Chapter 158
Viewers 8k

🚩Chapter -158

 Arc_7.နေရာလွဲမှားနေသောသမီး [ 24 ]


_____



ခရစ်စမတ်ပြီးသည်နှင့် နှစ်သစ်ကူးရက်ရောက်လာ၏။ ထို့နောက်ချက်ချင်းပင် ဖုန်းဟန်ကျောင်း၌ စာသင်နှစ်တစ်နှစ်၏ အရေးအကြီးဆုံးနေ့ဖြစ်သည့် နောက်ဆုံးစာမေးပွဲနေ့သို့ ရောက်ရှိလာတော့သည်။ 


ထိုစာမေးပွဲက စုဝမ်အတွက် မခက်ခဲရာ အတန်းထဲတွင် ထိပ်ဆုံးသုံးယောက်နေရာသို့ရောက်အောင် လွယ်ကူစွာ ဖြေဆိုနိုင်ခဲ့သည်။ “အဆင့်နိမ့်ကျောင်းသူ”က လူတိုင်း၏အရှေ့တွင် တန်ပြန်တိုက်ခိုက်မှုလုပ်ဆောင်လာရာ အတန်းဖော်များက အတော်လေးအံ့ဩသွားကြသည်။ အတန်းပိုင်ဆရာ ဝမ့်ဝမ်ဟောက်ပင် စုဝမ်နှင့် စကားပြောရန် ရုံးခန်းသို့ခေါ်လိုက်ရသည်။


စုဝမ်က ဤလူအရေခွံခြုံထားသည့် သားရဲကြီးကို တကယ်သဘောမကျချေ။ ထို့ကြောင့် သူမက စကားအနည်းငယ်သာ ပြောပြီး ရုံးခန်းမှလွတ်မြောက်လာခဲ့သည်။ သူမထွက်လာသည့်အချိန်တွင် လျှောက်လမ်းဘေးရှိ နံရံကိုမှီနေသော လော့ယွီကိုတွေ့လိုက်သည်။ 


“အကုန်အဆင်ပြေရဲ့လား”


လော့ယွီက စုဝမ်ကို စိုးရိမ်မှုအချို့ဖြင့် ကြည့်နေ၏။


“ဘာဖြစ်လို့လဲ”


စုဝမ်က လော့ယွီကိုတအံ့တဩနှင့် ကြည့်၍ပြန်မေးလာသည်။


“ဘာမှမဖြစ်ပါဘူး”


လော့ယွီက မျက်နှာလွှဲ၍ အဝေးကိုကြည့်လိုက်သည်။ ကပွဲညက အခြားသူများက ဝမ့်ဝမ်ဟောက်နှင့် ထွက်သွားသူမှာ မည်သူမှန်းမသိကြသော်လည်း လော့ယွီကတော့သိသည်။


တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ထိုသူက ကျန်းယိုဖြစ်ကြောင်း လော့ယွီမှတ်မိလိုက်သည်။ ထို့နောက် သူမက စုမိသားစုအိမ်မှ ထွက်သွားပြီး ဝမ့်ဝမ်ဟောက်နှင့် အတူနေနေသည်ကိုလည်းသိသည်။ ၎င်းက အတော်လေး လျှို့လျှို့ဝှက်ဝှက်ရှိသော်လည်း Dမြို့တွင် လော့မိသားစုကို လျှို့ဝှက်ထားနိုင်သည့်အရာမရှိချေ။


ကျန်းယိုက ဝမ့်ဝမ်ဟောက်နှင့် အတူရှိရန်ရွေးချယ်လိုက်သည်ကို လော့ယွီအံ့ဩမိသလို စိတ်လည်းပျက်မိ၏။


လက်ရှိ ကျန်းယိုသည် ထိုအချိန်တုန်းကကဲ့သို့ လော့ယွီကို နှလုံးခုန်မြန်စေသည့်ခံစားချက်မျိုး မပေးစွမ်း‌တော့ပေ။ ထို့အပြင် ကျန်းယိုကလတ်တလော၌ အိုးယန်လော့နှင့် တတွဲတွဲဖြစ်နေရာ လော့ယွီသူမကို သတိထားမိလာသည်။ ကျန်းယိုဘာတွေးနေသည်ကို သူမသိပေ။ ယ‌နေ့တွင် ဝမ့်ဝမ်ဟောက်က စုဝမ်ကို သူ့ရုံးခန်းသို့ ခေါ်သွားသည်ကို မတော်တဆတွေ့လိုက်သောအခါ လော့ယွီက မျှော်လင့်မထားဘဲ သိချင်စိတ်ကြောင့် လိုက်လာခဲ့သည်။ ဝမ့်ဝမ်ဟောက်နှင့် ပတ်သက်လာလျှင် ကောင်းမွန်သည့်ခံစားချက်များမရှိချေ။


