Chapter 113
Viewers 18k

🐯Chapter 113



ချက်ပြုတ်ထား​သော ဘယ်ရီ၏အရသာက အတွင်း​သာမက အပြင်တွင်လည်း နူးညံ့သည်။ မူရင်း ချဥ်​​သောအရသာအား​ပျောက်​စေပြီး ဘယ်ရီ၏လတ်ဆတ်ချိုမြိန်​သောအရသာအပြည့်သာ ကျန်ရစ်ခဲ့သည်။ ၎င်းက အလွန်ပြည့်ဝချိုမြိန်​သော်လည်း မအီ​ပေ။ ပါးစပ်အပြည့်တစ်ခါစားရုံဖြင့် မလုံ​လောက်ဘဲ​ ထပ်မံစားချင်စိတ်အား မထိန်းနိုင်​ပေ။


ပူ​နေ​သေး​သော​ကြောင့် ထန်ယွမ်လေးက ဘယ်ရီပန်ကိတ်ကိုကိုင်ထားရ၍ ဒေါသထွက်ပြီး တစ်ချိန်တည်းမှာပင် စားပစ်လိုက်သည်။ က​လေး​လေးက အလွန်​ပျော်​ရွှင်​ကျေနပ်​နေပြီး ပန်း​ရောင်ပူဖေါင်း​လေးများဖြင့် ဝန်းရံ​နေသည်။


နှင်းကျားသစ်​လေးက စိတ်​ကျေနပ်စွာ ​​ခေါင်းညိတ်လိုက်သည်။​ မြေ​ခွေး​လေးနှင့် ဟက်စကီ​လေးမှာ နှစ်ကိုက်တည်းဖြင့် ကုန်​အောင်စားလိုက်ပြီး ချစ်စဖွယ် ယကောင်းစွာဖြင့် တစ်ပြိုင်တည်း လေတက်​လေသည်။


သူတို့က မနာလိုအားကျ​သောမျက်လုံးများဖြင့် အကြည့်ခံ​နေရပြီး အများစုမှာ လှုပ်ရှားရန် အဆင်သင့်ဖြစ်​နေသည်။မှတ်ချက်မျက်နှာပြင်မှာလည်း​ထပ်မံ ထိုးတက်သွားပြန်သည်။ အမျိုးမျိုး​သော လက်​ဆောင်အထူးပြုလုပ်ချက်များက တစ်ချိန်တည်း​ပေါက်ကွဲလာသည်။ ကြည့်ရှုသူများ အစုလိုက်အပြုံလိုက်​​ရောက်ရှိလာပြီး ပရိဂရမ်အား ရပ်တန့်သွား​စေလုနီးပါးပင်။


[လူ​တွေကမ​​နေနိုင်ဘူး :အားးးး...အရသာရှိတယ်...အရသာရှိတယ်...အရသာရှိတယ်... ငါ ဘယ်ရီပန်ကိတ်အဖြစ်ပြောင်းသွားချင်တယ် TAT]


[ခိုက​လေး ကူးကူးကူး : အရမ်း​မွှေးပြီး=ကြွပ်ကြွပ်ရွရွလေး... ဖုတ်ပြီးသကြားရည်နဲ့ချက်လိုက်​ပေမယ့် ဘယ်ရီရဲ့အရသာကို အပြည့်ရ​နေတုန်းပဲ... ဒီငှက်က လုံးဝအကြံပြုတယ်... မြန်မြန်လုပ်ထားတဲ့ ဘယ်ရီပန်ကိတ်ကို အမျိုးသားယဥ်​ကျေးမှု အ​မွေအနှစ်မှာထည့်သွင်းဖို့ ​အကြံပြုပါတယ်...]


[ဂျူနီယာ ဘီ :အစ်ကိုကြီးငါ...မင်း....မေ့လိုက်ပါတော့... ဒူး​ထောက်လိုက်ပြီ... အရသာရှိတယ်...]


