Chapter 143
Viewers 18k

🐯Chapter 143



"သူတို့က အဆင့်နိမ့်လူသားကိုကြိုက်ကြတယ်ပေါ့...

သူတို့ဦး​နှောက်က တစ်ခုခုမှား​နေတာလား... အဲဒီ စွမ်းရည်မနိုးထတဲ့အ​ကောင်​လေးက ချစ်ဖို့​ကောင်း​ပေမယ့် စွမ်းရည်မနိုးထတဲ့အ​ကောင်တစ်ကောင်ပဲ​လေ...အရမ်းရူးကြတာပဲ..."


၎င်းက သိသိသာသာပင် တန်းလင်းက လိုင်းတွင်စိတ်မရှည်စွာစောင့်ရင်း သူမဘာသာ​ပြော​နေခဲ့ခြင်းဖြစ်ပြီး လမ်းမ​၏​ ​စောင့်ကြည့်ကင်မရာတစ်ခုမှ ရိုက်ကူးမိထားခြင်းဖြစ်သည်။


​နောက်ထပ်ဆူညံ့မှုပြီး​​နောက် တန်းလင်းနှင့် ကုယွီမြန်ကြားမှ စကားဝိုင်းတစ်ခု​ပေါ်လာသည်။


"ဒီအတိုင်း စွမ်းရည်မနိုးထတဲ့အ​ကောင်​လေးပဲမဟုတ်ဖူးလား...ပြသာနာကဘာလဲ..."


"တင်ဆက်သူကု ...ရှင်ဘာလို့ အရမ်းတွန့်တိုရတာလဲ..."


"......"


အများပြည်သူနေရာများတွင် စောင့်ကြည့်ကင်မရာများ ဖွင့်ထားသော်လည်း စောင့်ကြည့်ကင်မာရာအားဝင်ရောက်ကြည့်ရှုရန် အလွန်ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းအား ဖြတ်သန်းရန်လိုအပ်သည်။ ကုယွီမြန်က ယမန်နေ့ညမှ ကလေးများ အိပ်ပျော်သွားပြီးနောက် လေးနာရီနီးပါးကြာ 

ရှာဖွေပြီး​ ရွေးထုတ်ထားသော ဗီဒီယိုဖြစ်ကာ တန်းလင်း၏ အချက်အလက်နှင့်ကိုက်ညီနေသည်။


၎င်းက ဖွင့်ထား​သော​ စောင့်ကြည့်ကင်မရာ ဗီဒီယိုတစ်ခုဖြစ်၍ အတုအပပြုလုပ်ရန် မဖြစ်နိုင်​ပေ။


တန်းလင်းအား ကူညီ၍​စကား​ပြောပေးသည့် မိန်းကလေးအချို့၏ မျက်နှာက လမ်းတစ်ဝက်မှာ ပြောင်းလဲသွားသည်။ များ​သောအားဖြင့် သူမက အလွန်နူးညံ့သိမ်မွေ့စွာ ဟန်ဆောင်လေ့ရှိပြီး ဖြစ်တည်မှုအားလုံးကတန်းတူညီမျှဟုပြောလေ့ရှိသည်။ ဗီဒီယိုထဲတွင်မူ ​နောက်ထပ် မျက်နှာတစ်ခုနှင့် ပါးစပ်တစ်ခုရှိ​နေသည်။ လူတိုင်းက အရူးများ မဟုတ်ကြ၍ ​တွေးကြည့်လျှင် ဖြစ်ပျက်​နေသည့်အရာများအား

သူတို့သိနိုင်သည်။


မူလက သူမ​ဘေးတွင်ဝန်းရံ​နေကြ​သော သူအားလုံးက ​ခြေရာလက်ရာမချန်ဘဲ အ​ဝေးသို့ဖယ်သွားကြသည်။


တန်းလင်း၏မျက်နှာမှာ ဖြူ​​ဖျော့သွားရသည်။


ဤ​ကောင်မ​လေးများက သူတို့၏​ကျောင်းတွင် 

လူသိများပြီး မကြာမီတွင် ​ကျောင်း၌သတင်းပျံ့နှံ့သွားလိမ့်မည်။

ဒါဆို သူမ...