“ကျောင်းဆင်းပြီ ငါသွားတော့မယ်”


လော့ယွီက စကားမပြောတော့သည်ကိုတွေ့သောအခါ စုဝမ်လည်း ပြောပြီးသည်နှင့် လှည့်ထွက်ရန်ပြင်လိုက်သည်။


“ငါလိုက်ပို့မယ်”


“ဦးလေးလျို့ လာကြိုမှာ” ကျန်းယို စုမိသားစုအိမ်မှထွက်သွားသည့်အချိန်မှစ၍ ဦးလေးလျို့က စုဝမ်အတွက် အချိန်ပြည့် ဒရိုင်ဘာဖြစ်လာတော့သည်။


“ကားကအောက်ထပ်မှာ ကျောင်းပေါက်ဝအထိလိုက်ပို့ပေးမယ်”


လော့ယွီက ပြုံးနေ၏။ သူ၏စစ်မှန်သည့်ထိုအမူအရာက ငြင်းဆိုရန်ခက်ခဲအောင်ပြုလုပ်နေသည်။


“ကောင်းပြီ”


စုဝမ်ကခေါင်းညိတ်လိုက်သည်။ သူမ၏ရည်းစားဟောင်းလေးက ယခုတွင် စိတ်ပျက်စရာကောင်းသည့်ပုံမပေါ်တော့ပေ။


သူတို့နှစ်ယောက်က လမ်းလျှောက်ရင်း စကားပြောလာကြသောကြောင့် သူတို့နောက်မှလိုက်လာသည့် သေးသွယ်သည့် ပုံရိပ်လေးတစ်ခုကို သတိမထားမိကြချေ။ ထိုလူက တိတ်တဆိတ်နှင့် ဖုန်းကိုထောင်ထာ ဓာတ်ပုံများ အဆက်မပြတ်ရိုက်ယူနေလေသည်။


“တီ...တီ”


စုဝမ် လော့ယွီကားထဲသို့ ဝင်လိုက်ချိန်မှာပင် သူမ၏ဖုန်းမှ မက်ဆေ့ချ်ရောက်လာကြောင့် အသိပေးသံ မြည်လာသည်။ ပါဝင်သည့်အကြောင်းအရာများကိုကြည့်ပြီးသောအခါ စုဝမ်၏မျက်နှာ အေးစက်သွား၏။ သူမက ကား၏နောက်ကြည့်မှန်သို့ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်၍ ကြည့်လိုက်သည်။


“ဘာဖြစ်လို့လဲ” စုဝမ်၏အမူအရာများပြောင်းလဲသွားသည်ကိုကြည့်ရင်း လော့ယွီက သူမကိုကြည့်၍ မေးလာသည်။


“ဘာမှမဟုတ်ပါဘူး”


စုဝမ်ကပြုံး၍ သူမ၏ဖုန်းကို ငုံ့ကြည့်လိုက်၏။ သူမက ကြည့်နေရင်းနှင့် ရုတ်တရက် လော့ယွီဘက်သို့ လှည့်ကာ ရယ်၍ ပြောလာသည်။ 


“လော့ယွီ ပွဲ‌တော်နေ့က ကပွဲခန်းမထဲမှာ နင့်ကိုတွေ့လိုက်တယ် ဒါပေမယ့် အဲ့အချိန်တုန်းက နင်မိန်းကလေးတစ်ယောက်နဲ့ရှိနေတဲ့ပုံပေါ်တာနဲ့ ငါနင့်ကိုမနှောင့်ယှက်လိုက်တာ”


ကပွဲ၊ မိန်းကလေး......။


လော့ယွီ၏လက်က စတီယာရင်ကို တင်းကြပ်စွာကိုင်လိုက်သည်။ 


“နင်မြင်လိုက်တာပဲ အဲ့ဒါက....”


