Chapter 159
Viewers 8k

🚩Chapter -159

 Arc_7.နေရာလွဲမှားနေသောသမီး [ 25 ]


_____



Whisper ကလပ်……။


Dမြို့ရှိ ဤနာမည်ကြီး အဆင့်မြင့်ကလပ်မှာ လှပသည့်သစ်တောပန်းခြံဘေးရှိ ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိသည်။


ကျန်းယိုက Whisper အရှေ့သို့ရောက်လာပြီး အေးစိမ့်သောညတွင် သာမန်ဖြစ်နေပုံရသည့် ကလပ်၏တံခါးကို ကြည့်လိုက်သည်။ သူမတွန့်ဆုတ်နေ၏။ သို့သော်လည်း နောက်ဆုံးတွင် ကားထဲမှထွက်၍ အိုးယန်လော့ သူမကို ပေးထားခဲ့သော VIP ကတ်ကိုထုတ်ကာ တံခါးဆီသို့ တည့်တည့်ဝင်သွားလိုက်သည်။


သူမအတွင်းဘက်သို့ဝင်လိုက်သည်နှင့် သူမအရှေ့ရှိ မျက်စိကျိန်းလောက်စရာမြင်ကွင်းက အခြားကမ္ဘာတစ်ခုသို့ ရောက်နေသယောင် ခံစားရစေသည်။ တောက်ပနေပြီး ခမ်းနားလှသည့် ဟောခန်းကြီးထဲတွင် ဘီကနီများသာ ဝတ်ထားကြသော လှပသည့်အမျိုးသမီးများက အဆင့်မြင့်ဝိုင်နီများတင်ထားသည့် ပန်းကန်များကိုကိုင်၍ ပြုံးရွှင်လျက် လှုပ်ရှားသွားလာနေကြ၏။ သူတို့က Whisper တွင် သာမန်အဖြစ်ဆုံး စားပွဲထိုးများဖြစ်ကြသော်လည်း တစ်ယောက်ချင်းစီတိုင်း၌ စူပါမော်ဒယ်များနှင့် ယှဥ်နိုင်သည့် ခန္ဓာကိုယ်များရှိကြသည်။


ထိုမြင်ကွင်းကို ပထမဆုံးမြင်လိုက်ချိန်တွင် ကျန်းယို ဘာဆက်လုပ်ရမည်မသိဖြစ်သွား၏။ သူမက အိုးယန်လော့ကို ဖုန်းခေါ်လိုက်သည်။ ခဏကြာပြီးနောက် မှုန်နေအောင် ဝတ်စားထားသော သခင်လေးအိုးယန်လော့က အပေါ်ထပ်မှ ဆင်းလာကာ ကျန်းယိုကို ကလပ်၏ စတုတ္ထအထပ်ဆီသို့ ခေါ်သွားသည်။ Whisper တွင် တတိယအထပ်မှစ၍ VIP ဧည့်သည်များ၏နယ်မြေဖြစ်သည့် သီးသန့်အခန်းများရှိသည်။ 


အိုးယန်လော့က ကျန်းယိုကို အခန်းနံပါတ် 4007သို့ခေါ်လာသည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျန်းယို၏ မျက်နှာပြောင်းလဲသွား၏။


“မရီး မင်္ဂလာပါ”


ကျယ်ဝန်းကာ သပ်ရပ်နေသော အခန်းသည် အသက်၁၇နှစ်၊ ၁၈နှစ်လူငယ်လေးများနှင့် ပြည့်နေသည်။ အများစုက ဖုန်းဟန်ကျောင်းမှ ကျောင်းသားများဖြစ်ကြပြီး အိုးယန်လော့၏‌ နောက်လိုက်ညီငယ်များဖြစ်ကြ၏။ ကျန်းယိုဝင်လာသည်ကိုတွေ့သောအခါ အားလုံးက တညီတညာတည်း အော်ဟစ်လာကြသည်။ 