[တိမ်​လေးတစ်ခုရှိတယ် : ကြွပ်ရွပြီးနူးညံ့တယ်... သစ်သီးအရသာရပြီးဘယ်ရီပိုင်မုန့်က အရမ်းကို အရသာရှိတယ်... မီးရှူးမီးပန်း​တွေပို့လိုက်ပြီ...]


[မင်းကြောင်ဘာသာစကား အဆင့်၄ မ​အောင်မချင်း ငါနာမည်မ​ပြောင်းဘူး : ငါက စာ​မေးပွဲအတွက်ပြင်ဆင်​နေတဲ့အချိန်မှာ  တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး အနားယူတတ်တယ်... ရလဒ်အ​နေနဲ့ ငါ့သွားရည်​တွေက ​လေ့ကျင့်ခန်းစာအုပ်​တွေ​ပေါ်ကျကုန်ပြီ ဒါ​ပေမယ့် စားရတာတန်ပါတယ်​လေ...]


ကြည့်ရှုသူအ​ရေအတွက်မှာ သန်း ၂၀၀ကျော်သွားပြီဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုက ယ​နေ့​ကျော်ကြားမှုစာရင်းတွင် နံပါတ် ၁ ဖြစ်လာ​တော့မည်ဖြစ်သည်။ ဤအပတ်၏​ကျော်ကြားမှုစာရင်းတွင်လည်း အဆင့်၂ဆင့်ခုန်တက်သွားသည်။ ယ​နေ့က ​နောက်ထပ်စံချိန်များချိုးမည့် ​နေ့တစ်​နေ့ပင်ဖြစ်သည်။ ကုယွီမြန်က သူ၏ကိုယ်ပိုင် စံချိန်ကိုသာမက ကြယ်တာရာ​ကောင်းကင်၏စံချိန်ကိုပါ ချိုးဖြတ်နိုင်လိမ့်မည်။ သူက ညအထိတိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး ယခု​ကနေ့လည်ပင် မ​ရောက်​သေး​ချေ။


ကုယွီမြန်ကိုယ်တိုင်လည်း ဘယ်ရီပန်ကတ်အား မြည်းကြည့်လိုက်ရာ အမှန်တကယ်အရသာရှိ​ပေသည်။


နှင်းကျားသစ်​​လေး၏ အစားစားချင်စိတ်မှာ မကြီးလှချေ။ယ​နေ့တွင် သူက ပုံမှန်အတိုင်း ၃ခုစားပြီးပြီဖြစ်ပြီး ၄ခု​မြောက်စားရန်အတွက် စိတ်အားထက်သန်​နေသည်။ကုယွီမြန်၏ပန်ကိတ်များမှာ ​အရွယ်အစားသေးငယ်​သော်လည်း…


သူအများကြီး စား​နေတာမဟုတ်ဘူးလား...


​မြေ​ခွေး​လေးက ကုယွီမြန်၏လက်​မောင်းထဲတွင်လှဲ​လျောင်း၍ ဘယ်ရီပန်ကိတ်အားကိုင်ရင်း တိမ်​မြေ​ခွေး​လေးဖြစ်လာသည်။


"အများကြီးမစားမိ​​အောင် သတိထားဦး..."

ကုယွီမြန် က​လေးတစ်​ယောက်ချင်းစီအားချီပြီး ဗိုက်က​လေးများကို ပွတ်သပ်​ပေး နေသည်။

"ပန်ကိတ်​တွေအများကြီးစားလိုက်ကြတာပဲ... ငါတို့​နေ့လည်စာ မစား​​တော့ဘူးလား..."


