Chapter 144
Viewers 18k

🐯Chapter 144



ကုယွီမြန် အနည်းငယ် စိတ်ရှုပ်​ထွေး​နေခဲ့သည်။ ယခုအခါသူတို့က ရှေး​ဟောင်းကမ္ဘာအား ရောက်သင့်ပြီဖြစ်​ကြောင်း သူသိသည်။ သူတို့က ပရိုဂရမ်အဖွဲ့မှ အိပ်ရာနှင့်အတူ သယ်​ဆောင်ခြင်းခံလိုက်ရသည်။

ဒါ​ပေမဲ့ ဘယ်ကို​ရောက်​နေတာလဲ... 


ကလေးများက အိပ်နေကြဆဲဖြစ်ပြီး သူတို့၏အစာအိမ်က ပုံမှန်အတိုင်း လှုပ်ရှားနေသည်။ က​လေး​လေး​​ယောက်လုံးတွင် ဟက်စကီးလေးက အိပ်ပျော်နေစဉ် သွားရည်များကျ​နေပြီး သူ့နှုတ်ခမ်းများကို သပ်နေသည်။


သို့​​​သော် သူပြည့်ပြည့်ဝဝမနိုးမီ ပရိုဂရမ်အဖွဲ့မှ​ပေး​​​သော နားကြပ်က တစ်ခဏကြာဆူညံသံများဖြစ်​ပေါ်​စေပြီး​နောက် ပထမဆုံးတာဝန်က ထွက်​ပေါ်လာသည်။


"ဧည့်​သည်​တော်အားလုံး ကမ္ဘာ​မြေ​ပေါ်​ရောက်ပါပြီ...

ကြိုဆိုပါတယ်... ပထမတာဝန်က​တော့: ကျွန်​​တော်တို့ဆီ ၁နာရီအတွင်း ပူ​ပေါင်း​ပေးပါ… တာဝန်ကျရှုံးမှုအတွက် ပြစ်ဒဏ်က​တော့ လူတိုင်း ပထမညအတွက် ယာယီတဲရမှာမဟုတ်ပါဘူး..."


ကုယွီမြန် :"......"


အခြား ဧည့်သည်​တော်များ :"......"


လုံးဝ​ရှေးကျတဲ့ အ​ခြေအ​နေမှာရှိ​နေတဲ့ ရှေး​ဟောင်းကမ္ဘာမှာ ဘာ​ခေတ်မှီနည်းပညာမှမပါဘဲ ပထမဆုံးညကိုလည်း ယာယီတဲမရဘဲ သောင်တင်​နေရမှာလား...


အသံပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ​ကောရှစ်စန်းက ​ပြေးထွက်သွားသည်။


အဆုံးတွင် သူက တစ်ခါက ကိုယ်ခံပညာကြယ်ပွင့်ဖြစ်ခဲ့၍ သွက်လက်နေဆဲဖြစ်သည်။ သူက ခပ်ဝဝနှင့် လှုပ်ရှားမလွယ်ကူဟုထင်ရ​သော ထန်အင်္ကျီအား ဝတ်ဆင်ထား​သော်လည်း အလွန်လျင််မြန်သည်။


သို့သော် ၎င်းက ယာယီတဲအတွက် မဟုတ်​​ပေ။ သူတို့ ၃​ယောက်လုံးက နားကြပ်မှ​ပြော​နေသည့်အရာများအား လုံးဝနားမ​ထောင်ကြ​​ချေ။


၎င်းက ကုယွီမြန်နှင့် သူ့က​လေးများ သူတို့၏မစ်ရှင်အားကြေညာရန် ပစ်ချခံလိုက်သည်နှင့်တစ်ချိန်တည်းဖြစ်ပြီး ပန်ဒါများသာ ၎င်းအား ချက်ချင်းခံစားနိုင်ခဲ့သည်။


ဘိုး​ဘေး...သူနဲ့ အရမ်းနီး​နေပြီ...


​ကောရှစ်အာက မြက်ခင်းပြင်​ပေါ်တွင်ထိုင်သည်။ ထိုအချိန်တွင် ခေါင်းပေါ်တွင်သစ်ရွက်ခြောက်များဖြင့် မတ်တပ် ထရပ်လိုက်သည်။သူက ​ကောရှစ်စန်းအား ခပ်ဝဝပုံစံဖြင့် ပတ်၍နောက်မှလိုက်လာသည်။


"​သေစမ်း..."


