Undead Chapter 9
B စစ်ဆင်ရေးခရိုင်၊ အရေးပေါ်ဆက်သွယ် ရေးအခန်း။
"စစ်တမ်းကောက်နှုတ်ချက် အစီရင်ခံစာ ထွက်လာပြီ။ အိုမီဂါတွေ အားလုံးကို မျိုးရိုးဗီဇအရ မှတ်ပုံတင်စာရင်းသွင်းထားပေမဲ့ ပစ်မှတ်က စာရင်းထဲမှာ ရှိမနေဘူး"
အမောတကောပြေးလွှားလာခြင်းကြောင့် ချွေးထွက်ပြီး အသက်ရှူမဝဖြစ် နေတဲ့အမျိုးသမီး သုတေသီရဲ့ မျက်နှာေပါ်သို့ အရေးပေါ်မီးရဲ့အနီရောင်အလင်းက ဖြတ်ေဖာက်ကာ လင်းလက်သွားလိုက်သည်။
ယူနီဖောင်းဝတ်စုံ၏ ပခုံးပေါ်တွင် ကြယ်တစ်ပွင့်ပါသော အမျိုးသားတစ်ဦးသည် သူ့ခေါင်းကို သူ့လက်ဖဝါးထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အမျိုးသမီးကို မော့ကြည့်ကာ သူ ပြောလိုက်သည်။ "ငါ သိပြီ"
သူ့ရှေ့တွင်ရှိသော အသက်ကြီးကြီးလူတစ်ယောက်က ဂြိုလ်တုဖုန်းတစ်လုံးကို ကောက်ကိုင်လိုက်ပြီး နံပါတ်တစ်တွဲ ရိုက်နှိပ်လိုက်ခဲ့သည်။ မိနစ်ဝက်လောက်ကြာတော့ တယ်လီဖုန်း ပြန်ဖြေသံကြားလိုက်ရ၏။
"ဗိုလ်ချူပ်ချန်း၊ ရလဒ်ကို သတင်းတင်ပြ ပေးပါ"
အသက်ကြီးကြီးလူက သူ့ပါးစပ်ကိုဖွင့်ဟလိုက်ပေမယ့် အသံတစ်သံမှ မထွက်လာခဲ့ ချေ။
တိတ်ဆိတ်မှုက သူ့ဘာသာသူ ပြောနေလိုက်ခဲ့၏။
"စုံစမ်းစစ်ဆေးမှုအတွက် dc918 မှာရှိတဲ့ မြို့အားလုံးကို ငါတို့ စစ်ဆေးထားတယ်။ အကယ်၍ လေယာဉ်တကယ်ပဲ ပျက်ကျသွားခဲ့တယ်ဆိုရင် တစ်နေရာရာမှာ သဲလွန်စတွေ ချန်ထားဦးမှာပဲ" ဖုန်း၏အခြားတစ်ဖက်ရှိ အသံသည်လည်း အလွန်လေးလံနေခဲ့သည်။ အသံက မမေးလိုက်မီ ခေတ္တရပ်သွားလိုက်ခဲ့သည်။
"အထူးလျှို့ဝှက်အဖွဲ့ ယူနစ်-188နဲ့ ပတ်သက်ပြီးတော့ရော သတင်းတစ်ခုခု ရှိ သေးလား"
"......ငါ တပ်ရင်းအဖွဲ့ ရှစ်ဖွဲ့လုံးကို ပို့ထားတယ်။ (၃) ဖွဲ့ကျ၊ (၂) ဖွဲ့ ပျောက်ဆုံးပြီး ပြန်မလာနိုင်ဘူးလို့ အတည်ပြုထားတယ်။ တပ်ခွဲမှုးကျုံး ဦးဆောင်တဲ့ ဆဌမတပ်ခွဲက ပိတ်မိနေသူ ရာနဲ့ချီတဲ့လူတွေကို ကယ်ဆယ်ထားတယ်။ ဒါပေမဲ့ အပြီးသတ်မှာ ကယ်ဆယ်ရေးရဟတ်ယာဉ်က ကူးစက်ခံလိုက်ရလို့ ငါ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတယ်..."
ဗိုလ်ချုပ်ချန်းက သူ၏စိတ်ခံစားချက်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းရင်း သူ့အသံမှာ အနည်းငယ် ကြမ်းတမ်းသွားသည်- "ငါ နောက်ဆုံးကျန်တဲ့ အဖွဲ့နှစ်ဖွဲ့ကို လွှတ်လိုက်နိုင်ပေမယ့် ပစ်မှတ်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ပိုပြီးလိုအပ်တယ်။ မဟုတ်လို့ရှိရင် ကောက်ရိုးပုံထဲက အပ် ပျောက် ရှာသလိုမျိုး ဖြစ်နေလိမ့်မယ်၊ ဒီတာဝန်ကို ပြီးမြောက်ဖို့ မဖြစ်နိုင်ဘူး!"
"......"
