Chapter 175
Viewers 20k

🚩Chapter -175

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 11 ]


_____



ရှို့နင်းနန်းဆောင်တွင်…။


ဝမ်ရှင်းက ရှင်းကျဲခူမှပြန်လာပြီးနောက် ကိုယ်လုပ်တော်လျန်၏အိပ်ဆောင်သို့ တန်း၍ဝင်သွားလိုက်သည်။ ထိုအချိန်တွင် ကိုယ်လုပ်တော်လျန်က ထိုင်ခုံပေါ်တွင်ထိုင်၍ ရုပ်ပုံစာအုပ်ကိုကြည့်နေသည်။ သူမက ဝမ်ရှင်း၏ အလျင်စလိုလာနေသည့် ခြေလှမ်းသံများကို ကြားသောအခါ မျက်လုံးများက တောက်ပသွား၏။ သူမ၏သေးသွယ်ပြီး ဖြူဖွေးနေသည့်လက်များကို အနည်းငယ်လှုပ်ရှားလိုက်ကာ လက်ထဲမှရုပ်ပုံစာအုပ်ကို လက်တစ်ဖက်သို့ ပို့လိုက်သည်။ 


“သခင်မ”


ဝမ်ရှင်းက ထိုင်ခုံအနီးသို့သွားကာ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ကိုယ်ကိုကိုင်း၍ ကိုယ္လုပ်တော်လျန်၏ နားနားသို့ကပ်၍ စကားတို့ကိုတီးတိုးပြောလိုက်၏။ ကိုယ်လုပ်တော်လျန်ကခေါင်းညိတ်လိုက်ပြီး သူမ၏လှပသည့် ဖီးနစ်မျက်လုံးများက တောက်ပသွားသည်။ 


“ဝမ်ရှင်း…သေချာလုပ်ခဲ့တယ် မနက်ဖြန်ကို အချိန်မှန်သွားဖို့ သတိရဦး”


“ဟုတ်ကဲ့ပါ”


ဝမ်ရှင်းကခေါင်းညိတ်လိုက်၏။ ထို့နောက် တုံ့ဆိုင်းစွာနှင့်တီးတိုးပြောလိုက်ပြန်သည်။


 â€œá€žá€á€„á€şá€™â€Śá€Ąá€™á€á€şá€á€ťá€Żá€•á€şá€€á€źá€Žá€¸á€˜á€€á€şá€€á€›á€ąá€Źâ€Śâ€


“ငါဦးလေးဆီကို အလျင်စလိုမပြုမူဖို့စာပို့လိုက်မယ်…လွန်ခဲ့တဲ့နှစ်ရက်မှာ ဘုရင်မင်းမြတ်ရဲ့အပြုအမူတွေက ထူးဆန်းနေတာ နန်အဖွဲ့အစည်းကလူအိုကြီးတွေလည်း သေချာပေါက် ဂဏာမငြိမ်ဖြစ်နေလိမ့်မယ်…ပြီးတော့ ရှီနင်းနန်းဆောင်ကလူလည်း ဒီနေ့ဒေါသထွက်နေတယ်လို့ကြားမိတယ် ဟင်းဟင်း…”


လှောင်ပြောင်မှုနှင့်အတူ ကိုယ်လုပ်တော်လျန်က ဝမ်ရှင်း၏အကူအညီဖြင့် ဖြေးညှင်းစွာထလိုက်၏။


 â€œá€€á€­á€Żá€šá€şá€œá€Żá€•်တ္ဏ်ယွဎသ္ဆုလးတဏနဲအ ပတ်သက်လို့ ငါဘာကိုမှသေချာမသိရသေးဘူး ဒါပေမယ့် ကျင်းယွမ်နန်းဆောင်နဲ့ ရှန့်ဖူနန်းဆောင်တို့ သေချာပေါက် ပါဝင်ပတ်သက်နေလိမ့်မယ် အမှန်တရားကိုသိရဖို့ မင်းငါ့ကိုဆက်ကူညီပေးရလိမ့်မယ်…”