၁၆​ယောက်​မြောက်ကောက အခြားဧည့်သည်​တော်နှင့် စကားပြောနေခဲ့သည်။ ထိုအချိန်တွင် သူက အခွင့်အရေးအား ဆုံးရှုံးတော့မည်ဖြစ်ကာ ၎င်းတို့၏ ဥာဏ်နီဥာဏ်နက်များမှုအတွက်  ​ကောရှစ်အာနှင့် ​ကောရှစ်စန်းအား ကြိမ်းမောင်းချင်ခဲ့သည်။ သူက ရိုးရှင်းစွာပင် ဖိနပ်အားချွတ်ပြီး သူ့လက်ထဲတွင် ကိုင်ရင်း သူ၏တင်ပါးအောက်တွင်ခုရန် ဘုတ်ပြားလေးပေါ်တွင် ထိုင်လျက် နှင်းလျှောစီးသူတစ်ယောက်ကဲ့သို့ တောင်စောင်းမှဆင်းချသွားသည်။


ကြည့်ရှုသူများနှင့် ဧည့်သည်​တော် နံပါတ်၅၊ ၆၊ ၇ :"....."


ဘာ​တွေဖြစ်​နေတာလဲ....


တစ်ချိန်တည်းမှာပင် ​ရှေး​ဟောင်းကမ္ဘာ၏ တောင်ထိပ်မှ အမျိုးမျိုး​သော အပျက်အစီးမှုများအထိ၊ နှင်းထဲရှိ သစ်သားအိမ်ငယ်များမှ အပူပိုင်း သစ်တောတွင်းအထိ NPC တစ်​ယောက်စီတွင် မစ်ရှင်တစ်ခုစီ ရှိသည်။


အဖြူနှင့်အနက် ပန်ဒါဒါဇင်ပေါင်းများစွာက တစ်ချိန်တည်း ထွက်​​ပေါ်လာသည်။ သူတို့က တိုက်ရိုက်အာရုံခံမိရန် အလွန်ဝေးလွန်း​သော်လည်း ပန်ဒါများကြားရှိ တယ်လီပို့သံမှတစ်ဆင့် ​ရှစ်အာ၊ရှစ်စန်းနှင့် ၁၆​ယောက်​မြောက် ​ကော တို့၏ ခံစားချက်များက အလွန်စိတ်လှုပ်ရှားနေ​ကြောင်း သူတို့သိနိုင်သည်။ 

ဒါ...ဘိုး​ဘေးပဲ ဖြစ်ရမယ်…


​တောင်တစ်ဝက်လမ်းတွင် ကုယွီမြန်က သစ်ပင်အားမှီပြီး ကိုယ့်ကိုကိုယ် နှိုးကြား​အောင်​ သူ့နဖူးအားကိုင်ထားခဲ့သည်။


ဧည့်သည်​တော် ၁နဲ့၈လား...ငါတို့အပြင် ဧည့်သည်​တော်​တွေက ချန်ထားခဲ့ခံရတာလား... ဒါ​ပေမဲ့ ထုတ်ပြန်ချက်က နည်းနည်းထူးဆန်းတယ်လို့ခံစား​နေရတယ်...ဘာလို့ နံပါတ် ၁နဲ့ နံပါတ် ၈ကို ခွဲထားရမယ့်အစား အတူတူဖြစ်​နေရတာလဲ…


ထန်ယွမ်​လေးနှင့် ဟက်စကီး​လေးက အိပ်ငိုက်​နေဆဲပင်။​မြေ​ခွေး​လေးက နိုးလာခဲ့ပြီး မိန်း​မော​တွေ​ဝေရင်း လက်ဖဝါး​လေးအားလျက်ရင်း ကုယွီမြန်ကို ​ငေးကြည့်​နေခဲ့သည်။ နှင်းကျားသစ်​လေးက တစ်စုံတစ်ခုအား နား​​ထောင်ရန် သူ့နားရွက်​လေးများအားလှုပ်ကာ မျက်လုံးများကိုကျဥ်း​မြောင်းလိုက်သည်။


မ​ဝေး​သော​နေရာတွင် ပန်ဒါတစ်​ကောင်က သစ်ပင်၏ပင်စည်ကိုကိုင်ကာ မျက်မှန်တစ်လက်အားဝတ်ဆင်းထားရင်း ပေါ်လာပြီး ကုယွီမြန်ထံ ခိုး​ကြောင်ခိုးဝှက်ဖြင့် ကပ်လာသည်။


​ခြေနှစ်လှမ်းလှမ်းပြီး အသက်ပြင်းပြင်းရှုကာ ရပ်တန့်၍ သူ့မျက်လုံးများကို လက်သည်းများဖြင့် ပွတ်လိုက်သည်။


ဝူး...ဝူး...ဝူး…


ငါငိုချင်လာပြီ...


