Chapter 90
Viewers 7k

🐯Chapter 90



ဆောင်းဦးညနေခင်းမှာ နီရွှေရွှေဖြစ်နေပြီး ရာသီဥတုက အနည်းငယ် ပိုအေး၏။ ကုယွီမြန်က ခြေချိတ်ကာ ထိုင်ပြီး  သူ့မိသားစု အုပ်စုအသေးလေးကို ချီလိုက်ကာ ရုတ်တရက် ပျော်ရွှင်လာသည်။ အမှန်တကယ်တွင် သူက ဤအခိုက်အတန့်၌ အထူးတလည် အလွန်ပျော်ရွှင်နေပေသည်။ 

"ညစာ ဘာစားချင်ကြလဲ... အခုလား... ခဏနေမှလား... ချက်တာကတော့ မကြာပါဘူး..."


ငါကတော့ စားချင်စိတ်မရှိဘဲ နိုးလာတာ... ပြီးတော့ နေ့လယ်စာ စားတာလဲ နောက်ကျထားတယ်ဆိုတော့... အခုထိ မဆာသေးဘူး...


ပန်ဒါလေးက ထိုင်နေပြီး သူ့လက်များကိုကိုင်ကာ ထပ်မံ အိပ်ပျော်လုနေနီးပါးဖြစ်နေသည်။ အိမ်တွင် အရုပ်များနှင့် တက်ရသည့်ဘောင်များ ရှိပေသည်။ ကုယွီမြန်က ပန်ဒါလေးနှင့် မြေခွေးလေးတို့က ဖျာပေါ်တွင်ထိုင်ကာ အလျင်အမြန် ကစားနေသည်ကို ထိုင်ကြည့်နေပေလိမ့်မည်။ 


အမှန်တကယ်တွင် ၄င်းက လက်များဖြင့်တွန်းကာ ဘောလုံးများ ပစ်ခြင်းသာဖြစ်သည်။ ပန်ဒါပေါက်လေးမှာ အပျော်ဆုံးနှင့် စိတ်အပါဆုံးသော ကစားသမားဖြစ်ပြီး မြေခွေးလေးက သူနှင့် ကစားလို၏။ သို့သော် နှင်းကျားသစ်လေးက သူတို့နှင့် မပါဝင်ပေ။ သူက ပျင်းရိစွာ ​စောင့်ကြည့်နေသည်။ သို့မဟုတ် ကုယွီမြန်အား ကပ်နေပေသည်။ 


သူက ယခုတွင် စတင်ပြင်ဆင်ရန် လိုပေသည်။ 


နွေရာသီနှောင်းပိုင်းနှင့် ဆောင်းဦးအစောပိုင်း ညစာအတွက် အရသာပြင်းသော ဟင်းပွဲများကို စားရန် မသင့်လျော်ပေ။ သို့ဖြစ်၍ တရုတ်၏ အရှေ့တောင်ပိုင်း ဒေသ ဟင်းချက်နည်းများမှာ အလွန်သင့်လျော်၏။ ကုယွီမြန်က ဆန်ပြုတ်၊ နံရိုးပေါင်း ကော်ပြန့်လိပ်၊ ပဲနက်ဆော့စ်ပိန်းဥ၊ ဟင်းသီးဟင်းရွက်များနှင့် ပုစွန်မွှေကြော်ဟင်းတို့ကို ချက်ပေမည်။ 


ဤသည်က တရုတ်အရှေ့တောင်ပိုင်းစတိုင်(ကန်တုံစတိုင်) မနက်ခင်းစာဖြစ်ပြီး ညနေပိုင်းစားရန် မသင့်တော်ခြင်း မရှိပေ။ 


ဆန်ပြုတ်မှာ ကျန်းမာရေးကောင်းသော်လည်း များစွာ မသောက်နိုင်ပေ။ ၄င်းက တစ်နေ့လျှင် ဆန်ပြုတ်တစ်ခွက်သောက်သင့်သည်ဟူသည်နှင့် တူညီလုနီးပါးပင်။ သူက ဤမနက် ဆန်ပြုတ်မသောက်ခဲ့ရာ ညနေခင်းတွင်သောက်ရန် ကောင်းပေသည်။ 


"ထွမ်ထွမ်က ယွမ်ယွမ်နဲ့ မဆော့ချင်ဘူးလား..."

