🐯Chapter 144
ကုယွီမြန် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ ယခုအခါသူတို့က ရှေးဟောင်းကမ္ဘာအား ရောက်သင့်ပြီဖြစ်ကြောင်း သူသိသည်။ သူတို့က ပရိုဂရမ်အဖွဲ့မှ အိပ်ရာနှင့်အတူ သယ်ဆောင်ခြင်းခံလိုက်ရသည်။
ဒါပေမဲ့ ဘယ်ကိုရောက်နေတာလဲ...
ကလေးများက အိပ်နေကြဆဲဖြစ်ပြီး သူတို့၏အစာအိမ်က ပုံမှန်အတိုင်း လှုပ်ရှားနေသည်။ ကလေးလေးယောက်လုံးတွင် ဟက်စကီးလေးက အိပ်ပျော်နေစဉ် သွားရည်များကျနေပြီး သူ့နှုတ်ခမ်းများကို သပ်နေသည်။
သို့သော် သူပြည့်ပြည့်ဝဝမနိုးမီ ပရိုဂရမ်အဖွဲ့မှပေးသော နားကြပ်က တစ်ခဏကြာဆူညံသံများဖြစ်ပေါ်စေပြီးနောက် ပထမဆုံးတာဝန်က ထွက်ပေါ်လာသည်။
"ဧည့်သည်တော်အားလုံး ကမ္ဘာမြေပေါ်ရောက်ပါပြီ...
ကြိုဆိုပါတယ်... ပထမတာဝန်ကတော့: ကျွန်တော်တို့ဆီ ၁နာရီအတွင်း ပူပေါင်းပေးပါ… တာဝန်ကျရှုံးမှုအတွက် ပြစ်ဒဏ်ကတော့ လူတိုင်း ပထမညအတွက် ယာယီတဲရမှာမဟုတ်ပါဘူး..."
ကုယွီမြန် :"......"
အခြား ဧည့်သည်တော်များ :"......"
လုံးဝရှေးကျတဲ့ အခြေအနေမှာရှိနေတဲ့ ရှေးဟောင်းကမ္ဘာမှာ ဘာခေတ်မှီနည်းပညာမှမပါဘဲ ပထမဆုံးညကိုလည်း ယာယီတဲမရဘဲ သောင်တင်နေရမှာလား...
အသံပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကောရှစ်စန်းက ပြေးထွက်သွားသည်။
အဆုံးတွင် သူက တစ်ခါက ကိုယ်ခံပညာကြယ်ပွင့်ဖြစ်ခဲ့၍ သွက်လက်နေဆဲဖြစ်သည်။ သူက ခပ်ဝဝနှင့် လှုပ်ရှားမလွယ်ကူဟုထင်ရသော ထန်အင်္ကျီအား ဝတ်ဆင်ထားသော်လည်း အလွန်လျင််မြန်သည်။
သို့သော် ၎င်းက ယာယီတဲအတွက် မဟုတ်ပေ။ သူတို့ ၃ယောက်လုံးက နားကြပ်မှပြောနေသည့်အရာများအား လုံးဝနားမထောင်ကြချေ။
၎င်းက ကုယွီမြန်နှင့် သူ့ကလေးများ သူတို့၏မစ်ရှင်အားကြေညာရန် ပစ်ချခံလိုက်သည်နှင့်တစ်ချိန်တည်းဖြစ်ပြီး ပန်ဒါများသာ ၎င်းအား ချက်ချင်းခံစားနိုင်ခဲ့သည်။
ဘိုးဘေး...သူနဲ့ အရမ်းနီးနေပြီ...
ကောရှစ်အာက မြက်ခင်းပြင်ပေါ်တွင်ထိုင်သည်။ ထိုအချိန်တွင် ခေါင်းပေါ်တွင်သစ်ရွက်ခြောက်များဖြင့် မတ်တပ် ထရပ်လိုက်သည်။သူက ကောရှစ်စန်းအား ခပ်ဝဝပုံစံဖြင့် ပတ်၍နောက်မှလိုက်လာသည်။
"သေစမ်း..."
