👾Chapter 86
(ခင်ဗျားချွေးပျံနေတာလား …. ကျွန်တော် လျှာနဲ့လျက်ပေးရမလား)
သူက တစ်ဖက်လူအား ဉပမာပေးပြီးနောက် တစ်ဆင့်ချင်း ဆက်လက်ရှင်းပြလိုက်သည်။ သူက ဟယ့်ယွင်ထင်အား ရှက်စရာမလိုသော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို လက်ခံနိုင်ရန် ချော့မြှူနေခဲ့၏။
“ဒါပေမယ့် အဲဒါက တည်ရှိနေတယ်လေ …”
ဟယ့်ယွင်ထင်က လင်းဟန်နှင့် အချေအတင် မဖြစ်လိုခဲ့ချေ။
“ဒါက လူသားတွေ ဖန်တီးထားတဲ့ အယူအဆ မဟုတ်ပါဘူး … တစ်စုံတစ်ဦးက တရားမျှတမှု၊ ရဲရင့်မှု၊ စတေးမှုတွေလုပ်ပြီးမှ ရနိုင်တဲ့ အစစ်အမှန် တည်ရှိမှုမျိုးပါ …”
“ဟုတ်တယ် … စက်တစ်လုံးဆိုပါတော့ …”
လင်းဟန်က ပြောလိုက်သည်။
“ဂုဏ်ကျက်သရေအတွက် စက်တစ်လုံးရှိတယ် … ဒီလိုဆို မေးခွန်းကရှင်းသွားပြီ …”
လင်းဟန်က အသံကို နှေးချလိုက်သည်။
“လူသားတွေက တရားမျှတမှုနဲ့ ရဲရင့်မှုတို့ကြောင့် ဂုဏ်ကျက်သရေကို ရလာကြတယ် … ဒါပေမယ့် ခင်ဗျား ဒါကို အလေးအနက် တွေးစရာမလိုပါဘူး …”
လင်းဟန်က သူ အာကာသထဲသို့ ပထမဆုံး ဝင်ရောက်စဉ်က ဟယ့်ယွင်ထင်၏ နှစ်သိမ့်စကားကို ပြန်လည်ကြားယောင်ကာ ပြုံးလိုက်မိသည်။
“ခင်ဗျား မြင်တဲ့အတိုင်း … ငံတဲ့အစားအစာက ရေကိုလိုအပ်တယ် …. ရေက ရေငတ်ပြေမှုကို သယ်ဆောင်တယ် … ကျွန်တော်က အာဟာရဓာတ်စာလိုတယ် … အာဟာရဓာတ်စာက ကျန်းမာရေးရဲ့ သယ်ဆောင်သူပဲ … ရေဆာတဲ့ ခံစားချက်က မသိသာရင်တောင် ကျန်းမာရေးနဲ့ယှဉ်ကြည့်ရင် ထင်ရှားလာလိမ့်မယ် … ဒါဖြင့် ဆန္ဒဆိုတာဘာလဲ …”
လင်းဟန်က ပြောသည်။
“ခင်ဗျားက အဲဒါကို ဘာမှမဟုတ်သလို စွန့်ပစ်ခဲ့တဲ့ အသိစိတ်ပဲ … အခု အဲဒီ့အရာမှာ သယ်ဆောင်သူ ရှိလာပြီ … ခင်ဗျားကျွန်တော့်ကို ချစ်တယ်လေ ..”