“အိုးယန်လော့ ဒါက…”


အိုးယန်လော့က လူအများကြီးခေါ်ထားလိမ့်မည်ဟု ကျန်းယိုကြိုသိမထားခဲ့ပေ။ အခြားသူများကို ချောင်းကြည့်ခြင်းက မြင့်မြတ်သောအရာမဟုတ်ချေ။ အစ်ကိုကြီးရှောင်းအတွက်သာ သူမယခုလိုလုပ်နေခြင်းဖြစ်သည်ဟု ကျန်းယိုက သူမကိုယ်သူမ အခါခါပြောနေမိသည်။


ဒါပေမယ့် အိုးယန်လော့ကရော ဘယ်လိုတွေးလိမ့်မလဲ…။


လော့ယွီက စုဝမ်နှင့်အတူ Whisper တွင် “အချစ်ကိစ္စ” ကျူးလွန်ရန် ပြင်ဆင်နေကြောင်း ကျန်းယိုထံမှ သူသိသွားသည့်အချိန်မှစ၍ အိုးယန်လော့က ဖော်ပြ၍မရအောင် စိတ်လှုပ်ရှားနေခဲ့သည်။ နောက်ဆုံးတော့ သူ စုဝမ်ကို အရှက်ခွဲရန် အခွင့်အရေးရလာခဲ့သည်။ ထိုကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးမျိုးက များများစားစား မရှိပေ။ 


ဒီလို အခွင့်အရေးရတဲ့အချိန်မှာ သူငယ်ချင်းတွေကိုခေါ်ပြီး အတူမကြည့်ဖြစ်ရင် နှမြောစရာကောင်းမှာပေါ့….။


လော့ယွီက အခန်းနံပါတ် 4008 အား ဘိုကင်တင်ထားသည်ကို အတည်ပြုပြီးနောက် အိုးယန်လော့က သူ့လူများကို အခန်းနံပါတ် 4007အား ပြင်ဆင်ခိုင်းလိုက်ပြီး သူငယ်ချင်းများနှင့်အတူ ဒရာမာကြည့်ရန်ပြင်ထားလိုက်သည်။ 


“ရှောင်ယို သူတို့စကားတွေကို အတည်မယူလိုက်နဲ့နော်”


ထို “မရီး” ဆိုသည်အသံကြောင့် ကျန်းယိုလန့်သွားသည်ကိုကြည့်ရင်း အိုးယန်လော့က ချက်ချင်း သူမကို အသံနိမ့်နိမ့်ဖြင့် နှစ်သိမ့်လာသည်။ 


“လာ ဒီမှာထိုင် အခုလေးတင်မှ ဒီသီးသန့်အခန်းကို ပြင်ခိုင်းထားတာ”


အိုးယန်လော့က လက်မြှောက်၍ ရီမုကွန်ထရိုးနှင့် အခန်းနံရံရှိ ကြီးမားသည့် LEDတီဗီကို ဖွင့်လိုက်သည်။


Whisper၏သီးသန့်အခန်းတစ်ခုစီတိုင်းတွင် ကြီးမားသည့်တီဗီမျက်နှာပြင်တစ်ခုစီ ပါရှိ၏။ သာမန်အခြေအနေများအောက်တွင် ထိုမျက်နှာပြင်အကြီးကြီးက ကိုယ်ပိုင်အခန်းထဲရှိ မြင်ကွင်းများအားလုံးကို တပြိုင်နက်တည်း ပြပေးလိမ့်မည်။ ဤအခြေအနေ၏ သက်ရောက်မှုများက နားလည်နိုင်ရုံသာနားလည်နိုင်ပြီး ဖော်ပြ၍မရနိုင်ချေ။


သို့သော် အိုးယန်လော့၏ အခန်းထဲတွင် ထိုမျက်နှာပြင်အကြီးကြီးပွင့်လာချိန်တွင် အခြားလူမရှိသည့် သီးသန့်အခန်းကို ပြသလာ၏။


