Chapter 68
Viewers 5k

👾Chapter 68

[ခင်များ ကျွန်တော့်ကို ချစ်ပေးမှာလား။ ခင်များ ကျွန်တော့်ကို အနမ်းပေးမှာလား]



လင်းဟန်နေထိုင်ရာ နေရာသည် အလွန်မမြင့်မားသဖြင့် တက်လာရန် မိနစ်အနည်းငယ်သာ ကြာမြင့်သည်။


ဟယ့်ယွင်ထင် ခေါင်းညိတ်သဘောတူပြီးနောက် မီးတိုင်အောက်မှ ပျောက်ကွယ်သွားပြီး အပေါ်ထပ်သို့ ခြေတစ်လှမ်းချင်း လျှောက်လာလေသည်။


လင်းဟန် ငေးငိုင်နေဆဲဖြစ်ကာ ဆက်သွယ်ရေးစက်ကိုပင်လျှင် မချရသေးပေ။ 


ညအမှောင်တွင် ရောနှောနေသည့် တစ်ဖက်လူ၏ပုံရိပ်သည် သူ့မြင်လွှာတွင် စွဲကျန်နေရစ်သွားကာ သူ၏စိတ်မှာ တစ်မိနစ်အပြည့်ပင် မလည်ပတ်နိုင်ချေ။


ဟယ့်ယွင်ထင် တက်လာသည့်အခါ ဘာပြောရမည်၊ ဘာလုပ်ရမည်နှင့် မည်သို့တုံ့ပြန်ရမည် သို့မဟုတ် ဘာမှမတွေးဘဲ အရာအားလုံး သူ့စိတ်တိုင်းကျ လုပ်စေမည်၊ မလုပ်စေမည်ကို သူ မသိတော့ချေ။


ကူးလုလုသည် သူ့စောင်လေးထဲမှ လွတ်ထွက်လာပြီး ငေးကြောင်ကြောင် မတ်တပ်ရပ်နေသည့်လင်းဟန်ကို စိတ်ရှုပ်ထွေးမှုဖြင့် ကြည့်နေသည်။ သူက ဦးစွာ လင်းဟန်၏ဘောင်းဘီကို  ဆွဲလိုက်ပြီးနောက် တုံ့ပြန်မှု မရှိသည်ကို တွေ့သည့်အခါ ခြေထောက်တစ်လျှောက် ‌အ‌ပေါ်သို့ တက်လာ၏။ နောက်ဆုံးတွင် လင်းဟန် လည်ပင်း ဘေးနားတွင် ရပ်တန့်ကာ ပူးကပ်စွာဖြင့် ပွတ်သပ်လိုက်သည်။


လင်းဟန် နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်လာပြီး ကူးလုလုကို သူ့ပုခုံးမှ သူ့လက်ဖဝါးဆီသို့ ညင်သာစွာ ပြောင်းရွှေ့လိုက်သော်လည်း မည်သည်ကိုမှ မပြောပေ။ မည်သို့ပင်ဖြစ်စေ လင်းဟန်က သူ့လက်ရှိစိတ်ကို အာရုံလွှဲရန် အခြားတစ်ခုခုလုပ်ရဖြစ်မည်ဟု ခံစားရသည်။ 


သူ ဟယ့်ယွင်ထင်တက်လာသည်ကို  စောင့်ဆိုင်းနေသည့် ဤမိနစ်အနည်းငယ်အတွင်း၌ အသက်ရှူသံနှင့် နှလုံးခုန်သံများမှာ မမြင်နိုင်သောလက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ခံရသည့်အလား ခံစားနေရသည်။


လင်းဟန်၏စိတ်လှုပ်ရှားမှုသည် ကူးလုလုအပေါ် သက်ရောက်မှုရှိလေသည်။ ၎င်းက သခင်၏ စိတ်မသက်မသာဖြစ်ပုံကို ခံစားမိပုံရပြီး မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိဖြစ်နေသည်။ နောက်ဆုံးတွင်  သူ့အမြီးတိုတို‌လေးကိုသာ ဆန့်ထုတ်လိုက်ရင်း လင်းဟန်၏လက်ကို ကလိထိုးလိုက်သည်။ 


လင်းဟန် ယခုမှ သတိပြန်ကပ်သွားသကဲ့သို့ပင်။ သူပြတင်းပေါက်ကိုပိတ်ပြီးနောက် တံခါးဆီသို့ ခြေလှမ်း တစ်လှမ်းချင်းလှမ်းကာ သော့ဖွင့်လိုက်သည်။


