Chapter 10
Viewers 406

UNDEAD CHAPTER 10


ကျုံးရုန် စိတ်ထဲမှာမှန်းဆခဲ့တဲ့ အဆိုးရွားဆုံးဖြစ်နိုင်‌ချေတွေက ဖြစ်ပျက်လာခဲ့ပြီဖြစ်သည်။ စက်ရုံခေါင်မိုးပေါ်တွင် မတ်တပ်ရပ်၍ စစ်ဘက် သုံးမှန်ပြောင်းများကို ချကာ အတွေးနက်ရှိုင်းစွာဖြင့် မိုးကုတ်စက်ဝိုင်းအား စိုက်ကြည့်နေခဲ့သည်။


သူ့ရှေ့တွင်  မှိုင်းပြပြ ဆောင်းဦးရာသီ ရှု‌ မျှော်ခင်းက ကြည်လင်လာခဲ့ပြီး ကောင်းကင်ပြာက သူ့မျက်စိတစ်ဆုံးရှိနေခဲ့၏။


အဝေးတွင်ရှိသော B မြို့သည် အပျက်အစီးများပုံထဲတွင် တည်ရှိနေတဲ့ သင်္ချိုင်းကြီးတစ်ခုလို ဖြစ်နေခဲ့သည်။


"လှိုင်းတိုရေဒီယို အချက်ပြမှုက တစ်နိုင်ငံလုံးအနှံ့ ပြတ်တောက်‌သွားပြီ။ ငါတို့‌တွေ အခြေစိုက်စခန်းနဲ့ အဆက်အသွယ်မရ‌ တော့ဘူး၊ ငါတို့ရဲ့တည်နေရာအချက်ပြမှုကိုလည်း တုံ့ပြန်မဲ့သူ ဘယ်သူမှ မရှိဘူး။ တစ်ပတ်တောင်ရှိနေပြီ။ B စစ်ဆင်‌ရေးနယ်မြေ ကျသွားတာပဲဖြစ်ရမယ်၊ မြို့ကို ရှင်းလင်းဖို့ နူကလီးယားဗုံးတောင် မရှိတော့ဘူး..."


ကျုံးရုန် တီးတိုးရေရွတ်လိုက်၏။ "ဒါ ဘယ်လိုအခြေအနေမျိုးကြီးလဲကွာ"


 သူ့အနောက်က သတ္တုလှေခါးကို တစ်စုံတစ်ယောက် တက်လာနေသံကို ကြားလိုက်ရပြီး တည်ငြိမ်စွာပြောလိုက်တဲ့ အသံတစ်သံထွက်လာခဲ့သည်။ "နျူကလီးယား ဗုံးကျဲနိုင်စွမ်းရှိတဲ့ စစ်ဆင်‌ရေးနယ်‌ မြေတွေအကုန်လုံး ကျသွားတာဖြစ်နိုင်တယ်။ အသန်မာဆုံး ခံတပ်တောင်မှ အတွင်းပိုင်း တိုက်ခိုက်မှုကို မကာကွယ်နိုင်ဘူး အစ်ကို ဒါကို နားလည်ပါတယ်။"


"ယန်ဟောင်" ကျုံးရုန်က လေးနက်စွာပြောလိုက်၏။ 

"စီနန်ပြောတဲ့နည်းအတိုင်း စကားကို  ပုံတူဆက်ကူး‌ နေဦးမယ်ဆိုရင် ငါမင်းကို လာ‌ ဆော်ပလော်တီးလိုက်မှာနော်။ ငါ တကယ် အတည်‌ပြောနေတာ။"


ယန်ဟောင်က တဟားဟားရယ်လိုက်ပြီး စီးကရက်တစ်လိပ်ကို ကမ်းပေးလာသည်။


"ယို့" ကျုံးရုန် အနည်းငယ်လေး အံ့သြသွားသည်။ "မင်းမှာ ကျန်‌နေသေးတာလား"


"အရပ်သားတွေက ငါ့ကို ပေးတာ။


"ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရဲ့ အဖွဲ့ဝင် တစ်ယောက် အနေနဲ့ ငါတို့အရပ်သားတွေဆီကနေ ဘာဆိုဘာမှ လက်ခံလို့မရဘူးလေ..."


"ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အရပ်သားတွေကို ဂတ်စ်အိုးသယ်တဲ့ကားနဲ့ ပို့ ဆောင်ဖို့ ကူညီပေးပြီး စောင့်ကြပ်ပေးနေတာလေ။ စီးကရက်တစ်လိပ်သောက်လို့ ကျွန်တော်တို့ အပြစ်ပေးခံရမှာ မဟုတ်ပါဘူး။ သောက်မှာသာ သောက်လိုက်စမ်းပါ။"


 

အေးခဲနေတဲ့ ဆောင်းဦးရာသီ ကောင်းကင်အောက်တွင် ကျုံးရုန် နဲ့ ယန်ဟောင်တို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ရင်း စီးကရက်ကိုယ်စီနဲ့ ဖွာရှိုက်နေကြသည်။ သူတို့အောက်က ခြံဝန်းရှေ့တွင် အမျိုးသားတွေစု ရုံးနေကြပြီး ခြံစည်းရိုး သွပ်ကြိုးတွေ တပ်ဆင်နေကြသည်။ အမျိုးသမီး‌များက ကြက်‌ တွေကို အစာကျွေး‌နေခဲ့ကာ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုး‌နေကြပြီး ရံဖန်ရံခါ စပ်မိစပ်ရာ စကားများ ပြောဆို‌ နေကြရင်းဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိနေခဲ့သည်။


 

ကျုံးရုန် သူ့ရဲ့စီးကရက်ပြာကို ခါချလိုက်သည်။ "နှစ်ရက်အတွင်း ငါတို့ရဲ့ ပတ်ပတ်လည်ကို အကာအကွယ်‌ တွေတပ်ဆင်ပြီးတာနဲ့ အဲဒီကအခြေအနေတွေကို စစ်ဆေးဖို့ B စစ်ဆင်‌ ရေးနယ် မြေကို ငါတစ်ယောက်တည်း သွားမယ်။ မင်းတို့အားလုံး ငါ့ဆီက‌ နောက်ဆုံးသတင်းကို ဒီက‌ နေပဲစောင့်‌ နေကြ။"


 

ယန်ဟောင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ "မင်း ရူးနေလား၊ B မြို့က ဘယ်လောက်ကြီးလဲ သိလို့လား။ ရဟတ်ယာဉ်တစ်စီး လေထဲကနေ ထွက်လာအောင် မင်း လုပ်နိုင်မှာမို့လို့လား။"


"..."