ကိုယ့်ကိုကိုယ်နှင့် ရန်သူအကြောင်းကို သေချာသိထားပါက ရာပေါင်းများစွာသောတိုက်ပွဲတို့ကို အောင်နိုင်လိမ့်မည်…။ ကိုယ်လုပ်တော်လျန်က မြို့တော်အတွင်းရှိ မြင့်မြတ်သောမိသားစုမှ မွေးဖွားလာသူဖြစ်၏။ သူမ၏အဖေက ဘာသာရေးဌာန၏အမတ်တစ်ယောက်ဖြစ်သည်။ သူမ၏အမေဘက်မှဦးလေးက လက်ဝဲအမတ်ချုပ်ကြီးဖြစ်သည်။ သူမက ကလေးအရွယ်ကပင် စစ်ဘက်ဆိုင်ရာစာအုပ်များကို ကောင်းစွာ လေ့လာခဲ့၏။ သူမငယ်ရွယ်စဥ်က သူမကိုလက်ထပ်ချင်ခဲ့ကြသည့် အရာရှိအမတ်များ၏သားများ များစွာရှိခဲ့သည်။ သို့သော်လည်း အဆုံးတွင် သူမက ဦးလေး၏တောင်းဆိုချက်ကို လက်ခံကာ နန်းတွင်းသို့ ကိုယ်လုပ်တော်အဖြစ် ဝင်ရောက်ခဲ့သည်။


သူမ၏နောက်ခံကောင်းသည့် မိသားစုကြောင့် နန်းတွင်းသို့ ဝင်ဝင်လာချင်းမှာပင် သူမက နန်းတွင်းကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအချိန်က တုန်းဖန်းယောင် သူမအပေါ် မျက်နှာသာပေးခဲ့သည့်အချိန်လည်းဖြစ်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တုန်းဖန်းယောင်က သူမအပေါ် ခပ်ခွာခွာဖြစ်လာခဲ့၏။


တကယ်တမ်းတွင် ကိုယ်လုပ်တော်လျန်က ဘုရင်မင်းမြတ်မှာ သူမကိုလုံးဝမနှစ်သက်ကြောင်းသိသည်။ သူမ နန်းတွင်း၌ ကိုယ်လုပ်တော်ဖြစ်လာခြင်းမှာလည်း သူမ၏မိသားစုကို မျက်နှာသာပေးလို့၍သာဖြစ်သည်။ အစပိုင်းက သူမကို ပေးခဲ့သည့် ဂရုစိုက်မှုများက မောင်းမဆောင်ထဲတွင် သူမက တည်တည်ငြိမ်ငြိမ်နှင့် ရပ်တည်နေနိုင်ရန်အတွက်သာ ဖြစ်သည်။ 


ကိုယ်လုပ်တော်လျန်ကဲ့သို့ အမျိုးသမီးတစ်ယောက်က အရည်အချင်းရှိကာ ထက်မြက်သော်လည်း ထိုသူက သူမကို အခွင့်အရေးတစ်ခုတစ်လေမှမပေးခဲ့သလို ဆက်ခံသူကိုဖွားမြင်ရန်လည်း အခွင့်အရေးမပေးခဲ့ချေ။ 


ဤဘဝ၌ သူမ၏မိသားစုသာကျဆင်းမသွားလျှင် သူမ၏ကျန်ရှိနေသည့် ဘဝတစ်ခုလုံးကို အသက်ကြီးပြီး အိုမင်းသွားသည့်အထိ အစားအသောက်နှင့် အဝတ်အစားမားအတွက် စိတ်ပူစရာမလိုပေ။ အကယ်၍ ကံဆိုးမှုများသာ သူမ၏မိသားစုအပေါ်ကျရောက်သွားပါက သူမကိုဆီးကြိုနေမည့်အရာက ရေခဲနန်းဆောင်သာဖြစ်လိမ့်မည်။ 


ထိုအခြေအနေက သူမ၏အခြေအနေများကိုနာခံလက်ခံတတ်သည့် သာမန်အမျိုးသမီးတစ်ယောက်အတွက်သာ ဖြစ်နိုင်သည်။ သို့သော်လည်း သူမက ထိုကဲ့သို့လူမျိုးမဟုတ်ပေ။ သူမတွင် အရည်အချင်းများရှိသော်လည်း အသုံးချစရာနေရာမရှိချေ။ ဤမောင်းမဆောင်ထဲတွင် သူမကလျစ်လျူရှူခံရသည့် ကိုယ်လုပ်တော်တစ်ယောက်မဖြစ်ချင်ပေ။ 