"ငါ မလုပ်နိုင်ဘူး" အခြားတစ်ဖက်မှလူက ငြင်းဆိုလိုက်ခဲ့သည်။ "ပြီးခဲ့တဲ့ခြောက်လအတွင်း ပစ်မှတ်က ဒုဝန်ကြီး ကောင်း နဲ့အဆက်အသွယ်ရှိခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ သူနဲ့ပတ်သက်တဲ့ နောက်ခံအထောက်အထား အချက်အလက်အား လုံးက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေတာ၊ ပြီးတော့ ဒုဝန်ကြီးကောင်းက အပြောင်းအရွှေ့ကာလအ တောအတွင်း သူ့ရဲ့သေဆုံးမှုကို အတည်ပြုထားတာ"
ဗိုလ်ချုပ်ကြီးချန်းမှာ ဒေါသတကြီးနဲ့ ဆိုလိုက် တော့၏ "ဘယ်သူ ဘယ်ဝါမှန်းလည်း မသိ၊ အသွင်အပြင်ကိုလည်း မသိရဘူး၊ သိတဲ့တစ်ဦးတည်း သောသူကလဲ အလွန်နိုးနိုးကြားကြားရှိတဲ့ ရပ်တည်ချက်မရှင်းလင်းတဲ့နိုင်ငံရေးသမား။ ဒီလူကို ငါ့လူတွေ ဘယ်လိုလုပ်ပြီး ရှာနိုင်မှာလဲ၊ ပစ်မှတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အဓိကမြို့ကြီးအားလုံးမှာ ထုတ်လွှင့်ပြီးတော့ သူကိုယ်တိုင် တံခါးလာခေါက်ဖို့ စောင့်နေရမှာလား။"
"......"
" အယ်ဖာ ဖယ်ရိုမုန်းကြောင့် သူ ထွက်ပြေးသွားမဲ့ ဖြစ်နိုင်ခြေကို ရှောင်ရှားဖို့၊ ငါ့ရဲ့အထူးတပ်သားတွေအားလုံးက ဘီတာအဖြစ် ရုပ်ဖျက်ပြီးတော့ ဖုတ်ကောင်တွေပြည့်နေတဲ့ နယ်မြေကို သွားခဲ့တယ်။ ဒါပေမဲ့ အလုပ်မဖြစ်တုန်းပဲ! ပစ်မှတ်က လေယာဉ်ပျက်ကျတဲ့အထဲမှာ တကယ်သေသွားတာ ဖြစ်နိုင် လောက်တယ်!"
"တကယ်လို့ သူသာ သေသွားခဲ့ရင်" ဖုန်းရဲ့အခြားတစ်ဖက်က အသံက အေးစက်ပြီး ပြတ်သားတဲ့အသံနဲ့ "ငါတို့ရဲ့ လက်ရှိမျှော်လင့်ချက်တွေအားလုံးက သူနဲ့အတူသေ ဆုံးသွားလိမ့်မယ်..."
ဗိုလ်ချုပ်ချန်းသည် ဖုန်းထဲသို့ နက်နက်ရှိုင်းရှိုင်း အသက်ရှုသွင်းလိုက်ပြီး သူ့မျက်လုံးကို မှိတ်လိုက်ခဲ့သည်။ သူ တစ်ခုခုပြောခါနီးမှာပဲ အပြင်ဘက်က စင်္ကြံလမ်းကနေ ရုတ်တရက် ကျယ်လောင်စွာ ပျက်ဆီးသွားသံကို ကြားလိုက်ရသည်။
သုတေသီတော်တော်များက မျက်နှာများ ဖြူရော့သွားကြကာ လျင်မြန်စွာ မတ်တပ်ထရပ်လိုက်ကြသည်။ ဗိုလ်ချူပ်ကြီးချန်းက စိတ်ဖိစီးစွာနဲ့ နောက်ပြန်လှည့်ကြည့်လိုက်သည်။
ဘန်း!
နောက်ထပ် တစ်ခါ ပေါက်ကွဲသွားလိုက်ခဲ့ကာ ဒီတစ်ခါတွင် ပိုနီးလာလိုက်ခဲ့သည်။
"သူတို့... သူတို့ လာနေပြီ" ဗိုလ်ချုပ် ချန်း က လှမ်းအော်လိုက်ပြီး ဖုန်းကို ချပစ်လိုက်ကာ သူ့လက်ထဲက သေနတ်ကို ထုတ်လိုက်ခဲ့တယ်။
သေလောက်အာင် တိတ်ဆိတ်ငြိမ်သက်မှုထဲတွင် တံခါးအနီးမှ တတိယအကြိမ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပိတ်ထားတဲ့ သတ္တုတံခါးကို စိုက်ကြည့်ရင်း လူတိုင်းရဲ့ နှလုံးသားတွေက တဆတ်ဆတ်တုန်ရင် နေခဲ့လိုက်သည်။ သားရဲတစ်ကောင်ရဲ့ စိတ်မရှည်စွာ အော်ဟစ်သံနှင့် ဆင်တူသော အသံကို အပြင်ဘက်တွင် ကြားလိုက်ရပြီး နောက် ၁၀ စက္ကန့်ခန့်ကြာပြီး နောက်ဆုံးတွင်တော့ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်-
ဘန်း!