 

"တကယ်လို့ B စစ်ဆင်‌ ရေးဇုန် ကျသွားရင် အဲဒီထဲမှာ ဖုတ်ကောင် ထောင်ပေါင်းများစွာ ပိတ်မိနေတယ်လို့ ဆိုလိုတာပဲ။ မင်း အသက်ရှင်တာ အရမ်းကြာနေပြီလို့ခံစားရလို့လား ဒါမှမဟုတ် တစ်ခုခုပဲလား"


သူ့မေးစေ့ကို လက်တစ်ဖက်ထောက်ပြီး ကျန်တစ်ဖက်က စီးကရက်တစ်လိပ်ကို ကိုင်လိုက်ပြီး အတန်အတန်ကြာပြီးနောက် ကျုံးရုန်က စကားစလာသည်။ "ထူးထူးခြားခြား တစ်ခုခုဖြစ်နေတယ်လို့ ငါ ခံစားရတယ်။ ဒီဗိုင်းရပ်စ်က ဘယ်လိုဖြစ်လာတာလဲ။ အဲဒီကနေ ဘယ်လို ပြန့်နှံ့သွားတာလဲ။ B စစ်ဆင်ရေးနယ်မြေက ဒီလောက် တင်းတင်း ကြပ်ကြပ်ကြီး စောင့်ကြပ်ထားတာကို ဘယ်လို ပြိုလဲသွားတာလဲ။ တကယ်လို့ မင်းဆို စစ်တပ်နယ်မြေထဲ ဝင်လာသူတိုင်းကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေမလုပ်ဘူးလို့ ပြောရင် ငါ အဲဒါကို ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် ဝင်ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူအားလုံးကို စစ်ဆေးတယ်ဆိုရင်လည်း ဗိုင်းရပ်စ်က အတွင်းထဲကနေ ဘယ်လိုပျံ့နှံ့သွားတာလဲ။"


 "အဲလို မဟုတ်ခဲ့ရင်တော့" ကျုံးရုန် က အသံနှိမ့်ကာ ပြောလိုက်သည်။ "ဗိုင်းရပ်စ်က ဗီဇပြောင်းသွားပြီ ငါတို့ရဲ့ လက်ရှိစစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ အခု ဖော်ထုတ်လို့မရနိုင်တော့ဘူး။ စောစောတုန်းက အဲဒီ T မြို့ မှာရှိတဲ့ သူနာပြုတွေလို အကိုက်မခံဘဲ ကူးစက်သွားလိုက်တာပဲ"


ကျောချမ်းဖွယ်ရာ အအေးဓာတ်က ယန်ဟောင်၏ ခန္ဓာကိုယ်ကို ဖြတ်ပြေးသွားလိုက်သည်။


ကျုံးရုန်က ဆက်ကာ ပြောလိုက်တယ်၊ "ယေဘူယျအားဖြင့်ပြောရရင်  ငါတို့က တရုတ်ပြည်မြောက်ပိုင်းတစ်ခုလုံးက ထွက်တဲ့ လုံခြုံရေးအချက်အလက်အမြင့်မားဆုံးရှိတဲ့ အကြမ်းခံနိုင်ဆုံးနဲ့ အကောင်းဆုံး တပ်ဖွဲ့ တစ်ဖွဲ့ပဲ။ ငါတို့က အခု B မြို့ နဲ့ အနီးဆုံးအသင်းပဲ။ တကယ်လို့ ငါတို့သာ တုံ့ဆိုင်းပြီး မသွားဘဲနေလိုက်ရင် B စစ်ဆင်ရေးဇုန်မှာ ဘာတွေဖြစ်နေလဲ ဘယ်သူမှ သိမှာ မဟုတ်‌တော့ဘူး။"


 "ဒါပေမယ့် ဒါတင်မကသေးဘူး တကယ်လို့ ဗိုင်းရပ်စ်က ဘယ်လိုပုံစံပြောင်းသွားလဲ ငါတို့မသိဘူးဆိုရင် အဲဒီလိုဆို ဒီမှာရှိတဲ့ ငါတို့ရဲ့ နားခိုဆောင်အဆောက်အဦးကလည်း ကြာကြာ‌ေတာင့်ခံနိုင်မှာမဟုတ်ဘူး၊ အနှေးနဲ့အမြန်ဆိုသလို ငါတို့ အခြေအနေကို ရင်ဆိုင်ဖို့လိုမှာပဲ။ ငါတို့က B မြို့နဲ့ ဒီလာက်ကပ်‌ နေတာ ငါတို့ဘာငါတို့ ဘယ်လိုလုပ်‌ စောင့်ရှောက် ပေးဖို့ ဖြစ်နိုင်မှာလဲ"


"..." ယန်ဟောင် က အချိန်အတော်ကြာ စကားမပြောဘဲ နောက်ဆုံးတွင် ဝန်ခံလိုက်ခဲ့သည်၊ "မင်းပြောတာ အဓိပ္ပါယ်ရှိတယ်"


ကျုံးရုန် လူကြီးလူကောင်းစတိုင်ဖြင့် သူ့ပခုံးကို တွန့်ပြပြီး သူ့စီးကရက်တိုကို မီးငြိမ်းလိုက်၏။


ယန်ဟောင်က ဒီအကြောင်းကို အနည်းငယ်တွေးဆလိုက်ပြီး ခေါင်းယမ်းလိုက်သည်။  "ဒါပေမယ့် မင်းတစ်ယောက်တည်း သွားလို့တော့မဖြစ်ဘူး၊ အန္တရာယ်များလွန်းတယ်။ ငါတို့ စီမံချက်ရှိသင့်တယ်..."


