Chapter 58
Viewers 11k

💘Chapter 58 

အလုပ်ကိုအဖော်တစ်ယောက်ခေါ်လာခြင်း



ချန်ဖုန်းအုပ်စုကအထွေထွေမန်နေဂျာ၏နာမည်က ကျူးကောဖုန်းဖြစ်၏။သူက အထွေထွေမန်​​နေဂျာရာထူးမှာ ဆယ်နှစ်ကျော်ရှိနေခဲ့သည်။သူက အဖြူရောင်suitကိုဝတ်ရသည်အားကြိုက်၏။


ချန်ဖုန်းအုပ်စု၏ ဝန်ထမ်းများမှာ ကျူးကောဖုန်း၏အဝတ်ဗီရိုက ထိုပုံစံအဖြူရောင်suitများနှင့်ချည်းပြည့်နေမလားဟု အကြိမ်ပေါင်းများစွာ သံသယဖြစ်ဖူးကြလေသည်။ချန်ဖုန်းအုပ်စုမှာ အဖြူရောင်ကို ဖျတ်ခနဲမြင်လိုက်ရလျှင်ပင် သေချာပေါက် အထွေထွေမန်​နေဂျာရောက်လာခြင်းဖြစ်ကြောင်း သိပြီးဖြစ်သည်။


ယခုအချိန်မှာ မားကတ်တင်းဌာနက လူများ မယုံနိုင်ဖြစ်နေကြသည်။သူတို့၏မားကတ်တင်းဒါရိုက်တာအသစ်က HR(လူသားအရင်းအမြစ်)ဌာနမှ ရုံးခန်းပတ်ဝန်းကျင်နှင့်ရင်းနှီးအောင် လိုက်ပို့ပေးရသည့်တစ်စုံတစ်ယောက်မဟုတ်ဘဲ အထွေထွေမန်နေဂျာကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးရသည့်လူဖြစ်နေ၏။


​ဤသည်ကနေ ဒါရိုက်တာအသစ်က အထွေထွေမန်နေဂျာ၏ မြင့်မြင့်မားမားတန်ဖိုးထားခြင်းခံရသည့်လူဖြစ်ကြောင်းမြင်နိုင်သည်။


ခဏလောက်တိတ်ကျသွားပြီးနောက် မားကတ်တင်းဌာန၏လုပ်ဖော်ကိုင်ဖက်များမှာ အခြေအနေကိုစိတ်ထဲမှာရှင်းရှင်းလင်းလင်း ချင့်တွက်မိလိုက်ကြပေပြီ။


ကျူးကောဖုန်းနှင့် အပြန်အလှန်နှုတ်ဆက်ပြီးနောက် ကျူးကောဖုန်းက ဝေ့ချန်ကို မားကတ်တင်းဌာန၏ရုံးခန်းဆီသို့ဖိတ်ခေါ်လိုက်၏။မားကတ်တင်းဌာန၏မန်နေဂျာက သတင်းကြားပြီး အလျင်အမြန်  ဝန်ထမ်များ၏ရှေ့မှာ ရပ်၍ အထွေထွေမန်နေဂျာနှင့်ဒါရိုက်တာအသစ်တို့၏ရောက်ရှိလာမှုကို ခရီးဦးကြိုလေသည်။


"လူစုံ​ပြီလား"

အထွေထွေမန်နေဂျာက အခန်းကိုတစ်ချက်ဝေ့ကြည့်ပြီး မားကတ်တင်းဌာန၏မန်နေဂျာကိုပြောလိုက်၏။

 

"ဟုတ်ကဲ့ စုံပါပြီ"

မားကတ်တင်းဌာန၏မန်နေဂျာက ခေါင်းညိတ်ကာ ဦးညွတ်လိုက်လေသည်။


ကျူးကောဖုန်းက မားကတ်တင်းဌာန၏မန်နေဂျာကိုတစ်ချက်ကြည့်ပြီးနောက် မားကတ်တင်းဌာနထဲကလူတိုင်းကိုမိတ်ဆက်ပေးလိုက်သည်။


