🐯Chapter 147
မိုးသည်းသောညတွင် ပန်ဒါလေးတစ်ကောင်မှာ နာကျင်မှုများ၊ မယုံကြည်နိုင်မှုများနှင့် ကမ္ဘာတစ်ခုလုံးအတွက် မုန်းတီးမှုများဖြင့် ပြည့်နေခဲ့သည်။ ကုယွီမြန်နှင့်တွေ့ပြီးနောက် မိသားစုဝင်များနှင့် သားသမီးများရှိလာပြီး ကုယွီမြန် ပျိုးထောင်ပေးခဲ့သော သူတို့ကိုယ်တိုင်နှင့် ကမ္ဘာကြီး အားတဖြည်းဖြည်း ချစ်ကျွမ်းဝင်လာခဲ့သည်။
၎င်းက ရှည်ကြာသော ပျော်ရွှင်စရာဘဝတစ်ခုဖြစ်ခဲ့သည်။
"အို့..ဟုတ်သားပဲ..."
ကောရှစ်အာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
ကောရှစ်စန်းက လက်ပတ်ကွန်ပျူတာကို မသုံးတတ်သောကြောင့် ခုနစ်ယောက်မြောက်ကောက သူတို့မသွားမီကမှ ပေးထားခဲ့ခြင်းဖြစ်ပြီး ကောရှစ်စန်းက သိမ်းထားခဲ့သည်။ သူ၏ ခပ်တုတ်တုတ်လက်ကလေးများက လက်ပတ်ကွန်ပျူတာပေါ်တွင် အကြိမ်များစွာ ဖိလိုက်သည်။ တစ်ခဏကြာပြီးနောက် ရုပ်ပုံဗီဒီယို ပေါ်လာခဲ့သည်။
"ဟဲလို...ဟဲလို...ကျွန်တော်ပြောတာ ကြားရလား..."
ခပ်ဝဝပန်ဒါဝက်ဝံကြီးက လေထဲတွင်ပေါ်လာပြီး ကြမ်းပြင်ပေါ်တွင်ထိုင်ကာ သူ့လက်သည်းများကို ဆန့်၍ ခေါင်းကုတ်နေခဲ့သည်။ သူက အဖြူနှင့်အမဲအစင်းများဖြင့် ဆေးရုံဝတ်စုံကိုဝတ်ဆင်ထားပြီး နားရွက်တစ်ဖက်မှာ ပျောက်ဆုံးနေသည်။ ၎င်းမှာ ယခင်က မုဆိုးများထံမှ ရရှိခဲ့သည့်ဒဏ်ရာဖြစ်ပြီး ထိုအချိန်က ဆေးဘက်ဆိုင်ရာပညာမှာ ၎င်းအား လုံးဝအစားမထိုးနိုင်ခဲ့ချေ။
သူ၏ပုံရိပ်ပေါ်တွင် ကြမ်းကြုတ်သောဒဏ်ရာများစွာရှိနေသည့်အပြင် သူသည်လည်း လူသစ်တစ်ယောက်ဖြစ်ကြောင့် ထိုအချိန်က ဤဒယ်အိုးကြီးမှာ အခြေစိုက်စခန်းရှိ အခြားပန်ဒါများစွာထံမှ ဖယ်ထုတ်ခြင်းခံခဲ့ရပြီး ကိုယ်တိုင်အနည်းငယ် နစ်နာခဲ့ရသည်။ ဒဏ်ရာများထဲမှ အထင်ရှားဆုံးသောတစ်ခုမှာ ပြတ်နေသောနားရွက်ဖြစ်သည်။
ကုယွီမြန်က သူ့အား အမြဲတမ်းပြောခဲ့သည်။
"တခြား ပန်ဒါတွေမှာ နေ၂စင်းရှိပေမယ့် ငါတို့ ဒယ်အိုးကြီးမှာ နေ၁စင်းနဲ့ လ၁စင်းရှိတာ...အရမ်းအဖိုးတန်တာပဲ...တခြားပန်ဒါတွေ မင်းနဲ့အတူမကစားတာက သူတို့မှာမရှိတဲ့ လမင်းလေးကို မနာလိုနေကြတာလေ..."