တစ်ချိန်တည်းမှာပင် သူ့အရှေ့၌ လူတစ်ယောက်ပေါ်လာလေသည်။


ဟယ့်ယွင်ထင်က အနည်းငယ် အလျင်စလို လမ်းလျှောက်လာသဖြင့် အသက်ရှူသံမှာ ခါတိုင်းကဲ့သို့ တည်ငြိမ်မနေ။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်သော်လည်း မျက်လုံးများကမူ ငြိမ်သက်နေသည်။


သူတို့နှစ်ဦး မတွေ့ဖြစ်သည်မှာ ရက်အနည်းငယ်သာ ကြာမြင့်သေးသော်လည်း နယ်စပ်ဒေသတွင် ဇီ၀မျိုးကွဲသတ္တဝါများနှင့်အတူရှိသည့် နေ့ရက်များသည် လွန်ခဲ့သည့်ရက်ပေါင်းများစွာက ကဲ့သို့ပင်။ မြင်ကွင်းတစ်ခုစီသည်  ပြန်လည်တွေးတောကြည့်သည့်အခါ လွန်ခဲ့သည့်ဘ၀တစ်သက်တာအချိန်ကဲ့သို့ ဖြစ်နေသည်။


လင်းဟန် သူ့ကို မော့ကြည့်လိုက်သည်။


ဟယ့်ယွင်ထင်သည် အမှန်တကယ် ကိုယ်အလေးချိန် ကျဆင်းသွားပုံရသည် မျက်ခုံးများနှင့် မျက်လုံးများသည် ပထမဆုံး တွေ့ခဲ့သည့်အချိန်ကထက် ပိုမိုနက်ရှိုင်းကာ ထင်ရှားနေသည်။ နှုတ်ခမ်းထောင့်များသည်  ဖြောင့်တန်းအေးစက်နေဆဲဖြစ်သည်။

 á€á€˝á€ąá€ˇá€™á€źá€„်ရသည်အပုလစလကဲအသိုအ  အမှန်တကယ် စိတ်ခံစားချက်ကင်းမဲ့နေသကဲ့သို့ဖြစ်ကာ မည်သို့သောကိစ္စမျိုးကမှ သူ့အား အနည်းငယ်မျှ ကိုင်လှုပ်နိုင်စွမ်းမရှိပေ။


ကူးလုလုသည် ရောက်လာသည့်သူက သူဖြစ်မည်ကို မမျှော်လင့်ထားသော်လည်း လင်းဟန်ထင်ထားသည့်အတိုင်း ပြင်းထန်စွာ တုံ့ပြန်လာခြင်းမရှိပေ။  သူက ဒေါသထွက်သည့် အော်မြည်သံကိုသာ ပြုလုပ်လိုက်ပြီးနောက် သူ့ခွန်အားကို ကောင်းကောင်းသိပြီးဖြည်းညင်းစွာ ပြန်ဆုတ်သွားသည်။


စိတ်မသက်မသာ ဖြစ်သည့်တိတ်ဆိတ်မှုအပြီးတွင် ဟယ့်ယွင်ထင်က နောက်ဆုံး၌ ခြေတစ်လှမ်း လှမ်းလာပြီးနောက် လက်နောက်ပြန်ဖြင့် တံခါးပိတ်လိုက်သည်။


" မစ္စတာလင်း " 


ဟယ့်ယွင်ထင်သည် လင်းဟန်က အဘယ့်ကြောင့် သူ့အား နာမည်အပြည့်အစုံနှင့် ခေါ်ခဲ့သည်ကို ဂရုမစိုက်ဘဲ လင်းဟန်ကို ယဉ်ကျေးစွာဖြင့် ခေါ်ဆိုနေဆဲဖြစ်သည်။


သူတို့နှစ်ယောက်ကြားတွင် စိမ်းကားခြင်းက ရှိနေဆဲဖြစ်သည်။


လင်းဟန် ဘာကြောင့်မှန်းမသိသော်လည်း ထိုသူ သူ့အား  ကြည့်နေသရွေ့ သူ့ရင်ထဲတွင် မခံမရပ်နိုင်သည့်ဝမ်းနည်းမှုတစ်ခု ခံစားရသည်။