"ဒါက မင်းတို့ရဲ့ဒါရိုက်တာအသစ် ​ဝေ့ချန်...ဝေ့ချန်ကအသက်ငယ်လို့ဆိုပြီးသွားအထင်မသေးနဲ့...သူ့အရည်အချင်းကိုငါတောင်လေးစားရတယ်"


ရိုးရှင်းသောဝါကျတစ်ကြောင်းနှင့် ဝေ့ချန်က မြင့်မြင့်မားမားချီးကျူးခြင်းခံလိုက်ရပြီး ယင်းက ဝေ့ချန်ကို မျက်နှာရစေရန်လုံလောက်လေသည်။


"နောက်ထပ်အနေနဲ့ မင်းတို့ရဲ့ဒါရိုက်တာဝေ့က မင်းတို့ကိုစကားနည်းနည်းပြောလိမ့်မယ်"


ဝေ့ချန်က ရှေ့တက်ကာ မားကတ်တင်းဌာနကဝန်ထမ်းများအပေါ်မှာ အေးစက်သောအကြည့်တစ်ချက်ဖြန့်ကျက်လိုက်၏။ထို့နောက် သူကဖြည်းညှင်းစွာပြောလေသည်။

"ကျွန်တော်က ဝေ့ချန်ပါ အကုန်လုံးနဲ့အလုပ်အတူတူလုပ်ရဖို့မျှော်လင့်နေပါတယ်"


မိန့်ခွန်းအရှည်ကြီးမပါသလို ချီးမွမ်းထောပနာစကားများလည်းမပါဘဲ ရိုးရှင်းသောဝါကျတစ်ကြောင်းဖြင့် ဝေ့ချန်က သူ၏မိန့်ခွန်းကိုအဆုံးသတ်လိုက်၏။ယခင်ဒါရိုက်တာဟောင်း၏မိန့်ခွန်းအရှည်ကြီးများကို ကျင့်သားရနေသော မားကတ်တင်းဌာနထဲက လုပ်ဖော်ကိုင်ဖက်များမှာ အနည်းငယ်အနေရခက်သလို ခံစားလိုက်ရကြရပြီး ဝေ့ချန်ကို ကြောင်တောင်တောင်ကြည့်လိုက်ကြသည်။


ဝေ့ချန်နှင့်အကြိမ်ရေအနည်းငယ်လောက်အဆက်အဆံလုပ်ပြီးနောက် ကျူးကောဖုန်းတစ်ယောက် ဝေ့ချန့်၏အကျင့်စရိုက်ကိုသိ​နေပြီဖြစ်သည်။ထို့ကြောင့် လူတိုင်းက သတိပြန်မဝင်လာခင်မှာပဲ ကျူးကောဖုန်းကရှေ့ကနေဦးဆောင်ပြီး လက်ခုပ်တီးလိုက်၏။

 

ကျူးကောဖုန်း၏လက်ခုပ်သံက မားကတ်တင်းဌာနက လုပ်ဖော်ကိုင်ဖက်များကို သတိပြန်ဝင်လာစေပြီး သူတို့လည်း လက်ခုပ်တီးကာ ဝေ့ချန်၏ရောက်ရှိလာမှုကို ကြိုဆိုလိုက်ကြသည်။


မည်သည့်ဝန်ထမ်းကမှ သူတို့၏အထက်လူကြီးကို အဆုံးမရှိသော မိန့်ခွန်းအရှည်ကြီးကို မပေးစေချင်ကြပေ။ထိုသို့ဖြစ်ရာ ဝေ့ချန်၏ရိုးရှင်းသောဝါကျက မားကတ်တင်းဌာနက ဝန်ထမ်းများပေါ်မှာအမြင်ကောင်းတစ်ခုချန်ထားရစ်ခဲ့ပြီး သူတို့၏လက်ခုပ်သံများက ထူးထူးခြားခြားကို စိတ်အားထက်သန်နေခဲ့လေသည်။


