Ch 10
Viewers 1k

အခန်း(၁၀) မဂ်လာဆောင်မည့်ရက်


(၁၀.၁)


"ရှင်...ရှင်ကျွန်မစီဘယ်လိုရောက်လာတာလဲ" 

လျိုရှောင်ယင် ရှက်ကိုးရှက်ကန်းဖြင့် မျက်လွှာချပြီး ဟိုဟိုဒီဒီ ပွတ်နေမိသည်။ ဒါက အပျိုပေါက်လေး လား? လျိုရှောင်ယင် ၏ နှလုံးခုန်သံသည် ပြင်းထန်လှသည်။


ဟဲ့ဟောင်ဝမ်က ဒီမိန်းကလေးကို အတော်လေး ရှက်သွား‌စေဖို့ မမျှော်လင့်ထားခဲ့သလို သူမအကြောင်းလည်း သိပ်အများကြီး မတွေးထားခဲ့ပေ။


မည်သို့ပင်ဖြစ်စေ အနှေးနှင့်အမြန်ဆိုသလိုပင် သူမသည် သူ့ဇနီးမယားဖြစ်လာလိမ့်မည်၊ ထို့ကြောင့် သူ့အပေါ်ပိုင်းကို မြင်သောအခါ သူမဘာလုပ်နိုင်မည်နည်း။


"အင်း၊ ကိုယ် ဒီတစ်ခါ မင်္ဂလာဆောင်မယ့်ရက်ကို လျှောက်ထားတာ အားလပ်ရက်အနေနဲ့ ရက် ၂၀ ရတယ်"

ဟဲ့ဟောင်ဝမ် သည် သူမကို နောက်ဆုံးမြင်ဖူးတဲ့အချိန်ကထက် ပိုလှလာသည့် သူမ၏ ဖြူစင်သော မျက်နှာကို ကြည့်လိုက်သည်၊ 

သူမသည် အနည်းငယ်ပို၍ ထွားလာကာ သူမ၏ ခန္ဓာကိုယ်သည် ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေသည်။


ဟဲ့ဟောင်ဝမ်သည် သူမ၏ ရင်ဘတ်ကို ကြည့်လိုက်သည်။‌ကောင်မလေးက အရွယ်ရောက်နေပြီဘဲ...


ထို့နောက် ဟဲ့ဟောင်ဝမ်လှည့်ပတ်ကြည့်ကာ အခန်းထဲကို ဝင်သွားသည်။


လျိုရှောင်ယင် သည် အခန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရပြီး သက်ပြင်းတစ်ချက်ချကာ ယခုမှ မင်္ဂလာဆောင်မည့်ရက်ကို သတိရလိုက်သည် ။


"ကျွန်မတို့မင်္ဂလာဆောင်ရက်ကို ပြောတာလား" 

လျိုရှောင်ယင် သည် အခန်းထဲသို့ လျင်မြန်စွာ ဝင်လာပြီး သူ့ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ နှစ်သစ်ကူးပြီးရင် သူမအသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတယ်...


ဟဲ့ဟောင်ဝမ် က ခေါင်းညိတ်ပြပြီး "ကျွန်တော်က အခု တပ်ခွဲမှူးပါ၊ အရာရှိကြီးမဟုတ်ပေမယ့် တာဝန်တစ်ခု အောင်မြင်ခဲ့လို့ အဖွဲ့က ကျွန်တော့်ကို အိမ်တစ်လုံးပေးတယ်၊ ကျွန်တော် လက်ထပ်ပြီးရင် စစ်တပ်ထဲကို လိုက်ပို့ပေးမယ်" 


လျိုရှောင်ယင် သည် အနည်းငယ် အရှိန်မလျှော့နိုင်ဘဲ သူပြောခဲ့သည့် အဓိကအချက်ကို ဆုပ်ကိုင်ထားမိ‌နေဆဲဖြစ်သည်။


"ကျွန်မက ရှင်နဲ့ စစ်တပ်ထဲအတူတူလိုက်‌နေရမှာလား။" 

လျိုရှောင်ယင် က လွတ်လွတ်လပ်လပ် မေးလိုက်သည်။


သူမ၏ အသွင်အပြင်ကို ကြည့်လိုက်တော့ ဟဲ့ဟောင်ဝမ် သည် သူမ ဘာကိုဆိုလိုသည်ကို အနည်းငယ်တော့ မသေချာ‌ပေ။

"မင်း ကိုယ့်အိမ်ကို သွားချင်နေတာလား။ ကိုယ်နဲ့ စစ်တပ်ထဲ လိုက်မနေချင်ဘူးလား" 


လျိုရှောင်ယင် သည် ထိုယောက္ခမမျိုးနဲ့ မရင်ဆိုင်နိုင်တာကြောင့် ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။