ထို့ပြင် ​ကောင်မ​လေးများထဲမှ တစ်​ယောက်မှာ တက္ကသိုလ်ဌာနမှူး၏ သမီးဖြစ်သောကြောင့် တန်းလင်း၏ဘွဲ့ရရန်နှင့်ကျောင်းတွင်ဆက်​နေရန် အစီအစဉ်မှာ အခြေခံအားဖြင့် အချည်းနှီး ဖြစ်သွားသည်။ 


သူမ အပြင်းအထန်​တောင်းဆိုခဲ့သည်။


"VIPအဖွဲ့ဝင်တာကို ပြန်ရုတ်သိမ်းတယ်လို့ တစ်ခါမှမကြားဖူးဘူး... ရှင်တို့ နစ်နာကြေးအများကြီး ပေး​ရလိမ့်မယ်...ကျွန်မက အနိုင်ကျင့်တတ်တဲ့သူလည်း မဟုတ်ပါဘူး...ကျွန်မသာ ဒါကို မမီဒီယာတွေဆီ​ဖော်ထုတ်လိုက်ရင်..."


ဤအကြိမ်တွင် မည်သူမှ သူမအား ကူ၍မ​ပြော​ပေး​ချေ။


"မင်း​ ဖော်ထုတ်နိုင်ပါတယ်..."

တာဝန်ရှိသူမှာ ပြုံး၍ဆက်​ပြောခဲ့သည်။

"ကျွန်​တော်တို့ရဲ့​ဘောစ့်က မင်းကို​ပြောဖို့ မှာလိုက်ပါတယ်...သူ့မှာ ပိုက်ဆံပြတ်မ​နေပါဘူးတဲ့..."


တရားစွဲလျှင်လည်း အဆင်ပြေသလို မီဒီယာများ

သိသွားလျှင်လည်း အဆင်ပြေသည်။ ကုယွီမြန်က ထွမ်ထွမ်နှင့် သူတို့မိသားစု၏ အ​ရေးကိစ္စများနှင့် ကြုံ​တွေ့သောအခါ မည်သည့်အခါမှ အချိန်နှင့်ငွေ ပြတ်လပ်မ​နေခဲ့​ပေ။ အနာဂတ်တွင် ကုယွီမြန်နှင့်ပတ်သက်သည့်အရာအားလုံး ရသစုံရှိုးဖြစ်​စေ၊ တိုက်ရိုက်ထုတ်လွှင့်မှု သို့မဟုတ် စားသောက်ဆိုင် ဖြစ်စေ  နောင်တွင်တည်​ထောင်ရန်စီစဉ်ထားသည့် ဝန်ဆောင်မှုပလက်ဖောင်းအပါအဝင် နီးကပ်​​သောအနာဂတ်မှ ကြယ်တာရာ​ခေတ်တစ်ခုလုံး၏ ခေတ်​ရေစီး​ကြောင်းအား သိမ်းပိုက်လိမ့်မည်ဖြစ်သည်။


တန်းလင်းက ၎င်းတို့၏အစွန်အဖျားကိုပင် ထိနိုင်လိမ့်မည်မဟုတ်​ချေ။


ထို့​​နောက် သူမက လုပ်ငန်းဆယ့်ကိုးခုတွင် အင်တာဗျူး​ဖြေခဲ့ပြီး ငြင်းပယ်စာဆယ့်ကိုး​​စောင် ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူမ အထက်တန်းလွှာ​နယ်​​မြေအားဝင်​ရောက်ရန် ကန့်သတ်ခံရပြီး ​တော်ဝန်မိသားစု၏ အမည်ပျက်စာရင်းတွင် ပါသွားသည်။ ရှို့ဟန်၏ကိုယ်ပိုင်ကြယ်နှင့် ပိုင်ဆိုင်မှုများ...အစရှိသဖြင့်တို့တွင် အမည်ပျက်စာရင်းသွင်းခံရသည်။ ၎င်းက ​နောက်ပိုင်းတွင်ဖြစ်မည့်အရာများဖြစ်၏။


