Chapter 75
Viewers 19k

👾Chapter 75

ဗိုလ်ချုပ်နားမှာ ကျွန်တော် အမြဲရှိနေပါတယ်



ကူးလုလုသည် ဤနေရာသို့ ရောက်တည်းက ရုပ်ရှင်များနှင့် သတင်းများကို ထိုင်ကြည့်နေခဲ့သောကြောင့် စတွေ့စဉ်ကလို လူစကားတစ်ခွန်းကို နားလည်ရန် နေ့တစ်ဝက်လောက် စဉ်းစားနေစရာမလိုတော့ဘဲ ဟယ့်ယွင်ထင်၏စကားကို ချက်ချင်းနားလည်သွားသည်။သူ  ကြောက်သွားသည့်ပုံလေးဖြင့် မျက်လုံးကို မှိတ်ကာ လင်းဟန်၏ရင်ခွင်ထဲသို့ တိုးဝင်သွားလိုက်သည်။


လင်းဟန်က ကူးလုလုကို ပွတ်ပေး၍ နှစ်သိမ့်ရင်း ဟယ့်ယွင်ထင်ကို တွန်းလိုက်သည်။


"တော်ပြီ...အကုန်လုံးကို အသေးစိတ် သိနေစရာမှမလိုတာ..."


ဟယ့်ယွင်ထင်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ့စကားကို ရှင်းပြချင်သေးသောကြောင့် ထပ်ပြောလိုက်သည်။

"မင်း စိတ်ဖတ်ချင်တယ်ဆိုရင် ဖတ်လို့ရအောင် ကိုယ်က အကြံပေးတာပါ..."


လင်းဟန်လည်း မထင်မှတ်ထားမိပဲ ဟယ့်ယွင်ထင်၏ ထောင်ချောက်ထဲသို့ ဆင်းမိသွားလေသည်။


"...ဒါပေမယ့် ဗိုလ်ချုပ် rut အချိန်ရောက်တုန်းက

 á€›á€žá€•á€şá€Ąá€„á€şá€šá€€á€ťá€Žá€á€á€şá€‘á€Źá€¸á€•á€ąá€™á€šá€ˇá€ş ကျွန်တော်ဖက်လိုက်တော့ ဗိုလ်ချုပ်ရဲ့ စိတ်ကို ကျွန်တော်ဖတ်လို့ရတယ်လေ..."


"အဲဒါက ကိုယ့်အမွှေးက သူ့လောက်မှ မထူပဲ..."

ဟယ့်ယွင်ထင်က ကူးလုလုကို ကြည့်ကာပြောလိုက်သည်။


အမွှေး...


လင်းဟန်သည် ဟယ့်ယွင်ထင်နှင့် စကားပြိုင်ပြောနေလည်း နိုင်တော့မည်မဟုတ်ဟု ထင်လိုက်မိသည်။


စိတ်ဝင်စားစရာကောင်းသည်က ဟယ့်ယွင်ထင်သည် အလွန်ရိုးစင်းပျင်းရိဖွယ်ကောင်းသည့် အကြောင်းကို သေချာစိတ်ပါလက်ပါ ဆွေးနွေးနေခြင်းဖြစ်သည်။ ဟယ့်ယွင်ထင်ပြောသည်ကို နားထောင်ရင်း လင်းဟန် ကိုယ်တိုင်ပင် အံ့ဩနေမိသည်။ ကူးလုလုလေးကတော့ကြောက်စိတ်ဖြင့် အမွှေးများထောင်ကာ တစ်ကိုယ်လုံးလည်း တုန်လှုပ်သည်။၎င်းက ရက်စက်၍ သွေးအေးသည့်ဗိုလ်ချုပ်ကို အပြစ်တင်နေသည့်အလား အသံသေးသေးလေးဖြင့်လည်း အော်နေသေးသည်။


လင်းဟန်သည် ကူးလုလုကို ပို၍ တင်းကြပ်အောင်ဖက်၍ ဟယ့်ယွင်ထင်အား ဘာဆက်ပြောရမည်မသိဖြစ်နေလေသည်။


"အိုခေ အိုခေ...တော်ပါတော့..."