ကုယွီမြန်က သူတို့၏စားချင်စိတ်အား ​ကျေနပ်​စေရန် ဘယ်ရီပန်ကိတ်​လေးများ လုပ်ခဲ့​သော်လည်း ထမင်းစားရပေဦးမည်ဖြစ်သည်။ က​လေး​များက ဘယ်ရီပန်ကိတ်အား

အရသာ​တွေ့လိမ့်မည်ဟု သူ ကြိုမသိခဲ့ပေ။ ကုယွီမြန် အကြိမ်များစွာရပ်တန့်ရန် တွန့်ဆုတ်​နေခဲ့သည်။


အလွန်အကျွံစားသုံးခြင်းက သူတို့၏ကျန်းမာ​ရေးအတွက် မ​ကောင်း​​​ချေ။


"အီ"

ပန်ကိတ် ၅ခုစားခဲ့​သော ထန်ယွမ်​လေးမှာ မ​ပျော်ရွှင်​တော့​​​​​ပေ။ သူက ဟက်စကီး​လေးနှင့် ကစား​နေခဲ့သည်။ သူ၏မျက်လုံး​ထောင့်မှ မျက်ရည်များကျလာပြီး ကုယွီမြန်၏လက်​မောင်းထဲသို့ဝင်လိုက်သည်။


ကုယွီမြန် : "..."

ငါ့ရဲ့စကား​တွေကို ပြန်သိမ်းရ​တော့မှာပဲ...


"​ကောင်းပြီ..ခဏ​နေရင်စားမယ်နော်... အရင်ဆုံး ပြီး​အောင်​​ဆော့ဖို့ တခြားကိုသွားကြစို့..."


၎င်းနှင့်ပတ်သတ်ပြီး က​လေးများမှာ စိတ်​ကျေနပ်​လေသည်။


"စားပဲမစားနေကြနဲ့... လက်ဖက်ရည်​လေးလည်း​ သောက်ဦး..."

ကုယွီမြန် ထိုအ​ကြောင်း​တွေးမိသွားသည်။ သူက ကျန်​ရှိနေသည့်အနှစ်များကို သကြားခဲဖြင့်ချက်လိုက်ပြီး ပူဒီိနာ၊သစ်ကြံပိုး​ခေါက်အနည်းငယ်နှင့်​​ ရေ​နွေးပူထည့်လိုက်သည်။၎င်းက ချို​အီ​​မွှေးပျံ့သော ပူပူ​နွေး​နွေး အသီးလက်ဖက်ရည် ဖြစ်သွားသည်။


ဒါ​ပေါ့ ဒီထဲမှာ လက်ဖက်မပါ​ပေမယ့်... ဒီတိုင်း​ပြောလိုက်တာပါ...


ဤ​​ဆောင်းရာသီ​အေး​အေး၌ ​ကောင်းကင်ပြာက ရှင်းလင်း​နေပြီး​ လေက အနည်းငယ်​အေးကာ သစ်ရွက်များလှုပ်ယမ်း​နေသည်။ သူ၏လက်ထဲတွင် ဘယ်ရီပန်ကိတ်ပူပူ​လေးအား ကိုင်ထားပြီး ​ဘေးတွင် ချိုမြိန်​သော အသီးလက်ဖက်ရည်ပူပူရှိကာ သူ့မိသားစုနှင့် အတူ​နေရောင်​အောက် မြက်ခင်းစိမ်း​​ပေါ်တွင်ထိုင်နေချိန် ​လေ​ပြေ​အေး​လေးက တိုက်ခတ်ကာ သူအနှစ်သက်ဆုံးလူသားမှ နူးညံ့စွာ​ပွေ့ဖက်ထားရပြီး သူ၏အ​မွေးများကို ​ချော​​မွေ့​အောင် ပွတ်​ပေးနေသည်။


​ပျော်ရွှင်မှုမှာ ​ပေါက်ကွဲထွက်သွားသည်။


[ဟောက်ရန် ကျန်းချီ : ငါ့အိပ်မက်က ပြီးပြည့်စုံသွားပြီ...]


[ဝိတ်ကျချင်နဲ့ အချစ်လေး: ဒါကနူးညံ့သိမ်​မွေ့လိုက်တာ... မြန်မြန်နဲ့ သူ့ရဲ့အ​ကောင်​ပေါက်​လေး​တွေအတူတူ… ဒါကငါ့ရဲ့ချစ်ဖို့​ကောင်းတဲ့အားနည်းချက်ကို ထပ်ခါထပ်ခါထိ​နေတယ်...​တောင့်မခံနိုင်​တော့ဘူး...]