ဟယ့်ယွင်ထင်သည် ထိုစကားကို အထပ်ထပ်အခါခါ ပြောခဲ့၏။ လင်းဟန်၏ အသံက ပို၍ နူးညံ့လာသည်။
“ခင်ဗျား အဲဒါကို မနှစ်သက်တာကြောင့် ကျွန်တော့်ကို ဘာမှမပြောခဲ့ဘူး … ဒါပေမယ့် အချစ်နဲ့ မရောင့်ရဲမှုက သဘာဝပဲ … ဒီတော့ ဟယ့်ယွင်ထင် … ခင်ဗျားကျွန်တော့်ကိုမြင်လား …”
လင်းဟန်က မေးလိုက်သည်။
“ကျွန်တော်က ခင်ဗျားဆန္ဒရဲ့ သယ်ဆောင်သူပဲ …”
ဟယ့်ယွင်ထင်သည် အတန်ကြာသည့်တိုင် စကားဆိုမလာခဲ့ချေ။
သူတို့ကြားထဲရှိ လျှပ်စစ်သံလိုက်လှိုင်းများသည် တိတ်ဆိတ်မှုကိုသာ သယ်ဆာင်နေခဲ့သည်။
သို့သော် လင်းဟန်၏ စကားများက သက်ရောက်မှုရှိပုံရသည်။ သူက သူ၏ ရာဂကို အလွန်အကျွံ ချုပ်တီးထားခြင်းမျိုး မရှိတော့ချေ။ သူ့အသံက လင်းဟန်ဘေးရှိ ဆက်သွယ်ရေးစက်မှ တဆင့် အနည်းငယ် တုန်ယင်စွာ ထွက်ပေါ်လာသည်။
လင်းဟန်သည် အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် “အဆင်ပြေပါတယ်” ဟူသည့် အသံကသာ တစ်ဖက်မှ ထွက်ပေါ်လာခဲ့၏။
သူက ဟယ့်ယွင်ထင်သည် သူ၏ အသံမှာ လှိုင်းထနေသည့်တိုင် ဆန္ဒကို ချုပ်တီးထားဆဲဖြစ်ကြောင်း နားလည်လိုက်သည်။
သို့သော် သူက စိတ်ရှည်၏။
“ဒါပေမယ့် …” ဟယ့်ယွင်ထင်က ပြောလာသည်။
“ကိုယ် အဲဒါကို အသိအမှတ်ပြုရင်တောင် …”
သူက ဆက်မပြောခဲ့ချေ။
သူ ဘာပြောမလို့လဲ … လင်းဟန်က အနားမှာမရှိဘူးဆိုတာလား … ဒါမှမဟုတ် သူ ပွင့်ပွင့်လင်းလင်း ထုတ်မပြနိုင်ဘူး လို့လား …
လင်းဟန်၏ နှလုံးသားသည် လျင်မြန်စွာ ခုန်ပေါက်လာသည်။ သူက နှုတ်ခမ်းကိုကိုက်ကာ တွေးလိုက်၏။ သူက ထိုသို့သောအရာအား ပထမဆုံးအကြိမ် ကြိုးစားခြင်းဖြစ်သဖြင့် သူက အလွန်စိတ်လှုပ်ရှားနေခဲ့ရသည်။ သို့သော် သူက ဟယ့်ယွင်ထင်အား တစ်ဦးထဲရင်ဆိုင်စေမည့်အစား တစ်စုံတစ်ခုကို ပြုလုပ်ချင်ခဲ့၏။
“ဟယ့်ယွင်ထင် …” လင်းဟန်၏ အသံက ဖြည်းဖြည်းနှင့် မှန်မှန် ထွက်ပေါ်လာသည်။ “ခင်ဗျား ကျွန်တော့်ကို ရိုးသားရမယ်နော် … အချစ်ရော ဆန္ဒရော ကျွန်တော့်ကို ဖုံးကွယ်ထားစရာမလိုဘူး … ကျွန်တာ် အားလုံးကို နားလည်ပါတယ် … ဗီဒီယိုကို ဖွင့်ပြီး ကျွန်တော့်ကို ကြည့်လိုက်ပါ …”
စကားဆုံးသည်နှင့် လင်းဟန်၏ မျက်နှာသည် အနည်းငယ် ပူနွေးလာသည်။
ဗွီ ပရိုတွန်ရှိ နေ့ညများသည် အဓိကနယ်မြေနှင့် မတူညီချေ။ ထို့ကြောင့် ဟယ့်ယွင်ထင်အတွက် ညနက်နေသည့်တိုင် လင်းဟန်ကမူ အလုပ်မှ ပြန်ရောက်ရုံသာရှိသေး၏။
