Chapter 77
Viewers 13k

💘Chapter 77

 နံရံပေါ်ကမြက်




ချန်လီ၏ အကြည့်က သတိများဖြင့် ပြည့်နေခဲ့သည်။ သူက ထောင့်တွင် ပူးကပ်‌နေ၍ သူ့ကို အန္တရာယ်ပေးနိုင်မည့် လူသားများအား သတိပေးနေပုံပေါ်သော အထီးကျန်နေသည့် သားရဲကောင်လေးနှင့် တူနေခဲ့သည်။ သူက သနားစရာကောင်းနေခဲ့သည်။ 


ချန်လီထံမှ ‌စိုက်ကြည့်ခံရခြင်းက ကောင်းရှန့်ကို အလွန် စိတ်မသက်မသာဖြစ်စေသည်။ သူက ပါးစပ်ထောင့်စွန်းကို တွန့်လိုက်ကာ ပြောခဲ့သည်။


"ဒါရိုက်တာဝေ့ကို ရှာဖို့ ကျွန်တော်ဒီကို လာခဲ့တာ...သူ အလုပ်ရှုပ်နေတယ်ဆိုရင်...ကျွန်တော် နောက်မှ ပြန်လာခဲ့မယ်..."


ပြောပြီးနောက် သူက ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့ကာ သူ့ဘာသာ တွေးနေခဲ့သည်။


ဒါရိုက်တာဝေ့က အမြဲတမ်း စောင့်ကြပ်နေတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး...ဒီလိုမျိုး တစ်ယောက်ယောက်ဆီမှာသာ ဖြစ်လာခဲ့ရင်...သူတို့ကလည်း တခြား ဘယ်သူ့ကိုမှ ယုံကြည်မှာ မဟုတ်ဘူး...


ကောင်းရှန့်က သက်ပြင်းချခဲ့ပြီးနောက် ရုံးမှ ထွက်သွားလိုက်သည်သည်။


 တိုက်ဆိုင်စွာဖြင့် ဟဲခယ်ချမ်းကလည်း သူ၏ ရုံးခန်းမှ ထွက်လာခဲ့ကာ သူတို့နှစ်ယောက် တိုက်မိမလို ဖြစ်သွားခဲ့သည်။


ဟဲခယ်ချမ်းက မားကတ်တင်းဌာနတွင် ကောင်းရှန့်ကို တွေ့ရန် မမျှော်လင့်ထားခဲ့ပေ။ သူ့ကို ရှက်ရွံ့စေသည်က သူက မည်သူမျှမရှိသော မားကတ်တင်းဌာနတွင် တစ်ယောက်တည်း ကျန်နေခဲ့ခြင်း ဖြစ်သည်။


"လက်ထောက်ကောင်း...မင်းက ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ..."


ဟဲခယ်ချမ်းက သူ၏ ရုံးမှ ခြေတစ်လှမ်းထွက်လိုက်ပြီး ရုတ်ချည်း ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။ ဖြစ်နိုင်လျှင် သူ၏ ကိုယ်ပိုင် ရုံးခန်းထဲသို့ ချက်ချင်း ပြန်သွားလိုခဲ့သည်။


"ဒါရိုက်တာဝေ့ကို ရှာဖို့ ကျွန်တော် ဒီကို လာခဲ့တာ...သူက အစည်းအဝေးလုပ်နေတယ်လို့ ကျွန်တော် ကြားခဲ့တယ်..."


ကောင်းရှန့်က သူ၏ နဖူးကို ကျုံ့ကာ ပြောလိုက်သည်။

"အစည်းအဝေးခန်းထဲမှာ မားကတ်တင်းဌာနက လူတွေ အကုန် ရှိမနေဘူးလား...ဘာလို့ မန်နေဂျာဟဲက ဒီမှာ ရှိနေရတာလဲ..."