အနှစ်သုံးဆယ်ကျော် လူမျိုးရေး ခွဲခြားခံရပြီး​နောက်တွင် လူအချို့က အမြင့်အားဖမ်းဆုပ်၍ အနိမ့်အား နင်းလေ့ရှိကြသည်။ တန်းလင်းက ​နောက်ဆုံးတွင် ခွဲခြားဆက်ဆံခံရသည့် ခံစားချက်အား နားလည်သွားခဲ့သည်။


-----


နံနက်၈နာရီတွင် သူတို့က ထုပ်ပိုးပြင်ဆင်၍ မနက်စာစားပြီး က​လေးများ၏ပုံပန်းသွင်ပြင်အား ​သေသပ်​အောင်ကူညီ​ပေးပြီး​​နောက်  က​လေးများ၏လက်ပတ်ကွန်ပျူတာများအား ယူလိုက်သည်။


ဟက်စကီး​လေးက သူ၏ ခေါင်းနှင့်ရင်ဘတ်အား ရဲရဲဝင့်ဝင့် ပင့်ထားပြီး မြေခွေးလေးက သူ့နောက်ကျောအား မတ်ထားလိုက်သည်။  သူက ကုယွီမြန်၏ပခုံးပေါ်တွင် ထိုင်နေသော နှင်းကျားသစ်လေးနှင့်အတူ တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ လက်တွန်းလှည်း​ပေါ်ရှိ ထန်ယွမ်​လေးမှာ စိတ်လှုပ်ရှား​နေပြီး စူးစမ်းရှာဖွေနေသည်။


ကုယွီမြန် တံခါးဖွင့်လိုက်သည်နှင့် ​တောက်ပ​သော ​နေ​ရောင်နှင့် မြို့​တော်ကြယ်၏အပြာ​​ရောင်​ကောင်းကင်အား  မြင်လိုက်ရသည်။

"​ကောင်းပြီ...သွားကြစို့..."


ကုယွီမြန် ပြုံး၍ကင်မရာအား လက်ယမ်းပြလိုက်သည်။

"​ရှေး​ဟောင်းကမ္ဘာကို သွားကြစို့..."


ရှိုး၏ကင်မရာအား ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာမှ လုပ်ဆောင်နေစဥ်တွင် ကုယွီမြန်နှင့်က​လေးများက ​လေ​ပေါ်ဝဲထိုင်ခုံပေါ်တက်ပြီး  ထွက်ခွာသွားသည်။ တံခါးခေါက်သံနှင့်အတူ ကင်မရာတစ်ခုလုံးက အဝေးသို့ဆွဲသွားပြီး ကောင်းကင်ထံပျံတက်သွားခဲ့သည်။


[tfs:အား...​ကောင်းမွန်တဲ့ခရီးတစ်ခုဖြစ်ပါ​စေ...]

 

[မစ်ကီ​မောက်စ်:ငါခရီးသွားရ​​တော့မလို ခံစားရတယ်... ဟားဟားဟား...]


[ကင်းမွန်​လေး ကျွီ: ဒုတိယဧည့်သည်​တော်အတွက်

 á€…ိတ်ဖဟတ်​တ္ဏက်ရ​တ္ဏအမယ်ဆို​ပ္မယ်အ အာ...ဒီလူသားနဲ့အ​ကောင်​ပေါက်​လေး​တွေ မိသားစုရဲ့အချိန်ကို ဆွဲဆန့်လို့မရနိုင်ဘူးလား...မလုံ​လောက်ဘူးလို့ QAQ...]


"......"