ဘုရင်မင်းမြတ်က သူမကိုမကြိုက်ဘူးပေါ့...ကောင်းပြီလေ အဲ့တော့လည်း ကိုယ့်ဘာသာ ကိုယ်ပိုင်အင်အားတွေ စုဆောင်းတာပေါ့ ပထမဆုံး လှပတဲ့အိမ်မွေးတိရစ္ဆာန်လို ကိုယ်လုပ်တော်တစ်ယောက်ကို မွေးမြူရမယ် ပြီးရင် မောင်းမဆောင်ထဲမှာ ဖရိုဖရဲဖြစ်လာအောင်လုပ်ရမယ်…။


*****


ညအမှောင်ထဲတွင် ရှင်းကျဲခူမှလူအများစုက ရေချိုးရန် တန်းစီ၍ စောင့်နေကြ၏။ ရှည်လျားသည့်တစ်နေ့တာကို အလုပ်ကြမ်းများလုပ်ခြင်းဖြင့် ဖြတ်သန်းခဲ့ကြပြီးနောက် ကိုယ်စီိကိုယ်စီအခန်းသို့ပြန်၍ အနားယူရန် မစောင့်နိုင်ကြတော့ပေ။


စုဝမ်က အခန်းကိုမပြန်ဘဲ နောက်ဘက်ခြံထဲတွင် ငူငူငိုင်ငိုင်နှင့် နေနေသည်။ သိပ်မကြာခင်မှာပင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက နီးကပ်လာ၏။ 


စုရွေ့အားမီးခိုးရောင် အစေခံဝတ်စုံနှင့် တွေ့လိုက်သောအခါ စုဝမ်၏မျက်လုံးများက ပြူးကျယ်သွားကာ မျက်နှာတွင် အပြုံးလေးတစ်ခုဖြစ်ပေါ်လာသည်။ 


“အရှင် ဘာလုပ်နေတာလဲ Role-playနေတာလား”


“အဟွတ် အဟွတ်”


စုရွေ့က ချောင်းနှစ်ချက်ဟန့်လိုက်ကာ လေးလေးနက်နက်နှင့် ပြောလာသည်။ 


“ဒီနေ့ ဘာလုပ်စရာရှိသေးလဲ ဇနီးလေး ကိုယ့်ကိုအမိန့်သာပေးလိုက်”


စုဝမ် : ……


စစ်သူကြီးစုက သူ့ကိုယ်သူ နိုင်ငံရဲ့ ထူးချွန်အထက်မြက်ဆုံး အလုပ်သမားတစ်ယောက်အဖြစ် တကယ်ကြီး ခံယူထားတဲ့ပုံပဲ…။


“ဒီနေ့ ကျွန်မရေချိုးတာကို ကူညီပေးမယ်ဆိုရင်ရော”


စုဝမ်က အဝတ်အစားများကို ရွံရှာမှုဖြင့် ဆွဲလိုက်သည်။


 â€œá€’ဎမသဏ နှစ်ရက်နေပြီးသွားတဲ့နောက်မှာ ကျွန်မတစ်ကိုယ်လုံး ညစ်ပတ်နေပြီ ရှင်က အလုပ်လုပ်ရတော့ကို သဘောကျတယ်ဆိုမှတော့ ကျွန်မကို ရေကူချိုးပေးပြီး အဝတ်အစား ကူလဲပေး…ကောင်းကောင်းလုပ်ရင် ဆုချမယ်”


ဘာ “ဆု” လဲ…။


စုရွေ့၏မျက်နှာပေါ်တွင် အနက်ရောင်လိုင်းများပေါ်လာ၏။


 â€œá€Ąá€˛á€ˇá€’ဍက အရမ်းကို အရသာရှိတဲ့ စွပ်ပြုတ်တော့ မဟုတ်ဘူးမလား”


စစ်သူကြီးစု၏ အလွန်အမင်းကြောက်ရွံ့နေသည့်ပုံကိုမြင်သောအခါ စုဝမ်ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ 


“မဟုတ်ပါဘူး…”