ရုတ်တရက် လော့ယွီ ဘာဆက်ပြောမလဲမသိတော့ပေ။ ထိုမျက်နှာဖုံးနှင့် မိန်းကလေးက သူ့ကို ရင်းနှီးနေသည့် ခံစားချက်မျိုးပေးနေသော်လည်း သူမကိုမခန့်မှန်းနိုင်သလို သူမကိုဘယ်မှာရှာရမည်ကိုလည်း မသိချေ။ 


ထိုနေ့၌ သူမက သူ့ရင်ခွင်ထဲသို့ မတော်တဆ လဲကျလာခဲ့သည်။ သူတို့နှစ်ယောက်က စကားအနည်းအကျဥ်းသာပြောခဲ့ကြပြီး ခွဲခွာကြသည့်အချိန်တွင် ထိုမိန်းကလေးက ရုတ်တရက်လှည့်လာကာ သူ့ကိုပွေ့ဖက်ပြီး နှုတ်ခမ်းများကို နမ်းလာခဲ့သည်။ 


၎င်းက လော့ယွီပထမဆုံး အတင်းကြပ်အနမ်းခံရခြင်းဖြစ်သည်။ သို့သော် ထိုမိန်းကလေး၏ အနမ်းက ညင်သာ၏။ ထိုအနမ်းက အနက်ရှိုင်းဆုံးအထိ ထိုးထွင်းဝင်ရောက်သွားပြီး လော့ယွီ၏နှလုံးသားကိုပင် နူးညံ့သွားစေခဲ့သည်။ ကံမကောင်းစွာနှင့် သူမကချက်ချင်းပင် လူအုပ်ကြားထဲသို့ တိုးဝှေ့ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လော့ယွီ ခန်းမတစ်ခုလုံးကို ရှာခဲ့သော်လည်း ထိုပုံရိပ်လေးကို


ထပ်မတွေ့တော့ချေ။


သူမကဘယ်သူလဲ စင်ဒရဲလားလား....။


“ငါသူမကိုမမှတ်မိဘူး ဒါပေမယ့် သူမကိုရင်းနှီးနေသလိုပဲ”


လော့ယွီက လမ်းပျောက်နေသည့်ပုံဖြင့် ပြုံးလိုက်သည်။ 


“သူက ပုံပြင်တွေထဲက စင်ဒရဲလားလိုပဲ မှော်ပညာပျောက်သွားတာနဲ့ သူမလည်း ကပွဲကနေပျောက်သွားတာ ငါသူမကိုထပ်ရှာမတွေ့တော့ဘူး”


“သူမက စင်ဒရဲလားမဟုတ်ဘူး စင်ဒရဲလားရဲ့အစ်မ”


“ကျွိ”


စုဝမ်၏စကားလုံးများကို ကြားပြီးနောက်တွင် လော့ယွီက ရုတ်တရက် ဘရိတ်ကိုနင်းလိုက်သည်။


 â€œá€žá€°á€™á€˜á€šá€şá€žá€°á€œá€˛á€†á€­á€Żá€á€Ź သိနေတာလား”


“အင်း.....”


စုဝမ်က ရွှတ်နောက်နောက်နှင့် မျက်တောင်ခတ်လိုက်သည်။ 


“ငါရောမဖြစ်နိုင်ဘူးလား”


အာ...


လော့ယွီ၏မျက်လုံးများ လက်သွား၏။


 â€œá€œá€Źá€”္ဏက်မန္နဲအ နင်မဟုတ်မှန်းငါသိတယ် သူမငါ့ကိုပေးခဲ့တဲ့ ခံစားချက်က.....ဘာပဲဖြစ်ဖြစ် အဲ့ဒါနင်မဟုတ်ဘူး”


“ကောင်းပြီလေ ငါမဟုတ်ဘူး ဒါပေမယ့် သူမဘယ်သူလဲဆိုတာကိုတော့ ငါသိတယ် ငါနင့်ကို ကူညီပေးနိုင်တယ်”


“တကယ်လား”