"ငါတို့တဲ့လား"  ကျုံးရုန် ရယ်လိုက်ခဲ့သည်။  "ဘာလဲ ငါတို့အားလုံး သွားကြမလို့လား။ ဒီလိုဆို ဒီလူသုံးဆယ်ကျော်နဲ့ ကိုယ်ဝန်သည်အမျိုးသမီးက ဘာဖြစ်သွားမလဲ။ သူတို့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ"


ယန်ဟောင်က တစ်ခုခုပြောရန် ပါးစပ်ကို ဖွင့်လိုက်စဉ်မှာတော့ သူတို့အနီးကို သေတ္တာတစ်လုံးနှင့်လူတစ်ယောက် ရုတ်တရက် ဖွားခနဲပေါ်လာလိုက်ပြီး စက်ရုံနောက်ဖေးကို ဖြတ်ကျော်ကာ စက်ရုံခေါင်မိုး ပေါ်ကို 

အမှတ်တမဲ့ မော့ကြည့်လိုက်တာကို တွေ့လိုက်ရသည်။ 


ထိုသူကတော့ စီနန်ပင်။


မြေဩဇာစက်ရုံ ဓာတ်ခွဲခန်းကနေ  ဓာတ်ခွဲခန်းအင်္ကျီကို စီနန် တွေ့ရှိခဲ့သည်။   အင်္ကျီနှင့်အတူ safety မျက်မှန်တစ်လက်နှင့် လက်အိတ်များအား သူ ၀တ်ဆင်ထားလိုက်ပြီး ကုတ်အင်္ကျီရှည်၏လက်အနားသတ်များအား အနားများကို တံတောင်ဆစ်အထိ လိပ်တင်ထားခဲ့ကာ သူ့ရဲ့သွယ်လျပေမဲ့ အားကောင်းတဲ့ လက်မောင်းများကို ဖော်ထုတ်ပြသထားသည်။


 

သူက သူ့ပခုံးပေါ်ရှိ ဓါတ်ခွဲခန်းစမ်းသပ်တဲ့သေတ္တာကို ထိန်းညှိလိုက်သည်။  လွတ်နေတဲ့နေရာတွင် မတ်တပ်ရပ်နေရင်း ကျုံးရုန် နှင့် ယန်ဟောင်ကိုတွေ့လိုက်ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် သေးငယ်သောအပြုံးလေးတစ်ပွင့် ပေးလိုက်သည်။


ဘာမှပြန်မပြောဘဲ သူ လှည့်ထွက်သွားလိုက် တော့သည်။


"..." ကျုံးရုန်က ယန်ဟောင်အား ပုတ်လိုက်ရင်းနဲ့ အံ့အားသင့်စွာ ပြောလိုက်သည်။  "ပြီးခဲ့တဲ့ရက်တွေတည်းက သူ ငါတို့ကို ရှောင်နေတာ မင်းသတိထားမိလား"


သူ တုံ့ပြန်မှု မရခဲ့လိုက်ချေ။


ကျုံးရုန် လှည့်ကြည့်လိုက်တော့ ယန်ဟောင် က အိမ်ခေါင်မိုးပေါ်ကနေ ဆင်းသွားတာကို မြင်လိုက်ရ၏။  သူက မြေပြင်ပေါ်သို့ ပေါ့ပါးသွက်လက်စွာ ဆင်းသက်ကာ စီနန် နောက်သို့ ပြေးလိုက်သွားခဲ့သည်။


************


ကျုံးရုန် စီးကရက်ဖင်ခံကို သူ့ပါးစပ်ထဲသို့ ပြန်ထည့်ကာ ဖြည်းညှင်းစွာ လှည့်ငုံလိုက်ပြီးနောက် ပြုံးလိုက်ကာ တစ်ယောက်တည်း ရယ်မောလိုက်ခဲ့တော့သည်။


တံစက်မြိတ်ဘေးမှာ ဆောင့်ဆောင့်ထိုင်ရင်း ခဏတာ မိန်းမောသွားလိုက်တယ်။  သူ သူ့ခေါင်းကို ကုတ်လိုက်ပြီး ရုတ်တရက် သူ့အသံကို မြှင့်ကာ လှမ်းခေါ်လိုက်တယ်၊ "ချောင်အာ!"


ချန်ချောင်၏ အသံသည် ကြက်ခြံရှိရာမှ ထွက်ပေါ်လာခဲ့သည်။  "ဘာလိုချင်လို့လဲ-!"


"ဘာလုပ်နေတာလဲ-!"


"ကြက်တွေ အစာကျွေးနေတာ!"


"ပါးပါး မင်းကို ကြက်စာ ကူကျွေးပေးမယ်!"  ကျုံးရုန်  ပြန်လည်အားဖြည့်လာခဲ့သည်။ အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ လက်နှစ်ဖက်ကို ပုတ်ခါလိုက်ပြီးနောက် ချန်ချောင့်ဆီသို့ သူ ဦးတည်သွားလိုက်ခဲ့သည်။


***


"ဒါက ဘာတွေလဲ၊ ယန်းမှုန့်တွေလား"  ယန်ဟောင် မြေပြင်ပေါ်တွင် မတ်တပ်ရပ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။


စီနန်က  စက်ရုံနောက်ဘက်ရှိ ကွက်လပ်အလွတ်တွင် အဝတ်စတစ်ထည်ဖြန့်ခင်းထားလိုက်သည်။   ဇာကနာ(ညှပ်တံ)ကို အသုံးပြု၍ ဓာတ်ကူပစ္စည်းသေတ္တာထဲမှ ရွှဲရွှဲစိုနေသော ဝါဂွမ်းကို ကောက်ယူပြီး အဝတ်ပေါ်တွင် ဂရုတစိုက် ချထားလိုက်သည်။  သူက ချောချောမောမော ပြန်ဖြေလိုက်ခဲ့တယ် " Dispersoid (ဒစ်စပါစွိုက်) "


"..." ယန်ဟောင် က မေးလိုက်၏။ "မင်း အခု (ဒစ်စပါဆန့်) လို့ ပြောလိုက်တာလား။"


စီနန်  "?"


စီနန် က ပြန်မမေးမီ စက္ကန့်အနည်းငယ်ကြာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။  


"ကျွန်တော် အခုနက ဒစ်စပါဆန့်လို့ပြောလိုက်တာ မဟုတ်ပါဘူး"


"မင်းပြောတာ Dispersoid (ဒစ်စပါစွိုက်)လား"


စီနန်၏ မျက်လုံးတွင် ရှုပ်ထွေးမှုများ အရိပ်အ‌ ယောင်များ ထင်ဟပ်သွားလိုက်ပေမဲ့လည်း သူ လျင်မြန်စွာ တုံ့ပြန်ပြီး မျက်လုံးထဲမှာ တောက်ပသွားစေသည်။  "ခင်ဗျား နားကြားလွဲသွားတာပါ"


သူ ပလတ်စတစ်အ၀တ်စကို ထောင့်တစ်ဘက်သို့ တစ်ဖက်လှန်လိုက်ပြီး ဂွမ်းကို ထိုအပေါ်တွင် ဆက်ဖြန့်လိုက်သည်။