“ဒါဆိုကောင်းတယ် အရမ်းကောင်းတယ်”


သူ့ဇနီးလေးက လှည့်ကွက်များထပ်မသုံးတော့ကြောင်းပြောသည်ကိုကြားသောအခါ စစ်သူကြီးစုက ချက်ချင်း သူ့ဇနီးလေးကိုရေချိုးပေးရန် နန်းဆောင်၏ ရေချိုးကန်ကြီးဆီသို့ ခေါ်လာလိုက်သည်။ ရေချိုးပေးပြီးနောက် စုဝမ်က ဝမ်ရိအား စာဖိုးဆောင်အသေးလေးထဲသို့ ခေါ်လာကာ အလုပ်လုပ်ပြန်သည်။ သူမပြန်လာသောအခါ လက်ထဲတွင် နောက်ထပ် စွပ်ပြုတ်ပန်းကန်ကိုကိုင်လာလေသည်။ 


စုရွေ့ : နောက်ထပ် အရသာရှိတဲ့ စွပ်ပြုတ်ထပ်မလုပ်တော့ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား…။


စုရွေ့၏မျက်နှာပြောင်းလဲသွားသည်ကိုကြည့်ရင်း စုဝမ်ကပြုံးလိုက်ကာ စွပ်ပြုတ်ပန်းကန်ကို စားပွဲဆီသို့ ယူလာလိုက်သည်။


“အဲ့ဒါဆို မသောက်တော့ဘူးလား”


“သောက်မယ်”


စုရွေ့က ခေါင်းညိတ်လိုက်သည်။ စွပ်ပြုတ်က သူ့ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် မွှေးပျံ့သောအရသာက သူ၏တွန့်ချိုးနေသည့်မျက်ခုံးများကို ပြေလျော့သွားစေသည်။


 â€œá€‡á€”á€Žá€¸á€œá€ąá€¸ ဒါက…”


“ရှင့်ရဲ့ဒေါသတွေ ပြေသွားအောင်လို့”


စုဝမ်က အပြုံးလေးနှင့် ပခုံးတွန့်ပြလိုက်၍ စာလိပ်များတောင်လိုပုံနေသည့် စားပွဲခုံဆီသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်မှ မို့မောက်နေသည့် စာလိပ်များကိုကြည့်ပြီးနောက် သူမက အချို့ကို ကြုံရာကျပန်း လှန်လှောကြည့်လိုက်သည်။ နန်းတွင်းစိစစ်ကြီးကြပ်ရေးအဖွဲ့မှ အစီအရင်ခံစာများကိုတွေ့သောအခါ စုဝမ် နှုတ်ခမ်းစူသွားလေသည်။ 


“ဘုရင်ဖြစ်ရတာလည်း တော်တော်ပင်ပန်းတာပဲ”


အပြင်ဆောင်များတွင် နန်းတွင်းထဲရှိ ကိစ္စကြီးငယ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပြီး နန်းတွင်းထဲရှိ အဖွဲ့အစည်းအမျိုးမျိုး၏ အာဏာနှင့်တာဝန်တို့ကိုလည်း ထိန်းညှိပေးရန်လိုအပ်သေးသည်။ ထို့အပြင် လက်အောက်ခံဘုရင်အမျိုးမျိုး၏ ပုန်ကုန်ခြင်း၊ ပဋိပက္ခဖြစ်စေခြင်းတို့ကိုလည်း သတိထားရသည်။ 


အတွင်းဆောင်များတွင် မောင်းမဆောင်ထဲမှ မိန်းမများက တစ်ယောက်နှင့်တစ်ယောက် တစ်နေ့တစ်နေ့ တိုက်ခိုက်ရန်ရှာနေတတ်သည်။ ထို့အပြင် ပလ္လင်ကို ချောင်းနေသည့် ရည်မှန်းချက် လွန်ကဲနေသော မယ်တော်ကြီးကလည်းရှိသေးသည်။ 