စုဝမ်၏ ပြုံးရွှင်နေသည့်မျက်နှာလေးကိုကြည့်ရင်း လော့ယွီကပို၍ စိတ်လှုပ်ရှားလာသည်။ 


“စုဝမ် တကယ်ပဲငါ့ကို ကူညီပေးမလို့လား”


“နင့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာမူတည်တယ်”


စုဝမ်က ကားနောက်ကြည့်မှန်ကို ထပ်ကြည့်လိုက်သည်။


 â€œá€™á€źá€”်မဟန်မ္ဏင်းတ္ဏအ ဘာတွေဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ ဘဝမှာကောင်းမွန်တဲ့အရာတွေက စောင့်ရကျိုးနပ်ပါတယ်”


ထိပ်တန်းကျောင်းသားလေးလော့ : ……..


 á€œá€ąá€Źá€ˇá€šá€˝á€Žá€”á€žá€„á€ˇá€şá€‘á€˝á€€á€şá€œá€Źá€•á€źá€Žá€¸á€”á€ąá€Źá€€á€ş စုဝမ်က စုမိသားစုအိမ်သို့ တိုက်ရိုက်မပြန်လိုက်ပေ။ သူမက ဦးလေးလျို့ကို ကျောင်းအနီးနားရှိ ကော်ဖီဆိုင်သို့ မောင်းခိုင်းလိုက်၏။ ထို့နောက် တိတ်ဆိတ်နေသည့်နေရာတွင်ထိုင်၍ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။


သိပ်မကြာခင်မှာပင် ရင်းနှီးနေသည့် ပုံရိပ်လေးတစ်ခုက ကော်ဖီဆိုင်ထဲသို့ ဝင်လာသည်။ ထိုလူက စုဝမ်ထိုင်နေသည့်စားပွဲဆီသို့ လျှောက်လာပြီး ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။


“လာပြီလား”


စုဝမ်က အံ့ဩနေသည့် ရွှီနော့ကိုကြည့်ပြီး နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည်။ 


“ငါနင့်အတွက် လော့ယွီကြိုက်တဲ့ Blue Mountainမှာပေးထားတယ် နင်လည်းကြိုက်မှာပဲ ဟုတ်တယ်မလား”


ရွှီနော့၏အမူအရာက အလွန်အံ့ဩနေသည်။ သူမ၏မျက်လုံးများကို မျက်မှန်အထူကြီးဖြင့် ဖုံးကွယ်ထားသော်လည်း စုဝမ်က သူမမျက်လုံးထဲမှ ရှက်ရွံ့မှုများကိုမြင်နေရသည်။ 


“ဒီနေ့ ကိစ္စက....”


စုဝမ်က ထိုအကြောင်းကိုတွေးလိုက်ပြီး စကားလမ်းကြောင်းပြောင်းရန်ပြင်လိုက်သည်။ ရွှီနော့က ချက်ချင်း စိတ်လှုပ်ရှားစွာနှင့် လက်မြှောက်လာသည်။ 


“ငါနင့်ကိုနောက်ယောင်ခံလိုက်နေတာမဟုတ်ပါဘူး တကယ်ပါ”


“အိုး”


စုဝမ်က ရွှီနော့၏ စိတ်လှုပ်ရှားနေသည့် မျက်နှာသေးသေးလေးကို ကြည့်လိုက်ပြီး သူမ ဤကမ္ဘာသို့ စတင်ရောက်ရှိလာသည့်အချိန်ကို ပြန်တွေးလိုက်သည်။ သူမ ပထမဆုံးတွေ့ခဲ့သည့်လူမှာ ရွှီနော့ဖြစ်သည်။


သူမက အတန်းထဲတွင် ပေါ်ပေါ်ထင်ထင်မရှိသော်လည်း ရွှီနော့က တကယ်ကိုလှပသည့်မိန်းကလေးဖြစ်၏။ သူမက အဝတ်အစားသေချာမဝတ်တတ်ကာ သူမကိုယ်သူမ သေချာမဖော်ပြတတ်ရုံသာဖြစ်သည်။


လော့ယွီကားထဲတွင် စုဝမ်လက်ခံရရှိသည့် မက်ဆေ့ချ်မှာ ရွှီနော့ထံမှဖြစ်ပြီး ပါဝင်သည့်အကြောင်းအရာက ကျန်းယိုအကြောင်းဖြစ်သည်။ 