ဤမျက်နှာပြင်တွင်ပေါ်လာသည့်အခန်းက ဘေးဘက်အခန်း 4008ပင်ဖြစ်သည်။ အိုးယန်လော့က သူ၏သခင်လေးအာဏာကို သုံး၍ တိတ်တဆိတ်ချိတ်ဆက်ထားရန် သူ့လူများကို စေခိုင်းခဲ့သည်။


ထိုအချိန်တွင် ကျန်းယို၏ အကြည့်များက တီဗီမျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် အိုးယန်လော့၏ ခြေလှမ်းများအတိုင်းလိုက်၍ အခန်းအလယ်ရှိ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။


ထိုအချိန်ထိ အခန်းနံပါတ်4008၌ လူတစ်ယောက်မှမရှိသေးပေ။ ကျန်းယိုကအချိန်ကိုကြည့်လိုက်ရာ ညရှစ်နာရီ ထိုးရန် ငါးမိနစ်လိုသေးသည်။ လတ်တလောတွင် သူမက စုဝမ်နောက်သို့လိုက်၍ အကုန်လုံးကို ကြည့်နေခဲ့သည်။ အစ်ကိုကြီးရှောင်း နိုင်ငံခြားသို့ထွက်သွားသည်နှင့် စုဝမ်က စိတ်မရှည်စွာဖြင့် လော့ယွီကို ဆက်သွယ်ခဲ့၏။ ၎င်းက ကျန်းယိုကို ဒေါသထွက်စေသည်။ စုဝမ်၏ ဖောက်ပြန်သည့်ကိစ္စအား မြန်နိုင်သမျှ မြန်မြန် သက်သေအထောက်အထား လက်မိလက်ရ ဆုပ်ကိုင်ပြနိုင်ရန်အတွက် စုဝမ်၏ဖုန်းတွင် ဝိုင်ယာမဲ့ကိရိယာကို တပ်ဆင်ရန် ပိုက်ဆံသုံး၍ လူရှာခဲ့သည်။ ထို့ကြောင့်သာလျှင် လော့ယွီက စုဝမ်အား


ယနေ့ည ရှစ်နာရီ Whisper ကလပ်၊ အခန်းနံပါတ် 4008တွင် တွေ့ဆုံရန် သဘောတူပြောဆိုနေသည်ကို သိခဲ့ရသည်။ 


ပထမတွင် ကျန်းယိုက Whisper၏ တည်နေရာကိုမသိခဲ့ချေ။ နောက်ပိုင်းတွင် သူမက အိုးယန်လော့ကိုမေးကြည့်ရာ ထိုနေရာက လူအမြင်မခံနိုင်သည့် ကိစ္စရပ်များကို ကျူးလွန်ရာနေရာဖြစ်ကြောင်း သိခဲ့ရသည်။ ကျန်းယိုက စုဝမ်ကို မမုန်းတီးဘဲ မနေနိုင်တော့ပေ။ 


တကယ်ကို အရှက်မဲ့တဲ့မိန်းမပဲ အစ်ကိုကြီးရှောင်းက အခုလေးတင် နိုင်ငံခြားကိုထွက်သွားတာ သူမက ဖောက်ပြန်ဖို့ မစောင့်နိုင်တော့ဘူး…..။


ဒီတစ်ခေါက်တော့ ငါသေချာပေါက် သူမကို အရှက်ခွဲနိုင်စေရမယ်….။


“ကလစ်”


