Chapter 53
Viewers 3k

👾Chapter 53

ကူး



လင်းဟန်က မက်ခါ၏ ပျက်စီးမှုအ​ခြေအ​နေနှင့် နှိုင်းယှဥ်ကြည့်လိုက်သည်။ "ဒီအပိုင်း​လောက်ဆို ပြန်ဖာ​ဖို့ လုံ​လောက်ပါပြီ" 


ဟယ့်ယွင်ထင် ပြောလိုက်သည်။ "ကောင်းပြီ​လေ"  ထို့​နောက် နှစ်​ယောက်သား  ပြန်ရန် ပြင်လိုက်ကြသည်။ 


လင်းဟန် ပြန်လှည့်​တော့မည် အပြုတွင် မနီးမ​ဝေးတစ်​နေရာမှ သဲဝါများက ထူးဆန်းစွာ လှုပ်ရှား​နေ​ကြောင်း တွေ့လိုက်ရသည်။ ယင်း​နေရာ၌ တစ်စုံတစ်ခု ရှိ​နေသည့်အလားပင်... 


နောက်ထပ် ဇာဂ့်များဖြစ်​နေသည်လားဟု မသိစိတ်အရ တွေးလိုက်မိချိန်တွင် စကားဟ​တော့မည်အပြု အမည်း​ရောင် အလုံး​လေးတစ်လုံး လှိမ့်လာခဲ့ပြီး လင်းဟန်၏ ခြေ​ထောက်အနားတွင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ 


“…” ထိုအရာ​လေးက ချစ်စရာ​ကောင်းပြီး အန္တာရယ် ရှိပုံမရသဖြင့် ဇာဂ့် မဖြစ်နိုင်​လောက်​ပေ။ 


အနားသို့ ကပ်လာသည့်အခါမှသာ လင်းဟန်တစ်​ယောက် ၎င်း၏ အသွင်အပြင်ကို တွေ့လိုက်ရသည်။ 


ထိုအရာ​လေးက မဲနက်​နေပြီး လင်းဟန်၏ ခြေ​ထောက်နားတွင် ရပ်သွား​သောအခါ ကိုယ်​လေးကို ခါလိုက်​ပြီး အ​မွှေးများ​ပေါ်မှ သဲများကို ခါထုတ်လိုက်သည်။ 


ထို့​နောက် လက်တံတို​လေးကို ဆန့်ထုတ်ကာ လင်းဟန်၏ ဘောင်းဘီစကို ဆွဲလိုက်​လေသည်။ 


"ဒါဘာ​လေးလဲ" နယ်ခြား​ဒေသသို့ တစ်ခါမှ မ​ရောက်ဖူးသည့် လင်းဟန်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။  


သူသာ အ​သေအချာမကြည့်မိပါက အမည်း​ရောင် အ​မွှေးလုံး​လေးတစ်လုံးဟုသာ ထင်ရသည်။ ခြေတံလက်တံ​လေးများက တိုတို​​လေးဖြစ်ပြီး လင်းဟန်ထံ ယိုင်တိယိုင်တိုင်ဖြင့် ပြေးလာ​နေသည်။ အားဖြင့် လှိမ့်လာရသည်က ခြေဖြင့်လှမ်းလာရသည်ထက် ပို၍ လွယ်ကူသည့်အလားပင်။ ထိုအရာ​လေးက အမှန်ပင် အန္တရာယ် မရှိပုံ​ပေါ်ပြီး လင်းဟန် ညစ်​ပေသွားမည်ကိုပင် စိုးရိမ်​နေသည့်အလား ကိုယ်​ပေါ်မှ ဖုန်များကို အားပြင်းပြင်းဖြင့် လွှဲခါလိုက်ပြီး​နောက် အ​​မွှေးနုနု​လေးများအကြား ဖုံးကွယ်​နေသဖြင့် မမြင်ရလုနီးပါး ဖြစ်​နေ​သော မျက်လုံးနက်နက်က​လေးများဖြင့် ချောင်းကြည့်လာ​လေသည်။ 


"ဒါက ဇီဝမျိုးကွဲ​လေးလား" 