ထို့ကြောင့် ကုယွီမြန်၏ ကာတွန်းပန်ဒါလေးအား နေ ၁စင်းနှင့် လ၁စင်းဖြင့် ပြုလုပ်ခဲ့ပြီး စာသားများဖြင့် ကလေးကဗျာတေးအားဖန်တီးခဲ့သည်။
"လမင်းကြီးက ကိုယ့်ဆီလာတဲ့အခါ..."
"ဒယ်အိုးကြီး"က လွန်ခဲ့သောနှစ်များစွာမှ အခန်းငယ်လေး၏ ကြမ်းပြင်ပေါ်တွင်ထိုင်ကာ သေတ္တာကဲ့သို့ လက်ပတ်ကွန်ပျုတာအား ကိုင်ထားစဥ် မှန်ထဲမှလက်ပတ်ကွန်ပျူတာ၏ အလင်းပြန်မှုအား မကြည့်ဘဲမနေနိုင်ခဲ့ချေ။
သူ၏နားရွက်ပျောက်ဆုံးနေမှုအား ခံစားရင်းပြုံးလိုက်သည်။
"ဟေး...ကျွန်တော့်ရဲ့လမင်းကြီးက အရမ်းလှနေတုန်းပဲ..."
ကုယွီမြန် ကြည့်နေခဲ့သည်။
သူက ထိုပန်ဒါကိုကြည့်ပြီး တစ်ခဏမျှလက်ဆန့်၍ထိချင်ခဲ့ပြီးနောက် မကြာမီတွင် သူ၏လက်ညှိုးအားပြန်၍ ကွေးလိုက်သည်။
ရှစ်အာ၊ ရှစ်စန်း၊ ၁၆နှင့် ရှို့ဟန်တို့က အလွန်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
၎င်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာမှ ရိုက်ကူးထားခဲ့သော
သရုပ်သကန်ဖန်တီးမှု ဗီဒီယိုတစ်ပုဒ်ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲချေ။၎
မကြာမီတွင် မျက်နှာပြင်၌ အခြား ပန်ဒါ၂ကောင်ပေါ်လာခဲ့သည်။
သူတို့ထွက်ပေါ်လာသောအခါ ကုယွီမြန်၏မျက်လုံးများ တစ်ဖန်စိုစွတ်လာပြန်သည်။
တစ်ယောက်က အနည်းငယ်ပိန်ပြီး အခြားတစ်ယောက်၏ အနက်ရောင်အမွေးအရောင်က အနည်းငယ်ဖျော့ကာ အညိုရောင်ဘက်သန်းသည်။
"ဒါကို ရိုက်ထားတာ အချိန်အတော်ကြာနေပြီ..."
ပိန်ပါးသော ဒယ်အိုး ၂က ဒယ်အိုးကြီးဘေးတွင် ထိုင်ချလိုက်သည်။
"ကောင်းပြီ...စကားပြောကြရအောင်..."
ချက်ချင်းပင် ဒယ်အိုး၃ကောင်က မသေချာသောအခြေအနေထဲတွင်ထိုင်ကာ သူတို့၏အသံမှာကြည်လင်ပြီး ပြင်ဆင်ထားသောလက်ရေးစာမူကို ထုတ်လိုက်သည်။ သို့သော် ၎င်းက မျှော်လင့်ထားသည့်အတိုင်း အလုပ်မလုပ်ခဲ့ချေ။
"ချစ်လှစွာသော ပါးပါးကု...အချိန်အတော်ကြာပြီးနောက် အရာအားလုံး အဆင်ပြေရဲ့လား ကျွန်တော်မသိဘူး... ဒါကို ဘယ်လိုပြောလဲ..."