ရှစ်နာရီတွင် အခန်းနံပါတ် 4008၌ လော့ယွီ၏ပုံရိပ်က အချိန်ကိုက်ပေါ်လာသည်။ ကျန်းယို၏အကြည့်များက တီဗီမျက်နှာပြင်ပေါ်ရှိ လော့ယွီအပေါ်တွင်သာ ရှိနေ၏။ အိုးယန်လော့ခေါ်ထားသည့် အခြားသူများက ပထမ၌ သူတို့ ဘာကြည့်ရမည်ကိုမသိကြချေ။ ယခုတွင် လော့ယွီက မြင်ကွင်းထဲ၌ပေါ်လာရာ လူတိုင်းက အော်ဟစ်မိလိုက်ကြသည်။ ကံကောင်းစွာနှင့် အအခန်း၏ အသံလုံစနစ်က အလွန်ကောင်းမွန်သောကြောင့် လော့ယွီကြားသွားမည်ကို စိတ်ပူစရာမလိုပေ။


တစ်ခါက ချစ်သူဖြစ်ခဲ့ဖူးသည့်သူအား တီဗီမျက်နှာပြင်ပေါ်မှတစ်ဆင့်ကြည့်နေရသောအခါ ကျန်းယို၏ ခံစားချက်များ ရောထွေးလာသည်။ 


လော့ယွီလည်း စုဝမ်အရူးလုပ်တာကို ခံနေရတာများလား….။


ကျန်းယိုအတွေးများနေချိန်၌ လော့ယွီက အပေါ်ထပ်ကုတ်ကို ချွတ်၍ အခန်းနံပါတ် 4008အထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူထိုင်နေသည့်ဆိုဖာနှင့် မျက်နှာချင်းဆိုင်တွင်လည်း ကြီးမားသည့် တီဗိမျက်နှာပြင်ရှိနေ၏။


လော့ယွီက ထိုမျက်နှာပြင်ကြီးကို သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည့်ပုံပေါ်သည်။ ထို့နောက် ဖုန်းကိုထုတ်၍ ဖုန်းခေါ်လိုက်သည်။ 


“စုဝမ် ငါရောက်နေပြီ နင်ဘယ်မှာလဲ”


လော့ယွီက စုဝမ်အမည်ကိုပြောလိုက်သည်အား ကြားသောအခါ အခန်းနံပါတ်4007ထဲမှ ဆယ်ကျော်သက်ကလေးများက စိတ်လှုပ်ရှားလာကြတော့သည်။ 


မင်းအမေ….ထိပ်တန်းကျောင်းသားနဲ့ ကျောင်းပန်းကလေးတို့ pa pa pa တာကို နေရာမှာတင် တိုက်ရိုက်ကြည့်ရတော့မှာလား….။ 


[ T/N pa pa pa – Having sex ]



စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ….။ 


ဒါပေမယ့် ထိပ်တန်းကျောင်းသားလော့သိသွားရင်ရော ငါတို့နှုတ်ပိတ်ခံရမှာလား…


ဟမ့်…သူ့ကိုဘယ်သူဂရုစိုက်မှာလဲ…


လူအုပ်ကြီးက သူတို့၏မျက်နှာတွင် ညစ်ညမ်းနေသော အမူအရာများပေါက်ထွက်မတတ်ဖြစ်နေချိန်၌ လော့ယွီက ဖုန်းဆက်ပြောနေဆဲဖြစ်၏။ ဖုန်းတစ်ဖက်မှ စုဝမ်က ဘာပြောလိုက်သည်မသိချေ။ လော့ယွီက မသိမသာလေး မျက်မှောင်ကြုတ်သွားသည်။ သူကလက်တစ်ဖက်နှင့် ဖုန်းကိုကိုင်ထားပြီး အခြားလက်တစ်ဖက်နှင့် ဆိုဖာပေါ်တွင် တစ်ခုခုကိုရှာဖွေနေသည်။ သိပ်မကြာခင်၌ သူကသေးငယ်သည့် ရီမုကွန်ထရိုးလေးကို ရှာတွေ့သွားသည်။


“ငါတွေ့ပြီ…အာ…ဖွင့်ရမယ်လား”