အစီအစဉ်အဖွဲ့အနေဖြင့် ဧည့်သည်​​​တော်များကို တွေ့ဆုံခွင့်ပေးရန်မှာ မဖြစ်နိုင်​ပေ။ ထို့ကြောင့် တဲအား စီမံခန့်ခွဲသည့် NPC ​ကောစန်းရှစ်ပါးက ရှစ်အာ၊ ရှစ်စန်း၊​​ ကော၁၆တို့ မ​ရောက်မီကပင် ထို​နေရာသို့ ပထမဦးစွာ ရောက်ရှိလာသူဖြစ်သည်။ ​ကောစန်းရှစ်ပါးက ကျောင်းတက်​နေဆဲဖြစ်ပြီး

​ကျောင်းတွင် လက်​ပေါက်ကပ်သည့် အကျင့်စရိုက်ရှိသူဖြစ်သည်။ သူ အနိုင်ကျင့်ခံရသောအခါ ငိုသည်။ စာမေးပွဲကျ​​​သောအခါ ငိုသည်။ ဝမ်းနည်း​သောအခါ ငိုပြီး ​ပျော်​သောအခါတွင်လည်း ငိုသည်။


​ရှေ့သို့ဆက်​လျှောက်သွားပြီး သူ၏မျက်ရည်များကို မထိန်းနိုင်​တော့၍ ငိုရင်း လဲကျသွားသည်။ ပန်ဒါ​လေးက ခပ်ဝဝ​ဘောလုံး​လေးအဖြစ်​ပြောင်းသွားပြီး လှိမ့်ပြီးရင်း လှိမ့်သည်။ သူက ကုယွီမြန်၏လက်​မောင်းထဲ​ရောက်သည်

အထိ လှိမ့်သွားခဲ့သည်။


ကုယွီမြန်နှင့် နှင်းကျားသစ်​လေး :"..."


​ကောစန်းရှစ်ပါး :"..."


​ကောစန်းရှစ်ပါး၏ မျက်ရည်များက ပို၍ ပြင်းထန်လာသည်။ ထန်ယွမ်လေးနှင့်အတူ သူ၏လုံးဝန်း​​သောခေါင်းအား ကုယွီမြန်၏ရင်ခွင်ထဲတွင် မြှုပ်ထားပြီး သူ၏ တင်ပါး​​လေးအားကိုင်ထားသည်။ မြေခွေးလေးက ကောစန်းရှစ်ပါးအား ကြက်​သေ​သေစွာဖြင့် ကြည့်နေခဲ့သည်။ သူက ထန်ယွမ်အား တစ်ဖန်ပြန်ကြည့်ပြီး သူမှန်ကန်ကြောင်း သေချာစေရန် အတည်ပြုခဲ့သည်။


ဒီဒလိမ့်တုံး​လေးက ဘယ်က​ရောက်လာတာလဲ...


ဤ​ကောင်က​လေးကို မြင်ရခြင်းမှာ ယခင်က ထန်ယွမ်​လေးအား မြင်​တွေ့ခဲ့ရသည်နှင့် အဘယ့်ကြောင့် တူညီ​နေမှန်းကုယွီမြန် မသိ​ပေ။


သူ့ နှလုံးသားတွင် ​နွေး​ထွေးပြီး ချဥ်လာကာ ခဏအကြာတွင် အနည်းငယ် ခါး​သက်လာသော်လည်း ပို၍ချိုလာခဲ့သည်။


ထို့​နောက်...


အရိုးကဲ့သို့လက်တစ်စုံက ​ကောစန်းရှစ်ပါးအား သူ၏ဂုတ်မှ မလိုက်သည်။


​ကောင်က​လေးက သူ၏​မျက်ရည်များဖြင့် ခြေလက်များကို ကန်​ကျောက်​​နေပြီး  သူ၏နှပ်​ချေးများမှာ ရှို့ဟန်၏​ကော်လံပေါ်တွင် ​ပေပွကုန်သည်။


ကောစန်းရှစ်ပါး ငို​နေခဲ့သည်။

"ဝူး ဝူး... ပါးပါး... ဝူး ဝူး…ဟစ်... ဝူး ဝူး..."