၁၆ယောက်မြောက်ကောက အခြားဧည့်သည်တော်နှင့် စကားပြောနေခဲ့သည်။ ထိုအချိန်တွင် သူက အခွင့်အရေးအား ဆုံးရှုံးတော့မည်ဖြစ်ကာ ၎င်းတို့၏ ဥာဏ်နီဥာဏ်နက်များမှုအတွက် ကောရှစ်အာနှင့် ကောရှစ်စန်းအား ကြိမ်းမောင်းချင်ခဲ့သည်။ သူက ရိုးရှင်းစွာပင် ဖိနပ်အားချွတ်ပြီး သူ့လက်ထဲတွင် ကိုင်ရင်း သူ၏တင်ပါးအောက်တွင်ခုရန် ဘုတ်ပြားလေးပေါ်တွင် ထိုင်လျက် နှင်းလျှောစီးသူတစ်ယောက်ကဲ့သို့ တောင်စောင်းမှဆင်းချသွားသည်။
ကြည့်ရှုသူများနှင့် ဧည့်သည်တော် နံပါတ်၅၊ ၆၊ ၇ :"....."
ဘာတွေဖြစ်နေတာလဲ....
တစ်ချိန်တည်းမှာပင် ရှေးဟောင်းကမ္ဘာ၏ တောင်ထိပ်မှ အမျိုးမျိုးသော အပျက်အစီးမှုများအထိ၊ နှင်းထဲရှိ သစ်သားအိမ်ငယ်များမှ အပူပိုင်း သစ်တောတွင်းအထိ NPC တစ်ယောက်စီတွင် မစ်ရှင်တစ်ခုစီ ရှိသည်။
အဖြူနှင့်အနက် ပန်ဒါဒါဇင်ပေါင်းများစွာက တစ်ချိန်တည်း ထွက်ပေါ်လာသည်။ သူတို့က တိုက်ရိုက်အာရုံခံမိရန် အလွန်ဝေးလွန်းသော်လည်း ပန်ဒါများကြားရှိ တယ်လီပို့သံမှတစ်ဆင့် ရှစ်အာ၊ရှစ်စန်းနှင့် ၁၆ယောက်မြောက် ကော တို့၏ ခံစားချက်များက အလွန်စိတ်လှုပ်ရှားနေကြောင်း သူတို့သိနိုင်သည်။
ဒါ...ဘိုးဘေးပဲ ဖြစ်ရမယ်…
တောင်တစ်ဝက်လမ်းတွင် ကုယွီမြန်က သစ်ပင်အားမှီပြီး ကိုယ့်ကိုကိုယ် နှိုးကြားအောင် သူ့နဖူးအားကိုင်ထားခဲ့သည်။
ဧည့်သည်တော် ၁နဲ့၈လား...ငါတို့အပြင် ဧည့်သည်တော်တွေက ချန်ထားခဲ့ခံရတာလား... ဒါပေမဲ့ ထုတ်ပြန်ချက်က နည်းနည်းထူးဆန်းတယ်လို့ခံစားနေရတယ်...ဘာလို့ နံပါတ် ၁နဲ့ နံပါတ် ၈ကို ခွဲထားရမယ့်အစား အတူတူဖြစ်နေရတာလဲ…
ထန်ယွမ်လေးနှင့် ဟက်စကီးလေးက အိပ်ငိုက်နေဆဲပင်။မြေခွေးလေးက နိုးလာခဲ့ပြီး မိန်းမောတွေဝေရင်း လက်ဖဝါးလေးအားလျက်ရင်း ကုယွီမြန်ကို ငေးကြည့်နေခဲ့သည်။ နှင်းကျားသစ်လေးက တစ်စုံတစ်ခုအား နားထောင်ရန် သူ့နားရွက်လေးများအားလှုပ်ကာ မျက်လုံးများကိုကျဥ်းမြောင်းလိုက်သည်။
မဝေးသောနေရာတွင် ပန်ဒါတစ်ကောင်က သစ်ပင်၏ပင်စည်ကိုကိုင်ကာ မျက်မှန်တစ်လက်အားဝတ်ဆင်းထားရင်း ပေါ်လာပြီး ကုယွီမြန်ထံ ခိုးကြောင်ခိုးဝှက်ဖြင့် ကပ်လာသည်။
ခြေနှစ်လှမ်းလှမ်းပြီး အသက်ပြင်းပြင်းရှုကာ ရပ်တန့်၍ သူ့မျက်လုံးများကို လက်သည်းများဖြင့် ပွတ်လိုက်သည်။
ဝူး...ဝူး...ဝူး…
ငါငိုချင်လာပြီ...