ပြောနေရင်း လော့ယွီက နှစ်ခါမစဥ်းစားဘဲ ရီမုကွန်ထရိုးမှ ဖွင့်သည့်ခလုတ်ကိုနှိပ်လိုက်၏။ သိပ်မကြာခင်မှာပင် ထိတ်လန့်ဖွယ်ရာမြင်ကွင်းက ကြီးမားသည့်မျက်နှာပြင်တစ်ခုလုံးတွင် ပေါ်လာလေသည်။


မျက်နှာပြင်ပေါ်တွင်ရှိနေသည်က လုံးထွေးနေသည့် ခန္ဓာကိုယ်နှစ်ခုပင်…။


“ကောင်းလား” ထိုယောက်ျားက အသက်ပြင်းပြင်းရှူရင်း အဆက်မပြတ်လှုပ်ရှားနေကာ ညစ်ညမ်းသောစကားတို့ကို ပြောနေ၏။ သူ့အောက်မှ မိန်းကလေးကတော့ သူမအပေါ်မှ ထိုလူကို တင်းကြပ်စွာ ဖက်တွယ်ထားနိုင်ရုံသာတတ်နိုင်ကာ ‌အမောတကောနှင့် အသက်ရှူရှိုက်နေပြီး နူးညံ့၍ လှပသည့် မျက်နှာပေါ်တွင် ညှို့အားပြင်းသည့် အမူအရာတစ်ခုရှိနေသည်။ 


၎င်းက ဝမ့်ဝမ်ဟောက်နှင့် နတ်သမီးလေးကျန်းယိုတို့၏ အိပ်ရာထက်မှလေ့ကျင့်ခန်း HDအကြည်ဗားရှင်းပင်…။


လော့ယွီ : ငါဘာတွေမြင်လိုက်ရတာလဲ ကျေးဇူးပြုပြီး ငါ့မျက်လုံးကို ဆေးပေးကြပါ…


လော့ယွီ အံ့ဩမှင်သက်နေချိန်တွင် တစ်ဖက်အခန်း 4007ရှိလူများက မြင်ကွင်းကို အနီးကပ်ကြည့်လာကြသည်။


ယောက်ျားလေးအုပ်စု : ငါတို့နှာခေါင်းသွေးလျှံနေပြီလား…


အိုးယန်လော့လည်း မှင်သက်သွားသည်။ သူ့နှလုံးသားထဲမှ ကြင်နာပြီးအဖြူစင်ဆုံးလူက ဝမ့်ဝမ်ဟောက်၏ ခန္ဓာကိုယ်အောက်တွင် ပြည့်တန်ဆာတစ်ယောက်ကဲ့သို့ အော်ဟစ်ညည်းညူနေသည်ကို ပါးစပ်အဟောင်းသားနှင့် ကြောင်ကြည့်နေမိသည်။


ဒါက…ဒါကတကယ်မဟုတ်ဘူး အစစ်မဟုတ်ဘူး…


ချူးနိကောင်လေးသည် သူ၏ဖန်နှလုံးသားလေး တစ်စစီကွဲကြေသွားသည့် အသံကိုပင် ကြားလိုက်ရသလိုလိုပင်။


“မကြည့်နဲ့…မကြည့်နဲ့”


ကျန်းယိုက နောက်ဆုံးတွင် တုံ့ပြန်လာပြီး အိုးယန်လော့၏လက်ထဲမှ ရီမုကွန်ထရိုးကို ဆွဲယူလိုက်သည်။ သို့သော်လည်း သေးငယ်သည့်ရီမုကွန်ထရိုးလေးက ပျက်သွားသည့်ပုံပင်။ သူမဘယ်လောက်ပဲ ကြိုးစား၍ ပိတ်နေပါစေ၊ မျက်နှာပြင်ကပိတ်မသွားချေ။


ကျန်းယိုက တီဗီမျက်နှာပြင်အရှေ့သို့ ပြေးသွားကာ သူမခန္ဓာကိုယ်နှင့် ထိုမြင်ကွင်ကို ပိတ်ကွယ်ရန် ကြိုးစားလာသည်။ သို့သော် သူမ၏သေးသွယ်သည့် ကိုယ်ထည်လေးက ၎င်းကို အပြည့်အဝမဖုံးကွယ်နိုင်ချေ။