ဟဲခယ်ချမ်းက သူက အစည်းအဝေးမတက်ကြောင်းမပြောနိုင်သောကြောင့် သူ အတင်းအကြပ်ပြုံးကာ ပြောလိုက်ရသည်။


"ငါက နားနေခန်းကို သုံးဖို့ ထွက်လာခဲ့တာ...ငါ ချက်ချင်း ပြန်သွားမှာပါ..."


ကောင်းရှန့်က နားလည်မှုရှိစွာ ခေါင်းညိတ်လိုက်၏။


"အဲ့ဒါဆို မန်နေဂျာဟဲ...အစည်းအဝေးခန်းထဲကို မြန်မြန် ပြန်သွားပါတော့...ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်တော့ဘူး..."


"ကောင်းပြီ...ကောင်းပြီ...ကောင်းပြီ..."


ဟဲခယ်ချမ်းက 'ကောင်းပြီ' ဟု ထပ်ကာထပ်ကာ ပြောခဲ့ပြီးနောက် ကောင်းရှန့်၏ အကြည့်အောက်မှာပင် ‌အစည်းအဝေးခန်းမထဲသို့ လျှောက်သွားလေသည်။ ဝေ့ချန်က ကုမ္ပဏီသို့ ဝင်ရောက်လာစဉ်ထဲက သူ သဘာပတိလုပ်သော မည်သည့်အစည်းအဝေးကိုမျှ ဟဲခယ်ချမ်းက မတက်ရောက်ခဲ့ကြောင်း ဘုရားသာ သိပေလိမ့်မည်။ ယခု ဝင်သွားခြင်းက သူ၏ မျက်နှာကို ဖြတ်ရိုက်ခံရခြင်းသာ ဖြစ်လိမ့်မည်။


မားကတ်တင်းဌာန၏ အစည်းအဝေးခန်းထဲတွင် ဝေ့ချန်က သဘာပတိအဖြစ် ဆောင်ရွက်နေခဲ့သည်။ ရုတ်တရက် တံခါးက တွန်းဖွင့် ခံလိုက်ရပြီး ဟဲခယ်ချမ်းက သူ၏ ကိုယ်ကိုကိုင်းကာ လျှောက်ဝင်လာလေသည်။


ဝေ့ချန်၏ အကြည့်က ‌ဟဲခယ်ချမ်းပေါ်သို့ ကျရောက်သွားခဲ့ပြီး တခဏမျှ ကြည့်လိုက်ပြီးနောက် သူက ယခင်ခေါင်းစဉ် အကြောင်း ဆက်၍ပြောနေလိုက်သည်။ မားကတ်တင်းဌာနရှိ အခြားဝန်ထမ်းများက ဟဲခယ်ချမ်းကို ကြည့်ရန် စိတ်အနှောင့်အယှက်အဖြစ်မခံဘဲ ဝေ့ချန်၏ စကား၌သာ အာရုံစူးစိုက်၍ နားထောင်နေကြလေသည်။


ဟဲခယ်ချမ်း၏ မျက်နှာက အနည်းငယ်ပူလာပြီး နီရဲလာခဲ့သည်။ သူက ထိုင်ခုံတစ်ခုကိုတွေ့ခဲ့သော်လည်း မယုံကြည်နိုင်စရာကောင်းစွာ မလွယ်ကူမှုကို ခံစားခဲ့ရသည်။


ဟဲခယ်ချမ်း၏ ဝင်ရောက်လာမှုက အစည်းအဝေးကို အနည်းငယ်မျှပင်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မားကတ်တင်းဌာနရှိ လူများသို့ ခြားနားချက်မရှိဟု သူ သံသယဝင်လာခဲ့သည်။


စိတ်ပျက်ဖွယ်ရာ အကောင်းဆုံးနှင့် နေမထိထိုင်မထိ အဖြစ်စေဆုံးသောအရာက သင်၏အမှားများဖြင့် ပစ်ပေါက်ခံရခြင်း၊ ဒေါသတကြီး စိုက်ကြည့်ခံရခြင်းနှင့် စွပ်စွဲခံရခြင်း၊ တစ်စုံတစ်ယောက်က ဒေါသဖြင့် ခြေဆောင့်နင်းခြင်းတို့ ဟုတ်မနေခဲ့ပေ။၎င်းက သင်၏ အမှားများကိုလစ်လျူရှူ၍ သင်၏ တည်ရှိမှုတစ်ခုလုံးကို လျစ်လျူရှုခံရခြင်း တို့ပင်ဖြစ်သည်။