အစီအစဉ်အဖွဲ့အနေဖြင့် ဧည့်သည်တော်များကို တွေ့ဆုံခွင့်ပေးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် တဲအား စီမံခန့်ခွဲသည့် NPC ကောစန်းရှစ်ပါးက ရှစ်အာ၊ ရှစ်စန်း၊ ကော၁၆တို့ မရောက်မီကပင် ထိုနေရာသို့ ပထမဦးစွာ ရောက်ရှိလာသူဖြစ်သည်။ ကောစန်းရှစ်ပါးက ကျောင်းတက်နေဆဲဖြစ်ပြီး
ကျောင်းတွင် လက်ပေါက်ကပ်သည့် အကျင့်စရိုက်ရှိသူဖြစ်သည်။ သူ အနိုင်ကျင့်ခံရသောအခါ ငိုသည်။ စာမေးပွဲကျသောအခါ ငိုသည်။ ဝမ်းနည်းသောအခါ ငိုပြီး ပျော်သောအခါတွင်လည်း ငိုသည်။
ရှေ့သို့ဆက်လျှောက်သွားပြီး သူ၏မျက်ရည်များကို မထိန်းနိုင်တော့၍ ငိုရင်း လဲကျသွားသည်။ ပန်ဒါလေးက ခပ်ဝဝဘောလုံးလေးအဖြစ်ပြောင်းသွားပြီး လှိမ့်ပြီးရင်း လှိမ့်သည်။ သူက ကုယွီမြန်၏လက်မောင်းထဲရောက်သည်
အထိ လှိမ့်သွားခဲ့သည်။
ကုယွီမြန်နှင့် နှင်းကျားသစ်လေး :"..."
ကောစန်းရှစ်ပါး :"..."
ကောစန်းရှစ်ပါး၏ မျက်ရည်များက ပို၍ ပြင်းထန်လာသည်။ ထန်ယွမ်လေးနှင့်အတူ သူ၏လုံးဝန်းသောခေါင်းအား ကုယွီမြန်၏ရင်ခွင်ထဲတွင် မြှုပ်ထားပြီး သူ၏ တင်ပါးလေးအားကိုင်ထားသည်။ မြေခွေးလေးက ကောစန်းရှစ်ပါးအား ကြက်သေသေစွာဖြင့် ကြည့်နေခဲ့သည်။ သူက ထန်ယွမ်အား တစ်ဖန်ပြန်ကြည့်ပြီး သူမှန်ကန်ကြောင်း သေချာစေရန် အတည်ပြုခဲ့သည်။
ဒီဒလိမ့်တုံးလေးက ဘယ်ကရောက်လာတာလဲ...
ဤကောင်ကလေးကို မြင်ရခြင်းမှာ ယခင်က ထန်ယွမ်လေးအား မြင်တွေ့ခဲ့ရသည်နှင့် အဘယ့်ကြောင့် တူညီနေမှန်းကုယွီမြန် မသိပေ။
သူ့ နှလုံးသားတွင် နွေးထွေးပြီး ချဥ်လာကာ ခဏအကြာတွင် အနည်းငယ် ခါးသက်လာသော်လည်း ပို၍ချိုလာခဲ့သည်။
ထို့နောက်...
အရိုးကဲ့သို့လက်တစ်စုံက ကောစန်းရှစ်ပါးအား သူ၏ဂုတ်မှ မလိုက်သည်။
ကောင်ကလေးက သူ၏မျက်ရည်များဖြင့် ခြေလက်များကို ကန်ကျောက်နေပြီး သူ၏နှပ်ချေးများမှာ ရှို့ဟန်၏ကော်လံပေါ်တွင် ပေပွကုန်သည်။
ကောစန်းရှစ်ပါး ငိုနေခဲ့သည်။
"ဝူး ဝူး... ပါးပါး... ဝူး ဝူး…ဟစ်... ဝူး ဝူး..."