ကုယွီမြန်က နှင်းကျားသစ်လေး၏ မေးစေ့ကို ကုတ်လိုက်ပြီး သိသာလှသောအဖြေကိုရသွား၍ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ 

"ဟုတ်ပြီ... အဲ့ဒါဆိုလည်း ငါနဲ့အတူ ညစာပြင်ရမယ်..."


ကုယွီမြန်မှာ ထန်ယွမ်လေးက မြေခွေးလေးနှင့် ကစားနေသည်ကို ကြည့်နိုင်သည့် နေရောင်အခန်းထဲတွင် စားပွဲတစ်ခုချကာ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။ နှင်းကျားသစ်လေးက သူ့လက်မောင်းထဲတွင် ဖြစ်၏။ သူက ကုယွီမြန်ကို မကူညီနိုင်ပေ။ ကုယွီမြန် သူ့ခေါင်းအား တစ်ခါတစ်ခါ ပွတ်ပေးရန် လက်ဆန့်ရသည်မှာ ပုံမှန်ဖြစ်နေ၏။ 


ကုယွီမြန်က ဆန်ဆေးရန် ရေအရင်ထည့်လိုက်ပြီး ဆန်ကို စိမ်ထားလိုက်ပြီးနောက် ပါဝင်ပစ္စည်းများနှင့် နံရိုးများ၊ ပုစွန်များကို ပြင်ထားလိုက်သည်။ သူက ပါဝင်ပစ္စည်းများကို ကိုင်တွယ်နေစဉ်တွင် ကြယ်ကွန်ယက်မှ သတင်းသစ်များကို ဖတ်နေလိုက်သည်။ 


ကိုယ်ပိုင်ဘလော့ဒ်အငယ်စားလေး၏ နာမည်ကြီး ရှာဖွေမှုမှာ ဧကရာဇ်နှင့် တစ်ခုခု သက်ဆိုင်နေပေသည်။ 


#တစ်ဒေါ်လာ အလောင်းအစား: အရှင်မင်းကြီးက ဒီနှစ် မွေးနေ့ကို တက်ရောက်မည်မဟုတ်…


"အရှင်မင်းကြီးရဲ့ မွေ့နေ့လည်းရှိနေတာပဲ...သူက အရင်ကလည်း သူ့မွေးနေ့ပွဲကို မတက်ဘူးမလား...."


နှင်းကျားသစ်လေး၏ နားရွက်များက ကုယွီမြန်၏ ကုတ်ပိုးတွင်ဖြစ်ပြီး သူက အလင်းဖန်သားပြင်ကို မျက်လုံးတစ်ဝက်သာပွင့်ပြီး ပျင်းရိကာ သမ်းဝေနေရင်း ခဲပြာရောင်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


ကုယွီမြန်က နာမည်ကြီးနေသည့် ရှာဖွေမှုကို အနည်းငယ် စိတ်ဝင်စားနေဆဲဖြစ်ရာ ကြည့်ရန် ၄င်းကို ဖွင့်လိုက်သည်။ ယခုတစ်လော ကြယ်တာရာခေတ်မှာ ပြောရေးဆိုခွင့်များစွာရှိနေသည်ဟု သူထင်၏။ ခေါင်းစည်းမှာ အရှင်မင်းကြီးကို အလွန်အမင်း မလေးမစားပြုလုပ်နေခြင်း သို့မဟုတ် အထိမခံနိုင်ခြင်းမဟုတ်ပါက ကောင်းမွန်စွာ ဆွေးနွေးနိုင်ပေသည်။ 


[Vနဲ့ပတ်သတ်ပြီး ညီးညူနေတယ်: မွေးနေ့ပါတီက နောက်ဆုံးလား... ပြီးတော့ အရှင်မင်းကြီးက ဒီမှာမရှိတာ ၅နှစ်တောင်ရှိပြီလေ... အဲ့ဒါက ပေါက်ကရတွေမဟုတ်ဘူးလား...]


