Ch 9
Viewers 2k

အခန်း(၉) သူပြန်လာပြီ


(၉.၁)


အဘိုးအိုသည် အိမ်ထဲသို့ ဦးစွာဝင်၍ အခြားလူများ တယောက်ပြီး တယောက် အိမ်ထဲသို့ ဝင်ကြသည်။


လူတော်တော်များများက အခန်းရဲ့ သန့်ရှင်းမှုကို ကြည့်ပြီး အနည်းငယ် စိတ်ချမ်းသာ‌သယောင် ရှိကြပါသည်။


အဘိုးအိုက မီးဖိုနားမှာ ရပ်နေတဲ့ လျိုရှောင်ယင်ကို ကြည့်ပြီး "ယင်ဇီ၊ အဘိုးက ဟောင်ဝမ် ရဲ့ အဘိုးပါ။ သူအရင်လာတယ်လို့ ငါကြားတယ်၊ ဒါကြောင့် ငါတို့ လာတွေ့ကြတာ" လို့ ပြောသည်။


လျိုရှောင်ယင်သည် ခေါင်းညိတ်ပြီး ဘာမှမပြော။


အမျိုးသမီးက နှုတ်ခမ်းကို ဖွဖွကိုက်ပြီးပြောသည်။

"သမီးက ယင်ဇီ မဟုတ်လား။ မင်းအိမ်ကို မရောက်ဖူးဘူး။ မင်းမိဘတွေ မရှိတော့တဲ့အချိန် အန်တီတို့မသိ‌သေဘူး၊ လွန်ခဲ့တဲ့ တစ်လလောက်ကမှ အန်တီတို့သိတာ။ ဆောင်းဦးပေါက်ရာသီဖြစ်ပြီး အရမ်းအလုပ်များတယ် အန်တီတို့အချိန်လွန်သွားပြီ၊ စိတ်မရှိနဲ့နော်" 


လျိုရှောင်ယင် သူမကိုယ်သူမ တွေးလိုက်သည်။ သူမတို့ဒီကိုလာတာ ကြာပြီ၊ ဒါပေမယ့် သူတို့အားလုံးက ယဉ်ကျေးတဲ့ စကားတွေသာပြောနေကြပြီး သူမကတော့ ဘာမှ ပြန်မပြောရပါသေးပေ။


"အန်တီမှာ စိတ်ကောင်းရှိပါတယ်။" လျိုရှောင်ယင်က ပေါ့ပေါ့ပါးပါး ပြောသည်။


လျိုရှောင်ယင်က သူမပြောသည်ကို ဂရုမစိုက်ပုံပေါ်တာကြောင့် သူမရင်ထဲ ဆို့နင့်သွားသည်။


ဘေးနားရှိ လူငယ်သည် စကားမပြောဘဲ လျိုရှောင်ယင်အား သူ့မျက်လုံးများဖြင့် ရွံရှာစွာ စိုက်ကြည့်နေသည်။


စတုတ္ထမြောက်အစ်ကိုကလည်း သူနဲ့အသက်တူလောက်တဲ့ ကောင်မလေးကို ဇနီးအဖြစ်ရှာနေတာဖြစ်သည်။ 


ဟဲ့ဟောင်ဟွာသည် ဤမိဘမဲ့မိန်းကလေးကို လုံးဝ မထီမဲ့မြင်ပြုခဲ့သည်။ သူ့မမိသားစုမှာ လူတစ်ယောက်မှတောင် မရှိဘူး‌လေ။ သူ့အမေက လက်ထပ်ပြီးရင် အဲ့ကောင်မလေးကို အိမ်ကိုရောင်းဖို့ဖြောင်းဖျပြီး သူ့ရဲ့နေကောင်မလေးနဲ့လက်ထပ်ဖို့ ပိုက်ဆံ ပေးမယ်ဆိုတာ မပြောခဲ့ရင် သူဒီကို လိုက်လာမှာတောင် မဟုတ်ဘူး။