[ဒီကအလှ​လေး :တင်ဆက်သူက ပရိသတ်​တွေနဲ့ အပြင်မှာ​တွေ့ဆုံပွဲလုပ်ဖို့ စဥ်းစား​ပေးမလား... ငါ မ​နေနိုင်​တော့ဘူး...ဒီလူသားနဲ့အပြင်မှာ နီးနီးကပ်ကပ် ရှိချင်တယ် ကျေးဇူးပြုပြီး ဝူး ဝူး ဝူး...]


မှတ်ချက်မျက်နှာပြင်နှင့် လက်ရှိကြည့်ရှုသူများ အလျင်အမြန်​ပျောက်သွားပြီး အသစ်များတက်လာသည်မှာ အံ့အားသင့်ဖွယ်ရာပင်။ ကြည့်ရှုသူများမှာလည်း ချန်နယ်တိုင်းတွင်​​ ထောက်ခံ​ပေးထားပြီး အပူလှိုင်းအားထပ်မံတိုးလာ​စေသည်။ လူသစ်ပြိုင်ပွဲ၏နောက်ဆုံးညမှာ ၃နာရီကြာလျှင် ဖွင့်လှစ်လိမ့်မည်ဖြစ်ပြီး စုစု​ပေါင်းစာရင်းအချက်အလက်များလည်း ထွက်လာလိမ့်မည်ဖြစ်သည်။


ကုယွီမြန်၏​ကျော်ကြားမှုတိုးနှုန်းမှာ ပထမ၊ မှတ်ချက်မျက်နှာပြင်ထံမှ လက်​ဆောင်အ​ရေအတွက်တွင်လည်း ပထမ၊​ ကျော်ကြားမှုတိုးနှုန်း၌လည်း ပထမ၊ စာရင်း​ပေါ်မှစုစု​ပေါင်းအ​ရေတွက်ကလည်း ပထမဖြစ်ပြီး ​နေရာအနှံ့အပြား စုစု​ပေါင်း ကျော်ကြားမှုမှာ ဒုတိယ​နေရာ၏၄ဆဖြစ်ပြီး ပထမပင်ဖြစ်သည်။


စားစရာ​သောက်စရာအပြည့်ဖြင့် ကုယွီမြန်နှင့် က​လေးများက မြက်ခင်းပြင်​ပေါ်တွင် တစ်ခဏမျှလူးလှိမ့်အနားယူကြပြီး သစ်ရွက်များ​အောက်မှ ဖြတ်လာ​သော​နေ​ရောင်နှင့် တိုက်ခတ်လာ​သော​​လေအား ခံစားကြသည်။


ထို့​နောက် ​သူက အမွေးဘောလုံး​လေး၄လုံးထဲမှ ၂လုံးအား လက်တွန်းလှည်းထဲသို့ထည့်ပြီး ကျန်၂လုံးကိုချီလိုက်သည်။

"​ကောင်းပြီ... 'သစ်ပင်ကမ္ဘာနတ်သမီးမြေ'ကို သွားကြစို့..."


"အီ..."


"အာဝူး..."


တစ်ခါတစ်ရံကျရင် ထန်ယွမ်​လေးနဲ့အာ့ဟာတို့ရဲ့ စွမ်းအင်​တွေ ဘယ်က​နေလာတာလဲလို့ သိချင်မိတယ်...


မကြာ​သေးမီကမှ သူတို့က ဗိုက်ပြည့်​နေပြီး သူ့လက်​မောင်းထဲတွင်လှဲကာ ငိုက်မျဥ်းလျက် တအီအီလုပ်​နေသည်။ ထို့​နောက် ကစားရ​တော့မည်ဟု ကြား​သောအခါ စက္ကန့်ပိုင်းအတွင်းပင် လက်​လေးများအား​မြှောက်ပြီး တဖန်တက်ကြွလာပြန်သည်။ သူ အနည်းငယ် ကူကယ်ရာမဲ့သွားရသည်။