[မင်းအကြောင်းတွေးနေတယ်: ဘာလို့လဲဆိုတော့ မွေးနေ့တိုင်းက ချိန်းတွေ့တဲ့ ပွဲတွေပဲ ဖြစ်သွားတာကို... နောက်ဆုံးနှစ်က ဝန်ကြီးအဖွဲ့က အရှင်မင်းကြီးကို ကိုယ်စားပြုဖို့ လူစက်ရုပ်တစ်ခုကိုတောင် ရွေ့ခဲ့တာလေ... ဟားဟားဟား… သူတို့က စက်ရုပ်နဲ့ ကတုန်းက မိန်းမငယ်လေးတွေရဲ့ မျက်နှာတွေ အကုန်လုံးက အစိမ်းရောင် ဖြစ်သွားတာလေ...]


[ဖဲပြား: အရှင်က အဲ့လိုမျိုးလို့ ငါထင်တယ်... ဘယ်သူမှ အဲ့ဒါကို ကြိုက်မှာမဟုတ်ဘူး... ငါ ဒီလိုမျိုး မင်္ဂလာဆောင်နိုင်မယ်လို့ မထင်ဘူး စိတ်ကူးကြည့်လို့တောင် ရဘူး... အရှင်မင်းကြီးရဲ့ သူ့တွဲဖက်အပေါ် ညင်သာမှုပေါ့...]


[ကြောင်ကပင်လယ်ရေညှိစားရတာကြိုက်တယ်: @ဖဲပြား... အရှင်မင်းကြီးက မင်းမျိုးမင်းနွယ်တွေကြားမှာ အရမ်းနာမည်ကြီးတာ... မစ္စ Aနဲ့ မစ္စ Bတို့က တော်ဝင်မိသားစုထဲဝင်ဖို့ နေ့တိုင်းစိတ်ကူးယဉ်နေတာ မဟုတ်ဘူးလား...]


အောက်ပါဆွေးနွေးမှုမှာ မည်သူက အချစ်ကို ဖော်ပြရန် ရှေ့ဆုံးသို့သွားခဲ့သည်၊ မည်သူက အရှင်မင်းကြီးကို ၈နှစ်တိုင်တိုင် လက်ဆောင်များ ပို့ခဲ့သည်နှင့် မည်သူက အညှာအတာမဲ့ အငြင်းခံခဲ့ရသည်တို့ပါဝင်သည့် အတင်းအဖျင်းဘက်သို့ ပို၍ ရောက်သွားလေသည်။ 


ကုယွီမြန်က ဟိုဟိုသည်သည်လျှောက်ကြည့်နေသော်လည်း မွေးနေ့ပါတီနှင့် သက်ဆိုင်သည့် ဆွေးနွေးမှုများနှင့် ဓာတ်ပုံများကို များစွာမတွေ့ပေ။ 


ဒါပေမဲ့ ဘယ်သူက သူ့မွေးနေ့တောင် သူ မတက်မှာလဲ... မွေးနေ့ရှင်က မရှိတာကို ဘာလို့ မွေးနေ့ပါတီအရမ်းလုပ်ချင်နေတာလဲ... နားမလည်နိုင်စရာဘဲ...


"သူက အိမ်ထောင်သည် ဖြစ်ချင်တယ်လို့ ငါတော့မထင်ဘူး..."

ကုယွီမြန်က သူမြင်ဖူးခဲ့သော ဓာတ်ပုံကို တွေးမိသွားသည်။ ပုံထဲတွင်ဧကရာဇ်က ပလ္လင်ပေါ်သို့ တစ်လှမ်းချင်းတက်လာသည်။ သူက နှင်းကျားသစ်လေးနှင့် စကားပြောလိုက်သည်။ 

"ငါထင်တာ သူက အရမ်း..."


နှင်းကျားသစ်လေးက နားရွက်ထောင်ပြီး ကုယွီမြန်၏ လက်ကောက်ဝတ်ကို သူ့လက်လေးများဖြင့် ဖိလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေဟန်ရသည်။ 


"အထီးကျန်နေတာ... ဒါပေမဲ့ သူက သူအထီးကျန်နေတာကို မသိဘူး..."

ကုယွီမြန်က နောက်ဆုံးတွင် ဆိုလိုက်သည်။ 

"အဲ့တော့ သူက တခြားလူတွေ သူ့ကို အဖော်လုပ်ပေးမှာ မလိုဘူး..."