အချိန်အတော်ကြာဖတ်ပြီးနောက် ဒယ်အိုးကြီးက ဒယ်အိုး ၂၊ ဒယ်အိုး၃တို့နှင့်အတူ ရေရွတ်လိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်မှ ဤလက်ရေးစာမူအားရေးနေသည့်အချိန်တွင် သူ မည်သည့်အရာများတွေးနေခဲ့သည်ကို နားမလည်နိုင်တော့ချေ။ သူကဆောင်းပါးများစွာ ဖတ်ရှု့ခဲ့ဖူးသော်လည်း ၎င်းအားရေးပြီးနောက် သူ နားမလည်နိုင်တော့ချေ။
"ထားလိုက်တော့ ထားလိုက်တော့..."
ဒယ်အိုးကြီးက လက်ရေးစာမူအား မချင့်မရဲနှင့်သူ၏လက်ထဲတွင် ခေါက်ပစ်လိုက်သည်။
ဒယ်အိုး ၂နှင့် ၃တို့က ကျယ်လောင်စွာရယ်မောခဲ့ကြသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ကုယွီမြန်ပင် မရယ်ဘဲမနေနိုင်ခဲ့ချေ။
ရယ်မောပြီးနောက် ပန်ဒါ၃ကောင်က အမှန်တကယ် ကုယွီမြန်အားကြည့်နေရသကဲ့သို့ ကင်မရာအား စိတ်လှုပ်ရှားစွာကြည့်နေခဲ့သည်။
ကုယွီမြန်သည်လည်း သူတို့အားကြည့်နေခဲ့ပြီး လက်ဆန့်ကာ ဒယ်အိုးကြီး၏နားရွက်ကို ထိလိုက်သည်။ဒယ်အိုးကြီး၊ ဒယ်အိုး ၂နှင့် ဒယ်အိုး ၃တို့က တစ်ခဏသာ စိတ်လှုပ်ရှားနေခဲ့ပြီး မကြာမီတွင် စကားပြောလာကြသည်။
ဒယ်အိုးကြီးမဆိုနှင့် ဒယ်အိုး ၂နှင့် ဒယ်အိုး ၃တို့အား ကုယွီမြန်က သူတို့မျက်လုံးစဖွင့်ချိန်တည်းက ဂရုစိုက်ခဲ့ခြင်းဖြစ်သည်။
သူတို့ ကွဲကွာနေသည်မှာ မည်မျှပင်ကြာစေကာမူ သူတို့က ဆက်စပ်နေဆဲပင်။
မဝေးကွာနိုင် မမေ့နိုင်ပေ။
"ပါးပါး..."
ဒယ်အိုးကြီးငယ်စဥ်အခါက ကုယွီမြန်က သူ့ကိုယ်သူ "ပါးပါး"ဟုသုံး၍ပြောတတ်သည်။ ဤအကြိမ်တွင်မူ ဒယ်အိုးကြီး၏အသံဖြင့် စပြောခဲ့ခြင်းဖြစ်သည်။
"ပါးပါးမှာ မြစ်ကလေးရှိနေပြီ..."
ဒယ်အိုး ၂က ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့သည်။
"သူ့ကို ၁၇ယောက်မြောက် ဒယ်အိုး(ကော) လို့ခေါ်တယ်..သူက ကောင်ကလေး...အရမ်းချစ်ဖို့ကောင်းတယ်..."
"ဟုတ်တယ်...ရှောင်ချီကလည်း ဂြိုလ်တစ်ခုလုံးရဲ့ အကောင်းဆုံး တက္ကသိုလ်မှာ ဝင်ခွင့်ရပြီးပြီ...သူက ပါးပါး လိုပဲ ပါရမီရှိတယ်..."
ဒယ်အိုးကြီးက ထပ်မံဖြည့်စွပ်၍ ပြောလိုက်သည်။
ဒယ်အိုး ၃မှ ပြောလိုက်သည်။
"ပြီးတော့ ရှစ်အာကလည်း လက်ထပ်သွားပြီ သူ့ရဲ့အမျိုးသမီးက အရမ်းစဥ်းစားတတ်တဲ့ ရက်ကွန်းမလေးလေ..."