ကူးလုလုသည် တီဗီကိုသာ အာရုံစိုက်ကြည့်နေသည်။ လင်းဟန်က နှလုံးသားထဲရှိ ထိတ်လန့်မှုကို ဖုံးကွယ်လျှက် ပြတင်းပေါက်နှင့် တံခါးများ သေချာစေ့ပိတ်ထားသည်ကို အတည်ပြုလိုက်၏။ သူက တော်ဝင်စစ်တက္ကသိုလ်အနီးတွင် နေလေ့ရှိရာ ညအချိန်၌ အလွန်တိတ်ဆိတ်နေတတ်၏။ လက်ရှိအချိန်တွင်လည်း အလွန့်အလွန် ဆိတ်ငြိမ်နေလေသည်။
ဗီဒီယိုဆက်သွယ်မှုက ကောင်းမွန်စွာ အလုပ်ဖြစ်သွား၏။ နှစ်ဦးနှစ်ဖက်မှ သဘောတူလိုက်သည်နှင့် တစ်ချက်ပင် မနှောင့်နှေးပဲ တစ်ဦးနှင့်တစ်ဦး တွေ့လိုက်ရသည်။
သူတို့က ဗီဒီယိုခေါ်ဆိုမှုကို ပထမဆုံးအကြိမ် ပြုလုပ်ကြခြင်း မဟုတ်ချေ။ ဟယ့်ယွင်ထင်က လင်းဟန်အား လက်တွေ့ကွင်းဆင်းရန် ဖိတ်ကြားခဲ့စဉ်ကလည်း ဗီဒီယို ခေါ်ဆိုမှုအား မတော်တဆ အသုံးပြုမိခဲ့၏။ သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ခဏကြာ စိုက်ကြည့်နေကြသည်။ ထို့နောက် ဟယ့်ယွင်ထင်က ပြောလိုက်၏။ “မစ္စတာလင်းက သိပ်လှတာပဲ …”
ဟယ့်ယွင်ထင်သည် လက်ခံသည် ဟူသည့် စာလုံးကို မနှိပ်ခင် အတန်ကြာ တုံ့ဆိုင်းနေခဲ့သည်။ သူက ရက်ပေါင်းများစွာ မတွေ့ခဲ့ရသော မျက်နှာကို တွေ့လိုက်ရချိန်၌ ထိုသို့ ပြောလိုက်မိခဲ့ခြင်းဖြစ်၏။
လူငယ်လေးသည် ရှက်ရွံ့စိုးရိမ်နေချိန်၌ ပို၍ လှပလေသည်။ သို့သော် သူက မည်သည့်အခါကမှ မလုပ်ခဲ့ဖူးသည့် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် သတ္တိမွေးခဲ့၏။
သူ့မျက်ဝန်းအိမ်လေးများက ကြည်လင်နေသည့်တိုင် အနီးကပ်ကြည့်ပါက သူ့ပါးပြင်များထက်ရှိ နီစွေးမှုကို တွေ့ရပေလိမ့်မည်။ သူ့နှုတ်ခမ်းလေးများသည်လည်း ရှည်လျားစိုစွတ်သော အနမ်းကြောင့် နီရဲနေသကဲ့သို့ နီစွေးနေ၏။ ထိုနေရာ၌ နှုတ်ခမ်းကိုက်ထားပုံရသည့် သွားရာကလေးများပင် ရှိနေသည်။
သူက ရေချိုးပြီးခါစ ဖြစ်ဟန်တူသည်။ သူ၏ ဆံစများသည် အောက်နားတွင် အနည်းငယ် စိုစွတ်နေ၏။ နွေးထွေးသော အလင်းရောင်အောက်၌ ထိုသူသည် သန့်စင်မှုဖြင့် ရစ်ပတ်ခံထားရသည်။ ဟယ့်ယွင်ထင်က ထိုသူ၏ သန့်ရှင်းနူးညံ့သော ရနံ့ကိုပင် ခံစားမိလိုက်သည်။
သူက တစ်ဖက်လူအား မထိနိုင်သည့်တိုင် လူငယ်လေးကမူ လက်ကို ဆန့်တန်းကာ ဝေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။ “ဟယ့်ယွင်ထင် …”