"သမီးလေး ဒီနေ့ မင်းဘယ်လိုထင်လဲမေးဖို့ ဒီကိုရောက်လာတာ။ အရင်တုန်းက အိမ်က‌ ဟောင်ဝမ်က နှစ်သစ်ပြီးရင် မင်းတို့နှစ်ယောက်အကြောင်း ဆုံးဖြတ်ချင်တယ်လို့ ရေးခဲ့တယ်၊ မင်းထင်တာကိုပဲ ပြောပါ" 


မိသားစုဝင်တစ်ဦးအနေဖြင့် ဟဲ့ယွမ်ချင်းသည် သူမတို့ထံ စာရေးခဲ့သည်။ သူတို့အိမ်ထောင်ရေးကို အရင်ဆုံးဖြတ်ခဲ့သူလည်းဖြစ်တဲ့ ဟဲ့အိမ်သခင်က သူတို့ဘယ်လိုထင်လဲလို့ ကလေးတွေကို သဘာဝကျကျ မေးရမှာပေါ့။


လျိုရှောင်ယင်သည် သူတို့ကိုကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်း၏အမူအရာများကို သူမမျက်လုံးထဲတွင် မှတ်သားထားသည်။


"သမီးမှာ အကြံဥာဏ်တွေတော့ မရှိပါဘူး။ မိဘတွေရဲ့ ဘဝနဲ့ အောင်သွယ်ပြောစကားတွေတော့ ရှိပါတယ်။ ဒီနှစ်ပြီးရင်အစ်ကိုကြီးက သူပြန်လာပြီး ဒီကိစ္စကိုဆွေးနွေးမယ် ပြောတယ် သူကလည်း ဒီအိမ်ထောင်ရေးမှာ ဆုံးဖြတ်ပေးရမယ့်လူဘဲလေ။" 

လျိုရှောင်ယင်သည် အနည်းငယ်ရှက်သွားသလို မျက်လွှာချလိုက်သည်။


ဟဲ့ယွမ်ချင်းက ခေါင်းညိတ်ပြီး "အဘိုးတို့က မင်းကို တွေ့ရုံဘဲ လာတာပါ။ မင်းက ရှောင်စီရဲ့ အနာဂတ် ချွေးမဘဲ။ နောင်မှာ မိသားစုမှာ တစ်ခုခုရှိရင် ဟဲ့ကျားဝမ် ဆီ စာ‌ရေးလိုက်။ ငါတို့ သေချာပေါက် ကူညီမှာပါ" 


လျိုရှောင်ယင်က ခေါင်းညိတ်ပြလိုက်သည်။ မိုင် ၃၀ အဝေးက နှင်းပန်းလေးဟာ မင်းလာတဲ့အချိန်မှာ အေးခဲသွားလိမ့်မယ်။


အချိန်အတော်ကြာ စကားမပြောသော ဟဲ့ချွမ်မင်က ရုတ်တရက် "ယင်ဇီ၊ မင်းလက်ထပ်ပြီးရင် ဟဲ့ကျားဝမ်မှာ နေ။ နှစ်သစ်ပြီးရင် ဒီအိမ်ကို ရောင်းမယ်" 

လျိုရှောင်ယင်သည် ခေါင်းမော့ကာ အံ့အားသင့်သွားခဲ့သည်။


ဟဲ့ယွမ်ချင်းက သူ့ကို စိုက်ကြည့်ရင်း "ဟဲ့ချွမ်ချွမ်၊ မင်းဘာတွေပြောနေတာလဲ?"