မွေးကင်းစကလေးမှ အိမ်ထောင်ကျပြီးသည်အထိ အိမ်တွင် ဆိုင်ဖွင့်ခြင်း၊ ယခု သူတို့တွင် ရှေးဟောင်း ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်အားထောက်ပံ့ရန် ပိုက်ဆံရှိနေပြီဖြစ်ကြောင်း အစရှိသဖြင့် ပန်ဒါ ၃ကောင်က လွန်ခဲ့သည့်နှစ်များမှ ကောမိသားစုအတွင်း ကြီးကြီးငယ်ငယ် ကိစ္စများကို ပြောပြခဲ့သည်။
သူတို့၏စကားလုံးများမှ ကုယွီမြန်သိခဲ့သည်မှာ ဗီဒီယိုမှာ အကြိမ်၅၀၀ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဤဗီဒီယိုက ကုယွီမြန် သူတို့ကိုတွေ့သည့်အခါ ပြသရန် ပြောထားခဲ့သည်။
ကုယွီမြန် ထွက်ခွာသွားကတည်းက ကမ္ဘာပျက်ခြင်း သို့မဟုတ် ကြယ်တာရာခေတ် ဝရုန်းသုန်းကားအခြေအနေများက ပြသာနာမဟုတ်ပေ။ နှစ်တိုင်း သူတို့သုံးယောက်က အိမ်မှ တစ်နှစ်တာ ကြီးကြီး၊သေးသေးဖြစ်ရပ်များအကြောင်း ပြောရန် ကုယွီမြန်အတွက် ဗီဒီယိုတစ်ခုရိုက်လိမ့်မည်။ သူနှင့် စကားစမြည်းပြောလိမ့်မည်သာဖြစ်သည်။
ကုယွီမြန်က အချိန်ခရီးသွားခဲ့ရသော်လည်း အလွန်ဝေးကွာသောအချိန်မှ ပြန်လာနိုင်ခဲ့သည့်အတွက် နောင်တရခဲ့သည်။
သူပြန်လာတဲ့အခါ ငါ့မိသားစုထဲကအဖြစ်အပျက်တွေအားလုံးကို မေ့သွားမှာ ငါကြောက်တယ်... ဒါကြောင့် အရာအားလုံး ပြောပြထားရမယ်...
ဒယ်အိုး ၂က ယခင်ကထက်ပို၍ ဝလာသည်။
ဒယ်အိုး ၃ကလည်း သန်မာလာသည်။ သူက အအနူးညံ့ဆုံးနှင့်အမွေးအထူဆုံးတစ်ကောင်ဖြစ်ခဲ့ပြီး ၁ရက်လျှင်နာရီ၂၀ထက်ပို၍ အိပ်လေ့ရှိသည်။
ဒယ်အိုးကြီး၏မျက်လုံးများက ပြုံးနေပြီး အလွန်ရှင်းလင်းသည်။ သူက အသက်ကြီးလာသော်လည်း ငယ်စဥ်ကအတိုင်း အတူတူပင်ဖြစ်၏။
သူ၏ ဒယ်အိုးကြီး၊ ဒယ်အိုး ၂နှင့် ဒယ်အိုး ၃တို့က အလွန်ကြီးမားလာခဲ့ကြသည်။
သူတို့က အလွန်ပျော်ရွှင်နေပုံပေါ်သည်။
အလွန်ကောင်းပေသည်။
ဗီဒီယို၏နောက်ခံအသံထဲတွင် မီးရှူးမီးပန်းသံများက အဝေးမှထွက်ပေါ်လာသည်။
"ဒီနှစ်နဲ့ဆိုရင် ၆၇၁နှစ်ရှိပြီ...၆၇၂နှစ်နားနီးနေပြီ... ဒီနှစ်...ဒီနှစ်မှာ ကျွန်တော် မင်းကိုအရမ်းလွမ်းတယ်..."
ဒယ်အိုးကြီးက ပြောလိုက်ပြီးနောက် သူ့အသံရပ်သွားသည်။ ခဏအကြာတွင် အနည်းငယ် အထီးကျန်စွာဖြင့် ပြောလိုက်သည်။
"မင်း ကျွန်တော်တို့ကို သတိရသေးလားလို့ သိချင်မိတယ်... တစ်ခါလောက်ဖက်ခွင့်ရနိုင်ဦးမလား..."
