🐯Ch 115
ထန်ယွမ်လေးနှင့် ဟက်စကီးလေးမှာ ကြက်သေသေသွားသည်။ ထို့နောက် ထန်ယွမ်က ချက်ချင်း စိတ်ပြေလျော့သွားပြီး ပန်ဒါလေးက ဖောက်ထွင်းမြင်ရသော ပူဖောင်းထဲတွင် သူ၏ဗိုက်အားပွတ်သပ်ကာ လူးလိမ့်နေသည်။ ဟက်စကီးလေးက နှင်းကျားသစ်လေးအား ဖော်ရွေစွာဖြင့် ရူးကြောင်ကြောင်လေးပြုံးပြသည်။
နှင်းကျားသစ်လေး၏မျက်နှာမှာ မပြောင်းလဲဘဲ မာနကြီးနေသောကြောင့် ယခုပုံစံနှင့်သူက အလွန်ချစ်စရာကောင်းလှသည်။
[နန်ချွယ် : အခုလေးတင် ဒီကြောက်ဖို့ကောင်းတဲ့လေထုကိုခင်းကျင်းလိုက်တာ ထွမ်ထွမ်လား... ဟားဟားဟား... ဘယ်လိုတောင်ချစ်ဖို့ကောင်းတဲ့ သံပုရာသီးလေးလဲ...]
[အသုံးပြုသူ 18636 : ငါ အတင်းပြောနိုင်တော့မယ်လို့ထင်နေခဲ့တာ...အဲဒါက ထွမ်ထွမ်ဖြစ်နေတာပဲ... ကံဆိုးတာပေါ့...]
[အန်နာဆူး : ဘယ်သူ့ကိုမှမချစ်တဲ့ တစ်စုံတစ်ယောက်ကသာ မိသားစုဝင်တစ်ယောက်ကို ဘောစ့်အဖြစ်ရနိုင်တာ... မြန်မြန်က နည်းနည်းစိုးရိမ်တတ်ပြီးတော့ ကြင်နာတတ်တယ်မလား... ငါမယုံဘူး အရင်တစ်ခေါက် မြို့အရှင်က
အရမ်း မပြတ်မသားဖြစ်နေတာမလား...]
ကုယွီမြန်၏ ပထမဆုံးအမူအရာမှာ စိတ်သက်သာရာရခြင်းပင်။
ကံကောင်းစွာ ၎င်းက ရှို့ဟန်မဟုတ်ခဲ့ပေ။ ရှို့ဟန်၏ပုံရိပ်က ရှို့ဟန်ကိုယ်တိုင်မဟုတ်သော်လည်း ၎င်းကပင် ကုယွီမြန်အား ခေါင်းကိုက်စေရန် လုံလောက်သည်။
ငါ ရှို့ဟန်ကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောကျလို့ ထွမ်ထွမ်က ဒီမှာရှိနေတာဖြစ်မယ်... တခြားဖြစ်နိုင်ချေလည်းရှိဦးမယ်...
ကုယွီမြန် သူ့နှလုံးသားထဲမှ ကြိုးတစ်ချောင်းအား ဖမ်းမိခဲ့သော်လည်း ၎င်းကို အလွန်ရှင်းမပြနိုင်ပေ။
ဘယ်သူက ချုပ်တည်းထားတာလဲ... ခဏနေမှ ပြန်စဥ်းစားတော့မယ်...
သူ့မသိစိတ်မှ လက်ပတ်ကွန်ပျူတာဖြင့် ပုံများစွာရိုက်ယူလိုက်သည်။ သူက ချစ်စရာကောင်းသော နှင်းကျားသစ်လေးအား ရှု့ထောင့်အမျိုးမျိုးမှရိုက်ခဲ့သည်။ ထို့နောက် လေထဲတွင် ပေါလောပေါ်နေသော ကလေး၃ယောက်အားဆွဲ၍ သူတို့၏ခေါင်းအား ပွတ်ပေးလိုက်သည်။
နှင်းကျားသစ်လေးက သူ့အတောင်ပံအားဖြန့်၍ပျံကာ ကုယွီမြန်၏ပခုံးပေါ်တွင် နားလိုက်သည်။ သူက ကုယွီမြန်၏ပါးကို လက်တစ်ဖက်ဖြင့်ဖိပြီး ပျင်းရိစွာ သမ်းဝေလိုက်သည်။
ကုယွီမြန် :"ဒါဆို ငါတို့ ဒီတိုင်းထွက်လို့ရပြီလား..."