ထို့အပြင် သူမ၏စိတ်လှုပ်ရှားမှုကြောင့် တီဗီမျက်နှာပြင်အရှေ့တွင် လှုပ်ရမ်းနေသည့် ရင်အစုံကိုကြည့်ရင်း အခန်းထဲမှ ဆယ်ကျော်သက်အများစုက တံတွေးမျိုချမိလိုက်ကြသည်။


မင်းအမေ… ဗီဒီယိုထဲကနဲ့ တကယ်တူတာပဲ အကြီးကြီးပဲ…


“အားလုံးထွက်သွားကြ”


နောက်ဆုံးတွင် အိုးယန်လော့က ဒေါသတကြီးနှင့်အော်လာရာ လူတိုင်းက မသွားချင်သွားချင်နှင့် ထွက်သွားကြသည်။


ထိုအခိုက်အတန့်တွင် အခန်းထဲ၌ အိုးယန်လော့နှင့် ကျန်းယိုသာ ကျန်ခဲ့တော့သည်။ လူတို့၏ နားရွက်များကို နီရဲစေပြီး နှလုံးခုန်မြန်စေသည့် ထိုအသံများက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။


“ကျန်းယို”


အိုးယန်လော့က ကိုယ်ကိုကိုင်း၍ ကြမ်းပြင်ပေါ်တွင်ထိုင်ကာ သည်းကြီးမည်းကြီးငိုနေသည့် ကျန်းယိုကိုကြည့်လာသည်။ 


“မင်းငါ့ကိုကြည့်စမ်း”


သူကလက်မြှောက်၍ ကျန်းယို၏ဆံပင်ကိုဆွဲကာ သူ့ကိုအတင်းအကြပ်ကြည့်စေသည်။


 â€œá€„ဍအကိုပဟ္ဏစမ်း ဘာလို့… ဘာလို့ သစ္စာဖောက်ရတာလဲ”


သိသိသာသာပင် ချူးနိကောင်လေး၏ကမ္ဘာ၌ ကျန်းယိုနှင့်လော့ယွိတို့လမ်းခွဲသွားသည့်အချိန်မှစ၍ သူမက သူနှင့် နီးကပ်ခဲ့သည်။ ကျန်းယိုက သူ၏စေတနာကို ဘယ်တုန်းကမှမငြင်းခဲ့ပေ။ အိုးယန်လော့က သူ့ခံစားချက်များကို မထိန်းနိုင်ဘဲ သူမကိုပွေ့ဖက်ခြင်း သို့မဟုတ် လက်ကလေးကိုကိုင်ခြင်းတို့ကိုလည်း ကျန်းယိုက မငြင်းဆန်ခဲ့ပေ။ 


ထို့ကြောင့် အိုးယန်လော့သည် သူ့ကိုယ်သူ နတ်သမီးလေးကျန်းယို၏ ချစ်သူတစ်ယောက်ဟု တွေးထင်ခဲ့၏။


သို့သော် ယခုတွင် သူ့ညီငယ်လေးများ၏အရှေ့၌ ကြီးမားသည့်အစိမ်းရောင်ဦးထုပ် (စကြဝဠာကြီးနှင့်တောင် မယှဥ်နိုင်သည့်) အဆောင်းခံလိုက်ရသည်။


“အိုးယန်လော့…အိုးယန်လော့...”