Dispersoid (ကော်မှုန့်)ဆိုတာက အသုံးများတဲ့ အင်္ဂလိပ်အသုံးအနှုန်းမဟုတ်၊ လူတစ်ဦးမှ ချောမွေ့စွာပြောနိုင်လျှင်ပင် ဒီလူရဲ့အင်္ဂလိပ်စာက မဆိုးဘူးလို့ ပြောလို့ရသည်၊ သို့မဟုတ် ဓာတုအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတအနည်းငယ်ရှိသည်ဟု ဆိုလိုတာပင်၊ ယန်ဟောင်ကတော့ အနည်းငယ်သံသယဖြစ်မိသော်လည်း၊  ထိုအရာကို ထုတ်ဖော်မပြဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် မေးလိုက်သည်၊  "မင်းက နိုက်ထရိုဂလီဆာရင် ဗုံးတစ်လုံး လုပ်ဖို့ စဉ်းစားနေတာလား။"


"ဟုတ်တယ်။"  စီနန် မော့မကြည့်လိုက်ခဲ့ပေ။  "ကျွန်တော် ကြိုးစားကြည့်နေတာ။ လောလောဆယ်တော့ နိုက်ထရစ်အက်ဆစ် မြင့်မားတဲ့ ပမာဏကို ရှာမတွေ့လို့ နိုက်ထရိုဆဲလ်လူလိုစ့်မှာ နိုက်ထရိုဂျင်ပါဝင်မှု လုံလုံလောက်လောက် မရှိရင် ဗုံးမပေါက်ကွဲမှာကို စိုးမိတယ်။ ဒါပေမယ့် မီးလောင်ဗုံးတွေ လုပ်ဖို့‌ လောက် တော့လုံလောက်ပါတယ်။ "


ယန်ဟောင် နှုတ်ဆိတ်စွာနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။  သူက ခေါင်းဆတ်လိုက်ကာ နောက်ဆုံးတွင် မမေးဘဲမနေနိုင်ဘဲ မေးလိုက်၏ "မင်း အရင်က ဘာအလုပ်လုပ်တာလဲ။


"ခင်ဗျား ဘယ်လိုထင်လို့လဲ"  စီနန်က ပြန်ဖြေမဲ့အစား ပြန်ကာမေးလိုက်သည်။


ယန်ဟောင် က စဉ်းစားဖို့ အချိန်နည်းနည်းယူလိုက်ခဲ့ပြီး "ငါ မသိဘူး၊ မင်းက သေချာပေါက် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်အတွက် ကျွမ်းကျင်တဲ့ လေ့ကျင့်မှုတွေ လုပ်ထားလောက်တယ်၊ ဒါကြောင့်မို့ မင်းက အဆင့်မြင့်ကိုယ်ရံတော် ဒါမှမဟုတ် ပြည်သူ့လုံခြုံရေးဌာနမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်မလား၊ တကယ်လို့ အဲဒါက ပြည်သူ့လုံခြုံရေးဌာနဆိုရင်တော့ မင်းက  ဓာတုဗေဒ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထိတွေ့ဖူးထားတာ ဖြစ်နိုင်တယ်။ဒါပေမယ့်  အဆင့်မြင့်‌တဲ့ အထူးပြု‌ လေ့လာမှုတစ်ခု လိုအပ်လိမ့်မယ် ပြီးတော့ မင်းအသက်နဲ့က.......။


ယန်ဟောင် စီနန်ကို လေ့လာအကဲခတ်လိုက်ခဲ့ပြီး သူ့ကြည့်ရတာ တော်တော်ငယ်မဲ့ပုံပေါက်သည်ဟု သူ ခံစားခဲ့ရသည်။  သူက နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်လောက် ဖြစ်နိုင်သည်၊  တကယ်လို့ သူက အသက်နှစ်ဆယ်စွန်းစွန်းလို့ ပြောရင်တောင် မယုံနိုင်စရာကောင်းနေတုန်းပင်။


ဒီအသက်အရွယ်လေးနဲ့ သေနတ်ကိုင်နိုင်၊ ကားမောင်းနှင်နိုင်တဲ့ အရည်အချင်းရှိပြီး ဗုံးတွေတောင် ထုတ်လုပ်နိုင်တဲ့အဆင့်ရှိဖို့ဆိုရင် သူ သေချာပေါက် လူတစ်စုကိုပဲ တွေးနိုင်လေသည်-


အကြမ်းဖက်သမားတွေ။


ယန်ဟောင်၏ မျက်ခွံများက ရူးသွပ်စွာ လှုပ်ယမ်းလာခဲ့သည်။  သူ အစ်အောက်ကြည့်လိုက်ခဲ့သည်၊ 


 "မင်း...ဘာသာကဘာလဲ"


စီနန် ဦးနှောက်ခြောက်သွားခဲ့သည်။  "ဘာကြီးလဲ ဘာသာဆိုတာက။"


စီနန် နောက်ဆုံး ဝါဂွမ်းစကို ဂရုတစိုက်ဖြန့်ကာ နေရောင်ခြည် တိုက်ရိုက်မထိဘဲ သဘာဝအခြေအနေအောက်တွင် အခြောက်ခံလိုက်ခဲ့သည်။  ထို့နောက်  သူကိုယ်တိုင်ဖန်တီးခဲ့သည့် စက်ရုံနောက်ဘက်ရှိ သီးသန့်ဓာတ်ခွဲခန်းကို ပြန်သွားလိုက်ခဲ့သည်။


ယန်ဟောင်က သူ့နောက်ကို လိုက်ချင်ပေမယ့် ခြေတစ်လှမ်းသာ လှမ်းပြီးနောက် စီနန်က သူ့ခေါင်းနောက်ဘက်ကို မျက်လုံးဖြင့် စိုက်ကြည့်နေရင်း သူ့အား ရပ်ခိုင်းလိုက်ခဲ့တယ်။


ယန်ဟောင် ရပ်သာလျှင် ရပ်လိုက်နိုင်သည်။


မိနစ်အနည်းငယ်ကြာပြီးနောက် စီနန် တံခါးကိုတွန်းဖွင့်ကာ ပြန်ထွက်လာခဲ့သည်။  သူ့လက်ထဲတွင် ကတ်ထူသေတ္တာတစ်ခု ရှိပြီး သေတ္တာထဲတွင် ပိုက်ပြတ်ပိုင်းတစ်ခု၊ စက္ကူဖြူတစ်ရွက်၊ တူတစ်ချောင်းသာမက သူ    T မြို့က ပြန်ယူလာတဲ့ သားရေဂျာကင်နှင့် ဆိုင်ကယ်ဦးထုပ်တို့ပါရှိသည်။ ယန်ဟောင်က ပစ္စည်းတွေနဲ့ပတ်သတ်ပြီး သူ့ကို မေးဖို့ အချိန်မရလိုက်ခင်မှာပဲ စီနန်က သူ့ကို ဝှေ့ယမ်းပြပြီး ခပ်ဝေးဝေးမှာ ရပ်နေဖို့ အချက်ပြလိုက်ခဲ့သည်။