ကလေးလေးယောက်လုံးရှိနေသော်လည်း ထွက်ခွင့်ရမည့်ပုံ မပေါ်သေးချေ။
[aihvcix :တင်ဆက်သူရေ သစ်သားကတ်လေးကို
လှည့်လိုက်...]
ကုယွီမြန် တုံ့ဆိုင်းသွားသည်။ သူက "နတ်ဆိုး ဘုရင်"ဟူသော စကားလုံးဖြင့် ကတ်အားလှည့်ပြီး တစ်ခဏမျှဂရုတစိုက်ကြည့်လိုက်သော်လည်း ကြည့်ရှုသူများအား ဖတ်မပြခဲ့ပေ။ ဟက်စကီးလေးနှင့်ထန်ယွမ်လေးက သိချင်စိတ်ဖြင့် သူတို့၏ခေါင်းလေးများမော့၍ ကုယွီမြန်အား အတူတကွကြည့်နေကြသည်။
မြေခွေးလေးက သူ၏အမြှီးကြီးအားဆန့်၍ ကုယွီမြန်၏လည်ပင်းအားနွေးစေရန် ကူညီပေးသည်။ သူ နှင်းကျားသစ်လေးထံမှ အတွန်းခံရပြီးနောက် ကုယွီမြန်က သူ့အား ရင်ခွင်ထဲတွင်ချီထားလိုက်သည်။ ကုယွီမြန်နှင့်ကလေးများက တစ်ခဏမျှ ကြည့်နေခဲ့ကြသည်။ ပထမတွင် သူတို့အနည်းငယ် ရှုပ်ထွေးနေသော်လည်း တဖြည်းဖြည်းဖြင့် နားလည်လာသည်။
"သူက ပြောတယ်... မထွက်ခွာခင် တစ်ခုခုလုပ်ခဲ့ရမယ်တဲ့..."
ကုယွီမြန်ကိုယ်တိုင်ပင် ပဟေဠိဖြစ်သွားကာ ဖြည်းဖြည်းချင်း ဆက်ပြောသည်။
"နည်းနည်းလောက်သွားကြရအောင်... အခုက မမှောင်နေတယ်ဆိုတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို အရင်ပိတ်ထားလိုက်မယ်..."
ကြည့်ရှု့သူများ၏သိချင်စိတ်မှာပေါက်ကွဲထွက်လာသည်။
[နေပါဦး နေပါဦး...ဘာတွေဖြစ်နေတာလဲ...]
[သိချင်တယ်...အဲ့ဒါကိုအရမ်းသိချင်တယ်...]
[ငါ မြန်မြန်နဲ့ကလေးတွေကို မမြင်ရဘူး... သူတို့အကြောင်းစဥ်းစားနေမိတုန်းပဲ...]
လူတိုင်းက အသံမှတစ်ဆင့် ကွင်းဆက်မိရန် ကြိုးစားနေကြသော်လည်း ကလေးများ၏ အသံရှုသံမှလွဲ၍ မည်သည့်အသံမှမကြားရေပ။ တစ်ခါတစ်ရံ ထန်ယွမ်လေး၏ တစ်စုံတစ်ခုအား ပြန်ပြောနေသည့် "အီ အီ အီ " အသံများသာ ကြားနေရသည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ပုံရိပ်ပြန်လည်ပေါ်လာသည်။
သစ်ပင်ကမ္ဘာ၏တံလျှပ်မှာ ပြီးဆုံးသွားပြီး အရှေ့ကိုထွက်သည့် တံခါးတစ်ချပ်ရှိသည်။ ကုယွီမြန်က ကလေးများအားချီပြီး ကြည့်ရှု့သူများကို နှုတ်ဆက်လိုက်သည်။
"ဟဲလို... မင်းတို့အားလုံး အကြာကြီးစောင့်လိုက်ရမှာပဲ...
အခုအပြင်ထွက်ကြစို့..."