"ဘိုးဘေး"ဟူသည့်စကားနှင့် နှိုင်းယှဥ်လျှင် ခေတ်သစ်လူငယ်လေးက "ပါးပါး"ဟူသည့်စကားအားပို၍နှစ်သက်သည်။
ရှို့ဟန် :"......."
သူက ကုယွီမြန်အားကြည့်လိုက်ပြီး သူ့မျက်နှာက ဆီးနှင်းကဲ့သို့ အေးစက်နေခဲ့သည်။
"မင်းမှာ အချစ်ဇာတ်လမ်းရှိခဲ့တာလား...ဒီကလေးက ဘယ်သူနဲ့ရခဲ့တာလဲ..."
ကုယွီမြန် : "ဟမ်..."
ရုတ်တရက် ဤအရာလေးက လှိမ့်၍ထွက်ပေါ်လာသောအခါ ကုယွီမြန်က ယခုမှရှေးဟောင်းကမ္ဘာသို့ရောက်ရှိရုံသာဖြစ်၍ အံ့အားသင့်နေခဲ့ရကာ ဤသတင်းအချက်အလက်အား မချေဖျက်နိုင်သေးပေ။
ရှို့ဟန်က တစ်ဖန်ရှုပ်ထွေးသွားသည်။
မဟုတ်သေးပါဘူး...သူ့မှာ အချစ်ဇာတ်လမ်းရှိဖူးလို့လား...
"မရှိပါဘူး..."
ကုယွီမြန်က ဗလာဖြစ်စွာပြောလိုက်ပြီး အဖြူနှင့်အမဲလုံးလေးအား ညွှန်ပြလိုက်သည်။
"ငါ့မှာ အချစ်ဇာတ်လမ်းရှိခဲ့ရင်တောင် ပန်ဒါတစ်ကောင်တော့ မရလာနိုင်ဘူးလေ..."
မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး...
ဒီကိစ္စမဟုတ်ဘူးလေ...
"အတွင်း" "အပြင်" ကဲ့သို့ ကိစ္စမျိုးမရှိခဲ့ပေ။
ရှို့ဟန်က သူ့အားတစ်ခဏကြာ စောင်းကြည့်ခဲ့ပြီး နှာမှုတ်လိုက်သည်။
"မရှိတာ ပိုကောင်းမယ်..."
ကုယွီမြန် :"......"
ထိုအကြောင်း စဥ်းစားမိပြီးနောက် မနေနိုင်ဘဲ ပြောလိုက်မိသည်။
"ငါ ဘယ်သူနဲ့မှ မပတ်သက်ထားပါဘူး..."
ကောစန်းရှစ်ပါးက လည်ကုတ်မှဆွဲ၍ ရှို့ဟန်၏သယ်သွားခြင်းကို ခံလိုက်ရသည်။ ကလေးလေးမှာ အရွယ်ရောက်လုနီးပါးဖြစ်သော်လည်း သူက လူးလှိမ့်နေခဲ့သည်။ ကုယွီမြန် သူ့အားချီထားရန် လက်၂ဖက်လုံး သုံးခဲ့ရသည်။ ရှို့ဟန်က သူ့အား လွယ်လွယ်ကူကူ ဖမ်းကိုင်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
ကလေးအဖေအသစ်တစ်ယောက်အနေဖြင့် ရှို့ဟန်က အရည်အချင်းပြည့်မှီသည်။ ကလေးများကို ဤကဲ့သို့သယ်ခြင်းက သူတို့အားမထိခိုက်စေနိုင်သော်လည်း ကောင်ကလေးက မျက်ရည်များကျပြီး ကုယွီမြန်ထံ လက်များဆန့်တန်းနေခဲ့သည်။
"ဝူးဝူး...ပါးပါး..."