အခန်းသည် ပြင်းထန်စွာ တုန်ခါသွားလိုက်ခဲ့သည်။ လူအားလုံးက သတ္တုတံခါးကို မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့် နေခဲ့ကာ သူတို့မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်နေမှုက ရောင်ပြန်ထင်ဟပ်နေခဲ့၏။
***
နောက်နေ့မနက် ခြောက်နာရီ။
ကောင်းကင်အလင်းရောင်သည် တိမ်စိုင်များနောက်ကွယ်မှ မှုန်ရီမှိုင်းစွာ ချောင်းကြည့်နေပြီး လေထုထဲတွင် ဆားငန်အစိုဓာတ်များဖြင့် ပြည့်နှက်နေလေသည်။ နိုးကြား နေတဲ့ အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ ယာယီစောင်များဖြင့် ခြုံထားဆဲဖြစ်ကာ ပြတင်းပေါက်များကို လှမ်းကြည့်ရင်း အချင်းချင်း စကားစမြည်ပြောဆို နေကြသည်။
ကျုံးရုန် က သူ့လူတွေကို အဝေးပြေးလမ်းမ ပေါ်သို့ ခေါ်သွားလိုက်ပြီး စွန့်ပစ်ထားတဲ့ ယာဉ်တွေကို စစ်ဆေးလိုက်ခဲ့သည်။ သူတို့တွေ မော်တော်ယာဉ်ရဲ့ ဆီတိုင်ကီများမှ လက်ကျန်ဆီများကို ဝင်ရောက်စီးနင်းလိုက်ကြကာ ပိုက်အကြည်များဖြင့် ဆီချူကာ စည်အချို့ထဲသို့ လွှဲပြောင်းခဲ့သည်။ ဓါတ်ဆီနံ့တွေက သူတို့နှာခေါင်းထဲ စိမ့်ဝင်နေပေမယ့် သူတို့တွေလမ်းဘေးမှာ မတ်တပ်ရပ်ကာ စောင့်ကြပ်လုပ်ကိုင်နေရတာကြောင့် အားလုံးက ထိုအရာကို လျစ်လျူရှုထားခဲ့ကြသည်။
အဖွဲ့သားများသည် ခြောက်နာရီခွဲတွင် ထွက်ခွာလိုက်ကြပြီး ခုနစ်နာရီတွင် စက်မှုဇုန်သို့ ရောက်ရှိခဲ့ကြသည်။ ဓာတ်မြေသြဇာစက်ရုံရှေ့အရောက်တွင် မီနီဘတ်စ်ကားက ရပ်တန့်သွားခဲ့သည်။
ယန်ဟောင်က အဖွဲ့အားဦးဆောင်ပြီး စက်ဝိုင်းပုံစံ လှည့်ပတ်ကာ ဖုတ်ကောင်တစ်ဒါဇင်ကျော်ကို ရှင်းထုတ် ပေးခဲ့ပြီး နောက်ဆုံးတွင် အခြားအသက်ရှင်ကျန်ရစ်သူများကို အထဲဝင်လာရန် အချက်ပြမှုတစ်ခု လုပ်ဆောင်ခဲ့လိုက်သည်။
စက်ရုံအ ဆောက်အဦးမှာ ရှုပ် ထွေးပွေလီနေခဲ့သည်။ နေရာတိုင်းတွင် သွေးစွန်းကွက်များရှိနေသော်လည်း စက်ရုံကိုယ်ထည်တွင် ထိခိုက်မှုများစွာမရှိခဲ့ဘဲ - နောက်ဖေးကွက်လပ်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ဧကနှင့် ကြက်အနည်းငယ်ပင် ရှိနေခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ ၃၀ ကျော်အား အလုပ်သမားတန်းလျား အဆောင်များတွင် ခွဲတမ်းနေရာချထား ပေးလိုက်ခဲ့သည်။ ထင်ရှီး နှင့် ကျန်းရင်ကျယ်တို့၏ ဦးဆောင်မှုအောက်တွင် အမျိုးသားများက ခြံစည်းရိုးသံဆူးကြိုးများကို ပြုပြင်ရန်နှင့် ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းရန် အကြီးစား သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်တွင် အမျိုးသမီးများက မီးဖိုချောင်တွင် အိုးများ၊ ဒယ်အိုးများနှင့် ဂက်စ်အိုးများကို ရှာတွေ့ခဲ့ပြီး ချက်ပြုတ်ရန် လိုအပ်သည့်ပစ္စည်းများအား ယူဆောင်လာလိုက်ကြသည်။
ကျုံးရုန်က ခြံဝန်းရှေ့ရှိ ရေ ဘုံဘိုင်
ခေါင်းနားတွင် ရပ်ကာ သံချေးတက်နေသော ရေပိုက်မှထွက်လာသော ဝါကျင့်ကျင့်ရေအနည်းငယ်ဖြင့် သူ့မျက်နှာကို ဆေးကြောလိုက်ခဲ့သည်။
"မြေက ကုန်းမြင့်တယ်၊ အဆောက်အအုံက လည်းခိုင်ခန့်တယ်၊ ဂိုဒေါင်မှာလည်း သိုလှောင်ထားတာ တွေရှိတယ်၊ အနီးဆုံးနေထိုင်တဲ့သူ တွေက ငါးကီလိုမီတာအကွာမှာ ရှိတယ်။ စစ်အခြေစိုက်စခန်းကနေ အဆက်အသွယ်ရဖို့ စောင့်ဆိုင်းနေတဲ့အချိန် ကျွန်တော်တို့ ဒီနေရာမှာလောလောဆယ် စခန်းချပြီး နောက်မှ အဆင်ပြေသလိုလုပ်ကြမယ်။" အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကောင်းဝေရှန်းက သတင်းပို့လိုက်ခဲ့သည်။
ကျုံးရုန် က ပြန်မဖြေလိုက်ခဲ့ ပေ။ သူ့ခေါင်းကို ရေပိုက်ခေါင်းအောက်မှာ စက္ကန့်အနည်းငယ်လောက် ထိုးထားလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ရေအမှုန်အမွှားတွေကို ဖယ်ရှားဖို့ သူ့ခေါင်းကို လှုပ်ရမ်းလိုက်ခဲ့၏။
"လျှပ်စစ်မီးမရှိပေမယ့် စက်ရုံထဲမှာ ဒီဇယ်မီးစက်ရှိတယ်။ ယန်ဟောင် က အသက်ရှင်ကျန်ရစ်သူတွေရဲ့ အချက်အလက်တွေကို စာရင်းပြုစုပြီး ၂၄ နာရီ တစ်နေ့စာအတွက် လူတွေကို ကြပ်ကြပ်မတ်မတ်ကင်းလှည့်စေဖို့ လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်။"
"နှစ်ရက်" ကျုံးရုန်က ရုတ်တရက် သူ့ကို ကြားဖြတ်လိုက်သည်။
ကောင်းဝေရှန်း: "?"