လျိုရှောင်ယင်သည် သူမ့အနာဂတ် ယောက္ခမ ကျန်းချွေးပင်၏ အမူအရာကို ကြည့်ကာ သူမနှင့် ဆွေမျိုးမတော်ချင်‌ ဖြစ်လာသည်။


သူ့အမေရဲ့အိမ်က သူ့အလုပ်ပဲ၊ ရောင်းသည်ဖြစ်စေ မရောင်းသည်ဖြစ်‌စေ သူမအလုပ်သာ၊ သူမအမေမိသားစု မရှိတော့ရင်တောင်ယောက္ခမ စကားပြောရမယ့် အလှည့်မဟုတ်ဘူးလား။


ဟဲ့ယွမ်ချင်းက သူ့သားကို အရမ်းစိတ်ဆိုးသွားသည်။ 


သူက လျိုရှောင်ယင်၏ လျစ်လျူရှုသော မျက်နှာကို လှည့်ကြည့်လိုက်သည်။ ဒေါသထွက်နေမှန်းသိသည်။ ဘယ်သူက ဒေါသမထွက်ဘဲ‌နေမှာလဲ?


"ယင်ဇီ၊ သမီးခဲအိုစကားနားမထောင်နဲ့၊ သမီးအိမ်က သမီးအပေါ်မှာပဲ မူတည်တယ်။" လျိုရှောင်ယင် ခေါင်းညိတ်ပြီး ဘာမှမပြော။


ကျန်းချွေးပင်သည် သူမအဘိုး နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ဆန္ဒစောနေမိသည်။

"သူမက ငါတို့မိသားစုနဲ့ အိမ်ထောင်ကျပြီးရင် အရာအားလုံးက ငါတို့မိသားစုအပိုင်ဘဲလေ။ ငါတို့က သူ့အိမ်ကို မရောင်းဘဲထားရင် ဘယ်လိုလုပ်မလဲ၊ အဝေးကြီးကနေ ဒီအိမ်ကိုအမြဲတမ်း ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား" 


စိတ်တိုနေသော ကျန်းချွေးပင်သည် ထိုကဲ့သို့ အနည်းငယ်ဂရုမစိုက်တတ်ပေ။ သူတို့အိမ်ရောက်လာရင် ပိုက်ဆံ‌တွေကို သူမလက်ထဲဘဲ အပ်မှာမဟုတ်ဘူးလား။ အဲဒီအချိန်မှာ နေစရာရဖို့ ရှောင်ဝူ အတွက် ငါ ရှာဖွေရမှာဘဲ။


လျိုရှောင်ယင်သည် သူမစိတ်ထဲတွင် ရှုတ်ချမိကာ အိမ်ကိုရောင်းသည်ဖြစ်စေ မရောင်းသည်ဖြစ်စေ သူမအပိုင်းသာဖြစ်သည်။ ၎င်းကို အဆိုပြုရန်မှာ သူတို့ဟဲ့မိသားစုနှင့် သက်ဆိုင်ခြင်းမရှိ။


(၉.၁)

--ပြီး--


(၉.၂)


"ဒါက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆိုင်တာလေ။ မင်းဆုံးဖြတ်ချက်လား၊ တော်ပြီ၊ မြန်မြန် အိမ်ပြန်ကြမယ်" 


ဟဲ့ယွမ်ချင်းသည် အကြီးစုံတွဲကို စိုက်ကြည့်ကာ ဒေါသတကြီး ထွက်သွားသည်။


လင်မယားနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထွက်သွားကြသည်။ မသွားခင် ကျန်းချွေးပင်က လျိုရှောင်ယင်ကို စူးစူးဝါးဝါးစိုက်ကြည့်သည်။


လျိုရှောင်ယင်က သူမကို ပေါ့ပေါ့ပါးပါးဘဲ ပြန်ကြည့်သည်။ လျိုရှောင်ယင်သည် အပြင်ထွက်ပြီး လူလေးဦး စက်ဘီးစီးသွားသည်ကို ကြည့်ရှုခဲ့သည်။


မြန်မြန်ပြန်ကြ ငါ့ကို စိတ်ဆိုးအောင် မလုပ်ကြစမ်းနဲ့!