လင်းဟန်က ဟယ့်ယွင်ထင်အားပြော၍ ကြောက်နေသည့် ကူးလုလုကို နှစ်သိမ့်လိုက်သည်။

"မကြောက်ပါနဲ့...မင်းကို ငါ အမွှေးမရိတ်ပါဘူး..."


ကူးလုလုလည်း လင်းဟန်၏ နူးညံ့သည့် နှစ်သိမ့်မှုအောက်တွင် တဖြည်းဖြည်း အကြောက်ပြေသွား၍ အမွှေးမရိတ်ခံရသော်လည်း ဟယ့်ယွင်ထင်ကိုတော့ စိတ်ဆိုးပြီး မကြည့်တော့ချေ။ 


လင်းဟန်လည်း သူတို့နှစ်ယောက်ကို ပြေလည်အောင် မည်သို့လုပ်ရမည်ကို စဉ်းစားမရတော့ပဲ ကူးလုလုအား ပြောချင်ရာပြောလိုက်သည်။


"စိတ်ဆိုးနေရင် စိတ်ဆိုးပြေအောင် သူ့ကိုသာ သွားကိုက်လိုက်တော့..."


ကူးလုလုက လင်းဟန်၏စကားကိုသေချာနားထောင်နေကာ သူ တကယ်လုပ်ရမည် မလုပ်ရမည်ကို မေးသည့်အလား လင်းဟန်ကို ကြည့်ရင်း မျက်တောင်တစ်ချက်ခတ်လိုက်သည်။ သူပြောသည့်အတိုင်း ကူးလုလု တကယ်မလုပ်ခင် လင်းဟန်က မော့ကြည့်လိုက်ရာ ဟယ့်ယွင်ထင်၏ အနည်းငယ် မကြည်မသာဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည်။


"ဗိုလ်ချုပ် အဆင်ပြေရဲ့လား..."


လင်းဟန်က ဟယ့်ယွင်ထင်ဘာဖြစ်နေသည်ကို သိသော်လည်း မသိချင်ယောင်ဆောင်ကာ လက်တစ်ဖက်ဖြင့် ဟယ့်ယွင်ထင်ကို လှမ်းကိုင်၍ မေးလိုက်သည်။


ဟယ့်ယွင်ထင်က သူ့မျက်နှာကို ပြင်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။

"ကိုယ့်စိတ် ဘယ်လိုဖြစ်နေတာလဲဆိုတာ မင်းကြားနေရတာပဲမဟုတ်ဘူးလား..."


လင်းဟန်သည် မထိန်းနိုင်ပဲ ရယ်မိသွားသည်။ ယခု ဟယ့်ယွင်ထင်၏မျက်နှာက အေးစက်နေသော်လည်း သူ့စိတ်ထဲတွင်တော့ ဆယ်ကျော်သက်လူငယ်လေးကဲ့သို့ စိတ်ကောက်နေလေသည်။


[မစ္စတာလင်းက ဘာဖြစ်လို့ ကူးလုလုကိုကျတော့ ညင်ညင်သာသာကိုင်တာလဲ...]


"ဗိုလ်ချုပ်က ကူးလုလုလေးကိုလည်း မနာလိုဖြစ်နေတာကိုး..."


လင်းဟန်က အံ့ဩချင်ယောင်ဆောင်ကာ နှုတ်ခမ်းကို အနည်းငယ်စူ၍ ဟယ့်ယွင်ထင်အား ကြည့်လိုက်သည်။


 á€á€™á€şá€‘ဝန်းယ္ဏင်နသငအ် တွေ့စဉ်က ဝမ်ထျန်းယောင်က လင်းဟန်အား အလွန်အသန့်ကြိုက်သည်ဟု မှတ်ချက်ချလိုက်သောအခါ ကြားခဲ့ရသည့် ဟယ့်ယွင်ထင်၏ စိတ်ကို လင်းဟန် ပြန်စဉ်းစားလိုက်မိသည်။


လင်းဟန် ပို၍စဉ်းစားလေ ဟယ့်ယွင်ထင်က သူ့အတွက် ပို၍ စိတ်ဝင်စားစရာကောင်းလေ ဖြစ်နေသည်။