ဟယ့်ယွင်ထင် ဆိုသည်။ "အင်း... လမ်း​ပျောက်သွားတာ​နေမယ်... အမျိုးအစားနိမ့်တဲ့ထဲကပဲ" 


လင်းဟန် မေးလိုက်သည်။ "ဒါဆို ဘာမျိုးရင်းထဲကလဲ" 


ဟယ့်ယွင်ထင်၏ အမူအယာက မ​ပြောင်းမလဲ ရှိ​နေဆဲပင်။ "ခု​ကော" 


လင်းဟန် ခေါင်းငြိမ့်ကာ သူ့​ရှေ့မှ အ​ကောင်ငယ်​​လေးကို ဂရုတစိုက် လေ့လာ​နေ​လေ၏။ 


"မင်းမှာ နာမည်ရှိလား ခု​​ကော​လေး" လင်းဟန် စပ်စုရန် ကြိုးပမ်းလိုက်​လေသည်။ 


ချစ်စရာ​ကောင်းလှသည့် ဇီဝမျိုးကွဲ ခု​ကော​​ကောင်​လေးမှာ လင်းဟန်၏ စကားကို နားလည်ပါရဲ့လားပင် မသိပါ​သော်လည်း ၎င်း၏ အမြီး​လေးတိုတိုကို ယမ်းပြလာခဲ့​လေသည်။ 


လင်းဟန်မှာ အ​ကောင်​ငယ်​လေး၏ ခေါင်းကို ပုတ်​ပေးလိုက်သည်။ 


ထိုအရာ​လေးမှာ အလွန် သန့်ရှင်း​နေပြီး ဇီဝမျိုးကွဲများ ပေါင်းစည်းစနစ်၏ ကြမ်းတမ်းလှ​သော ပတ်ဝန်းကျင်တွင် နေထိုင်ရသည့်တိုင် အ​မွှေးတို​လေးများက တောက်ပ​နေကာ ပျော့​​​ပျောင်း​နွေး​ထွေး​နေခဲ့လေသည်။ အ​ကောင်ငယ်​လေး၏ ခြေတံ​လေးများက အမှန်ပင် တို​တောင်းလှပြီး အလှပြပစ္စည်း​လေးနှင့်ပင် တူ​နေ​လေ၏။ 


လှုပ်ရှားမှုများအတွက် ၎င်းတို့အ​ပေါ် မှီခို​နေရ​သော်ငြား အလွန်ပင် စိတ်အားထက်သန်​နေပုံရ​လေသည်။ 


လင်းဟန်က အ​ကောင်​လေး ဆန့်နိုင်ရန် လက်ခုပ်ထဲသို့ ထည့်​ပေးလိုက်သည်။ 


"သူတို့မှာ တခြား နာမည် ရှိ​သေးတယ်" ဟယ့်ယွင်ထင်က ဘေးတွင် ရပ်​နေရင်း ပြောလာပြန်သည်။ 


"တခြားနာမည်လား..." 


"အင်း" ဟယ့်ယွင်ထင် ပြန်​ဖြေလာ​ခဲ့​​သော်လည်း တစ်စုံတစ်ရာကို စိုးရိမ်​နေပုံရပြီး တန်းမ​ဖြေခဲ့။ 


သို့​သော်ငြား လင်းဟန်မှာ ထိုအရာ​လေးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည့်အပြင် နယ်စပ်​ဒေသနှင့် ပတ်သက်၍ ဗဟုသုတ အများကြီး မရှိသဖြင့် မ​နေနိုင်ဘဲ ထပ်​မေးမိသည်။ 


"တခြားနာမည်က ဘာလဲ" 


သူက လက်ထဲမှ အ​ကောင်ငယ်​လေးကို ကြည့်ရင်း အလုပ်များ​နေသဖြင့် ထိုအခိုက်တွင် ဟယ့်ယွင်ထင်၏ မျက်နှာထက်၌ ကြုံ​တောင်ကြုံခဲ ရှက်ရွံ့မှုများ ဖြတ်​ပြေးသွားသည်ကို သတိမထားမိလိုက်​ပေ။ 


စက္ကန့်အနည်းငယ်အကြာမှ ပါးစပ်ဟလာခဲ့သည်။ 


"ကူး.." 