လူပေါင်း သန်း၂၀၀ကျော်က စိတ်ရှုပ်ထွေးနေရသည်။
နေပါဦး...အဲ့ဒီဆယ်မိနစ်မှာ ဘယ်ဖြစ်သွားတာလဲလို့...
"ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး..."
ကုယွီမြန်က ကြည့်ရှုသူများအား ရှင်းပြလိုက်သည်။
"အပေါ်ကိုတက်သွားပြီးတော့ ပလက်ဖောင်းအကြီးကြီးတစ်ခုရှိတယ်... အဲဒါက အရမ်းမှောင်တယ် ပိတ်ဆို့ထားဖို့အတွက် အထူးအမြင်အာရုံလိုင်းတစ်ခု လုပ်ထားတာမျိုးထင်တယ်... ထွမ်ထွမ်နဲ့ ကျွန်တော် ဘာမှမမြင်ရဘူး..."
သစ်သားပြားပေါ်တွင် သူက တိကျသေချာသော တစ်နေရာရာသို့ သွားသင့်သည်ဟုပြောလေသည်။ ကုယွီမြန်က ကလေးများအား လုံခြုံသော နေရာတွင်စောင့်ခိုင်းပြီးနောက် သူတစ်ယောက်တည်း လမ်းလျှောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူဘာမှမမြင်နိုင်သောကြောင့်ပင်။ အလယ်တွင် အကြိမ်များစွာ သူ့နောက်မှ
တစ်ယောက်ယောက်လိုက်လာသည်ဟု ခံစားခဲ့ရသည်။ ကုယွီမြန်မဟုတ်ဘဲ အခြားတစ်ယောက်ယောက်ဆိုလျှင်
ဘာမှမမြင်ရသည့်အချိန်၌ ထူးဆန်းသောနေရာသို့
သွားနေစဥ် တစ်စုံတစ်ယောက် နောက်မှလိုက်လာပါက နှလုံးရောဂါရသွားလိမ့်မည်ပင်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့လက်များကို အကိုင်ခံလိုက်ရသည်။ ကုယွီမြန် အသံထွက်လုနီးပါးဖြစ်သွားပြီး
မကြာမီ အခြားတစ်ဖက်မှ သူ့ကိုလွှတ်လိုက်သည်။ ထို့နောက် သူက ဓာတ်ပုံရိုက်လျှင်ထွက်သည့် အသံအားကြားလိုက်ရသည်။
တစ်ခဏမျှစောင့်ပြီးနောက် ပြန်လာသောအခါ ကစားပွဲပြီးဆုံးသွားလေသည်။
မှတ်ချက်မျက်နှာပြင်တွင် ပြောနေကြသည်နှင့်မတူသည်မှာ ယခုက စိတ်ဝင်စားစရာကောင်းဘဲ အနည်းငယ်ပင် ကြောက်စရာကောင်းနေသေးသည်။ ၎င်းတွင် ပြဿနာရှိနေသည်လား သူ မသိပေ။ ၎င်းက ဤစိတ်ကူးယဥ်မြို့တော်ခရီးစဥ်၏ အရှုံးတစ်ခုဖြစ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် အဲဒါကပြီးသွားပြီလေ..
[စတော်ဘယ်ရီသီးလေး : ပြသာနာရှိနေတဲ့ပုံပဲ... အကုန်ရှုပ်ထွေးနေတယ် JPG]
[ဇူလိုင်လလယ် :ငါတို့ နေ့လယ်စာစားတော့မှာလားဆိုတာသိချင်တယ်...နေ့လယ်စာအတွက် ဘာစားမှာလဲ...]
"နေ့လယ်စာလား...ကြည့်ပါရစေဦး... ကလေးတို့ ဘာစားချင်လဲ..."
ကုယွီမြန် မနေနိုင်ဘဲရယ်လိုက်မိသည်။
"အပြင်ထွက်ကြစို့... စားတာက အရမ်းပျော်ဖို့ကောင်းတာပဲလား..."