"......."
ကုယွီမြန် မျက်ရည်များကျနေရသည်။
သူ ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဝက်ထောက်ပြီး နှစ်ပေါင်းရာချီဝေးကွာပြီးနောက် သူ့ပန်ဒါများကို ဖက်လိုက်သည်။
ဗီဒီယိုထဲတွင် ဒယ်အိုးကြီး၊ ဒယ်အိုး ၂နှင့် တတိယ ၃တို့က ကြက်သေသေသွားသည်။
သူတို့က တစ်စုံတစ်ယောက်ထံမှ နူးညံ့စွာ အဖက်ခံလိုက်ရသကဲ့သို့ပင်။
ပြတင်းပေါက်အပြင်ဘက်တွင် မီးရှူးမီးပန်းများက
တစ်ခုပြီး တစ်ခု "ရွှီး ဘန်း"အသံများဖြင့် ကောင်းကင်ထံ
ပေါက်ထွက်သွားသည်။
ဒယ်အိုးကြီးက မျက်တောင်ခတ်လိုက်ပြီး ပဲစေ့လုံးခန့် မျက်ရည်ပေါက်ကြီးများက သူ၏မျက်လုံးဝိုင်းဝိုင်းများထံမှ ကျလာသည်။
"ကောင်းတယ်...မင်းပြန်လာပြီပဲ..."
သူ ပြောလိုက်သည်။
" ကျွန်တော် မင်းကို တကယ်မြင်လိုက်ရသလိုပဲ..."
သူက ငိုရင်းရယ်ကာ ပြောလိုက်သည်။
"ကောင်းတယ်...ကောင်းတယ်…ပါးပါး ပြန်လာတာကိုကြိုဆိုပါတယ်..."
-----
'ခရီးလမ်းသာယာဖြောင့်ဖြူးပါစေ၊ရှေးဟောင်းကမ္ဘာ' အစီအစဉ်၏ ပထမဆုံးနေ့တွင် သွေးပူခြင်းက အကောင်းဆုံးဖြစ်ပြီး အစစ်အမှန်စတင်မှုမှာ နောက်တစ်နေ့နံနက်တွင်ဖြစ်၏။
ထိုညနေခင်းတွင် ဧည့်သည်တော်များစုဝေးပြီးနောက် အစားအစာနှင့်တဲများ စီစဥ်ပေးသည်။ သူတို့က အတန်းလိုက်အိပ်ကြပြီး ဧည့်သည်တော်များက ည၌ရှေးဟောင်းကမ္ဘာ၏မြောက်များစွာသော ဓလေ့ထုံးတမ်းများကို တွေ့ကြုံခံစားနိုင်ရန် အနားယူရန် အချိန်အလုံအလောက်ရှိရမည်။ ကံမကောင်းသောဧည့်သည်တော် ၅ ၆ ၇က
ရုတ်တရက်ပျောက်ကွယ်သွားပြီး ရှင်းမပြနိုင်သော နောက်ထပ်တာဝန်တစ်ခု ကျရောက်လာခဲ့သည်။
သူတို့ တာဝန်အားပြီးဆုံးပြီးနောက် ၂နာရီနီးပါးရှိပြီဖြစ်ပြီး ပါဝင်ပစ္စည်းများ၊ ကိရိယာများနှင့် ဝိုင်ရရှိကာနောက်ဆုံးတွင် ဧည့်သည်တော်နံပါတ် ၁အား စတင်ရှာဖွေလာကြသည်။
[သစ်သားလူသား ၃၂၁:ဟားဟားဟား...ကောင်းကင်ထဲမှာ မှိုစုဆောင်းရတာက ကြောက်စရာတာဝန်တစ်ခုပဲကွာ... ငါရဲ့သနားစရာ ယုန်လေး...]