လင်းဟန်ပြောသည်ကို ဟယ့်ယွင်ထင် ငြင်းချင်သော်လည်း လင်းဟန်ရှေ့၌ မည်သည့်လျှို့ဝှက်ချက်ကိုမှ ဖုံးကွယ်၍ မရသည်ကို သိထားသောကြောင့် ဘာမှမပြောနိုင်ဘဲ မျက်နှာကိုသာ ခပ်တင်းတင်းလုပ်ထားလိုက်သည်။ 


ကူးလုလုသည် ဟယ့်ယွင်ထင်အား ကိုက်ရန် ပြောသော လင်းဟန်၏ အားပေးစကားကို အခွင့်ကောင်းယူကာ အမွှေးများကို ဒေါသတကြီးခါလိုက်သည်။ ထို့နောက် ဟယ့်ယွင်ထင်အားကိုက်၍ ပညာပေးရန် အဆင်သင့်ဖြစ်နေပြီဟု ပြောသည့်အလား လင်းဟန်ကိုမော့ကြည့်လိုက်သည်။


လင်းဟန်က ခေါင်းညိတ်၍ ကူးလုလု၏ နူးညံ့သောအမွှေးများကြားထဲ၌ ပျောက်လုနီးပါးဖြစ်နေသော နှာခေါင်းလေးကို ထိလိုက်သည်။


"ဒါပေမယ့် အရမ်းနာအောင်တော့ မကိုက်နဲ့နော်...သူ နာသွားရင် ငါ စိတ်မကောင်းဖြစ်ရမှာ သိလား..."


ကူးလုလုသည် လင်းဟန်နှင့် ဟယ့်ယွင်ထင်တို့၏ ယခုလောလောဆယ် ဆက်ဆံရေးကို နားလည်ရန် ဆယ့်ငါးမိနစ်ခန့် အချိန်ယူလိုက်ရသည်။ သူတို့၏ ဆက်ဆံရေးက သူ တီဗီထဲ၌ ကြည့်ရသည့် ဒရာမာဇာတ်လမ်းတွဲနှင့် ကွဲပြားနေသည်။ အယ်လ်ဖာဖြစ်သူ ဟယ့်ယွင်ထင်က လင်းဟန်အပေါ် မကြမ်းတမ်းပဲ ရက်ရက်စက်စက်လည်း မဆက်ဆံပေ။ လင်းဟန်ကလည်း ဟယ့်ယွင်ထင်ကို အေးစက်စက် မဆက်ဆံဘဲ ညင်သာသောအပြုံး၊ သို့မဟုတ် နူးညံ့သောပွေ့ဖက်မှုတို့ဖြင့်သာ ပြန်တုံ့ပြန်နေခြင်းက ကူးလုလုအတွက် ထူးခြားနေလေသည်။


ကူးလုလု၏ မျက်လုံးလေးများထဲမှ သံသယများ၊ နားမလည်မှုများကို မြင်သောအခါ လင်းဟန်က အချိန်တော်တော်ကြာ စဉ်းစား၍ပြောလိုက်သည်။


"နောက်တစ်ခါတွေကျရင် မင်းကို ဒီ ဒရာမာဇာတ်လမ်းတွဲတွေ လျှော့ကြည့်ခိုင်းရတော့မယ်ထင်တယ်..."


ကူးလုလု: ".?..."


"ဘာဖြစ်လို့လဲဆိုတော့..."

လင်းဟန်က ကူးလုလု၏ခေါင်းလေးကို ပွတ်ကာပြောလိုက်သည်။


"အပြင်က ဇာတ်လမ်းတွေက ပိုချိုမြိန်ပြီး ပိုလှတယ်လေ..."


ဟယ့်ယွင်ထင်က မျက်မှောင်ကြုတ်၍ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။


 á€œá€„á€şá€¸á€Ÿá€”á€şá€€ သူ၏အောက်နှုတ်ခမ်းကို ကိုက်၍ ဟယ့်ယွင်ထင်၏မျက်နှာကိုကိုင်ကာ သူ့ဘက်သို့ ပြန်လှည့်လိုက်သည်။ ထို့နောက်တွင်မှ ကူးလုလုကိုလှမ်းပြောလိုက်သည်။


"ဥပမာ ငါတို့ရဲ့ ဇာတ်လမ်းလိုပေါ့..."