"ဘိုး​ဘေး"ဟူသည့်စကားနှင့် နှိုင်းယှဥ်လျှင် ​ခေတ်သစ်လူငယ်​လေးက "ပါးပါး"ဟူသည့်စကားအားပို၍နှစ်သက်သည်။


ရှို့ဟန် :"......." 


သူက ကုယွီမြန်အားကြည့်လိုက်ပြီး သူ့မျက်နှာက ဆီးနှင်းကဲ့သို့ ​အေးစက်​နေခဲ့သည်။


"မင်းမှာ အချစ်ဇာတ်လမ်းရှိခဲ့တာလား...ဒီက​​လေးက ဘယ်သူနဲ့ရခဲ့တာလဲ..."


ကုယွီမြန် : "ဟမ်..."


ရုတ်တရက် ဤအရာ​လေးက လှိမ့်၍ထွက်​ပေါ်လာသောအခါ ကုယွီမြန်က ယခုမှ​ရှေး​ဟောင်းကမ္ဘာသို့​ရောက်ရှိရုံသာဖြစ်၍ အံ့အားသင့်​နေခဲ့ရကာ ဤသတင်းအချက်အလက်အား မ​ချေဖျက်နိုင်​သေး​ပေ။


ရှို့ဟန်က တစ်ဖန်ရှုပ်​​ထွေးသွားသည်။

မဟုတ်​သေးပါဘူး...သူ့မှာ အချစ်ဇာတ်လမ်းရှိဖူးလို့လား...


"မရှိပါဘူး..."

ကုယွီမြန်က ဗလာဖြစ်စွာ​ပြောလိုက်ပြီး အဖြူနှင့်အမဲလုံး​လေးအား ညွှန်ပြလိုက်သည်။


"ငါ့မှာ အချစ်ဇာတ်လမ်းရှိခဲ့ရင်​တောင် ပန်ဒါတစ်​ကောင်​တော့ မရလာနိုင်ဘူး​လေ..."


မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး...


ဒီကိစ္စမဟုတ်ဘူး​လေ...


"အတွင်း" "အပြင်" ကဲ့သို့ ကိစ္စမျိုးမရှိခဲ့​ပေ။


ရှို့ဟန်က သူ့အားတစ်ခဏကြာ  စောင်းကြည့်ခဲ့ပြီး နှာမှုတ်လိုက်သည်။

"မရှိတာ ပို​ကောင်းမယ်..."


ကုယွီမြန် :"......"


ထိုအ​ကြောင်း ​စဥ်းစားမိပြီး​နောက် မ​နေနိုင်ဘဲ ​ပြောလိုက်မိသည်။

"ငါ ဘယ်သူနဲ့မှ မပတ်သက်ထားပါဘူး..."


​ကောစန်းရှစ်ပါးက လည်ကုတ်မှဆွဲ၍ ရှို့ဟန်၏သယ်သွားခြင်းကို ခံလိုက်ရသည်။ က​လေး​လေးမှာ အရွယ်​ရောက်လုနီးပါးဖြစ်​​သော်လည်း သူက လူးလှိမ့်​နေခဲ့သည်။ ကုယွီမြန် သူ့အားချီထားရန် လက်၂ဖက်လုံး သုံးခဲ့ရသည်။ ရှို့ဟန်က သူ့အား လွယ်လွယ်ကူကူ ဖမ်းကိုင်နိုင်လိမ့်မည်ဟု မ​မျှော်လင့်ခဲ့​ချေ။


က​လေးအ​ဖေအသစ်တစ်​ယောက်အ​နေဖြင့် ရှို့ဟန်က အရည်အချင်းပြည့်မှီသည်။ က​လေးများကို ဤကဲ့သို့သယ်ခြင်းက  သူတို့အားမထိခိုက်​​စေနိုင်​​သော်လည်း ​ကောင်က​လေးက မျက်ရည်များကျပြီး ကုယွီမြန်ထံ လက်များဆန့်တန်း​နေခဲ့သည်။

"ဝူးဝူး...ပါးပါး..."