နတ်သမီးမြေမှထွက်လာပြီးနောက် ကောင်းကင်ပြာကြီးအောက်တွင်ရပ်ရင်း ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။ နှင်းကျားသစ်လေးက ကုယွီမြန်၏ပခုံးပေါ်တွင်လှဲရင်း သူ၏ကလေးသုံး လက်ပတ်ကွန်ပျူတာလေးအားဖွင့်နေသည်။ ကောင်လေးက သူ၏လက်ဖဝါးအား
အလင်းမျက်နှာပြင်ပေါ်တွင်ဖိပြီး တစ်စုံတစ်ခုအား
လေးလေးနက်နက်ကြည့်နေသည်။ သူ့မျက်လုံးများက စိတ်ကျေနပ် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။
သူ့မိသားစုဝင် ထွမ်ထွမ်လေးတွင် ဤကဲ့သို့ ခံစားချက်ကောင်းသည်မှာ ရှားပါးလှသည်။ ကောင်ဆိုးလေးမှာ အမြဲတမ်း ပင်ပန်းပြီး ပျင်းရိနေလေသည်။
ကုယွီမြန်က ကောင်ကလေး၏မေးကိုကုတ်ပြီးမေးလိုက်သည်။
"ထွမ်ထွမ်...ဘာတွေကြည့်နေတာလဲ..."
သူမေးလိုက်သည်နှင့်တစ်ပြိုင်နက် နှင်းကျားသစ်လေး၏ လက်ဖဝါးလေးမှာ ရပ်တန့်သွားသည်။ သူက အလင်းမျက်နှာပြင်အား အဝေးသို့ထားကာ ကုယွီမြန်ကို ကြည့်ရှု့ခွင့်မပေးခဲ့ပေ။
"..."
ကုယွီမြန် စိတ်ပျက်သွားသလိုခံစားလိုက်စသည်။
ကလေးတွေကြီးပျင်းလာတာနဲ့ သူတို့မှာ သူတို့ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိလာပြီပေါ့လေ...
စိတ်ကူးယဥ်မြို့တော်က ရေပေါ်တွင်တည်ထားသောမြို့ဖြစ်သည်။ ၎င်းက ကမ္ဘာ့သစ်ပင်နှင့်နီးကာ မြို့လည်ခေါင်သို့ လှေဖြင့်သွားနိုင်သည်။ စျေးဆိုင်လေးများ၊ အမြဲတမ်း
နေထိုင်သူ ပြည်သူ၏နေရာများ၊ အမျိုးမျိုးသော ထူးဆန်းသည့် ဆိုင်သေးသေးလေးများရှိသည်။ မှင်စာများ၊ လူပုများ၊ နတ်သူငယ်များနှင့် စုန်းမများဖြင့် ရောနှောနေသော နေရာတစ်ခုလည်းဖြစ်သည်။
ကုယွီမြန်နှင့်ကလေးများက အငှားလှေစီးကာ မြို့လည်ရန် ဖြေးငြင်းစွာထွက်သွားကြသည်။
တစ်မနက်လုံးဆော့ကစားပြီးနောက် ကလေးများက သိသိသာသာ ပင်ပန်းလာသည်။ ထန်ယွမ်လေးနှင့် ဟက်စကီးလေးက သူတို့၏ခေါင်းများကိုအတူကပ်ထား၍ ကုယွီမြန်၏ဒူးပေါ်တွင် အိပ်ပျော်နေကြပြီး မြေခွေးလေးမှာလည်း
ကုယွီမြန်၏လက်မောင်းထဲတွင် ကွေး၍အိပ်နေသည်။
ကုယွီမြန် ကလေးများအားမနှိုးဝံ့ဘဲ သူတို့ကို တစ်ခဏမျှအိပ်စေလိုက်သည်။
ကောင်းကင်က မြင့်မားပြီးအပြာရောင်သန်းကာ ဆောင်းဦးအစောပိုင်း သစ်ရွက်နံ့များအား လေနှင့်အတူ နှာဖျားတွင်ရှုရှိုက်နိုင်ပြီး ကုယွီမြန်၏ကိုယ်ပေါ်တွင်လည်း လတ်ဆတ်သန့်ရှင်းသောအနံ့တစ်မျိုး ရှိနေသည်။ တရွေ့ရွေ့သွားနေသောလှေပေါ်တွင်လှဲနေရ၍ ဤကဲ့သို့သော ရာသီဥတုမှာ အိပ်ချင်မူးတူးဖြစ်စေသည်။
-----
ကလေးများက နှာခေါင်းထဲမှ ပြင်းထန်သောအနံ့ဖြင့် အနှိုးခံလိုက်ရသည်။
"နိုးလာပြီလား..."