လင်းဟန်က တစ်ဖက်လူ၏ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ ၎င်းက သူတို့နှစ်ဦး နယ်စပ်ဒေသတွင် ပိတ်မိခဲ့စဉ်က အကြိမ်များစွာ နေထိုင်ခဲ့သည့် မက်ခါ M2742 ပင်။
ဟယ့်ယွင်ထင်က အမူအရာမပျက်အောင် ကြိုးစားထိန်းချုပ်လျှက်ရှိ၏။ လက်တစ်ဖက်က ခေတ်မီလှသည့် စားပွဲထက်၌ ရှိနေသည်။ သူ၏ လက်ချောင်းများသည် လက်သီးဆုပ်အနေအထားဖြင့် ရှိနေသဖြင့် လက်ဆစ်တစ်ခုချင်းစီကို ထင်ထင်ရှားရှား မြင်နေရ၏။ သူ၏ လက်ခုံပေါ်၌မူ အပြာရောင်သွေးကြောများ ထင်းလင်းနေသည်။
တစ်ဖက်လူက မက်ခါခန်းထဲ၌ ရှိနေသည်ဖြစ်ရာ လင်းဟန်၏ အမူအရာသည် ပြေလျော့သွားခဲ့သည်။ ထိုမက်ခါသည် သူနှင့် အရင်းနှီးဆုံးတစ်ခုဖြစ်၏။ ၎င်း၏ အသံလုံစနစ်သည် အလွန်ကောင်းမွန်သည်။
သို့သော် ဟယ့်ယွင်ထင် မည်မျှ ခက်ခက်ခဲခဲ ကြိုးစားသည်ဖြစ်စေ၊ လင်းဟန်အား လိုက်မကြည့်ပဲ မနေနိုင်ချေ။
သူက စကားကိုသာ မဆိုခြင်းဖြစ်၏။
“ဒီတော့ မင်းတို့ ဘယ်တော့ ပြန်ထွက်မှာလဲ …” လင်းဟန်က မေးသည်။
“မကြာခင် …” ဟယ့်ယွင်ထင်က လင်းဟန်ကို မညာခဲ့ချေ။ “ညတွင်းချင်းပဲ …”
လင်းဟန်က ထပ်မံ တိတ်ဆိတ်သွား၏။
လင်းဟန်က ဟယ့်ယွင်ထင် rut ကာလအား မည်သို့ ဖြတ်ကျော်ခဲ့မှန်း မသိချေ။ ထိုသူသည် တစ်ဦးထဲ တံခါးပိတ်နေခြင်းဖြင့် အဆုံးသတ်ခဲ့လောက်၏။ လင်းဟန်၏ ကိုယ်ပိုင်ဆန္ဒများကပင် ရင်ဆိုင်ရခက်ခဲလှသည်။ ဟယ့်ယွင်ထင်အတွက်မူ ဖယ်ရိုမုန်းစီးဆင်းမှုကို ရှူရှိုက်ရခြင်းသည် သေခြင်းထက် ပိုဆိုး၏။ သို့သော် ထိုသူသည် မည်သည်ကိုမှ ဂရုမစိုက်ပဲ နှိပ်စက်ညဉ်းပန်းမှုကို တိတ်တဆိတ်သာ သည်းခံခဲ့ပေလိမ့်မည်။
သူက သေသပ်ကျော့ရှင်းသည့် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ဟယ့်ယွင်ထင်အား တွေ့လိုက်သည်။ သူ့နဖူးထက်ရှိ ရှုပ်ပွနေသော ဆံစများနှင့် ဦးထုပ်အောက်မှ စီးကျလာသော ချွေးစက်များကသာ လင်းဟန်အား သူအဆင်မပြေကြောင်း ပြောပြနေခဲ့သည်။
“ကျွန်တော့်ကို ကြည့် …” လင်းဟန်သည် တူညီသည့် အရာကိုသာ ပြောလိုက်သည်။
“ခင်ဗျားမှာ အခက်အခဲရှိရင် ကျွန်တော့်ကိုပြောပါ …”
သူက ဟယ့်ယွင်ထင်၏ တုံ့ဆိုင်းမှုကြောင့် စိတ်ရှည်လက်ရှည်ဖြင့် ကူးလုလုအား ပြောဆိုသည့် အသံဖြင့် ချော့မော့လိုက်သည်။
“ကျွန်တော်ပဲ မြင်နိုင်ပြီး … ကျွန်တော်ပဲ ကြားနိုင်တာမျိုး …”