လတ်တလောတွင် ကျန်းယိုက အာရုံစိုက်မခံရအောင်နေ၏။ နှစ်သစ်ကူးကျောင်းပိတ်ရက်ပြီးသည်နှင့် စာမေးပွဲရှိသောကြောင့် စုဝမ်က ကျန်းယို၏တည်ရှိမှုကို သိပ်ဂရုမစိုက်ချေ။ သို့သော် သူမကို “ဖော်ထုတ်” ရန် တိတ်တဆိတ်စီစဥ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။


အမျိုးသမီးဇာတ်လိုက်တစ်ယောက်အနေနဲ့ တော်တော်လေး ကြိုးစားအားထုတ်နေရှာတာပဲ.....။


“ကျန်းယိုက ငါ့ကို နောက်ယောင်ခံလိုက်နေတာကို နင်မတော်တဆတွေ့ခဲ့တယ်ဆိုတာ ငါသိပါတယ် ကျေးဇူးပဲနော် ရွှီနော့”


စုဝမ်၏စကားလုံးများက ရွှီနော့ခံစားနေရသည့် စိုးရိမ်ပူပန်နေမှုများကို လျော့ကျသွားစေသည်။


ထို့နေ့က ကပွဲတွင် လော့ယွီအား အတင်းအကြပ်ဖက်နမ်းခဲ့ပြီးနောက် ရွှီနော့က ခေါင်းရှုပ်နေခဲ့သည်။ သူမကလူတိုင်းနှင့် မျက်နှာချင်းဆိုင်ရန် ရှက်နေခဲ့သည်။ သို့သော် ကံကောင်းစွာနှင့် သူမလုပ်ခဲ့သည့်အရာကို မည်သူမှမသိကြချေ။ 


ထို့ကြောင့် ‌ကျောင်းသူရွှီက ထိုကိစ္စကိုအုတ်ဂူထဲအထိယူသွားရန် ဆုံးဖြတ်ခဲ့သည်။ သူမ သေသည်အထိ ရိုက်နှက်ခံရလျှင်တောင်မှ လော့ယွီအား ထိုဆိုးဝါးသည့်လုပ်ရပ်ကို လုပ်ခဲ့သူက သူမဖြစ်ကြောင်းကို လုံးဝအသိမခံနိုင်ပေ။ ဤအတောအတွင်းတွင် ရွှီနော့က လော့ယွီဆီမှရှောင်ပြေးနေခဲ့သည်။ သို့သော် ယနေ့တွင် အတန်းပြီးချိန်၌ လော့ယွီနှင့် စုဝမ်တို့ အတူရှိနေသည်ကို သူမမြင်လိုက်ရသည်။ အခြေအနေကိုတုံ့ပြန်သည့်အနေနှင့် သူမက ထောင့်တစ်နေရာကိုဝင်ပုန်းလိုက်၏။ ရလဒ်အနေနှင့် ကျန်းယိုက သူတို့နှစ်ယောက်နောက်သို့ တိတ်တဆိတ်နှင့်လိုက်နေသည်ကို ရွှီနော့မထင်မှတ်ဘဲတွေ့လိုက်ရသည်။


သူတို့နှစ်ယောက်ကိုကြည့်နေသည့် ကျန်းယို၏မျက်လုံးများမှာ အနည်းငယ် ကြောက်ဖို့ကောင်းသည်ဟု ရွှီနော့ ခံစားမိသည်။ သူမကထိုအကြောင်းကိုတွေးလိုက်ပြီး နောက်ဆုံးတွင် စုဝမ်ဆီသို့ မက်ဆေ့ချ်ပို့လိုက်သည်။


“ကျန်းယိုကအခုတလော ထူးဆန်းလာသလိုပဲ”


ရွှီနော့က ထိုအကြောင်းကို တွေးလိုက်ပြီး စုဝမ်ကို လေးလေးနက်နက်ကြည့်လိုက်သည်။


“စုဝမ် နင်သတိထားမှဖြစ်မယ် သူမရဲ့ကိုယ်ခံပညာအရည်အချင်းတွေက အရမ်းကောင်းတာနော် တကယ်လို့ နင့်ကို ထိခိုက်လာစေမယ်ဆိုရင်....”