ယခင်က အနည်း‌ဆုံးတော့ မျှော်လင့်ချက် ရှိနေခဲ့ပြီး သင့်ကိုဂရုစိုက်သောလူ တစ်ယောက်တော့ရှိနေသေးသည်။ သို့သော် နောက်ပိုင်းအဆင့်သို့ ရောက်သောအခါ သူတို့က သင့်အကြောင်းကို အမှန်တကယ် ဂရုမစိုက်တော့ ဟုဆိုလိုခြင်းဖြစ်သည်။


မားကတ်တင်းဌာန၏ မန်နေဂျာ ဟဲခယ်ချမ်းဆိုလျှင်ပင် ဘာဖြစ်သနည်း။ သင့်၌ မားကတ်တင်းဌာနတွင် စကားပြောဆိုရန် အခွင့်အရေးမရှိတော့ပေ။ သင်၏ ဆုံးဖြတ်ချက်များနှင့် သင်၏ တည်ရှိမှုတောင်မှ မားကတ်တင်းဌာနတွင် လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။


ဟဲခယ်ချမ်းက ၎င်းကို သူကိုယ်တိုင် သိရှိခဲ့သည်။ သူက ထိုင်ခုံပေါ်တွင် လဲကျသွားပြီး အစည်းအဝေးကို ယုံကြည်ချက်ရှိရှိ ဦးဆောင်နေသော ဝေ့ချန်ကို ကြည့်ကာ အဆုံးမရှိသော နောင်တနှင့် မနာလိုမှုများ ပြည့်နေခဲ့သည်။


သူက ဝေ့ချန်၏ လုပ်ဆောင်နိုင်စွမ်းကို လျှော့တွက်ခဲ့ပြီးသတိမပြုမိစွာ ရင်ဆိုင်ခဲ့ခြင်းဖြင့် ဤသို့ အဆုံးသတ်သွားခဲ့သည် ကို နောင်တရခဲ့သည်။ သို့သော် သူက မနာလိုမှုကိုလည်း ခံစားနေရသည်။ ဝေ့ချန်၏ ငယ်ရွယ်သော အသက်နှင့် ခိုင်မာသော အဆက်အသွယ်များကို မနာလိုခဲ့ပြီး ဝေ့ချန်၏ နောက်ခံကိုလည်း မနာလိုသလို ဝေ့ချန်နှင့် ပတ်သက်၍ အရာအားလုံးကို မနာလိုဖြစ်နေခဲ့သည်။


သူက နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားခဲ့သော်လည်း အဘယ်ကြောင့် သူက ယခုမှ အလုပ်ခွင်ထဲသို့ ဝင်ရောက်လာသော ငယ်ရွယ်သည့် လူသစ်ကို မယှဉ်နိုင်ရသနည်း။ အဘယ်ကြောင့် ဤ လူသစ်က ကုမ္ပဏီသို့ ဝင်ဝင်ချင်း သူ့ကို ဖိနှိပ်ခဲ့ရသနည်း။


အကြောင်းပြချက်က အဘယ်နည်း။


အစည်းအဝေးနောက်ဆုံးအချိန်ထိ ဟဲခယ်ချမ်းက ဝေ့ချန်ပြောသည့် အရာအားလုံးကို နားမထောင်နိုင်ခဲ့ပေ။ အစပိုင်း၌ သူက နောင်တရသည့် အရိပ်အယောင်ရှိခဲ့သော်လည်း သူ၏ ကိုယ်ပိုင် အတွေးများထဲသို့ နက်နက်ရှိုင်းရှိုင်း ရှာဖွေကြည့်ပါက သူ၏ မနာလိုမှုက ပို၍ သန်မာလာပြီး သူ၏‌ နောင်တကို ထောင့်စွန်းသို့ တွန်းပို့ခဲ့ကာ ၎င်းအတွက် နေရာ မရှိတော့ပေ။