" B မြိုမှာ နှစ်ရက်အတွင်း နျူကလီယား ဗုံးမကျဲဘူးဆိုရင် B စစ်ဆင် ရေးခရိုင်ကို ငါကိုယ်တိုင်လိုက်သွားမယ်။ မင်းတို့ကျန်တဲ့သူတွေက အသက်ရှင်ကျန်ရစ်သူတွေနဲ့အတူ ဒီမှာနေပြီး ငါ့ဆီက သတင်းကို စောင့်နေကြ"
ကျုံးရုန် သူ့မျက်နှာကို သုတ်ရန် အင်္ကျီစကို ဆွဲတင်လိုက်ခဲ့သည်၊ သူ့ရဲ့mermaid မျဉ်းကြောင်းပေါ်တွင် လျှောကျနေတဲ့ စစ်တပ်သုံးကိုယ်ေယာင်ဖျောက်တဲ့ဘောင်းဘီရှည်က ခိုင်ခံ့သော ဝမ်းဗိုက်သား ရှစ်ထုပ်ကို ပေါ်လွင်စေလိုက်သည်။
သူ့စကားကြောင့် ကောင်းဝေရှန်းက စိုးရိမ်ထိတ်လန့်သွားလိုက်ပြီး သူ့နောက်မှ လိုက်သွားလိုက်ကာ ပြောလိုက်၏။ "ရုန်ကော၊ မင်း မသွားရဘူး။ စစ်တပ်နယ် မြေရောက်ဖို့ မင်း B မြို့တစ်မြို့လုံးကို ဖြတ်သွားရမှာ။ မင်းအဲဒီမှာ ပျံသွားနိုင်ရင်တောင် မင်း သေမှာ သေချာပေါက်ပဲ၊ မင်း အတောင်ပံတွေ မပေါက်နိုင်ဘူး!"
ကျုံးရုန်က သူ့အား နောက်ပြောင်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး " မင်းအဘိုးကို ငါ့ဆီ ရဟတ်ယာဉ်တစ်စီး လာပို့ခိုင်းဖို့ ဘာလို့ မခေါ်လိုက်ရဝာာလဲ ဒုတိယမျိုးဆက်သခင်လေးရဲ့ "
ကောင်းဝေရှန်းက "ငါသာ သူ့ကို ဆက်သွယ်လို့ရတယ်ဆိုရင် မင်းကို F-22 တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပို့ဖို့ ပြောတောင်ပြီးသွားပြီ။ တစ်ချက်မှားလှုပ်တာနဲ့ မင်း သေသွားလိမ့်မယ်"
"ရုန်ကော!" ရုတ်တရက် ချန်ချောင်က စက်ရုံထဲမှထွက်လာပြီး "ဒီကိုလာပါဦး၊ ကျွန်မတို့ တစ်ယောက် တွေ့ထား....."
သူတို့နှစ်ဦး၏ ပထမဆုံး အတွေးကအလောင်းကောင်တစ် ကောင်လို့ပင်၊ သို့သော် မမျှော်လင့်ဘဲ ချန်ချောင်က ကျုံးရုန်ရဲ့လက်ကို အတင်းဆွဲထုတ်ကာ စိုးရိမ်ပူပန်မှုအပြည့်ရှိသော မျက်နှာဖြင့် စကားနှစ်ခွန်းပြောလိုက်ခဲ့သည်- "...ကိုယ်ဝန်ဆောင်အမျိုးသမီး"
ကျုံးရုန်: "ဟမ်!"
ကျုံးရုန် သူ့ခေါင်းကို လက်ဖဝါးထဲသို့ထည့်လိုက်ကာ ခေါင်းကိုက်သွားခဲ့ တော့သည်။
"......မင်းနာမည် ဘယ်လိုခေါ်လဲ"
ကန်တင်းထဲတွင် ထိုင်နေတဲ့ စီနန်က ညင်သာစွာ မေးလိုက်သည်။
အသက်ရှင်ကျန်ရစ်သူများတွင် အမျိုးသမီးခြောက်ဦးသာ ရှိပြီး နှစ်ဦးမှာ အသက်နှစ်ဆယ်ကျော်ဖြစ်သည်။ လမ်းတစ်လျှောက်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မှီခိုကြရင်းနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြသည်။ စက်တင်ဘာလကုန်တွင် ရာသီဥတုအေးပြီး သူတို့ထဲမှတစ်ယောက်က အဝတ်စားခပ်ထူထူဝတ်ထားခဲ့သည်။ အစပိုင်းတွင် လူတိုင်းကတော့ သူမက အနည်းငယ် လေးဝပြီး အေးနေတာ ကြောင့်လို့ပဲ ထင်ထားလိုက်ကြတာပဲဖြစ်သည်။
သူမမှာ ကိုယ်ဝန်ခြောက်လရှိနေပြီဆိုတာ ဘယ်သူက သိမှာတဲ့လဲ။
"ဝမ့်၊ ဝမ့်ဝမ်းပါ..." ကိုယ်ဝန်ဆောင်အမျိုးသမီးက ပြန်ဖြေလိုက်ခဲ့၏။ "ကျွန်မက အရမ်းသန်မာပါတယ်၊ ကျွန်မ အလုပ်လုပ်နိုင်ပါတယ်..."