ဟယ့်ယွင်ထင်သည် မက်ခါ၏ လုပ်ဆောင်ချက်များဖြစ်သော ရိုက်ကူးခြင်းနှင့် အသံသွင်းခြင်းတို့ကို ပိတ်ထား၏။ ထို့ကြောင့် အလင်းမှိန်မှိန်ရှိနေသည့် အခန်းငယ်ထဲတွင် လင်းဟန်တစ်ဦးထဲ၏ အသံဖြင့်သာ ပြည့်နေသည်။
သူက အိုမီဂါ၏ နှုတ်ခမ်းအစုံ ဖွင့်ပိတ်နေသည်ကို တွေ့နေရသည်။ ထို့အပြင် ထိုသူ၏ စကားတစ်လုံးချင်းစီက သူ့အား ချိုမြိန်မှုများဖြင့် ချည်နှောင်နေပြီး ပြင်းထန်လှသည့် လွှမ်းမိုးလိုစိတ်များကို ဖြစ်ပေါ်လာစေလျှက်ရှိ၏။ စက္ကန့်အနည်းငယ် အကြာ၌ ဟယ့်ယွင်ထင်သည် သူ၏ အတွေးရိုင်းများကို ပင့်သက်ရှိုက်သံ ပြင်းပြင်းဖြင့် အစားထိုးလိုက်သည်။
“ဟယ့်ယွင်ထင် … ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ ငြင်းဆန်မှာမဟုတ်ဘူး …”
မည်သို့ပင်ဖြစ်စေ၊ လင်းဟန်က သူ့အား ဆက်လက်ထိန်းသိမ်းထားရန် အခွင့်မပေးခဲ့ချေ။
“ပူတယ် ..”
တခဏအကြာ၌ ဟယ့်ယွင်ထင်က သည်းခံမှုကို ကျော်လွန်၍ စကားတစ်ခွန်း ဆိုလာ၏။
ထိုစကားလုံးက သူတို့နှစ်ဦးကြားရှိ ပြော၍မရသော အလွှာအား ဖယ်ရှားလိုက်သကဲ့သို့ပင်။ လင်းဟန်က ပြင်ဆင်ခဲ့သော်လည်း အသက်ပြင်းပြင်းရှိုက်ပြီးမှသာ ဖြည်းညှင်းစွာ ပြောလိုက်၏။
“ဒါဆို … ခင်ဗျား … ခင်ဗျား ကျွန်တော့်ကို တစ်ခုခု လုပ်ချင်လား …”
အိုမီဂါလေးက သက်သောင့်သက်သာ ရှိလှသည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့အရှေ့ရှိ ကောင်းမွန်စွာ ဝတ်ဆင်ထားသော အရာရှိကြီးနှင့် ဆန့်ကျင်ဘက်ပင်။ တစ်ဦးက ပျော့ပျောင်းနေပြီး တစ်ဦးက ထက်မြက်လှသည်။ တစ်ဦးက ချိုမြိန်သန့်စင်နေကာ တစ်ဦးက အေးစက်မာကျောသော်လည်း ညှင်သာ၏။ လင်းဟန်သည် ဟယ့်ယွင်ထင်အား နောက်ဆုံးတစ်ကြိမ် ကူညီခဲ့စဉ်က မကျွမ်းကျင်သေးချေ။ သို့သော် သူသည် ယခုအခါ အသံနှင့်ပုံရိပ်တို့၏ အရေးပါပုံကို သိရှိနေပြီဖြစ်၏။
အဆုံးသတ်တွင် လင်းဟန်သည် အရပ်သားနယ်မြေမှ လာရောက်ခြင်းဖြစ်၏။ ထိုနေရာ၌ အိုမီဂါများသည် သူတို့ကိုယ်သူတို့ ကုန်သွယ်ရေးပစ္စည်းများသဖွယ် သဘောထားတတ်ကြသည်။ သို့သော် သူက ဟယ့်ယွင်ထင်အတွက် ဗီဒီယိုဖွင့်ပေးခဲ့ခြင်းကပင် သတ္တိမွေးထားခြင်းဖြစ်၏။ ထို့ကြောင့် ခဏကြာသည်အထိ မည်သည်ကိုမှ မလုပ်နိုင်ခဲ့ချေ။