သို့သော်လည်း နှစ်ပေါင်းများစွာ ရုန်းကန်ပြီးနောက် ဟဲခယ်ချမ်းက ကိစ္စများကို ကိုင်တွယ်ရာ၌ သူ၏ ကိုယ်ပိုင် နည်းလမ်းများက  သံသယဖြစ်စရာမလိုအောင်ပင် တိုးတက်လာခဲ့သည်။ သူ၏ မနာလိုမှုက လျှံ၍ ကျလုနီးနီး ဖြစ်နေခဲ့သော်လည်း သူက ၎င်းကို သူ၏ မျက်နှာပေါ်တွင် မပြသခဲ့ပေ။ ထိုအစား သူက သူ၏ ယခင် အပြုအမူများ ထင်ဟပ်နေသကဲ့သို့ မချင့်မရဲဖြစ်ခြင်းနှင့် ရှက်ရွံ့သည့်ပုံတို့ကိုသာ ပြသခဲ့သည်။


"အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီ..."


ဝေ့ချန်၏ အေးစက်သောအသံက ဟဲခယ်ချမ်းကို သူ၏ အသိစိတ်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ ကြမ်းပြင်ပေါ်သို့ ထိုင်ခုံများ ခြစ်မိသံနှင့် ဝန်ထမ်းများထံမှ အသက်ဝင်နေသော ဆွေးနွေးသံများက လိုက်ပါလာခဲ့သည်။ 


ဟဲခယ်ချမ်းက သူ၏ ခုံမှ ထလိုက်ပြီး ဝေ့ချန်က ရုံးမှထွက်ခွာတော့မည်ကို မြင်သောကြောင့် သူက အမြန်ထလိုက်သည်။


"ဒါရိုက်တာဝေ့...ကျေးဇူးပြုပြီး စောင့်ပါဦး..."


ဟဲခယ်ချမ်းက ဦးညွတ်၍ ဂါရဝပြုခဲ့ကာ သူ၏ အစောပိုင်းက လှောင်ပြောင်၍ ထေ့ငေါ့နေသော အပြုအမူနှင့် အလွန်ခြားနားနေခဲ့သည်။ ဝေ့ချန်က သူ၏ စကားလုံးများကို ကြားပြီးနောက် တခဏရပ်သွားကာ ဟဲခယ်ချမ်းကို စိုက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။


"မန်နေဂျာဟဲ...ဘာဖြစ်လို့လဲ..."


"ဒါရိုက်တာဝေ့...ငါမင်းကို တောင်းပန်ဖို့ လာတာပါ...အရင်ရက်တွေတုန်းက ငါက ကျောက်မျက်တစ်ခုရဲ့ တန်ဖိုးကို မသိခဲ့ဘဲ  မင်းကို အပြစ်လုပ်မိတာနဲ့ အဆုံးသတ်သွားခဲ့တယ်...ငါ တကယ် တောင်းပန်ပါတယ်..."

ဟဲခယ်ချမ်းက လိုက်လျောညီထွေဖြစ်‌ရန် ကြိုးစားနေသော အပြုံးတစ်ခုဖြင့် ပြောခဲ့သည်။


ဝေ့ချန်က တုံ့ပြန်ခဲ့သည်။

"ခင်ဗျားရဲ့ တောင်းပန်မှုကို ကျွန်တော် လက်ခံပါတယ်..."