ဟယ့်ယွင်ထင်၏ အသံထဲတွင်  ထိုကဲ့သို့​သော စကားလုံးများ ထွက်လာခြင်းက ထူးဆန်း​နေ​သော်လည်း စိတ်မချမ်းသာဖွယ်ရာဖြစ်​နေရခြင်းမျိုး မဟုတ်​ပေ။ 


သူ့လက်ထဲမှ အ​ကောင်​​လေးက အလွန်ပင် ချစ်ဖို့​ကောင်း​နေသည်​ကြောင့်လား သို့တည်းမဟုတ် ထိုစကားလုံးများကို ဟယ့်ယွင်ထင် ပြောလိုက်စဥ်က ချစ်စရာ​ကောင်းသည့် ခံစားချက်​ကြောင့်လားမသိရ​​သော်လည်း လင်းဟန်၏ အသံထဲတွင် ရယ်သံစွက်​နေပြီး လိုက်​ပြောလာခဲ့သည်။ 


"ကူးတဲ့လား..." 


"အင်း"သို့​သော်ငြား ဟယ့်ယွင်ထင်ကမူ ထပ်မ​ပြောချင်​တော့​ပေ။ 


အ​ကောင်ငယ်​လေးက လင်းဟန်၏ စကားများကို ကြားသွားပုံရပြီး ရုတ်တရက် ပျော်မြူးလာကာ လင်းဟန်၏ လက်ဖဝါးများအကြား လူးလှိမ့်​နေရင်း လက်ဖဝါးကို ပွတ်သပ်​နေ​လေသည်။ 


လင်းဟန်က ထိုအ​ကောင်​လေးကို မြေ​ပေါ်သို့ ပြန်ချ၍ မေးလိုက်သည်။ "လမ်း​ပျောက်​နေတာလား" 


ရလဒ်သည်ကား ထိုကူး​လေးက ပြူကြည့်လာကာ စီကနဲ အော်လိုက်​သော်လည်း အဆုံးတွင် လင်းဟန်၏ လက်​ပေါ်သို့ ပြန်တက်လာ​လေသည်။


ဟယ့်ယွင်ထင်၏ မျက်နှာ​ပေါ်မှ အမူအရာမှာ အရိပ်အ​ယောင်မရှိ ပြောင်းလဲသွားခဲ့​လေသည်။ 


“…” 


လင်းဟန်က မျက်လုံး​လေးများကို ကွေးညွှတ်ကာ မတ်တပ်ရပ်လိုက်သည်။ "ဗိုလ်ချုပ်... ပြန်ကြရ​အောင်​​လေ" 


ဟယ့်ယွင်ထင် လှည့်ကြည့်လိုက်ရာ သူ့မျက်နှာထက်မှ အပြုံး​လေးကို တွေ့လိုက်ရသည်။ 


ထို့​ကြောင့် အ​မွှေးလုံး​လေးကို ကြည့်လာသည့် မျက်လုံးများမှာ ပို၍ ကြင်နာမှု ရှိလာသလိုပါပင်။ 


အ​ကြောင်းအရင်းအချို့​ကြောင့် ကူး​လေးမှာ လင်းဟန်နှင့် ယခုမှ ဆုံဖူး​သော်ငြား အလွန်ပင် ရင်းနှီးကျွမ်းဝင်​နေသကဲ့သို့ ဖြစ်​နေ၏။ 


လင်းဟန်က မက်ခါ​ပေါ်သို့ ပြန်လာကာ ကူး​ကောင်​လေးကို ဘေးဖယ်ထားလိုက်ပြီး​နောက် ဟယ့်ယွင်ထင် ပြန်ယူလာ​​သော သတ္တုအပိုင်းအစကို ယူ၍ ဇာဂ့်များ​ကြောင့် အ​ပေါက်ဖြစ်သွားသည့် နေရာများကို စတင်ဖာ​ထေး​လေ​တော့သည်။ ကန့်သတ်ထား​​သော အ​ခြေအ​နေနှင့် ပစ္စည်းများ​ကြောင့် လင်းဟန်မှာ မက်ခါအတွင်းသို့ ပြင်ပ ပတ်ဝန်းကျင်မှ သက်​ရောက်ခြင်း မရှိ​စေရန် သေချာပိတ်ထားပြီးဖြစ်​ကြောင်း အတည်ပြုနိုင်သည်ဆိုရရုံမျှသာ ပြန်ပြင်နိုင်ခဲ့သည်။ 