သစ်ပင်ကမ္ဘာလှည့်စားမှုက သစ်ပင်ကမ္ဘာတစ်ခုလုံး၏ အ​ရေးကြီးဆုံး​သော ကစားနည်းဖြစ်သည်။ ​ယေဘုယျအချက်အလက်များက သရဲအိမ်၊ ဝင်္ကပါနှင့်ဆင်တူသည်။က​လေးများအတွက်ဖြစ်၍ သူတို့က ​အ​လျှော့​ပေးထားပြီး အလွန်ကြောက်စရာမ​ကောင်း​ချေ။


ဤ​နေရာတွင် နည်းပညာအသစ်များသုံးလိမ့်မည်ဟု ကုယွီမြန်​တွေးမိပြီး သူ​မျှော်လင့်​စောင့်စားနေမိသည်။


အတွင်းသို့မဝင်မီ သူတို့၏ခန္ဓာကိုယ်အ​​ခြေအ​နေအား

AI၏အကူအညီဖြင့် စစ်​ဆေးရန်လိုအပ်သည်။ တစ်ချိန်တည်းမှာပင် က​လေးများ၏လက်ပတ်များကို

ပြန်လည်အတည်ပြုရန်လည်း လိုအပ်သည်။ လုပ်ငန်းစဥ်တစ်ခုလုံးပြီးသွားပြီး​နောက် ကုယွီမြန်နှင့်က​လေးများက "သစ်ပင်ကမ္ဘာ နတ်သမီး​မြေ"သို့  ဝင်​​ရောက်ခဲ့သည်။


"သစ်ပင်ကမ္ဘာရဲ့အပြင်ဘက်က ပုံမှန်အပင်အတိုင်း သစ်ရွက်​တွေအသီး​တွေနဲ့ပဲ..."

ကုယွီမြန်သက်ပြင်းချလိုက်သည်။

"ဒါက အသုံးပြုတဲ့နည်းလမ်းလား..."


ထန်ယွမ်​လေးက သူ၏လက်ဖဝါး​​လေးအားစုပ်ကာ ကျည်ကျည်ကျာကျာ​အော်မြည်​နေသည်။


[အလှကုန်​တွေကို လွှင့်ပစ်မယ်: သူတို့ဝင်သွားတဲ့အခါ

သူတို့မြင်တဲ့အရာ​တွေက မတူကြဘူး...အဲ့ဒါကို 

"တံလျှပ်"လို့​ခေါ်တယ်... လူကြီးနဲ့က​လေး​တွေက အတူတူဝင်နိုင်တယ် ဒါ​ပေမယ့် လူကြီး​တွေရဲ့ အ​တွေးအတိုင်း သူတို့က ဆက်သွားတာ... မြန်မြန်ရဲ့ အတွင်းစိတ်က ဒီ​လောက်နူးညံ့လိမ့်မယ်လို့ မထင်ထားမိဘူး...]


'တံလျှပ်'ဆိုသည်မှာ ဦး​နှောက်၏အတွင်းစိတ်ကမ္ဘာဖြစ်သည်။


၎င်းက အလွန်အံ့အားသင့်ဖွယ်​ကောင်း​သော နည်းပညာဖြစ်သည်။ အမှန်တကယ်တွင် ထိုနည်းပညာမှာ အိပ်မက်မက်ခြင်းနှင့်ဆင်တူသည်။ ယခုအချိန်တွင် စိတ်ကူးယဥ်မြို့​တော်၌သာ ​ဖျော်ဖြေရန်အတွက် ဤနည်းပညာအား ​အောင်​အောင်မြင်မြင်အသုံးပြုနိုင်ပြီး ၎င်းက ​ယေဘုယျအားဖြင့် သိပ္ပံသု​တေသနလုပ်ငန်းများအတွက် အသုံးပြု​သည်။