[စက္ကူတစ်ရွက်: မြန်မြန်နဲ့သူ့ရဲ့ကလေးတွေ အိပ်ပျော်နေသေးတာဖြစ်နိုင်လား...၂နာရီနီးပါးရှိနေပြီ...ပေါ်မလာကြသေးဘူး...မနေ့ညက ယာယီတဲ မရကြဘူးလား...]
[အလှကုန်တွေကို လွှင့်ပစ်မယ် : ကင်မရာရွှေ့သွားကတည်းကဆိုရင် ၂နာရီကျော်နေပြီမလား...]
ကြည့်ရှုသူအများအပြားက ဤပြသာနာအား အထူးတလည် ရှာတွေ့ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ဧည့်သည်တော် ၅မှာ လှည့်ကွက်များကစားနိုင်သည့်
သူတစ်ယောက်ဖြစ်သည်။ သူက တင်ဆက်သူနှင့်ပူးပေါင်းပြီး မကြာမီတွင် ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုကို ပြန်လည်ဆွဲဆောင်ခဲ့သည်။
ကံကောင်းထောက်မစွာပင် ဤအချိန်၌ ကုယွီမြန်၏ကိစ္စများက ပြီးလုနီးပါးဖြစ်နေ၏။
လွန်ခဲ့သည့်၂နာရီအတွင်း ကုယွီမြန်က ကောအိမ်၏ အခြေအနေအားလုံးကို ယေဘုယျအားဖြင့် နားလည်သွားသည်။သူ၏စိတ်ခံစားချက်အား ရှင်းလင်းပြီးနောက် ညတွင်စားမည့်အရာအား ကောများနှင့်အတူဆွေးနွေးရန်ပင် အချိန်ရှိခဲ့သည်။
နောက်ထပ်ခြေလှမ်းက ကောင်းစွာစားပြီး ကောင်းစွာအိပ်စက်နိုင်ရန်ဖြစ်ပြီး ခုနှစ်ရက်အတွင်း ပန်ဒါစုဝေးပွဲပြုလုပ်သင့်သည်။ သူတို့အားလုံးက ကုယွီမြန်၏မြေးများဖြစ်ပြီး စိတ်ကူးကြည့်လိုက်လျှင် အလွန်မျှော်လင့်မိပြီး
ရယ်စရာကောင်းလှသည်။
အပြင်ထွက်ပြီးနောက် ကောရှစ်အာက အထူးသဖြင့် ကလေးတစ်ယောက်သာဖြစ်နေသေးပြီး ဘာမှမသိသေးသော ကောအာရှစ်စစ်တို့ကို သွားကြည့်ခဲ့သည်။ သူ့တွင် တစ်စုံတစ်ခုဖြစ်ခဲ့လျှင် အကြီးများက ဦးဆုံးမြင်သင့်သည်။
ကုယွီမြန်လည်း မတ်တပ်ရပ်လိုက်သည်။
ရှို့ဟန်က သူ၏နေရာတွင်ထိုင်လျက် တမင်သက်သက် ချောင်းဟန့်ပြီးနောက် သူ့လက်အား ဆွဲလိုက်သည်။
"ခဏ နေဦး..."
ကုယွီမြန် : "ဘာလဲ..."
ရှို့ဟန် : "......"
ရှို့ဟန်: "အဟမ်း..."
သူက ကုယွီမြန်အား တစ်ခဏကြာကြည့်နေခဲ့ပြီးနောက် မလွယ်ကူစွာဖြင့် အကြည့်ပြန်လွှဲပြီး သူ အမှန်တကယ်
ဂရုမစိုက်သကဲ့သို့ ကြိုးစားပြုမူနေခဲ့သည်။
"မိသားစုဆိုတော့ ကိုယ်က ဘယ်လိုမိသားစုမျိုးလဲ..."
ရှို့ဟန်ကို ကောရှစ်အာထံ မိတ်ဆက်ပေးရာတွင် ကုယွီမြန်က"မိသားစု" ဟု ရည်ညွှန်း၍ပြောခဲ့သည်။
"......"