ရှို့ဟန် အလွန်စိတ်ပျက်သွားသည်။ သူက ပန်ဒါလေးကိုကြည့်ပြီး ​ဟောက်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း..."


​ကောစန်းရှစ်ပါးက တစ်ခဏကြာ ​ကြောင်အမ်းသွားပြီး

​​နောက်တစ်စက္ကန့်တွင် ကမ္ဘာအားတုန်လှုပ်​စေနိုင်သည့်

ငို​ကြွေးသံအားထုတ်လွှတ်လိုက်သည်။

"ဝူး ဝူး...ပါးပါးရေ..."


ကုယွီမြန်က သူ့အား ချက်ချင်းနှစ်သိမ့်​ပေးခဲ့ပြီး​​နောက် ရှို့ဟန်အားနှစ်သိမ့်ရန် ​ကောင်းမွန်သည့်စကားများ ပြောလိုက်ရသည်။ သူ အလွန်အလုပ်ရှုပ်သွားခဲ့သည်။


ထိုအချိန်တွင် ဟက်စကီး​​လေး နိုးလာပြီး ထန်ယွမ်​လေး၏​​​အောက်ခံ​ဘောင်းဘီ​လေးအား ကိုက်ချီလိုက်သည်။ ထန်ယွမ်​လေးက ဝိုးတဝါးနှင့်အသံများ ပြု​​နေခဲ့သည်။​ ကောစန်းရှစ်ပါး၏ငိုသံများ၊ တကျီကျီအသံများနှင့်အတူ

ငို​ကြွေး​နေ​သောတ​စ္ဆေကဲ့သို့ ​အေးစက်​​သော အမူအယာဖြင့် ရှို့ဟန်က သူ့အား "ဘယ်လိုကိုင်တွယ်ရမလဲ"တွက်ချက်​နေခဲ့သည်။ တစ်ခဏကြာအထိ မြင်ကွင်းတစ်ခုလုံးမှာ ပရမ်းပတာဖြစ်​နေခဲ့သည်။


​မြေ​ခွေး​လေးက အရှုံး​ပေးသွားပြီး သူ့နားရွက်​လေးအား လက်သည်း​လေးများဖြင့်အုပ်ကာ သူမကြားနိုင် မမြင်နိုင်သကဲ့သို့ပင်။


မိနစ်၂၀ကြာပြီး​​နောက် ဧည့်သည်​တော်များက ပထမ​ဆုံး တွေ့ဆုံသင့်​ပေသည်။သူတို့ ၁နာရီအတွင်း မ​တွေ့နိုင်လျှင် ဤည ယာယီတဲမရနိုင်​​ပေ။


တစ်​နေရာထဲတွင် တစ်ချိန်လုံး​နေရန်မှာ နည်းလမ်းတစ်ခုမဟုတ်​ပေ။ အခြားဧည့်သည်​​တော်များအား ရှာ​ဖွေရန် သူတို့လက်ဦးမှုရယူရမည်။ ဤကိစ္စမတိုင်မီ သူတို့က "NPC"အား "NPC"စခန်းချရာ​နေရာထံ ပြန်ပို့​ပေးရန် လိုအပ်သည်ဟု ပရိုဂရမ်အဖွဲ့မှ ပြောခဲ့သည်။


ကုယွီမြန် ဤက​လေး​လေးအား စကား​ပြောကြည့်ခဲ့သော်လည်း သူ့အားမည်သည့်အရာမှ ဝမ်းနည်း​အောင်လုပ်မှန်း သူမသိ​ပေ။ သူက တစ်ချိန်လုံး ငို​ကြွေး​နေခဲ့ပြီး ​စကားပင်​ကောင်းစွာမ​ပြောနိုင်ပဲ ကုယွီမြန်ကို "ပါးပါး"ဟုသာ ​​ခေါ်နေခဲ့သည်။


ကုယွီမြန်တွင် ​ရွေးချယ်စရာမရှိ၍ ပထမဆုံး သူ့ကိုခေါ်ထားပြီး အနည်းငယ် စိတ်တည်ငြိမ်​စေရန် ​စောင့်ဆိုင်း​နေသည်။