သူ့ဘေးနားက မိန်းမ ချောလေးကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးရှေ့မှာ ရပ်တည်လိုက်ပြီး ဝင်ကာပြောလိုက်သည်၊ "သူက အများကြီးမစားပါဘူး၊ သူ့ကို ဂရုစိုက် ပေးဖို့ ဘယ်သူ့ကိုမှ မလိုပါဘူး။ ကျွန်မတို့က လူတွေကို ဆွဲချမှာမဟုတ်ဘူး၊ ကျွန်မတို့ အပြေးလည်းမြန်တယ်။ ကုန်တိုက်ထဲက ပြေးနေတဲ့လူတိုင်း နောက်ကို ကျွန်မတို့ လိုက်နိုင်ခဲ့တယ် မဟုတ်ဘူးလား"
စီနန်က ယန်ဟောင်နှင့် အကြည့်ချင်း ဖလှယ်လိုက်ခဲ့သည်။
"သူ့ကို နောက်မှာ ချန်မထားခဲ့ပါနဲ့" ကောင်မလေးက သူ့ရှေ့က လူငယ်နှစ်ယောက်ကို ကြည့်ပြီး ထပ်မံတောင်းပန်စကားဆိုလိုက်၏။
ညာဘက်ကလူက ရုပ်ချောပေမယ့် စကားသိပ်မပြောပေ။ သူကအမြဲတမ်း အေးစက်နေပုံရပြီး စိတ်ထားနူးညံ့ကြင်နာတတ်တဲ့သူနှင့် လုံးဝမတူချေ။
တစ်ဖက်တွင်တော့ လက်ဝဲဘက်က အထူးတပ်သားက ပိုဟန်ချက်ညီ လေသည်။ မီနီဘတ်စ်ကားပေါ်မှ လွတ်မြောက်လာသူများအား ထွက်ပြေးလာစဉ်တွင် သူက ကာကွယ် ပေးခဲ့ပြီး ယေဘုယျအားဖြင့် ပိုမိုနွေးထွေးရင်းနှီးစွာ ပြုမူခဲ့သည်။
"ကျွန်မတို့ လျှော့စားနိုင်ပါတယ်"
ကောင်မလေးက သူ့နှလုံးသားထဲတွင် အစီအစဉ်တစ်ခု ရေးဆွဲကာ သူမ၏ ခန္ဓာကိုယ်ကို ယန်ဟောင် ဆီသို့ မှီလိုက်သည်။ သူမ မျက်လုံးများမှ မျက်ရည်အနည်းငယ်ကို ညှစ်ထုတ်လိုက်ပြီး "ဒီကမ္ဘာကြီးဟာ လူတိုင်းအတွက် မလွယ်ကူဘူး။ သူ့ ယောက်ျားက T မြို့မှာ ပိတ်မိနေတယ်၊ သူ အသက်ရှင်နေသေးလား သေသလား တောင် ကျွန်မတို့ မသိတော့ပါဘူး။ တစ်ယောက်တည်း ချန်နေခဲ့ရင် ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်က ဘယ်လိုလုပ် ရှင်သန်ရပ်တည်နိုင်မှာလဲ။ ကျေးဇူးပြုပြီးတော့ အစ်ကိုချောချောလေး ရှင်က လူကောင်းတစ်ယောက်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မနာမည်က ဝူရှင်းယန် ၊ ကျွန်မကို ယန်ယန် လို့ ခေါ်လို့ရပါတယ်..."
ဝူရှင်းယန်က တကယ်ကို ချောမောလှပတဲ့ အလှပဂေး မိန်းမချောလေးတစ်ယောက်မို့ သူမရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်က လူတိုင်းရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့လိုက်၏။
ကံမကောင်းစွာပဲ ယန်ဟောင်ကတော့ ဒါကို သတိမထားမိလိုက်ပေ။ သူက
ဝမ့်ဝမ်း ရဲ့ ဗိုက်ကို အတွေးနက်ရှိုင်းစွာနဲ. အကြာကြီး စိုက်ကြည့်နေခဲ့သည်။ သူ့ဘေးနားက စီနန်က ပြောလိုက်ခဲ့၏။ "ခြောက်လဆို တော့၊ ကိုယ်ဝန်ဖျက်ချဖို့ အရမ်းနောက်ကျသွားပြီ"
သူ့ရဲ့စကားက အမှန်ဆိုပေမဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ နားထဲမှာတော့ ထိုလိုမဟုတ်ခဲ့ ပေ။ ဝမ့်ဝမ်း၏ မျက်နှာက ဖြူဖျော့ကျသွားလိုက်ခဲ့သည်။
ယန်ဟောင်က သူမကို စိတ်တည်ငြိမ်သွားစေဖို့ အမြန်ကြိုးပမ်းလိုက်ပြီး
"မငိုနဲ့၊ ငါတို့လည်း မင်းကို ကိုယ်ဝန်ဖျက်မချ စေချင်ပါဘူး! .. အဲဒါက.... တကယ်လို့ မင်း မှာ ကလေး
တစ် ယောက်ရှိရင်... ဒိုင်ဘာတွေ၊ ကလေးနို့မှုန့်တွေက ဘယ်လိုလုပ်ကြမလဲလို့ပါ......"
