်ကို စိတ်ကုန်သွားပြီး "အဒေါ် သိပ်စိတ်ပူစရာ မလိုဘူးထင်တယ်။ ကျွန်မက တစ်ယောက်တည်းပါ။ အိမ်ထောင်ကျပြီးတဲ့ တူမတစ်ယောက်က ဦးလေးအပေါ် ဘယ်လိုလုပ် လွှမ်းမိုးနိုင်မလဲ? ကျွန်မ အမှန်အတိုင်းပြောတာကို အပြစ်မတင်ပါနဲ့၊ ဦးလေးက အသက်ကြီးပြီ သူသာ ရာထူးတိုးနိုင်ရင် ရာထူးတိုးနေပြီးပြီ။" နောက်ဆုံးတွင် ချမ်ဖုန်းယင်သာလျှင် သူမ၏လူသည် ဆက်လက်တက်နိုင်မည်ဟု အမှန်တကယ် ယုံကြည်ခဲ့တာဖြစ်သည်။



ဤစကားများသည် ချမ်ဖုန်းယင်၏ နှလုံးသားကို ချက်ချင်းထိမိသွားပြီး သူမသည် ရုတ်တရက်ထရပ်ကာ လီယွီလန်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။ "မင်း၊ မင်းပါးစပ်က တကယ်ကောင်းတာပဲ။"



"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။" လီယွီလန်သည် ပြုံးလိုက်မိသည်။



အခုတော့ ချမ်ဖုန်းယင်သည် ဒေါသထွက်လွန်းလို့ စကားတောင် မပြောနိုင်ဖြစ်သွားသည်။



သူက လီကျောင်းကျောင်းရဲ့လက်ကိုဆွဲပြီး "ကျောင်းကျောင်း၊ သွားကြရအောင်!"



လီကျောင်းကျောင်းသည် ချမ်ဖုန်းယင်၏ ဆွဲထုတ်ခြင်းကို ခံခဲ့ရပြီး သူမသည် မထွက်သွားချင်ခဲ့ပေ။



လီကျောင်းကျောင်းသည် လီယွီလန်၏ ရန်စနေသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမသည် အနည်းငယ် ဒေါသထွက်သွားသည်။ သူမက နှုတ်ခမ်းကိုကိုက်ပြီး လီယွီလန်ကိုကြည့်ကာ "ဒုတိယဝမ်းကွဲ၊ ဒီကလေးကို ကိုယ်ဝန်ဖျက်မချဖို့ နင်တကယ် ဆုံးဖြတ်ထားတာလား?"



လီယွီလန်သည် သူမ၏မျက်လုံးများထဲမှ ထိတ်လန့်စရာ အကြည့်ကို ခံစားလိုက်ရသည်။



"ဟုတ်တယ် အရမ်းခံစားသွားရလား?" လီယွီလန်က မေးစေ့ကို မော့ကာ ပြောလိုက်သည်။



"ကောင်းပြီ ဒါဆို နောင်တမရနဲ့။" လီကျောင်းကျောင်းက ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပုံရသည်။



လီယွီလန်သည် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။



ဒါပေမယ့် ချမ်ဖုန်းယင်က လီကျောင်းကျောင်းကို ဆွဲခေါ်သွားခဲ့ပြီဖြစ်သည်။



အပြင်မှာ လူတွေရှိသေးတယ်ဆိုတာကို စဉ်းစားပြီး လီယွီလန်က ဝမ်းနည်းတဲ့အမူအရာနဲ့ နောက်ကလိုက်သွားသည်။



သူတို့ပေါ်လာသည်နှင့် သူတို့ကို အာရုံစိုက်နေသော အိမ်နီးချင်းများရှေ့တွင် လီယွီလန်က အားမရှိတဲ့ပုံနဲ့ ပြောလိုက်သည်။ "အဒေါ် ဖြည်းဖြည်းသွားပါ။" 



ချမ်ဖုန်းယင်က ခဏလောက်ရပ်လိုက်ပြီး လီယွီလန်က သူတို့ကို လိုက်ပို့တာ မကောင်းဘူးလို့ ခံစားလိုက်ရသည်။



သေချာတာပေါ့ လီယွီလန် ပေါ်လာတာနဲ့ လူတစ်ယောက်က "ရှောင်လန် မင်းအဒေါ် မင်းကို ဘာလို့ လာရှာတာလဲ?"