လျိုရှောင်ယင်သည် အဆင်သင့်လုပ်ထားသော ပဲပင်ပေါက်များကို ထုတ်ကာ ဝက်သားရေကို ကြော်ကာ ထမင်းပန်းကန်သေးသေးတစ်လုံး စားခဲ့သည်။


ဒီနေ့ သူမစိတ်တိုနေသည်။၊ အဲဒါကို လျှော့ဖို့ အရသာရှိတာတွေ ပိုစားရမည်။


လျိုရှောင်ယင်သည် သူမ၏ကိုယ်ပိုင်အတွေးကြောင့် ရုတ်တရက် အံ့အားသင့်သွားသည်။


ဒီထမင်းတစ်နပ်က စားလို့ကောင်းတယ်။


ပြောရရင် အခုတလော ဒီလိုထမင်းကို ဘသူမှ မစားကြရသေးဘူး။


ဟဲ့မိသားစု လာသွားပြီး‌နောက်ပိုင်ကတည်းက လျိုရှောင်ယင်ကို ဘယ်မှာမှ ထပ်မတွေ့ရတော့ပါ။


လျိုရှောင်ယင်ဟာ နေ့တိုင်း ထင်းသွားကောက်ဖို့ တောင်တက်လေ့ရှိသည်။။


လျိုရှောင်ယင်သည် ကျိုးပဲ့နေသောသေတ္တာဟောင်းတစ်ခုကို တွေ့ရှိပြီး မြေဆီလွှာထည့်ကာ စင် ထိပ်ပေါ်တွင် တင်ပြီး ကြက်သွန်မြိတ်အချို့ စိုက်ပျိုးခဲ့သည်။


တစ်အိမ်လုံး ပူလောင်နေပြီး ကြက်သွန်မြိတ် အများအပြား စုဆောင်းထားနိုင်ခဲ့သည်။ မစားနိုင်ရင် သူတို့ကို ထုပ်ပိုးပြီး နေရာလွတ်ထဲမှာ ထားလိုက်သည်။


ဒီလိုသာ အေးအေးဆေးဆေး ဖြစ်နေမယ်ဆိုရင် နေ့ရက်တွေဟာ အတော်လေး သာယာနေမှာဘဲ..


လျိုရှောင်ယင်က ဒီလို အတွေးမျိုးနဲ့ တွေးလို့ အဆင်ပြေတယ်လို့ ခံစားရသည်။ နောက်နွေဦးရာသီမှာ သူမ အလုပ်မသွားရင် ငတ်သေလိမ့်မယ်။


အရှေ့မြောက်ဘက်၏ ဆောင်းရာသီတွင် မိသားစုတိုင်းသည် အလုပ်မလုပ်ဘဲ နေ့စဥ်လာရောက်လည်ပတ်ကြပြီး တစ်နေ့လျှင် နှစ်နပ်စားကြသော်လည်း စိုစိုပြည်ပြည်ရှိကြသည်။ အလုပ်မသွားရင် အများကြီးစားတာဟာ ဖြုန်းတီးတာဘဲ..!


လျိုရှောင်ယင်သည် နေ့ရက်များကို ရေတွက်နေခဲ့သည်။ တရုတ်နှစ်သစ်ကူးမတိုင်မီ ဆယ်ရက်ကျော်ကျန်သေးပြီး သူမဒီကို မသိလိုက်ဘဲ ရောက်လာသည်မှာ လအနည်းငယ်ပင်ရှိ‌နေပြီဖြစ်သည်။


ခေတ်နောက်ကျကျန်နေခဲ့တာကလွဲလို့ ဒီအရာတွေအားလုံးက သူမအတွက် ဆိုးရွားတဲ့ပုံမပေါ်ပါဘူး။


"အိမ်မှာ တစ်ယောက်ယောက်ရှိလား" 


လျိုရှောင်ယင်သည် ကုတင်ပေါ်တွင် လှဲနေပြီး ရင်းနှီးနေသည့် တစ်စုံတစ်ယောက်ပြောနေသည့် အသံကို ရုတ်တရက် ကြားလိုက်သောအခါ သူမသည် နေရာကို နည်းနည်းသပ်ရပ်အောင် ပြင်ဆင်လိုက်သည်။


"ဘယ်သူလဲ?" 