ဒီလိုမငြိမ်မသက်မှုများကြားတွင်
စားသောက်ခန်းမ တံခါးဝက ကျုံးရုန်၏ ပုံရိပ်ကို သူ ဖမ်းမိသွားခဲ့သည်။ သူ အမြန်ထလိုက်ပြီး ပြောလိုက်၏။ "ငါ ငါတို့ အဖွဲ့ခေါင်းဆောင်ကို သွားမေးလိုက်ဦးမယ်"
ဒီကလူ တွေ၏အမြင်မှာတော့ ကျုံးရုန်က ရက်စက်ကြမ်းကြုတ်တဲ့
လူတစ်ယောက်ဖြစ်သည်။ ဝူရှင်းယန် ထိတ်လန့်သွားလိုက်ပြီး ထသွားတော့မလို့လုပ်နေတဲ့ ယန်ဟောင်၏လက်မောင်းကို ဆွဲလိုက်ကာ "အစ်ကိုကြီးရယ်၊ တောင်းဆိုပါတယ်နော်!"
ယန်ဟောင်က ကောင်မလေး ဆုပ်ကိုင်ထားသော လက်ကို ချက်ချင်းဆွဲထုတ်လိုက်ပြီး စီနန်ကို အလိုလိုကြည့်မိလိုက်ကာ ကျုံးရုန်ဆီကို အမြန် ပြေးမသွားမီ ပြောလိုက်ခဲ့သည်။
"ရပါတယ်၊ ငါ မင်းကို ကူညီပေးပါ့မယ်"
'......ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ' စီနန် စိတ်ရှုပ်ထွေးစွာ တွေးလိုက်မိသည်။
ထို့နောက် သူက ဝူရှင်းယန်၏ မျက်လုံးများကို တစ်ချက်ကြည့်လိုက်သည်- မိန်းကလေးက ယန်ဟောင့် ကို သူတို့ရဲ့ကယ်တင်ရှင်တစ်ဦးသဖွယ် အားကိုးတကြီး ကြည့်နေခဲ့ကာ သူမ၏အကြည့်များတွင် ကိုးကွယ်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။
'အို.. ငါတော့ ကျုံးရုန်ကို ပြောပြရမှာ ကြောက်တယ်' စီနန်က သုံးသပ်လိုက်သည်။ သူနဲ့ မီတာအနည်းငယ်အကွာက လူနှစ်ယောက်ရဲ့ နောက်ကျောကို ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရမှာပဲလို့ တွေးလိုက်တယ်။
"သူ့ကို အပြင်မပို့နဲ့" အခြေအနေကို နားထောင်ပြီးနောက် ကျုံးရုန် က ဆုံးဖြတ်ချက်တစ်ခုချလိုက်ခဲ့၏။ "ဒီမှာ တစ်ယောက်နဲ့တစ်ယောက် မသိတဲ့သူ အယောက် (၃၀) ကျော်ရှိ နေတာပဲ။ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးနဲ့ သူ့သူငယ်ချင်းကို သူတို့ဘာသာသူတို့ သပ်သပ်နေခိုင်းလိုက်၊ အရမ်းလျှောက်မသွားဖို့ပဲညွှန်ကြားလိုက်။"
ယန်ဟောင်က ခေါင်းညိတ်လိုက်သည်။
"သူ့ကို နောက်ဖေးခြံဝန်းကနေ နေ့တိုင်း ကြက်ဥတစ်လုံး ပေးလိုက် တခြားသူ မသိစေနဲ့။ လူတိုင်းက အခုချိန် စိတ်ဖိစီးမှုတွေ များလွန်းလို့ လေးကြိုးလို တင်းမာနေကြတာ။ အခြေစိုက်စခန်းနဲ့ အဆက်အသွယ်မရသေးခင် ငါတို့တွေ ပဋိပက္ခတွေကို ရှောင်တာ ပိုကောင်းတယ်။"
ယန်ဟောင် က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ခဲ့သည်။ ကျုံးရုန် လှည့်ထွက်သွားတာကိုမြင်တော့ လှမ်းမေးလိုက်၏။ "ခေါင်းဆောင် ဘယ်သွားမလို့လဲ"
"စတိုခန်းထဲမှာ ပစ္စည်းတစ်ခုသွားရှာမလို့။"
"ဘာ ရှာမလို့လဲ"
ကျုံးရုန်က ပြန်ပြောရန် ပါးစပ်ကို ဖွင့်လိုက် သော်လည်း သူ့မျက်လုံးထောင့်မှ စီနန်ကို လှမ်းမြင်လိုက်ရချိန် ရပ်တန့်သွားခဲ့သည်။ လူငယ်ေလးက ယန်ဟောင်နှင့် အတူတူထိုင်နေမှန်း သိလိုက်ရပြီး သူ့နှလုံးသား အနည်းငယ်လေး နစ်မြုတ်သွားသလို ခံစားလိုက်ရသည်။
"......ဘာမှမဟုတ်ပါဘူး" ကျုံးရုန် က ပြုံးပြီး ပြောလိုက်သည်၊ "ငါ ဘီယာနှစ်ကတ်လောက် သွားယူလိုက်ဦးမယ် ညကျ ငါတို့အတူတူ စုကြမယ်"
ကျုံးရုန် ဘီယာသေတ္တာများကို မယူမီ ပစ္စည်းသေတ္တာအချို့ကို စက်ရုံအနောက်ဘက်သို့ ရွှေ့ရန် စတိုခန်းသို့ သွားလိုက်ခဲ့သည်။ ညဘက်တွင် လူတွေအားလုံးကို ကန်တင်း သို့ခေါ်လိုက်ပြီး တိုတိုတုတ်တုတ် မိန့်ခွန်းပြောခဲ့လိုက်၏။