ကုယွီမြန် အနည်းငယ် ကူကယ်ရာမဲ့သွားရသည်။
ဒီလိုပဲလေ...မင်းက ဘာကိုမေးချင်နေတာလဲ...
"ဘယ်လိုထင်လို့လဲ..."
သူ မေးလိုက်သည်။
ရှို့ဟန် :"ကိုယ်မသိဘူးလေ..."
"......."
ကုယွီမြန် သက်ပြင်းချလိုက်သည်။
မင်း နားရောထောင်နေခဲ့ရဲ့လား...
ဆည်းဆာက လုံးဝ ကျရောက်သွားပြီး အခန်းငယ်၏ မီးရောင်များက အလိုအလျောက် လင်းထိန်လာသည်။ တံခါးအပြင်ဘက်တွင် ဆူညံသံအများအပြား ထွက်ပေါ်လာသည်။ ၎င်းက အခြားဧည့်သည်တော်များ ဖြစ်နိုင်သည်။
သေချာပေါက်ပင် နောက်တစ်စက္ကန့်၌ တစ်စုံတစ်ယောက်က တံခါးလာခေါက်ခဲ့သည်။
"အခု အချိန်ကအရမ်းကျပ်နေပြီ...အပြင်ကိုအရင်ထွက်ရအောင်...စကားမစပ် မင်း..."
ကုယွီမြန် ရှို့ဟန်အား အပေါ်အောက်ကြည့်လိုက်သည်။
နှင်းကျားသစ်လေးအဖြစ် ပြန်ပြောင်းဖို့ မလိုဘူးလား...
ရှို့ဟန်စကားမပြောခဲ့ချေ။
တံခါးခေါက်သံက ပို၍အလျင်လိုလာသည်။
ကုယွီမြန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"ဒါဆို တံခါးဖွင့်လိုက်ရမလား..."
ရှို့ဟန် ခေါင်းညိတ်လိုက်သည်။ ရှို့ဟန် ထိုအကြောင်းစဥ်းစားကြည့်ပြီး သူ၏မျက်ခုံးများက အနည်းငယ်မြင့်တက်သွားကာ ကုယွီမြန်ကိုကြည့်ပြီး မတ်တပ်ရပ်လိုက်သည်။ အရပ်ကွာခြားမှု အကျိုးကျေးဇူးအပေါ် အမှီပြု၍ လက်တစ်ဖက်ဖြင့်တံခါးအားဖွင့်ကာ အခြားလက်တစ်ဖက်က ကုယွီမြန်၏ပခုံးတစ်ဝိုက်တွင် တင်ထားသည်။
"ကိုယ်တစ်ခုပြောပြမယ်..."
တံခါး လုံးဝမပွင့်သေးသောအခါ ရှို့ဟန်က ကုယွီမြန်အား အနည်းငယ် စိတ်တိုနေခဲ့သည်။ သူက သိသိသာသာ
မပြောချင်ခဲ့ပေ။ သူ၏အသံမှာ ပျင်းတွဲနေသည်။
"ကိုယ်က ဧည့်သည်တော် နံပါတ် ၈ လေ..."
ကုယွီမြန် : "....."
ကုယွီမြန် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် တစ်ခဏအကြာတွင် သူ၏မျက်လုံးများကွေးသွားသည်။
"ဒါဆို ငါလည်း ပြောစရာတစ်ခုရှိတယ်..."
ရှို့ဟန်၏လက်ထဲမှ တံခါးလက်ကိုင်မှာ ရပ်တန့်သွားသည်။
ဘယ်လို မိသားစုမျိုးလဲဆိုတာ ပြောချင်တာလား...
ကုယွီမြန်က သူ့လည်ပင်းအား နူးညံစွာကိုင်ပြီး ရှို့ဟန်၏ခေါင်းကို နှိမ့်စေကာ သူ့နားရွက်ထဲသို့ အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"သဝန်တိုလို့ရတဲ့ မိသားစုမျိုးလေ..."
"......"
ဘမ်း...
တံခါးမှာ နောက်ဆုံးတွင် ပွင့်သွားခဲ့သည်။
🐯🐯🐯