“စိတ်ချပါ ငါသတိကောင်းကောင်းထားပါတယ်”


တကယ်တမ်းတွင် စုဝမ်က ကျန်းယို၏စိတ်ကိုနားလည်သည်။ ကျန်းယိုက ရည်ရွယ်ချက်ရှိရှိ သူမနှင့် လော့ယွီနောက်သို့လိုက်နေပြီး သူမ၏ “သစ္စာမရှိမှု” ကိုအထောက်အထားယူကာ အစ်ကိုကြီးရှောင်းကို ပြရန် ကြံစည်နေခြင်းဖြစ်လိမ့်မည်။


သူမက အရမ်းကို စိတ်အားထက်သန်နေမှတော့ သူမရဲ့အကြံအစည်အောင်မြင်အောင် ကူညီပေးရမှာပေါ့.....။


ဆောင်းရာသီအားလပ်ရက်က စတင်လာသောကြောင့် စုဝမ် လွတ်လွတ်လပ်လပ်ဖြစ်နေသည်။ ထိုအချိန်တွင် နိုင်ငံတကာအွန်လိုင်းဂိမ်းအဖွဲ့အစည်းကလည်း Mမြို့တော်တွင် ပွဲကျင်းပမည်ဖြစ်သည်။


စုရွေ့က စုဝမ်ကို ပါဝင်ဆင်နွှဲရန် ခေါ်သွားချင်သော်လည်း စုဝမ်က သူ့ကို အဖွဲ့နှင့်အတူ အရင်သွားစေလိုက်သည်။ စုရွေ့အား လေဆိပ်သို့လိုက်ပို့ပြီးနောက်တွင် စုဝမ်က ချက်ချင်း လော့ယွီအား မြို့လယ်ခေါင်ရှိ အနောက်တိုင်းစားသောက်ဆိုင် တစ်ခုဆီသို့ လာရန်ခေါ်လိုက်သည်။


“ကပွဲက မိန်းကလေးဘယ်သူလဲဆိုတာသိချင်ရင် ငါ့ကိုတစ်ခုအရင်ကူညီပေးရမယ်”


စုဝမ်က ရှင်းရှင်းလင်းလင်းနှင့် အဓိကအချက်ကိုတန်းသွားလိုက်သည်။ ‌လော့ယွီက သူမကို စိုက်ကြည့်နေ၏။


 â€œá€„á€Ťá€˜á€Źá€œá€­á€Żá€ˇ ပင်လယ်ဓားပြ သင်္ဘောပေါ်ကို တက်ရသလို ခံစားနေရတာပါလိမ့် ပြော...ဘာကူညီပေးရမှာလဲ”


“အိုးယန်မိသားစုပိုင်တဲ့ Whisper ဆိုတဲ့နေရာကိုသိလား”


 Whisper ကလပ်က Dမြို့အစွန်ရှိ အဆင့်မြင့်သီးသန့်ကလပ်ဖြစ်သည်။ ၎င်းက အိုးယန်လော့အဖေ၏ နေရာလည်းဖြစ်သည်။ ၎င်းက Dမြို့၏ နာမည်အကြီးဆုံးနှင့် အခမ်းနားဆုံး ပျားရည်ထောင်ချောက်တစ်ခုဖြစ်ပြီး နွေးထွေးမှုနှင့် နူးညံ့မှုတို့ရှိသည့်နယ်မြေလည်းဖြစ်သည်။


“သိတယ်လေ နင်နဲ့ရှောင်းချီက အဲ့ဒီနေရာကို စိတ်ဝင်စားလို့လား”


အစတွင် လော့ယွီက စုဝမ်နှင့် ရှောင်းချီအပေါ် စိတ်မကြည်ခဲ့ပေ။ ထိုအချိန်၌ စုဝမ်က သူနှင့်လမ်းမခွဲခင်ကပင် ရှောင်းချီနှင့် ဆက်ဆံရေးရှိခဲ့သည်ဟု သံသယဝင်ခဲ့သည်။ သို့သော် လော့ယွီက လူများကို လွှတ်၍ စုံစမ်းခိုင်းပြီးသည့်နောက်တွင် ရှောင်းချီသည် ယခုတစ်ခေါက်တွင်မှ Dမြို့ကို ပထမဆုံးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။ ထိုနေ့၌ ကျောင်းပေါက်ဝရှေ့မှတွေ့ဆုံမှုက တကယ်ကို သူတို့နှစ်ယောက်၏ ပထမဆုံးတွေ့ဆုံခြင်းဖြစ်နေခဲ့သည်။ ထို့အပြင် ရှောင်းချီနှင့် ယခင်ကတည်းက နက်ရှိုင်းသည့် ဆက်ဆံရေးရှိခဲ့သည့် အခြားလူမှာ ကျန်းယိုသာဖြစ်သည်။