"အခုလောလောဆယ် စစ်စခန်းနဲ့ အဆက်အသွယ်မရသေးပေမယ့် အစိုးရနဲ့ စစ်တပ်က အသက်ရှင်ကျန်ရစ်သူတစ်ေယာက်ကိုမှ ချန်ထားခဲ့မှာမဟုတ်ဘူးဆိုတာ ယံုကြည်စိတ်ချထား ပေးပါ။ ကျုပ်တို့ T မြို့ကနေ ယူလာတဲ့ ရိက္ခာတွေအားလုံးကို စတိုခန်းထဲမှာ သိမ်းဆည်းထားလိုက်တယ်။ သည်ရိက္ခာတွေက ကျုပ်တို့ကို သုံးလအထိထောက်ပံ့ဖို့ လုံလောက်တယ်။ ဒီသုံးလအတွင်း ကျုပ်တို့တွေ လူတိုင်း ခိုလှုံဖို့အတွက် စခန်းတစ်ခုကို ရှာတွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်"
"ကျုပ်တို့ရဲ့ ယခင်ကအခြေအနေက ဘယ်လိုတွေပဲရှိခဲ့ရှိခဲ့ ဒီနေ့ ကျုပ်တို့ အသက်ရှင်လျက် ဒီနေရာမှာ နေထိုင်ရတာက ဂုဏ်ပြုထိုက်ပါတယ်" သူကပြောလိုက်၏။ "ကျုပ်တို့ဘယ်သူ့ကိုမှ စွန့်ပစ်သွားမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ အချင်းချင်း ရိုင်းပင်းကူညီပေးကြပါ" ကျုံးရုန်က သူ့ဘီယာဘူးကို မြှောက်ကိုင်လိုက်ပြီး ဆက်ပြောလိုက်ခဲ့၏။ "အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျုပ်တို့အားလုံးအတွက် ဂုဏ်ပြုကြရအောင်" ဒီလိုပြောပြီးတာနဲ့ ဘီယာနှစ်ကျိုက် သူ သောက်ချလိုက်ခဲ့တော့သည်။
အသက်ရှင်ကျန်ရစ်သူတွေလည်း စိတ်ထဲထိရှသွားတော့သည်။ အချို့လူများက ရှေ့သို့ ခွက်ချင်းလာတိုက်ရန် အစပျိုးလုပ်ဆောင်ခဲ့ကြပြီး အချို့က သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြသည်။
"ကျွန်တော်က အရောင်းဝန်ထမ်းတစ် ယောက်ပါ။ အဲဒီနေ့က ကုန်တိုက်မှာ ဖောက်သည်တစ်ယောက်နဲ့ တွေ့နေတုန်း..."
"ကျွန်တော်က ကုန်တိုက်ရဲ့ လုံခြုံရေးဝန်ထမ်းပါ..."
"ကျွန်တော်ကတော့ ဆေးရုံမှာ ခွဲစိတ်ဆရာဝန်လုပ်ခဲ့တယ်..."
"ခွဲစိတ်ဆရာဝန်လား" ကျုံးရုန်က ကြားဖြတ်ပြောလိုက်ခဲ့သည်။
သူ မတ်တပ်ထရပ်လိုက်ပြီး သက်လတ်ပိုင်းခွဲစိတ်ဆရာဝန်ရဲ့ လက်ကိုဆွဲ၍ သူ့ဘေးသို့ဆွဲ ခေါ်လိုက်ခဲ့ကာ "ကံကောင်းလိုက်တာဗျာ ၊ ခင်ဗျာက ဘာရောဂါတွေ ကုသတာလဲ"
"......အာ့"
"ကလေးမွေးတာရော ဘယ်လိုမွေးရလဲ ခင်ဗျား သိလား"
"နည်းနည်း........နည်းနည်းပါးပါး ပါ။ ငါဘေးကနေတော့ တစ်ခါ ကူညီပေးဖူးတယ်.."
ကျုံးရုန် က သူ့ပခုံးကို ဖွဖွပုတ်လိုက်ပြီး ပြောလိုက်၏။ "ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် သစ္စာရှိရှိ မြှုပ်နှံထားတဲ့သူတွေကို ကျုပ်တော့ တကယ်လေးစားတယ်ဗျာ"
သက်လတ်ပိုင်းအရွယ် ကျန်းမျိုးရိုးလူကြီး က T မြို့ကုန်တိုက်မှာတုန်းက ဆရာဝန်နှင့် ကျုံးရုန်တို့အဖြစ်အပျက်အား အထင်အရှားမြင်ထားခဲ့သူဖြစ်သည်၊ သူ့ရဲ့သဘောထားရပ်တည်ချက်က စိတ်ကြီးဝင်နေရာမှ ရိုကျိုးခြင်းသို့ အထိတ်တလန့် ပြောင်းလဲသွားလိုက်ခဲ့သည်။ သူချက်ချင်းပင် ခွက်ချင်းတိုက်လိုက်ခဲ့ပြီး သူက ဘာမဆို လုပ်ကိုင်နိုင်ပြီးတော့ အဖွဲ့ရဲ့တောင်းဆိုချက်များကို ကျေကျေနပ်နပ် နာခံလိုကြောင်း ပြောကာ တောင့်တောင့်ကြီး ပြုံးပြလိုက်ခဲ့သည်။
ထိုစဉ်တွင် ဝူရှင်းယန် က ထလိုက်၍ ဘီယာတစ်ဘူးလက်ထဲတွင် ကိုင်ထားလျက်ရှိသော ယန်ဟောင်ဘေးတွင် သွားထိုင်လိုက်ခဲ့သည်။ သူမက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် "တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့နေ့လယ်ကအတွက် ကျေးဇူးတင်ပါတယ်..."