စီနန် ဓာတ်ခွဲခန်းအင်္ကျီနှင့် အကာအကွယ်မျက်မှန်ကို ဖြုတ်ကာ သားရေဂျာကင်နှင့် ဦးထုပ်ကို ဝတ်၍ ဇစ်ကို မေးစေ့အထိ ဆွဲတင်လိုက်သည်။  သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ဖုံးအုပ်ပြီးနောက် စမ်းသပ်ပြွန်ထဲမှ အရည်များကို ထုတ်ယူရန် ပိုက်ပြတ်စ သုံး၍ စက္ကူဖြူတစ်ရွက်ပေါ်တွင် ဂရုတစိုက် အစက်ချလိုက်ခဲ့သည်။


ထို့နောက် သူ စာရွက်ကိုချလိုက်၍ တူကို ကောက်ကိုင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။


 ထိုအခိုက်အတန့်တွင် ကြက်ခြံထဲရှိ ကြက်ဖတစ်ကောင်က လန့်ကာ အပြင်ဘက်ကို တွန်မြည်စွာ ပျံထွက်လာလိုက်သည်။   ထိုကြက်က စီနန်ဘက်သို့ ပြေးလာလိုက်ခဲ့၏--


ကျုံးရုန်က ကြက် နောက်ကနေ ဒေါသတကြီးအော်လိုက်ခဲ့၏ ။  "မပြေးနဲ့!"


ဝုန်း!


စီနန်၏ တူသည် စာရွက်ပေါ် ကျရောက်သွားခဲ့သည်။  နိုက်ထရိုဂလီစရင်သည် ပြင်းထန်စွာ တုံ့ပြန်လိုက်ခဲ့သည်။  တခဏအတွင်းပင် တုန်လှုပ်ချောက်ခြားစရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလိုက်တော့သည်!


ပေါက်ကွဲမှု၏အရှိန်သည် တစ်စက္ကန့်လျှင် 7500 မီတာသို့ရောက်ရှိပြီး တောက်လောင်သောအလင်းရောင်ကို ဖန်တီးပေးလိုက်သည်။  ယန်ဟောင်တစ်ယောက် တုန်လှုပ်ချောက်ချားဖွယ်ရာ တုန်ခါနှုန်းတွေကို ခံစားလိုက်ရပြီး ရုတ်ခြည်းပင် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားလိုက်ရသည် !


ဝုန်း!  ကြက်ဖ၏သွေးများသည် နေရာတိုင်းတွင် ဖျန်းပက်သွားလိုက်ပြီး လေထဲကနေ လွင့်စင်ကျဆင်းသွားလိုက်တော့သည်။


"စီနန်!"


စီနန်က ဖင်ထိုင်လျက်သားလဲကျသွားလိုက်ပြီး ယန်ဟောင်က သူ့ကို ကူညီဖို့ ပြေးလာလိုက်ခဲ့တယ်။  စက္ကူဖြူတစ်ရွက်က ပြာအဖြစ်သို့ ပြောင်းလဲသွားလိုက်ပြီဖြစ်သည်။  ပန်းကန်လုံးအရွယ် သေးငယ်သော မီးလောင်ချိုင့်တွင်း လေးတစ်ခု သူတို့ရဲ့ခြေရင်းတွင် ပေါ်လာလိုက်ပြီး သဲများနှင့် အညစ်အကြေးများက နေရာအနှံ့ ပြန့်ကျဲနေခဲ့လေသည်။


ယန်ဟောင်တစ်ယောက် သူ့ဘဝတစ်လျှောက်လုံး သိပ္ပံပညာအတွက် သူ့ကိုယ်သူ စတေးလိုစိတ်ရှိသူကို တစ်ခါမှ မတွေ့ဖူးခဲ့။ သူ မီးလောင် ချိုင့်ကို လက်ညိုးထိုးလိုက်ပြီးတော့ စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။  စီနန်က အခု လေးတင် ကွဲအက်သွားသော ဆိုင်ကယ်ဦးထုပ်ကို ဖယ်လိုက်ပြီး ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်သည်။  "ဘယ်ဘာသာကို ကျွန်တော် ကိုးကွယ်တာလဲလို့ ခင်ဗျား မေးနေတာလား။"


"..." ယန်ဟောင်က ပြောလိုက်၏။  "မဟုတ်ဘူး၊ ဘာမှမဟုတ်တော့ဘူး"


"ရဲဘော်တို့" ကျုံးရုန်က သူတို့နောက်ကနေ ဝမ်းနည်းပက်လက်ဖြစ်စွာ ပြောလိုက်၏။


နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ခေါင်းတွေကို လှည့်ကြည့်လိုက်ကြသည်။  ကြက်အမွေးများသည် နေရာတိုင်းသို့ ပျံ့ကျဲနေခဲ့သည်။  ကျုံးရုန်ရဲ့လက်က လည်ပင်းရိုးကျိုးနေသော ကြက်ဖကြီးကို ကိုင်ထားပြီး သွေးတွေရွှဲနစ်နေခဲ့သည်။  သေသွားတယ်ဆိုတာ မမှားနိုင်ပေ။


"မင်းရဲ့ သိပ္ပံစမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး ငါ့မှာ ဘာထင်မြင်ချက်မှ မရှိဘူး၊ ဒါပေမယ့် ဒါက ကြက်ခြံမှာ တစ်ကောင်တည်းသော ကြက်ဖတစ်ကောင်ပဲ" ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရင်တော့....." စီနန်နဲ့ ယန်ဟောင်တို့ရှေ့မှာ သေသွားတဲ့ ကြက်ဖကို ဝှေ့ယမ်းပြပြီး အေးစက်စွာ ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်၊  ငါတို့ရဲ့ ကြက် အကောင်အရေအတွက် တိုးမြှင့်ရေး အစီအစဉ်ဟာ တရားဝင် ပြီးဆုံးသွားပါပြီ။"


စီနန်က သူ့နှာခေါင်းကို ရှုံ့လိုက်သည်။  "ဒီည ကျွန်တော်တို့ ကြက်ကြော်စားလို့ရမလား"