ကုယွီမြန်က ဇွန်းရှည်တစ်ချောင်းအားယူပြီး အိုးထဲသို့မွှေလိုက်သည်။ ကလေးများ၏ ခေါင်းကိုထိလိုက်ပြီးနောက် သူ့မျက်လုံးများကွေးသွားသည်။
"မိနစ်ပိုင်းလောက်နေရင် စားလို့ရပြီ..."
နေ့လယ်၌ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတစ်ခုလုံး၏ အသုံးများမှုမှာ စတင်၍တိုးလာသည်။ ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း ပလက်ဖောင်းတစ်ခုလုံး၏အဝေးတွင်ရှိနေပြီး ယနေ့၏စုစုပေါင်းကျော်ကြားမှုတွင်ထိပ်ဆုံးသို့ တိုက်ရိုက်တက်သွားသည်။ စက္ကန့်တိုင်းတွင်
ကြည့်ရှုသူအသစ် သောင်းနှင့်ချီ၍ဝင်လာသည်။
"မီးကြည့်လိုက်ဦးမယ်..."
ကုယွီမြန် အချိန်ကိုကြည့်လိုက်သည်။
"မင်းတို့အိပ်ချင်နေသေးလား... နည်းနည်းလောက် ပိုအိပ်ဦးမလား..."
ခရီးဆောင် အရက်မီးဖိုပေါ်တွင် ဆန်ပြုတ်တစ်အိုးချက်နေသည်။
နူးညံ့ပျော့ပျောင်း၍ မွမွှေးကြိုင်သော ဆန်များက ပွက်နေပြီး ပျစ်၍လတ်ဆတ်ချိုမြိန်သော ဆန်ပြုတ်မှာ အလွန်မွှေးသည်။ အချိန်ကြာလာသည်နှင့်အမျှ ပူဖောင်းအကြည်လေးများထလာပြီး ဆန်ပြုတ်မှာ နူးညံ့သွားသည်။ အတွင်းထဲတွင် အနည်းငယ်ကြော်ထားသော ကြွပ်ရွနူးညံ့သည့် ကြက်ရင်ပုံသားနှင့် ကန်စွန်းဥအတုံးလေးများပါသည်။ စိမ်းစိုသောအရွက်များလည်း ပွက်လာသည်။
ကြည့်ရှု့သူများ နှင့်အကောင်ပေါက်လေးများ :"..."
ဘယ်သူက ဆက်အိပ်နေနိုင်မှာလဲ...
ကလေးများက အလွန်လျင်မြန်စွာ နိုးလာကြသည်။
ထန်ယွမ်လေးက အိုးကိုကြည့်ပြီးနောက် ကုယွီမြန်အားပြန်ကြည့်ကာ တံထွေး မျိုချလိုက်သည်။ မြေခွေးလေးနှင့် ဟက်စကီးလေး၏ဗိုက်မှာအသံမြည်လာပြီး နှင်းကျားသစ်လေးကလည်း အိုးအား ၁၀စက္ကန့်ထက်ပိုကြည့်ပြီး တွန့်ဆုတ်စွာဖြင့် အကြည့်လွှဲ၍ သူ၏ကလေးလက်ပတ်ကွန်ပျူတာအား ကြည့်လိုက်သည်။
ကြည့်ရှုသူများ၏ တုံ့ပြန်မှုက ယခုမှနိုးလာသည့် ကလေးများထက်ပို၍ အံအားသင့်နေကြသည်။
[ဖုန် NN : အားးး အားး... ဘာတွေလဲ... မြန်မြန်ရဲ့အရင်ဆန်ပြုတ်နာမည်အရဆို ဒီတစ်ခုက ကြက်ရင်ပုံ၊ မျှစ်နဲ့ကန်စွန်းဥဆန်ပြုတ်မလား...]
[auhufc:နာမည်ကောင်းပဲ... ပြီးတော့ အရမ်းမွှေးပြီး
ကြည့်ရတာနူးညံ့နေတာပဲ... ငါစားကြည့်လို့ ရနိုင်မလား... အံ့သြစရာကောင်းလိုက်တာ...]
