Chapter 122
Viewers 18k

🐯Chapter 122



မှင်စာများက အသားကင်ခြင်းနှင့် စား​သောက်ခြင်းတွင်ရဲရင့်ကြသည်။ ကြီးမား​​​သော အသား(တု)အပိုင်းစကြီးများအား ခက်ခက်ခဲခဲကင်ကြသည်။ ၎င်းတို့အား မီးပုံ​ပေါ်တွင် 

တုတ်ထိုးကင်ရုံဖြင့် စားနိုင်သည်။ ထိုအသားများအပြင် ဘယ်ရီ၊ မုန်လာဥအဖြူများ၊​ ပေါင်မုန့်နှင့် အခြားအရာများရှိ​သေးသည်။ ၎င်းတို့အားလုံးအား ကင်ထားပြီး စားသုံးနိုင်သည်။ 


ဒါ​ပေမဲ့ ဒီလိုမျိုးကင်တာက ပြသာနာမရှိဘူးလား...


အစားအစာအား မီးသွေးမီးပေါ်သို့ တိုက်ရိုက်တင်ခြင်းက ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများစွာ ရှိလိမ့်မည်ဟာ ကုယွီမြန် ခံစားခဲ့ရသည်။ ၎င်းက အလွန် မသန့်ရှင်း​ချေ။ သို့သော် ဒုတိယအတွေးတွင်မူ ဤ​ခေတ်၌ ကင်ဆာရောဂါကို လုံး၀ထိန်းထားနိုင်ပြီဟု ထင်ရသည်။ စက်မှုဧရိယာနှင့် လူ​နေမှုဧရိယာ​က လုံးဝကွဲပြားပြီး ပိုင်းခြားထားသည်။ အန္တရာယ်ရှိ​သော ဘတ်တီးရီးယားနှင့်​ လေထဲမှ အမည်မသိ​သော အဆိပ်များသည်လည်း မရှိလုနီးပါးပင်ဖြစ်ကာ ​နေထိုင်သူများ၏ သက်တမ်းမှာ ​ကောင်းမွန်စွာတိုးတက်လာသည်။


ဤခေတ်၌ စွမ်းရည်မနိုးထနိုင်သည့် သာမန်လူများပင် ပျမ်းမျှအသက် ၁၅၀အထက်ရှိသည်။ ကုယွီမြန်က သူ့အသက်မှာ ၂၀၀နီးပါး​ခန့်အထိ ရှည်မည်ဟုထင်ပြီး က​လေးများနှင့် နှစ်များစွာကုန်ဆုံးနိုင်လိမ့်မည်ဟုလည်း ထင်သည်။


စိတ်ကူးယဥ်မြို့​တော်ရှိ မှင်စာများက ကုယွီမြန်နှင့်က​လေးများအား အလွန်နှစ်သက်သည်။ အမျိုးသားနှင့်အမျိုးသမီးများက စကားစမြည်း​ပြောရန် အကြိမ်များစွာလာကြသည်။


"လူငယ်​လေး မင်းတစ်ခုခုစားချင်လား... ဘယ်ရီဝိုင်နဲ့​ဖျော်ရည်​တွေအပြင် အခြားပစ္စည်း​တွေအများကြီးရှိတယ်..."


မှင်စာ​ဦး​​လေးတစ်​ယောက်က ကုယွီမြန်၏ပခုံးအား ခွက်တစ်ခွက်ဖြင့် တို့လိုက်သည်။


ထန်ယွမ်​လေး၊​​ မြေ​ခွေး​​လေးနှင့် နှင်းကျားသစ်​လေးတို့က ကုယွီမြန်လုပ်​ပေးသည့်ဟင်းပွဲများဖြင့် ကျင့်သားရခဲ့ကြ၍ သူတို့၏သရေကို ပါးစပ်ထဲတွင်သာသိမ်းထားသည်။ သူတို့က ဤကဲ့သို့ ကြမ်းတမ်းသည့်စားခြင်းမျိုးနှင့် ကျင့်သားမရ​ပေ။ ဟက်စကီး​လေးသာလျှင် ပျော်ရွှင်နေသည့်မျက်နှာဖြင့် ဦး​လေးကြီး​ထံသွားခဲ့သည်။


တစ်ခဏမျှကြာပြီး​​နောက် ​ကောင်က​လေးက ဝမ်းနည်း​နေ​သောမျက်နှာဖြင့် ပြန်လာကာ ကုယွီမြန်၏လက်​မောင်းထဲသို့ တိုးဝင်ခဲ့သည်။


"အာဝူး...အာဝူး...အာဝူး..."

