Chapter 87
Viewers 8k

👾Chapter 87

(ကိုယ်လည်းမင်းကို နမ်းနေတယ် )



သူတို့နှစ်ဦး မိနစ်အနည်းငယ် ကြာသည်အထိ စကားမဆိုမိကြချေ။ 


လင်းဟန်က မနီးမဝေးရှိ ကျောင်းနောက်ကျသော ကျောင်းသားများအသံကို ကြားနေရသည်။ ထို့အတူ ကူးလုလု အကြိုက်ဆုံးအပိုင်းအား ထုတ်လွှင့်နေသည့် တီဗီမှအသံကိုလည်း ကြားနေရ၏။ ထိုအပိုင်းထဲတွင် မကောင်းသော အယ်လ်ဖာသည် အချစ်သစ်တွေ့သွားသည့် သူ၏ ရည်းစားဟောင်းအား မျက်ရည်များဖြင့် ကြည့်နေလေသည်။ သူက ဆက်သွယ်ရေးစက်မှ အသံကိုလည်း ရံဖန်ရံခါ ကြားနေရ၏။ 


ဟယ့်ယွင်ထင်သည် ကောင်းမွန်စွာ ထိန်းချုပ်ခဲ့ပြီး အချိန်ကြာကြာပင် မယူခဲ့ရချေ။ သူက လင်းဟန်ထံမှ အသံတစ်ချက်မှ မကြားရခင် အချိန်အတွင်း သူ့ကိုယ်သူပင် သန့်ရှင်းခဲ့၏။ မည်သို့ပင်ဖြစ်စေ၊ စေးကပ်မှုများ ပျောက်ကွယ်သွားသည့်တိုင် အနံ့ကမူ ပျယ်လွင့်မသွားခဲ့ချေ။ 


လင်းဟန်က ပါးစပ်ဖွင့်လိုက်၏။ သို့သော် မည်သည့်အသံကိုမှ မပြုလုပ်နိုင်ခဲ့ချေ။ သူက သတ္တုချင်းတိုက်ခတ်သံကို ကြားချိန်၌ ရှက်သွေးဖြာလာ၏။ 


သူ ဘာလုပ်လိုက်မိတာလဲ … 


လင်းဟန်၏ မျက်နှာက အဖျားကြောင့် နီရဲနေနှင့်ပြီးဖြစ်၏။ သူက ခြေထောက်များကို လှုပ်ရှားလိုက်ချိန်၌ စိုစွတ်နေသည့် နေရာအား ထိမိသွားခဲ့ရသည်။ 


“…”


အိုမီဂါများသည် အယ်လ်ဖာများနှင့်မတူကြချေ။ သူတို့၏ ခန္ဓာကိုယ်များက သင့်တော်အောင် ချိန်ညှိထား၏။ heat ဝင်ခြင်းနှင့် rut ကာလသည် အယ်လ်ဖာနှင့် အိုမီဂါတို့အကြား ထိတွေ့ခြင်း၊ အမှတ်အသားပြုခြင်းတို့ကို လိုအပ်သည့်အချက်၌ တူသယောင်ရှိသော်လည်း တကယ်တမ်းတွင် ခြားနားချက်များ ရှိနေသေးသည်။ 


ဖယ်ရိုမုန်း ခွဲထုတ်ရာ၌ တစ်ဦးက ပိုင်ဆိုင်လိုစိတ် ရှိရမည်ဖြစ်ပြီး၊ အခြားတစ်ဦးက လွှဲပြောင်းရယူရပေမည်။ ထို့ကြောင့် လင်းဟန်သည် ဟယ့်ယွင်ထန်ကဲ့သို့ ထုတ်လွှတ်ပြီးသည်နှင့် အဆင်ပြေမသွားခဲ့ချေ။ ထိုအစား သူက လစ်ဟာမှုကိုသာ ခံစားလိုက်ရသည်။ 


သူက ပထမဆုံးအကြိမ်အဖြစ် သူ၏ အိုမီဂါဖြစ်စဉ်ကြောင့် ရှက်သွေးဖြာသွားခဲ့၏။ 


မကြာမီရောက်လာတော့မည့် နေ့ရက်၌ သူသည် ဤသို့သာ ဖြစ်နေပေလိမ့်မည်။ သူ့ခန္ဓာကိုယ်တွင်းရှိ နွေးထွေးမှုသည် ပျောက်ကွယ်မသွားခဲ့ချေ။ သူက စေးကပ်နေသော လက်များဖြင့် အိပ်ရာထဲ၌ သူ့ကိုယ်သူ လက်လျှော့ထားသကဲ့သို့ လဲလျောင်းလျှက်ရှိ၏။ 