 á€žá€°á€ˇá€‘လတွင် အလွန်ပြင်းပြသည့် လှုံ့ဆော်မှုတစ်ခု ရှိနေပြီး သူ့အရှေ့မှလူကို လှမ်းကြည့်နေရုံမျှဖြင့် ထိုသူ့ဆီသို့ ပြေးလွှားသွားကာ အသည်းအသန် ပွေ့ဖက်ထားလိုသည်။ ပိုတင်းကြပ်လေ ပိုကောင်းလေဖြစ်ပြီး ၎င်းတို့၏ အသွေးအသားများ အတူတကွ ပေါင်းစပ်ရောနှော၍ ခွဲထုတ်မရလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။


မည်သူမဆို ခေါ်ဆိုနိုင်သော အမည်နာမအား အသုံးပြုကာ ယဉ်ကျေးစွာ ပြောဆိုမည့်အစား သူ့နာမည်ကိုသာ ခေါ်စေလိုသည်။ သူသည် ဟယ့်ယွင်ထင်က သူ့တစ်ယောက်ကိုသာလျှင် ကြည့်ကာ သူ့နာမည်ကိုသာလျှင် ခေါ်စေလိုသည်။


လင်းဟန် တစ်ဖက်လူ၏လက်ချောင်းများမှ အသားမာများ၊ ပွေ့ဖက်မှုများနှင့် တချိန်က သူ့နှလုံးခုန်သံများအတိုင်း ခုန်ပေါက်ခဲ့သည့် နှလုံးခုန်သံများကို သတိရမိသည်။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် လင်းဟန် ရုတ်တရက် ဝမ်းနည်းကာ ငိုချင်သွားတော့သည်။


ဟယ့်ယွင်ထင်သည် လင်းဟန်၏ မျက်လုံးများက သူ အပေါ်သို့ တက်လာသည်နှင့် အဘယ်ကြောင့် နီရဲသွားသည်ကို မသိသော်လည်း သူ၏အပြုအမူများက လင်းဟန်ကို ခြောက်လန့်မိမည်ကို စိုးရိမ်သောကြောင့် မျက်၀န်းထောင့်များကို လက်ချောင်းများနှင့် ပွတ်သပ်ရန်ပင် မဝံ့မရဲ ဖြစ်နေမိသည်။ 


" မစ္စတာလင်း " 


လင်းဟန်ကို ထပ်မံ ခေါ်လိုက်သော်လည်း တစ်ဖက်လူက တုံ့ပြန်မလာချေ။


ဟယ့်ယွင်ထင် သူ ဘာလုပ်ရန်အတွက် လာခဲ့သည်ကို အမှန်တကယ်ပင် မသိတော့ချေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး သူကိုယ်တိုင်ပင် နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ခဲ့ချေ။ သို့သော်လည်း ထိုသူ့ကို တွေ့ချင်နေဆဲဖြစ်ကာ လင်းဟန်ကို ဤရက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို မည်သို့ ပြောပြရမှန်းမသိ‌ဖြစ်နေသည်။


အင်ပါယာသည် ချက်ချင်း ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။ လေ့ကျင့် ရေးစတင်မီ သို့မဟုတ် ထိုအချိန်ထက် ပို၍စောသည့်အချိန်တွင် တစ်စုံတစ်ဦးသည် အရာအားလုံးအတွက် အုတ်မြစ်ချခဲ့ပြီး ၎င်းတို့ မြေတွင်းထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ခုန်ဆင်းသည်ကို စောင့်ဆိုင်းနေခဲ့သည်။ ဘယ်သူဖြစ်သည်ကို သူ သေချာမသိသော်လည်း တစ်စုံတစ်ယောက်သည် ဟယ့်ယွင်ထင်အား ဘယ်လိုနည်းလမ်းနှင့်ပင်ဖြစ်စေ ဖယ်ရှားပစ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။


ကြယ်တာရာဓားပြများကို ဖယ်ရှားရှင်းလင်းပြီးသည့်အချိန်မှ စတင်၍ ၎င်းကြယ်တာရာဓားပြများသည် ဟယ့်ယွင်ထင်နှင့်အတူ သေဆုံးရန် အလွန်အမင်း ကျိုးကြောင်းမဆီလျော်သည့်နည်းလမ်းများကို အသုံးပြုခဲ့ပြီး မက်ခါလက်မောင်းတစ်ဝက်ကို ဖြတ်တောက်ကာ သူ့ညာဘက်ပခုံးကို ဒဏ်ရာရစေခဲ့သည်။