ဤအရာများအားလုံးကိုမြင်ပြီးနောက် ကျူးကောဖုန်းက လှည့်ကာဝေ့ချန်၏ပခုံးကိုပုတ်လိုက်ပြီး အရေးကြီးသောတာဝန်တစ်ခု သူ့ကိုအပ်နှင်းနေသည့်ပုံစံဖြင့်ဆိုလေသည်။


"ငါ အပေါ်ထပ်တက်တော့မယ်...ပြီးရင် ရှောင်ကောင်းကို မင်းကို ကုမ္ပဏီရဲ့ပတ်ဝန်းကျင်နဲ့ရင်းနှီးအောင်လိုက်ပြခိုင်းဖို့လွှတ်လိုက်မယ်...မင်းမြန်မြန်အသားကျသွားဖို့ငါမျှော်လင့်တယ်...နောက်လ အစီရင်ခံစာပေါ်က လုပ်ဆောင်ချက်ထဲမှာ ဘာနှောင့်နှေးမှုမှငါမမြင်ချင်ဘူး"


ဝေ့ချန်က ခေါင်းညိတ်လိုက်၏။

"နားလည်ပါပြီ"

သူစကားများက ခိုင်မာပြီးပြတ်သားနေခဲ့သည်။


၎င်းနောက်မှာ ကျူးကောဖုန်းကစိတ်လက်ပေါ့ပါးစွာဖြင့်ထွက်ခွာသွာ၏။သို့ပေမဲ့ တံခါးနားကိုရောက်ချိန်မှာ ကျူးကောဖုန်းက တန့်သွားပြန်ပြီး နောက်လှည့်ကာ မားကတ်တင်းဌာနထဲက လုပ်ဖော်ကိုင်ဖက်များကို ပြုံးပြလိုက်သည်။ 

"နင်တို့ရဲ့ အတင်းအဖျင်းတွေက လုံးဝကြီးတော့ မှားမနေဘူး...ဒါပေမဲ့ နင်တို့ရဲ့ဒါရိုက်တာက တစ်ကိုယ်တည်းသမားကိုလူပျိုမဟုတ်တော့ဘူး...သူကလက်ထပ်ပြီးသွားပြီ"


အနှီစကားကိုချန်ထားခဲ့ပြီးနောက် ကျုးကောဖုန်းက ဓာတ်လှေကားပွင့်လာသည်နှင့် ဓာတ်လှေကားထဲဝင်သွားလိုက်သည်။ဓာတ်လှေကားတံခါးများပိတ်သွားသည်နှင့် ကျူးကောဖုန်းတစ်ယောက် အသဲနှလုံးကွဲကြေသွားသံကိုကြားလိုက်ရသလိုပင် ခံစားလိုက်ရလေသည်။


ကျစ်ကျစ် ငါ့ကောင်တို့ရာ ထူးချွန်လွန်းတာလည်း အမြဲတမ်းကြီး​တော့ မကောင်းဘူးဟ...သူလိုမျိုးပေါ့...


ဓာတ်လှေကားတံခါးများပိတ်သွားသည့်အခိုက်မှာ မားကတ်တင်းဌာနထဲတွင် အမှန်တကယ်ပင် အသဲနှလုံးကွဲကြေသွားသည့်အသံရှိနေခဲ့ပါ၏။အနှီအသဲကွဲသံက သူတို့၏ဒါရိုက်တာအသစ်က လက်ထပ်ပြီးသားဖြစ်သည်ကိုသိလိုက်၍အတွက်အကြောင့်တင်မဟုတ်ပါဘဲ သူတို့အတင်းတုပ်နေသည်များကို အထွေထွေမန်နေဂျာကြားသွားသည်ဆိုသည့်အမှန်တရားကြောင့်ပါ ဖြစ်လေသည်။


အိုင်း...ဘဝက သူတို့ကိုထပ်ပြီးကျီစားပြန်ပြီ...မားကတ်တင်းဌာနက လုပ်ဖော်ကိုင်ဖက်များ၏မျက်နှာပေါ်မှာ