ထိုသို့ ရိုးစင်းသော စကားလုံးများပြောပြီးနောက် ဝေ့ချန်က ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။


ဟဲခယ်ချမ်းက သူ၏နောက်တွင် ချန်ထားခံခဲ့ရပြီး သူက စိတ်ရှုပ်ထွေးမှုကို ခံစားခဲ့ရသည်။ သူ၏ တောင်းပန်မှုကို လက်ခံသော ဝေ့ချန်၏ ဆိုလိုရင်းကို သူ နားမလည်ခဲ့ပေ။ သူက နောက် ဘာဆက်လုပ်ရမည်နည်း။


ဟဲခယ်ချမ်းက အမီလိုက်ချင်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို ရပ်တန့်ခဲ့သည်။


"မန်နေဂျာဟဲ...အခုက ဘာကို သရုပ်ဆောင်နေတာလည်း..."

လှောင်ပြောင်နေသော အသံက ဟဲခယ်ချမ်း၏ နားထဲသို့ ဝင်လာပြီး သူ့ကို ရပ်‌တန့်စေကာ ထိုလူ့ဘက်သို့ လှည့်လိုက်သည်။ မားကတ်တင်းဌာန၏ လက်ထောက်မန်နေဂျာ ဖြစ်သည်။


ဟဲခယ်ချမ်းက ဤလက်ထောက်မန်နေဂျာနှင့် ကောင်းသော ဆက်ဆံရေး မရှိခဲ့ပေ။ ယခင်လက သူက လက်ထောက်မန်နေဂျာကို အကြိမ်ပေါင်းများစွာ လှောင်ပြောင်ခဲ့သည်။ သူနည်းနည်းမျှပင် မမျှော်လင့်ထားသည်က ‌ရေစီးကြောင်းက သူ့ထံသို့ ပြန်၍ လှည့်လာခဲ့ပြီး ယခု ၎င်းက ဟဲခယ်ချမ်းကိုယ်တိုင်သို့ ဦးတည်နေခဲ့သည်။


"ခင်ဗျား ဘာလို့ သူ့ကို နွေးထွေးပြနေရတာလဲ...ခင်ဗျားရဲ့ အမူအရာက ရှက်စရာကောင်းလိုက်တာ..."

လက်ထောက်မန်နေဂျာ၏ မျက်နှာမှ ဘဝင်ခိုက်နေသော အကြည့်ကို ဟဲခယ်ချမ်းက သည်းမခံနိုင်ခဲ့ဘဲ ပြန်၍‌ ချေပလိုက်သည်။


သူ၏စကားများကို ကြားပြီးနောက် လက်ထောက်မန်နေဂျာက သူမျှော်လင့်ထားသကဲ့သို့ စိတ်မဆိုးခဲ့ပေ။ ထိုအစား သူက လွှတ်ကနဲရယ်လိုက်ကာ ပြောခဲ့သည်။


"အမှန်ပဲ...ဒါရိုက်တာဝေ့ရဲ့ ပေါင်က လုံလုံလောက်လောက် ကြီးတယ်...ခင်ဗျား အဲ့ဒါကို ဖက်ဖို့ မတွေးခဲ့ဘူးလား...ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ ပေါင်ကို ဖက်တဲ့ ခင်ဗျားရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာဝေ့က စိတ်ရှိမလားဆိုတာ ကျုပ် သိချင်မိတယ်..."


လက်ထောက်မန်နေဂျာက ယုံကြည်ချက်ရှိစွာ ပြောခဲ့ပြီးနောက် ဒါရိုက်တာဝေ့၏ အင်အားရှ်ိသောပေါင်ကို ဖက်ရန် ဂုဏ်ယူနေခဲ့သည်။ အချို့လေယူရာတိမ်းသော နံရံပေါ်မှ မြက်များနှင့် မတူဘဲ သူက ၎င်းကို သနားစရာကောင်း၍ ရယ်စရာကောင်းသည်ဟု ထင်ခဲ့သည်။


"မင်း အဲ့ဒါ ဘာကိုဆိုလိုတာလဲ...လုဝေ့..."