ဟယ့်ယွင်ထင်သည် ယခုအခါ ဒရိုင်ဘာ ထိုင်ခုံ၌ ရှိနေပေလိမ့်မည်။ သူ့မျက်နှာထက်ရှိ အမူအရာမှာ တည်ငြိမ်စပြုနေမည်သာ။ သူ၏ ယူနီဖောင်းကို ချွတ်ထားခြင်းရှိမရှိ လင်းဟန်မသိချေ။ သို့သော် လက်ရှိအချိန်၌ သူ၏ တည်ငြိမ်သော ပုံရိပ်တွင် ရာဂအချို့ စွက်နေပေလိမ့်မည်။ 


သူ၏ လက်များက တစ်နေရာတွင် ရှိနေမည်ဖြစ်ပြီး သူ့ပုံရိပ်သည်လည်း ယခင်ကဲ့သို့ အေးစက်တော့မည်မဟုတ်ပေ။ 


လက်ရှိအချိန်၌ သူ၏ စိတ်နှင့်ကိုယ်သည် တစ်ထပ်တည်း ဖြစ်နေပေလိမ့်မည်။ 


မကြာသေးခင်ကပင် လင်းဟန်က သွေးဆောင်ခြင်း၌ အလွန်အာရုံစိုက်ခဲ့၏။ သို့သော် သူသတိပြန်ဝင်လာချိန်၌ သူ့လည်ချောင်းများ ခြောက်သွေ့နေသည်ကို ခံစားလိုက်ရသည်။ 


ပို၍ အရေးကြီးသည်မှာ … 


မက်ခါတစ်ခုလုံးသည် ယခုအခါ ငါးညှီနံ့၊ သစ်မွှေးနံ့တို့ဖြင့် ပြည့်နှက်နေပေတော့မည်။ ၎င်းက ထိုပုဂ္ဂိုလ်တစ်ဦးထဲသာ ပိုင်ဆိုင်သည့် ရနံ့ဖြစ်၏။ 


လင်းဟန်က မသိစိတ်ဖြင့် နှုတ်ခမ်းကို လျက်လိုက်မိသည်။ ထိုအချိန်မှာပင် ဟယ့်ယွင်ထင်၏ အသံ ထွက်ပေါ်လာ၏။ 

“မစ္စတာလင်း …” 


လင်းဟန်၏ လှုပ်ရှားမှုများ တောင့်တင်းသွားသည်။ ဗီဒီယို ဆက်သွယ်မှုဖြတ်တောက်ထား၍သာ တော်တော့သည်ဟု သူတွေးလိုက်၏။ 

“ကျွန်တော် ဒီမှာပါ …” 


ဟယ့်ယွင်ထင် စောစောက ပြောခဲ့သည့် စကား၊ တစ်ဖက်လူ၏ ပင့်သက်ရှိုက်သံတို့ကို စဉ်းစားလျှက် လင်းဟန်က အပျော်စောနေသည်ဟု ခံစားရ၏။ သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရင်း ဟယ့်ယွင်ထင်အား မေးလိုက်သည်။

“ဒီတော့ … ခင်ဗျား … ပိုကောင်းလာပြီလား …” 


၎င်းက အယ်လ်ဖာတစ်ဦး၏ မသက်မသာဖြစ်မှုကို ပမာဏတစ်ခုသို့တိုင် လျှော့ချနိုင်သော်လည်း အလွယ်တကူ ပြီးဆုံးသွားခြင်း မရှိချေ။ သို့သော် ဟယ့်ယွင်ထင်အတွက်မူ ဤသည်က လုံလောက်၏။ 


“ကိုယ် သက်သာလာပါပြီ …”ဟယ့်ယွင်ထင်က ပြန်ဖြေသည်။ သူသည် ယခင်က သူ့ကိုယ်သူ ကျေနပ်အောင် မလုပ်ခဲ့ဖူးချေ။ ထို့ကြောင့် သာမန်ချိုမြိန်မှု၏ ဆယ်ပုံတစ်ပုံကိုသာ ခံစားခဲ့ရသည့်တိုင် သူ့အတွက် လုံလောက်နေ၏။ 