ရှိုးပွဲစတင်ပြီးနောက် ဧည့်သည်များက ၎င်းတို့၏လက်ပတ်ကွန်ပြူတာနှင့် စတားကွန်ရက်အား အသုံးမပြုနိုင်​ပေ။ ထို့​ကြောင့် ကုယွီမြန်က အခြားဧည့်သည်များ၏အခြေအနေကို ကြို၍မသိနိုင်​​ချေ။ ထို့ပြင် အွန်လိုင်းရသစုံရှိုး၏ ​ကျော်ကြားမှုတိုးတက်လာ​နေသည့်အ​ကြောင်းလည်း

သူ မသိနိုင်ချေ။


အဆုံးတွင် အာကာသခရီးမှာ အလွန်ပင်ပန်းလှသည်။ ကြယ်သင်္ဘောဖြင့် မြို့​တော်ကြယ်မှ ​ရှေး​​ဟောင်းကမ္ဘာသို့သွားရန် နေ့တစ်ဝက်ကြာပြီး ကြယ်သင်္ဘောထဲတွင် နားနေခန်း၁ခန်းလည်း ရှိသည်။ ကုယွီမြန်က က​လေးများကို ပါဝင်ရန် ခေါ်​ဆောင်ပြီး ပရိုဂရမ်အဖွဲ့၏အကြောင်းကြားစာအား စောင့်နေကြသည်။


အဆုံးတွင် ယမန်​နေ့ညက သူသည်​နောက်ကျသည်အထိ​နေခဲ့ရ၍ အနည်းငယ်ပင်ပန်းခဲ့​နေသည်။


သူတစ်ခဏမျှ အိပ်ချင်သည်။ ရလဒ်အ​နေဖြင့် ဘေးသို့​​စောင်းသွားပြီးနောက် ပွေ့ဖက်ခံလိုက်ရသည်။


ရှို့ဟန်လား...

ကုယွီမြန် အလွန်အိပ်ငိုက်​နေခဲ့သည်။ ​အေးစက်ပြီး သက်​သောင့်​သက်သာရှိ​သော ထင်းရှူးနံ့ထဲတွင် သတိမဲ့စွာဖြင့် နာရီများစွာ အိပ်​ပျော်သွားခဲ့သည်။


အစပိုင်းတွင် ထန်ယွမ်လေးနှင့်ဟက်စကီး​လေးက စိတ်လှုပ်ရှားနေခဲ့ကြသည်။ ကုယွီမြန်အိပ်ပျော်နေသည်အား မြင်​သောအခါ သူတို့လည်း အိပ်ငိုက်သကဲ့သို့ ခံစားရသည်။အဆုံးတွင် ကုယွီမြန်က ကြယ်သင်္ဘောအခန်းငယ်အတွင်းရှိ ကုတင်​လေးပေါ်တွင် လဲလျောင်းနေပြီး၊ ​ကောင်းကင်ထံ ဗိုက်က​လေးများ​​​ပင့်ထား​​သော အ​ကောင်​ပေါက်နှစ်ကောင်အားဖက်ထားရင်း သူ၏အမြီးကြီးအား​ကွေးထား​သော 

​မြေ​ခွေး​လေးဖြင့် ဝန်းရံထားသည်။


ရှို့ဟန်က သူတို့အား အချိန်အ​တန်ကြာ ငုံ့ကြည့်​နေခဲ့သည်။ အဆုံးတွင် သူ့မျက်လုံးအားမှိတ်ကာ ကုယွီမြန်၏ကို နောက်​ကျောဘက်မှ​ပွေ့ဖက်ထားရင်း ကုယွီမြန်၏လည်ပင်းတွင် သူ့ကိုယ်သူနှစ်မြှုပ်ထားပြီး ပုံမှန်ထပ်အနည်းငယ်ပို၍ အသက်ရှု​နေခဲ့သည်။


"......"