ပြီးနောက် အောင်ပွဲခံအခမ်းအနားနှင့် အကပွဲများတွင် လုပ်ကြံသတ်ဖြတ်ခြင်းများသည် အောင်မြင်မည်မဟုတ်ကြောင်း ၎င်းတို့က ရှင်းရှင်းလင်းလင်း သိထားကြသည်။ ထို့အပြင် ထိုကဲ့သို့သော အိုမီဂါသည် အသုံးမဝင်ပါက  ၎င်းကို လွှင့်ပစ်နိုင်သောကြောင့် ကြိုးစားကြည့်ခဲ့ကြခြင်းဖြစ်ပေလိမ့်မည်။၎င်း မီးလျှံသွေးအိုမီဂါများသည် ဟယ့်ယွင်ထင်အား လုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေး တစ်ထောင်ထဲမှ တစ်ခုသာဖြစ်လေသည်။


ချီကျားဇယ်သည် အောင်မြင်သည်ဟု ယူဆနိုင်သော စမ်းသပ်မှုတစ်ခုဖြစ်သည်။ သူက  စစ်သင်္ဘောပေါ်သို့ တက်နိုင်ခဲ့ခြင်းမှာ ခက်ခက်ခဲခဲ လိုက်ပါခဲ့ခြင်းဖြစ်သော်လည်း ကံဆိုးစွာဖြင့် နောက်ဆုံးအခိုက်အတန့်တွင် ကျရှုံးခဲ့သည်။ သူ့အစ်ကို၏ အတင်းအကြပ် ဆွဲထုတ်ခြင်းကို ခံခဲ့ရရုံမျှမက စစ်ရေးလေ့ကျင့်မှုအတွင်း ဖြစ်ပွားခဲ့သောမတော်တဆမှု၊ ကျီမုန့်၏ အပြစ်ကင်းစင်သောစွန့်လွှတ်အနစ်နာခံမှု နှင့် ကာလကြာရှည်စွာ ချုံခိုတိုက်ခိုက်ရန် စောင့်နေခဲ့သည့်ဇာ့ဂ်များသည်လည်း ရှိခဲ့သည်။


ပြည်သူလူထုထင်မြင်ချက်နှင့် အိမ်ရှေ့မင်းသားထံမှ ဖိအားများသည် သာမညဖြစ်သည်။ ၎င်းတို့၏ရည်မှန်းချက်မှာ အင်ပါယာအတွင်း မငြိမ်မသက်ပြုလုပ်ရန်ဖြစ်ပြီး မည်သည့်အချိန်တွင် မည်သို့သော  မတော်တဆမှုအသစ်တစ်ခု ဖြစ်လာမည်ကို မသိသောကြောင့် ဟယ့်ယွင်ထင်အား အချိန်တိုင်းတွင် ရင်တမမ ဖြစ်စေလိုခြင်းဖြစ်သည်။


ထိုနေ့တွင် ရူကျစ်ဟန်မှ သူ့ကို လာနှုတ်ဆက်ရသည့်အကြောင်းရင်းမှာ ထိုအချိန်တွင် ဟယ့်ယွင်ထင်ပြန်ရောက်မလာသေးသောကြောင့်ဖြစ်သည်။ လော့ချီသည် မငြိမ်မသက်ဖြစ်နေမှုကို အခွင့်ကောင်းယူကာ စစ်တပ်များကို စုဆောင်းရန် အသုံးချခဲ့သည့်အပြင် သုတေသနသည်လည်း ပိတ်ပင်ခံရမည့်အစား ပြန်လည်စတင်သွားသည်ကို ကျန်းလျန်ထံမှ ရူကျစ်ဟန်သိရှိခဲ့ရသည်။ 


ပိုမိုဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် သူက နောက်ဆုံးတွင် ဟယ့်ယွင်ထင်ထံမှ အကူအညီရယူရန် ဆုံးဖြတ်ခဲ့သည်။


ဤကာလအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီး ဇာ့ဂ်များက နောက်တစ်ကြိမ် ကျူးကျော်မလာနိုင်ဟူ၍ မည်သူကမျှ အာမ မခံနိုင်သောကြောင့် အင်ပါယာ၏အခြေအနေသည်လည်း တစ်ဖန် ပြောင်းလဲသွားပြန်သည်။ ထိုသို့ဆိုလျှင်တောင်မှ ဟယ့်ယွင်ထင်သည် အခြေစိုက်စခန်းမှ တစ်ယောက်တည်း ထွက်လာကာ ဤအဆောက်အဦး၏ ရှေ့တွင် နေ့စဉ်နေ့တိုင်း အချိန်ကြာမြင့်စွာ ရပ်‌နေခဲ့ဆဲဖြစ်သည်။