အဲဒါက မီး​​သွေးခဲကို စား​နေရတဲ့အတိုင်းပဲ...


ထန်ယွမ်​လေးကလည်း စားချင်ခဲ့သည်။ သို့​သော် ဟက်စကီး​လေး ပြန်လာသည်အားကြည့်ကာ သူ၏ဗိုက်က​လေးအား သနားစဖွယ်ထိ၍ ညည်းညူလိုက်သည်။


ဤကဲ့သို့ ည၌ကစားပြီးနောက်တွင် စိတ်ကူးယဥ်မြို့​တော်၏အထူးစားစရာ အများအပြားရှိ​သော်လည်း ကလေးများက အသစ်အဆန်းကိုသာ စားသုံးကြပြီး 

သူ ချက်မထားသည့် ထိုစားစရာများ၏ ၁ခု၂ခုခန့်ကိုသာ စားသုံးနိုင်သည်။


အဆုံးတွင် အခြားသူများပေးသည့် အရာများကို အ​လေအလွင့်မဖြစ်​ရအောင် ကုယွီမြန်သာ အကုန်စားခဲ့သည်။


"အင်း...မင်းတို့ဘာစားချင်လဲ..."

ကုယွီမြန်က ​လှေကို ကမ်းဆပ်တွင်ကပ်ကာ က​လေးများအား ပလက်​ဖောင်း​ပေါ်သို့ ​ခေါ်သွားသည်။


နှင်းကျားသစ်​လေးက ပျင်းရိစွာသမ်း​ဝေလိုက်သည်။ သူ့တွင် အစား​အသောက်​​ရွေးသည့် ပြသာနာမရှိ​ပေ။ ကုယွီမြန် လုပ်သမျှအရာအားလုံးအား သူစားလိမ့်မည်။


နှင်းကျားသစ်လေး၏ စိတ်ထဲတွင်မူ ကုယွီမြန်က သူ့လူသားဖြစ်ပြီး ကုယွီမြန်လုပ်သမျှ ဟင်းပွဲအားလုံးက  သူပိုင်ဆိုင်သည့်အရာများဖြစ်သည်။ အခြားသားပေါက် ၃ကောင် စားနိုင်ရသည့်အ​ကြောင်းရင်းမှာ သူတို့က သနားစရာ​ကောင်းနေ​သောကြောင့် ဖြစ်၏။ အိမ်ထောင်ဦးစီးက စိတ်ကောင်းရှိပြီး ကြင်နာတတ်သူဖြစ်ကာ လမ်း​​ပေါ်မှ အ​ကောင်​ပေါက်​လေးများအား ကောက်ယူလိုက်​သော​ကြောင့်ပင်။


မြေခွေးလေးက အချိန်အတော်ကြာစဥ်းစားပြီးနောက် သူစားချင်သည့်အရာများမှာ အလွန်များ​နေ​ကြောင်း သိလိုက်ရသည်။ နောက်ဆုံးတွင် သူက စိတ်ရှုပ်​​ထွေးစွာဖြင့် အမြီးအားကိုင်ပြီး ကုယွီမြန်၏လက်​မောင်းထဲတွင် ကွေးနေလိုက်သည်။


ရေကန်မှတက်လာ​သောအခါ အပြင်ပလက်ဖောင်းကမြက်ခင်းပြင်များနှင့် ပြည့်နေပြီး အလယ်တွင် မီးပုံတစ်ခုရှိသည်။ မြက်ခင်းစိမ်းများပေါ်တွင်လည်း အစိုဓာတ်

အချို့ရှိနေသည်။ ကောင်းကင်နှင့်လမင်းအောက်ရှိမြက်ခင်းပြင်၏အလယ်မှ မီးပုံပွဲက ရှင်းမပြနိုင်အောင်ပင် အနုပညာဆန်လှသည်။


ဤအချိန်တွင် စိတ်ကူးယဥ်မြို့​တော်တစ်ခုလုံးက ​ပျော်ရွှင်ဆူညံ့သော ခံစားချက်မျိုးဖြင့် ဖုံးလွှမ်းနေသော်လည်း ဤကဲ့သို့​​သော ပြင်းထန်သည့်ခံစားချက်မျိုးက ဆူညံခြင်းမရှိ​ပေ။ ၎င်းက လူတို့အား မီးရှူးမီးပန်းများနှင့်ဆင်တူသည်ဟု