ကုယွီမြန်က အထီးကျန်မှုမှာ အချို့လူများ သတိထားရန် နှစ်သက်သည့်အရာတစ်ခုဟု ဆိုထားသည့် စာအုပ်တစ်အုပ် ဖတ်ဖူးပေသည်။ အမှန်တကယ်တွင် အထီးကျန်မှုက အမြဲတမ်းရှိနေကာ အနားတွင် ရှိနေစေလိုသည့် လူများရှိလာသည့်အခါမှသာ တစ်ယောက်တည်း ရှိနေခြင်းက အလွန်အမင်း သည်းမခံနိုင်ဖွယ် ဖြစ်လာခြင်း ဖြစ်၏။ 


နှင်းကျားသစ်လေးက ကြောင်အသွားသည်။


"ထွမ်ထွမ်... တောင်းပန်ပါတယ်... မင်းအဲ့ဒါကို နားထောင်ရတာ မကြိုက်ဘူးမလား..."

ကုယွီမြန်က နှင်းကျားသစ်လေး၏ ဂုတ်ပိုးကို ခပ်ပြင်းပြင်းမွှေးလိုက်ကာ ပွတ်ပေးပြီး ရယ်လိုက်သည်။ 

"မင်းနားမလည်ပါဘူး... လာပါ... ဆက်ပြီး ချက်ရအောင်..."


ဆန်ပြုတ်က ပို၍ နူးညံ့ကာ အစာ​ချေရ လွယ်စေရန် ဆန်ကို စိမ်ထား၏။ 


ကုယွီမြန်က ဆန်ဆေးရေများကို သွန်ထုတ်လိုက်ပြီး မြေပဲဆီနှစ်ဇွန်းနှင့် ဆန်ကို ကော်လိုက်ပြီး ကောင်းမွန်စွာ ရောလိုက်ကာ အိုးထဲသို့ လောင်းထည့်လိုက်သည်။ မှိုများ၊ ခုံးကောင်များ၊ နုပ်နုပ်စင်းထားသော ဂျင်းများနှင့် ဆောင်းရာသီ ဟင်းသီးဟင်းရွက်များကို လှီးထားသည်။ ထို့နောက် ကုယွီမြန်က ကြက်သွန်ဖြူ နှစ်​မြွှာကို အခွံခွာပြီး အပိုင်းပိုင်းလှီးထားလိုက်သည်။ သူတို့ကို ဆန်ပြုတ်ထဲသို့ထည့်ကာ မီးဖိုပေါ်တွင် ရေအေးနှင့် ဖြည်းညင်းစွာ တည်လိုက်သည်။ 


ပုစွန်များကို သွေးကြောများထုတ်ပြီးနောက် ဆားနယ်ထားသည်။ ကြက်သွန်နီဥသေးများ၊ ကြက်သွန်ဖြူနှင့် ငါးများကို အတုံးသေးလေးများ တုံးကာ အိုးတစ်ခုထဲတွင် ကြော်ကာ မွှေးပျံ့ကာ ဆွဲဆောင်မှုရှိသည့် ရွှေဝါရောင်ဖြစ်အောင် ပြုလုပ်လိုက်သည်။ 


သူက ၄င်းကို ဦးဆုံး မီးပြင်းပြင်းနှင့်တည်ကာ မီးအေးအေးပြောင်းပြီး ဖြည်းညင်းစွာ မီးအေးအေးနှင့် တည်ထားသည်။ ဆန်စေ့များက ပြည့်နေပြီး ပွင့်နေကာ ရေနှင့် ဆန်က ပေါင်းစပ်လုနီးပါးဖြစ်ကာ ပျော့ပြောင်း၊ နူးညံ့၊ ချောမွေ့သော အထိအတွေ့ကို ပြသနေကာ ကုယွီမြန်က ပုစွန်၊ ကြော်ထားသော ကြက်သွန်မြိတ်၊ ဆီနှင့် ငါးကြော်ကို တစ်ခုချင်းထည့်ပြီးနောက် ခုံးကောင်နှင့် မှိုများထည့်လိုက်သည်။ 