ဟယ့်ယွင်ထင်က တံတွေးမျိုချလိုက်၏။ လင်းဟန်၏ ခန္ဓာကိုယ်၌ ပြီးပြည့်စုံခြင်းမရှိသည့် အစိတ်အပိုင်း တစ်ခုပင် မရှိချေ။ ထိုသူ၏ လည်ဇလုတ်ကပင် နူးညံ့လှ၏။ သူက လင်းဟန်၏ လည်ဇလုတ်နှင့်အတူ နှုတ်ခမ်းများကို နမ်းရှိုက်စုပ်ယူလျှက် တစ်ဖက်လူ၏ နှုတ်ခမ်းဖျားမှ ထွက်လာမည့် အသံများကို မျိုချလိုမိသည်။
လင်းဟန်သည် ဟယ့်ယွင်ထင်အား ဆက်ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားအနားလာရမလား … ဒါမှမဟုတ် ကျွန်တော့်ကို ဖက်ချင်လား … နမ်းချင်လား … ကျွန်တော် ခင်ဗျားကို လိုချင်မှန်း ခင်ဗျားသိပါတယ် …”
လင်းဟန်က တောင့်တင်းနေသည့်ကြားမှ ကြည်နူးဖွယ် ခံစားချက်ကို ခံစားလိုက်ရသည်။
ကမ္ဘာပေါ်သို့ မရောက်ခဲ့ဖူးသည့် အမျိုးသား၊ မည်သည့်အရာကိုမှ မမြင်ခဲ့ဖူးသည့် အမျိုးသားက တစ်ဖက်အမျိုးသား၏ rut ကာလကို အခွင့်ကောင်းယူလျှက် အထပ်ထပ် ထုပ်ပိုးထားသည့် ခံစားချက်များကို ဆွဲထုတ်ကာ ရာဂအတွင်း လုံးလုံးလျားလျား ကျရောက်စေရန် ဖန်တီးနေ၏။ သူက တစ်ဖက်လူအား သူ့လက်တွင်းသို့ ကျဆင်းစေလိုသည်။ ထိုသူ၏ အပျော်အပါးကင်းသော စိတ်ဝိဉာဉ်အား သူ ပိုင်ဆိုင်သည့် အမှတ်အသား ပေးလိုလျှက်ရှိ၏။
“ခင်ဗျားရဲ့ နားသံသီးလေးတွေ အေးနေမှာပဲ …”
လင်းဟန်က ပြောသည်။
“ကျွန်တော် နမ်းနေတယ်လို့ စဉ်းစားကြည့် …”
သူက ဟယ့်ယွင်ထင်အား အတင်းအကျပ် စကားမဆိုခိုင်းခဲ့ချေ။ သူကိုယ်တိုင်သာ အရာအားလုံးကို အစပျိုးပေးနေခဲ့သည်။ လင်းဟန်က တစ်ဖက်လူ၏ တည်ငြိမ်မှု ဖြည်းဖြည်းချင်း ယိုင်နဲ့လာသည်ကို ကြည့်ရင်း နှုတ်ခမ်းလေးစူလိုက်၏။ သူ၏ အသံနိမ့်နိမ့်တွင်လည်း ချိုမြိန်မှု၊ လန်းဆန်းမှုတို့ ရောစွက်နေလေသည်။
“ခင်ဗျားရဲ့ ဖယ်ရိုမုန်းနံ့က အရမ်းကောင်းတာပဲ … ကျွန်တော် ကြိုက်တယ် …”
လင်းဟန်သည် ဗီဒီယိုအား အနည်းငယ် ပုံချုံ့လိုက်ရင်း သူ၏ အခန်းကို ပြလိုက်၏။
“ကျွန်တော် ခင်ဗျားကို ဒီမှာကူညီခဲ့တာလေ … မှတ်မိလား …”
လင်းဟန် စကားဆိုလာလေလေ၊ ဟယ့်ယွင်ထင် ထိုစဉ်က အဖြစ်အပျက်အား တွေးမိလေပင်။ သူတို့ တိရစ္ဆာန်ရုံမှ ပြန်လာခဲ့စဉ်က သူတို့သည် နေ့အလင်းရောင်အောက်တွင် နမ်းရှိုက်ခဲ့ကြသည်။ သူတို့၏ နှုတ်ခမ်းများ ထွေးယှက်ခဲ့ကြသည်။ ဟယ့်ယွင်ထင်သည် သူ၏ အဝတ်ပွပွထံသို့ လက်လှမ်းခဲ့ပြီး သူ၏ မူမှန်သော အသက်ရှူသံကြောင့် မျောပါခဲ့၏။