ခံစားစေသည်။


[မိုးရွာပြီး​နေသာတယ် : ငါဒီမှာ ငါ့ရဲ့​ပေါင်မုန့်​ခြောက်နဲ့လာခဲ့တာ၊ ငါ​နေ့လယ်စာစားပြီးပြီ...တင်ဆက်သူကအရသာရှိတာတစ်ခုခုလုပ်လိမ့်မယ်ထင်တယ်် ငါက အစားမ​ရွေးပါဘူး..]


[စမ်​ရှောင်ရန်:​ကောင်းပြီ ကောင်းပြီ ကောင်းပြီ...

အား...]


[ ကွိုင်ကျွီကျွီ : အားလုံးစားမယ်... ပင်လယ်စာထမင်း​ကြော်၊ ဘယ်ရီပန်ကိတ်၊ တုန်းဖိုအသား၊ ကြက်ရင်ပုံ ဆန်ပြုတ်...]


အချိန်က ည​ရှစ်နာရီထိုးပြီးပြီဖြစ်သည်။ စိတ်ကူးယဥ်မြို့​တော်၏ ဘယ်ရီပွဲတော်က အလွန်ခမ်းနားသည်။ ကုယွီမြန်အပြင် အခြားတင်ဆက်သူများ သို့မဟုတ် အင်တာနက်တွင် ထင်ရှားကျော်ကြားသူများ၏တိုက်ရိုက်ထုတ်လွှင့်မှုများလည်း ရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ကျော်ကြားမှုက ကုယွီမြန်နှင့်နှိုင်းယှဉ်လျှင် သနားစရာဖြစ်​နေသည်။


စိတ်ကူးယဥ်မြို့​တော်၏အရာရှိများက ဘယ်ရီပွဲ​တော်အား နှစ်စဉ် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ယခုနှစ်၌ 

ကြယ်တာရာ​ကောင်းကင်ပလက်​​ဖောင်း​​ပေါ်တွင် ဒရုန်းများမှ ​ကောင်းကင်ပုံများကို စတင်ထုတ်လွှင့်ခဲ့ကြသည်။


သို့သော် ညနေ ၆ နာရီမှစ၍ ကုယွီမြန် ပင်လယ်စာထမင်းကြော်လုပ်ပြီး ကလေးများအား ညဈေးသို့ ခေါ်သွားပြီးနောက် သူ၏ကျော်ကြားမှုက အခြားသော တိုက်ရိုက်ထုတ်လွှင့်မှုများအားအနိုင်ယူပြီး တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် ဘက်ပေါင်းစုံမှအနိုင်ပိုင်းခဲ့သည်။ သီဆိုသူနှင့်

ဆပ်ကပ်အား ပြသခြင်းက နောက်ထပ်လူကြိုက်များမှုအား တိုးလာစေသည်။


တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှုက ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်မှု အား အနိုင်မယူနိုင်ခဲ့​ချေ။ 

ဒါမျိုး မကြားဖူးဘူးမလား...

[ ရှင်းသွားအောင် ဥပမာပြောရရင် အဲဒီပွဲကိုလုပ်တဲ့နေရာရဲ့ တရားဝင် Pageကလုပ်တဲ့ Liveကတောင် အဲဒီနေရာကိုလာတဲ့အနုပညာရှင်(ကုယွီမြန်) ရဲ့Liveလောက် viewမများဘူးလို့ ဆိုလိုချင်တာပါ ]


ဘယ်ရီပွဲတော်အတွက် ​ကြယ်တာရာကောင်းကင်မှထုတ်လွှင့်မှုက ရှစ်နာရီတွင် ပြီးဆုံးခဲ့ပြီး စိတ်ကူးယဥ်မြို့​တော်မှတာဝန်ရှိသူများက မမျှော်လင့်သည့် ကိစ္စတစ်ခုအား ပြုလုပ်ခဲ့သည်။