မျှော်လင့်ချက်မဲ့နေသောအမူအရာများဆင်မြန်းထားကြသည်။ 


"ကောင်းပြီ အလုပ်ပြန်လုပ်ကြစို့ လူတိုင်း"


ချန်ဖုန်းအုပ်စု၌ အချိန်အကြာကြီးရှိနေခဲ့သည့် မားကတ်တင်းဌာန၏မန်နေဂျာ ဟဲခယ်ချမ်းက ဂျူနီယာဝန်ထမ်းလေးဘဝမှ မားကတ်တင်းဌာန၏မန်နေဂျာဖြစ်လာသည်အထိ အခက်အခဲများစွာကိုဖြတ်ကျော်ခဲ့ရ​လေသည်။သူ၏အကြီးမားဆုံးအရည်အချင်းက လူတို့၏စိတ်ကိုဖတ်တတ်ခြင်းဖြစ်၏။


မားကတ်တင်းဌာန၏ဒါရိုက်တာအဟောင်းက ရာထူးတိုးသွားသဖြင့် သူဒါရိုက်တာဖြစ်ရမည့်အလှည့်ကိုရောက်လာပြီဟု ဟဲခယ်ချမ်းထင်ခဲ့သည်။သို့သော်လည်း ထိုအိပ်မက်က ကြာရှည်မခံလိုက်၊HRဌာနက သူတို့ဒါရိုက်တာအသစ်တစ်ယောက် ခန့်လိုက်ကြောင်းသူ့ကိုအကြောင်းကြားလာပြီး သူ့ကို ဒါရိုက်တာသစ်နှင့်အလုပ်မှာ ပူးပေါင်းဆောင်ရွက်ပေးရန်ခိုင်းလာခဲ့သည်။


သူ့ပါးစပ်ထဲရောက်လာခါနီး ဘဲကပျံပြေးသွားပြီး သူ့သားအရွယ်ပင်မရှိသောဂျူနီယာတစ်ယောက်၏ပါးစပ်ထဲကိုရောက်သွားသည်။ဟဲခယ်ချမ်း ကသိကအောက်ဖြစ်သည်မှာ သဘာဝဖြစ်ပေသည်။သာမန်လူတစ်ယောက်သာဆိုလျှင် ဝေ့ချန်ကိုအခက်တွေ့အောင်လုပ်မည်မှာသေချာသလောက်ရှိပေမဲ့ ဟဲခယ်ချမ်းက သူ့ဒေါသကိုမြိုသိပ်ထားပြီး ဝေ့ချန်၏ရှေ့မှာ 

လေးလေးစားစားပြုမူခဲ့လေသည်။


"ဒါရိုက်တာဝေ့ ကျွန်တော် မင်းကို မင်းရဲ့ရုံးခန်းဆီခေါ်သွားပါရစေ"


သူ၏လက်အောက်ငယ်သားများကို အလုပ်သွားလုပ်ခိုင်းပြီးနောက် ဟဲခယ်ချမ်းကဝေ့ချန်နားကပ်ကာ အပြုံးမျက်နှာဖြင့် ကြိုဆိုဟန်အမူအရာပြုလုပ်လိုက်၏။


ချန်လီကအမြဲ အလွန်အမင်းနိမ့်ပါးလှသောတည်ရှိမှုဖြင့်(ရှိနေမှန်းမသိသာ) ဝေ့ချန်၏ဘေးမှာ  တိတ်တိတ်လေးရပ်နေခဲ့သည်။ဟဲခယ်ချမ်းကလည်း ချန်လီကို​သတိပြုမိပေမဲ့ ဝေ့ချန်ကို ချန်လီဘယ်သူလဲဆိုသည်ကို မမေးခဲ့ပေ။မည်သို့ပင်ဖြစ်စေ အထွေထွေမန်နေဂျာရှိနေစဥ်က ဤလူငယ်လေးကိုမဝင်ရဘူးဟုမတားမြစ်ခဲ့ပေ။လူငယ်လေးကိုမြင်သည့်အခါ သူ့မျက်နှာပေါ်မှာ ဘာအံ့ဩမှုမှမပြဘဲ လူငယ်လေး၏အထောက်အထားကိုသိပြီးသားဖြစ်ဟန်တူလေသည်။