လင်းဟန်သည် အသည်းကွဲသွားသလို ခံစားလိုက်ရသည်။ ထိုသူ့အား မနမ်းနိုင်သည်က သူ့အတွက် ခါးသီးလှ၏။ နှစ်စက္ကန့်အကြာ၌ ဗီဒီယိုအား ပိတ်သွားသည့် ဟယ့်ယွင်ထင်သည် သူ့အား ဖိတ်ကြားချက် ထပ်မံပို့လာသည်။ 


လင်းဟန်သည် တောင့်တင်းသွား၏။ သူက မသန့်ရှင်းရသေးသည့် ခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။ 

“ဘာလို့ …” 


ပိတ်လိုက်ပြီထင်တာ … 


သူက ဗီဒီယိုအား အချိန်မရွေး ဖွင့်နိုင်သည်ဟု ပြောခဲ့သော်လည်း ယခုအချိန်၌မူ လင်းဟန် ရှက်ရွံ့နေဆဲဖြစ်၏။ သူက ရှက်သွေးဖြာနေဆဲဖြစ်ပြီး ရေချိုးလိုက်ချင်မိ၏။ သူက ငြင်းဆန်တော့မည့် အချိန်၌ ဟယ့်ယွင်ထင်၏ အသံကို ကြားလိုက်ရသည်။ 


ဟယ့်ယွင်ထင်သာလျှင် သူ့အား မငြင်းဆန်နိုင်ခဲ့သူမဟုတ်ချေ။ လင်းဟန်သည် တစ်စုံတစ်ခုပြောရန် ပါးစပ်ဖွင့်လိုက်ပြီးမှ မသိစိတ်ဖြင့် ခွင့်ပြုပေးလိုက်မိ၏။ 


ဖန်သားပြင်ထက်မှတဆင့် လင်းဟန်က တစ်ဖက်လူကို တွေ့လိုက်ရ၏။


လေယာဉ်မှူးအခန်းထဲရှိ မီးရောင်သည် ခပ်မှိန်မှိန်သာ ဖြာကျနေ၏။ လင်းဟန်က ဟယ့်ယွင်ထင်၏ ယူနီဖောင်းထက်ရှိ ပခုံးဒေါက်များနှင့် သူ၏ စေ့စပ်တိကျသော ပုံရိပ်ကိုသာ မြင်နိုင်၏။ လင်းဟန်၏ မျက်ဝန်းများသည် ဟယ့်ယွင်ထင်အား မြင်လိုက်သည်နှင့် တစ်ချက်လက်သွားကာ ခေါင်းကို မသိမသာ ငုံ့ချလိုက်မိသည်။ 


“ရှက်လို့လား …” 

ဟယ့်ယွင်ထင်ဟူသည့်အတိုင်းပင် သူက အခြေအနေကို မကြည့်ပဲ တည့်တိုးဆန်ဆန် ပြောလေ့ရှိ၏။ 


လင်းဟန် သူ့အား မြင်လိုက်သည်နှင့် သူ့နားရွက်ကလေးများက အနီရောင်ပြောင်းသွားခဲ့သည်။ သို့သော် တစ်ဖက်လူအား မကြည့်ပဲ မနေနိုင်ခဲ့ချေ။ သူက နှာခေါင်းကို ပွတ်ကာ မေးလိုက်၏။

“ဘာလုပ်နေတာလဲ …” 

သူက စကားဆုံးသည်နှင့် ဟယ့်ယွင်ထင်၏ တည့်တိုးဆန်သော ဦးနှောက်လည်ပတ်ပုံကို တွေးကာ သက်ပြင်းချလျှက် ဆက်ပြောလိုက်၏။

“ကျွန်တော့်အတွက် ဒါက ပထမဆုံးပဲ … ဖြည်းဖြည်းချင်း သွားရအောင် …”


“အင်း …” 

ဗိုလ်ချုပ်ကြီးက တာဝန်ကျေပွန်စွာ တောင်းပန်လိုက်သည်။

“ကိုယ် တောင်းပန်ပါတယ် …”


လင်းဟန်က မျက်တောင်ခတ်လိုက်ရင်း သူ့အရှေ့ရှိလူကို ကြည့်လိုက်၏။ 


ဘယ်လိုပြောရပါ့မလဲ … 


“ထားလိုက်ပါ …” 