လျိုရှောင်ယင်သည် သူမ၏ဖိနပ်ကိုစီးကာ ကြည့်ရှုရန် ထွက်သွားလေသည်။ 


ဟဲ့ဟောင်ဝမ်သည် အဖြူရောင်ဝတ်စုံဖြင့် ခြံဝင်းထဲတွင် ရပ်နေသည်။


သူ့စစ်ဝတ်စုံက နှင်းတွေနဲ့ စိုစွတ်နေပြီး၊ သူရွှေ့လိုက်တိုင်း အဝတ်တွေက အေးခဲပြီး မာကျောနေတာကို တွေ့လိုက်ရသည်။


လျိုရှောင်ယင် အနည်းငယ် အံ့သြသွားပြီး သူ့ကို ရောက်လာ‌ဖို့ မမျှော်လင့်ထားခဲ့‌ပေ။ အားလပ်ရက် ရောက်နေပြီလား?


"အိမ်ထဲဝင်၊ ဘယ်ကဘယ်လို‌ရောက်လာတာလဲ" လျိုရှောင်ယင် အာရုံပြန်ကပ်လာပြီး အိမ်ထဲကို ခေါ်သွားလိုက်သည်။


ဟောင်ဝမ်သည် အမှန်ပင် အေးခဲ‌နေသည်။ ရထားပေါ်ကဆင်းပြီး အိမ်ပြန်ရန် သူမအိမ်စီ တန်းတန်းမတ်မတ်လာခဲ့ပြီး သူ့ရဲ့ အထုပ်အပိုးတွေကိုလည်း တစ်ခါတည်း ယူလာခဲ့သည်။


"ရှင့်အဝတ်တွေအကုန်စိုနေတယ်၊ ရှင့်မှာလဲစရာပါလာလား" လျိုရှောင်ယင်၏အိမ်တွင် ယောက်ျား‌လေးအဝတ်အစားများ မရှိတော့ပေ။ မူလမိဘများ၏အဝတ်အစားများသည်လည်း မီးရှို့ခံခဲ့ရသည်။


"ပါလာတယ်၊ကိုယ်ချက်ချင်းလဲပေးမယ်။" ဟဲ့ဟောင်ဝမ်က ပြောပြီး အဝတ်အစား ချွတ်ပါတော့သည်။


လျိုရှောင်ယင် ခဏလောက် ထိတ်လန့်သွားပြီး သူ့အပေါ်ပိုင်းကို ချွတ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူမမျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။ 


သူမသည် ကလေးမလေးမဟုတ်ဟု အကြောင်းပြချက်ပေး‌သော်လည်း ယောက်ျားတစ်ယောက်ကို ဒီလိုပုံစံမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ 


သူမ ဘယ်လိုများ ဒီလောက်အထိအရှလွယ်ရတာလဲ။


လျိုရှောင်ယင် လှည့်ထွက်၍ မီးထည့်ဟန်ပြုသော်လည်း ဟဲ့ဟောင်ဝမ်၏ သန်မာသောကြွက်သားများက သူ့စိတ်ထဲတွင် ပေါ်လာသည်။


အိုဘုရားရေ! ငါဘာတွေတွေးနေတာလဲ! 


လျိုရှောင်ယင်သည် ဒေါသတကြီး ထင်းကို ကန်လိုက်သည်။


"ဘာလုပ်နေတာလဲ?" ဟဲ့ဟောင်ဝမ်သည် တံခါးဘေးတွင် ရပ်နေပြီး လျိုရှောင်ယင်၏ ရှက်ရွံ့နေမှုကို ကြည့်ကာ နှုတ်ခမ်းထောင့်များ ကော့တက်သွားသည်။


--ပြီး--