ဟင်း...တုန်းဖန်းယောင် တော်တော်လေးခံစားခဲ့ရမှာပဲ....။


စုဝမ်၏သက်ပြင်းချသံကို ကြား‌သောစုရွေ့က ဘေးမှနေ၍ စကားတစ်ခွန်းမှမဆိုပေ။ တစ်ခါက ကူးပြောင်းခဲ့သည့် မင်းဆက်ကမ္ဘာတွင် သူက လက်အောက်ခံဘုရင်တစ်ယောက်ဖြစ်ခဲ့ကာ ပုန်ကန်ရန်အတွက် တပ်တို့ကို ဦးစီးခဲ့သည့် စစ်သူကြီးတစ်ယောက်လည်းဖြစ်သည်။ ဘုရင်မင်းမြတ်အတွက်ကတော့....။ သူ့အတွက် ဤနေရာက ပထမဆုံးဖြစ်ပြီး စစ်သူကြီးစုက ဤနေရာကို လုံးဝမကြိုက်ချေ။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မရေမတွက်နိုင်သောသူများက တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်လာကြပြီး ပလ္လင်ပေါ်တွင် ထိုင်နိုင်ရန်အတွက် အကြံအစည်များဖန်တီးကာ အလွန်အကျူးကြိုးစားအားထုတ်လာကြသည်။ 


ထိုအကြောင်းကိုတွေးရင်းနှင့် နောက်ရက်အနည်းငယ်နေလျှင် တုန်းဖန်းလီက နန်းတွင်းသို့ ရောက်လာတော့မည်ကို စုရွေ့သတိရသွားသည်။ ထိုရွေ့ဝမ်က ပလ္လင်ကို အချိန်အတော်ကြာအောင် မျက်စောင်းထိုးနေခဲ့ပြီး တုန်းဖန်းယောင်အားနည်းမည့်အချိန်ကို စောင့်နေခဲ့သည်။ ယခုတွင် မောင်းမဆောင်အတွင်း တုန်းဖန်း‌ယောင်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းက နန်အဖွဲ့အစည်းနှင့် မယ်တော်ကြီးတို့ကို စိတ်မကျေမနပ်ဖြစ်စေခဲ့၏။ အကယ်၍ တုန်းဖန်းလီသာ တစ်ခုခုလုပ်ရန် အခွင့်အရေးမယူပါက ဗီလိန်ဆိုသည့် ဂုဏ်ပုဒ်နှင့် မထိုက်တန်ဘဲနေလိမ့်မည်။ 


(T/N ရွေ့ဝမ်- တုန်းဖန်းလီ၏ဘွဲ့)


တုန်းဖန်းလီအကြောင်းတွေးရင်း စုရွေ့၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများဖြစ်ပေါ်လာ၏။ 


သူ့ကိုယ်သူကာကွယ်ဖို့ တုန်းဖန်းလီကိုသတ်လိုက်ရမလား ဒါမှမဟုတ် တခြားရည်ရွယ်ချက်တစ်ခုချပြီးပဲ သတ်ပစ်ရမလား...။


“အရှင်”


ရုတ်တရက် ဝမ်ရိ၏အသံက ထွက်ပေါ်လာ၏။ သူကအခန်းထဲသို့ အလျင်စလိုနှင့်ပြေးဝင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ညလေအေးကြောင့် အေးစိမ့်နေသည့် အငွေ့အသက်များရှိနေသည်။


 â€œá€Ąá€›á€žá€„် မယ်တော်ကြီး ကြွချီလာပါတယ်”


ဟင်....။


စုရွေ့၏မျက်လုံးများက အေးစက်သွားပြီး မော့ကြည့်လာသည်။ 


ဒီမယ်တော်ကြီးက စိတ်မရှည်တော့ဘူးဘဲ....အေးအေးဆေးဆေးတောင်မနေနိုင်တော့ဘူး...။


ညလယ်ခေါင်ကြီး ဘုရင်မင်းမြတ်နန်းဆောင်ကို ရောက်လာတယ်ပေါ့လေ...။


“အရှင်...သခင်မစု...သူမက...”