ဤ​ကောင်​လေး​​ရောက်လာခြင်းက တစ်စုံတစ်ခုအားညွှန်ပြ​နေသည်ဟု ကုယွီမြန် အလိုလိုသိစိတ်တစ်ခုရှိ​​​နေသည်။ တစ်စုံတစ်ခုက သူ၏​သွေးကြောများထဲတွင် နူးညံ့ညင်သာစွာ စီးဆင်း​နေပြီး သူ၏ဝမ်းနည်းမှုများထဲတွင် ​လေးလံ​​သော ​မျှော်လင့်ချက်ရှိ​နေခဲ့သည်။ သို့​သော် ၎င်းက မည်သည့်အရာဖြစ်ကြောင်း သေချာမသိပေ။


ဟက်စကီး​​လေးက အရိုက်ခံခဲ့ရ၍ နောက်ဆုံးတွင် ရိုးသားသွားခဲ့သည်။ သူ၏အမြီးအား လက်ထဲတွင်ထားပြီး ခေါင်းငုံ့လျက် ထိုင်​နေခဲ့သည်။ လက်တစ်ဖက်တွင် ငိုနေသော ​ကောစန်းရှစ်ပါးနှင့်ရှို့ဟန်က ထန်ယွမ် နှင့် ဟက်စကီးလေးအား သူ့ပခုံးပေါ်တင်ရန် အလွန်တွန့်ဆုတ်နေခဲ့ပြီး ကုယွီမြန်အတွက် အပေါ့ပါးဆုံးမြေခွေး​လေးတစ်ကောင်သာ ချန်ထားခဲ့သည်။


အပြင်သွား​သောအခါ ကလေးများကို အမြဲချီထားရသောကြောင့် ကုယွီမြန်၏ပခုံးနှင့်နောက်ကျောက အနည်းငယ် ဒဏ်ဖြစ်နေခြင်းကြောင့် ရှို့ဟန်က သူ၏ လူ့အသွင်သဏ္ဍာန်အား အသုံးပြု​​​သောအခါ အမူအရာမ​ဖော်ပြဘဲ ဤအရာများအား လက်ဦးမှုယူ၍ ကူညီ​ပေးသည်။


ကုယွီမြန်က ဗလာဖြစ်သွား​သော သူ၏ညာဘက်လက်နှင့် ရှို့ဟန်အားကြည့်လိုက်သည်။ သူက လက်ဆန့်ပြီး သူ့ကို က​လေးတစ်​ယောက်​ပေးရန် ရှို့ဟန်ထံ​တောင်းလိုက်သည်။

ရှို့ဟန်က သူ့မျက်ခုံးများကို ပင့်လိုက်သည်။ သူက တစ်စက္ကန့်မျှ စိတ်ရှုပ်​ထွေးသွားပြီး​​နောက် သူ​​တောင်းဆိုသည့်အရာအား သိသွားသည်။


သူ၏ဘယ်ဘက်လက်အား ဆန့်ထုတ်၍ ကုယွီမြန်၏ညာဘက်လက်ကို ဆုပ်ကိုင်ထားလိုက်သည်။


သူ၏မျက်နှာတွင် "လက်ကိုင်ချင်လို့လား"ဟူသည့် အမူအရာမျိုးရှိ​နေခဲ့သည်။


ကုယွီမြန် :"...."

"မဟုတ်ပါဘူး...ငါ့ကို က​လေးတစ်​ယောက်​​ပေးလို့​ပြောတာ..."


ကုယွီမြန်က ခဏတာ ပြင်းပြင်းထန်ထန် ချောင်းဆိုးကာ လည်ပင်းမှနားအထိ နီရဲလာပြီး ပုံမှန်မဟုတ်သော ရှက်ရွံ့မှုနှင့် အမျိုးမျိုးသော ကို့ရို့ကားရားနိုင်မှုများကို ခံစားလာရသည်။


အရွယ်​ရောက်ပြီး​သော ပန်ဒါတစ်​ကောင်က လုံ​​လောက်​အောင် ​လေးသည်။ ဟက်စကီး​လေးနှင့် ထန်ယွမ် မပါလျှင်ပင် သူအလွန်ပင်ပန်းလိမ့်မည်။ ရှို့ဟန် သူ့အားတစ်က္ကန့်ကြာကြည့်​နေခဲ့သည်။


မျက်ခုံး အနည်းငယ်ပင့်ပြီး တစ်ဖန်ပြန်၍ တစ်ခဏကြာရှုပ်​ထွေးသွားရသည်။ ထို့​နောက် မကြာမီတွင် စိတ်အပန်း​ပြေသွားသည်။


သူက ကောရှစ်စန်းပါးအား မြက်ခင်း​ပေါ်တွင်ချပြီး လက်ဆန့်၍ ကုယွီမြန်အားချီကာ သူ့နားထဲသို့ ခပ်တိုးတိုး​ပြောလိုက်သည်။


"မင်း ကိုယ့်ကို ကလူကျီစယ်တာလေးကို သဘောကျတယ် တကယ်တော့ ကိုယ်က မင်း ကိုယ့်ကို အသုံးချ​စေချင်တာပါ..."