ဝေ့ချန်က ခေါင်းညိတ်၍ ဟဲခယ်ချမ်းနောက်ကနေ သူ့ရုံးခန်းဆီသို့လိုက်သွားခဲ့၏။


မားကတ်တင်းဌာနက ချန်ဖုန်းအဆောက်အဦး၏ဆယ့်ကိုးလွှာမှာတည်ရှိလေသည်။ဝေ့ချန်၏ရုံးခန်းက လမ်းနှင့်မျက်နှာချင်းဆိုင်ဖြစ်သဖြင့် မှန်ပြတင်းများကနေ ကြည့်လိုက်လျှင် ပျားပန်းခပ်စည်းကားနေသော ယာဥ်အသွားအလာမြင်ကွင်းကျယ်ကို မြင်နေရ၏။


"မန်နေဂျာဟဲ မားကတ်တင်းဌာနကနေ အရင်လနဲ့ဒီလအတွက်ဆောင်ရွက်ချက်အစီရင်ခံစာတွေကို ယူလာခဲ့ပေးပါ"


ဝေ့ချန်က မျက်နှာကျက်ကနေကြမ်းပြင်အထိရှိသောမှန်ပြတင်းကနေအပြင်ကို ခဏလောက်လှမ်းကြည့်နေပြီးနောက် သူ့​နောက်မှာရပ်နေသော ဟဲခယ်ချမ်းကိုပြောလိုက်သည်။


ဝေ့ချန်က တန်းအလုပ်စလုပ်လိမ့်မည်ဟု ဟဲခယ်ချမ်းမမျှော်လင့်ထားပေ။သူ့မှာ ယခင်လအတွက်ဆောင်ရွက်ချက်အစီရင်ခံစာရှိပေမဲ့ ဤလက လဝက်ပဲရှိသေးသ​ဖြင့် သူ ၎င်းကိုမစုစည်းရသေးပေ။ဝေ့ချန်အတွက် ဘယ်နေရာကနေအစီရင်ခံစာကိုသွားရှာရမှန်းသူမသိဖြစ်နေ၏။


"ဒါရိုက်တာဝေ့ ဟိုဟာ..."


ဟဲခယ်ချမ်းက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီး သူ့လက်ထဲမှာပြီးပြည့်စုံသည့်အစီရင်ခံစာရှိမနေသည့်အတွက် ရှက်ရွံ့သလိုခံစားရကာ ဘာပြောရမှန်းမသိဖြစ်နေသည်။


ဝေ့ချန်၏မျက်လုံးများက မှန်ပြတင်းပေါ်၌ ရောင်ပြန်ဟပ်နေသော ဟဲခယ်ချမ်း၏အမူအရာကိုဖမ်းမိလိုက်သည်။သူက နောက်လှည့်ပြီး ဟဲခယ်ချမ်းကို အေးစက်စက်အကြည့်တစ်ချက်ပေးကာ ပြောလိုက်၏။


"ဒီနေ့အလုပ်မဆင်းခင် ဆောင်ရွက်ချက်အစီရင်ခံစာကို မြင်ရဖို့မျှော်လင့်တယ်"


ရုံးခန်းထဲက အဲကွန်းကအတော်လေးနှိမ့်ထားပုံရသည်ထင်၊ဟဲခယ်ချမ်း ကျောရိုးတလျှောက်အေးစက်သွားသလိုခံစားလိုက်ရပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထလာသည်။ဝေ့ချန်ဆီက ထွက်ပေါ်လာနေသောအရှိန်အဝါက ဟဲခယ်ချမ်းကိုအလိုလို ဦးညွတ်သွားမိစေပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်၏။


"အလုပ်ဆင်းချိန်မတိုင်မီ အစီရင်ခံစာကို ဆက်ဆက်လာပို့ပါမယ်"