ဟယ့်ယွင်ထင်လည်း မျက်နှာကို ပြန်မလှည့်တော့ပဲ လင်းဟန်ကိုသာ စိုက်ကြည့်နေလိုက်တော့သည်။


သူတို့နှစ်ယောက်သည် ယခုမှ လောလောလတ်လတ် ခံစားချက်များကို ဖွင့်ပြောထားကြသောကြောင့် စကားဖြင့်ဖြစ်စေ အမူအရာဖြင့်ဖြစ်စေ စိတ်ထဲမှ ခံစားနေရသည်များကို ချပြချင်နေကြသည်။ သို့သော် ဟယ့်ယွင်ထင်က လင်းဟန်နှင့် အချိန်ကြာကြာ နေ၍မရဘဲ ညစာစားပြီးသောအခါ ဌာနချုပ်သို့ပြန်ရန်ပြင်ရတော့သည်။


ဟယ့်ယွင်ထင် ပြန်ရန်ပြင်နေဆဲမှာပင် လုအန်းဟယ်ဆီမှ သတင်းပို့သည့်ဆက်သွယ်မှု ဝင်လာသည်။ ရှုကျစ်ဟန်၏ ကိုယ်ပိုင်သုတေသနခန်းထဲ၌ ပုံမှန်ပြန်ဖြစ်နေ၍ သူ့ကို တိုက်ခိုက်ရန်ကြိုးစားသူများသည်လည်း ဆက်လိုက်မလာတော့ကြောင်း လုအန်းဟယ် ပြောနေသည်။


"ကောင်းပြီ...ငါ အခုပဲ ဌာနကို ပြန်လာမယ်..."

ဟယ့်ယွင်ထင်က တိုတိုနှင့် ပြတ်သားစွာပြောလိုက်သည်။


လုအန်းဟယ်က အံ့ဩသွားသည်။

"ဘော့စ် အခုအပြင်မှာလား..."


ဟယ့်ယွင်ထင်က ခဏမျှ တိတ်သွားပြီးမှ လင်းဟန်ထံမှ ဘာမှမဖုံးကွယ်ထားချင်သောကြောင့် အမှန်အတိုင်းသာပြောလိုက်သည်။

"ငါ အခု မစ္စတာလင်းနဲ့ရှိနေတာ..."


ဤရက်ပိုင်းများ၌ ဟယ့်ယွင်ထင်၏အခြေအနေက ပုံမှန်နှင့်မတူဖြစ်နေသည်ကတော့ အမှန်ပင်။ ညများဆိုလျှင် လင်းဟန်ရှိသည့်နေရာသို့ အပြေးလာ၍ ဌာနချုပ်ဆီသို့ ပြန်တိုင်း ဟယ့်ယွင်ထင်သည် ပို၍ ပင်ပန်းလာလေ့ရှိသည်။


လုအန်းဟယ်က ဘာမှမပြောသော်လည်း ဟယ့်ယွင်ထင်၏ လေသံအရ အခြေအနေကို လုအန်းဟယ် ခန့်မှန်းလိုက်မိသည်။ လုအန်းဟယ်သည် သူ့ဘော့စ်အတွက် တကယ်ပင် ဝမ်းသာမိသော်လည်း ရှုကျစ်ဟန်က ဘေး၌ရှိနေသောကြောင့် ဘာမှသိပ်မပြောပဲ ဖုန်းချလိုက်သည်။


ဟယ့်ယွင်ထင်က လင်းဟန်အား ယာဉ်ပျံနားအထိ လိုက်မပို့ခိုင်းတော့ပဲ တံခါး၌သာရပ်၍ ပြောလိုက်သည်။

"ကိုယ်ပြန်တော့မယ်..."


လင်းဟန်ကလည်း ရိုရိုကျိုးကျိုးပုံလေးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"နောက်နှစ်ရက်လောက် ကျွန်တော် သိပ်အားမယ်မထင်ဘူး...အဲဒါကြောင့် ဗိုလ်ချုပ်ကို ကျွန်တော် လာမတွေ့နိုင်လောက်ဘူး..."


"အိုခေ..."

ဟယ့်ယွင်ထင်က လင်းဟန်၏မျက်လုံးများကို စိုက်ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

"မစ္စတာလင်း...ကိုယ်တို့ရဲ့ဆက်ဆံရေးက..."