"ဒါဆို ပြေလည်ပြီ နှစ်သစ်ကူးပြီးရင် အတူတူသွားကြမယ်"

ဟဲ့ဟောင်ဝမ် သည် အေးစက်နေသော သူ့ခြေဖဝါးများကို ဖုံးအုပ်ရန် စင်ပေါ်မှ ဖိနပ်တစ်ရံကို စီးကာ ထိုင်ချလိုက်သည်။


လျိုရှောင်ယင် ဟာ တစ်ခုခု မှားနေတယ်လို့ အမြဲခံစားခဲ့ရတယ်၊ ဘာကြောင့် သူမကို ပြန်ပေးဆွဲခံရပုံပေါ်‌နေရတာလဲ။


"ရောက်နေတာကြာပြီ၊ ဘာမှမစားရသေးဘူး" 

ဟဲ့ဟောင်ဝမ် က လျိုရှောင်ယင် ကို စိတ်အားထက်သန်စွာ ကြည့်နေသည် ။


လျိုရှောင်ယင် က သူ့ကို မျက်လုံးပြူးပြီး "အခုချက်ချင်း ထမင်းချက်လိုက်မယ်" 


ဟဲ့ဟောင်ဝမ် က သူမကို လှည့်ကြည့်ပြီး ရယ်သည်။ သူ့မှာ ဇနီးတစ်ယောက် ရှိပြီး တချို့လူတွေက သူပြန်သွားတဲ့အခါအဲ့တာကို မနာလိုဖြစ်ကြလိမ့်မယ်။


လျိုရှောင်ယင် သည် ထမင်းတစ်အိုးကို မှင်တက်စွာ တည်ကာ အောက်နားရှိ အာလူးတစ်လုံးကို ပြုတ်ပြီး အိုးဘေးတွင် ထိုင်လိုက်သည်။


ဒါနဲ့ ငါ သူနဲ့လိုက်ဖို့ ကတိပေးခဲ့လား။

လက်ထပ်ထိမ်းမြားတာလား?


လျိုရှောင်ယင် က သူဝင်လာတုန်းက ခရီးဆောင်အိတ်တွေ သယ်လာတာကို သတိရပြီး သူအိမ်မပြန်ဘူးလား ဒါမှမဟုတ်...


သူမ ရုတ်တရက် ရယ်မောလိုက်သည်။ 

သူမ၏ ခင်ပွန်းသည် သူမအတွက် စိတ်မကောင်းဖြစ်နေပုံပေါ်သည်။

သူ့မိသားစုရဲ့ အဆင်မပြေမှုတွေနဲ့ ကြုံရမှာကို စိုးရွံ့တာကြောင့် သူမကို စစ်တပ်တိုက်ရိုက်ဝင်ဖို့ စီစဉ်ရတာ တကယ်ကို သနားစရာပါ။


လျိုရှောင်ယင် စိတ်အေးလက်အေးဖြစ်အောင်နေလိုက်ပြီး ချက်ပြုတ်ထားသော အစားအစာများကို စားပွဲပေါ်တင်ကာ မုန်လာဥနှင့် အချဉ်ရည်ပန်းကန်လုံးကို ထုတ်ယူလိုက်သည်။


"စားပါ!" 

လျိုရှောင်ယင် သည် စားပွဲပေါ်တွင် တူချောင်းကို ချထားပြီး သူနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။


သူသည် ထမင်းအပြည့်အိုးနှင့် ယုန်နဲ့အာလူးရောပြုတ်ထားတဲ့ အိုးကြီးတစ်အိုးကို ကြည့်ကာ အနည်းငယ် မစပ်စုဘဲမနေနိုင်ပေ။


"ဒီယုန်က ဘယ်ကရလာတာလဲ။

ကိုယ်နောက်ဆုံးရောက်တုန်းက မင်း ခေါက်ဆွဲပြုတ်ေနရတုန်းပဲ။" 


လျိုရှောင်ယင် က ပြုံးပြီး "ကျွန်မအဖေ ရှိတုန်းက ကျွန်မ တောင်ပေါ်ကို မကြာခဏ ခေါ်သွား‌လေ့ရှိတယ်လေ ထောင်ချောက်‌တွေ နဲ့ လှည့်စားတတ်အောင် ဖြည်းဖြည်းချင်း သင်‌ပေး ခဲ့တယ်။အဲ့တာကလည်း တစ်ခါတရဲမှပါ ကံတရားပေါ်မှာလည်းမူတည်တာ‌ေပါ့။” 

လို့ သူ့မိဘတွေအကြောင်း ကိုပြောပြတဲ့အခါ သူမစိတ်မချမ်းသာကြောင်း ဟောင်ဝမ် တွေ့ရတာကြောင့် နောက်ထပ်မေးခွန်းတွေမမေးတော့ဘဲ သူမကိုတကယ်သနားမိသွားသည်။၊ တစ်ယောက်တည်းနေရတာမလွယ်ကူပါဘူး။


ဤသနားစရာ လျိုရှောင်ယင် သူမ၏ထမင်းဟင်းများကိုသာ စားနေခဲ့တာကြောင့် ဟောင်ဝမ့်မျက်နှာပေါ်က သနားရိပ်တွေကိုတော့ မမြင်နိုင်ခဲ့ပေ....