"ကောင်းပြီ"

ဝေ့ချန်က ခေါင်းညိတ်လိုက်၏။

"ခင်ဗျားသွားလို့ရပြီ"


လွတ်ငြိမ်းချမ်းသာခွင့်ရသွားသလိုမျိုး ဟဲခယ်ချမ်းက ဝေ့ချန်၏ရုံခန်းထဲကနေ အလျင်အမြန်ထွက်သွားလေသည်။ရုံးခန်းတံခါးပိတ်သွားသည်နှင့်တပြိုင်နက်

ဟဲခယ်ချမ်း သူ့တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေသည်ကိုသတိပြုမိလိုက်ပြီး ဝေ့ချန်၏ရုံးခန်းထဲရှိ သူ၏အပြုအမူကိုပြန်တွေးကာ မျက်နှာကြီးမည်းမှောင်သွားသည်။


သောက်ကလေးကများ ခေါင်းဆောင်အသစ်ဆိုတဲ့ရာထူးကိုသုံးပြီး သူ့ကိုဖိနှိပ်ချင်တယ်ပေါ့လေ...


ဤသို့တွေးလိုက်သော်လည်း ဟဲခယ်ချမ်း သူ၏လက်အောက်ငယ်သားများကို အစီရင်ခံစာစုစည်းရန် သွားလောဆော်လိုက်ဆဲဖြစ်လေသည်။

.

တခြားသူများအကုန်လုံးထွက်သွားသည့်အခါ ဝေ့ချန်၏ရုံးခန်းထဲမှာ သူနှင့်ချန်လီပဲကျန်နေခဲ့သည်။ချန်လီက ပတ်ဝန်းကျင်အသစ်မှာရောက်နေသဖြင့် အနည်းငယ်ငြိမ်နေပြီး ရုံးခန်းထဲကဆိုဖာပေါ်မှာ မတ်မတ်ကြီးထိုင်ကာ အဝေးကိုကြည့်ရင်း အတွေးထဲမှာလွှင့်မျောနေ၏။


ဝေ့ချန်က ချန်လီကိုသွားမနှောက်ယှက်ဘဲ တိတ်တိတ်လေး ပန်းချီဆွဲရန် ဒေါက်တစ်ခုဆင်ပြီး ဆေးရောင်စုံဘူးများကို ​နေရာတကျချထားလိုက်သည်။


ချန်လီသည် အနှီပတ်ဝန်းကျင်က သူ့အတွက်အန္တရာယ်မရှိကြောင်း သေချာခါမှ ဆိုဖာပေါ်ကနေထရပ်လိုက်သည်။သူနောက်လှည့်လိုက်ချိန်မှာပဲ ကြမ်းပြင်ကနေမျက်နှာကျက်အထိရှိသောမှန်ပြတင်း၏ဘေးမှာ ဒေါက်တိုင်နှင့်ဆေးရောင်စုံဘူးများကို သူမြင်လိုက်ရပြီး သူ့မျက်လုံးများတောက်ပသွားခဲ့၏။သူ့ခြေထောက်များက ထိုဆီသို့အလိုလိုရွေ့သွားခဲ့သည်။


နာရီဝက်အကြာမှာ ကျူးကောဖုန်း၏လက်ထောက် ကောင်းရှန့် မားကတ်တင်းဌာနကိုရောက်လာသည်။သူ့ကို အထွေထွေမန်နေဂျာက ဝေ့ချန်ကိုချန်ဖုန်းအုပ်စုနှင့်ရင်းနှီးအောင်လိုက်ပြပေးရန် အမိန့်ပေးလိုက်ခြင်းဖြစ်၏။

 

ဝေ့ချန်က အလုပ်ကိုအဖော်ခေါ်လာမည်မှန်းသူသိ​ပြီးသား​ဖြစ်ပေမဲ့ တံခါးကိုဖွင့်လိုက်ချိန်မှာ ရုံးခန်းထဲတွင်ရှိမနေသင့်သည့်လူတစ်ယောက်ကိုမြင်လိုက်ရသည့်အခါ ကောင်းရှန့်၏လက်များ ခဏလောက်တန့်သွားခဲ့သည်။