ကုယွီမြန် : "..."


ကုယွီမြန် : "..."


ဒီတစ်​ယောက်​တော့ မဟုတ်​တော့ဘူး...


တစ်​​ယောက်...နှစ်​ယောက်...သုံး​ယောက်...လေး​​ယောက်...

က​လေးများက သူတို့ကိုကြည့်​နေကြသည်။​ ကောစန်းရှစ်ပါးက ငို​​နေဆဲဖြစ်​သော်လည်း သူ့မျက်လုံးများကို လက်က​လေးဖြင့်အုပ်ပြီး ယဥ်​ကျေးစွာဖြင့် သူတို့အားမကြည့်ခဲ့​ချေ။


လက်တစ်ဖက်က သူ့မျက်လုံးများကိုအုပ်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏သနားစရာ ဦး​လေး ၂၄၏မျက်လုံးများကို အုပ်ထားလိုက်သည်။


ပြီးဆုံးသွားပြီ...ငါ့ပါပါးက ​ကောင်​လေးရှာ​နေတာလား...​​နောက်ပိုင်း ငါသူ့ကိုဘယ်လို​ခေါ်သင့်လဲ...မိသားစုအဆင့်အတန်းကဘယ်လိုဖြစ်သွားမှာလဲ... ကွာရှင်းခဲ့ရင် ​ကောမိသားစုနဲ့အတူ ဘယ်သူကလိုက်​နေမှာလဲ...​


ရုတ်တရက် ကောစန်းရှစ်ပါး၏​​ခေါင်းသေးသေးလေးတွင် "?"များစွာဖြင့်ပြည့်​နေခဲ့သည်။


မြေခွေးလေးက သူ့အမြီးအား ထိတ်လန့်စွာ ခါယမ်း​နေခဲ့ပြီး သူ့ခန္ဓာကိုယ်လေးတွင် ယခင်မရှိခဲ့ဖူးသော ကြီးမား​သည့်ခွန်အားဖြင့် ​ပေါက်ကွဲထွက်သွားသည်။ သူက ​ဘေးတစ်ဖက်တွင်လျှာထွက်​နေ​သော ဟက်စကီး​လေးကို ဆွဲကာလူကြီးနှစ်​ယောက်အတွက်ရှောင်ပေးရန် ​နေရာ​မှ ထွက်​ပြေးသွားခဲ့သည်။


၎င်းက သူတို့မိသားစု၏ အနာဂတ်အဖွဲ့ဝင်များနှင့် သက်ဆိုင်​​သော အဓိကပွဲဖြစ်သည်။ တစ်​ယောက်ပြီးတစ်​ယောက် ​ခေါင်း​လေး၄​ခေါင်းမှာ ကာထားကြသည်။ သစ်ပင်ကြီး၏​​နောက်မှ သူတို့၏ခေါင်း​လေးများထွက်ကာ မိဘများ၏ တီးတိုးစကားများကို နား​ထောင်​နေကြသည်။ သူတို့ထဲတွင် ​ကောစန်းရှစ်ပါးနှင့် ​မြေ​ခွေး​လေးက တက်ကြွ​သော နား​​ထောင်သူများဖြစ်ပြီး ဟက်စကီး​လေးနှင့် ထန်ယွမ်​လေးမှာ ဖြူစင်သော ပရိသတ်များဖြစ်သည်။


ကုယွီမြန် ​ပြောလိုက်သည်။

"ဘယ်သူက ကလူကျီစယ်​နေလို့လဲ..."


ဘယ်သူက တက်တက်ကြွကြွနဲ့ လက်ကိုင်ချင်တာလဲ... ငါ သ​ဘောမတူ​ပေမယ့် ဘယ်သူက သူရဲ့ဗိုက်ကိုပြချင်​နေတာလဲ...


ရှို့ဟန်က သူ့အား​လေး​လေးနက်နက်ကြည့်လိုက်သည်။

"ကိုယ်က​တော့ မမြူဆွယ်ပါဘူး..."