***********


ဒီညတွင်တော့ ကြက်ကြော်မရှိပေမယ့် ထိုအစား နှုတ်နှုတ်စင်းထားတဲ့ကြက်သားဖတ်နဲ့ရော၍ ဆီပူထိုးကြော်ထားတဲ့ ဂေါ်ဖီချဉ်တစ်ခွက် ရှိခဲ့လေသည်။  လူတိုင်းပင် သေးငယ်သော ဝန်ဆောင်မှုတစ်ခုစီကို ရရှိခဲ့သည်။


"အားလုံးအတွက် ကြက်ကြော်ပေးဖို့ မလုံလောက်ဘူး" ကျုံးရုန်က စီနန်ကို ရှင်းပြပြီးနောက် သူ့ကို လေးနက်စွာ သတိပေးလိုက်သည်။  "မင်းရဲ့ ကိုယ်ပိုင်ဝါသနာအတွက် မင်းရဲ့ နိုက်ထရိုဂလီဆရင်း ဖောက်ခွဲရေးပစ္စည်းတွေကို ကြက်လှောင်အိမ်အပြင်ဘက်မှာ နေ့တိုင်း စမ်းသပ်နေမှာ မဟုတ်ဘူးလို့ ငါမျှော်လင့်တယ်။ ငါတို့ ကြက်ဥတွေလိုသေးတယ်နော်။"


သူ သူ့ပန်းကန်လုံးထဲက ကြက်သားဖတ်သေးလေးများကို စီနန့်ပန်းကန်ထဲသို့ ကော်ထည့်ပေးလိုက်သည်။  စားပွဲဝိုင်း၏တစ်ဖက်တွင်တော့၊ ကောင်းဝေရှန်းက သူ့ပန်းကန်လုံးအတွင်းရှိ ကြက်ရိုးကို ဘေးသို့ဖယ်ထုတ်နေခဲ့သည်။  သူက ရုတ်တရက် စိတ်လှုပ်ရှားစွာ သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။  "ငါသာ ငါ့နောက်ဘဝမှာ ကြက်ဖဖြစ်နိုင်မယ်ဆိုရင်....... "


ချန်ချောင်က စပ်စုလိုက်တယ်။  "ရှန်းကျီ နင် ဒီနေ့ ဆေးမှားသောက်ထားတာလား"


"မင်း ဘာသိလို့လဲ၊ တကယ်လို့ ငါသာ ကြက်ဖတကောင်ဆိုရင် ငါ့ကိုယ်ငါအတွက် အနည်းဆုံး ကြက်အကောင် 20 လောက်ရှိနိုင်ပြီး နေ့တိုင်း ငါ့အပေါ် တိုက်ခိုက်တာကို သူတို့ကို စောင့်ကြည့်ခိုင်းလို့ရတယ်။ ဒါပေမယ့် ငါက ကံဆိုးပြီး အယ်ဖာ တစ်ယောက်အဖြစ် မွေးလာခဲ့ရတာ"


ကောင်းဝေရှန်းက ကြက်နံရိုးတစ်ချောင်းကို ကောက်ယူလိုက်ပြီး အရိုးအား ရည်မွန်စွာ ကြည့်လိုက်သည်။  "လက်ရှိ ABOs (အယ်ဖာ ဘီတာ အိုမီဂါ) အချိုးအစားအရ အိုမီဂါတစ်ယောက်အတွက်နဲ့ ငါက အယ်ဖာ 20ယောက် ထက်မနည်းနဲ့  ပွန်းပဲ့ပြီး စုတ်ပြဲသတ်သွားတဲ့အထိ တိုက်ပွဲဝင်ရလိမ့်မယ်။ တကယ်လို့ ငါသာ ဘီတာ တစ်ယောက်ဆိုရင် ပိုတောင်ဆိုးသေးတယ်။ ဘီတာ ကောင်မလေးတစ်ယောက်ကို ရှာလက်ထပ်ပြီးရင်  ကလေးရဖို့က ပိုခက်လိမ့်ဦးမယ်၊ ငါ အိုမီဂါတစ်ယောက် ရှာဖို့ကို လုံးလုံး မေ့ထားလိုက်ရပြီ။ ဒီလိုသာဆို gay (ဂေး) အဖြစ်ပြောင်းလိုက်တာကမှ ပိုလက်တွေ့ကျသေးတယ်..."


ချန်ချောင်က "နင့်ရဲ့ တွေးခေါ်ပုံက နည်းနည်းလေး အန္တရာယ်များတာပဲ။ ရဲဘော်... မင်းရဲ့ဘဝကို လွယ်လွယ်နဲ့ အရှုံးမပေး ပါနဲ့ ဟုတ်ပြီလား"


"လိင်တူချစ်သူဖြစ်တာဟာ ဘေးအန္တရာယ်ကြီးတစ်ခုဖြစ်တာမျိုးလည်း မဟုတ်သလို ဘာမှလည်းမဖြစ်နိုင်ပါဘူး။ တကယ်လို့ ဗိုင်းရပ်စ်က ဆက်ပြန့်နေဦးမယ်ဆိုရင် ငါတို့ရဲ့အနာဂတ်မှာ  ဂေး တွေရှိလာလိမ့်မယ်။ ဒါပေမဲ့ အဓိက အချက်ကို ပြန်ပြောရရင် တကယ်လို့ ငါသာ ဂေးဖြစ်မယ်ဆိုရင် ငါ သေချာပေါက် ငါတို့ ခေါင်းဆောင်ကိုပဲ ရွေးမှာ။"


ကျုံးရုန် "?"


"ယန်ဟောင်ကလည်း ကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ။"  ကောင်းဝေရှန်း တွေးတောလိုက်ပြီး ငြင်းဆန်လိုက်တယ်။  "ဒါပေမယ့် သူက ကြွက်သားတွေ များလွန်းတယ်။ တကယ်လို့ သူဒီလိုသာ ဆက်ဖြစ်နေရင် တစ်နေ့ကျရင် ကာယဗလနဲ့ကောင်ချောလေးတစ်ယောက် ဖြစ်လာလိမ့်မယ်။ တကယ်လို့......."