သူမက ခေါင်းကိုငုံ့ထားလိုက်ပြီး ယန်ဟောင့်ပခုံးပေါ်သို့ ဆံပင်ရှည်များကို ကျစေလိုက်သည်။ သူမ ဆံပင်တွေက အလွန်ထူပြီး ပျော့ပျောင်းကာ ထူးထူးခြားခြား မွှေးရနံ့တွေ စိမ့်ထွက်နေခဲ့လေသည်။
အံ့သြစရာကောင်းတာက သူမ စကား ဆုံးအောင်မစောင့်ဘဲ ယန်ဟောင်က စားပွဲဝိုင်းပေါ်ကနေ ကမန်းကတန်းထရပ်လိုက်ပြီး ပြောလိုက်တာပဲဖြစ်သည်။
"အိုး ဒါက ဘာမှမဟုတ်ပါဘူး"
ဝူရှင်းယန်ရဲ့ "ကျွန်မ ရှင့်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါရစေ" ဆိုတဲ့စကားလုံးက သူမရဲ့ လည်ချောင်းထဲတွင် တစ်ဆို့သွားလိုက်ခဲ့၏။ ယန်ဟောင်က သူမကို ဖြတ် ကျော်ကာ လျှောက်လာလိုက်ပြီး အခြားစားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်ခဲ့သည်။
ထိုအချိန်တွင် စီနန်က ခေါက်ဆွဲခြောက်ကိတ်တစ်ဘူးကို စားနေခဲ့တာဖြစ်သည်။ ယန်ဟောင်တစ်ယောက် အထိတ်တလန့် မျက်နှာထားဖြင့် လာနေသည်ကို မြင်လိုက် တော့ သူနဲ့ အကြည့် ဆုံရန် ကြိုးပမ်းပြီး 'ဘာဖြစ်တာလဲ' သူ့မျက်လုံးတွေနဲ့ မေးလိုက်ခဲ့သည်။
"......"
ယန်ဟောင်၏ မျက်ခုံးရိုးများသည် ရှည်လျားပြီး နှစ်ထပ်မျှ ထူထဲပိတ်တဲ့ မျက်တောင်တစ်စုံနှင့်အတူ သူ့မျက်လုံးများက တောက်ပနေသည်က- သူ့အသွင်အပြင်သည် မိန်းကလေးတိုင်းအရည်ပျော်ကျစေသော အရာတစ်ခုပင်ဖြစ်သည်။ သူ တစ်စုံတစ်ခုအား အလေးအနက်ထားပြီး အာရုံစိုက်နေသောအခါတွင် လူအချို့က သူ့ဆီကအကြည့်ကို အဝေးသို့ လွှဲမဖယ်နိုင်ပါလေ။
"ခင်ဗျား ဘာဘာပြောချင်လို့လဲ" စီနန်က သူ့ခေါက်ဆွဲ ခြောက်ကိတ်ကို မျိုချလိုက်ပြီးနောက် မေးလိုက်သည်။
ယန်ဟောင်က သူ့မေးခွန်းကို မဖြေဘဲပြန်မေးလိုက်တယ်။ "စက်ရုံအဆောက်အအုံနောက်ဘက်မှာရှိတဲ့ အဲဒီသေတ္တာတွေထဲမှာ ဘာတွေရှိလဲ"
"အာ ကျုံးရုန်က မင်းတို့မှာ ခဲယမ်းတွေ မရှိတော့ဘူး ပြောလို့ လေ၊ အဲဒါကြောင့် နိုက်ထရစ်အက်ဆစ်၊ ဂလစ်စရင်နဲ့ သံတုံးတချို့ကို ရှာပြီး မြေကြီးဗုံးလုပ်ကြည့်မလို့"
ယန်ဟောင် ခဏမျှ တိတ်ဆိတ်သွားလိုက်သည်။
စီနန်သည် မျက်ခုံးတစ်ချက်ပင့်ကာ အနည်းငယ်လေး မသေချာတဲ့ ခံစားချက်ရလိုက်သော်လည်း ယန်ဟောင်၏ တုံ့ပြန်မှုကို ယဉ်ကျေးစွာ စောင့်ဆိုင်းနေဆဲဖြစ်သည်။
ခဏအကြာတွင် အခြားလူက တိုးတိုးလေးပြောလာခဲ့သည်။
".....ခေါင်းဆောင်က အလုပ်ရှုပ်နေမှာ သူ့ကိုမေးနေစရာ မလိုပါဘူး။ နောက်တစ်ခါ တစ်ခုခုရှာချင်ရင် ငါ့ကို မေးလို့ရတယ်။ မင်းဘာပဲ လိုလို .....အချိန်မရွေး ငါ့ကို ပြောလို့ရတယ်။"
သူ့သဘောထားက အလွန်အလေးနက်ရှိလွန်းသဖြင့် စက္ကန့်အနည်းငယ်ကြာတဲ့အထိ ဖြစ်ပျက်နေသည်ကို စီနန် နားမလည်နိုင်ခဲ့ ပေ။ သို့သော် သူသည် အဖွဲ့ထဲရှိ ဘီတာ နှစ်ဦးကြားရှိ ဆက်ဆံရေးကို ရုတ်တရက် သတိရသွားပြီး ချက်ချင်းပင် အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ သူ ပြန်ဖြေလိုက်ခဲ့၏ "ကောင်းပြီ"
ယန်ဟောင် ခေါင်းငိုက်စိုက်ချလိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်ထားလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူထပြီး ထွက်ခွာသွားခဲ့တော့သည်။
The End.....
#edited