ဟဲ့ဟောင်ဝမ် သည် ကြက်သွန်မြိတ်စိမ်းများ ပြည့်နေသော စင်၏ထိပ်ရှိ သစ်သားသေတ္တာကို ကြည့်လိုက်သည်။


"ဒီဆောင်းရာသီကြီးမှာ အသီးအရွက်တွေ စိုက်လို့ရသေးတာလား"


(၁၀.၁)

--ပြီး--


(၁၀.၂)


သူဒီအရွယ်ရောက်တဲ့အထိ ဆောင်းရာသီမှာ ဟင်းသီး ဟင်းရွက်တွေ စိုက်လို့ရတာ တခါမှ မတွေ့ဖူးခဲ့ပေ။

လျိုရှောင်ယင် က ပြုံးပြီး "ကျွန်မ သိပြီ၊ မနက်ဖြန် ဖက်ထုပ်အစပ်စားဖို့ ဖိတ်လိုက်မယ်" 

"ကောင်းပြီ။" လျိုရှောင်ယင် သည် ဟဲ့ဟောင်ဝမ်ကို တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် ကြည့်ကာ ခေါင်းငုံ့ကာ ဆက်လက်စားနေပါသည်။


ထမင်းစားပြီးနောက် ဟဲ့ဟောင်ဝမ်သည် လျိုရှောင်ယင် ကို စားပွဲရှင်းလင်းရန် ကူညီခဲ့သည်။


"ရှင်ဘယ်တော့ပြန်မှာလဲ" 

ဟဲ့ဟောင်ဝမ် က သူမကို မော့ကြည့်ပြီး "မနက်ဖြန် ပြန်မယ်" လို့ ပြောလိုက်သည်။


"မနက်ဖြန်? ရှင်ဘယ်မှာအိပ်မလဲ" လျိုရှောင်ယက် က သူ့ကို ဗြောင်ကျကျ စိုက်ကြည့်ရင်း သူမအိမ်မှာမနေသင့်ကြောင်း မျက်နှာမျိုးဖြစ်နေသည်။

ဟဲ့ဟောင်ဝမ် က သူမကို ထိတ်လန့်တကြားကြည့်လျက် ရယ်စရာလို့ထင်ကာ လက်ကိုမြှောက်ပြီး နဖူးကိုပုတ်ကာ 

"ကိုယ့်အဒေါ်အိမ် ခဏသွားအိပ်မယ်၊ ကိုယ်တို့ကလက်မထပ်ရသေးဘူး၊ လူတွေမင်းကို အတင်းအဖျင်း‌ပြောခွင့်မပေးဘူး" 


လျိုရှောင်ယင် ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြီး "ကျွန်မ ဘာမှ မပြောရသေးဘူးလေ " 

ဟဲ့ဟောင်ဝမ် သည် လျိုရှောင်ယင် ၏အိမ်တွင် သူ၏ ခရီးဆောင်အိတ်ကို ထားခဲ့ပြီး ဝိုင်ဖြူတစ်ပုလင်းယူကာ မနက်ဖြန်တွင် သူပြန်လာမည်ဟု ပြောကာ ထွက်သွားခဲ့သည်။


လျိုရှောင်ယင် က သူ့နောက်ကျောကို စိုက်ကြည့်ရင်းသူမ နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။


ဟဲ့ဟောင်ဝမ် သည် ရွာရှိ ဝမ် မိသားစုထံ သွားခဲ့သည်။ သူတို့ချွေးမနဲ့ ဟဲ့ဟောင်ဝမ်တို့ နှစ်ယောက်စလုံးဟာ ဟဲ့ကျားဝမ် ကဖြစ်သည်။ ဝမ် မိသားစု၏ချွေးမနှင့် ‌ဟဲ့ဟောင်ဝမ် တွင်လည်း ဆွေမျိုးတော်စပ်ရှိသောကြောင့် သူမကို အဒေါ်ဟုခေါ်သည်။


"အဒေါ်အိမ်မှာရှိလား" ဝမ် မိသားစု၏ချွေးမ ဝမ်ရှိုယင်း သည် ဟဲ့ဟောင်ဝမ် ကိုတွေ့ရတော့ အံ့အားသင့်သွားသည်။ "ဟွန်း ဘယ်တုန်းက ပြန်လာတာလဲ။အိမ်ထဲကို ဝင်လာ အထဲမှာ နွေးတယ်။" 