အခြားတစ်ဖက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထ ဧည့်သည်​​တော်များ တစ်​ယောက်ပြီးတစ်​ယောက် ​ပေါ်ထွက်လာခဲ့သည်။


ကုယွီမြန်ကို အချိန်တိုအတွင် မမြင်နိုင်​​သော​ကြောင့် ကြည့်ရှုသူများမှာ အနည်းငယ် ဆုံးရှူံးသလို ခံစားသွားပြီး​နောက် အံ့အားသင့်စရာတစ်ခုဖြစ်ခဲ့သည်။


ကြည့်ရှုသူများ၏ အံ့အားသင့်မှုနှင့်ကွဲပြားစွာ ​ကောရှစ်စန်းက အလွန်စိုးရိမ်ပူပန်​နေသည်။ ​ကောရှစ်အာသည်လည်း အလွန်စိုးရိမ်ပူကန်​နေခဲ့သည်။


ဒယ်အိုး ၁၀၊ ဒယ်အိုး၁၄နှင့် ဒယ်အိုး ၁၅ တို့အားလုံးသည်လည်း စိုးရိမ်ပူပန်​နေခဲ့ကြသည်။ ၎င်းက အမှန်တွင် ရသစုံရှိုး​ကြောင့်မဟုတ်​ပေ။ ဤတစ်ကြိမ် ဧည့်သည်​တော်များမှာ 

 á€€á€ąá€Źá€›á€žá€…်ဥဏ၊ ကောရှစ်စန်းနှင့် ၁၆​ယောက်​မြောက် ​ကော

၃​ယောက်လုံးဖြစ်သည်။ အခြားပန်ဒါများမှာ NPCများအဖြစ်ရှိပြီး ​ရှေး​ဟောင်းကမ္ဘာသို့ လွန်ခဲ့သည့် ၂ရက်ကတည်း​ရောက်ရှိ​နေပြီးဖြစ်သည်။


ဧည့်သည်​တော်များက ကုယွီမြန်အား ပထမဆုံးအကြိမ် မြင်နိုင်ခြင်းဖြစ်သည်။​​ ကောအိမ်တော်တွင် ပြင်းထန်​သောယှဥ်ပြိုင်ပွဲတစ်ခု ဖြစ်ပွားခဲ့​သေးသည်။ အ​ကြောင်းပြချက်မှာ ကောရှစ်အာနှင့် ၁၆​ယောက်​မြောက်ကော ကြောင့် ဖြစ်သည်။ ဤပန်ဒါ၃​ကောင်က ဧည့်သည်အဖြစ် ပါဝင်လာနိုင်ခြင်းမှာ မာ​ကျောက် ကစားနိုင်ခြင်း​ကြောင့်မှ တစ်ပါး အခြားအ​ကြောင်းပြချက်မရှိနိုင်​ပေ။


​ကောမိသားစုတွင် အ​ရေးကြီးသည့်အရာများ ဆုံးဖြတ်ရာတွင် ဤနည်းလမ်းအားအသုံးပြု​လေ့ရှိသည်။ မာ​ကျောက်တွင် ​ကောင်းမွန်စွာကစားနိုင်သည့် မည်သူမဆို အခွင့်အ​ရေးရရှိလိမ့်မည်။ ၎င်းက စီ​ချောင်းမာ​ကျောက်၏​သွေးထွက်သံယိုတိုက်ပွဲ ဖြစ်သည်။ ကုယွီမြန်က ဒယ်အိုးကြီးကို သူ့ကိုယ်ပိုင်က​လေးကဲ့သို့ ပျိုး​ထောင်​ပေးခဲ့ပြီး  သူနှင့်မကြာခဏ စကားစမြည်ပြော​လေ့ရှိသည်။

သူ​ကောလိပ်တက်​နေစဥ်တွင် သူ၏အခန်း​ဖော်များနှင့်မာ​ကျောက်ကစားခြင်းက ဘယ်သောအခါမှ 

ပြသာနာတစ်ခုမဟုတ်ခဲ့​ပေ။ ထို့​ကြောင့် ၎င်းက ပန်ဒါ

မျိုးရိုးစဥ်ဆက်တစ်​လျှောက်လုံး ဆင်းသက်လာခဲ့သည်။


ယခုအခိုက်အတန့်တွင် မာ​ကျောက်ကစားပွဲကြောင့် ကောရှစ်အာ၊ ကောရှစ်စန်းနှင့် ၁၆​ယောက်​မြောက် ကော က

ကြယ်သင်္ဘော​ပေါ်တွင်ထိုင်​နေပြီး သူတို့၏နားရွက်နှင့်ဗိုက်အား  စိုးရိမ်တကြီးနှင့် ကုတ်​နေခဲ့ကြသည်။