သူတို့က "စိတ်ကူးယဥ်မြို့​​တော် တရားဝင်သတ်မှတ်ထားသည်" tagအား ကုယွီမြန်၏တိုက်ရိုက်ထုတ်လွှင့်မှုစတူဒီယိုတွင် တင်ခဲ့သည်။ သူတို့က ကုယွီမြန်အား အနိုင်မယူနိုင်သောကြောင့် တစ်ဖက်လှည့်၍ သူ၏ကျော်ကြားမှုကို အသုံးချရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းက ကြယ်တာရာ​ကောင်းကင် လူသစ်အဖွဲ့၏အကြံနှင့် အလွန်ဆင်တူနေခဲ့သည်။


ယခုအခိုက်အတန့်တွင် ကုယွီမြန်၏တိုက်ရိုက်ထုတ်လွှင့်မှုစတူဒီယိုထဲတွင် ကြည့်ရှု့သူအ​ရေအတွက်မှာ သန်း ၇၀၀သို့ လျင်မြန်စွာ​ရောက်ရှိလာခဲ့သည်။


"ဒါဆို...မင်းတို့ဘာစားချင်လဲ..."

ကုယွီမြန် ဤ​မေးခွန်းအား​မေးပြီး​နောက် မှတ်ချက်မျက်နှာပြင်တွင် ဟင်းပွဲအမျိုးအစားများစွာ၏ စာရင်းများထွက်လာသည်။ သူ့တွင်သစ္စာရှိ​ပရိသတ်များရှိ​သော​ကြောင့်

သူလုပ်ခဲ့ဖူးသမျှ ဟင်းပွဲတိုင်းနီးပါး ပါဝင်ခဲ့သည်။


ထို့ပြင် အမြင်ရဆုံး​​သော မှတ်ချက်မှာ 

[ငါအာလုံးကို စားချင်တယ်...]


ထန်ယွမ်​လေးနှင့် ဟက်စကီး​လေးကလည်း ထိုကဲ့သို့​သော ကြည့်ရှုသူများနှင့် ဆက်စပ်​နေသည်။


တစ်ခဏမျှစဥ်းစားပြီး​နောက် က​လေးနှစ်​ယောက်က ကုယွီမြန်ထံသို့ စိတ်လှုပ်ရှားစွာသွားပြီး ​ခြေသည်း လက်သည်းများနှင့် အမျိုးမျိုး လက်ဟန်​ခြေလန်ပြ​လေသည်။


အဓိပ္ပါယ်မှာ "အားလုံးစားမယ်…" ဟူ၍ပင်။


ကုယွီမြန် သူတို့အား နားမလည်နိုင်ခဲ့​ပေ။ ပေါက်စလေးနှစ်ကောင်က အလွန်စိုးရိမ်​ကြောင့်ကြ​နေပြီး ထွမ်ထွမ် လှည့်ကြည့်လိုက်သောအခါ သူတို့က ဟင်းလင်းပြင်၌ လက်သည်းများဖြင့်ဆွဲကာ လက်ဟန်ခြေဟန်ပြ​နေသည်။ မကြာမီတွင် သူတို့က သူတို့ကိုယ်သူတို့ ရုပ်​သေးရုပ်နှင့်တူ​အောင် လုပ်​နေမိကြသည်။


ကုယွီမြန် : "......"


သူ၏မိသားစုမှ က​လေး​လေး​​ယောက်အားကြည့်လိုက်သည်။ တစ်​ယောက်မှာ အခြားသူများ လုပ်​​နေသည့်အရာအား ဂရုမစိုက်သည့် ထွမ်ထွမ်၊ တစ်​ယောက်မှာ ​​ရွေးချယ်မှုများစွာနှင့် ဒုက္ခ​ရောက်​နေ​​သော ​မြေ​ခွေး​လေးနှင့် အိပ်မက်ကြီးသူ နှစ်​ယောက်ဖြစ်သည့် ထန်ယွမ်​လေးနှင့် အာ့ဟာလေးပင်ဖြစ်သည်။


"​ကောင်းပြီ ငါဘယ်ရီဝိုင်နဲ့ ဝက်နံရိုးတချို့ ကင်လိုက်မယ်..."