စုရွေ့တုံ့ပြန်မလာသည်ကိုတွေ့သောအခါ ဝမ်ရိက စုဝမ်ကိုလှမ်းကြည့်လိုက်သည်။ 


“ကျွန်မအိပ်တော့မလို့”


စုဝမ်က ပခုံးတွန့်၍ လက်ထဲမှ အစီအရင်ခံစာများကို ချလိုက်ကာ ဘုရင်မင်းမြတ်၏ အိပ်ဆောင်ထဲသို့ ဝင်သွားတော့သည်။ သူမက ပိုးသားလိုက်ကာတို့ကိုချလိုက်ရာ နဂါးကုတင်ထက်တွင် ဖုံးကွယ်လျက်သား ဖြစ်သွား၏။ 


“မယ်တော်ကြီး ကြွချီလာပါပြီ”


ထိုအချိန်တွင် အသိပေးသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး မယ်တော်ကြီးက နန်းတွင်းအစေခံဆယ်ယောက်၊ အထိန်းတော်များနှင့်အတူ ကျော့ရှင်းစွာ နန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။ 


“မယ်တော်ကြီးကို အရိုအသေပြုပါတယ်”


ဝမ်ရိက ချက်ချင်းဒူးထောက်ချကာ သူမကို အရိုအသေပေးလိုက်သည်။ မယ်တော်ကြီးက စားပွဲခုံတွင် ထိုင်နေပြီး စွပ်ပြုတ်ကိုအေးဆေးစွာ သောက်နေသည့်စုရွေ့ကို အေးစက်စွာကြည့်၍ နှုတ်ခမ်းများက မျဥ်းဖြောင့်သဏ္ဌာန် ဆန့်တန်းသွားသည်။ 


“ယောင်အာ...မင်းရဲ့ မိဖုရားမယ်တော်ကို မတွေ့ဘူးလား”


“အာ...”


မယ်တော်ကြီး၏ စကားကိုကြားသောအခါ စုရွေ့က အေးစက်စွာမော့ကြည့်လာသည်။


 â€œá€„ဍကိုယ်တ္ဏ် မျက်စိကန်းနေတာမှမဟုတ်ဘဲ...အဲ့တော့ မယ်တော်ကြီးကို သေချာရှင်းရှင်းလင်းလင်းမြင်ရပါတယ်”


“မင်း....ယောင်အာ လွန်ခဲ့တဲ့ရက်တွေမှာ မင်းတော်တော်လေး လွန်လွန်ကျူးကျူးပြုမူခဲ့တယ် မောင်းမဆောင်က ဒီသခင်မရဲ့ ကွပ်ကဲမှုအောက်ကပဲ ကိုယ်လုပ်တော်ယွီကို သူမကိုယ်သူမသတ်သေဖို့ အမိန့်ပေးထားကို ထားလိုက်ဦး... မနေ့က မင်းစကားတစ်ခွန်းမှမဆိုဘဲ နန်းတွင်းကိုယ်လုပ်တော်ရှုနဲ့ ရှန့်ဖူနန်းဆောင်က တခြားလူ လေးယောက်ကိုလည်း သတ်ပစ်ခဲ့သေးတယ် မင်းရဲ့ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ လုပ်ရပ်တွေက နန်းတွင်းမှာ ဘယ်လောက်တောင်ပျံ့နှံ့နေပြီး အမတ်ကြီးတွေလည်း ဘယ်လောက်တောင်မကျေမနပ်ဖြစ်နေတယ်ဆိုတာ သိသင့်တယ် သူတို့က ဒီသခင်မဆီကို အစီအရင်ခံစာတွေ အများကြီးပို့လာပြီ”


မယ်တော်ကြီး၏ အကြည့်များက စူးရှနေကာ အသံကလည်း အေးစက်နေ၏။


“အဲ့ဒီလူတွေကို ငါကိုယ်တော်သတ်ခဲ့တာ....ကောင်းကင်ဘုံအောက်မှာ ရှိနေသမျှအရာအားလုံးက ငါကိုယ်တော့် အပိုင်တွေပဲ ငါကိုယ်တော်သတ်ချင်တဲ့လူ ဘယ်သူ့ကိုမဆို သတ်နိုင်တယ် တကယ်လို့ သူတို့မကျေနပ်ဘူးဆိုရင် ငါကိုယ်တော့်ကို လူကိုယ်တိုင် လာတွေ့ဖို့ပြောလိုက် ပါးစပ်ပိတ်သွားတဲ့အထိ သူတို့ကို သတ်ပေးလိုက်မယ်”