"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အဆင်ပြေပါတယ်..."


လင်းဟန်သည် သူ့နာမည်ကိုခေါ်သည့်ကိစ္စကိုမပြောတော့ဘဲ ဟယ့်ယွင်ထင်ခေါ်ချင်သလိုသာ ခေါ်ခိုင်းထားလိုက်တော့သည်။ ဟယ့်ယွင်ထင် ဘာကို စိတ်ပူနေသည်ကိုလည်း လင်းဟန်ရိပ်မိလိုက်သည်။


ဟယ့်ယွင်ထင်သည် စကားကို ဝေ့မနေတော့ပဲ တဲ့တိုးသာပြောလိုက်သည်။


"မစ္စတာလင်း စိတ်အနှောင့်အယှက်ဖြစ်သွားမှာ ကိုယ်စိုးရိမ်တယ်..."


လင်းဟန်သည် မျက်လုံးများကို အနည်းငယ်မှေးကာ ဟယ့်ယွင်ထင်၏ကုတ်အင်္ကျီကော်လာကို ဆွဲ၍ ဟယ့်ယွင်ထင်အား အရှေ့သို့ အနည်းငယ်ကိုင်းစေကာ နှုတ်ခမ်းများကို နမ်းလိုက်လေသည်။ ဟယ့်ယွင်ထင်၏စိတ်ထဲ၌ တွေးနေသည်များကိုလည်း လင်းဟန် နားလည်သည်။


ဟယ့်ယွင်ထင်သည် သူနှင့် လင်းဟန်တို့ ချစ်နေကြသည်ကို လူတိုင်းကို ယခုချက်ချင်းပင် အသိပေးချင်သော်လည်း သူ့ကိုယ်သူ လင်းဟန်နှင့် မတန်ဟု ထင်နေ၍ သူ ယခုကဲ့သို့ လုပ်လိုက်ခြင်းကြောင့် လင်းဟန် ဒုက္ခရောက်မည်ကိုလည်း စိုးရိမ်နေသည်။ ထို့ကြောင့် ထိုအကြောင်းများကိုစဉ်းစားရင်း စိတ်ကပိုရှုပ်လာကာ နောက်ဆုံး၌ သူ့စိတ်ကိုသူ အားမလိုအားမရဖြစ်၍ တွန့်ဆုတ်နေခြင်းဖြစ်လေသည်။


ဒီကိစ္စတွေကို ဗိုလ်ချုပ် ဘာမှစိတ်ပူစရာမလိုပါဘူး...ခင်ဗျား ဘာပဲလုပ်လုပ် ကျွန်တော် နားထောင်မှာပါ...


"ဒါနဲ့..."

အချိန်အတန်ကြာ နမ်းပြီး၍ အချင်းချင်း ခွာလိုက်သည့်အချိန်မှ ဟယ့်ယွင်ထင်က နှုတ်မဆက်ခင်ပြောလိုက်သည်။


"ဒီပိတ်ရက်မှာ အားအောင် လုပ်ထားနော်..."


***


ကျီမုန့်၏ဈာပနကို လူနည်းနည်းနှင့် အကျဉ်းရုံးသာလုပ်လိုက်သည်။


ကျီမုန့်ကျဆုံးသွားခြင်းကို လူတော်တော်များများက မသိကြသလို အလုပ်အကြောင်းများကြောင့် ဌာန၌လည်း ကျီမုန့်နှင့် ရာထူးတူ စစ်ဗိုလ်များ သိပ်မရှိရာ ဈာပနသို့လည်း လာသူနည်းလေသည်။ ကျီမုန့်၏ အမျိုးအဆွေများပင် မလာနိုင်ကြဘဲ ကျီမုန့်နှင့် အရင်းနှီးဆုံးရဲဘော်အချို့သာ ရောက်လာကြသည်။