ရှို့ဟန် အလွန်စိတ်ပျက်သွားသည်။ သူက ပန်ဒါလေးကိုကြည့်ပြီး ဟောက်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း..."
ကောစန်းရှစ်ပါးက တစ်ခဏကြာ ကြောင်အမ်းသွားပြီး
နောက်တစ်စက္ကန့်တွင် ကမ္ဘာအားတုန်လှုပ်စေနိုင်သည့်
ငိုကြွေးသံအားထုတ်လွှတ်လိုက်သည်။
"ဝူး ဝူး...ပါးပါးရေ..."
ကုယွီမြန်က သူ့အား ချက်ချင်းနှစ်သိမ့်ပေးခဲ့ပြီးနောက် ရှို့ဟန်အားနှစ်သိမ့်ရန် ကောင်းမွန်သည့်စကားများ ပြောလိုက်ရသည်။ သူ အလွန်အလုပ်ရှုပ်သွားခဲ့သည်။
ထိုအချိန်တွင် ဟက်စကီးလေး နိုးလာပြီး ထန်ယွမ်လေး၏အောက်ခံဘောင်းဘီလေးအား ကိုက်ချီလိုက်သည်။ ထန်ယွမ်လေးက ဝိုးတဝါးနှင့်အသံများ ပြုနေခဲ့သည်။ ကောစန်းရှစ်ပါး၏ငိုသံများ၊ တကျီကျီအသံများနှင့်အတူ
ငိုကြွေးနေသောတစ္ဆေကဲ့သို့ အေးစက်သော အမူအယာဖြင့် ရှို့ဟန်က သူ့အား "ဘယ်လိုကိုင်တွယ်ရမလဲ"တွက်ချက်နေခဲ့သည်။ တစ်ခဏကြာအထိ မြင်ကွင်းတစ်ခုလုံးမှာ ပရမ်းပတာဖြစ်နေခဲ့သည်။
မြေခွေးလေးက အရှုံးပေးသွားပြီး သူ့နားရွက်လေးအား လက်သည်းလေးများဖြင့်အုပ်ကာ သူမကြားနိုင် မမြင်နိုင်သကဲ့သို့ပင်။
မိနစ်၂၀ကြာပြီးနောက် ဧည့်သည်တော်များက ပထမဆုံး တွေ့ဆုံသင့်ပေသည်။သူတို့ ၁နာရီအတွင်း မတွေ့နိုင်လျှင် ဤည ယာယီတဲမရနိုင်ပေ။
တစ်နေရာထဲတွင် တစ်ချိန်လုံးနေရန်မှာ နည်းလမ်းတစ်ခုမဟုတ်ပေ။ အခြားဧည့်သည်တော်များအား ရှာဖွေရန် သူတို့လက်ဦးမှုရယူရမည်။ ဤကိစ္စမတိုင်မီ သူတို့က "NPC"အား "NPC"စခန်းချရာနေရာထံ ပြန်ပို့ပေးရန် လိုအပ်သည်ဟု ပရိုဂရမ်အဖွဲ့မှ ပြောခဲ့သည်။
ကုယွီမြန် ဤကလေးလေးအား စကားပြောကြည့်ခဲ့သော်လည်း သူ့အားမည်သည့်အရာမှ ဝမ်းနည်းအောင်လုပ်မှန်း သူမသိပေ။ သူက တစ်ချိန်လုံး ငိုကြွေးနေခဲ့ပြီး စကားပင်ကောင်းစွာမပြောနိုင်ပဲ ကုယွီမြန်ကို "ပါးပါး"ဟုသာ ခေါ်နေခဲ့သည်။
ကုယွီမြန်တွင် ရွေးချယ်စရာမရှိ၍ ပထမဆုံး သူ့ကိုခေါ်ထားပြီး အနည်းငယ် စိတ်တည်ငြိမ်စေရန် စောင့်ဆိုင်းနေသည်။
ဤကောင်လေးရောက်လာခြင်းက တစ်စုံတစ်ခုအားညွှန်ပြနေသည်ဟု ကုယွီမြန် အလိုလိုသိစိတ်တစ်ခုရှိနေသည်။ တစ်စုံတစ်ခုက သူ၏သွေးကြောများထဲတွင် နူးညံ့ညင်သာစွာ စီးဆင်းနေပြီး သူ၏ဝမ်းနည်းမှုများထဲတွင် လေးလံသော မျှော်လင့်ချက်ရှိနေခဲ့သည်။ သို့သော် ၎င်းက မည်သည့်အရာဖြစ်ကြောင်း သေချာမသိပေ။