ဤကဲ့သို့ပြုလုပ်ခြင်းကသာ သူ့အား ငြိမ်းချမ်းမှုကို ပြန်ရနိုင်သည့်အလားပင်။ 


သို့သော်ငြား ထိုသည်က အားလုံးဖြစ်သည်။


ဟယ့်ယွင်ထင်သည် အရာရာကို ရင်ဆိုင်ရာတွင် တည်ငြိမ်မှုရှိသော်လည်း လင်းဟန်နှင့် ရင်ဆိုင်ရသောအခါတွင် တည်ငြိမ်မှုနှင့် ယုံကြည်မှုများ ပျောက်ဆုံးသွားတတ်သည်။


အိမ်တွင်းရှိ ကျူးလစ်ပန်းများ ပွင့်တော့မည်ဖြစ်သော်လည်း သူက စကားဆိုရန်ပင် သတ္တိမရှိသောကြောင့် အောက်ထပ်တွင် မတ်တပ်ရပ်ကာ ပြတင်းပေါက်ကို မျှော်ကြည့်ရင်း မီးအလင်းရောင်ကွယ်‌ ပျောက်သွားသည်ကိုသာ ကြည့်‌နေခဲ့မိသည်။ ထို့နောက်မှသာ အခြေစိုက်ပြန်သွားမည်ဖြစ်ပြီး ရှုပ်ထွေးနေသော အခြေအနေများနှင့် ရင်ဆိုင်လေသည်။


ဟယ့်ယွင်ထင်သည် ဖြစ်လာမည့်အကျိုးဆက်က မည်သို့ပင်ဖြစ်စေ မဆိုင်းမတွ ပြောလိုက်သင့်သည်လားဟု မူလက တွေးခဲ့သည်။


သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက လင်းဟန်ထံ၌ ပြဿနာ ဖြစ်စေလိမ့်မည်။


တိကျသောကတိကို မပေးအပ်နိုင်သောကြောင့် သူက လင်းဟန်ထံသို့ မသွားဝံ့ပေ။


သူသည် အင်ပါယာ၏ချွန်ထက်‌သည့် ဓားတစ်လက် ဖြစ်နေသော်လည်း သူ ချစ်မြတ်နိုးသည့် အိုမီဂါကို သဘောကျသည်ဟုတောင် အခိုင်အမာ မပြောနိုင်ပေ။ 


တစ်ခုခုဖြစ်သွားလျှင် မည်သို့ လုပ်ရမည်နည်း။ သူက လင်းဟန် အန္တရာယ်မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနိုင်လျှင်တောင်မှ သူ့လုံခြုံမှုကို အာမခံနိုင်မည် မဟုတ်ပေ။ ဟယ့်ယွင်ထင်သည် သေခြင်းတရားကိုဘယ်သောအခါကမှ မကြောက်ရွံ့ခဲ့ပေ။ သူက သူ ပြောထားသည့်အတိုင်း မပြုလုပ်နိုင်လျှင် လင်းဟန် ၀မ်းနည်းမည်ကို စိုးရိမ်မိသည်သာလျှင်ဖြစ်သည်။


သူ ဘယ်လောက်တောင် လွယ်လွယ်ကူကူ ကတိပေးဝံ့ခဲ့သနည်း။


ပြီးတော့ ထိုသူ ၀မ်းနည်းစေရန် အဘယ့်ကြောင့် ပြုလုပ်၀ံ့သနည်း။


ဟယ့်ယွင်ထင်၏ဘဝရှိ တုံ့ဆိုင်းမှုများအားလုံးမှာ ဤနေရာတွင် အသုံးပြုလိုက်သကဲ့သို့ ဖြစ်နေသည်။


လင်းဟန်ကို မြင်လိုက်ရသောအခါ ဤခံစားချက်က ပိုမိုပြင်းထန်သွားခဲ့ပြီး ပို၍အားကောင်းလေလေ သူက ပို၍တွန့်ဆုတ်လာလေလေဖြစ်သည်။