လွန်ခဲ့သည့်ရက်များအတွင်းတွင် ကိစ္စအများကြီးဖြစ်ပျက်ခဲ့ရာ လော့ယွီ၏စိတ်က အတော်လေး ရင့်ကျက်သွားခဲ့သည်။ လော့မိသားစုကအမြဲ သတင်းအချက်အလက်များကို‌ ဦးစွာ သိရ၏။ လက်ရှိတွင် လော့ယွီက ရှောင်းချီသည် ယခင်နှင့်မတူတော့ကြောင်းကိုလည်းသိထားသည်။ ထိုနေ့က သူဆင်းရဲလေးသည် ယနေ့၏ အလန်းဆုံး၊ အရည်အချင်းအရှိဆုံး တက်သစ်စလူငယ်လေးအဖြစ် တည်ရှိနေပြီဖြစ်၏။


Whisper အတွက်ကတော့…….။


ပိုက်ဆံနှင့် အာဏာသာရှိနေသရွေ့ Whisper တွင် ကိုယ်ပိုင်သီးသန့်ခန်းရယူနိုင်သည်။ ထိုသီးသန့်အခန်းတွင် ချစ်သူနှင့် အတူလုပ်ချင်သည့်အရာအားလုံးကို ချုပ်တည်းထားစရာမလိုဘဲ လုပ်နိုင်သည်။ ဝတ်စုံများ၊ ကြာပွတ်များ၊ လက်ထိပ်များနှင့် ဖယောင်းတိုင်များပါရှိပြီး လိုအပ်သည့်အရာအာလုံးလည်းရှိသည်။ 


သေချာပေါက် တစ်ယောက်တည်းလာလျှင်လည်း ပိုက်ဆံသုံး၍ Whisper မှအထူးသတ်မှတ်ထားသည့် “ကြယ်ပွင့်လေးများ” ဝန်ဆောင်မှုကို ရယူနိုင်သည်။ 


သီးသန့်အခန်းထဲတွင် ဟန်ဆောင်ထားသည့်အရာများကို ခွာချကာ အနှိုင်းမဲ့ပျော်ရွှင်မှုနှင့် အချစ်တို့ကို ခံစားနိုင်သည်။ 


လုံခြုံပြီး စိတ်ခံစားမှုအပြည့်ပေးနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် မည်သူမှလည်း သိနိုင်မည်မဟုတ်ချေ။


ဇိမ်ခံအခန်းများ၊ ပြီးပြည့်စုံသည့်ပြင်ဆင်မှုများ၊ အပြည့်အဝလုံခြုံစိတ်ချနိုင်မှုနှင့် တင်းကြပ်သည့်လုံခြုရေးများ စသည်တို့ကြောင့်လည်း Whisperက အလွန်နာမည်ကြီးခြင်းဖြစ်သည်။ 


စုဝမ် Whisperအကြောင်းမေးလာချိန်တွင် လော့ယွီပထမဆုံးတွေးမိသည်က “ပူလောင်နေသောအတွေးများ” ဖြစ်သည်။ 


ရှောင်းချီနဲ့ စုဝမ်တို့က Whisper မှာပျော်မွေ့ဖို့ စီစဥ်နေကြတာလား……။


လော့ယွီ၏မေးခွန်းကိုကြားပြီးနောက် စုဝမ်က လျှို့ဝှက်ဆန်းကြယ်စွာပြုံးလာသည်။ 


“ငါWhisperကိုသွားချင်တာ ရှောင်းချီနဲ့မဟုတ်ဘူး နင်နဲ့…”


လော့ယွီ : ……


…သောက်ကျိုးနည်း ဒါကဘယ်လိုအခြေအနေကြီးလဲ….။


_~



Translated By IQ-Team.🚩