​ခွေးပရိုဂရမ်အဖွဲ့က သူတို့၏ခရီးစဥ်အတွင်း ကုယွီမြန်နှင့်

​တွေ့ဆုံခွင့်မ​ပေပေးခဲ၍ ရှေး​ဟောင်းကမ္ဘာထိ​ရောက်​အောင် ​စောင့်ရမည့်ပုံ​ပေါ်သည်။


ခပ်​ဖောင်း​ဖောင်း လက်ဖဝါး​လေးဖြင့် မှန်အ​သေး​လေးတစ်ခုအား ကိုင်ထား​သော ၁၆​ယောက်​မြောက် ​ကောမှာ သူ၏အ​မွေးများအား ပွတ်သပ်​နေခဲ့သည်။


"ငါ့အ​မွေးတွေ ရှုပ်​နေတုန်းလား..."


"မင်းမှာ အမွေးနည်းနည်း​ပဲရှိ​တယ်..."

​ကောရှစ်အာက ကြင်နာစွာဖြင့် သူတို့၏အမိ​မြေ​ဒေသိယစကားဖြင့် အသိ​ပေးလိုက်သည်။

"အ​မွေးတွေကျွတ်သွားတဲ့အထိ ဆောင့်ဆွဲလိုက်..."


၁၆​ယောက်​မြောက် ကော : "..."


လက်ဖက်ရည်ခွက်က​လေးနှင့် ​ကောရှစ်စန်းက ရယ်​နေခဲ့ပြီး ၁၆​ယောက်​မြောက်ကော၏မျက်နှာမှာ စိမ်းသွားကာ မှန်အားပိတ်လိုက်သည်။


အကယ်၍ သူသာ ဘိုး​ဘေးအား အ​မွေး​ပြောင်​​ပြောင်နှင့် ​တွေ့ခဲ့မည်ဆိုလျှင် သူက ကျော်သွားကြားပြီး နောင်နှစ်ထောင်ပေါင်းများစွာအထိ ရယ်စရာ ဖြစ်လာလိမ့်မည်။ သရုပ်ဆောင်နှင့် ကိုယ်ခံပညာကြယ်ပွင့်များဖြစ်သော ကောရှစ်အာနှင့် ​ကောရှစ်စန်းက ကင်မရာမှန်ဘီလူးများနှင့် ကြာရှည်စွာ ရင်းနှီးမှုရှိခဲ့ပြီး  အီလက်ထရွန်နစ်ပြိုင်ပွဲ ချန်ပီယံဖြစ်​သော ၁၆​ယောက်​မြောက်ကောက ထုတ်​ပြောစရာမလို​အောင်ပင် ဓါတ်ပုံအရိုက်ခံရခြင်းနှင့်ပတ်သတ်ပြီး 

အ​တွေ့အကြုံမရှိ​​ပေ။ အဓိကမှာ ကုယွီမြန်အား မြင်ရခြင်း၏ စိုးရိမ်ပူပန်မှုပင်။


ပန်ဒါ၃​ကောင်မှာ ကြယ်ကွန်ရက်ပေါ်တွင် သူတို့ဖန်တီးခဲ့သည့် အရာအားမသိ​ချေ။ ၎င်းက ​မြေငလျင်နှင့်ဆူနာမီထက် ပို၍ပြင်းထန်သည်။


[ရုပ်ပုံ : အား ဘာလဲ အားးးး....]


[မုဂျီ: ဘယ်လိုတောင်လဲ… ဒါက ဒဏ္ဍာရီလာရှိုးတစ်ခုလား...]


[ယီရှူ့လီဟွား : တစ်စိတ်​လောက် ငါအိပ်မက်မက်​နေတာလား.. .မ​နေ့က ​​​ကျောင်းသုံးစာအုပ်ထဲမှာ သမိုင်းဝင် ဂီတအနုပညာရှင် ​ကောရှစ်အာကိုမြင်ခဲ့ပြီး ဒီ​နေ့ သူ့ကိုရသစုံရှိုးမှာ ပြန်မြင်​နေရတယ်ပေါ့...]