သို့သော်လည်း အထွေထွေမန်နေဂျာ၏လက်ထောက်တစ်ယောက်အနေဖြင့် ကောင်းရှန့်ကသူ၏မျက်နှာအမူအရာကိုကောင်းကောင်းထိန်းချုပ်နိုင်လေသည်။သူတံခါးကိုတွန်းဖွင့်ပြီးဝင်လိုက်သည့်အခိုက်မှာ သူ့မျက်လုံးများထဲမှာ တခြားဘာခံစားချက်မှရှိမနေခဲ့ပေ။


"ဒါရိုက်တာဝေ့ အထွေထွေမန်နေဂျာက ကျွန်တော့်ကို မင်းကို အလုပ်ခွင်နဲ့ရင်းနှီးအောင်ကူညီပေးခိုင်းလိုက်လို့ပါ"


ကောင်းရှန့်က ဝေ့ချန်၏စားပွဲခုံဘေးကိုလျှောက်သွားကာပြောလိုက်သည်။


"အလုပ်ရှုပ်စေမိပါပြီ"

ဝေ့ချန်က ထရပ်ကာ ကောင်းရှန့်ကိုခေါင်းညိတ်ပြလိုက်သည်။


ကောင်းရှန့်၏အမူအရာက အေးဆေးတည်ငြိမ်နေဆဲဖြစ်၏။

"ဒါက ကျွန်တော့်ရဲ့တာဝန်ပါ"


ကောင်းရှန့်က ထိုသို့ပြောသော်လည်း ယင်းက ကျူးကောဖုန်း၏ သူ့ကိုမျက်နှာသာပေးသောနည်းလမ်း ဖြစ်မှန်း ဝေ့ချန်သိလေသည်။ ဝေ့ချန်ကလည်း ကျူးကောဖုန်း၏လုပ်ရပ်များနောက်ကွယ်ကသိုဝှက်ထားသောအဓိပ္ပါယ်ကို မစဥ်းစားဘဲနားလည်၏။


အထွေထွေမန်နေဂျာ၏လက်ထောက်ရာထူးက သူ၏ဒါရိုက်တာရာထူးထက် ပိုမြင့်လေသည်။အထွေထွေမန်နေဂျာ၏လက်ထောက်ကို သူ့အား ကုမ္ပဏီအားလိုက်ပြပေးခိုင်းခြင်း၊အစောက သူ့ကို ကိုယ်တိုင်ကိုယ်ကျပင် လာ​ရောက်ကြိုဆိုပြီး မားကတ်တင်းဌာနက လုပ်ဖော်ကိုင်ဖက်များနှင့်မိတ်ဆက်ပေးခြင်းတို့အကုန်လုံးက ကုမ္ပဏီကလူတိုင်းကို ကျူးကောဖုန်းက မက်ဆေ့ချ်တစ်ခုပေးချင်နေခြင်းဖြစ်သည်

—မားကတ်တင်းဌာန၏ဒါရိုက်တာက အထွေထွေမန်နေဂျာ၏လူ ဟူ၍။


ဆိုရိုးစကားတစ်ခုရှိပေသည်၊*"လူ​တွေရှိသည့်​နေရာတိုင်းမှာ ကျန်းဟူရှိသည်"။ချန်ဖုန်းအုပ်စုက အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်ပေငြား အနှီဆိုရိုးစကား၏ လေးနက်သောအဓိပ္ပါယ်ထဲမှ မလွတ်မြောက်နိုင်ပေ။ချန်ဖုန်းအုပ်စုအတွင်းရှိ ဂိုဏ်းကွဲမှုပြဿနာများကလည်း အတော်လေးပြင်းထန်ပေသည်။

(T/N–လူတွေစုစုဝေးဝေးရှိတဲ့နေရာတိုင်းမှာ လူအမျိုးအစား​ပေါင်းစုံ၊ကိစ္စပေါင်းစုံရှိတတ်တယ်)