ဖြူဖွေး နူးညံ့သော ဆန်ပြုတ်ထဲတွင် လတ်ဆတ်နီရဲနေသော ပုစွန်၊ ရွှေရောင် ငါး၊ ကြက်သွန်မြိတ်များ၊ ကြက်သွန်ဖြူနှင့် ခုံးကောင်များ ရှိနေပေသည်။ သူတို့ကို ပွက်ပွက်ဆူလာသည်အထိ တည်လိုက်ပြီး အနံ့၊ အရောင်အဆင်းတို့နှင့် ပြည့်နှက်နေလေသည်။ အယ်လ်ဘတ်စားသောက်ဆိုင်တစ်ခုလုံးက ကံစမ်းမဲတွင် နာမည်အကြီးဆုံးဆုမှာ နောက်ဆုံးပေါ် အလင်း ကွန်ပျူတာမဟုတ်ဘဲ သူဌေးကိုယ်တိုင်ချက်ထားသည့် ဆန်ပြုတ်တစ်ခွက်ဖြစ်သည်ကို သိကြသည်။ 


ကုယွီမြန်က အိုးအဖုံးကို မလိုက်ပြီး ဇွန်းရှည်တစ်ချောင်းဖြင့် မွှေလိုက်သည်။ သူက ပါဝင်ပစ္စည်းများအားလုံးကို အောက်သို့လှန်လိုက်ကာ ခဏကြည့်ပြီး အဖုံးပြန်ပိတ်ကာ ဆက်ချက်လိုက်သည်။ 


ပန်ဒါလေးမှာ အဖုံးဖွင့်လိုက်သည်နှင့် ငါးအနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး တဖြည်းဖြည်း ရွှေ့လာကာ ကုယွီမြန်အား သူ့ကိုချီရန် တအီအီအသံပြုလိုက်သည်။


ကုယွီမြန်က မြေခွေးလေးကိုချီရန် လက်ဆန့်လိုက်ပြီးသားပေါက်လေးကိုကိုင်ကာ ဆန်ပြုတ်ကို ပျော်ရွှင်စွာနှင့် ဖြည်းညင်းစွာ ချက်နေလေသည်။ သူက ချက်ချင်းပင် လက်ထပ်သည့်ကိစ္စကို မေ့သွား၏။ ကုယွီမြန်က သူ့အားပျော်ရွှင်စေရန် ကလေးများ ရှိနေခြင်းကြောင့် အချစ်လိုအပ်သော လူတစ်ယောက်မဟုတ်ပေ။ 


သူက အမှန်တကယ်တွင် မည်သူ့ကို ကြိုက်သည်ကို မသိခြင်းလည်းဖြစ်နိုင်သော်လည်း သူ့နှလုံးသားက တုန်လှုပ်သွားသည်ကို ခံစားရသည်။ ယခင်က အထက်တန်းလွှာနယ်‌မြေတွင် သူက ရှို့ဟန်ကြောင့် ငြင်းဆိုနိုင်စွာ နှလုံးခုန်မြန်လာသည်ကို ခံစားခဲ့ရပေသည်။


ငါကလည်း အထီးကျန်နေတာကို မသိတဲ့ လူတစ်ယောက် ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်... 


"ထွမ်ထွမ် ဘာတွေ တွေးနေတာလဲ..."

ကုယွီမြန်က နှင်းကျားသစ်လေး၏ အလေးအနက်မျက်နှာကို ညစ်လိုက်သည်။ ကောင်ငယ်လေးမှာ အစကတည်းက တွေးနေခြင်းဖြစ်သည်။ 

"ဆန်ပြုတ်စားရအောင်..."


ကုယွီမြန်က ကြွေဇွန်းတစ်ဇွန်းနှင့် ဆန်ပြုတ်တစ်ဇွန်းကို ခပ်လိုက်ပြီး နှင်းကျားသစ်လေး၏ ပါးစပ်ထဲသို့ ခွံကျွေးလိုက်သည်။ နှင်းကျားသစ်လေးက မသိစိတ်ဖြင့် ဇွန်းကို ဆွဲယူလိုက်သည်။ ခဏအကြာတွင် သူက ကျေနပ်အားရစွာဖြင့် မျက်လုံးမှေးလိုက်သည်။ 