[ပေါင် ၉၀ မကျမချင်း နာမည်မပြောင်းဘူး : ဝှက်သယ်ဖတ်… တင်ဆက်သူကဘယ်တုန်းက ဆန်ပြုတ်တစ်အိုးချက်လိုက်တာလဲ...]
[Baabaabaa:ပျော်လွန်းလို့သေပါပြီ... ဘယ်လိုဆန်ပြုတ်မျိုးလဲ... မျက်လုံးဖွင့်ဖွင့်ချင်း ဆန်ပြုတ်သောက်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး...]
"..."
ကုယွီမြန် ရုတ်တရက် အခါခါရယ်မိသွားသည်။
" ကျွန်တော် အခုမှ တိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်လိုက်တာ... ထွမ်ထွမ်နဲ့ကလေးတွေ အိပ်နေတုန်းပါ...လူတိုင်း အိပ်နေကြတာလား..."
ဒေတာမှာ ကြည့်ရှုသူတွေအများကြီးပြနေပေမယ့် မှတ်ချက်မျက်နှာပြင်က အရေအတွက်က နည်းနေတာ အံ့သြစရာမဟုတ်တော့ဘူး.... သူတို့တွေ အိပ်ပျော်သွားကြတာလား...
ကြည့်ရှုသူများ :
[ငါတကယ် အိပ်ပျော်နေခဲ့တာ...ဒါပေမယ့် အခု လန်းဆန်းသွားပြီ...]
[ငါလည်းအိပ်ပျော်နေခဲ့တာ +1 ... တင်ဆက်သူရဲ့ပွေ့ဖက်မှုက အိပ်ဖို့အတွက် အရမ်းသင့်တော်တယ်...]
[ငါ အထွတ်အထိပ်မှာရောက်နေသလိုခံစားရတယ်... နံနက်ခင်းတစ်ခုလုံး စိတ်ကူးယဥ်မြို့တော်မှာ ကစားတယ်၊ ဘယ်ရီပန်ကိတ်စားတယ်၊ လှေပေါ်မှာထိုင်ပြီး မြန်မြန် ဖက်ထားတာခံရပြီး ခဏအိပ်တယ်...နိုးလာတော့ ဆန်ပြုတ်သောက်ရမယ်တဲ့...]
ကြည့်ရှုသူများအိပ်ပျော်သွားသည်မှာ အံ့သြစရာမဟုတ်ခဲ့ချေ။
လှေက သစ်ပင်ကမ္ဘာ၏အရိပ်များဖြင့် လူပုလေးရွာအားဖြတ်၍ လေနှင့်အတူ ညင်သာစွာ သယ်ဆောင်သွားသည်။
လမ်းတစ်လျှောက်လုံး သွားသည့်နှုန်းက အလွန်နှေးကွေးသည်။ ရေက ဖြေးညင်းစွာစီးဆင်းနေပြီး လေကလည်း နူးညံ့ငြင်သာစွာတိုက်ခတ်နေသည်။ ဆောင်းဦး
နေရောင်ခြည်က နွေးထွေးနေခဲ့ပြီး ရေသံ၊ လေတိုက်ခတ်သံနှင့် ကုယွီမြန်၏အသက်ရှုသံသာ ရှိခဲ့သည်။
ထို့ပြင် ကုယွီမြန်၏တည်ရှိမှုဖြင့်ပင် သူတို့အား ငြိမ်းချမ်းမှုအပြည့်ခံစားရရန် လုံလောက်သည်။
လမ်းတစ်လျှောက် လူပုလေးတစ်ယောက်က ကုယွီမြန်၏လက်မောင်းထဲသို့ ပါဝင်ပစ္စည်းအမျိုးမျိုးအား တွန်းထည့်ခဲ့သည်။ သူက ကြက်ရင်ပုံနှင့်ကန်စွန်းဥဆန်ပြုတ်ချက်ရန် ဆုံးဖြတ်လိုက်သည်။ ကြည့်ရှုသူတိုင်းက အိပ်မောကျသွားခြင်းမဟုတ်ချေ။ အလွန်သက်သောင့်သက်သာရှိပြီး မိန်းမောတွေဝေကာ သူတို့၏မျက်လုံးများမြင်နိုင်သော်လည်း ဦးနှောက်မှာ ဗလာဖြစ်နေခဲ့သည်။