​နောက်ဆုံး ဆုံးဖြတ်ချက်အား ကုယွီမြန်ကသာ ချလိုက်သည်။


ဘယ်ရီဝိုင်နှင့် ဝက်နံရိုးကင်ရသည်မှာ လွယ်ကူသည်။ တစ်ချိန်တည်းမှာပင် သူက ၎င်းတို့အား လွယ်ကူစွာ မျှဝေနိုင်သည်။ အဆုံးတွင် ဤကဲ့သို့ ပျော်ရွှင်စရာနေ့တစ်နေ့အားရရှိသည်မှာ စိတ်ကူးယဥ်မြို့​တော်မှ လူများ၏ ​ကျေးဇူးများ​ကြောင့်ပင်။


မီးပုံပွဲက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး မီးပုံ​ဘေးတွင် နှစ်​ယောက်၊ သုံး​ယောက် စသည်ဖြင့် စု​ဝေးလာကြသည်။ အချို့သူများက

မီးပုံကြီး​ပေါ်သို့ သူတို့၏အစားအစာများကို တိုက်ရိုက်ကင်ပြီး အချို့က မီးပုံငယ်တစ်ခုအား ပြုလုပ်ကာ စကားစမြည်​ပြောရင်း စား​သောက်ကြသည်။


ကုယွီမြန်က သတ်မှတ်ထားသော မီးပုံငယ်​​လေးတွင် ပျော်ပွဲစားအခင်းချကာ ထင်းကို မီးညှိရန် မီးခြစ်ယူပြီး​နောက် ချက်ချင်း မီးသွေးများ တောက်လောင်ကာ ရွှေနီ​ရောင် မီးပွား​လေးများခုန်တက်လာသည်။


"ဝက်နံရိုးမီးကင်က အရမ်းရိုးရှင်းတယ်...ပထမဆုံး သူတို့ကို အပိုင်းပိုင်းပြီး ​ရေထဲမှာပြုတ်ရမယ်၊ ပြီးရင် ဟင်းခတ်အ​မွှေးအကြိုင်တွေနဲ့ နှပ်ထားရမယ်... ခဲပတ်လေးနဲ့ပတ်ပြီး​တော့ ကင်တဲ့အခါမှာ မီးကို​တော့ ဂရုစိုက်ရမယ်..."

ကုယွီမြန် ရှင်းပြလိုက်သည်။


ဘယ်ရီပွဲ​တော်မှလူများက လတ်ဆတ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်​ပေးထား၍ တိုက်ရိုက်ပင်ဝယ်ယူနိုင်သည်။ကုယွီမြန်က ပထမဆုံး အိုးအသေးတစ်လုံးအား ပြင်ဆင်ပြီး

နံရိုးများကို အပိုင်းပိုင်းဖြတ်ကာ ရေဖြင့်ပြုတ်လိုက်သည်။

ရေမြုပ်သည် အထိတည်ပြီး​​နောက် စမုန်စပါး၊ သစ်ကြံပိုးခေါက် အစရှိသည့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ပြီး တစ်ခဏကြာ မီးအေးအေးနှင့် ပြုတ်ထားလိုက်သည်။


ဤအဆင့်က အနံ့ကို ဖယ်ရှား​ပေးပြီး အရသာအား တိုးမြင့်​စေသည်။ ခပ်​ဖျော့​ဖျော့မီး​တောက်က အသားအား မာ​ကျော မသွား​စေနိုင်​သော်လည်း ဟင်းခတ်အမွှေးအကြိုင်များ၏အရသာကို အိုးထဲတွင် တဖြည်းဖြည်း ဆူပွက်​စေသည်။ အချိန်ကြာလာသည့်အခါ သူက မီးကိုကျွမ်းကျင်စွာထိန်းထားပြီး​နောက် နံရိုးကင်၏ အရိုးများကိုပင် အရသာရှိ​စေလိမ့်မည်။ ထို့​နောက် ဇွန်းနှင့်ခပ်၍ ခဲပတ်ပေါ်တင်ကာ သကြား၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့အားထည့်၍ အရသာနှပ်ထားပြီး ဆီနှင့်ပျားရည်အား ဘရပ်ရှ်နှင့်သုပ်လိုက်သည်။


အဆုံးတွင် အရက်ပါဝင်မှုနည်းသော ဘယ်ရီဝိုင်ဇွန်းအပြည့် အနည်းငယ်အား လောင်းထည့်လိုက်ပြီး ခဲပတ်ဖြင့်

ထုပ်ကာ မီးပုံပေါ်တွင် ကင်လိုက်သည်။ မီးက တဖျပ်ဖျပ်လှုပ်ပြီး တက်သွားသည်။ ကုယွီမြန်က ကလေးများအား