ဤကဲ့သို့ လေ့ကျင့်ရေးများ၌ ပုံမှန်ဆိုလျှင် လူအသေအပျောက် မရှိသည်မဟုတ်သော်လည်း ယခု ကျီမုန့်ကိစ္စကတော့ ထူးဆန်းနေသောကြောင့် လက်နက်ဌာနကို သေချာစစ်ဆေးအရေးယူပြီးဖြစ်သော်လည်း ဌာနချုပ်သည် နောက်ထပ်အန္တရာယ်များရှိလာနိုင်သည်ကို စဉ်းစား၍ ကျီမုန့်ကျဆုံးခြင်းကိုလည်း ပြင်ပသို့ မကြေငြာခဲ့ချေ။


ထို့ကြောင့် ကျီမုန့်၏ကျဆုံးခြင်းသည် သူနှင့် ထိုက်သင့်သော လေးစားခြင်းကိုမရဘဲ လူအနည်းငယ်ကသာ သူ့အတွက် ဝမ်းနည်းပူဆွေး၍ မျက်ရည်ကျနေကြရသည်။


ဈာပနပွဲသို့ လင်းဟန်သည် စောစောရောက်လာခဲ့သည်။


အင်ပါယာသည် သေဆုံးပြီးနောက်ပိုင်းကိစ္စများကို စည်းမျဉ်းစည်းကမ်းများ မသတ်မှတ်ထားသောကြောင့် လူများသည် မသေခင်တည်းက သူတို့၏ ဈာပနအခမ်းအနားများ၊ သေတမ်းစာများကို ကြိုပြင်ထားတတ်ကြသည်။ အထူးသဖြင့် စစ်သားများဆိုလျှင် သေမင်းနှင့် အမြဲနီးနေကြသောကြောင့် အမြဲလိုလို ကြိုပြင်ထားတတ်ကြသည်။


ကျီမုန့်သည် သူသေဆုံးလျှင် ဈာပနကို ထိုင်းထိုင်းမှိုင်းမှိုင်းနှင့် ဝမ်းနည်းသည့် အခန်းအနားမဖြစ်စေချင်ဟု တစ်ခါပြောဖူးသည်။ လာသည့်လူများကိုလည်း အဖြူနှင့် အမည်းသာ မဝတ်စေချင်၍ ဝမ်းလည်း နည်းမနေစေချင်ပေ။ ကျီမုန့်၏စကားအရ မြေကြီးအောက်၌ နေရခြင်းသည် အလွန်ပျင်းစရာကောင်းမည်ဖြစ်၍ ယခု အာကာသထဲသို့ သွားနိုင်နေကြသည့်အချိန်တွင် နံစော်သည့်မြေဆွေးထဲသို့ ပြန်မဝင်ချင် ဟုဆိုသည်။


ကျီမုန့်သည် မြေကြီးထဲသို့ ပြန်သွားရမည့်အစား သူအကြိုက်ဆုံးအာကာသထဲ၌သာ အမြဲတမ်းနေသွား၍ နက်ဗျူလာတစ်ခုသာ ဖြစ်သွားချင်ခဲ့သူ ဖြစ်သည်။


ထို့ကြောင့် ကျီမုန့်၏ အုတ်ဂူသည် အမှတ်တရအဖြစ်သာ လုပ်ထား၍ အုတ်ဂူပေါ်မှ ဓာတ်ပုံသည်လည်း အဖြူအမည်းမဟုတ်ပဲ အရောင်အသွေးစုံသည့် ဓာတ်ပုံကို ထည့်ထားသည်။ ဓာတ်ပုံထဲ၌ ကျီမုန့်သည် သူအလွန်ဂုဏ်ယူခဲ့ရသော ယူနီဖောင်းကိုဝတ်၍ နက်ရှိုင်းလွန်းသည့် အမှောင်ထုကိုပင် ဖြိုခွင်းနိုင်သည့်အလင်းကို ဆောင်သော နွေးထွေးသည့်အပြုံးကို ပြုံးနေလေသည်။


ကျီမုန့်က သူ့အတွက် ဝမ်းမနည်းကြရန်ပြောထားသောကြောင့် ဈာပနသို့လာကြသော လူတိုင်းက မျက်နှာကို ဝမ်းနည်းနေသည့်ပုံမပေါက်အောင် တင်းထားကြသည်။