ယန်ဟောင်က သူ့နာမည်ကိုကြားတော့ အခြားစားပွဲဝိုင်းကနေ သူတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။  " မင်းတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ"


ချန်ချောင်က ရယ်ပြီး " ရှန်းကျီက နင့်ကို အပေါ်နေရာက နေထားဖို့ ဖြစ်နိုင်ခြေတွေ ပြောနေတာလေ"


ယန်ဟောင် ထိုစကားကြောင့် ရယ်စရာတွေ့သွားပြီး သူ့ကိုယ်သူလက်ညိုးထိုးလိုက်ပြီးနောက်  ကောင်းဝေရှန်း ကို ထိုးညွှန်လိုက်သည်။  "ဘယ်သူက အပေါ်လဲဆိုတာ ဒီည မင်း စမ်းကြည့်ချင်လား"


ကောင်းဝေရှန်းက သူ့လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ကရုဏာကို တောင်းခံလိုက်သည်။  ထို့နောက် စားပွဲတစ်ဖက်တွင် စီနန်ကိုမြင်တော့ သူက ခပ်မြန်မြန်ပြောလိုက်ခဲ့တယ်။  "ဟုတ်သား၊ ငါ စီနန်နဲ့ လုပ်လို့ရသားပဲ" 


စီနန်က သူ့ပန်းကန်ကနေ မော့ကြည့်ကာ ကောင်းဝေရှန်းအား အေးစက်စွာ စိုက်ကြည့်လိုက်ခဲ့သည်။


ရဲဘော် ရှန်းကျီသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီ ထလိုက်၍ စီနန်၏ ပခုံးပေါ်တွင် သူ့လက်မောင်းကို သွားချိတ်လိုက်ခဲ့သည်။  ကံမကောင်းစွာပဲ စားပွဲပေါ်ရှိ လူတွေက သူနဲ့လိုက်၍ ဖျော်ဖြေမပေးခဲ့ပေ။  ကျုံးရုန်ကသာ စိတ်ဝင်တစားနဲ့ ဝင်စွက်လိုက်ခဲ့သည်။ "ရှန်းကျီ တော်လိုက်တော့၊ ငါတို့ရဲဘော် ရှောင်စီက မင်းကို မကြိုက်ဘူး"


ကောင်းဝေရှန်း အံ့သြသွား လိုက်သည်။  "တကယ်လား"


စီနန်၏တုံ့ပြန်မှုသည် ကောင်းဝေရှန်း ၏လက်မောင်းကို နည်းနည်းလေးမှအတင်မခံပဲ သူ့ပခုံး‌ ပေါ်မှ ခွာလိုက်ခဲ့သည်။  သူ၏ လှုပ်ရှားမှုသည် အေးအေးဆေးဆေးဖြစ်သော်လည်း သူသုံးလိုက်သည့် အားမှာ သိသိသာသာများသည်ပင်။  သူ  မှတ်ချက်ပေးလိုက်ခဲ့တယ်။"ဘီတာ ဖြစ်ရတာ ကောင်းပါတယ်။ အယ်ဖာတစ်ယောက် ဖြစ်ရတာထက်တောင် ပိုကောင်းသေးတယ်။ မင်းကိုယ်မင်း မနှိမ့်ချပါနဲ့"


ကောင်းဝေရှန်း က ရယ်မောလိုက်ပြီး တစ်ခုခုပြောဖို့လုပ်လိုက်စဉ်  စီနန်ရဲ့ သာမာန်ကာလျှံကာလို ဆက်ပြောလိုက်တာကို ကြားလိုက်ရခဲ့သည်။


"အရင်တုန်းက T မြို့ မှာ မင်းတို့ကို ကယ်ဆယ်ပေးရတာ အရမ်း အန္တရာယ်များလွန်းတယ်။ တကယ်လို့ မင်းတို့တွေသာ ဘီတာ ဖြစ်မနေဘူးဆိုရင် ငါတော့ အဲလိုလုပ်လိုက်လို့ နောင်တရနေတော့မှာ"


ကောင်းဝေရှန်း ရဲ့ "ဒါပေမယ့် ငါတို့က ဘီတာ မဟုတ်ဘူး" လို့ ပြောမဲ့စကားက ကြက်ဥတစ်လုံး လုံးကို မျိုချလိုက်သလို ခံစားရပြီး သူ့လည်ချောင်းထဲမှာ တစ်ဆို့သွားတော့သည်။


စားပွဲဝိုင်းတစ်ခုလုံးရှိ အထူးတပ်ဖွဲ့ဝင်များ တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။  စီနန်အာလူးအကျိုးကြေတချို့ကို ကောက်ယူလိုက်ပြီး ရုတ်တရက် လေထုက အလွန်တိတ်ဆိတ်သွားတာကို  သဘောပေါက်လိုက်ခဲ့သည်။  "ဘာဖြစ်လို့လဲ"


"..." ကျုံးရုန်က ဖြည်းညှင်းစွာ ပြောလိုက်သည် ။  "ရဲဘော် ရှောင်စီ၊ အခုနလေးက မင်းဘာပြောလိုက်တာလဲ၊ ကျားမတန်းတူညီမျှရေးအတွက် မင်း ထောက်ခံတယ်လို့ ငါ အမြဲတမ်းထင်နေခဲ့တာ..."


စီနန်က ရယ်လိုက်ခဲ့၏။ "ကျားမတန်းတူညီမျှရေးအတွက် ဘယ်သူက ထောက်ခံနေလို့လဲ။ ကျွန်တော် တစ်ခါမှ အဲဒီလိုမလုပ်ဖူးဘူး။  ကျွန်တော် အမြဲတမ်း အယ်ဖာတွေကိုပဲ အထင်သေးခဲ့တာ"


လူတိုင်း၏ ရင်ကို တဒိတ်ဒိတ်တုန်ခါစေသော တိတ်ဆိတ်မှုတစ်ခုက စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့သည်။  နောက်ဆုံးတွင် ယန်ဟောင်က  ဂုဏ်သိက္ခာရှိစွာ မေးခွန်းထုတ်ခဲ့သည်။ "ဘာလို့လဲ" 


"ဖြစ်နိုင်တာက ကျွန်တော် ပြဿနာများမှာ ကြောက်လို့ နေမယ်။"  စီနန်က ထိုအကြောင်းကို တွေးပြီး အေးဆေးစွာ ပြန်ပြောလိုက်တယ် "အယ်ဖာ တော်တော်များများက အခုအချိန်မှာ အရမ်းအားနည်းနေကြပြီ၊ တကယ်လို့ ကျွန်တော်တို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရရင် ကျွန်တော်က သူတို့ကို ကာကွယ်ဖို့ အားစိုက်ထုတ်ရဦးမယ်။ နောက်ပြီး အဲဒီ အယ်ဖာတွေရဲ့ အရိုးစွဲနေတဲ့ မဟာ့မဟာလူမျိုးကြီးဝါဒကလည်း......အင်း သူတို့မှာက အထူးခြားဆုံး မျိုးရိုးဗီဇတွေ‌ တော့ရှိပါတယ် ဒါပေမဲ့      တကယ့်လက်တွေ့မှာတော့ သူတို့က ဆင့်ကဲပြောင်းလဲလာတဲ့ တိရစ္ဆာန်တွေသာသာပဲလေ။"