သူအလုပ်လုပ်​နေချိန်တွင် ဟယ့်ယွင်ထင်နှင့် အ​မွှေးလုံး​လေးမှ တစ်​ယောက်က ရပ်ကာ တစ်​ယောက်က လှိမ့်ကာဖြင့် သူပြုပြင်​ရေးလုပ်​နေသည်ကို အတူတကွ ငြိမ်ငြိမ်သက်သက်စောင့်ဆိုင်း​နေကြ​လေသည်။ 


"အခု​တော့ အဖြစ်ပဲ​ပေါ့" လင်းဟန် ဟယ့်ယွင်ထင်ဘက်သို့ လှည့်​ပြောလိုက်သည်။ "အရင်ကလို​တော့ ကောင်း​အောင် ပြင်နိုင်မှာ မဟုတ်ဘူး" 


ဟယ့်ယွင်ထင် တစ်ခဏမျှ မှင်တက်သွားပြီး​နောက် "အရင်က" ဟူ​​သော စကား၏ အဓိပ္ပါယ်ကို နားလည်သွား​လေသည်။ 


ယခင်က ညာဘက်လက်ကို ဆုံးရှူံးသွားခဲ့သည့် မက်ခါအား ပြန်ပြင်​ပေးရန် လင်းဟန်အား ညွှန်ကြားခဲ့သည်ပင်... 


ဟယ့်ယွင်ထင်: “…” 


သို့​သော်လည်း လင်းဟန် ဆက်မ​​ပြော​​တော့​ပေ။ 


"ကျွန်​​တော် ခဏ​လောက် နားဦးမယ်" သူ​ပြောလိုက်သည်။ 


လင်းဟန်မှာ အလွန်ပင်ပန်း​နေပုံရပြီး ကိုင်ထား​သော ကိရိယာများကို ပြန်ချကာ မောင်းနှင်ခုံတွင် ထိုင်ကာ မှီထားလိုက်သည်။ 


သို့​သော်လည်း အ​မွှေးလုံး​လေးမှာ လင်းဟန်အား ပျော်​ရွှင်စွာဖြင့် ပတ်​ပြေး​နေပြီး ဘောင်းဘီအနားစကို ပွတ်သပ်​နေကာ ရံဖန်ရံခါ လက်သည်း​​လေးများဖြင့် ကုတ်ခြစ်လာခဲ့​​သေးသည်။ 


လင်းဟန်၏ ခန္ဓာကိုယ်၌ ထိုအ​ကောင်လေးကို ဆွဲ​ဆောင်​နေသည့် တစ်ခုခု ရှိ​နေသည့်အလားပင်... 


လင်းဟန်မှာ ထိုင်ခုံတွင် မှီလိုက်ပြီး​နောက် ရုတ်တရက်ဆိုသလို ခြေကုန်လက်ပမ်းကျသွားပုံရသည်။ ဆာ​​​လောင်မှုများပင် ကွယ်​ပျောက်သွား​လေကာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့​ခွလာပြီး မျက်ခွံများ လေးလံလာသည့်တိုင် အလွန်အမင်း အိပ်ချင်မူးတူးဖြစ်​နေခြင်း မရှိ​ပေ။ 


“မစ္စတာလင်း" ဟယ့်ယွင်ထင်က တစ်ခုခုမှား​နေ​ကြောင်း ခံစားမိသည့်အတွက် ခေါ်လိုက်သည်။ 


"ဟမ်" လင်းဟန်က ဝေ​ဝေဝါးဝါး ပြန်​ဖြေလိုက်​သော်လည်း သူ့အသံက အလွန်ပင် မသက်မသာ ဖြစ်​နေရသည့်အလား ပျော့​ပျောင်းကာ တကျီကျီ မြည်​နေပုံ​ပေါက်သည်ကို​တော့ မသိနိုင်ခဲ့​ပေ။ 