ဟက်စကီးလေးက အရိုက်ခံခဲ့ရ၍ နောက်ဆုံးတွင် ရိုးသားသွားခဲ့သည်။ သူ၏အမြီးအား လက်ထဲတွင်ထားပြီး ခေါင်းငုံ့လျက် ထိုင်နေခဲ့သည်။ လက်တစ်ဖက်တွင် ငိုနေသော ကောစန်းရှစ်ပါးနှင့်ရှို့ဟန်က ထန်ယွမ် နှင့် ဟက်စကီးလေးအား သူ့ပခုံးပေါ်တင်ရန် အလွန်တွန့်ဆုတ်နေခဲ့ပြီး ကုယွီမြန်အတွက် အပေါ့ပါးဆုံးမြေခွေးလေးတစ်ကောင်သာ ချန်ထားခဲ့သည်။
အပြင်သွားသောအခါ ကလေးများကို အမြဲချီထားရသောကြောင့် ကုယွီမြန်၏ပခုံးနှင့်နောက်ကျောက အနည်းငယ် ဒဏ်ဖြစ်နေခြင်းကြောင့် ရှို့ဟန်က သူ၏ လူ့အသွင်သဏ္ဍာန်အား အသုံးပြုသောအခါ အမူအရာမဖော်ပြဘဲ ဤအရာများအား လက်ဦးမှုယူ၍ ကူညီပေးသည်။
ကုယွီမြန်က ဗလာဖြစ်သွားသော သူ၏ညာဘက်လက်နှင့် ရှို့ဟန်အားကြည့်လိုက်သည်။ သူက လက်ဆန့်ပြီး သူ့ကို ကလေးတစ်ယောက်ပေးရန် ရှို့ဟန်ထံတောင်းလိုက်သည်။
ရှို့ဟန်က သူ့မျက်ခုံးများကို ပင့်လိုက်သည်။ သူက တစ်စက္ကန့်မျှ စိတ်ရှုပ်ထွေးသွားပြီးနောက် သူတောင်းဆိုသည့်အရာအား သိသွားသည်။
သူ၏ဘယ်ဘက်လက်အား ဆန့်ထုတ်၍ ကုယွီမြန်၏ညာဘက်လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
သူ၏မျက်နှာတွင် "လက်ကိုင်ချင်လို့လား"ဟူသည့် အမူအရာမျိုးရှိနေခဲ့သည်။
ကုယွီမြန် :"...."
"မဟုတ်ပါဘူး...ငါ့ကို ကလေးတစ်ယောက်ပေးလို့ပြောတာ..."
ကုယွီမြန်က ခဏတာ ပြင်းပြင်းထန်ထန် ချောင်းဆိုးကာ လည်ပင်းမှနားအထိ နီရဲလာပြီး ပုံမှန်မဟုတ်သော ရှက်ရွံ့မှုနှင့် အမျိုးမျိုးသော ကို့ရို့ကားရားနိုင်မှုများကို ခံစားလာရသည်။
အရွယ်ရောက်ပြီးသော ပန်ဒါတစ်ကောင်က လုံလောက်အောင် လေးသည်။ ဟက်စကီးလေးနှင့် ထန်ယွမ် မပါလျှင်ပင် သူအလွန်ပင်ပန်းလိမ့်မည်။ ရှို့ဟန် သူ့အားတစ်က္ကန့်ကြာကြည့်နေခဲ့သည်။
မျက်ခုံး အနည်းငယ်ပင့်ပြီး တစ်ဖန်ပြန်၍ တစ်ခဏကြာရှုပ်ထွေးသွားရသည်။ ထို့နောက် မကြာမီတွင် စိတ်အပန်းပြေသွားသည်။
သူက ကောရှစ်စန်းပါးအား မြက်ခင်းပေါ်တွင်ချပြီး လက်ဆန့်၍ ကုယွီမြန်အားချီကာ သူ့နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။
"မင်း ကိုယ့်ကို ကလူကျီစယ်တာလေးကို သဘောကျတယ် တကယ်တော့ ကိုယ်က မင်း ကိုယ့်ကို အသုံးချစေချင်တာပါ..."