သူ၏ ရှက်ရွံ့မှုသည် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခဲ့သည်။ ဟယ့်ယွင်ထင် သူ့အား လှောင်ပြောင်လိုစိတ် မရှိသည်ကို တွေ့လိုက်ရသည်နှင့် လင်းဟန်က တစ်ရှူးစကို ဆွဲယူကာ လက်သုတ်လိုက်၏။ ထို့နောက် သူက ညအိပ်ဝတ်စုံဝမ်းဆက်ကို ပြန်ဝတ်ကာ တင်ပလ္လင်ခွေထိုင်လိုက်သည်။ 

“ကျွန်တော် စိတ်မဆိုးပါဘူး …”


“ဗွီ ပရိုတွန်ဂြိုဟ်အကြောင်း ထပ်ပြောပြပါလား …”


ဟယ့်ယွင်ထင်၏ rut ကာလကို အာရုံစိုက်နေရသဖြင့် လက်ရှိအခြေအနေအကြောင်း လင်းဟန် သေချာမသိရသေးချေ။ သူက ထိုသို့မေးလိုက်ပြီး ဟယ့်ယွင်ထင်ကို ကြည့်လိုက်၏။ ထို့နောက် မျက်ဝန်းလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးကာ ဟယ့်ယွင်ထင်၏အမည်ကို ခေါ်လိုက်သည်။ 


လင်းဟန်က တစ်ဖက်လူ၏အမည်ကိုသာ ခေါ်ခဲ့သည်။ ‘ဘယ်အချိန်ပြန်လာမှာလဲ’ ဟူသည့် မေးခွန်းများကို မမေးခဲ့သလို ဘေးကင်းအောင် ဂရုစိုက်နေထိုင်ရန်လည်း တပူပူတကျီကျီ မလုပ်ခဲ့၊ တစ်ဖက်လူ၏ ဆုံးဖြတ်ချက်များကိုလည်း မနှောင့်ယှက်ခဲ့ချေ။ 


သို့သော် သူ ထိုသူအား လွမ်းဆွတ်မြဲဖြစ်၏။ 


လင်းဟန်က အိပ်ရာပေါ်တွင် ထိုင်နေသည့် သူ၏ပုံစံသည် သာမန်ဆန်လွန်းသည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် ပျင်းရိဟန်ဖြင့် စောင်ထဲသို့ ဝင်ခွေလိုက်ရင်း ခေါင်းအုံးကိုအုံးလျှက် ဟယ့်ယွင်ထင်နှင့် စကားဆက်ပြောခဲ့၏။ 


ထိုပုံစံအတိုင်း မိနစ်အနည်းငယ်ကြာ ရှိနေပြီးနောက် လင်းဟန်က မျက်ဝန်းများကို ပွတ်သပ်ရင်း သမ်းဝေလိုက်သည်။ 


သူက ဟယ့်ယွင်ထင်အား နှုတ်ဆက်စကား ဆိုတော့မည့်အချိန်၌ တစ်ဖက်လူက ဦးစွာ စောစောအိပ်ရန် ပြောလာခဲ့သည်။ သို့သော် ခေါ်ဆိုမှုကိုမူ မဖြတ်တောက်ခဲ့ချေ။


သူက ဆက်သွယ်မှုအား ဖြတ်တောက်တော့မည့်အချိန်၌ ဟယ့်ယွင်ထင်၏ ခေါ်သံကို ကြားလိုက်ရ၏။ 

“မစ္စတာလင်း …”


သူ့အသံက ယခင်နှင့် မတူချေ။ ပုံမှန်အေးစက်စက် မဟုတ်သလို စောစောကကဲ့သို့လည်း အက်ရှမနေခဲ့ချေ။ နူးညံ့၍ ညှင်သာလှသော အသံဖြစ်၏။ 

“မင်းရဲ့ နားသံသီးလေးကို ထိလိုက်ပါ …”


လင်းဟန်က တစ်ဖက်လူထံမှ ထိုသို့တုန့်ပြန်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သို့သော် သူက ရှက်သွေးဖြာလျှက် တစ်ဖက်လူပြောသည့်အတိုင်း လုပ်ဆောင်လိုက်၏။ သူ၏ နားသံသီးလေးသည် အနည်းငယ် ပူလောင်နေပြီး သူ၏ လက်ချောင်းထိပ်များကမူ မသိမသာ အေးစက်နေခဲ့သည်။ 