မင်းကို ချစ်တယ်၊  အနမ်းပေးချင်တယ်။


ဒါပေမဲ့ ကိုယ် ပေးခဲ့တဲ့ကတိက မတည်နိုင်မှာ၊ မတော်တဆမှုက ကိုယ်တို့နှစ်ယောက်ကို ကွဲကွာသွားစေမှာကို စိုးရိမ်မိတယ်။ မင်းနဲ့ကိုယ်နဲ့ အသွေးအသားချင်း လဲလှယ်ခဲ့ရင်တောင်မှ ပြီးပြည့်စုံနိုင်သွားမှာ မဟုတ်ဘူး။


ဟယ့်ယွင်ထင်၏ မျက်လုံးများ မှေးမှိန်သွားသည်။


သူ့ရှေ့မှ လူငယ်လေး၏ မျက်နှာမှာ နီမြန်းနေပြီး အသက်ရှုနှုန်းများက မြန်ဆန်သည့်အပြင် မျက်လုံးများတွင် သူ နားမလည်နိုင်သည့် မြူနှင်း‌ငွေ့များရှိနေကာ ဝမ်းနည်းခြင်းကိုသာ ခံစားရသည်။


"... မင်း အဖျားတက်နေတယ် " 


ဟယ့်ယွင်ထင် စကားတစ်ခွန်းပြောတိုင်း သူ့ကိုယ်သူ မုန်းတီးလာသော်လည်း ယခုအချိန်တွင် အဆင်ပြေရန် ပိုမိုကောင်းမွန်သောနည်းလမ်းကို ရှာမတွေ့ပေ။


လင်းဟန် ထိုစကားကြားရသောအခါ ပို၍ပင် ဝမ်းနည်းလာပုံရသည်။ သူက ဟယ့်ယွင်ထင်၏စကားကို တိုက်ရိုက်ပြန်ဖြေမလာဘဲ နှုတ်ခမ်းကိုက်ကာ သူ့အား ကြည့်နေသည်။


" မစ္စတာလင်း၊ မင်းကို ဆေးရုံကို လိုက်ပို့ပေးမယ် " 


ဟယ့်ယွင်ထင်က တိုးတိုးလေးပြောလိုက်ပြီးနောက် မျက်၀န်းများက အကြည့်လွှဲသွားသည်။ လင်းဟန် ဝမ်းနည်းနေသည်ကို သူ မမြင်ချင်သော်လည်း ပို၍ပျော်ရွှင်စေရန်အတွက် နည်းလမ်းကောင်းများကို မစဥ်းစားနိုင်ပေ။


လင်းဟန်က ခေါင်းခါနေမြဲဖြစ်ပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။ သူ လက်ဆန့်ထုတ်လိုက်ပြီး မကျေမနပ်ဖြစ်ကာ  ဒေါသပုံချနေသကဲ့သို့ ဟယ့်ယွင်ထင်အား ညင်သာစွာ တွန်းထုတ်လိုက်သည်။


ဟယ့်ယွင်ထင်သည် သေးငယ်သောအားကြောင့် တုန်လှုပ်သွားပုံရကာ နောက်ဆုံးတွင် လင်းဟန်၏မေးခွန်းများအား ရှောင်ရှားနေခြင်းကို ရပ်တန့်လိုက်ပြီး ထိုလူအား ရင်ခွင်ထဲတွင် ပွေ့ဖက်ရန် လင်းဟန်၏ဆန့်တန်းထားသောလက်ကိုဖမ်းဆုပ်လိုက်‌တော့သည်။


" ဟယ့်ယွင်ထင်၊ ကျွန်တော့်ကိုကြည့် " 


လင်းဟန်၏အသံက တုန်ယင်နေသည်။အဖျားဒဏ်‌ကြောင့် မူးဝေလာသည့် သူ့ဦးခေါင်းက မည်သည်ကိုမှ မစဉ်းစားနိုင်တော့ချေ။ သူ၏စိတ်ခံစားချက်နှင့် အတွေးများအားလုံးသည် သူ့အရှေ့တွင် ရှိနေသောသူအပေါ်တွင်သာ ရှိနေသည်။သူက သူ့အား စိတ်သက်တောင့်သက်သာဖြစ်စေမည့်အဖြေတစ်ခု လိုချင်ရုံမျှသာ ဖြစ်‌သည်။