ချစ်လှစွာသော ဇနီးလေးပြုလုပ်ပေးထားသည့် စွပ်ပြုတ်ကို ကုန်အောင်သောက်လိုက်ပြီးနောက် စုရွေ့က အဝါရောင် ပိုးသားပုဝါကိုထုတ်လိုက်သည်။ သူ့ပါးစပ်ကို မြင့်မြတ်စွာ သုတ်လိုက်ပြီးနောက် သူကမျက်ခုံးပင့်ကာ ကြီးကျယ်ခမ်းနားစွာ ဝတ်စားထားသည့် မယ်တော်ကြီးကို ကြည့်လိုက်သည်။ 


“မယ်တော်ကြီး ခင်ဗျားအားနေရင် ပန်းတွေပိုစိုက်ပြီး ငါးတွေကို အစာကျွေးနေသင့်တယ် ဒါမှမဟုတ် အထီးကျန်နေလို့ နောက်တစ်ကြိမ်လက်ထပ်ဖို့ မြင့်မြတ်တဲ့လူတစ်ယောက်ကို ရွေးလိုက်ရင်လည်း ငါကိုယ်တော် စိတ်ထဲမထားဘူး ဒါပေမယ့် နန်းတွင်းညီလာခံနဲ့ မောင်းမဆောင်က ကိစ္စတွေဆိုရင်တော့ ငါကိုယ်တော်ကိုင်တွယ်ရမယ့်ကိစ္စတွေပဲ ဒီတော့ မယ်တော်ကြီး ဒီလောက်အထိ ဒုက္ခခံဖို့မလိုဘူး”


“အတင့်ရဲလိုက်တာ”


စုရွေ့၏စကားများကိုကြားပြီးနောက် ဂုဏ်သိက္ခာတို့နှင့် ပြည့်နှက်နေသည့် မယ်တော်ကြီး၏မျက်နှာက ပြောင်းလဲသွားသည်။ 


“ယောင်အာ မင်းကပိုပြီး အဓိပ္ပာယ်မရှိဖြစ်လာတာပဲ မင်းရဲ့ခမည်းတော်မဆုံးခင်က ဒီသခင်မကို ပလ္လင်လွှဲအပ်ခဲ့တာ တုန်းဖန်းမိသားစုရဲ့မင်းဆက်က မင်းရဲ့လက်ထဲမှာ ပြိုလဲသွားမှာ ဒီသခင်မ ခွင့်ပြုမပေးနိုင်ဘူး”


ထို့ကဲ့သို့ တရားမျှတကာ ဖြောင့်မှန်မှုရှိလှသည့် စကားများက ကျိုးကြောင်းဆီလျော်မှု ရှိသော်လည်း.....။


“တုန်းဖန်းမိသားစုတဲ့လား ကြည့်ရတာ မယ်တော်ကြီး၊ခင်ဗျားက ဒီနေရာက တုန်းဖန်းမိသားစုပိုင်တယ်ဆိုတာတော့ သိသေးတာပဲ”


စုရွေ့ကဖြေးညင်းစွာ ထလာပြီး မယ်တော်ကြီးကို အေးစက်နေသော မျက်ဝန်းအစုံနှင့် ကြည့်လိုက်သည်။ 


“ယွမ်မိသားစုက လတ်တလော မြို့တော်ထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်နေတယ်လို့ ငါကိုယ်တော်ကြားမိတယ် ခင်ဗျားရဲ့မိသားစုက တိုင်းပြည်အတွင်းမှာ ပဋိပက္ခတွေဖြစ်စေနေတာပဲ မယ်တော်ကြီး ပလ္လင်ကို သိမ်းယူဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား”


“အဲ့ဒါ…အဲ့ဒါက အခြေအမြစ်မရှိလိုက်တာ အဲ့ဒါတွေအကုန်လုံးက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ…”


စုရွေ့၏ကိုယ်မှစိမ့်ထွက်လာသည့် ရေခဲအငွေ့အသက်တို့ကို ခံစားမိသောကြောင့် မယ်တော်ကြီးမှာ မထိန်းနိုင်ဘဲ နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ်သွားကာ အသံကလည်း အားပျော့လာသည်။ 