"ဘာမှမဟုတ်ဘူး။" လီယွီလန်က ဝေ့လည်ကြောင်ပတ်နဲ့ "ဘာမှမဟုတ်ပါဘူး။"



"ဘာမှမဟုတ်ဘူး၊ မင်းကိုကြည့်ဦး။ မင်းကြည့်ရတာ အနိုင်ကျင့်ခံရတယ်လို့ ထင်ရတာ။ မင်းဘယ်လိုလုပ် အဆင်ပြေနိုင်မလဲ!"



"တကယ် ဘာမှမဟုတ်ပါဘူး၊ ကျွန်မ အဒေါ်က ကျွန်မအတွက် အကောင်းဆုံးလုပ်ခဲ့တာပါ။ ကျွန်မက..." လီယွီလန်ရဲ့အသံကို ထပ်ကြားလိုက်ရသည်။ "ထားလိုက်ပါတော့၊ ကျွန်မ‌ မပြောချင်ဘူး။ အားလုံး သွားကြပါတော့။" 



ထို့နောက် တံခါးကို ဒုန်းကနဲ ဆောင့်ပိတ်လိုက်သည်။



လီယွီလန် ထွက်သွားပြီး အခြားလူများကလည်း စကားပြောခဲ့ကြသည်။



"မဟုတ်ဘူး၊ ငါ ရှောင်လန်ရဲ့ခင်ပွန်း မတော်တဆဖြစ်သွားတာ ကြားခဲ့တယ်၊ ဒါကြောင့် လူတွေက သူ့ကို အနိုင်ကျင့်ဖို့ လာကြတာ!"



"ငါကြားတယ် သူ့မိသားစုက တကယ်ကို ..."



"သူတို့မိသားစုအကြောင်းတွေကို တွေးကြည့်တော့ ရှောင်လန်ရဲ့မိသားစုမှာ ကောင်းတဲ့အချက်တွေ အများကြီးရှိတယ်။ အခု ယောင်္ကျားမရှိလို့ မနာလိုတဲ့သူတွေ ရှိလာပြီ!"



"အဲဒါက အဒေါ်မဟုတ်ဘူးလား? တကယ့်မိသားစု မဟုတ်ဘူးပဲ။"



"ဟုတ်တယ် တကယ်ရှက်စရာကောင်းတယ် သူမလာသင့်ဘူး ရှက်စရာကြီးဟယ်!" 



"……" 



ချမ်ဖုန်းယင်သည် သူမနောက်ကွယ်မှ ဆွေးနွေးချက်များကို နားထောင်ပြီး သူမကို တိတ်တဆိတ် ဆူပူကြိမ်းမောင်းနေသည့် အသံများအားလုံးကြောင့် ဒေါသဖြင့် မျက်နှာ မည်းမှောင်သွားသည်။



လီကျောင်းကျောင်းသည် ထိုလျှာရှည်တဲ့ အမျိုးသမီးများကို အလွန်စိတ်ဆိုးပြီး စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချခဲ့သည်။



လီယွီလန် အိမ်ပြန်ရောက်သောအခါ သူမထွက်သွားပြီးနောက် လီကျောင်းကျောင်း ပြောခဲ့သည့်စကားကို တွေးပြီး သူမစိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။



သူမက သူမဗိုက်ကို အသာအယာ ပွတ်သပ်ပြီး "မင်းက မမွေးသေးဘူး။ မင်းက အရမ်း လွဲနေပြီ။" 



ကိုယ်ဝန်ကို ရှာမတွေ့ခဲ့ရင် လီယွီလန်က ဘယ်သူ့ကိုမှ မပြောပြဖို့ စီစဉ်ခဲ့ပြီး ကုရှန်းပြန်လာတဲ့ထိစောင့်ပြီး နှစ်ယောက်သား အတူတူ နည်းလမ်းရှာကြမည်။



ဒါပေမယ့် အခု ကုရှန်း ပြန်လာတာကို သူမ မစောင့်နိုင်တော့ပဲ တစ်ခုခုလုပ်ရတော့မည်။