သစ်ပင်ကမ္ဘာက ​ကောင်းကင်နှင့်ကမ္ဘာ​​မြေအားဖြတ်ကာ စိတ်ကူးယဥ်မြို့​​တော် အလယ်တွင် ကြီးထွားပြီး ကောင်းကင်မြို့​တော်၏အမြင့်ဆုံး​နေရာသို့​ရောက်သည်။ ယခုအချိန်တွင် ကုယွီမြန်၏မျက်လုံးမှမြင်ရ​သော သစ်ပင်ကမ္ဘာ၏အတွင်းပိုင်းက စာကြည့်တိုက်အ​ဟောင်းကဲ့သို့ပင်။စက်ပိုင်းပုံစာအုပ်အ​​ဟောင်းများကို စင်​ပေါ်တွင်တင်ထားပြီး

လှည့်ပတ်သွားနိုင်သည့် သစ်သား​လှေကားတစ်ခုရှိသည်။


သစ်သား​လှေကား​ပေါ်တွင် တိရစ္ဆာန်​လေးများ အိပ်​နေသည်။ ကုယွီမြန် သစ်သား​လှေကား​ပေါ်သို့ ​ခြေချလိုက်​သောအခါ အိပ်​ပျော်​သော အဝတ်ရုပ်​ကြောင်က သူ၏​ခြေကျင်းဝတ်အား ပွတ်သပ်​လေသည်။ ကုယွီမြန် စိတ်ကူးထားသည်နှင့်မတူစွာ ​နေရာတစ်ခုလုံးက အို​ဟောင်းပြီး

ရိုးရှင်း​သောပုံစံရှိသည်။


အလင်းတိုင်များကြောင့် ခေါင်မိုး​ပေါ်မှ အလင်း​​ရောင်ရသည်။


ကုယွီမြန် မ​နေနိုင်ဘဲ စာအုပ်စင်မှ စာအုပ်တစ်အုပ်အားဆွဲထုတ်လိုက်သည်။ သူ့စိတ်ဆန္ဒအရ လှန်ကြည့်လိုက်သည့်အခါ နှလုံးခုန်သွားရသည်။


၎င်းက သူ​မွေးဖွားသည့်ဖြစ်စဥ်မှ ကြီးပြင်းလာသည့်တစ်​လျှောက် ဖြစ်စဥ်တစ်ခုလုံးအား ပြသထားသည်။


သူက ယန်ဇီမြစ်၏​တောင်ပိုင်းတွင် ကြီးပြင်းခဲ့ပြီး က​လေးဘဝကတည်းက သူ့တွင်​​ နွေး​ထွေး​သောအကျင့်စရိုက် ရှိသည်။ သူ၏အဘွားမှာ တိရစ္ဆာန်​ဆေးကုခန်းဖွင့်ထားပြီး အဘိုးက စား​သောက်ဆိုင်​သေး​သေး​လေးဖွင့်ထားသည်။သူ၏က​လေးဘဝတွင် အမွေးဖွားဖွား အ​ကောင်​လေးများကြား နစ်မြုပ်​နေခဲ့သည်။


​နောက်ပိုင်းတွင် သူ၏မိဘများနှင့်အတူ စီချွမ်သို့သွားခဲ့သည်။


စာအုပ်ထဲတွင် သူ့အကြောင်း အ​သေးစိတ်အချက်အလက်များကပင်  မှန်ကန်​နေ၏။ ဥပမာ သူ့အသက်၄နှစ်တွင် ပြန်​ပေးဆွဲခံရကာ ​ရောင်းစားခံရလုနီးပါးဖြစ်ခဲ့ပြီး သူအသက်၁၅နှစ်တွင် သူ၏အဘွားမှာ ​​ဖျားနာမှု​ကြောင့် သေဆုံးသွားခဲ့သည်။


ဒီမြင်ကွင်းက ဘာဖြစ်​နေတာလဲ... တိုက်ဆိုင်တာလား...


ကြယ်တာရာ​ခေတ်ကဘယ်သူမှ ဒီအ​ကြောင်း​တွေ

မသိနိုင်ဘူးလေ… ဒါက နှစ်​ထောင်​ပေါင်းများစွာက ​ရှေး​ဟောင်းပစ္စည်းတစ်ခုလိုပဲ…


"ထွမ်ထွမ်...ယွမ်ယွမ်..."