ယ​နေ့တွင် စိတ်​ရောကိုယ်ပါ စွမ်းအင်ကုန်ခမ်းသွားသည်​ကြောင့်ဖြစ်မည်။ လင်းဟန်မှာ လက်ရှိတွင် မည်သည့်အရာများ ဖြစ်​နေသည်ကိုပင် မတုံ့ပြန်နိုင်​တော့ဘဲ ဟယ့်ယွင်ထင်ကိုပင် မေးခွန်းပြန်ထုတ်လိုက်​သေးသည်။ 


"ဘာဖြစ်လို့လဲ" 


သူကိုယ်တိုင်ပင် ကရယ်မယ်အနံ့​လေးများ ထုတ်လွှင့်မိ​နေသည်ကို မသိ​တော့​ပေ။ 


လင်းဟန် စတုတ္ထအဆင့် လေ့ကျင့်မှုသို့ လိုက်ပါလာစဥ်က သူနှင့်အတူ အာဟာရထုပ်များ ထိန်းချုပ်​ဆေးများ ယူ​ဆောင်လာခဲ့​သော်ငြား မတော်တဆမှုများ ဆက်တိုက်​ပေါ်လာခဲ့သဖြင့် ၎င်းတို့ကို သွားယူရန် အချိန်မရှိ​ခဲ့​ပေ။ 


တစ်​နေ့တာလုံး အာဟာရထုပ်များ မမှီဝဲခဲ့ရသည့် လင်းဟန်မှာ အချိန်အ​တော်ကြာ တောင့်ခံထားခဲ့ပါ​သော်လည်း အဆုံးတွင် ဆက်ပြီး မ​တောင့်ခံနိုင်​တော့​ပေ။ အသိစိတ်​ပျောက်လု ဖြစ်လာပြီး ခန္ဓာကိုယ်ကလည်း အားအင်ကုန်ခမ်း​နေကာ နေ့ခင်းပိုင်းအချိန်မှ ပြင်ပပတ်ဝန်းကျင်၏ အပူချိန်ထက်ပင် သာလွန်​နေသည့် သည်းမခံနိုင်ဖွယ်ရာ အပူတစ်ခုက ခန္ဓာကိုယ်အနက်ပိုင်းတစ်​နေရာမှ လျှံထွက်စပြုလာခဲ့သည်။ 


ဟယ့်ယွင်ထင်က ဖယ်ရိုမုန်းရနံ့များ ရလာသည့်အခါ အလျင်အမြန် နားလည်သွားလေသည်။ 


ထို့အပြင် ကူး​ကောင်​လေးက ပို၍ စိတ်လှုပ်ရှားလာပုံရပြီး လင်းဟန်၏ ချိုမြမြ ဖယ်ရိုမုန်းရနံ့များအကြား ပျော်ရွှင်စွာ လှည့်ပတ်​ပြေးလွှား​နေခဲ့​လေသည်။ 


ဟယ့်ယွင်ထင်က အချိန်အ​တော်ကြာ တိတ်ဆိတ်သွားပြီး​နောက် ထိုအ​ကြောင်းကို လင်းဟန်အား ပြောပြရန် ပါးစပ်ဟလိုက်သည်။ 


"ကြည့်ရတာ..."ဟယ့်ယွင်ထင်မှာ ပြောရခက်​နေပြီး အမြဲတ​စေ အေးစက်​နေ​သော မျက်နှာထက် မူမမှန်​သော အမူအယာတစ်ခု ရှိလာခဲ့သည်။ 


"မင်းheatဝင်​နေပြီ ထင်တယ်" 


လင်းဟန်မှာ အဆုံးသတ်မရှိ​​သော ချောက်နက်ကြီးထဲသို့ ဆွဲ​ခေါ်ခံ​နေရပြီး ထိုစကားများကိုပင် မကြားနိုင်ခဲ့​ပေ။ သူက မျက်​မှောင်ကြုတ်လာကာ လက်များကိုပင် ခက်ခက်ခဲခဲ မ​ နေရပြီး မောင်းနှင်ခုံထက်တွင် မသက်မသာ လှုပ်​နေမိကာ ဟယ့်ယွင်ထင်အား ကြည့်ရန် ကြိုးစား​နေဆဲ ဖြစ်ပြီး ထိုသူကို ခေါ်ရန် ပါးစပ်ဟလိုက်သည်။ "ဗိုလ်ချုပ်" 


ဘာ​ပြောလိုက်တာလဲ... 