“ကိုယ်မှတ်မိတယ် …” ဟယ့်ယွင်ထင် အံကြိတ်လိုက်သည်။ ထိန်းချုပ်မှု လွတ်ကင်းသွားသဖြင့် သူ၏ ယူနီဖောင်း တစ်နေရာသည် အနည်းငယ် ဖောင်းကြွလာသည်။ သူက တစ်ဖက်လူ၏ နူးညံ့ရှည်လျားသော လက်ချောင်းများ၊ ဖြူဖွေးသော အသားအရည်နှင့် မကျွမ်းကျင်သော်လည်း ချစ်စရာကောင်းလှသည့် လှုပ်ရှားမှုများကို အမှတ်ရမိသည်။
ထိုသူက အချစ်နှင့် လိင်ကိစ္စသည် ခွဲခြား၍မရဟု ဆိုခဲ့၏။ ထိုသူက သူ(လင်းဟန်) သည် သူ(ဟယ့်ယွင်ထင်)၏ ဆန္ဒမြစ်ဖျားခံရာဖြစ်သည်ဟု ပြောခဲ့သည်။
“လင်းဟန် …”
ဟယ့်ယွင်ထင်သည် အိုမီဂါလေးထံမှ ခဏပင် အကြည့်မလွှဲနိုင်ခဲ့ချေ။ သူက ထိုသူအား နမ်းရှိုက်ပွေ့ဖက်လို၏။ ၎င်းက သူ၏ ရှည်ကြာစွာ ဖြစ်တည်ခဲ့သော ဆန္ဒ၊ ဂရုတစိုက် စောင့်ရှောက်ထားရသည့် ရတနာ ဖြစ်သည်။ ယခုအခါ ရတနာလေးက သူ့အား တဖန်ပြန်၍ နှစ်သိမ့်နေ၏။ ထိုသူသည် သူ့အား စားသောက်မည့် ခက်ထန်လှသော အရာများကိုပင် ကြောက်ရွံ့ခြင်းမရှိချေ။
လင်းဟန်၏ နှလုံးသားက ပို၍ လျင်မြန်စွာ ခုန်ပေါက်လာ၏။ သူက မျက်ဝန်းပြာများကို ကြည့်ကာ ပြုံးလိုက်ရင်း ဟယ့်ယွင်ထင်၏ မျက်နှာအား သေချာမြင်နိုင်ရန် ဖန်သားပြင်အနီးသို့ပင် တိုးကပ်လိုက်သည်။ လက်ရှိအနေအထားအရ ဟယ့်ယွင်ထင်သည်လည်း သူ၏ အမူအရာများကို ကောင်းမွန်စွာ မြင်ရမည်သာ။
“ခင်ဗျား ချွေးပျံနေတာပဲ … ကျွန်တော် လျက်ပေးရမလား … ကျွန်တော် ခင်ဗျားနဲ့ ဒီလောက်နီးနီးရှိနေတာ … ကျွန်တော့် ဖယ်ရိုမုန်းနံ့ကို ရလားဟင် …”
လင်းဟန်၏ အသံတစ်ခုချင်းစီက ငှက်မွှေးကဲ့သို့ နူးညံ့နေပြီး အလင်းနှစ်များစွာ ဝေးကွာနေသည့်တိုင် ဟယ့်ယွင်ထင်သည် ထိုအသံထဲရှိ ချိုမြိန်မှုကို ခံစားမိနေ၏။
“ခါးပတ်က ရှုပ်နေတာပဲ …”
အမှန်စင်စစ် လင်းဟန်သည်လည်း အဆင်မပြေချေ။ သူ့ခန္ဓာကိုယ်က စတင်၍ ပူလောင်လာပြီး heat ဝင်လာသလိုပင် ခံစားနေရ၏။ ညအိပ်ဝတ်စုံ ကော်လာအတွင်းမှ မြင်နေရသော အသားအရည်သည် ပန်းရောင်သမ်းလာလေပြီ။ လင်းဟန်က လက်ကိုချကာ ဟယ့်ယွင်ထင်အား ဆက်ပြောလိုက်သည်။
“ချွတ်လိုက်ပြီး ဘေးမှာထားလိုက်ပါ …”
“ကိုယ့်ကို မကြည့်နဲ့ …”
ဟယ့်ယွင်ထင်၌ အသိစိတ်ကျန်ရှိနေသည့်တိုင် သူ့အသံမှာ အက်ရှနေ၏။
“ကောင်းပါပြီ …”
လင်းဟန်က ခြောက်ကပ်ကပ် ပြန်ဖြေသည်။ သူက ဟယ့်ယွင်ထင်အရှေ့၌ မျက်လုံးမှိတ်လိုက်၏။
“ကျွန်တော် မကြည့်တော့ဘူး …”
သူ့အသံက တိုးလျနေသည့်တိုင် ယခင်အချိန်ထက်ပင် ပို၍ ရဲတင်းနေသေး၏။
“ခင်ဗျားကို ကိုင်ထားတာက ကျွန်တော်ပဲ …”
“မစ္စတာလင်း …”
“အိုး ..”