ကျွန်တော့်ကိုကြည့်ပေးပါ။


ကျွန်တော့်ကို ပြောပြပေးပါ။


သို့သော် လင်းဟန်သည် သူ၏နောက်ဆုံး သောဂုဏ်သိက္ခာကို လက်မလွှတ်မခံနိုင်သဖြင့် တိုက်ရိုက်ပြော၍မရပေ။


ရယ်စရာကောင်းသောခံစားချက်များက သူ့ကို ဆွဲချ‌နေကြပြီး သူ၏ သူတော်ကောင်းယောင်ဆောင်သည့်  မိမိကိုယ်ကို အထင်ကြီးလေးစားမှုနှင့် သူ့အား ပိတ်လှောင်‌စေသည်။ ယဉ်ကျေးစွာ ငြင်းပယ်ခံရမည်ကို ကြောက်ရွံကာ သူ၏စစ်မှန်သည့်နှလုံးသား ပစ်ပယ်ခံရမည်ကို ကြောက်ရွံ့သည်။ သူ့နှလုံးသားတွင် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်လာပြီး အနည်းငယ်ပင် စိတ်မသက်မသာဖြစ်လာသည်။ သူ၏ စိတ်ဖတ်နိုင်သည့်စွမ်းရည် အဘယ့်ကြောင့် ပျောက်ကွယ်သွားပြီး ဟယ့်ယွင်ထင်၏ စိတ်ထဲမှစကားသံကို အဘယ့်ကြောင့် မကြားနိုင်တော့သနည်းဟု တွေးတောနေမိသည်။


တစ်ဖက်လူ တွေးတာနေသည်များကို ကြားနိုင်လျှင် အခြေအနေများကွာခြားသွားနိုင်လိမ့်မည်လော။


သူ့ရင်ဘတ်ထဲတွင် တစ်ခုခုပိတ်ဆို့နေကာ တလိပ်လိပ်တက်လာရန် ကြိုးစားနေသော်လည်း ပြန်၍ဖိနှိပ်ခံရသကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံးတွင် ၎င်းက တက်မလာသလို ကျဆင်းသွားခြင်းလည်းမရှိဘဲ ရပ်တန့်နေကာ လည်ချောင်းတစ်ခုလုံးအား ပိတ်ဆို့သွားသည်။ လင်းဟန်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပူလောင်နေကာ အသက်ရှူရန်ပင် အဆင်မပြေတော့ပေ။


သူ့ထံတွင် ပြောချင်သည့်စကားများရှိ သော်လည်း မပြောနိုင်ဖြစ်နေရသည်။


ခင်များ ကျွန်တော့်ကို ချစ်ပေးမှာလား။ ခင်များ ကျွန်တော့်ကို အနမ်းပေးမှာလား။ မျှော်လင့်ချက်အပြည့်နဲ့ ကျွန်တော့်ကို ပွေ့ဖက်လိုစိတ်ရှိလာမှာလား။ ချစ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံး တွေနဲ့ ကျွန်တော့်ကို ကြည့်လာမှာလား။ ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်ပြီး မခွဲခွာရဖို့ ကျွန်တော့်နာမည်ကို ခင်များနှလုံးသားထဲ ရေးထိုးဖို့ရော ဆန္ဒရှိမှာလား။


သူ၏ဖြောင့်မတ်သည့် ခွန်အားများ အားလုံးမှာ ကိုယ့်ကိုယ်ကိုယ် လှည့်စားရန်အတွက် ပုံရိပ်ယောင်များသာ ဖြစ်သည်ဟု လင်းဟန် တွေးမိသည်။ သူ့မိခင်၏ ချစ်ခြင်းမေတ္တာက သူ့ကို အချိန်အကြာကြီး ထိန်းထားနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ လိုချင်သည့် ပွေ့ဖက်မှုကို မပေးနိုင်သည့် တစ်စုံတစ်ယောက်နှင့် အမှန်တကယ်တွေ့သည့်အခါ ဝမ်းနည်းလွန်းသဖြင့် ငိုမိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 


သူ အချစ်ခံချင်သည်။


မိခင်ဖြစ်သူ ၊ ကူးလုလုနှင့် ဟယ့်ယွင်ထင်တို့၏ချစ်မြတ်နိုးခြင်းကို သူ လိုချင်သည်။ 


သူသည် ချစ်ခြင်းမေတ္တာများ၊ သူ့အတွက် များပြားလှသည့်ချစ်ခြင်းမေတ္တာများကို လိုအပ်သည်။


" ကျွန်တော် ဆေးရုံမသွားဘူး " 