ဘာလို့တစ်ခွန်းမှ မကြားရတာလဲ...


ဟယ့်ယွင်ထင်သည်ပင် စတင်သက်​​ရောက်ခံလာရပြီး သူကိုယ်တိုင်က မသက်မသာ ဖြစ်လာရ​သော်ငြား တစ်စုံတစ်ခုကို စိုးရိမ်အလား တမင်တကာ ခြေတစ်လှမ်းဆုတ်လိုက်သည်။ 


"ဗိုလ်ချုပ်" လင်းဟန်က သူ့အား ခေါ်လာ​နေဆဲ ဖြစ်ပြီး သာမန်​လေသံနှင့် ကွဲပြား​နေသည့် နူးညံ့သည့် အရိပ်အ​ယောင်များ သယ်​ဆောင်လာ​နေသည်။ 


"မစ္စတာလင်း... မင်း..."


ဟယ့်ယွင်ထင်က စကား​ပြော​နေရင်း တန်းလန်းပင် ဆက်​ပြောချင်​သော်ငြား မည်သို့ ဆက်​ပြောရမည်ကိုပင် မသိ​တော့​ပေ။ 


သူက မက်ခါ၏ လေအဝင်အထွက်စနစ်ကို ဖွင့်လိုက်​သော်ငြား သူ၏ စိတ်အာရုံအလုံးစုံကိုမူ သူ့​ရှေ့မှ အနံ့​မွှေး​မွှေးအိုမီဂါ​လေးထံမှ မလွှဲဖယ်နိုင် ဖြစ်​နေရသည်။  


လင်းဟန်က မသက်မသာ ဖြစ်​နေဆဲပင်။ 


ကူး​ကောင်​လေးက သူ့အား စတင်ပွတ်သပ်လာ​သော်ငြား ဖွဖွ​လေးသာ ဖြစ်သည်။ 


လင်းဟန်မှာ တစ်စုံတစ်ခုကို အငမ်းမရ​တောင့်တလာ​သော်ငြား စိတ်​ရောကိုယ်ပါ အင်အားကုန်ဆုံး​နေသဖြင့် မည်သည်အား တောင့်တ​နေသည်ကိုပင် ရှင်းမပြနိုင်​တော့​ပေ။ 


သူ့​ရှေ့မှ အရပ်ရှည်ရှည်လူသားကို ကြည့်​နေရုံသာ တတ်နိုင်​လေ​တော့သည်။ 


သူ့ကို ညှဥ်းဆဲ​နေသည်ဟု ခံစားရသည်။ 


လင်းဟန်တစ်​ယောက် တောင့်တင်း​နေ​​​သော အမူအရာရှိသည့် ဟယ့်ယွင်ထင်အား ကြည့်လိုက်မိသည်။ 


ထိုသူနှင့် ပတ်သက်၍ မည်သည်က မှားယွင်း​နေမှန်း မသိနိုင်​တော့။ သူ့မျက်လုံးများကို မှေးကျဥ်းကာ စကား​​ပြော​နေသည့် ဗိုလ်ချုပ်ကို စိုက်ကြည့်​နေမိသည်။ 


ဗိုလ်ချုပ်က ဘာ​တွေ ပြော​နေတာလဲ... သူ မကြားရဘူး.... 


သို့​​သော်လည်း အေးစက်​​နေ​သော နှုတ်ခမ်းပါးတို့က ဖွင့်ချည်ပိတ်ချည်နှင့် လှုပ်ရှား​နေသည့် ထိုသူ့ထံသို့သာ တိုးကပ်သွားချင်​နေမိ​လေသည်။



👾