ကုယွီမြန် စာအုပ်အားပိတ်ပြီး ပြန်ထားလိုက်သည်။ သူက က​လေးများအား သူ၏လက်​မောင်းထဲသို့ချီရန် ကြိုးစားလိုက်​သော်လည်း ​လေကိုသာဖမ်းမိလိုက်သည်။


"..."


ကုယွီမြန် ပတ်ဝန်းကျင်အားကြည့်လိုက်သည်။

ငါ့ရဲ့အမွေးလုံး ၄လုံးက ဘယ်​ရောက်သွားတာလဲ...


[ဆီးနှင်းပွင့် : အမှန်တိုင်း​ပြောရရင် တင်ဆက်သူက အဓိကဇာတ်​ကောင်ပဲ... အခု က​လေး​တွေက သစ်ပင်ကမ္ဘာတံလျှပ်ရဲ့ တစ်​​နေရာရာမှာရှိ​နေလိမ့်မယ်... သူတို့ကို ရှာ​တွေ့တဲ့အခါ တံလျှပ်ကရပ်သွားလိမ့်မယ်...]


[​ကြောင်က​လေးရဲ့​မြောင် : ငါဒီအ​ကြောင်း နည်းနည်းကြားဖူးတယ်... ဒီဖြစ်ရပ်ရဲ့ဖြစ်နိုင်​ချေက အရမ်းနည်းတယ်... ဒါက မြန်မြန့်အတွက် ကံ​ကောင်းတာလား ကံဆိုးတာလား မသိ​တော့ဘူး...]


[aihvcix:ငါကြိုက်တယ်..ဒါက ခက်ပေမယ့် အရမ်းစိတ်ဝင်စားဖို့​ကောင်းတယ်... အထူးသဖြင့် big boss ပဲ…  (ဒါ​ပေါ့ လူတိုင်း​တွေ့ကြတဲ့သူက မတူဘူး...သူတို့ရဲ့အတွင်းစိတ်ကမ္ဘာနဲ့ပဲသက်ဆိုင်တယ်)]


ကုယွီမြန် : "..."


ငါ မ​ဆော့ချင်ဘူး...ဟုတ်ပြီလား…


ဘာbig bossလဲ... သရဲအိမ်ကို လာခဲ့တာမဟုတ်ဘူးလား... ဘာလို့ ဂိမ်း​ဆော့​နေရသလို ဖြစ်​နေတာလဲ...


​ယခုအချိန်၌ ကောင်းကင်သစ်ပင်၏ထိပ်ခုံးထိပ်ခိုးတွင်…


​နောက်​ကျောတွင် အရိုးအ​တောင်ပံတစ်စုံဖြင့် big bossက ပျင်းရိစွာသမ်း​ဝေလိုက်သည်။ သူ၏လက်ဖဝါး​လေးအားဆန့်ကာ ကုယွီမြန်လက်ဖဝါး​ပေါ်သို့ ဖိ​တော့မည့်အချိန်တွင် သူါလက်​ချောင်းများကို​သူ တွေ့လိုက်ရသည်။


သူ၏လက်​ချောင်းများမှာ အနည်းငယ်ဖြူ​ဖျော့​ကာ အရိုးများနှင့်ဖြစ်ပြီး အမွေးဖွာဖွာ လက်ဖဝါးကလေး မဟုတ်​​ပေ။


သူ၏​ဘေးတွင် မှန်တစ်ချက်ရှိသည်။ big boss သူ၏​ခေါင်းကိုလှည့်လိုက်သည့်အခါ ​အေးစက် မည်း​မှောင်​သောမျက်နှာထားနှင့် အမျိုးသားတစ်​ယောက်ရှိ​နေသည်။ မှန်ထဲမှလူကလည်း သူ့အား ​အေးစက်စက် ခဲပြာ​​ရောင်မျက်လုံးများဖြင့် ပြန်ကြည့်​နေခဲ့သည်။


ရှို့ဟန်  : "...."



🐯🐯🐯