ဝေ့ချန် ချန်ဖုန်းအုပ်စုသို့လာချိန်မှာ သူက ကုမ္ပဏီ၏ဖွဲ့စည်းပုံကိုလေ့လာပြီးပြီဖြစ်ကာ အရှုပ်အထွေးများကိုလည်းနားလည်ပြီးသားဖြစ်၏။သို့သော်လည်း ချန်ဖုန်းအုပ်စု၏ဖိတ်ခေါ်ချက်

ကို သူလက်ခံလိုက်ပြီဆိုကတည်းက သူက သူ့အလုပ်ကိုအာရုံစိုက်ရတော့မှာဖြစ်သည်။


ဂိုဏ်းအုပ်စုများကြားက တိုက်ခိုက်မှုများအတွက်မူ ချန်ဖုန်းအုပ်စုထဲကိုဝင်ပြီးနောက် သူရှောင်၍ရမည်ဟုဝေ့ချန် တစ်ခါမှမထင်ခဲ့ဖူးပေ။ဂိုဏ်းကွဲမှုပြဿနာများကို မည်သို့ကိုင်တွယ်ရမည်ကိုသာ  ခေါင်းထဲမှာ ထည့်တွေးပြီး သူ့မှာ သူ့ကိုယ်ပိုင်သုံးသပ်မှုများရှိနေသည်။


စိတ်ထဲမှာ တစ်ခုခုကိုတွေး​နေရင်း ဝေ့ချန် ကောင်းရှန့်ပြောသည့်စကားများကိုလည်း နားထောင်နေခဲ့သည်။သူ့အနေဖြင့် မလာခင်မှာ ကုမ္ပဏီ၏ဖွဲ့စည်းတည်ဆောက်ပုံကို တချို့တလေနားလည်ပြီးသားဖြစ်ပေမဲ့ ကောင်းရှန့်၏နာမည်ကိုအသုံးချပြီး တခြားဌာနကမန်နေဂျာများနှင့်တွေ့ဆုံခဲ့သည်။


ဝေ့ချန် ကုမ္ပဏီကိုတစ်ပတ်ပတ်ပြီး၍ ကောင်းရှန့်ကိုနှုတ်ဆက်ပြီးချိန်မှာ နေ့လယ်ရောက်နေပြီဖြစ်ကာ သူ့ဆီမှာလည်း လုပ်ငန်းကတ်တချို့ထပ်ရောက်လာပြီဖြစ်သည်။စိတ်ရင်းမမှန်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေနှင့်ဖြစ်စေ ကိစ္စမရှိပါချေ။ဤကုမ္ပဏီထဲ သူဝင်လိုက်ပြီး မားကတ်တင်းဌာန၏ဒါရိုက်တာရာထူးကိုယူလိုက်ပြီဆိုကတည်းက ဝေ့ချန် သူ့တာဝန်သူကျေပွန်အောင်ထမ်းဆောင်မှာဖြစ်သည်။တခြားသူများ သူ့ကိုမည်သို့တွေးကြသည်ဆိုခြင်းက အရေးမပါတော့ပါချေ။


ဝေ့ချန် သူ့ရုံးခန်းဆီပြန်လာပြီးနောက် ချန်လီက ပန်းချီဆွဲ၍ မပြီးသေး​ပေ။ဝေ့ချန်က သူ့ကိုနှောက်ယှက်မိမှာစိုး၍အနားကပ်မသွားခဲ့ပေ။သူ ချန်လီနောက်၌သာ ရပ်ပြီး ချန်လီ၏ပန်းချီကားထဲမှာ ဖော်ပြထားသည့် အတွင်းစိတ်ကမ္ဘာ​​ကို လေ့လာနေခဲ့သည်။


ထိုအခိုက်အတန့်မှာ ဝေ့ချန် နောက်ဆုံးတွင် ငြိမ်သက်အေးချမ်းမှု အစစ်အမှန်ကို ခံစားလိုက်ရလေသည်။



<< >>


💘