ကျီမုန့်၏ ရဲဘော်ဟောင်းများက တစ်ယောက်ပြီးတစ်ယောက် အုတ်ဂူပေါ်၌ ပန်းများချကာ စစ်တပ်ပုံစံ အလေးပြုကြပြီး အဝေးမှနေ၍ အုတ်ဂူပေါ်မှ ဓာတ်ပုံကို ကြည့်နေကြလေသည်။


လုအန်းဟယ်သည်လည်း ယနေ့၌ အလွန်တည်ငြိမ်နေလေသည်။ ကျီမုန့်အတွက် စိတ်ထိခိုက်စွာ ဝမ်းနည်းပူဆွေးခြင်းက ယာဉ်ပျံပေါ်၌ ကျန်ခဲ့ပြီဖြစ်၍ ယနေ့တွင်တော့ လုအန်းဟယ်သည် ကြည်လင်သောမျက်နှာဖြင့် အုတ်ဂူနားသို့ရောက်သောအခါ အနည်းငယ်ပင်ပြုံးလိုက်သည်။ ထို့နောက် ကျီမုန့်၏ဓာတ်ပုံကို လက်ညှိုးဖြင့် ထိ၍ မည်သူမှမကြားနိုင်လောက်အောင် စကားတစ်ခွန်းကို တိုးတိုးလေး ပြောခဲ့သည်။


လင်းဟန်လည်း အုတ်ဂူပေါ်သို့ ပန်းပွင့်ကိုတင်၍ ဘေးသို့ကပ်ကာ လုအန်းဟယ်ကို ကြည့်နေလိုက်မိသည်။


နောက်ဆုံးတွင်မှ ဟယ့်ယွင်ထင်သည် အုတ်ဂူနှင့် မလှမ်းမကမ်း၌ရပ်၍ တည်ငြိမ်သောမျက်နှာဖြင့် အလေးပြုလိုက်သည်။ ထို့နောက် ဦးထုပ်ကိုချွတ်၍ နူးညံ့သောအပြုံးဖြင့် ကျီမုန့်၏ဓာတ်ပုံကိုကြည့်ကာ ခါးညွှတ်၍ အရိုအသေပေးလိုက်လေသည်။


ဟယ့်ယွင်ထင်ကိုကြည့်၍ လင်းဟန်၏နှလုံးသားထဲ၌ နာကျင်ဝမ်းနည်းမှုများဖြင့် ပြည့်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ထိုအချိန်မှာပင် ဟယ့်ယွင်ထင်က ခေါင်းကိုလှည့်၍ လင်းဟန်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် အနည်းငယ်ဝေးနေကြ၍ ဘာစကားမှလည်းမပြော၊ တစ်ယောက်နှင့်တစ်ယောက်ထိလည်းမထိ၊ ပွေ့ဖက်နေကြသည်လည်းမဟုတ်သော်လည်း ထိုအချိန်၌ ဟယ့်ယွင်ထင် ဘာတွေးနေသည်ကို လင်းဟန် သိလိုက်သည်။


ဟယ့်ယွင်ထင်၏အပြင်ပုံက အေးစက်သည့်ပုံပေါက်နေသော်လည်း သူသည် စစ်ဗိုလ်တစ်ယောက်ချင်းကို အမြဲမှတ်မိနေ၍ ယခုကဲ့သို့ ကိစ္စများတွင် သူ့ကိုယ်သူ အပြစ်ပုံချကာ အခြားလူများထက်ပို၍ ခံစားနေရမည်ဖြစ်သည်။


လင်းဟန်သည် ဟယ့်ယွင်ထင်၏မျက်လုံးများကို သေချာကြည့်၍ ခပ်ဖွဖွလေးပြုံးပြလိုက်သည်။


ထိုအပြုံး၏ အဓိပ္ပာယ်သည် လင်းဟန် ခဏခဏပြောနေကျဖြစ်သော ရိုးစင်းသောစကားတစ်ခွန်းသာဖြစ်သည်။


'ဗိုလ်ချုပ်နားမှာ ကျွန်တော် အမြဲရှိနေမှာပါ...'