လင်းဟန်၏ စကားများသည် ရာဂဖြင့် ဖုံးလွှမ်းနေသည်။ သူတို့နှစ်ဦး၏ အသက်ရှူသံများက ပို၍ပြင်းထန်လာ၏။ လင်းဟန်က အဆက်မပြတ် စကားဆိုနေခဲ့သည်။ ထိုစကားများမှာ
‘ဟယ့်ယွင်ထင် … ကျွန်တော် ခင်ဗျားကို ချစ်တယ်’ ‘ကျွန်တော် ခင်ဗျားပါးကို နမ်းချင်တယ် … အခု ခင်ဗျားရဲ့ မျက်တောင်တွေကို နမ်းမယ် … ပြီးတော့ ခင်ဗျားရဲ့ နှုတ်ခမ်းကို အရသာခံမယ် … ကျွန်တော့်ကို လာပြီးဖက်လှည့်ပါ … ကျွန်တော့်အနောက်မှာ အိပ်ရာရှိတယ် … ကျွန်တော့်ကို လုပ်ချင်တိုင်း လုပ်လို့ရမှန်း ခင်ဗျား ကောင်းကောင်းနားလည်ပါတယ် … ဟယ့်ယွင်ထင် … ခင်ဗျားကိုယ်တိုင်လုပ်နိုင်တယ် … နည်းနည်းပိုမြန်ပေး …’
……
နောက်ပိုင်းအခြေအနေများတွင် လင်းဟန်သည် ကောင်းကောင်းပင် မမှတ်မိတော့ချေ။ သူ၏ ညအိပ်ဝတ်စုံမှာ ပြန့်ကျဲနေပြီး စားပွဲပေါ်တွင် ထိုင်နေရာမှ အသက်ပြင်းပြင်းရှူလျှက် အိပ်ရာထက်၌ လဲလျောင်းနေခဲ့၏။
ဟယ့်ယွင်ထင်သည် ရုတ်တရက် ဗီဒီယိုကို ပိတ်သွဦးခဲ့သည်။ လင်းဟန်၏ မျက်ဝန်းများက ဗလာဖြစ်နေပြီး တူညီသော ဒီရေ၏ လွှမ်းမိုးခြင်း ခံလိုက်ရပုံပေါ်၏။ မည်သူကမှ အနိုင်အရှုံးအကြောင်း မပြောကြချေ။ သူ၏ ဆန္ဒများသည် နှစ်ခုကွဲသွားခဲ့ပြီး သူတို့နှစ်ဦးအား ပေါင်းစည်းပေးခဲ့၏။
ဆန္ဒဖြစ်စေ၊ ပိုင်စိုးလိုစိတ်ဖြစ်စေ အချစ်၏ ထုတ်ကုန်များသာဖြစ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ရှက်ရွံ့နေစရာမလိုအပ်ချေ။
အချိန်အတန်ကြာသည့်နောက် ဟယ့်ယွင်ထင်၏ အသံက ဒီရေကျဆင်းသွားပြီးနောက် ထွက်ပေါ်လာ၏။ သို့သော် အက်ရှနေဆဲဖြစ်သည်။ ဗီဒီယိုခေါ်ဆိုမှု မဖွင့်ထားသဖြင့် သူက ဟယ့်ယွင်ထင်၏ အသံတစ်ခုထဲကိုသာ ကြားလိုက်နိုင်၏။ “လင်းဟန် … မင်းကသိပ်လှတယ် …”
👾