စီနန် သူ့ပန်းကန်လုံးထဲရှိ နောက်ဆုံး ထမင်းတစ်လုတ်ကို စားလို့ပြီးသွားခဲ့သည်။  သူ့တူတွေကို ချလိုက်တော့ သူ အံ့သြသွားလိုက်တယ်။  "ကျွန်တော် ပြီးပြီ၊ ခင်ဗျားတို့တွေ  မစားကြတော့ဘူးလား။"


သူ့ရဲ့သံသယအကြည့်များအောက်တွင် စားပွဲရှိလူတိုင်း ငြိမ်သွားကြသည်။  သူတို့တွေ စကားလည်းမပြော၊ လှုပ်လည်း မလှုပ်ရှားကြတော့ပေ။


ခဏအကြာပြီးနောက် ကျုံးရုန် နောက်ဆုံးတွင် ချောင်းဟန့်လိုက်ပြီး ရှင်းပြလိုက်သည်။"ဒီနေ့ ငါတို့စားချင်စိတ်က ....သိပ်မ‌ ကောင်းကြလို့" 


သူတို့၏ ညစာက  ရှင်းပြ၍မရနိုင်သော‌စကားလုံးအနည်းငယ်ဖြင့် သေလောက်အောင်ငြိမ်သက်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။  ချန်ချောင် ပင်လျှင် သူမ၏ တတိယမြောက် ထမင်းပန်းကန်ကို အပြီးမသတ်နိုင်ခဲ့လိုက်ပေ။


ဓာတ်မြေသြဇာစက်ရုံမှာ စခန်းချပြီးကတည်းက အထူးတပ်ဖွဲ့ဝင် နှစ်ဦးက ညဘက်တိုင်း ဒီနေရာကို ကင်းလှည့်ဖို့ လူဆယ်ဦးကို ဦးဆောင်လိုက်ကြသည်။  ကျန်တဲ့သူများက ခြံဝန်းရှေ့တွင် လေ့ကျင့်ခန်းလုပ်ခြင်း၊ သင်တန်းပေးခြင်း၊ တိုက်ခိုက်နည်းများကို သင်ယူခြင်းနှင့် သူတို့၏ အခြားကာကွယ်ရေးအစီအမံများနှင့်အတူ ပတ်ပတ်လည်ကို ကာရံထားသော သံဆူးကြိုးခြံစည်းရိုးကို စစ်ဆေးခြင်းများ ပြုလုပ်ကြသည်။


 

သို့သော်လည်း လူတိုင်းကို တိုက်ခိုက်‌ရေးနည်းလမ်းများ သင်ကြားပေး‌နေသည့် ဗိုလ်မှူးကျုံး နှင့် ဒုဗိုလ်မှူးယန်တို့က ယနေ့ညတွင်တော့ အလွန်ပင် အာရုံမစူးစိုက်နိုင်လိုက်ခဲ့ပေ။  ည ၉း၃၀ နာရီတွင် လေ့ကျင့်ချိန်ကို စောစီးစွာ အတန်းဆင်းလိုက်ခဲ့ပြီး အားလုံးကို ရေမိုးချိုး အနားယူရန် ပြန်ခွင့်ပြုလိုက်ခဲ့သည်။  ခြံဝန်းရှေ့ရှိ အရပ်သားများသည် အုပ်စုငယ်များကိုယ်စီစုရုံးကာ  စက်ရုံအနောက်ဘက်ရှိ အိပ်ဆောင်သို့ ဦးတည်သွားလိုက်ကြသည်။  လူငယ်အချို့က ကျုံးရုန် ပတ်ပတ်လည်တွင်ပင် တစ်စုံတစ်ရာမေးချင်သော်လည်း ရုတ်တရက် ကျယ်လောင်သော ကားဘီးတာယာပွတ်တိုက်သံကို ကြားလိုက်ရသည်။


ကျုံးရုန် အသံဆီသို့ သူ့ခေါင်းအား လွှဲယမ်းလိုက်သည်။



ဘာမှန်းမသိရတဲ့အန္တရာယ်တစ်ခုသည် ည၏ ကန့်လန့်ကာအောက်တွင် စက်မှုဇုန်နှင့် နီးကပ်လို့လာခဲ့ကာ မငြိမ်းချမ်းမှုနှင့် စိုးရိမ်ပူပန်မှုများကို သယ်ဆောင်လာခဲ့၏။

ဂျိုင်း!

စက်ရုံအနောက်ဘက်ရှိ တံခါးကို တွန်းဖွင့်လိုက်ခဲ့သည်။  စီနန်က သူ့အကာအကွယ်မျက်မှန်တွေကို ဖယ်လိုက်ပြီး သူ့ဓာတ်ခွဲခန်းကုတ်အင်္ကျီရှည်ကို သူ့နောက်မှာ သတ်လိုက်ကာ သူ့အသံက တည်ငြိမ်သွားသည်။  "စက်မှုနယ်မြေ မြောက်ဘက် ဝင်ပေါက်၊ ဦးတည်ချက် ၁ နာရီ ၊ မီတာ ၈၀၀ အကွာကပဲ။"

ကျုံးရုန် တည်ငြိမ်နေခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လေ့လာ အာရုံစိုက်လိုက်သည်။  ရုတ်ခြည်းပင် သူ့သူငယ်အိမ်တွေက အနည်းငယ်လေး ကျုံ့ဝင်သွားခဲ့သည်။

"အစ်ကိုရုန်!"  ချန်ချောင်က သစ်ပင်ပေါ်မှလျှောချကာ  မြှားတစ်စင်းလို ပြေးလာလိုက်သည်။  "မြောက်ဘက်ကလမ်းပေါ်မှာ ကွန်တိန်နာကားတစ်စီး မှောက်သွားတယ်! အသက်ရှင်ကျန်ရစ်သူ ဆယ်ယောက်ကျော်လောက်ရှိတဲ့သူတွေက ဖုတ်ကောင်တွေကို သူတို့ဆီ ဆွဲဆောင်နေတယ်!"

"သူတို့အနီးအနားမှာ ဖုတ်ကောင် 100 ကျော်လောက်ရှိတယ်၊ သူတို့က ကျွန်မတို့ဘက်ကို ဦးတည်လာနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေနောက်ကို လိုက်နေကြတယ်။"

The End....

#edited