တစ်ဖက်လူ၏ နှုတ်ခမ်းဖျားရှိ အပူချိန်ကဲ့သို့ပင်။ 


“ … အဲဒါ ကိုယ်မင်းကို နမ်းလိုက်တာ … ကောင်းသောညပါ …”


ခဏကြာ အနားယူပြီးသည့်နောက် မက်ခါများက ခရီးဆက်ခဲ့ကြ၏။ သူတို့က ဗွီ ပရိုတွန်၏ အဓိကနယ်မြေထံသို့ ဦးတည်လိုက်ကြ၏။ မိုးသစ်တောကို ဖြတ်ကျော်လာပြီးနောက် သူတို့က မြို့တစ်မြို့အတွင်း ထပ်မံဝင်ရောက်လာခဲ့ကြသည်။ သို့သော် ဤမြို့သည် သူတို့ ကျော်ဖြတ်ခဲ့သော မြို့နှင့် မတူချေ။ သေဆုံးနေသူများကို မတွေ့ရသလို လမ်းပေါ်၌ လူနည်းအကျဉ်းသာ ရှိသော်လည်း စတိုးဆိုင်များ ဖွင့်လျှက်ရှိနေသေး၏။ ရဲသားများသည်လည်း တာဝန်ကျေပွန်စွာ ကင်းလှည့်နေကြသည်။ 


မြို့တစ်မြို့လုံးက အနည်းငယ် အသက်ဝင်လျှက်ရှိ၏။ 


လူများက သာမန်အတိုင်း သွားလာနေကြပြီး ဒေါင်လိုက်မျက်ဆံများလည်း မရှိကြချေ။ မက်ခါများအား မမြင်ဖူးသည့် ကလေးအချို့သည် သူတို့ထံသို့ လက်ဝေ့ယမ်းပြနေ၏။ စိတ်ခံစားလွယ်သူများက မက်ခါများကို ကြည့်ရင်း မျက်ရည်ဝဲလာကြသည်။ သူတို့က ဤနေရာ၌ အကြာကြီး ပိတ်မိနေခဲ့ရ၏။ ယခုအခါ မျှော်လင့်ချက်အလင်းရောင်ကို တွေ့လိုက်ရပြီဖြစ်သည်။ 


ဗွီပရိုတွန်ဂြိုဟ်၏ မြို့တော်သည် ကြီးမားခြင်းမရှိသည့်တိုင် စီးပွားရေးအချက်အချာဒေသဖြစ်၏။ သို့သော် ၎င်းရှိ ဖွံ့ဖြိုးတိုးတက်မှုသည် L ဇုန်နှင့် ယှဉ်နိုင်စွမ်းမရှိချေ။ 


ဗွီ ပရိုတွန်တစ်ခုလုံး၌ ဘီတာများဖြင့် အများဆုံး ပြည့်နှက်နေ၏။ ထိုနေရာ၌ မက်ခါစစ်တပ်ကြီးများ မရှိကြချေ။ ဗွီ ပရိုတွန်၏ လက်ရှိ မက်ခါများသည် မိမိကိုယ်ကိုယ် ကာကွယ်ရာ၌သာ အသုံးပြုနိုင်ပြီး အခြေခံအကျဆုံး မက်ခါများ ဖြစ်ကြ၏။ ၎င်းတို့က တိုက်ခိုက်နိုင်စွမ်း၌ အရည်အသွေးညံ့ဖျင်းလှသည်။ 


သူတို့က ဗွီ ပရိုတွန် မြို့တော်သို့ တိုက်ရိုက်ဦးတည်ခဲ့သည်။


ရှုကျစ်ဟန်က အမြဲလိုလို ပုန်းကွယ်နေ၍မဖြစ်နိုင်ချေ။ ထို့ကြောင့် လုအန်းဟယ်သည် သူ့အား ဖွဲ့စည်းပုံအတွင်းသို့ အကြောင်းပြချက်တစ်ခုဖြင့် ပါဝင်လာစေခဲ့၏။ 


သူတို့က မြို့တော်သို့ ရောက်သည့်တိုင် အစိုးရနှင့် အဆက်အသွယ်မရသေးချေ။ အစိုးရ အဆောက်အဦး အနီးသို့ ရောက်သည်အထိလည်း ဟယ့်ယွင်ထင်အား မည်သူမှ လာရောက်ကြိုဆိုခြင်းမရှိကြချေ။ အစိုးရ၏ အဆောက်အဦးမှာ အတော်အသင့် ကောင်းမွန်၏။ သို့သော် အင်ပါယာနှင့်မတူပဲ မက်ခါများအတွက် ရပ်နားစခန်း ပြုလုပ်ပေးမထားခဲ့ချေ။ ထို့ကြောင့် သူတို့က အနီးဆုံးနေရာ၌ မက်ခါများကို ရပ်နားကာ ပတ်ဝန်းကျင်အား စစ်ဆေးပြီးနောက် ဆာဂျင်များကို မက်ခါမှ ထွက်ခွာလာစေခဲ့သည်။ 