မကြာခင်တွင် တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြ၍ လင်းဟန်တို့သုံးယောက်သာ ကျန်ခဲ့တော့သည်။ 


လင်းဟန်သည် ဟယ့်ယွင်ထင်က သူ့နားလျှောက်လာသည်ကို မြင်သော်လည်း ဟယ့်ယွင်ထင်၏စိတ်ထဲ၌ ခံစားချက်များစွာ ရောထွေးနေမည်ကိုသိသောကြောင့် ဟယ့်ယွင်ထင် သူ့ရှေ့သို့လာရပ်သည့်အချိန်အထိ ဘာမှမပြောဘဲ ဒီတိုင်းသာ ကြည့်နေလိုက်သည်။


ဟယ့်ယွင်ထင်၏မျက်လုံးများထဲ၌ ဝမ်းနည်းမှုကို မြင်သောအခါ လင်းဟန် မအံ့ဩမိပေ။


"ဟယ့်ယွင်ထင်..."

လင်းဟန်က နူးညံ့စွာ ပြောလိုက်သည်။

"ခင်ဗျားရဲ့လက်ကိုပေးပါ..."


လင်းဟန်သည် ပြောရင်းဖြင့် ဟယ့်ယွင်ထင်၏လက်ကို ဆွဲယူကာ သူ့လက်ဖြင့် တင်းကြပ်စွာ ဆုပ်ထားလိုက်သည်။ လင်းဟန်၏အားက သိပ်မပြင်းသော်လည်း ယခုအချိန်၌ ဟယ့်ယွင်ထင်ခံစားနေရသည်များကို လင်းဟန်သိကြောင်း ဟယ့်ယွင်ထင်သိစေရန် အားပေးသည့်အနေဖြင့် တတ်နိုင်သမျှ ဆုပ်ကိုင်ထားလိုက်သည်။


ဘာမှပြောစရာမလိုပါဘူး...ကျွန်တော်နားလည်ပါတယ်...


ထိုအခါမှပင် ဟယ့်ယွင်ထင်၏ လေးလံနေသော စိတ်များလည်း လင်းဟန်၏နှစ်သိမ့်မှုဖြင့် အနည်းငယ် သက်သာရာရသွားတော့သည်။ ထို့နောက် မော့ကြည့်လိုက်ရာ သူတို့နှစ်ယောက်နားသို့လျှောက်လာနေသော လုအန်းဟယ်ကို မြင်လိုက်ရသည်။


လုအန်းဟယ်သည် သူတို့နှစ်ယောက်၏ ရင်းနှီးမှုကို အံ့ဩဟန်မပြပဲ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ လျှောက်လာရင်း သူတို့နှစ်ယောက်၏ တင်းကြပ်စွာဆုပ်ကိုင်ထားကြသောလက်များကို ကြည့်လိုက်သည်။ လုအန်းဟယ်၏မျက်လုံးများထဲ၌ ပြောချင်သည့်စကားများစွာရှိနေပုံပေါက်သော်လည်း နောက်ဆုံးတွင်တော့ စကားတစ်ခွန်းသာပြောလိုက်သည်။


"ဝမ်းသာပါတယ် ဘော့စ်..."


ထို့နောက် သုံးယောက်သားသည် ဘာမှမပြောပဲ ထွက်ပေါက်ဆီသို့ လျှောက်လာလိုက်ကြသည်။ ဟယ့်ယွင်ထင်နှင့် လုအန်းဟယ်က ဌာနချုပ်သို့ ပြန်သွားရမည်ဖြစ်၍ လင်းဟန်ကတော့ ကူးလုလုအား Q ခရိုင်ရှိ တိရစ္ဆာန်ရုံသို့ ခေါ်သွားရန် ပြင်နေခြင်းဖြစ်သည်။


"ကျွန်တော့်ကို လိုက်ပို့စရာမလိုပါဘူး...ကျွန်တော့်ဘာသာပဲပြန်လိုက်မယ်..."


လင်းဟန်ကပြော၍ အများသုံးယာဉ်ပျံရှိရာသို့ သွားမည်လုပ်လိုက်စဉ်မှာပဲ ဟယ့်ယွင်ထင်၏မျက်နှာက ရုတ်တရက်ပြောင်းသွား၍ တိုးတိုးနေရန်ပြောသည့်ပုံဖြင့် လင်းဟန်၏ နှုတ်ခမ်းကို လက်ညှိုးဖြင့် ထိကာ အနောက်သို့ ဆွဲလိုက်လေသည်။



👾