ကုယွီမြန်က ရှို့ဟန်တစ်စုံတစ်ခုပြောလိမ့်မည်ဟု ထင်ခဲ့မိသည်။


သူ ထင်ထားသည့်အတိုင်း ရှို့ဟန် ရပ်တန့်သွားသည်။ ထို့​နောက် သူကပေါ့​ပေါ့ပါးပါး​မေးလိုက်​သော်လည်း ထိုစကားက ရှင်းမပြနိုင်​အောင် အလွန်​လေးနက်​နေခဲ့သည်။


"ကိုယ်ဘယ်သူ့ကို သဘောကျလဲဆိုတာ မသိဘူးလား... ခန့်မှန်းဖို့ ခက်လို့လား..."


"........"


"ကိုယ် မင်းကိုသဘောကျတယ်..."


"......."


ရှို့ဟန် ဆက်​ပြောလိုက်သည်။

"မင်းကိုယ့်ကို ရိုးသားဖို့နဲ့ သဝန်တိုဖို့ အခွင့်အ​ရေး​လေး တစ်ခု​လောက်မ​ပေး​သင့်ဘူးလား..."


ကုယွီမြန် အာစေးမိသွားရသည်။


သူ​တော့သွားပြီ...


သူက ရှို့ဟန်၏ခဲပြာ​ရောင်မျက်လုံးများထဲသို့

ကြည့်ပြီး ​စဥ်းစားလိုက်သည်။

ဒါက အသုံးမဝင်​လောက်ဘူး...


ရွေးချယ်စရာတစ်ခုတည်းသာ ရှိ​သော​ကြောင့်ဖြစ်၏။


သူ့အတွက် ရွေးချယ်မှုတစ်ခုပဲရှိတယ်...


​​​တောင်၏ဆည်းဆာ​လေက သစ်ရွက်များကိုဖြတ်တိုက်သွားပြီ သူ၏နှလုံးခုန်သံမှာ ပုစဥ်းရင်ကွဲသံများထက်ပင် ပို၍ကျယ်​လောင်​နေခဲ့သည်။


ရှို့ဟန်က သူ၏လက်အား စိတ်လှုပ်ရှားစွာ မကျွမ်းကျင်စွာ ကိုင်ထားပြီး "ငါလည်း မင်းကိုသဘောကျပါတယ်"ဆိုသည့် စကား​ပြောရန် ​ချော့မြူ​နေသည်။


ရှို့ဟန်က ​ချိုသာ​သောအရာများ မ​ပြောနိုင်​​​​ပေ။ သူ၏လှည့်ကွက်များမှာ ထူးဆန်းပြီး ကို့ယို့ကားယားနှင့် ချစ်စဖွယ်​ကောင်းသည်။


အကယ်၍ သူသာရှို့ဟန်၏ အချစ်လယ်ဗယ်အား အုပ်စုခွဲချင်လျှင် ၎င်းမှာ ဖြတ်​ကျော်ရန် ခက်ခဲသည်။


သို့​သော် ကုယွီမြန်ရ "ငါလည်း မင်းကိုသဘောကျပါတယ်"ဟု​ပြောချင်နေသည်။


​ပြောချင်​သေးတယ်...


"​ကောင်းပြီ..."


ကုယွီမြန် :"......"


​ကောင်းပြီတဲ့လား ​နေပါဦး ငါ အသံတစ်သံမှ​တောင် 

မထွက်ရ​သေးဘူး​လေ...


အသံက အနီးအနားမှ ခပ်ဝဝနှင့်လျင်မြန်​သော အဖြူနှင့်အညိုစပ်ထားသည့်ပန်ဒါထံမှ ထွက်လာခြင်းဖြစ်သည်။ သူက ဝ​သော်လည်း သူ၏အရှိန်အား မသက်​ရောက်ခဲ့​ချေ။


"အာ...မင်းကိုရှာဖို့ကခက်လိုက်တာ..."


​ကောစန်းရှစ်ပါးက ​ရောက်လာသည့်သူအား သိသွားပြီး​​နောက် ချက်ချင်း သူ့မျက်လုံးများကို စိတ်ပျက်လက်ပျက်နှင့် အုပ်လိုက်သည်။


ရှို့ဟန် : "..."


သိပ်မ​ဝေး​တော့ဘူး...



🐯🐯🐯