သူတို့က ရပ်နားပြီးသည်နှင့် ပတ်ဝန်းကျင်အား မျက်ခြေမပြတ် စစ်ဆေးခဲ့၏။ ရှုကျစ်ဟန်ကမူ လုအန်းဟယ်၏ မက်ခါမှ ထွက်ခွာပြီးသည်နှင့် ဟယ့်ယွင်ထင်ထံသို့ သွားလေသည်။ သူ၏ ဆံပင်များသည် ဟယ့်ယွင်ထင် သူ့အား ပထမဆုံး တွေ့ဖူးစဉ်ကထက် ပိုဖြူနေ၏။ လက်တလောဖြစ်ရပ်များက သူ့အား အသက်ပိုကြီးလာစေပုံရသည်။ သူရှာဖွေတွေ့ရှိခဲ့သည့် သုတေသနရလဒ်များက ခိုးယူခံခဲ့ရ၏။ ထို့အပြင် ထိုကိစ္စနောက်ကွယ်မှ အမှန်တရားကို မဖော်ထုတ်နိုင်သေးခင် လက်ရှိပြဿနာ ပေါ်လာခဲ့သည်။ ထိုမျှမကသေး၊ ဤအကြံဉာဏ်အား စတင်ခဲ့သူက သူ၏ ကျောင်းသားဖြစ်သည်ဟူသည့် အချက်သည် ရှုကျစ်ဟန်အတွက် ပို၍ လက်ခံရခက်စေ၏။ 


“ဗိုလ်ချုပ် …” 

သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်မခံနိုင်သေးဟန်ဖြင့် ဒေါသများ၊ ဝမ်းနည်းမှုများဖြင့် ခေါ်လိုက်သည်။ 

“ဘာလို့ …” 


“ခင်ဗျားရဲ့ ဒေါသကို ကျုပ်နားလည်တယ် …” 

ဟယ့်ယွင်ထင်က ဤကဲ့သို့ဖြစ်လာမည်မှန်း သိခဲ့၏။ သူက တည်ငြိမ်စွာ ပြန်ဖြေရင်း သူ၏လက်ထံသို့ ဦးတည်လာသည့် ရှုကျစ်ဟန်၏ လက်ကို ရှောင်တိမ်းလိုက်သည်။

“ဒါ့ကြောင့် ကျုပ်အခက်အခဲကိုလည်း နားလည်ပေးပါ … သူတို့ လူတွေကို ရန်မပြုဘူးလို့ အာမခံနိုင်စွမ်းမရှိဘူး … ဒါက အကောင်းဆုံးရွေးချယ်မှုပဲ …”


ရှုကျစ်ဟန်က သူ၏ ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားနေသကဲ့သို့ နေရာ၌ပင် တောင့်တောင့်ကြီး ရပ်နေခဲ့သည်။ သူ၏ သုတေသနများသည် လူသားမျိုးနွယ်အား အကျိုးပြုခဲ့ဖူး၏။ သို့သော် သူ့မျက်စိရှေ့ရှိ အမှန်တရားကမူ သွေးလွှမ်းပြီး ရက်စက်လှပေသည်။


“ကောင်းပြီ ..”

ရှုကျစ်ဟန်၏ အသံမှာ ခြောက်ကပ်နေ၏။

“ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော်နဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေတုန်းပဲ … ကျွန်တော် ဒါ့ကြောင့် ဒီမှာရှိနေရတာ …” 

သူက ခက်ခက်ခဲခဲ ပြောလိုက်သည်။

“တစ်နေ့မှာ ကျွန်တော့်ရဲ့ သုတေသနကြောင့် လူတွေအသက်အန္တရာယ်ရှိလာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး …”


သူက ထိုသတ္တဝါများကို လူ ဟု ခေါ်ဆိုနေဆဲပင်။ 


“ကျွန်တော် သူတို့ သေသွားတာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး … သူတို့က …”