ဟဲ့ဟောင်ဝမ် က ဝမ်ရှိုယင်း၏အိမ်ထဲကို လိုက်သွားခဲ့သည်။


မိသားစုတွေ ခဏလောက် စကားပြောကြပြီး ဟဲ့ဟောင်ဝမ် က သူ့ရည်ရွယ်ချက်ကို ရှင်းပြသည်။


"ဟုတ်ပါတယ် အန်တီ၊ကျွန်‌တော် ကတိတည်တဲ့သူ ဖြစ်ချင်တယ်၊ ကျွန်တော်ငယ်ငယ်ကတည်းက လျိုရှောင်ယင် နဲ့ စေ့စပ်ခဲ့တာ အန်တီသိမှာပါ။ ဒီတစ်ခါတော့ အိမ်ထောင်ရေးအထမြောက်ဖို့ ပြန်လာတာ။" 


ဝမ်ရှိုယင်း က ခေါင်းညိတ်ပြီး "ဆုံးဖြတ်ချက်ချဖို့ အချိန်တန်ပြီ၊ အဲဒီမိန်းကလေး ယင်ဇီက တစ်ယောက်တည်းနေရတာ မလွယ်ဘူး။ ပထမနှစ်ဝက်မှာ သူ့မိဘတွေ ဆုံးသွားပြီး သူတစ်နှစ်ခွဲလောက် အပြင်မထွက်ဘူး။ လူတိုင်းက သူမကို ငတ်သေသွားပြီလို့တောင် ထင်နေကြတာ။သူမ ကောင်းကောင်းနေနိုင်မယ်လို့ အန်တီတောင် မမျှော်လင့်ထားဘူး။

နောက်ဆုံး ဆောင်းဦးပေါက် မရိတ်သိမ်းခင်ကဆို တောဝက်ကိုတောင် အမဲလိုက်နိုင်တယ်။ စားနပ်ရိက္ခာနည်း‌နေရင် အဲဒီမိန်းကလေးက အလုပ်ကြိုးစားတယ်။ ကံကောင်းထောက်မစွာ၊ မင်းလို တာဝန်သိသူတစ်ယောက်နဲ့ တွေ့ခဲ့‌တော့ မင်းတို့အနာဂတ်မှာ ယင်ဇီ နဲ့ဆိုပိုကောင်းလာမှာပါ။" 


"တောဝက်တွေကို အမဲလိုက်တာလား?" 

ဟောင်ဝမ် က ဝမ်ရှိုယင်း ကို စိုက်ကြည့်နေသည်။


“မဟုတ်ဘူး၊ ကျွန်တော် အဲဒီကိုသွားတုန်းက ကောင်မလေးက ဒဏ်ရာကင်းစင်ပေမယ့် သေလုမြောပါးဖြစ်နေတာ တောဝက်နဲ့တွေ့ပြီး အသေထိုးသတ်ခံလိုက်ရသလိုမျိုး ကြောက်လန့်တုန်လှုပ်နေခဲ့တာ"


ဝမ်ရှိုယင်း ၏ယောက်ျား ဝမ်ကျူဇီ သည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် မြင်ကွင်းကို ပြန်အမှတ်ရခဲ့ပြီး ယခု လျိုရှောင်ယင် အတွက် မကူညီခဲ့ရပေမယ့် ချွေးတွေပြန်နေခဲ့သည်။


"ဒီကောင်မလေးက ကောင်းကင်ကြီး ဘယ်လောက်မြင့်လဲ မသိနိုင်အောင်ဘဲ!" 

ဟဲ့ဟောင်ဝမ် သည် မျက်မှောင်ကြုတ်ကာ နောင်တွင် ထိုမိန်းကလေးကို ကောင်းကောင်း ဂရုစိုက်ရလိမ့်မည်ဟု တွေးမိသည်။


ဒါပေမယ့် သူအဲ့ဒီကို နှစ်ကြိမ်ရောက်ဖူးပေမယ့် ဒီလောက်ဆိုးသွမ်းတာမျိုးတွေ တစ်ခါမှ မတွေ့ဖူးပေ။ တောဝက်တွေဆို ထိတောင်မထိဝံ့ဘူး။ ထိုယုန်များနှင့် ငှက်များသည် ကံကောင်းမှုတစ်ခုတော့ မဟုတ်ဟု ထင်လိုက်သည်။


သူ့ရဲ့ အနာဂတ်ဇနီးလောင်း သည် ပိုပိုပြီး လျှို့ဝှက်ဆန်းကြယ်လာလေသည်.....


--ပြီး--