ဟဲခယ်ချမ်း၏ ပါးစပ်က ၎င်းကို ငြင်းခဲ့သော်လည်း သူ၏ မျက်နှာကမူ တစ်စုံတစ်ယောက်က သူ၏ ကော်လံကိုဆွဲ၍ ထပ်ကာထပ်ကာ ရိုက်နှက်နေသကဲ့သို့ လောင်ကျွမ်းနေခဲ့သည်။


"ကျုပ်က ဘာကိုဆိုလိုတာလဲ...ခင်ဗျားကိုယ် ခင်ဗျား မသိဘူးလား..."


လက်ထောက်မန်နေဂျာ လုဝေ့က သူ၏ နှုတ်ခမ်းကို တွန့်လိုက်ကာ မျက်ခုံးကို ပင့်လိုက်သည်။


"ဒါရိုက်တာဝေ့က ခင်ဗျားလုပ်ထားတဲ့ ညစ်ပတ်တဲ့အရာတွေကို မသိဘူးလို့ ထင်နေတာလား...ခင်ဗျားက ဘယ်သူ့အတွက် အပြစ်ကင်းချင်ယောင်ဆောင်နေတာလဲ..."


ဟဲခယ်ချမ်းက လုဝေ့၏ ရယ်သံကဲ့သို့ မားကတ်တင်းဌာနမှ ဝန်ထမ်းအားလုံးက သူ၏နောက်ကွယ်တွင် ရယ်နေသံကို ကြားရသကဲ့သို့ ခံစားနေရသည်။ ၎င်းက အထင်အမြင်သေး၍ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေလေသည်။


"စောင့်နေလိုက်...အရမ်း ပျော်မနေနဲ့..."

ဟဲခယ်ချမ်းက ရှက်ရွံ့မှုကို ခံစားခဲ့ရကာ ဒေါသဖြင့် ပေါက်ကွဲသွားလေသည်။


"ကောင်းပြီ...ကျုပ်တို့ စောင့်နေပါ့မယ်..."


လုဝေ့က သူတုံ့ပြန်ခဲ့သကဲ့သို့ ဟဲခယ်ချမ်း၏ အမူအရာကို ကြည့်နေကာ ပြောလိုက်လေသည်။


သူတို့က အမှန်တကယ် စောင့်နေပါလိမ့်မည်။ မည်သည့် အခက်အခဲများပင် ကြုံတွေ့ရပါစေ၊ သူတို့က ဒါရိုက်တာဝေ့နှင့်အတူ ကြံ့ကြံ့ခံ၍ ရင်ဆိုင်ကြမည်ဖြစ်သောကြောင့် သူတို့က ဟဲခယ်ချမ်းနှင့်ပတ်သက်၍ အဘယ်ကြောင့် ပူပန်နေသင့်သနည်း။


မားကတ်တင်းဌာနမှ လူများက သူတို့အနာဂတ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအား ကောင်းစွာ သတိထားခဲ့သည်။ ဝေ့ချန်က ဤတစ်ကြိမ်၌ ကျိုးထုံဖမ်းအား အမှန်တကယ် အပြစ်လုပ်မိခဲ့သည်။ ကျိုးထုံဖမ်းက မကျေနပ်ချက် အနည်းငယ်ကိုပင် လက်စားချေတတ်သော လူတစ်ယောက်ဖြစ်ကြောင်း ချန်ဖုန်းအုပ်စုမှ လူအားလုံးက သိခဲ့ကြသည်။ ယခု မည်သည်မျှ ဖြစ်ပျက်သည့်ပုံ မပေါ်သော်လည်း ကျိုးထုံဖမ်းက နောက်ကွယ်တွင် မည်သို့ စီစဉ်နေကြောင်း မည်သူမျှ မသိခဲ့ပေ။


ကျိုးထုံဖမ်းက သူတို့၏ ဒါရိုက်တာဝေ့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ကြောင်းတော့ သူတို့ သိနေခဲ့သည်။


ဘေးကြပ်နံကြပ်ကာလက လျော့ပါးလာချိန်ဟုထင်ရသော်လည်း တကယ်တမ်းတွင် အခြေအနေက ပို၍ ပြင်းထန်လာခဲ့လေသည်။