ကုယွီမြန် : "..."
ကုယွီမြန် : "..."
ဒီတစ်ယောက်တော့ မဟုတ်တော့ဘူး...
တစ်ယောက်...နှစ်ယောက်...သုံးယောက်...လေးယောက်...
ကလေးများက သူတို့ကိုကြည့်နေကြသည်။ ကောစန်းရှစ်ပါးက ငိုနေဆဲဖြစ်သော်လည်း သူ့မျက်လုံးများကို လက်ကလေးဖြင့်အုပ်ပြီး ယဥ်ကျေးစွာဖြင့် သူတို့အားမကြည့်ခဲ့ချေ။
လက်တစ်ဖက်က သူ့မျက်လုံးများကိုအုပ်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏သနားစရာ ဦးလေး ၂၄၏မျက်လုံးများကို အုပ်ထားလိုက်သည်။
ပြီးဆုံးသွားပြီ...ငါ့ပါပါးက ကောင်လေးရှာနေတာလား...နောက်ပိုင်း ငါသူ့ကိုဘယ်လိုခေါ်သင့်လဲ...မိသားစုအဆင့်အတန်းကဘယ်လိုဖြစ်သွားမှာလဲ... ကွာရှင်းခဲ့ရင် ကောမိသားစုနဲ့အတူ ဘယ်သူကလိုက်နေမှာလဲ...
ရုတ်တရက် ကောစန်းရှစ်ပါး၏ခေါင်းသေးသေးလေးတွင် "?"များစွာဖြင့်ပြည့်နေခဲ့သည်။
မြေခွေးလေးက သူ့အမြီးအား ထိတ်လန့်စွာ ခါယမ်းနေခဲ့ပြီး သူ့ခန္ဓာကိုယ်လေးတွင် ယခင်မရှိခဲ့ဖူးသော ကြီးမားသည့်ခွန်အားဖြင့် ပေါက်ကွဲထွက်သွားသည်။ သူက ဘေးတစ်ဖက်တွင်လျှာထွက်နေသော ဟက်စကီးလေးကို ဆွဲကာလူကြီးနှစ်ယောက်အတွက်ရှောင်ပေးရန် နေရာမှ ထွက်ပြေးသွားခဲ့သည်။
၎င်းက သူတို့မိသားစု၏ အနာဂတ်အဖွဲ့ဝင်များနှင့် သက်ဆိုင်သော အဓိကပွဲဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် ခေါင်းလေး၄ခေါင်းမှာ ကာထားကြသည်။ သစ်ပင်ကြီး၏နောက်မှ သူတို့၏ခေါင်းလေးများထွက်ကာ မိဘများ၏ တီးတိုးစကားများကို နားထောင်နေကြသည်။ သူတို့ထဲတွင် ကောစန်းရှစ်ပါးနှင့် မြေခွေးလေးက တက်ကြွသော နားထောင်သူများဖြစ်ပြီး ဟက်စကီးလေးနှင့် ထန်ယွမ်လေးမှာ ဖြူစင်သော ပရိသတ်များဖြစ်သည်။
ကုယွီမြန် ပြောလိုက်သည်။
"ဘယ်သူက ကလူကျီစယ်နေလို့လဲ..."
ဘယ်သူက တက်တက်ကြွကြွနဲ့ လက်ကိုင်ချင်တာလဲ... ငါ သဘောမတူပေမယ့် ဘယ်သူက သူရဲ့ဗိုက်ကိုပြချင်နေတာလဲ...
ရှို့ဟန်က သူ့အားလေးလေးနက်နက်ကြည့်လိုက်သည်။
"ကိုယ်ကတော့ မမြူဆွယ်ပါဘူး..."