[အသုံးပြုသူ 1240349: ဝှက်သယ်ဖတ်..ငါ့အ​ဖေက စိတ်လှုပ်ရှားလွန်းလို့ ဂျိုင်း​ထောက်ကိုလွှတ်ချပြီး စားပွဲခုံကိုချိုးလိုက်တယ်...ဒါက ​ကောရှစ်စန်းလား... အကန့်အသတ်မရှိတဲဲ့ထိုက်ကျီကို ရိုက်ကူးခဲ့တဲ့လောင်ရှီး... ​ကျော်ကြာတဲ့ဟီးရိုးကြီးလား...]


[အသုံးပြုသူ 127564:အားအားအား...၁၆​ယောက်​မြောက် ကောလည်းပါတယ် နတ်ဆိုးအရှင်... ဆရာကြီး​တွေက ဘယ်​တော့မှမအိုမင်းဘူး...ဂုဏ်ကျက်သ​ရေက ဘယ်​တော့မှ မဖျက်စီးခံရဘူး...]

 

[ဟားဟားဟား : သူတို့ရဲ့စကားပိုင်းကို အာရုံစိုက်​နေ

ပြီး ရယ်စရာ​ကောင်းတယ်လို့​နေတာက ငါတစ်​ယောက်တည်းလား...]


မှတ်ချက်မျက်နှာပြင်တစ်ခုလုံး ပြိုကွဲလုနီးပါးပင်။


ကြည့်ရှုသူများ၏ တုံ့ပြန်မှုအား အချိန်အတော်ကြာကတည်းက ခန့်မှန်းထားခဲ့​သော်လည်း ဒါရိုက်တာက အကူအညီမဲ့သကဲ့သို့ ခံစားနေရဆဲပင်။ မူလက ကုယွီမြန်တစ်ယောက်တည်းနှင့်ပင် အလွန်ကြောက်စရာကောင်း​နေပြီးဖြစ်​သော်လည်း ထိုသုံး​ယောက်အား​ပေါင်းလိုက်​​သောအခါ ယခုမှတ်ချက်မျက်နှာပြင်၏အာရုံစိုက်မှုမှာ

လုံးဝပင် "မသေမျိုးဧည့်သည်​တော်များပေါင်းစပ်မှု"နှင့် "ဝှက်သယ်ဖတ်" တို့သာဖြစ်ပြီး ရှိုးပွဲ၏အ​ရေးကြီးသည့်ဖြစ်ရပ်ကို မေ့သွားကြသည်။


ထို့ပြင် နယ်ပယ်တစ်ခုစီကို လှုတ်ခါနိုင်စေခဲ့သော ဤအ​ကောင်ကြီးကြီးအုပ်စုဖြင့် ​နောက်၇ရက်မှာ ​ပျော်ရွှင်ဖွယ်​ကောင်းပေလိမ့်မည်။


"....."


-----


ကုယွီမြန်နှင့် က​လေးများက ကြယ်သင်္ဘော မြို့​တော်ကြယ်မှထွက်ခွာပြီး  ရှေးဟောင်းကမ္ဘာပေါ် ဆင်းသက်သည်အထိ နှစ်နာရီကြာ အိပ်စက်ခဲ့ကြသည်။ ထိုအချိန်တွင် ရှေး​ဟောင်းကမ္ဘာသို့ ကြိုရောက်​နေသည့် ဧည့်သည်​တော်နှစ်ဦးနှင့် တွေ့ဆုံပြီးခဲ့သည်။ ညနေပိုင်းတွင် ညစာနှင့်ယာယီတဲများကိုစတင် ရှာဖွေ​လျက်ရှိပြီး အခြားဧည့်သည်​တော်များလည်း ဆက်လက်၍ရောက်ရှိလာသည်။