လင်းဟန်က ဟယ့်ယွင်ထင်၏ အင်္ကျီလက်ကို အားအင်ချည့်နဲ့စွာ ဆွဲလိုက်ကာ ခေါင်းမာ‌မိနေသည်ကို  သိသော်လည်း ပြန်မရုတ်သိမ်းလိုက်‌ပေ။ ထိုအစား သူကချွဲနွဲ့နွဲ့ပြောလိုက်မိသည်။


" ကျွန်တော်နဲ့ အတူရှိနေပေးပါ။ ကျေးဇူးပြုပြီး "


လင်းဟန်၏အသံသည် ပို၍တိုးသည်ထက် တိုးလာနေကာ လောင်မြိုက်နေသော ဗိုင်းရပ်စ်ကြောင့် သို့မဟုတ်  ဟယ့်ယွင်ထင်၏ရင်ခွင်ထဲတွင် လဲလျောင်းနေရသောကြောင့်ဖြစ်နိုင်သည်။ နောက်ဆုံးတွင် သူက နှုတ်ခမ်းများကို ညင်သာစွာ လှုပ်ရှားရင်း အိပ်ပျော်သွားတော့သည်။


 á€Ÿá€šá€ˇá€şá€šá€˝á€„်ထင်က လင်းဟန်ကို ကုတင်ပေါ်သို့ အမြန် သယ်သွားပေးကာ ပြီးနောက် အဖျားကျစေသည့်နည်းလမ်း တချို့ပြုလုပ်ပေးကာ ကုတင်ဘေးတွင် ပြန်ထိုင်လိုက်သည်။


အလွန်နီးကပ်လျှင် အအေးမိသွားနိုင်သည်ဟု သူ တွေးလိုက်မိသည်။ သို့သော် ဟယ့်ယွင်ထင်မှာ မနေနိုင်ဘဲ  အပေါ်အင်္ကျီကို ချွတ်ကာ ပါးပြင်များနီရဲနေသောလူငယ်လေးကို ရင်ခွင်ထဲသို့ ထည့်ကာ ထပ်မံ ပွေ့ဖက်လိုက်သည်။


လင်းဟန်၏ အသက်ရှုသံတိုင်းသည် အလွန်ပူပြင်းနေပြီး သူ၏ ဆင်ခြင်တုံတရားကို တစ်စနှင့်တစ်စ  ကိုက်ဖြတ်စားသုံးနေသည်။ မိန်းမောတွေဝေနေချိန်တွင် ဟယ့်ယွင်ထင်သည် လင်းဟန်၏ အိပ်ပျော်နေစဉ်  ကယောင်ကတမ်းစကားများ ပြောနေသည်ကို ကြားလိုက်ရသည်။ သူက အိပ်မက်ထဲတွင် ငိုကြွေးနေပုံရပြီး မျက်၀န်းထောင့်မှ မျက်ရည်အနည်းငယ် စီးကျလာ၏။


ဟယ့်ယွင်ထင် လင်းဟန်၏မျက်ရည်များကို ငုံ့ကာ မြည်းစမ်းကြည့်လိုသော်လည်း ထိုငိုသံမှာ သူ့နှလုံးသားကို နာကျင်စေသည်။


ယုတ္တိရှိပြီး ပြီးပြည့်စုံသည့် စာကြောင်းပင် မပြောနိုင်သောကြောင့် သူကိုယ်တိုင်အား ပြောနေခြင်းဖြစ်သည်လား သို့မဟုတ် အိပ်မက်ထဲမှ ဟယ့်ယွင်ထင်အား တီးတိုးပြောနေခြင်းဖြစ်သည်လား သူ မသိချေ။ 


သူ့အသံသည် မကျေနပ်ပုံရသည့်နှာသံနှင့်အတူ နူးညံ့ကာ မရှင်းမလင်းဖြစ်နေသည်။


" ခင်များက....လူယုတ်မာပဲ "


*

စာရေးသူ၌ ပြောစရာရှိသည် :


မကြာခင် ၊ တကယ့်ကို မကြာခင်ပါ။

နောက်ဆုံးတော့ ၀န်ခံဖွင့်ပြောတဲ့အခန်းကို ရောက်လာပြီ။ 


မဆူကြပါနဲ့။ သူတို့အချင်းချင်း သိသွားဖို့ အခွင့်အရေးပေးလိုက်ကြပါဦး ( ဒူးထောက်နေသည့်ပုံ)



👾