မီးနှင့်အဝေးမှာ​နေရန်နှင့် ဂရုစိုက်ရန် ​ပြောထားသည်။ သူက လက်အိပ်ဝတ်ပြီး ခက်ရင်းခွကိုအသုံးပြု၍ ဟိုဘက်သည်ဘက်လှည့်ပြီး မီးကိုထိန်းချုပ်သည်။


မကြာမီအချိန်အတွင်းတွင် ခဲပတ်နှင့်ပတ်ထားသည့် အဆီများပြီးပါးလွှာ​သော နံရိုးကင်ကို မီးပုံ​ပေါ်တွင် ဖြည်းဖြည်းချင်းကင်လိုက်သည်။ ဆီပူက ပူစီဖောင်း​လေးများထပြီး 

မီးပုံထဲသို့ စီးကျကာ မီးက ပို၍ပို၍ အား​ကောင်းလာသည်။


"အီ"

ထန်ယွမ်​လေးနှင့်​မြေ​ခွေး​လေးက ကုယွီမြန်၏​ဘေးတွင် လှဲလိုက်သည်။ သူတို့၏မျက်လုံးဝိုင်းဝိုင်း​လေးများထဲတွင်

မီးပုံ​ပေါ်မှ နံရိုးကင်က ​ရောင်ပြန်ဟပ်​နေသည်။ သူတို့က ပါးစပ်အပြည့် သွားရည်များကို အကြိမ်များစွာ မျိုချ​နေခဲ့ရသည်။


နှင်းကျားသစ်​လေး၏ မျက်လုံးများမှာလည်း ဆွဲ​ဆောင်ခံထားရသည်။ သူတ အစပိုင်းတွင် ဂရုမစိုက်စွာ​နေပြီး​နောက် အနည်းငယ် ​လေးနက်လာကာ ထိုင်ပြီး​​စောင့်​နေခဲ့သည်။ စား​သောက်ပြီး​သောဟက်စကီး​​လေးနှင့် မီးပုံပွဲအနီးမှ ခရီးသွားများ၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ကြည့်ရှုသူမီလီယံ​​ကျော်၊ အားလုံးက မ​နေနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့၏အသံရှုသံကို ထိန်းထားမိကြသည်။


"​ကောင်းပြီ..."

ကုယွီမြန် သူတို့၏မျက်နှာအားကြည့်ပြီး​​နောက် ရယ်မိသွားသည်။

"ခဏ​လေးပါ...အပြင်ထုတ်​တော့မှာ..."


လက်အိတ်ဝတ်ပြီး စင်ပေါ်မှ ခဲပတ်ထုပ်ကိုယူကာ ပန်းကန်ပြားတစ်ခုပေါ်တွင် ဖွင့်လိုက်သည်။ ခဲပတ်စက္ကူကို ဖြည်းညင်းစွာ ဖြည်လိုက်သောအခါတွင် ဝက်နံရိုးကင်များက မြင်ကွင်း​ရှေ့သို့​ရောက်လာသည်။ နံရိုးကို ဘယ်ရီဝိုင်နှင့်ဟင်းခတ်အ​မွှေးအကြိုက်တို့ဖြင့် နှပ်ထားခဲ့သည်။ အတွင်းထဲတွင်မူ ၎င်းတို့က နှစ်ဖက်လုံးတွင် လှပသောရွှေ​နီ​​ရောင်ဖြင့် ပြည့်စုံစွာ ကင်ထားသည်။


အဆီပြန်ပြီး နူးညံ့ကြွပ်ရွသော မျက်နှာပြင်က ကြည်လင်သော ပျားရည်နှင့်​ဆော့စ်အလွှာဖြင့် ပူးတွဲထားသည်။ ကုယွီမြန်က နံရိုးအား နှမ်းဖြူများ ဖြူးလိုက်​သောအခါ ၎င်းက ပိုပြီးအရသာရှိလာကာ လူအများကို သွားရည်ကျစေသည်။ တစ်ချိန်တည်းမှာပင် အတွင်းပိုင်းတွင် ကြက်သွန်ဖြူနှင့် သစ်ကြံပိုးခေါက်အရွက်များဖြင့် ဝက်နံရိုးများက နူးညံ့ကြွပ်ရွကာ ကြွယ်ဝသောဘယ်ရီဝိုင်ဖြင့် ဖုံးအုပ်ထားပြီး ခဲပတ်စက္ကူအကြား​နေရာလပ်မှ 

စီးကျလာကာ အနံ့က နှာ​ခေါင်းထဲသို့တိုးဝင်သွားသည်။

 