ရှုကျစ်ဟန် နောက်ထပ် မည်သည့်စကားကိုမှ မဆိုနိုင်တော့ချေ။ သူက သူ၏ သုတေသန မှားယွင်းသွားခဲ့သည်ဟုပင် သံသယဝင်လာ၏။

“ဒီတော့ နောက်ထပ်များ ပေါ်လာခဲ့ရင် ကျွန်တော့်ကို ကြိုးစားခွင့်ပေးပါ …”

သူ့မျက်ဝန်းများက နီရဲနေ၏။

“ကျွန်တော် သူတို့ကို ကယ်ကောင်းကယ်နိုင်မှာပါ … သူတို့ဒီအတိုင်း …. ကျေးဇူးပြုပြီးတော့ …”


ဟယ့်ယွင်ထင်က ထိုသူအား အေးစက်စက် ငုံ့ကြည့်လိုက်သည်။ ရှုကျစ်ဟန်၏ စကားများကြောင့် သူက ရင်ထဲထိမသွားခဲ့ချေ။

“ခင်ဗျားရဲ့လုံခြုံမှုက လူမှန်းမသိ ဇာ့ဂ်မှန်းမသိတဲ့ သတ္တဝါတွေကို ကယ်တင်တာထက် အရေးကြီးမှန်း ခင်ဗျားနားလည်ဖို့ ကျုပ်မျှော်လင့်ပါတယ် … ဒါပေမယ့် ခင်ဗျားပြောသလို ဖြစ်နိုင်ချေရှိရင် …”

ဟယ့်ယွင်ထင်က လှည့်ထွက်လိုက်သည်။

“ဆွေးနွေးကြည့်ကြတာပေါ့ …”


ရှုကျစ်ဟန် ဆက်လက်ငြင်းခုံမနေတော့ချေ။ 


အစိုးရအဆောက်အဦးထံသို့ သွားရောက်နေရင်း ဟယ့်ယွင်ထင်သည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွား၏။ 


လုအန်းဟယ်သည် ရှုကျစ်ဟန်နှင့် လတ်တလောတွင် နီးနီးကပ်ကပ် ရှိခဲ့သည်။ ထို့ကြောင့် ဟယ့်ယွင်ထင်က သူ့အား ရုတ်တရက် မေးလိုက်၏။

“ရှီးယွမ်အကြောင်း သိရသေးလား …”


လုအန်းဟယ်က ချက်ချင်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“သူတို့ကြားထဲမှာ အဆက်အသွယ်ရှိလားဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး … ဒါပေမယ့် လွန်ခဲ့တဲ့သုံးနှစ်က ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ သူက ပရော်ဖက်ဆာရှုရဲ့ ပို့ချမှုကို တက်ရောက်ဖူးပါတယ် …”


မွေးနေ့လား … 


“ဘယ်လိုဖြစ်လို့ မွေးနေ့လဲ ..” 

ဒါက သာမန်နေ့တစ်နေ့ပဲ မဟုတ်ဘူးလား …


ဟယ့်ယွင်ထင်က လုအန်းဟယ်ထံမှ ရက်တစ်ရက်ကို မှတ်ရခက်သော နည်းလမ်းဖြင့် သိရသည့်အတွက် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ လုအန်းဟယ်သည်လည်း တောင့်တင်းသွားခဲ့၏။ ထို့နောက် သူက နေ့ရက်ကို ချက်ချင်း ပြန်ပြောပြလိုက်သည်။ 


ထိုနေ့မှာ သူ၏ မွေးနေ့ဖြစ်၏။ ဟယ့်ယွင်ထင်က ထိုနေ့ရက်၌ ကွင်းဆင်းလေ့ကျင့်ရေး ဆင်းနေခဲ့ကြောင်း အမှတ်ရသွားခဲ့သည်။ သူက ထိုနေ့ရက်တွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မှတ်မိလေသည်။ ထိုနေ့သည် အလွန်သာမန်ဖြစ်သော နေ့တစ်နေ့သာ ဖြစ်၏။ 


ဟယ့်ယွင်ထင် မျက်မှောင်ကြုတ်လိုက်မိသည်။ 


သူက ရုတ်တရက်ဆိုသလို လင်းဟန်၏ ကျီစယ်သော မေးခွန်းအား အမှတ်ရလိုက်၏။


‘ခင်ဗျားက မှတ်မိချင်တာကိုပဲ မှတ်မိတတ်တာလား ..’


👾