“ဒီသခင်မ…ဒီသခင်မက အရင်ဘုရင်မင်းမြတ်ရဲ့ ဆန္ဒတွေကို စဥ်းစားပေးပြီး သူ့ကိုကူညီပေးနေခဲ့တာ…ယောင်အာ မင်းအခုထိ နားမလည်သေးဘူးလား”


“အို ဟုတ်တာပေါ့ မယ်တော်ကြီး ခင်ဗျားနဲ့ ခမည်းတော်က အရမ်းချစ်မြတ်နိုးကြပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေလည်း ရှိခဲ့ကြတာပဲ လတ်တလောမှာ ခမည်းတော်ကို လွမ်းဆွတ်နေတာလို့ ငါကိုယ်တော်ထင်တယ် သူ့ကိုလွမ်းဆွတ်တာကြောင့် ခင်ဗျားအတော်လေးပင်ပန်းနေတဲ့ပုံပဲ”


စုရွေ့က ရုတ်တရက် နှုတ်ခမ်းတို့ ကော့တက်သွားသည်။


“ဝမ်ရိ ငါကိုယ်တော်ရဲ့ အမိန့်ကို ထုတ်ပြန်လိုက် မယ်တော်ကြီးက ယခင်ဘုရင်မင်းမြတ်ကို လွမ်းဆွတ်တာကြောင့် ဝမ်းနည်းနေပြီး သူမရဲ့ခန္ဓာကိုယ်ကလည်း နေမကောင်းဖြစ်နေတယ် ဒါကြောင့်အခုကစပြီး ရှီနင်းနန်းဆောင်ကို လူတွေလာရောက်ဖို့ တားမြစ်လိုက်တယ် မယ်တော်ကြီး အနားယူနေတာကို လာရောက်နှောင့်ယှက်ရဲတဲ့သူ ဘယ်သူမဆို ဘုရင့်အမိန့်နဲ့ ကိုယ်တိုင်သတ်သေကြရမယ်”


“မင်း….တုန်းဖန်းယောင် ဒီသခင်မကို နန်းဆောင်ထဲမှာ ပိတ်ထားမလို့လား”


စုရွေ့၏စကားများကိုကြားပြီးနောက် မယ်တော်ကြီးကဒေါသတကြီးဖြစ်သွား၏။ ထိုအချိန်တွင် သူမက သူမ၏ဂုဏ်သိက္ခာမြင့်မြတ်ပြီး ကျော့ရှင်းသည့်ပုံစံကို မထိန်းသိမ်းနိုင်တော့ဘဲ တုန်းဖန်းယောင်၏အမည်ကိုပင် တိုက်ရိုက်ခေါ်လာခဲ့သည်။


 â€œá€á€Żá€”်းဖန်းယ္ဏင် မင်းတကယ်ကို အထိန်းအကွပ်မဲ့နေပြီပဲ ဒီသခင်မ…ဒီသခင်မ..”


“တစ်ယောက်ယောက်လာစမ်း မယ်တော်ကြီးက အခုတော်တော်လေးပြင်းထန်တဲ့ ဝမ်းနည်းပူဆွေးမှုကို ခံစားနေရပြီး သူမရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတယ် ဘာလို့ သူမကိုနန်းဆောင်ကို ပြန်ခေါ်မသွားကြသေးတာလဲ မင်းတို့သခင်မတစ်ခုခုဖြစ်သွားရင် မင်းတို့ တစ်ယောက်မှ အသက်ရှင်လိမ့်မယ် မထင်နဲ့”


စုရွေ့က မယ်တော်ကြီး၏စကားကို ဝင်ရောက်နှောင့်ယှက်လိုက်သည်။ အတွင်းဆောင်အစေခံများနှင့် နန်းတွင်းအစေခံများက ဘုရင်မင်းမြတ်၏ အာဏာရှင်ဆန်သည့် သွေးလွှမ်းသွားသော သတ်ဖြတ်မှုများအကြောင်း ကြားထားကြသည်။ ထိုအချိန်တွင် သူတို့၏အရေးမပါလှသည့်အသက်များကို စိုးရိမ်သောကြောင့် နာနာခံခံနှင့်ပဲ မယ်တော်ကြီးကို ပြန်ခေါ်သွားလိုက်ကြရ၏။


____🚩