*


အစည်းအဝေးခန်းမှ ထွက်လာခဲ့ပြီးနောက် ဝေ့ချန်က မားကတ်တင်းဌာန၏ အလုပ်လုပ်ရာနေရာတွင် ပျင်းရိစွာ ထိုင်နေသော ကောင်းရှန့်ကို တွေ့လိုက်ရသည်။


ကောင်းရှန့်က ချက်ချင်း ဝေ့ချန်ကို ချဉ်းကပ်လိုက်ပြီး ပြောလိုက်၏။


"ဒါရိုက်တာဝေ့...နောက်ဆုံးတော့ အစည်းအဝေးက ပြီးသွားပြီပဲ..."


"ခင်ဗျား အကြာကြီး စောင့်နေစရာမလိုပါဘူး လက်ထောက်ကောင်း..."


ဝေ့ချန်က ‌ပြန်ပြောခဲ့သည်။ ကောင်းရှန့်က အဘယ်ကြောင့် ရုံးခန်းထဲတွင် စောင့်မနေကြောင်း သူ မမေးခဲ့ပေ။ ချန်လီက ထိုနေရာတွင် ရှိနေသောကြောင့် ကောင်းရှန့်က သူ့ကို စောင့်ရန် အပြင်ထွက်လာကြောင်း သူသိနေပြီးသားပင်။


"အဲ့လောက် မကြာပါဘူး..."


ကောင်းရှန့်က ဝေ့ချန်နှင့် ရုံးခန်းထဲသို့ ဝင်လာရင်း ပြောလိုက်သည်။


ချန်လီက ဆူညံသံကို ကြားသောအခါ အပြင်ဘက်ကို ကြည့်ရန် သူ၏ ခေါင်းကို လှည့်လိုက်သည်။ ဝင်လာသည်က ဝေ့ချန်ဖြစ်သည်ကို မြင်ပြီးနောက် ကောင်းရှန့်ဝင်လာစဉ်က သူ၏ အပြုအမူနှင့် လုံးဝခြားနားနေခဲ့ပြီး သူက တည်ငြိမ်စွာ ပြန်လှည့်ခဲ့ကာ စာအုပ်ကို ဆက်ဖတ်နေလေသည်။


ကောင်းရှန့်က ဝေ့ချန်၏ တည်ရှိမှုအပေါ် ချန်လီ၏ လုံးလုံးလျားလျား မတူညီသော တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။ ဘယ်လိုတောင် ပြောင်းလဲနိုင်ရတာလဲ...


ကောင်းရှန့်က သူ၏ အံ့အားသင့်မှုကို ‌ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး ကျူးကောဖုန်း၏ ညစာစားပွဲကျင်းပရန် အစီအစဉ်ကို ဝေ့ချန်အား သတင်းပေးခဲ့ပြီး ဝေ့ချန်၏ တုံ့ပြန်မှုကို စောင့်နေခဲ့သည်။


"ကောင်းပါပြီ...ကျွန်တော် အကုန်လုံးကို ပြောပြလိုက်ပါ့မယ်..."


ဝေ့ချန်က သဘောတူလိုက်သည်။ မားကတ်တင်းဌာနက ယခင်လအတွက် အလုပ်များနေခဲ့ပြီး ယခု သူတို့က ဆုပြန်ရရှ်ိရန်ထိုက်တန်ပေသည်။ ဝေ့ချန်က သဘာဝအလျောက်ပင် ငြင်းဆန်လိမ့်မည် မဟုတ်ပေ။


"ဒါရိုက်တာဝေ့...အထွေထွေမန်နေဂျာက သူ့အပြုအမူအတွက် တောင်းပန်ပေးဖို့ ကျွန်တော့်ကို ပြောခဲ့သေးတယ်...အရင်ကိစ္စမှာ သူကမှားခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပြီးတော့ ဒါရိုက်ဝာာဝေ့က သူ့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."