အိုးယန်လော့၏မျက်လုံးများက တဖြည်းဖြည်းနှင့် အေးစက်လာပြီးထူးဆန်းလာသည်ကိုကြည့်ရင်း ကျန်းယို ထိတ်လန့်လာကာ ရုန်းကန်လာတော့သည်။


“ဆရာဝမ့်က အားကောင်းလား သူကမင်းကိုစိတ်ကျေနပ်စေနိုင်ပြီး ငါကျမလုပ်နိုင်ဘူးပေါ့”


ကျန်းယိုက သူ့အရှေ့တွင် ရုန်းကန်နေသည်ကိုကြည့်ရင်း အိုးယန်လော့၏မျက်နှာက မည်းမှောင်သွားကာ ငုံ့၍ ကျန်းယို၏မျက်နှာကိုကြည့်လိုက်သည်။


ထိုအချိန်တွင် ကြောက်လန့်နေသည့် ကျန်းယိုက သူမ၏ကိုယ်ခံပညာရပ်များကို ပြသလာကာ ထိုးချက်အချို့ဖြင့် အိုးယန်လော့ကို မြေပေါ်သို့ အလဲထိုးချလိုက်သည်။


“ဟက်...ဟက်”


ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် အိုးယန်လော့က လက်မြှောက်၍ နှုတ်ခမ်းထောင့်စွန်းမှ သွေးတို့ကို သုတ်လိုက်သည်။ ခန္ဓာကိုယ်နှင့် နှလုံးသားတို့မှ နာကျင်မှုဒဏ်ကိုသည်းခံရင်း ကျန်းယိုကို အေးစက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။ 


“ငါမင်းကို ထိချင်နေတယ်လို့ထင်လိုက်တာလား ငါ့အရှေ့မှာ မင်းရဲ့ဖြူစင်မှုကိုကာကွယ်ဖို့ ဘာတွေလာဟန်ဆောင်နေတာလဲ... ဝမ့်ဝမ်ဟောက်က Whisperရဲ့ ပုံမှန်လာနေကျ ဧည့်သည်...သူခုန်အုပ်ခဲ့တဲ့ မိန်းမတွေက တစ်ထောင်မရှိရင်တောင်မှ အနည်းဆုံး ရှစ်ရာလောက်ရှိတယ် ငါ၊ အိုးယန်လော့က သူအသုံးပြုပြီးသား အပျက်မတစ်ယောက်ကို တန်ဖိုးထားလိမ့်မယ်လို့ထင်နေလား”


တုန်ယင်စွာထလာပြီးနောက် အိုးယန်လော့က ကျန်းယိုကို ရက်စက်သည့်အပြုံးတစ်ခု ပြုံးပြလာသည်။ 


“နောက်နောင် ဖုန်းဟန်ကျောင်းမှာ မင်းကိုမမြင်ရစေနဲ့ မဟုတ်ရင်တော့.....”


အိုးယန်လော့က စကားဆုံးအောင်မပြောသွားသော်လည်း စကားလုံးများ၏ အဓိပ္ပာယ်က ရှင်းရှင်းလင်းလင်းဖြစ်နေသည်။


“ဘန်း”


အခန်း 4007၏ တံခါးကို ပြင်းထန်စွာ ကန်ဖွင့်လိုက်ပြီးနောက် အိုးယန်လော့က သူထွက်လာချိန်မှာပင် တစ်ဖက်အခန်း 4008မှ ထွက်လာသော လော့ယွီကိုတွေ့လိုက်သည်။ ယောက်ျားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကို ကြည့်နေမိကြ၏။ အိုးယန်လော့၏ အရှက်ရနေသည့်ပုံစံကိုကြည့်ပြီးနောက် လော့ယွီက စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်လာခဲ့သည်။ မေးစရာပင်မလိုလိုက်။ အိုးယန်လော့ ဘာဖြစ်နေလဲ သူခန့်မှန်းနိုင်သည်။


စုဝမ်က လှလှလေး ကစားသွားနိုင်ခဲ့သည်။ သူမက ကျန်းယို၏ဂုဏ်သတင်းကိုပျက်အောင်လုပ်ရုံသာမက သခင်လေးအိုးယန်လော့အား သူ့မိသားစု၏တံခါးအရှေ့၌ပင် အရှက်ရစေခဲ့၏။


_~~~~_


Translated By IQ-Team.🚩