ကုယွီမြန်က ရှို့ဟန်တစ်စုံတစ်ခုပြောလိမ့်မည်ဟု ထင်ခဲ့မိသည်။
သူ ထင်ထားသည့်အတိုင်း ရှို့ဟန် ရပ်တန့်သွားသည်။ ထို့နောက် သူကပေါ့ပေါ့ပါးပါးမေးလိုက်သော်လည်း ထိုစကားက ရှင်းမပြနိုင်အောင် အလွန်လေးနက်နေခဲ့သည်။
"ကိုယ်ဘယ်သူ့ကို သဘောကျလဲဆိုတာ မသိဘူးလား... ခန့်မှန်းဖို့ ခက်လို့လား..."
"........"
"ကိုယ် မင်းကိုသဘောကျတယ်..."
"......."
ရှို့ဟန် ဆက်ပြောလိုက်သည်။
"မင်းကိုယ့်ကို ရိုးသားဖို့နဲ့ သဝန်တိုဖို့ အခွင့်အရေးလေး တစ်ခုလောက်မပေးသင့်ဘူးလား..."
ကုယွီမြန် အာစေးမိသွားရသည်။
သူတော့သွားပြီ...
သူက ရှို့ဟန်၏ခဲပြာရောင်မျက်လုံးများထဲသို့
ကြည့်ပြီး စဥ်းစားလိုက်သည်။
ဒါက အသုံးမဝင်လောက်ဘူး...
ရွေးချယ်စရာတစ်ခုတည်းသာ ရှိသောကြောင့်ဖြစ်၏။
သူ့အတွက် ရွေးချယ်မှုတစ်ခုပဲရှိတယ်...
တောင်၏ဆည်းဆာလေက သစ်ရွက်များကိုဖြတ်တိုက်သွားပြီ သူ၏နှလုံးခုန်သံမှာ ပုစဥ်းရင်ကွဲသံများထက်ပင် ပို၍ကျယ်လောင်နေခဲ့သည်။
ရှို့ဟန်က သူ၏လက်အား စိတ်လှုပ်ရှားစွာ မကျွမ်းကျင်စွာ ကိုင်ထားပြီး "ငါလည်း မင်းကိုသဘောကျပါတယ်"ဆိုသည့် စကားပြောရန် ချော့မြူနေသည်။
ရှို့ဟန်က ချိုသာသောအရာများ မပြောနိုင်ပေ။ သူ၏လှည့်ကွက်များမှာ ထူးဆန်းပြီး ကို့ယို့ကားယားနှင့် ချစ်စဖွယ်ကောင်းသည်။
အကယ်၍ သူသာရှို့ဟန်၏ အချစ်လယ်ဗယ်အား အုပ်စုခွဲချင်လျှင် ၎င်းမှာ ဖြတ်ကျော်ရန် ခက်ခဲသည်။
သို့သော် ကုယွီမြန်ရ "ငါလည်း မင်းကိုသဘောကျပါတယ်"ဟုပြောချင်နေသည်။
ပြောချင်သေးတယ်...
"ကောင်းပြီ..."
ကုယွီမြန် :"......"
ကောင်းပြီတဲ့လား နေပါဦး ငါ အသံတစ်သံမှတောင်
မထွက်ရသေးဘူးလေ...
အသံက အနီးအနားမှ ခပ်ဝဝနှင့်လျင်မြန်သော အဖြူနှင့်အညိုစပ်ထားသည့်ပန်ဒါထံမှ ထွက်လာခြင်းဖြစ်သည်။ သူက ဝသော်လည်း သူ၏အရှိန်အား မသက်ရောက်ခဲ့ချေ။
"အာ...မင်းကိုရှာဖို့ကခက်လိုက်တာ..."
ကောစန်းရှစ်ပါးက ရောက်လာသည့်သူအား သိသွားပြီးနောက် ချက်ချင်း သူ့မျက်လုံးများကို စိတ်ပျက်လက်ပျက်နှင့် အုပ်လိုက်သည်။
ရှို့ဟန် : "..."
သိပ်မဝေးတော့ဘူး...
🐯🐯🐯