အချိန်တိုင်း ကင်မရာက ကုယွီမြန်​ဘေးသို့လှည့်သွားပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ သက်​သောင့်သက်သာရှိ​သော​လေထုမှာ အခြားဧည့်သည်​တော်များနှင့် လုံးဝကွဲပြားသည်။


ပရိုဂရမ်အုပ်စုက  "မြန်မြန်" ၊ "ရှိုးမှာ ပူး​ပေါင်းပါဝင်တာလား...  ရှေး​ဟောင်းကမ္ဘာဘဝလား... မဟုတ်ဘူး 

ငါတို့ကဒီကို အိပ်ဖို့​​ရောက်လာကြတာ"၊  "ငါတို့က ကုနဲ့က​လေး​တွေ အိပ်​နေတဲ့မျက်နှာ​လေး​တွေကိုတိုက်ရိုက် 

ရိုက်ကူး​ပေးမယ်... ပြီး​တော့ငါတို့နိုးလာတဲ့အခါ ကုယွီမြန်ရဲ့ အိပ်ချင်မူးတူးမျက်နှာ​လေးနဲ့  အလုပ်ရှုပ်​နေတာကို ​မျှော်လင့်နိုင်တယ်"စသည့်ဖြင့် ဤကဲ့သို့ အမျိုးမျိုး​သော labelများဖြင့် အလွန်ဆိုးဝါးလှသည်။


၎င်းက ကြည့်ရှုသူများအား ထပ်ခါထပ်ခါ ရယ်မိ​စေသည်။


ရသစုံရှိုး၏ အဓိကအကြောင်းအရာမှာ စစ်မှန်မှုဖြစ်သောကြောင့် ကုယွီမြန်နှင့်အ​ကောင်ပေါက်များက အမှန်တကယ် ရှစ်နာရီကြာအောင် အိပ်စက်နိုင်သည်။ ထို့ပြင် ကြည့်ရှုသူအရေအတွက်နှင့် မှတ်ချက်မျက်နှာပြင်အရေအတွက်၏ တုံ့ပြန်ချက်များ​ကြောင့် ကုယွီမြန် အိပ်နေသည်အား မြင်တွေ့ရရန်မှာ အမှန်တကယ် စိတ်ဝင်စားစရာကောင်းလှသည်။


"......"


အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ကုယွီမြန်က တစ်စုံ​တစ်​ယောက်စကား​ပြော​နေသည်အား ကြားလိုက်ရသည်။


"နိုးပြီလား..."


"အိပ်​နေတာကို ဘာလို့​အော်​နေတာလဲ..."


"ငါ မဟုတ်ဘူး...မှတ်ချက်မျက်နှာပြင်ကအော်​နေတာ... သူတို့မိသားစုက အိပ်ငိုက်​ပြီး အရမ်းချစ်စရာ​ကောင်း​နေလို့တဲ့... ကြည့်ရှုသူတွေလည်း တိုးလာတယ်...

တကယ်လို့ ပရိုဂရမ်အဖွဲ့သာ တွန်းအား​ပေးနှိုးမယ်ဆိုရင် သူတို့​သေချာ​ပေါက် ​သေတဲ့အထိ အ​​​အော်ခံရမှာပဲ..."


"ကိစ္စမရှိပါဘူး အရင် လွှတ်လိုက်.."


ည​နေ ၆နာရီတွင် ​ရှေး​ဟောင်းကမ္ဘာက နွေရာသီအလယ်တွင်ရှိ​နေပြီး ပုစဉ်းရင်ကွဲများမှာ ကြာရှည်စွာ မြည်ဟီး​နေသည်။ ည​နေခင်း တောင်တန်းများတွင် ရွှေနီရောင် နေဝင်ဆည်းဆာက သစ်ရွက်များ၏အ​ပေါက်များကြားမှ 

ဖြတ်သွားကာ အရိပ်ထင်ကျန်​စေသည်။


ကုယွီမြန် သူ့မျက်လုံးများကိုဖွင့်လိုက်သည်။


ရသစုံရှိုးပွဲလား...


​ရှေး​ဟောင်းကမ္ဘာ...


ဧည့်သည်​တော်​တွေ...



🐯🐯🐯