ပန်ဒါလေးက ချက်ချင်း စိတ်ထိခိုက်သွား၏။ သူက သူ့ခေါင်းလုံးလုံးလေးကို ကုယွီမြန်၏ လက်မောင်းများဆီသို့ကိုင်းကာ ဆန်ပြုတ်သောက်ချင်နေသည်။ မြေခွေးလေးက အလွန်လိမ္မာကာ ကုယွီမြန်အား မီးကို ဂရုတစိုက် ကူကြည့်ပေးနေသည်။ ကုယွီမြန်က ကြွေဇွန်းကို ပြောင်းလိုက်ပြီး ယွမ်ယွမ်နှင့် ချိုးချိုးကို ဆန်ပြုတ်အနည်းငယ် ကျွေးလိုက်သည်။ 


ထိုအချိန်တွင် လက်ပတ်ကွန်ပျူတာမှ သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။ 


[ကြယ်တာရာကောင်းကင်ရုံး: တင်းတောင်~ ကြယ်တာရာကောင်းကင် လူသစ်ပြိုင်ပွဲရဲ့ ထိပ်ဆုံး အယောက်၂၀ကို အောင်အောင်မြင်မြင် ခုန်တက်သွားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်... လက်ရှိ အဆင့်: ၁... ထိပ်ဆုံး အယောက်၂၀၏ ရှုံးထွက်ပြိုင်ပွဲနှင့် ထိပ်ဆုံး ၁၀ယောက်က ဒီည၇နာရီတွင် တရားဝင်ဖွင့်ပေမည်... အသေးစိတ်ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ...]


ကုယွီမြန် : "...."

ငါ လူသစ်ပြိုင်ပွဲထဲမှာပဲ ရှိသေးတယ်ဆိုတာ မေ့သွားတော့မလို့... 


သူက ကြယ်တာရာကောင်းကင်၏ စင်နောက်ကို ရောက်သည်နှင့် သကြားခဲ သကြားခဲထံမှ စာတိုတစ်စောင်ကို ရရှိလေ၏။ သကြားခဲ သကြားခဲက linkတစ်ခုကို တိုက်ရိုက်ပို့လိုက်သည်။


[သကြားခဲ သကြားခဲ: [link] ကုယွီမြန်က လူသစ်ပြိုင်ပွဲကို ၁၀၀ရာခိုင်နှုန်း မည်သို့အနိုင်ရနိုင်သည်ကို ကြည့်ရန် ဤနေရာကို နှိပ်ပါ...]


ကုယွီမြန် - "...."


ထို Linkက မည်သည့်နေရာသို့ခေါ်သွားမည်အား အနည်းငယ် သိချင်နေ၏။ 

လူသစ်ပြိုင်ပွဲကို ၁၀၀ရာနှုန်း နိုင်မယ့်နည်းလမ်းက ဘာလဲ...


ရလာဒ်မှာ အနက်ရောင် စာလုံးကြီးများဖြင့် တိုက်ရိုက်ပြသထားလေသည်။

"တိုက်ရိုက်ထုတ်လွှင့်ခြင်း..."


သကြားခဲ သကြားခဲနှင့် တရားဝင် လူသစ်အဖွဲ့မှာ ဤသည်ကို တွေးထားသည်မှာ အတန်ကြာပြီ ဖြစ်သည်။ လူသစ်ချန်ပီယံက ကုယွီမြန်မဟုတ်ပါက တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကုယွီမြန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်လိုက်ပြီး သူတို့၏ ဝမ်းနည်းမှုက ဆယ်စုနှစ်ပေါင်းများစွာ ကြာနေမည် ဖြစ်၏။ 


တစ်နည်းဆိုရသော် သူ ဆက်လက်ပြီး တိုက်ရိုက်ထုတ်လွှင့်နေသမျှ ကာလပတ်လုံး အိပ်နေရုံနှင့်ပင် အနိုင်ရနိုင်သည်။


မူလက ပြိုင်ပွဲ၏ မျှခြေကိုထိန်းထားရန် အခြားရွေးချယ်စရာအစီအစဉ်တစ်ခုရှိပေသည်။ သို့သော် ထိုအခြားသော အစီအစဉ်များက ကုယွီမြန်နှင့်ယှဉ်သည့်အခါ လုံးဝပင် လက်တွေ့မကျကာ ယခုတွင်သူတို့က ရုန်းကန်ကာ ပျော်ရွှင်ပြီး တွေးခေါ်နည်ပြောင်းလဲ စေသည်။


အဲ့ဒါက ပြောင်းလို့မရဘူးဆိုတော့ လူသစ်တွေကို ကကုယွီမြန်နဲ့ တွေ့ခိုင်းလိုက်တာ ပိုကောင်းပါတယ်...