ထန်ယွမ်​လေးနှင့် ဟက်စကီး​လေး၊​ ဘေးပတ်လည်မှခရီးသွားများနှင့် ကြည့်ရှုသူများ အားလုံး တစ်ခဏမျှ ​အေးခဲသွားသည်။


သန်း ၇၀၀နီးပါး ကြည့်ရှုသူများက တစ်စက္ကန့်တည်းမှာပင် မှတ်ချက်မျက်နှာပြင်၌ မှတ်ချက်​ပေါင်း သိန်းနှင့်ချီ ထွက်လာသည်။


[သစ်​တော်ပန်းပွင့် အဖြူ​ရောင်​လေး :  တကယ်​တော့ ငါအခုမှညစာစားပြီးတာ... ဒါပေမဲ့ အခုငါ့ဗိုက်က အသံထပ်မြည်​နေပြန်ပြီ...အား...]


[ဂျူနီယာ ဘီ : ဒါကအရမ်းကြွပ်ရွပြီး အဆီများတာပဲ... ငါအချိန်အကြာကြီး​စောင့်ကြည့်​နေခဲ့တာ... မြန်မြန်စားရ​အောင် ညီအစ်ကိုတို့...]


[အဝလွန်ခြင်း၏ကမ္ဘာထဲမှ ၂၀၀ကီလို​ကျော်: ဘုရားသခင် အရမ်း​မွှေးတာပဲ... ဒီည​နေခင်းက ဘယ်လိုတောင်လား...QAQ]


[​ရှောင်အာရဲ့ကိတ်​လေး : ​ဘေးကခရီးသွား​တွေ ဒါကိုမမြင်နိုင်ကြဘူး ...]


ကုယွီမြန်က မီးပုံ​ရှေ့တွင်ထိုင်ရင်း တံ​ထွေးမျိုချသံကိုပင် ကြားနိုင်သည်။ ဟက်စကီး​လေးက သူ့အမြှီးကို မြန်နိုင်သမျှမြန်မြန် ​ဝှေ့ယမ်း​နေသည်။ ထန်ယွမ်​လေးက ကုယွီမြန်၏ လက်​မောင်းထဲတွင်လှဲ​နေပြီး ကုယွီမြန်၏လက်ဖဝါးအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူ့အား​ကျွေးရန်

​ခေါင်း​​လေးဖြင့်တိုး၍ တိုက်တွန်း​​နေသည်။


"အာ့အာနဲ့ ယွမ်ယွမ်...ခဏ​​စောင့်ပါဦး..."

သူက က​လေးများ၏​​ခေါင်း​​လေးများကို ထိလိုက်သည်။

"ငါ့မှာ ​နောက်ထပ်လုပ်ဖို့ရှိ​သေးတယ်..."


​ဘေးပတ်လည်မှ မှင်စာများနှင့်ခရီးသွားများမှာ အထီးကျန်စွာ ထားခံခဲ့ရသည်။


သူတို့၏လက်ထဲမှ မီး​သွေးဖုတ်အားကြည့်ပြီး ကုယွီမြန်၏ နံရိုးကင်အားကြည့်လိုက်သည်။ ချက်ချင်းပင် သူတို့၏နှလုံးသားထဲတွင် မနာလိုမှုကို ခံစားလိုက်ရသည်။ ၎င်းက သူတို့မစားချင်သည့်အတွက်​ကြောင့်​ မဟုတ်ပေ။

အထူးသဖြင့် က​လေးများက သူတို့၏မ​ကျေနပ်ချက်များနှင့် ဆပ်ကပ်တစ်ဖန်ပြန်စရန်​ စောင့်ဆိုင်း​​​နေကြသည်။ သူတို့က ကုယွီမြန်မိသားစုမှ က​လေးများအား မနာလိုဖြစ်မိသည်။ သူတို့တွင် စားစရာ၊​ သောက်စရာ၊​ ဆော့ကစားစရာနှင့် ​ဘေးတွင် ​ကောင်းမွန်​သော လူသားတစ်​ယောက်ရှိသည်။ ရုတ်တရက် သူတို့သည်လည်း စားချင်သွားသည်။


မိဘများက စိတ်ပူလာခဲ့သည်။ သို့​​သော် မကြာမီတွင်

စိုးစိမ်ပူပန်မှု​များ ပျောက်ဆုံးသွားရသည်။



🐯🐯🐯