၎င်းက မားကတ်တင်းဌာန၏ အစည်းအဝေးပြီးသည်အထိ ဝေ့ချန်ကို သူစောင့်နေခဲ့သော အဓိက အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင် ညစာစားပွဲအတွက် ဆွေးနွေးရန်က ဖုန်းတစ်ခါခေါ်ဆိုရုံဖြင့် လုံလောက်နေပြီဖြစ်သည်။


"ဟမ်..."


ဝေ့ချန်က သူ၏ စာရွက်စာတမ်းများကို ကြည့်ရှု့နေရင်းမှ ကောင်းရှန့်၏ ရုတ်တရက် အလေးအနက်ထားနေမှုကို အာရုံခံမိခဲ့သည်။


ကောင်းရှန့်က သူ၏ လည်ချောင်းကို ရှင်းလိုက်ကာ ပြောခဲ့သည်။


"အထွေထွေမန်နေဂျာက သူ့ရဲ့ အပြုအမူအတွက် တောင်းပန်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ပါတယ်...သူက အရင်ကိစ္စမှာ မှားခဲ့တာကို ဝန်ခံခဲ့ပြီးတော့ ဒါရိုက်တာဝေ့က သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်နေခဲ့ပါတယ်..."


ကျူးကောဖုန်းက ဝေ့ချန်၏ တာဝန်ကို ကြားဝင်စွက်ဖက်မိခြင်းနှင့် သူ့အပေါ်တွက်ချက်မိခဲ့သည့်အတွက် တောင်းပန်ခဲ့ခြင်း ဖြစ်သည်။


ဝေ့ချန်က အံ့အားသင့်သွားခဲ့ပြီး ပြန်ပြောခဲ့သည်။

"ဒီကိစ္စမှာ မှားတယ် မှန်တယ် မရှိပါဘူးလို့ အထွေထွေမန်နေဂျာကျုးကောကို ပြန်ပြောလိုက်ပါ..."


ဤကိစ္စ၌ အမှား အမှန် မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ ကျူးကောဖုန်း၏ ရာထူးမှ မည်သူမဆို တူညီသော ရွေးချယ်မှုကို ပြုလုပ်မည် ဖြစ်သည်။ ၎င်းက မှန်သည်၊ မှားသည် မဟုတ်ဘဲ အကျိုးစီးပွားကို မြှင့်တင်ခြင်းသာ ဖြစ်သည်။ ဝေ့ချန်က ဤကိစ္စအတွက် ကျူးကောဖုန်းက တောင်းပန်ရန် မမျှော်လင့်ထားမိသော်လည်း ထိုတောင်းပန်မှုက ထိုအဖြစ်အပျက်အတွက် မဟုတ်ဘဲ ဝေ့ချန်အတွက်သာ ဖြစ်သည်ကို သူနားလည်ခဲ့သည်။ ကျူးကောဖုန်းက ဝေ့ချန်၏ စွမ်းဆောင်ရည်များကို သိရှိခဲ့ပြီး သူ့ကို အသိအမှတ်ပြုခဲ့ကာ သူတို့ကြားမှ ကွာခြားနေမှုကို ရှင်းထုတ်ရန် ကြိုးပမ်းမှုကြောင့် တောင်းပန်ခဲ့ခြင်း ဖြစ်သည်။


အကယ်၍ ဝေ့ချန်က ဤသို့ ပြီးပြည့်စုံသော စွမ်းဆောင်ရည်ကို မပြသခဲ့လျှင် ကျူးကောဖုန်းက ဤအခြေအနေမှ အကျိုးကျေးဇူး ရယူနေဦးမည် ဖြစ်သော်လည်း တောင်းပန်ရန် ရွေးချယ်မည်တော့မဟုတ်ပေ။ အဆုံးမှာတော့ ဝေ့ချန်က သူ့ကို ဦးညွတ်၍ အညံ့ခံရန် လုပ်နိုင်မည် မဟုတ်ပေ။


ဤသည်က လက်တွေ့ဖြစ်သည်။ စွမ်းဆောင်ရည်ကသာ နောက်ဆုံးမှတ်ကျောက် ဖြစ်ပေသည်။


💘