ကြာရှည်သောတိုက်ရိုက်ထုတ်လွှင့်မှု၏ အကြီးမားဆုံးကြောက်ရွံ့မှုမှာ ကြည့်ရှုသူများ ပင်ပန်းမည်ကိုပင်။တိုက်ရိုက်ထုတ်လွှင့်မှုအား နာရီပေါင်းများစွာကြည့်ရန်မှာ မလွဲဧကန်ဖြစ်နိုင်သည်။ ထုတ်လွှင့်ချိန်မှာ ယေဘုယျအားဖြင့် အချိန်၅နာရီကျော်ကျော် ကြာတတ်သည်။ ကြည့်ရှုသူအသစ်များနှင့်အဟောင်းများ အခြေချပြီးနောက် စုစုပေါင်းကျော်ကြားမှုမှာ ထပ်မံတိုးလာလိမ့်မည် မဟုတ်ချေ။
သို့သော် ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ လုံးဝကွဲပြားသည်။
၎င်းက တည်ငြိမ်ပြီး အပန်းပြေကာ စက္ကန့်တိုင်းတွင် အလွန်တိတ်ဆိတ် အေးချမ်းသည်။ ဥပမာ ကောင်းမွန်သော နံနက်ခင်းရရှိပြီးနောက် ခဏခနားယူကာ သူတို့မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ပူနွေးမွှေးကြိုင်သော နေ့လည်စာမှာ
စောင့်မျှော်နေသည်။ ထိုအခိုက်အတန့်လေးတွင် ကြည့်ရှုသူများက တက်ကြွလန်းဆန်းကာ သူတို့၏ပင်ပန်းမှုအားလုံး ပျောက်ကွယ်သွားသည်။
ယခုအခါ တိုက်ရိုက်ထုတ်လွှင့်မှုက ၅နာရီကျော်သွားပြီဖြစ်သော်လည်း ကြည့်ရှုသူများမှာ တိုးနေဆဲပင်။ တိုက်ရိုက်ထုတ်လွှင့်မှုက ကျော်ကြားမှုစာရင်းထိပ်ဆုံးတွင် ရောက်နေရုံသာမက ဒုတိယနေရာနှင့် ကွာခြားမှုမှာလည်းပို၍ ကြီးမားလာသည်။
[သူ့ရဲ့အိပ်မက်တွေဆုံးရှုံးသွားတဲ့ ငှက်ပုတီး : ဆန်ပြုတ်ကိုမြင်တဲ့အခါ ငါတခြားအရသာရှိတဲ့ စားစရာတွေအားလုံးကို မေ့သွားတယ်... ဆန်ပြုတ်ထက်ကောင်းတဲ့ တစ်ခုခုရှိသေးလို့လား... ဒီနေ့က ပျော်စရာကောင်းတဲ့နေ့တစ်နေ့များလား...]
"နေ့လယ်နဲ့ ညနေခင်းမှာ သွားဖို့နေရာတွေ ရှိသေးတယ်... ဗိုက်ပြည့်နေမှ ကောင်းလိမ့်မယ်... ဆန်ပြုတ်သောက်ပြီး မကြာခင်မှာလည်း ဗိုက်ဆာလာနိုင်တယ်..."
ကုယွီမြန်က ပြုံး၍ ရှင်းပြလိုက်သည်။
"ဒီဆန်ပြုတ်နာမည်ကို ကျွန်တော်မသိဘူး..."
ဤဆန်ပြုတ်မှာ သူ့လက်ထဲရှိ ပါဝင်ပစ္စည်းများအား ကြည့်ပြီး လုပ်ထားခြင်းဖြစ်သည်။ လူပုလေးက မျှစ်လေးများပေးပို့ခဲ့ပြီး နတ်သားလေးမှ ကန်စွန်းဥသယ်လာပေးကာ
သူက ကြက်ရင်ပုံအတုအား နုတ်နုတ်စင်းထားလိုက်သည်။ဟင်းချက်ဝိုင်အားအသုံးပြုပြီး ကြက်သားအား အရသာနှပ်ထားပြီးနောက် ဆန်ပြုတ်အိုးထဲတွင် အားလုံးအတူတကွရောလိုက်သည်။
🐯🐯🐯