အယ်လ်ဘတ်စားသောက်ဆိုင်သို့ ရောက်ခဲ့သည့် လူသစ်ကလည်း ကုယွီမြန်၏ နာမည်ကျော်မှုကို မသိလိုက်ဘဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။ 


ဤသည်က နှစ်ပေါင်းများစွာအကြာတွင် လူသစ်ပြိုင်ပွဲကျင်းပသည့် ပထမဆုံးအကြိမ်ဖြစ်ကာ အနိုင်ရသူက မည်သူဖြစ်သင့်သည်ကို သူတို့က သိပေသည်။


[ကုယွီမြန်: ထိပ်ဆုံး အယောက် ၂၀ကနေ ထိပ်ဆုံး၁၀ဖြစ်ဖို့အတွက် နည်းလမ်းတွေက ဘာတွေလဲ...]


[သကြားခဲ သကြားခဲ: နည်းလမ်းတွေက တခြားသူတွေအတွက် ချထားတာ... ရှင် သိစရာမလိုပါဘူး...]


ကုယွီမြန် - "...."

သူက တခြား တင်ဆက်သူတွေကို သနားနေတာလား....


ညနေ၇နာရီတွင် ကုယွီမြန်က သူ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မီဖွင့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု စလိုက်သည်နှင့် စောင့်နေကြသော ပရိသတ်များက ဝင်လာပြီး မှတ်ချက်များက ဗုံးတစ်ခုထံမှ ပေါက်ထွက်လာသကဲ့သို့ပင်။ 


"မင်္ဂလာပါ... ကျွန်တော်က တင်ဆက်သူ ကုယွီမြန်ပါ..."

ကုယွီမြန်က နှင်းကျားသစ်လေး၏ လက်ဖြင့် လူတိုင်းကို လက်ပြလိုက်ကာ မျက်လုံးမှေးပြီး ဆိုလိုက်သည်။ 

"ကျွန်တော်တို့က ဒီည ဆန်ပြုတ်၊ နံရိုးပေါင်းနဲ့ ခေါင်ရန်းပုစွန် စားကြမှာ... ကျွန်တော်က ကြယ်တာရာကောင်းကင်ရဲ့ တိုက်ရိုက်ထုတ်လွင့်တဲ့ ပလက်ဖောင်းပေါ်က လူသစ်ပြိုင်ပွဲမှာလည်း ဝင်ပါနေတယ်... ကျွန်တော့်လိုပဲ လူသစ်ပြိုင်ပွဲကိုပါ အာရုံစိုက်နိုင်ဖို့ ​မျှော်လင့်ပါတယ်... ကျေးဇူးပါ..."


ပရိသတ် - "……"


တင်ဆက်သူတစ်ယောက်အတွက် ရုံးက ကြေညာတာပဲ ငါ မြင်ဖူးတယ်... ဒါပေမဲ့ တင်ဆက်သူတစ်ယောက်က ရုံးအတွက် ကြေညာပေးတာတော့ ပထမဆုံး မြင်ဖူးတာပဲ...


ဒါပေမဲ့...


သူတို့က သူတို့ရှေ့မှ ဆန်ပြုတ်၏ ဆွဲဆောင်ခြင်းကို ခံထားရ၍ ၄င်းကို ထပ်မပြောနိုင်ပေ။ ဆန်ပြုတ်မှာ အချိန်ကြာမြင့်စွာ ချက်ထားသည်မှာ သိသာလှသည်။ ဆန်စေ့များက ဖြူဖွေးကာ စေးကပ်နေ၏။ ပြည့်ဝကာ ပျစ်နှစ်နေသော ဆန်ပြုတ်ထဲတွင် ငါးကြော်၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူ၊ နူးညံ့နီရဲနေသော ပုစွန်နှင့် မွှေးပျံ့သော ရနံ့က စိမ့်ထွက်လာ၏။




🐯🐯🐯